← Chapters

အခန်း ၉၂၀

Vol. 71 Ch. 920

အခန်း ၉၂၀

Vol. 71 Ch. 920

အခန်း (၉၂၀) မုန်တိုင်းကြီး ကျရောက်တော့မည်

အခြားတစ်ဖက်တွင် ၊ အမှောင်ထု ထျန်းမန်ဂိုဏ်း။

မှောင်မိုက်၍ တိတ်ဆိတ်ခြောက်ခြားဖွယ်ကောင်းသော အနက်ရောင် နန်းတော်ကြီးအတွင်း။

ဖယောင်းတိုင် မီးတောက်များသည် အသာအယာ လှုပ်ခတ်လျက် ရှိနေပြီး ၊ မူလကပင် ခြောက်ခြားဖွယ်ရာကောင်းသော နန်းတော်ကြီးကို ပို၍ ကြောက်မက်ဖွယ်ကောင်းအောင် ပုံဖော်ပေးနေသည်။

လူသေဦးခေါင်းခွံများဖြင့် ပြုလုပ်ထားသော ရာဇပလ္လင်ပေါ်တွင် ၊

အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသော သက်လတ်ပိုင်း အမျိုးသားတစ်ဦး ရှိနေပြီး၊ သူ၏ လက်ထဲတွင် ထူးခြားဆန်းကြယ်သော ဦးခေါင်းခွံတစ်ခုကို ကိုင်ဆောင်ထားသည်။

ဦးခေါင်းခွံ၏ မျက်တွင်းနှစ်ဖက်မှ ကြောက်မက်ဖွယ်ရာ ကောင်းသော အလင်းတန်းနှစ်ခု ထွက်လာပြီး ၊ ၎င်း၏ရှေ့တွင် အလင်းမျက်နှာပြင်တစ်ခုအဖြစ် ဖွဲစည်းသွားခဲ့သည်။

အလင်းမျက်နှာပြင်ပေါ်တွင် ကျင့်ကြံသူတစ်ဦး မသေဆုံးမီက မှတ်ဉာဏ်မြင်ကွင်းများကို ပြန်လည် ပြသနေပုံရသည်။

၎င်းသည် မန္တန်အလင်း မျက်နှာပြင်တစ်ခုသာ ဖြစ်သော်လည်း ၊ အဆိုပါ ကျင့်ကြံသူ၏ စိတ်ပျက်အားငယ်မှု ၊ အားကိုးရာမဲ့သော ခံစားချက်တိုကို အတိုင်းသား ခံစားမိသည်။

မြင်ကွင်းထဲတွင် ဝတ်ရုံဖြူ လူငယ်တစ်ဦး ရှိနေပြီး ၊ သူသည် လက်သီးတစ်ချက်တည်းဖြင့် အမှောင် ထျန်းမန်ဂိုဏ်း၏ စွမ်းအားရှင်တစ်ဦးကို ထိုးနှက်ချေမှုန်းပစ်ခဲ့သည်။

နောက်ဆုံးကျန်ရှိနေသော အမှောင်ထျန်းမန်ဂိုဏ်းမှ ဂိုဏ်းသားများသည် ကနဦးမူလရင်းမြစ် စွမ်းအားကို ပေါက်ကွဲကာ တိုက်ခိုက်ရန် ရွေးချယ်ခဲ့ကြသော်လည်း ၊ မည်သည့်အကျိုးသက်ရောက်မှုမျှ မရှိခဲ့ချေ။

ကနဦးမူလရင်းမြစ် စွမ်းအားများသည်ပင် တစ်ဖက်လူ၏ ဝါးမြိုခြင်းကို ခံလိုက်ရ၏။

ရွှေအမတနယ်ပယ် အဆင့်ရှိ အမှောင်ထု ထျန်းမန်ဂိုဏ်း၏ ဂိုဏ်းချုပ်သည်ပင် ဤမြင်ကွင်းကို မြင်ပြီး တစ်ကိုယ်လုံး စိမ့်ခနဲ အေးစက်သွားသည်။

'မိစ္ဆာကောင်...ဒါကမှ တကယ့်ကို အစစ်အမှန် မိစ္ဆာကောင်ကြီးပဲ'

"ဒီတစ်ခေါက် လျိုဝှက်နယ်မြေထဲကို ဝင်ရောက်လာတဲ့ ကျင့်ကြံသူတွေက တကယ့်ကို မိစ္ဆာကောင်တွေပဲ"

"ငါ့ဂိုဏ်းက စွမ်းအားရှင် ရှစ်ယောက်စလုံး.... သူ့ရဲ့ တစ်ကွက်စာကိုတောင် တောင့်မခံနိုင်ခဲ့ကြဘူး"

အမှောင်ထျန်းမန်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် သူ့အစွမ်းများကို ပြန်ရုတ်သိမ်းလိုက်သည်။ လက်ရှိ သူ၏ မျက်နှာပေါ်တွင် တုန်လှုပ်ချောက်ချားမှုများကို အတိုင်းသား မြင်တွေ့နေရ၏။

ထျန်းမန်ကမ္ဘာရှိ ထိပ်တန်းအင်အားစုတစ်ခု၏ ဂိုဏ်းချုပ်တစ်ဦး ဖြစ်သည်နှင့်အလျောက် ၊ သူသည် အခြားသောအင်အားစု ဂိုဏ်းချုပ်များနှင့်လည်း အဆက်အသွယ် ရှိထားသည်။

သိုသော်လည်း မကြာသေးမီက ထိုထိပ်တန်းအင်အားစု ဂိုဏ်းချုပ်များသည် အမတနယ်မြေမှ ရောက်ရှိလာကြသော ကျင့်ကြံသူများ၏ ဖိနှိပ်ချုပ်ချယ်ခြင်းကို ခံနေရသည်ဟု ကြားသိခဲ့ရသည်။

ထိုကျင့်ကြံသူများထံမှ အခွင့်အလမ်းများ လုယူရန် နေနေသာသာ၊ ဂိုဏ်းတစ်ခုလုံးပါ သုံပန်းဘဝသို ရောက်ရှိသွားခဲ့ရသည်။

သူ ရရှိထားသော သတင်းအချက်အလက်များအရ ၊ ဝူလျန့်တာအိုဂိုဏ်းသည် ထျန်ဟောက်ရှန်း ဟု အမည်ရသော ကောင်လေးတစ်ဦး၏ ဖိနှိပ်ထိန်းချုပ်ခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။

မြောက်ပိုင်း ပင်လယ်နက် ၊ ပိဟိုင်နန်းတော် ယွမ်ကျွင်းတောက် ဟု အမည်ရသော လူတစ်ဦး၏ ဖိနှိပ်ခြင်းကို ခံလိုက်ရသည်။

အနောက်ဘက် တောင်တန်း ထုံရွှမ်ဂိုဏ်းသည် တောက်လျန်ရှန်း ဟု အမည်ရသော အမျိုးသမီးတစ်ဦး၏ ဖိနှိပ်ခြင်းကို ခံလိုက်ရသည်။

တောင်ဘက်နယ်စပ် ကျောက်ဆောင်မြိုမှ ကောင်းကင်အဆိပ်ဂိုဏ်းမှာလည်း အမတနယ်မြေမှ ရောက်ရှိလာသော လူငယ်အမျိုးသမီးတစ်ဦး၏ ဖိနှိပ်ခြင်းကို ခံလိုက်ရပြန်၏။

အလွန်အမင်း ဆန်းကြယ်သော မြေအောက်ကမ္ဘာတွင်ပင် အပြောင်းအလဲများ ဖြစ်ပေါ်နေခဲ့ပြီး အမည်မသိ ဖြစ်တည်မှုတစ်ခု၏ ထိန်းချုပ်ခြင်းကို ခံထားရပုံပေါ်သည်။

ရှေးယခင်က ထျန်းမန်ကမ္ဘာက အင်အားစုများသည် ပြင်ပမှ ရောက်ရှိလာကြသော ကျင့်ကြံသူများကို လုယက်တိုက်ခိုက်ပြီး အမြတ်ထုတ်လေ့ရှိကြသည်။

သိုသော် ယခုတစ်ခေါက်တွင် သူတိုအကုန်လုံး ပြင်ပမှ ရောက်လာကြသော ကျင့်ကြံသူများ၏ တိုက်ခိုက်ချေမှုန်းခြင်းကို ဆက်တိုက် ခံနေရ၏။

' ဒါ လွဲတော့ လွဲနေပြီ....'

.........

အစောပိုင်း နိယာမပုံရိပ်ယောင်ထဲက ဝတ်ရုံဖြူလူငယ်ကို တွေးမိလိုက်တိုင်း ၊

အမှောင်ထု ထျန်းမန်ဂိုဏ်းချုပ်မှာ တစ်ခေါင်းလုံး ထုံကျင်သွားသည်။

တစ်ဖက်လူသည် အမတနယ်မြေ၏ ထိပ်တန်းအင်အားစုတစ်ခုခုမှ ဆင်းသက်လာသော အမွေဆက်ခံသူ ဖြစ်မည်မှာ သေချာသည်။

မိမိတိုဂိုဏ်းသည် ယခုတစ်ကြိမ်တွင် ကံဆိုးစွာဖြင့် သံပြားပူကို သွား၍ ကန်မိလိုက်ချေပြီ။

ထိုစဉ် အမှောင်ထု ထျန်းမန်ဂိုဏ်းမှ အကြီးအကဲများက တစ်ဦးပြီးတစ်ဦး လျှောက်တင်လာကြသည်။

"ဂိုဏ်းချုပ်.... ဒီတစ်ခေါက် ထျန်းမန်ကမ္ဘာထဲကို ဝင်လာတဲ့ အမတနယ်မြေ ကျင့်ကြံသူတွေက အကုန်လုံး မိစ္ဆာကောင်တွေချည်းပဲ"

"အင်အားစု တော်တော်များများလည်း သူတိုရဲ့ ဖိနှိပ်တာကို ခံလိုက်ရပြီး အစေခံတွေ ဖြစ်ကုန်ကြပြီ "

"ဒီဝတ်ရုံဖြူလူငယ်က မရိုးရှင်းနိုင်ဘူး....သူ့ကို ရန်သူအဖြစ် သတ်မှတ်လိုက်ရင် ဂိုဏ်းတစ်ခုလုံး ပျက်စီးသွားတဲ့အထိ ပြင်းထန်တဲ့ ထိုးနှက်ချက်ကို ခံရနိုင်တယ်"

"မှန်တယ် ၊ တကယ်လို ဒီကောင်က တကယ့် မိစ္ဆာကောင်ကြီး ဖြစ်နေရင် ...ငါတို အမှောင်ထု ထျန်းမန်ဂိုဏ်းက လူတွေ သူ့ကို သွားပြီး ရန်စတာဟာ မိုက်ရူးရဲဆန်တဲ့ လုပ်ရပ် ဖြစ်သွားလိမ့်မယ်"

အကြီးအကဲများက မိမိတို၏ သဘောထားများကို တစ်ယောက်ပြီးတစ်ယောက် ဖော်ပြလာကြသည်။

အပြင်ဘက်က အခြေအနေအားလုံးကို သူတိုလည်း သိရှိထားပြီးဖြစ်သည်။

သူတိုသည် ဤထျန်းမန်ကမ္ဘာတွင် ခက်ခက်ခဲခဲ ခြေကုပ်ရယူထားခြင်း ဖြစ်သဖြင့် ဤကဲ့သိုသော ဖြစ်တည်မှုမျိုးနှင့် ပဋိပက္ခဖြစ်ကာ မိမိတို၏ အခြေခံအုတ်မြစ်များကို အဆုံးရှုးမခံလိုကြပေ။

"အကျိုးအကြောင်း သင့်လျော်တယ်"

ဂိုဏ်းချုပ်ဖြစ်သူက ခေါင်းညိတ်လေ၏။

"အမိန့်ထုတ်ပြန်လိုက် ၊ ဒီရက်ပိုင်းအတွင်း ဘယ်သူမှ အပြင်ကို မထွက်ကြနဲ့၊ ပြီးတော့ ထျန်းမုရွာဘက်က မုရှန်းတောင်တန်းနယ်မြေဆီကို မသွားကြနဲ့"

သိုသော်လည်း ဂိုဏ်းချုပ်၏ စကားသံအ‌ဆုံးတွင် ၊

အစောင့်တစ်ဦးသည် အပြင်ဘက်မှ အမောတကော ပြေးဝင်လာခဲ့ပြီး ၊ သူ၏ အသံမှာ လွန်စွာ တုန်လှုပ်ခြောက်ခြားနေခဲ့သည်။

"ဂိုဏ်း..... ဂိုဏ်းချုပ် ၊ မကောင်းတော့ဘူး"

"သခင်လေးနဲ့ အစောင့်အကြပ်ကြီး လေးယောက်က မနေ့ညကတည်းက ဂိုဏ်းကနေ တိတ်တဆိတ် ထွက်ခွာသွားကြပြီး မုရှန်းတောင်တန်းနယ်မြေဆီကို ဦးတည်သွားကြပြီ"

ဤစကားများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ၊ ဂိုဏ်းချုပ်၏ မျက်နှာမှာ ချက်ချင်းပင် ဖြူဖျော့သွားပြီး ရာဇပလ္လင်ပေါ်မှ ဖျတ်ခနဲ မတ်တတ်ရပ်လိုက်မိသည်။

"ဘာ ....ဒါက တကယ်ပဲ ဘာဖြစ်တာလဲ"

ဂိုဏ်းချုပ်ဖြစ်သူ၏ ကြောက်မက်ဖွယ်ကောင်းသော ဖိအားအောက်တွင် ထိုအစောင့်မှာ တုန်တုန်ချည့်ချည့်ဖြင့် ပစ္စည်းတစ်ခုကို ဆက်သလာ၏။

"ဂိုဏ်းချုပ်..... ဒီအပေါ်မှာ သခင်လေး ချန်ထားခဲ့တဲ့ စာ ရှိပါတယ်..... ကျေးဇူးပြုပြီး ကြည့်ရှုပေးပါဦး....."

ဂိုဏ်းချုပ်သည် ၎င်းကို လှမ်းယူလိုက်ပြီး၊ အကြောင်းအရာများကို ချက်ချင်း ဖတ်ရှုလိုက်သည်။

"အဖိုးကြီး..... စိတ်အေးအေးထား၊ ဒီအမတနယ်မြေက လာတဲ့ ကျင့်ကြံသူက အတော်လေး ထောင်လွှားလွန်းတယ်၊ အမှောင်ထု ထျန်းမန်ဂိုဏ်းက လူကို သတ်ရဲတယ်ဆိုကတည်းက ဒါ ငါတိုကို လုံးဝ မျက်စိထဲထည့်မထားတာပဲ"

" ကျွန်တော် လော့ချန်ကိုယ်တိုင် ဂိုဏ်းရဲ့ အစောင့်အကြပ်ကြီး ခြောက်ယောက်ကို ခေါ်ဆောင်ပြီး မုရှန်းတောင်တန်းဘက်ကို သွားနေပြီ...အဖိုးကြီး ခင်ဗျားကတော့ အိမ်မှာပဲ အေးဆေး စောင့်နေ... ဒီထောင်လွှားနေတဲ့ ကောင်ရဲ့ ခေါင်းကို ဖြတ်ပြီး ယူလာပေးမယ်"

.....

ဂိုဏ်းချုပ်ဖြစ်သူ၏ မျက်နှာမှာ သိသိသာသာ ပျက်ယွင်းသွားပြီး ၊ ဒေါသအဟုန်ကြောင့် သွေးအန်မတတ် ခံစားလိုက်ရသည်။

သားမိုက်...

တကယ့်ကို သားမိုက်ပဲ ..

"ဂိုဏ်းချုပ်.....လက်ရှိမှာ ထျန်းမန်ကမ္ဘာရဲ့ ထိပ်တန်းအင်အားစုတွေကို ဖိနှိပ်ချုပ်ချယ်နိုင်တဲ့ အမတနယ်မြေ ကျင့်ကြံသူတွေ အားလုံးနီးပါးက အုပ်စုလိုက် သွားလာနေကြတာ"

"အစောပိုင်းက မြင်ကွင်းထဲက ဝတ်စုံဖြူနဲ့ လူငယ်လေးကတော့ တစ်ယောက်တည်းပဲ ...ကြည့်ရတာ သူက ပါရမီထူးချွန်တဲ့ တစ်ကိုယ်တော် ကျင့်ကြံသူ ဖြစ်ရမယ်..... ဂိုဏ်းချုပ်အနေနဲ့ အရမ်းကြီး စိုးရိမ်မနေပါနဲ့....."

"ဒါတင်မကသေးဘူး၊ ဂိုဏ်းရဲ့ အစောင့်အကြပ်ကြီး ခြောက်ယောက်ရဲ့ ကျင့်ကြံအဆင့်ကလည်း ရွှေအမတနယ်ပယ်ကို ရောက်ရှိနေကြပြီ..... သခင်လေးရဲ့ ဘေးကင်းလုံခြုံမှုကို သေချာပေါက် ကာကွယ်ပေးနိုင်မှာပါ"

အကြီးအကဲများက တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက် ဖျောင်းဖျကြသည်။

အတန်ကြာမှသာ ၊

အမှောင်ထျန်းမန် ဂိုဏ်းချုပ်သည် ရှုပ်ထွေးနေသော အတွေးများကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီး ၊ သူသည် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်ပုံရသည်။

"ဘယ်သူမှ အမှားမကင်းနိုင်ဘူးလေ၊ လော့ချန်က ငါ့ရဲ့ တစ်ဦးတည်းသော သွေးသားပဲ..... သူ့ကို ဘယ်လိုမှ အမှားအယွင်း အဖြစ်မခံနိုင်ဘူး....."

"ငါ့ရဲ့ အမိန့်ကို ထုတ်ပြန်လိုက် ၊ ဂိုဏ်းက စွမ်းအားရှင် အားလုံးကို စုစည်းပြီး ငါနဲ့အတူ မုရှန်းတောင်တန်းဘက်ကို သွားကြမယ်"

အလင်းပုံရိပ်ထဲက ဝတ်ရုံဖြူ လူငယ်လေး၏ ခွန်အားသည် အလွန် အားကောင်းသော်လည်း သူသည် တစ်ကိုယ်တော် ကျင့်ကြံသူသာ ဖြစ်သည်။

သူတို အမှောင်ထျန်းမန်ဂိုဏ်း၏ စွမ်းအားရှင်အားလုံး တစ်ပြိုင်နက်တည်း ထွက်ခွာပြီး အစကတည်းက အစွမ်းကုန် တိုက်ခိုက်ကြမည်ဆိုပါက ၊ တစ်ဖက်လူအနေဖြင့် မိမိတိုအား မည်သို ပြန်လည်ရင်ဆိုင်မည်ကို သူ မြင်တွေ့ချင်သေးသည်။

ထိုစကားကို ကြားပြီးနောက် ၊ အကြီးအကဲများသည် အချင်းချင်း မျက်လုံးချင်း ဆုံကြည့်လိုက်ကြသည်။ ၎င်းတို၏ မျက်ဝန်းထဲ၌ စိုးရိမ်ထိတ်လန့်မှုနှင့် ကြောက်ရွံမှုများ တစ်စွန်းတစ်စ ပါဝင်နေခဲ့သည်။

ထိုဝတ်ရုံဖြူ လူငယ်လေးမှ ပြသခဲ့သော ခွန်အားသည် အကုန်မဟုတ်သေးမှန်း ငတုံးငအ တစ်ယောက်ပင် သိနိုင်သည်။

ကနဦးမူလရင်းမြစ် စွမ်းအားကိုပါ ဝါးမြိုနိုင်စွမ်း ရှိသူတစ်ဦးကို သာမန်အမြင်ဖြင့် မည်သို ဆုံးဖြတ်နိုင်မည်နည်း။

သိုသော်လည်း ဂိုဏ်းချုပ်ကိုယ်တိုင် ချမှတ်လိုက်သော အမိန့်ဖြစ်သောကြောင့် သူတိုအနေဖြင့်လည်း ငြင်းဆန်ရန် အခွင့်မရှိချေ။

ထိုကြောင့် ရင်ထဲက ကြောက်ရွံမှုများကို အတင်းအကျပ် ဖိနှိပ်လိုက်ပြီး ပြန်လည် ဖြေကြားလိုက်ရသည်။

"ဟုတ်ကဲ့ ...ဂိုဏ်းချုပ်ရဲ့ အမိန့်အတိုင်း နာခံပါ့မယ်"

All Chapters