← Chapters

အခန်း ၉၁၃

Vol. 71 Ch. 913

အခန်း ၉၁၃

Vol. 71 Ch. 913

အခန်း (၉၁၃) - အထောက်အထားကို ဖော်ထုတ်ခြင်း

အမတနယ်မြေမှ မရေမတွက်နိုင်သော ပါရမီရှင်များသည် ထျန်းမန်ကမ္ဘာသို့ တစ်ယောက်ပြီးတစ်ယောက် ဆင်းသက်လာသည်နှင့်အမျှ ၊

ထျန်းမန်ကမ္ဘာတစ်ခုလုံး၏ အခြေအနေမှာ ရှုပ်ထွေးလာသည်။

အမတနယ်မြေမှ ပါရမီရှင်များသည် အခွင့်အလမ်းကောင်းများကို ရှာဖွေရင်း ၊ အမတနယ်မြေမှ အခြားသော ပါရမီရှင်များနှင့်သာမက ထျန်းမန်ကမ္ဘာ၏ ဒေသခံများနှင့်ပါ ထိပ်တိုက်တွေ့ဆုံမှုများ ရှိခဲ့သည်။

တစ်ခဏအတွင်း ထျန်းမန်ကမ္ဘာတစ်ခုလုံးတွင် စစ်မီးများ တောက်လောင်ကာ ၊ နယ်ပယ်အသီးသီး၌ ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားနေ၏။

သို့သော်လည်း ထိပ်တန်းအင်အားစုများမှ အမွေဆက်ခံသူများသည် အခြားလမ်းစဉ်တစ်ခုကို ရွေးချယ်ခဲ့ကြသည်။

၎င်းတို့သည် မိမိတို့၏ သန်မာသော ခွန်အားကို အသုံးချကာ ထျန်းမန်ကမ္ဘာ၏ အင်အားစုတစ်ခုကို ဖိနှိပ်သိမ်းသွင်းကာ မိမိတို့အတွက် အသုံးချခဲ့ကြသည်။

၎င်းတို့သည် နယ်မြေများကို သိမ်းပိုက်ရုံသာမက ထျန်းမန်ကမ္ဘာ၏ အခွင့်အလမ်းကောင်းများကိုလည်း အပြင်းအထန် ရှာဖွေစုဆောင်းပေးခဲ့ကြသည်။

ထူးခြားသည်မှာ ထျန်းမန်ကမ္ဘာ၏ ထိပ်တန်းအင်အားစုကြီးများသည် ဤအရာများနှင့် ပတ်သက်၍ မသိချင်ယောင်ဆောင်ကာ လုံးဝ နှုတ်ဆိတ်နေကြခြင်းပင်။

၎င်းတို့သည် ထိုထိပ်တန်း ပါရမီရှင်များ၏ နောက်ခံ အင်အားစုများမှာ သာမန်မဟုတ်သည်ကို သိထားကြသဖြင့် မလိုအပ်ဘဲ ရန်မစခြင်း ဖြစ်နိုင်သည်။

...........

တစ်ချိန်တည်းမှာပင်။

ထျန်ရွှမ်ယင်း၏ ဦးဆောင်မှုဖြင့် စူးချန်ကဲသည် လျို့ဝှက်ဆန်းကြယ်သော သင်္ကေတ အစီအရင်တစ်ခုကို ဖြတ်သန်းပြီးနောက် ထျန်းမုရွာသို့ ရောက်ရှိလာခဲ့သည်။

ရွာဝင်ဝသို့ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက်။

ရှူး...

အစွမ်းထက်သော အရှိန်အဝါများ ရှိသည့် ပုံရိပ်အချို့သည် ကောင်းကင်သို့ ပျံတက်လာကြပြီး စူးချန်ကဲတို့ ရှိရာဘက်သို့ ပျံသန်းလာကြသည်။

"ရွာထဲက လူတွေပဲ"

ဤမြင်ကွင်းကို မြင်လိုက်ရသော ထျန်းရှောင်သယ်က စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။

မကြာမီ ထိုပုံရိပ်များသည် စူးချန်ကဲတို့၏ ရှေ့မှောက်သို့ ဆင်းသက်လာကြသည်။

အမတအလင်းများ ပျောက်ကွယ်သွားပြီးနောက် ၊ သန်မာထွားကျိုင်းသော အမျိုးသား ကိုးဦး ပေါ်ထွက်လာခဲ့သည်။

ဤအမျိုးသား ကိုးဦး၏ ကျင့်ကြံအဆင့်မှာ အနိမ့်ဆုံးသူပင် မဟာဧကရာဇ်နယ်ပယ်နှင့် ရင်ပေါင်တန်းနိုင်ပြီး ၊ ကျင့်ကြံဆင့် မြင့်မားသူများမှာ ကောင်းကင်အမတနယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

"ရွှမ်ယင်း ၊ ရှောင်သယ်.. တော်သေးတာပေါ့... မင်းတို့ ဘာမှမဖြစ်လို့"

သူမတို့နှစ်ဦး ဘေးကင်းသည်ကို မြင်လိုက်ရသဖြင့် ရွာသားများ၏ စိုးရိမ်ပူပန်နေသော စိတ်အစဉ်မှာ သိသိသာသာ သက်သာရာရသွားခဲ့သည်။

"ရွှမ်ယင်း... ဘာတွေဖြစ်ခဲ့တာလဲ၊ ဘာလို့ ရွာကနေ မင်းကို ဆက်သွယ်လို့ မရတာလဲ"

ထိုလူများအနက် ဂုဏ်သိက္ခာရှိပုံရသော သက်လယ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ရှေ့ထွက်လာပြီး စိုးရိမ်တကြီးဖြင့် မေးမြန်းလိုက်သည်။

"အိုင်း... ပြောရရင် ဇာတ်လမ်းက ရှည်တယ်၊ ကျွန်မတို့ သတိလက်လွတ်ဖြစ်ပြီး ခြေရာလက်ရာတွေ ပေါ်သွားလို့ အမှောင်ထု ထျန်းမန်က ကောင်တွေရဲ့ လိုက်လံသတ်ဖြတ်တာကို ခံခဲ့ရတာ....."

"ကျွန်မတို့ ရွာကို ဆက်သွယ်လို့မရအောင် အဲဒီကောင်တွေက အစကတည်းက ကျွန်မရဲ့ အသံလွှင့် လျို့ဝှက်အဆောင်ကို စုတ်ဖြဲပစ်လိုက်ကြတာ..."

ထျန်ရွှမ်ယင်းသည် ကိစ္စတိုင်းကို အမြန် ရှင်းပြလိုက်သည်။ သို့သော် စူးချန်ကဲ၏ အဆင့်အတန်းမှာ ကြောက်စရာကောင်းသဖြင့် သူမ ထည့်မပြောခဲ့ပေ။

ထို့နောက် သူမသည် စူးချန်ကဲဘက်သို့ လက်ညှိုးထိုးပြရင်း ဆိုလိုက်၏။

"လီဦးလေး... ဒါက စူးချန်ကဲ လူကြီးမင်းပါ၊ ဒီတစ်ခေါက် သူ ကူညီပေးလို့သာပေါ့ မဟုတ်ရင် ကျွန်မတို့ တကယ်ပဲ အမှောင်ထု ထျန်းမန်က ကောင်တွေရဲ့ ဖမ်းဆီးတာကို ခံလိုက်ရမှာ"

" အဲ့ကောင်တွေ သေချင်းဆိုးနဲ့ သေရမှာ...ဒီလောက်နှစ်တွေ ကြာသွားတာတောင် အခုထိ မကောင်းတဲ့စိတ်က မပျောက်သေးဘူး"

ရွာသားက ဒေါသတကြီး ဆဲရေးတိုင်းထွာလိုက်ကြပြီး ၊ အတော်ကြာမှသာ ရင်ထဲက ဒေါသများမှာ အနည်းငယ် ပြေလျော့သွားတော့သည်။

ထို့နောက် သူတို့သည် စူးချန်ကဲအား ကျေးဇူးတင်ရှိသော အကြည့်များဖြင့် တရိုတသေ နှုတ်ဆက်လိုက်ကြသည်။

"ကျေးဇူးအများကြီးတင်ပါတယ် မိတ်ဆွေချန်ကဲ... ကျွန်တော် လီဖေးလုံက မိတ်ဆွေချန်ကဲရဲ့ ကူညီစောင့်ရှောက်မှုအတွက် အထူးကျေးဇူးတင်ပါတယ်"

"ကိစ္စမရှိပါဘူး၊ ဒီတိုင်းလမ်းကြုံလို့ ကူညီပေးရုံပါ"

စူးချန်ကဲက ပြုံးလျက် ပြန်လည်ဖြေကြားလိုက်သည်။

ထိုအချိန်တွင် ထျန်းရှောင်သယ်က စူးချန်ကဲ၏ လက်မောင်းကို ဖက်တွယ်ရင်း ကြားဖြတ် ဝင်ပြောလိုက်သည်။

"လီဦးလေး... ဦးလေး မသိလို့၊ အစ်ကိုကြီးက ဘယ်လောက်တောင် သန်မာလဲဆိုတာ"

"အဲ့တုန်းက အဲဒီလူ ရှစ်ယောက်စလုံးက ကနဦးမူလရင်းမြစ် စွမ်းအားကို ထုတ်သုံးလာတာတောင် အစ်ကိုကြီးကို တစ်ချက်‌ကလေးမှ ထိခိုက်အောင် မလုပ်နိုင်ဘူး ၊ အဲ့ဒီကနဦးမူလရင်းမြစ် စွမ်းအားတွေကိုပါ အစ်ကိုကြီးက ဝါးမြိုပစ်လိုက်တာ"

"ဘာ...."

ဤစကားများ ထွက်လာသည်နှင့်တစ်ပြိုင်နက်၊

လီဖေးလုံနှင့် ရွာသားများမှာ မိုးကြိုးပစ်ခံလိုက်ရသည့်အလား ရုတ်တရက် ဆွံ့အသွားကြပြီး၊ ပါးစပ် အဟောင်းသား ဖြစ်သွားကြသည်။

သူတို့သည် ထျန်းမန်ကမ္ဘာ၏ မူလနေထိုင်သူများဖြစ်ကြရာ ကနဦးမူလရင်းမြစ် စွမ်းအား၏ ဆန်းကြယ်မှုကို သဘာဝကျကျ သိရှိထားကြသည်။

တစ်ချိန်က ဤနေရာသို့ ဝင်ရောက်လာကြသော အမတနယ်မြေမှ ကျင့်ကြံသူများပင်လျှင် ဤစွမ်းအားကို ရင်ဆိုင်ရသည်နှင့် ချေမှုန်းခံရစမြဲပင်။

သို့သော် စူးချန်ကဲသည် ရန်သူရှစ်ဦး၏ ကနဦးမူလရင်းမြစ် စွမ်းအား၏ တိုက်ခိုက်မှုကို ခံနိုင်ရုံတင်မကဘဲ ထိုအရာကိုပင် ဝါးမြိုနိုင်ခဲ့လေသလော။

ဤအရာသည် သူတို့ ထျန်းမန်ကမ္ဘာ၏ သမိုင်းတစ်လျှောက်တွင် မကြုံဖူးသော အံ့ဖွယ်ရာပင် ဖြစ်သည်။

........

အတန်ကြာမှသာ ရွာသားများ သတိပြန်ကပ်လာကြပြီး ၊ စူးချန်ကဲကို ကြည့်သည့် ၎င်းတို့၏ မျက်ဝန်းများမှာ ရိုသေကြောက်ရွံ့မှုများဖြင့် ပြည့်နှက်လာခဲ့သည်။

" မိတ်ဆွေလို လူငယ်ပါရမီရှင်တစ်ယောက်က ဒီလောက်ထိ ကြောက်မက်ဖွယ်ကောင်းတဲ့ အစွမ်းအစကို ပိုင်ဆိုင်ထားမယ်လို့ ထင်မထားဘူး ၊ ဒါဟာ လူတွေထဲက နဂါးပဲ"

" မိတိဆွေချန်ကဲက ကျွန်တော်တို့ ထျန်းမုရွာက လူတွေကို ကူညီကယ်တင်ပေးခဲ့တာပဲ၊ ကျွန်တော်တို့ကလည်း အိမ်ရှင်ပီပီ သေချာ ဧည့်ခံကျွေးမွေးပြီး ဒီကျေးဇူးကို ဆပ်ရမယ်"

သို့သော် စူးချန်ကဲဘက်မှ ပြန်မပြောရသေးမီ ၊

အချိန်အခါ မသင့်လျော်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"ကြားရသလောက်တော့ မိတ်ဆွေချန်ကဲက ပြင်ပကမ္ဘာကနေ လာတာဆိုတော့ ကျွန်တော်တို့ ထျန်းမန်ကမ္ဘာကို အခွင့်အလမ်းကောင်းတွေ လာရှာတာပဲ ဖြစ်ရမယ် ဟုတ်တယ်မလား"

အသံလားရာဘက်သို့ လှည့်ကြည့်လိုက်ရာ ၊ ပြောသူမှာ လီဖေးလုံ၏ ဘေးနားရှိ လူငယ်တစ်ဦး ဖြစ်ပြီး ၊ ထိုသူသည် အသားအရေ ဖြူစင်ကာ ရုပ်ရည်လည်း အတော်အတန် ချောမောခန့်ညားလှသည်။

သို့သော် သူသည် ပတ်ဝန်းကျင်ရှိ ရွာသားများကဲ့သို့ စိတ်အားထက်သန်ခြင်းမရှိဘဲ စူးချန်ကဲကို သံသယမျက်လုံးများဖြင့် အကဲခတ်နေ၏။

"မိတ်ဆွေချန်ကဲအနေနဲ့ ကျွန်တော်တို့ ရွှမ်ယင်းညီမလေးရဲ့ အသက်သခင် ကျေးဇူးရှင်ဆိုပြီး ကျွန်တော်တို့ ထျန်းမုရွာရဲ့ အတွင်းရေးတွေကို စုံစမ်းဖို့တော့ မကြိုးစားပါနဲ့..."

"ကျန်းဟွိုက်ယွီ... နင့်ပါးစပ်ကို ပိတ်ထားစမ်း"

သူ စကားမဆုံးခင်မှာပင် ထျန်းရွှမ်ယင်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ဘယ်သူက နင့်ညီမလေးလဲ၊ ချန်ကဲလူကြီးမင်းက ငါတို့ရဲ့ အသက်သခင် ကျေးဇူးရှင် ပြီးတော့ ငါတို့ရွာရဲ့ အထူးဧည့်သည်တော်ပဲ၊ နင်က ဒီနေရာမှာ လာပြီး လျှောက်ပြောနေရအောင် ဘာကောင်မို့လို့လဲ"

"ကျန်းဟွိုက်ယွီ... မရိုင်းစိုင်းနဲ့"

လီဖေးလုံ၏ မျက်နှာအမူအရာမှာလည်း အတော်ပင် ပျက်ယွင်းသွားသည်။

" မိတ်ဆွေချန်ကဲက ရွှမ်ယင်းနဲ့ ရှောင်သယ်တို့ရဲ့ အသက်သခင် ကျေးဇူးရှင်ပဲ...အဲ့တော့ ငါတို့ရွာရဲ့ အထူးဧည့်သည်တော်ပေါ့ ...မင်းက ဘာဖြစ်လို့ ဒီလို စကားမျိုး ပြောထွက်ရတာလဲ"

ဤစကားကြောင့် ကျန်းဟွိုက်ယွီ၏ မျက်နှာအမူအရာမှာလည်း ကြည့်ရဆိုးသွားသည်။

မိမိ စိတ်ဝင်စားနေသော မိန်းကလေး၏ ရှေ့တွင် အရှက်ခွဲခံလိုက်ရသည်။ သို့သော် ကျန်းဟွိုက်ယွီသည် ခေါင်းမာမာဖြင့် ထပ်ပြောပြန်သည်။

"လီဦးလေး... ဦးလေးလည်း သိတာပဲ၊ အရင်တုန်းကလည်း ပြင်ပလူတွေက ကျွန်တော်တို့ရွာထဲကို ဝင်ပြီး လျှို့ဝှက်ချက်တွေကို စုံစမ်းဖို့ ကြိုးစားခဲ့ကြတယ်၊ ဒါပေမဲ့ နောက်ဆုံးတော့ ကျွန်တော်တို့ရွာကို ဘယ်လို ကပ်ဘေးမျိုးတွေ ဖြစ်စေခဲ့လဲ"

"အခု ဒီစူးချန်ကဲကလည်း ပြင်ပလူပဲ၊ သူက အမတနယ်မြေရဲ့ ဘယ်အင်အားစုက လာလဲဆိုတာတောင် ကျွန်တော်တို့ မသိရဘူး"

" တကယ်လို့ သူက အကြံအစည်ရှိ‌တဲ့ အင်အားစုတစ်ခုကနေ လာပြီး ဒီအခွင့်အရေးမှာ ရွာထဲကို ခိုးဝင်ပြီး မသိသင့်တာတွေကို စုံစမ်းဖို့ ကြိုးစားနေတာဆိုရင်ရော...ကျွန်တော်တို့ရွာအတွက် ဘေးဒုက္ခတွေ ထပ်မကြုံနိုင်ဘူးလား"

ဤစကားများ ထွက်လာသည်နှင့် ၊

မျက်နှာပျက်ယွင်းနေကြသော ရွာသားအချို့မှာ တစ်ချက် တုံ့ဆိုင်းသွားကြသည်။ ကျန်းဟွိုက်ယွီ ပြောသော စကားများသည် နားဝင်ခါးသော်လည်း အမှန်တရား တစ်ဝက်ခန့် ပါဝင်နေသည်။

ယခင်ကလည်း ပြင်ပလူအချို့သည် ရွာ၏ ဧည့်ဝတ်ကျေပွန်မှုကို အခွင့်ကောင်းယူကာ လျှို့ဝှက်ချက်များကို နှိုက်ယူရန် ကြိုးပမ်းခဲ့ကြဖူးသည်။

ထို့ကြောင့် ရွာနှင့် ထိုသူတို့အကြား ပြင်းထန်သော ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး ရွာသားအချို့ သေဆုံးခဲ့ရဖူးသည်။

ယခု စူးချန်ကဲသည်လည်း မည်သည့်နေရာမှ လာသည်ကို မသိရသေးပေ။ အကယ်၍ တစ်ဖက်လူသည် သူတို့၏ လျှို့ဝှက်ချက်ကို ရည်ရွယ်ချက်ရှိရှိ လာရောက်နှိုက်ယူရန် အကြံအစည်ရှိနေမည်ဆိုပါက တောဝံပုလွေကို အိမ်ထဲသို့ ဖိတ်ခေါ်လိုက်သကဲ့သို့ ဖြစ်ပေတော့မည်။

ရွာသားအချို့၏ သဘောထား ပြောင်းလဲသွားသည်ကို သတိပြုမိလိုက်သဖြင့် ကျန်းဟွိုက်ယွီသည် သူ၏ ခါးကို မတ်လိုက်ပြီး စူးချန်ကဲကို အထင်သေးသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

အခြားရွာသားများ၏ အပေါ်ယံ အမြင်များနှင့် ယှဉ်လျှင် သူတစ်ယောက်တည်းသာ အမြော်အမြင် ရှိရှိဖြင့် အဝေးကို ကြည့်နိုင်စွမ်း ရှိပေသည်။

"ကျန်းဟွိုက်ယွီ... နင် ဒီနေရာမှာ လာပြီး ရန်တိုက်မနေနဲ့"

စူးချန်ကဲဘက်မှ စကားမပြောရသေးမီ ၊

ထျန်ရွှမ်ယင်းက မအောင့်အည်းနိုင်တော့ဘဲ ဒေါသတကြီး အော်ပြောလိုက်၏။

"ချန်ကဲလူကြီးမင်းက ငါတို့ကို လုံးဝ ဒုက္ခပေးမှာ မဟုတ်ဘူး"

"သူတို့ရဲ့ မိသားစုက ငါတို့ ထျန်းမုရွာရဲ့ ဘိုးဘေးတွေနဲ့တောင် ရေစက်ရှိခဲ့တာ"

"ချန်ကဲလူကြီးမင်းက ဒဏ္ဍာရီလာ တားမြစ် စူးမိသားစုကနေ လာတာပဲ"

All Chapters