← Chapters

အခန်း ၉၁၅

Vol. 71 Ch. 915

အခန်း ၉၁၅

Vol. 71 Ch. 915

အခန်း ( ၉၁၅) အမှောင်ထု၏ ပုန်ကန်မှု

တစ်ချိန်တည်းမှာပင်။

ဆန်းကြယ်မြေအောက်၏ အနက်ရှိုင်းဆုံးနေရာ။

တလိပ်လိပ် ထနေသော အနက်ရောင်မြူခိုးများနှင့်အတူ ၊ သွေးနီရောင် လျှပ်စီးကြောင်းများသည် ကြီးမားသော သစ်ကိုင်းသစ်ခက်များကဲ့သို့ ကောင်းကင်ပြင်သို့ ထိုးဖောက်ဝင်ရောက်လာသည်မှာ ကမ္ဘာပျက်ကပ်ကြီး ဆင်းသက်လာသည့် အလား ထင်မှတ်ရသည်။

ဤဆန်းကြယ်မြေအောက်၏ အနက်ရှိုင်းဆုံးအပိုင်းရှိ ဗဟိုချက်၌ ၊

ကြီးမားသော ဟင်းလင်းပြင်အက်ကွဲကြောင်းကြီး တစ်ခု ရှိနေပြီး ၊ ၎င်းသည် ကောင်းကင်နှင့် မြေပြင်ကို ချိတ်ဆက်ထားသကဲ့သို့ ရှိနေ၏။

ထိုဟင်းလင်းပြင် အက်ကွဲကြောင်းကြီးထဲတွင် ကြမ်းတမ်းစွာ ရိုက်ခတ်လှုပ်ရှားနေသော ထူးခြားဆန်းကြယ်သော နိယာမတရားများ စုစည်းနေပြီး ၊ ပုံရိပ်အချို့သည် ထိုအထဲတွင် ပြင်းထန်စွာ တိုက်ခိုက်နေပုံရသည်။

ဝုန်း...

မိုးနှင့်မြေကို တုန်ဟည်းသွားစေသည့် ကျယ်လောင်သံတစ်ချက် ထွက်ပေါ်လာပြီးနောက်၊ တစ်လောကလုံး အမှောင်ထုထဲသို့ ရုတ်တရက် ကျရောက်သွားသည်။

အဆုံးမရှိသော အမှောင်ထု မှော်သင်္ကေတများသည် ဒီရေအလား မြင့်တက်လာပြီး အမှောင်ထုမီးတောက်များအဖြစ် ကောင်းကင်အနှံ့ လွှမ်းခြုံသွားကာ အရာအားလုံးကို ဝါးမြိုတော့မည့် အတိုင်းပင်။

ဤအရာမှာ အမှောင်ထု၏ စွမ်းအားပင် ဖြစ်သည်။ ထို့အပြင် အစင်ကြယ်ဆုံး အမှောင်ထုစွမ်းအားလည်း ဖြစ်ပေလိမ့်မည်။

ထျန်းမန်ကမ္ဘာသည် အမတနယ်မြေ၏ အပြင်ဘက်တွင် သီးခြားတည်ရှိနေသော အထူးကမ္ဘာတစ်ခု ဖြစ်သည်။

ထို့အပြင် ဤနေရာသည် ထူးဆန်းသော စွမ်းအင်များ၏ တိုက်စားမှုကို ခံထားရပြီးသား ဖြစ်ကာ ၊ အမှောင်ထုသည်လည်း ထိုထူးဆန်းသော ဘောင်အတွင်း၌ အကျုံးဝင်နေသဖြင့် ဤနေရာရှိ မိုးမြေ မဟာလမ်းစဉ်၏ ငြင်းပယ်ခြင်းကို ခံရမည် မဟုတ်ပေ။

ဝီ....

ခရမ်းရောင် နတ်အလင်းတန်းတစ်ခု ရုတ်တရက် ပေါ်ထွက်လာပြီး ကြောက်ခမမ်းလိလိ တိုက်စားခြင်းစွမ်းအားများနှင့်အတူ တလိပ်လိပ် တတ်လာသော အမှောင်ထုကို ပြင်းထန်စွာ တိုက်ခိုက်တော့သည်။

တစ်ခဏအတွင်း၊ အမှောင်ထုစွမ်းအားနှင့် ထိုထူးခြားဆန်းကြယ်သော စွမ်းအားတို့သည် အကြိတ်အနယ် ရှိနေကြပြီး အရှုံးအနိုင် မပေါ်သေးချေ။

ဝုန်း....

ကောင်းကင်အနှံ့ အမှောင်ထု အလင်းမိုးစက်များ ဖြာကျလာပြီး ၊ ဤနေရာကို ဖုံးလွှမ်းထားသော အနက်ရောင်မြူခိုးများအား ခေတ္တမျှ မောင်းထုတ်ပစ်လိုက်သည်။ နောက်ဆုံးတွင် အထဲ၌ ရှိနေသော ပုံရိပ်များ ပေါ်ထွက်လာ၏။

အတွင်းရှိ လူနှစ်ယောက်မှာ ထျန်းမန်ကမ္ဘာသို့ ခိုးဝင်လာခဲ့ကြသော အမှောင်ထုအရှင်သခင်များ ဖြစ်ကြသည့် ကျန့်ရုံ နှင့် မင်ယွီ့တို့ပင် ဖြစ်သည်။

ကြောက်မက်ဖွယ်ကောင်းသော အမှောင်ထုအရှိန်အဝါများသည် သူတို့နှစ်ဦး၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ပေါက်ကွဲမြည်ဟည်းနေပြီး ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကိုပင် ပုံပျက်သွားစေသည်။

သူတို့နှင့် မလှမ်းမကမ်းနေရာတွင် ၊ ဦးခေါင်းတွင် ဦးချိုနှစ်ဖက်ရှိပြီး ကျောပြင်တွင် နက်မှောင်သော အတောင်ပံများ ပေါက်ရောက်နေသည့် ခရမ်းရောင်အသားအရေ ရှိသော သက်ရှိ သုံးကောင်သည် သူတို့နှစ်ဦးကို သတိကြီးစွာဖြင့် စိုက်ကြည့်နေ၏။

ဤထူးဆန်းသော သက်ရှိများကို ထျန်းမန်ကမ္ဘာတွင် ထာဝရညဉ့်မိစ္ဆာမျိုးနွယ်စု ဟု ခေါ်ဆိုကြသည်။

သူတို့သည် တိုက်စားခံထားရသည့် ဆန်းကြယ်သော တည်ရှိမှုများ ဖြစ်ကြသည်။ အနည်းငယ်သော ကံအကျိုးဆက် စွမ်းအင်များ၏ သက်ရောက်မှုကို ခံရကာ ယခုလို ဆန်းကြယ်သော သန္ဓေပြောင်းလဲမှု ဖြစ်ပေါ်ခဲ့၏။

သူတို့၏ ကျင့်ကြံဆင့်မှာ ယခုအခါ ရွှေအမတ အဆင့်သို့ ကပ်လျက် ရောက်ရှိနေပြီ ဖြစ်သော်လည်း ၊ ထျန်းမန်ကမ္ဘာတွင်မူ အစွမ်းထက်ဆုံး စွမ်းအားရှင်များဟု ခေါ်ဆိုရန် လုံလောက်သည်။

အဘယ်ကြောင့်ဆိုသော် ထျန်းမန်ကမ္ဘာတွင် ထူးဆန်းသော ဖိနှိပ်ချုပ်ချယ်မှု ရှိနေသဖြင့် ဤနေရာရှိ ကျင့်ကြံသူများမှာ ရွှေအမတအဆင့်ထက် ကျော်လွန်၍ အဆင့်တတ်ရန် ခက်ခဲသည်။

ကန့်သတ်ချက်ကို ချိုးဖောက်သူများ ရှိခဲ့ပါက ဤနေရာရှိ နိယာမစည်းမျဉ်းများ၏ ဖျက်ဆီးသတ်ဖြတ်ခြင်းကို ခံရပေမည်။

"ဟားး..... ဒီထျန်းမန်ကမ္ဘာမှာ ဒီလိုမျိုး ဆန်းကြယ်ထူးဆန်းတဲ့အရာတွေ ရှိနေလိမ့်မယ်လို့ ထင်မထားမိဘူး....."

"ငါ ပြင်ပမှာတုန်းက ဘာဖြစ်လို့ ရင်းနှီးသလိုလိုနဲ့ စိမ်းသက်နေတဲ့ အရှိန်အဝါတစ်ခုကို ခံစားမိလဲဆိုတာ အခုမှပဲ သဘောပေါက်တော့တယ်၊ လတ်စသတ်တော့ ဒီလိုကိုး။"

"ကဲပါ... ငါ့ရဲ့ ခန့်မှန်းချက်ကို အတည်ပြုပြီးပြီဆိုတော့ မင်းတို့လည်း ဆက်ပြီး တန်ဖိုးမရှိတော့ဘူး"

ထိုစကားသံ ဆုံးသည်နှင့် တပြိုင်နက်။

မင်ယွီ့သည် လက်ဝါးကို ဆန့်ထုတ်လိုက်ရာ ၊ ကောင်းကင်အနှံ့ လှိုင်းထန်နေသော အမှောင်ထုဒီရေလှိုင်းများသည် မြင့်တက်လာပြီး ဧရာမ အမှောင်ထု လက်သည်းကြီးနှစ်ခုအဖြစ် ပြောင်းလဲကာ ထာဝရညဉ့်မိစ္ဆာတစ်ကောင်ထံသို့ အရှိန်အဟုန်ပြင်းစွာ ကျဆင်းသွားသည်။

ဗုန်း..

ကြီးမားသော အမှောင်ထုစွမ်းအားများသည် ထိုထာဝရညဉ့်မိစ္ဆာကို မျက်စိတစ်မှိတ်အတွင်းမှာပင် အစိတ်စိတ်အမြွှာမြွှာ ဆုတ်ဖြဲပစ်ခဲ့သည်။

"ငါပြောမယ် မင်ယွီ့... ဒီကောင်တွေက ငါတို့ အမှောင်ထုနဲ့ အဆက်အနွယ် နည်းနည်းတော့ ရှိတယ်လို့ ပြောရမယ် ၊ သွေးမျိုးဆက်အရ ပြောရရင် သူတို့က ငါတို့အမှောင်ထုရဲ့ ဆွေမျိုးတွေလို့တောင် သတ်မှတ်လို့ရတာပဲ "

"နင် သူတို့အပေါ် နည်းနည်းလောက် ပိုပြီး ညင်ညင်သာသာ လုပ်ပေးလို့ မရဘူးလား"

ဘေးနားရှိ ကျန့်ရုံက ရယ်မောလိုက်သည်။

သို့သော် သူမ၏ လက်ဆသည် မင်ယွီ့ထက်ပင် ပို၍ ရက်စက်ကြမ်းကြုတ်လှပေသည်။

ဝုန်း..

ကျန့်ရုံ၏ နောက်ကွယ်မှ အမှောင်ထု မှော်သင်္ကေတများသည် တလိပ်လိပ် တတ်လာသော မုန်တိုင်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ၊ ကမ္ဘာပျက်ကပ်ကြီး ဆင်းသက်လာသည့် အလား အရှိန်အဝါများကို ထုတ်လွှတ်နေ၏။

ဟင်းလင်းပြင်တစ်ခုလုံးကို အလွယ်တကူ စုတ်ပြဲသွားပြီး ထူးခြားဆန်းကြယ်သော စွမ်းအားများ ပေါက်ကွဲထွက်လာခဲ့သည်။

ထို့နောက် ဤကမ္ဘာတစ်ခုလုံးကို တိမ်းမှောက်သွားစေနိုင်သည့် အမှောင်ထုလေပွေမုန်တိုင်းကြီးသည် အမှောင်ထု ဆူးခက်များအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်အနှံ့လွှမ်းခြုံသွားလေ၏။

၎င်းတို့သည် ကျန်ရှိနေသော ထာဝရညဉ့်မိစ္ဆာ နှစ်ကောင်ကို ရစ်ပတ်နှောင်ဖွဲ့လိုက်သည်။

အသွေးအသားနှင့် အရိုးများ ကြေမွပေါက်ကွဲသွားသည့် အသံများ တပြိုင်နက်တည်း ထွက်ပေါ်လာသည်။

ထာဝရညဉ့်မိစ္ဆာမျိုးနွယ်စုမှ မိစ္ဆာနှစ်ကောင်မှာ မည်သို့မျှ ပြန်လည်ခုခံနိုင်စွမ်း မရှိဘဲ အမှောင်ထု ဆူးခက်များ၏ ရစ်ပတ်ခြင်းကို ခံလိုက်ရပြီး၊ ခဏအကြာတွင် ဆူးခက်များကြား ပျစ်ချွဲလှသော ခရမ်းပုပ်ရောင် သွေးများ စီးကျလာခဲ့တော့သည်။

"ဘုရင်... သေသွားပြီလား......"

ဤမြင်ကွင်းကို ကိုယ်တိုင်မြင်တွေ့လိုက်ရသည့် မရေမတွက်နိုင်သော ထာဝရညဉ့်မိစ္ဆာမျိုးနွယ်စုဝင်များမှာ ထိတ်လန့်တုန်လှုပ်စွာဖြင့် တုန်ယင်နေကြသည်။

လက်ရှိ ထျန်းမန်ကမ္ဘာ၌ ဤသုံးယောက်သည် သူတို့ ထာဝရညဉ့်မိစ္ဆာမျိုးနွယ်စုတွင် အသန်မာဆုံး သုံးယောက် ဖြစ်သော်လည်း ၊ ဤမျှ အလွယ်တကူ သေဆုံးသွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။

ကျန့်ရုံ နှင့် မင်ယွီ့တို့သည် အမှောင်ထုအင်အားစု၏ အရှင်သခင်များ ဖြစ်ကြပြီး လက်ရှိခန္ဓာကိုယ်မှာလည်း သူတို့၏ ကိုယ်ပွားများသာ ဖြစ်သည်။

လက်ရှိ ကျင့်ကြံခြင်းအဆင့်မှာလည်း မဟာဧကရာဇ်နယ်ပယ်သို့ ဖိနှိပ်ခံထားရသည်။ သို့သော်လည်း သူတို့သည် ထာဝညဉ့်မိစ္ဆာများကို အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့သည်။

ဤကမ္ဘာကြီးသည် ထူးခြားဆန်းကြယ်သော စွမ်းအားများ၏ တိုက်စားမှုကို ခံထားရသဖြင့် သူတို့သည် ဤနေရာတွင် အမှောင်ထုစွမ်းအားများကို အပြည့်အဝ ထုတ်ဖော်ပေါက်ကွဲနိုင်ကြသည်။

ထို့ကြောင့် ဤထာဝရညဉ့်မိစ္ဆာများအားလုံး ပူးပေါင်းတိုက်ခိုက်လျှင်ပင် သူတို့နှစ်ဦး၏ ပြိုင်ဘက် ဖြစ်လာနိုင်မည် မဟုတ်ချေ။

"ဘုရင်ကြီး....ဘုရင်အသစ်ကို ဖူးမြော်ပါတယ်"

"ကျွန်တော်မျိုးတို့ ဘုရင်သစ်ရဲ့ အလိုအတိုင်း လိုက်နာပါ့မယ်..."

ထိုစဉ် အကွက်မြင်တတ်သော ထာဝရညဉ့်မိစ္ဆာအချို့က သတိပြန်ဝင်လာကြပြီး မြေပြင်ပေါ်တွင် ဒူးထောက်ဝပ်စင်းကာ မင်ယွီ့ နှင့် ကျန့်ရုံတို့အား ဦးတိုက်လေတော့သည်။

မင်ယွီ့နှင့် ကျန့်ရုံတို့သည် ထာဝရညဉ့်မိစ္ဆာများ၏ ခန္ဓာကိုယ်ထဲမှ မိမိတို့နှင့် ဆင်တူသော သွေးမျိုးဆက်စွမ်းအားကို ခံစားမိနိုင်သကဲ့သို့ ထာဝရညဉ့်မိစ္ဆာမျိုးနွယ်စုဝင်များလည်း အလားတူ ခံစားမိကြသည်။

ယခုအခါ သူတို့၏ ဘုရင်များအားလုံး သတ်ဖြတ်ခံလိုက်ရပြီ ဖြစ်ရာ၊ သူတို့အနေဖြင့် အညံ့မခံပါက သေလမ်းတစ်ခုသာ ရှိပေတော့မည်။

ဤအခြေအနေကို မြင်ပြီး မင်ယွီ့နှင့် ကျန့်ရုံတို့မှာ မျက်ခုံးပင့်လိုက်ကြသည်။

သူတို့သည် ဤမိစ္ဆာမျိုးနွယ်စုအပေါ် အမှန်တကယ်ပင် စိတ်ဝင်စားမိသည်။

အကြောင်းမှာ တစ်ဖက်လူ၏ ခန္ဓာကိုယ်ထဲတွင် သူတို့၏ အမှောင်ထုနှင့် ဆင်တူသော ထူးခြားဆန်းကြယ်သော စွမ်းအားများ ကိန်းအောင်းနေသောကြောင့် ဖြစ်သည်။

ထို့အပြင် ဤဆန်းကြယ်မြေအောက်ထဲတွင် သူတို့သည် အမှောင်ထုစွမ်းအားများကို လွတ်လပ်စွာ အသုံးပြုနိုင်ကြသည်။

"ကျန့်ရုံ... ငါ စိတ်ဝင်စားစရာကောင်းတဲ့ ကိစ္စတစ်ခုကို တွေးမိသွားတယ်"

မင်ယွီ့က ခပ်ဖွဖွ ပြုံးလိုက်ပြီး ဆိုလေ၏။

"ဒီဆန်းကြယ်မြေအောက်ရဲ့ အနက်ရှိုင်း‌‌ဆုံးအပိုင်းမှာ ငါတို့ အမှောင်ထုနဲ့ ဆင်တူတဲ့ စွမ်းအားတစ်ခု ရှိနေတယ်"

"မင်းလည်း ခံစားမိမှာပဲ"

"ဘာလဲ... နင်က သွားကြည့်ချင်လို့လား"

ကျန့်ရုံက ပြန်ပြောလိုက်သည်။

"ငါတို့ ဒီတစ်ခေါက် ထျန်းမန်ကမ္ဘာကို ခိုးဝင်လာခဲ့တဲ့ တာဝန်ကိုတော့ မေ့မပစ်လိုက်နဲ့ဦး"

"ဟားးးး..... အခက်အခဲ ကြုံမှ သူရဲကောင်းပေါ်တယ် ဆိုတဲ့ စကားပုံ ရှိသားပဲ၊ တကယ်လို့ အဲဒီ ဗလာနတ္ထိစွမ်းအင်ကို ပိုင်ဆိုင်ထားတဲ့သူက ဒီထျန်းမန်ကမ္ဘာထဲကို ဝင်လာခဲ့တဲ့ ကျင့်ကြံသူတွေထဲမှာ ရှိနေတယ်ဆိုရင်ပေါ့"

မင်ယွီ့က ပြုံးလျက် ပြောသည်။

"ငါတို့က သူ့အတွက် ကြီးမားတဲ့ ဘေးဒုက္ခတစ်ခု ဖန်တီးမပေးဘူးဆိုရင် တစ်ဖက်လူက ဒီဗလာနတ္ထိစွမ်းအင်ကို ဘယ်လိုလုပ်ပြီး ထုတ်သုံးလာမလဲ"

"ဒါဆို နင့်ရဲ့ ဆိုလိုရင်းက......"

ဤစကားကို ကြားပြီးနောက် ကျန့်ရုံလည်း စိတ်ဝင်စားသွားခဲ့သည်။

"လွယ်ပါတယ်"

မင်ယွီ့သည် မြေပြင်တွင် ဒူးထောက်ဝပ်နေကြသော မိစ္ဆာမျိုးနွယ်စုဝင်များကို တစ်ချက် ကြည့်လိုက်သည်။

"ဒီကောင်တွေက ထူးခြားဆန်းကြယ်တဲ့ စွမ်းအားတွေကနေ မွေးဖွားလာတာဆိုတော့ ကမ္ဘာကြီးကို တိုက်စားနိုင်စွမ်းလည်း ရှိမှာပဲ"

"အမတနယ်မြေမှာ အမှောင်ထု ပြန်လည်နိုးထဖို့က နောက်ထပ် နှစ်ပေါင်း ရာချီ လိုသေးတယ်"

"ဒီနေ့ ငါတို့ ဒီနေရာကို ရောက်လာတာက တကယ့်ကို အခွင့်ကောင်းကြီးပဲ"

"ငါတို့ ဒီအခွင့်အရေးကို အသုံးချပြီး ထျန်းမန်ကမ္ဘာမှာ အမှောင်ထုအုံကြွမှုကို ဖန်တီးလိုက်ရင် မကောင်းဘူးလား"

" အဲ့လိုသာဆို ဗလာနတ္ထိစွမ်းအင် ပိုင်ဆိုင်သူကို ဖော်ထုတ်နိုင်ရုံသာမက ဒီနေရာကို ရောက်ရှိနေတဲ့ အမတနယ်မြေရဲ့ ပါရမီရှင်တွေကိုပါ တစ်ပါတည်း သုတ်သင်ပစ်နိုင်လိမ့်မယ်၊ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲ မဟုတ်ဘူးလား"

မင်ယွီ့ ပြောသည်မှာ အကျိုးအကြောင်း သင့်ပေသည်။ ထျန်းမန်ကမ္ဘာတွင် အမှောင်ထုအုံကြွမှုကို ဖြစ်ပွားစေခြင်းက ထိုဗလာနတ္ထိစွမ်းအင် ပိုင်ဆိုင်သူကို ရှာဖွေနိုင်ရုံသာမက အမတနယ်မြေ၏ ပါရမီရှင်အချို့ကိုပါ သုတ်သင်နိုင်ပေလိမ့်မည်။

သို့သော်လည်း ဤကိစ္စအတွက် သူတို့ လောစရာမလိုပေ။

ယခုအခါ သူတို့၏ ကျင့်ကြံမှုအဆင့်ကို မဟာဧကရာဇ်နယ်ပယ်သို့ ဖိနှိပ်ခံထားရသဖြင့် ၊ လက်ရှိခန္ဓာ၏ ကျင်ကြံမှုကို အထွတ်အထိပ်သို့ ရောက်ရှိအောင် မြှင့်တင်ပြီးမှသာ ထိုအမှောင်ထု ပုန်ကန်မှုကို စတင်ပေတော့မည်။

All Chapters