← Chapters

အခန်း ၉၂၂

Vol. 71 Ch. 922

အခန်း ၉၂၂

Vol. 71 Ch. 922

အခန်း (၉၂၂) - ဓားတစ်ချက်ဖြင့် လေမုန်တိုင်းကို နှိုးဆော်ခြင်း

ချွင်!

ကောင်းကင်ကို တုန်ဟည်းသွားစေပြီး အရပ်မျက်နှာအသီးသီးသို့ ရိုက်ခတ်သွားသည့် ကြည်လင်ပြတ်သားသော ဓားအော်သံတစ်ခု ပဲ့တင်ထပ်သွားသည်။

မိုးနှင့်မြေကြား ဓားလမ်းစဉ်ဆိုင်ရာ မှော်သင်္ကေတများစွာ သိပ်သည်းစွာ ပေါ်ထွက်လာ၏။

၎င်းတို့သည် ပိုးစုန်းကြူးအလင်းများအလား စူးချန်ကဲ၏ လက်ဖဝါးဆီသို့ အဆက်မပြတ် စုစည်းလာကြပြီး အေးစက်တောက်ပသော အမတဓားတစ်လက်အဖြစ် ဖြည်းဖြည်းချင်း ပုံပေါ်လာခဲ့သည်။

စူးချန်ကဲသည် ကျန့်ရှန်းဓားကို ဆုပ်ကိုင်လိုက်သည့် အခိုက်အတန့်မှာပင် ၊

ဝီ!

သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အရှိန်အဝါများမှာ လိုက်လျောညီထွေစွာ ပြောင်းလဲသွားပြီး အဆုံးမရှိသော ဓားနယ်ပယ်တစ်ခု ခမ်းနားစွာ ပေါ်ထွက်လာသကဲ့သို့ ၊ သူ၏ မျက်ဝန်းများက ဓားဆန္ဒများဖြင့် တောက်ပနေခဲ့သည်။

လောကရှိအရာအားလုံးကို နေ့ခင်းဘက်အလား ထိန်လင်းတောက်ပသွားစေသည့် ဓားအလင်းတန်းတစ်ခုသည် သူ့ကို ဗဟိုပြု၍ အရပ်ရှစ်မျက်နှာတစ်ခွင် ဖြာထွက်သွားသည်။

ဤအခိုက်အတန့်တွင် လောကကြီး တစ်ခုလုံး ဇောက်ထိုးမိုးမျှော် ဖြစ်ကာ ဓားစွမ်းအင်အတွက်သာ သီးသန့်ဖြစ်တည်သော သမုဒ္ဒရာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

"ဒါက....."

ဤမျှအထိ တောက်ပလွန်းသော ဓားအလင်း၏ ရောင်ပြန်ဟပ်မှုအောက်တွင် ၊ ထျန်းမုရွာမှ ရွာသူရွာသားများ၏ ရင်ထဲတွင်လည်း ဖော်ပြရခက်သော အေးစက်မှုနှင့် ကြောက်ရွံ့မှုတို့ ဖြစ်ပေါ်လာခဲ့ရသည်။

ရွာသူရွာသားများ ထိတ်လန့်အံ့သြနေကြစဉ်မှာပင် ၊

စူးချန်ကဲသည် မျက်ဝန်းများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး ဓားဆန္ဒများကို တစ်ဖန် မြှင့်တင်လိုက်၏။

သူသည် မည်သည့် တုံ့ဆိုင်းမှုမျှ မရှိဘဲ ဓားကို ဆွဲထုတ်ကာ ထျန်းမုရွာ၏ အပြင်ဘက်ဆီသို့ ဦးတည်၍ ပျံသန်းသွားခဲ့သည်။

............

တစ်ချိန်တည်းမှာပင်၊

ထျန်းမုရွာ၏ အပြင်ဘက်တွင်။

"ထျန်းမုရွာကလူတွေ သေချာနားထောင်စမ်း၊ ငါ မင်းတို့ကို စဉ်းစားဖို့ အချိန်ခဏပေးမယ်"

"တကယ်လို့ မင်းတို့တွေ အဲဒီတိရစ္ဆာန်ကောင်ကို ထုတ်မပေးဘူးဆိုရင် ငါတို့ ဒီနေရာမှာပဲ စခန်းချနေပြီး မင်းတို့ရွာကလူတွေ အပြင်ထွက်လာတာနဲ့ အကုန်လုံးကို သတ်ဖြတ်ပစ်မယ်"

အမှောင် ထျန်းမန်ဂိုဏ်း၏ ဆဋ္ဌမအဆင့် အစောင့်အကြပ်က သူ၏ အသံကို စွမ်းအားများဖြင့် မြှင့်တင်ကာ အော်ဟစ်ပြောဆိုလိုက်သည်။

သူ၏ နောက်ကွယ်တွင် အခြားသော အစောင့်အကြပ်များနှင့် စွမ်းအားရှင် အများအပြား ရှိနေပြီး ၊ ထျန်းမုရွာဘက်မှ လူများ၏ တိုက်ခိုက်မှုအတွက် အသင့်ပြင်ထားကြသည်။

မည်သည့် လှုပ်ရှားမှုမျှ မရှိသည်ကို မြင်ပြီး ဆဋ္ဌမအဆင့် အစောင့်အကြပ်က တစ်ဖန် ရယ်မောကာ လှောင်ပြောင်လိုက်သည်။

"မင်းတို့ ထျန်းမုရွာကလည်း တစ်ချိန်က ထျန်းမန်သင်္ချိုင်းမျိုးနွယ်စုရဲ့ အနွယ်အပွားတွေပဲလေ...အခုတော့ အမှောင်ထဲမှာပဲ ပုန်းအောင်းနေရပြီ......"

သို့သော်လည်း သူ့စကား မဆုံးသေးမီမှာပင်၊

ချွင်..

တောင်တန်းတစ်ခုအလယ်တွင်၊ အာကာသပြင်သည် မှန်တစ်ချပ်အလား အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားခဲ့ပြီး တောက်ပသော ဓားအလင်းလှိုင်းတံပိုးများ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။

"မကောင်းတော့ဘူး"

အခြေအနေကို သတိပြုမိသွားသော အမှောင်ထျန်းမန်ဂိုဏ်း၏ ပထမအဆင့် အစောင့်အကြပ်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

"လောင်လျုံ့ မြန်မြန်ရှောင်"

သို့သော်လည်း ကြီးမားကျယ်ပြန့်သော ဓားစွမ်းအင် စီးကြောင်းကြီးသည် လွန်စွာ မြန်ဆန်လွန်းသည်။

၎င်းသည် ကောင်းကင်ယံထက်တွင် ဖြတ်ပြေးသွားသော ကြယ်တံခွန်တစ်ခုကဲ့သို့ ကာကွယ်ဖို့ခဲယဉ်းသည်။

အဆင့်(၆) အစောင့်အကြပ်သည် မိမိ ရှောင်တိမ်း၍ မရနိုင်တော့မှန်း သိရှိလိုက်သည်။

သူသည် အံကြိတ်ကာ ခန္ဓာကိုယ်အတွင်းရှိ အမတစွမ်းအားများကို လှုံ့ဆော်လိုက်ပြီး အတားအဆီးတစ်ခုကို ဖွဲ့စည်းကာ ထိုဓားချက်ကို ခုခံရန် ပြင်ဆင်လိုက်သည်။

သူ အတားအဆီးကို ဖွဲ့စည်းလိုက်သည့် အခိုက်အတန့်မှာပင် ၊

ဝှစ်!

ဆန်းကြယ်သော ဓားအလင်းတန်းသည် ကပ်လျက် ရောက်ရှိလာခဲ့ပြီး ၊ သူ တည်ဆောက်ထားသော အတားအဆီးမှာ အသုံးမဝင်သော အရာတစ်ခု ဖြစ်သွားခဲ့သည်။

ဓားအလင်းတန်းသည် အတားအဆီးကို တစ်ခဏချင်း ဖြတ်သန်းသွားခဲ့ပြီး ၊ သူ၏ ခန္ဓာကိုယ်ကို ဖောက်ထွက်လျက် မိုးကုပ်စက်ဝိုင်း၏ အဆုံးသတ်ဆီသို့ ဦးတည်၍ ဆင်းသက်သွားခဲ့သည်။

ဤအခိုက်အတန့်တွင် ကမ္ဘာကြီးတစ်ခုလုံး ထူးဆန်းစွာပင် တိတ်ဆိတ်သွားသည်။

အချိန်စီးဆင်းမှု ရပ်တန့်သွားခဲ့ပြီး နိယာမများလည်း အေးခဲသွားပုံရသည်။

ထိုနေရာတွင် ရှိနေကြသော အမှောင်ထျန်းမန်ဂိုဏ်းမှ လူတိုင်း ပါးစပ်အဟောင်းသားဖြစ်ကာ မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်နေမိကြသည်။

'ဒါက ဘာဖြစ်သွားတာလဲ...'

သူတို့၏ အမြင်အာရုံထဲတွင် ၊ ဓားအလင်းတန်းသည် အဆင့်(၆) အစောင့်အကြပ်၏ အတားအဆီးကို လုံးဝ ဥဿုံ ဖြတ်သန်းသွားခဲ့သည် မဟုတ်လော။

သို့သော် သူတို့၏ အဆင့်(၆) အစောင့်အကြပ်သည် ဘာမှမဖြစ်သကဲ့သို့ ရှိနေရသနည်း။

"လောင်လျုံ့"

အဆင့်(၁) အစောင့်အကြပ်သည် သက်ပြင်းချနိုင်သွားပြီး ရှေ့သို့ လှမ်းသွားရန် ပြင်လိုက်စဉ်မှာပင် ၊

ဝုန်း!

ဖြောင့်တန်းသော ဓားအလင်းတန်းတစ်ခုသည် အဆင့်(၆) အစောင့်အကြပ်၏ နဖူးတည့်တည့် ပွင့်ထွက်လာခဲ့သည်။

ချက်ချင်းဆိုသလိုပင် အရိုးနှင့် အသားများ ဆုတ်ဖြဲခံလိုက်ရသည့် အသံများသည် ၎င်း၏ ခန္ဓာကိုယ်ထဲမှ ဟိန်းဟောက်ကာ ထွက်ပေါ်လာ၏။

လူတိုင်း၏ ထိတ်လန့်ချောက်ချားဖွယ် အကြည့်များအောက်တွင် ၊ ရွှေအမတနယ်ပယ် အဆင့် (၂) ရှိ အစောင့်အကြပ်၏ ခန္ဓာကိုယ်မှာ ဘယ်ညာ နှစ်ခြမ်း ကွဲထွက်သွားသည်။

ထိုမျှနှင့် မပြီးသေးချေ။ တောက်ပသော ဓားအလင်းသည် အဆင့်(၆) အစောင့်အကြပ် ခန္ဓာကိုယ်၏ နေရာအနှံ့အပြားမှ ပွင့်အံထွက်လာခဲ့သည်။

ဓားချက်ကြောင့် အဆင့်(၆) အစောင့်အကြပ်၏ နှစ်ခြမ်းကွဲသွားသော ခန္ဓာကိုယ်သည် ကောင်းကင်ယံထက်မှ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည့် အချိန်တွင် ၊

ဝေးလံသော နေရာမှ မိုးကောင်းကင်တစ်ဆုံး မြင့်မားသော နတ်ဘုရားတောင်တန်း မြောက်မြားစွာမှာလည်း တစ်ခုပြီးတစ်ခု အစီအရီ ပြိုကျပျက်စီးသွားခဲ့ကြပြီး ၊ အပျက်အစီး နယ်မြေတစ်ခုအဖြစ် ပြောင်းလဲသွားလေ၏။

ဓားစွမ်းအင် ဖြတ်သန်းသွားရာ နေရာတိုင်း၊ ပေပေါင်းသောင်းချီ မြင့်မားသော ဖုန်မှုန့်လုံးကြီးများ ပေါ်ထွက်လာခဲ့ပြီး ကောင်းကင်တစ်ဝက်ကို ဖုံးလွှမ်းသွားစေသည်။

မှင်သက်အံ့သြနေကြသော အမှောင် ထျန်းမန်ဂိုဏ်းမှ လူများ၏ မျက်နှာထက်သို့ လေပြေတစ်ချက် တိုးဝှေ့တိုက်ခတ်သွားပြီးနောက် ၊ တုန်ခါသံများကို ကြားလိုက်ရသည်။

ဤမြင်ကွင်းကို ကိုယ်တိုင် တွေ့မြင်လိုက်ရသော ထျန်းမုရွာမှ လူများပင် ဖြစ်စေ၊ အမှောင်ထု ထျန်းမန်ဂိုဏ်းမှ လူများပင် ဖြစ်စေ လူတိုင်း ကျောက်ရုပ်အလား ကြောင်အမ်းစွာဖြင့် ရှိနေကြသည်။

ပြိုကျပျက်စီးနေဆဲ ဖြစ်သည့် မြေပြင်ကို စိုက်ကြည့်ရင်း ၊ လူတိုင်း အသက်ရှူသံများပင် အောင့်ထားမိကာ နှလုံးခုန်သံများပင် ရပ်တန့်လုနီးပါး ဖြစ်သွားခဲ့ရသည်။

ဤမြင်ကွင်းသည် အားလုံး၏ သိမြင်နားလည်မှုကို လုံးဝ ကျော်လွန်သွားခဲ့ပြီး ၊ ဦးနှောက်များကို ဗလာကျင်းသွားစေကာ အိမ်မက်တစ်ခုထဲ ရောက်ရှိနေသကဲ့သို့ ခံစားရစေသည်။

ဓားတစ်ချက် ၊ တစ်ချက်တည်းဖြင့် ရွှေအမတနယ်ပယ် အဆင့် (၂) ရှိ အစောင့်အကြပ်တစ်ဦးကို သတ်ဖြတ်ပစ်လိုက်ခြင်း ဖြစ်သည်။ မိမိတို့၏ အစောင့်အကြပ်ကြီးမှာ တစ်ချက်ကလေးမျှ မခုခံနိုင်ခဲ့ပေ။

ပေါက်ကွဲထွက်လာသော ဓားအရှိန်အဝါများ၏ ကျန်ရှိနေသော စွမ်းအားများသည် မိုးကုပ်စက်ဝိုင်း၏ အဆုံးသတ်အထိ ပျံ့နှံ့သွားခဲ့ပြီး ၊ ဓားစွမ်းအင်များ ဖြတ်သန်းသွားလေရာ နေရာတိုင်း အရာအားလုံးမှာ ပျက်စီးခြင်း နယ်မြေအဖြစ်သို့ ပြောင်းလဲကာ ပြာအဖြစ်သို့ လွင့်စင်သွားခဲ့ရသည်။

ဤမြင်ကွင်းသည် လူတိုင်းအတွက် ယနေ့အထိ မြင်တွေ့ခဲ့ရသမျှထဲတွင် ကြောက်မက်ဖွယ်ရာ အကောင်းဆုံး မြင်ကွင်းတစ်ခုဟု ဆိုနိုင်သည်။

အမှောင် ထျန်းမန်ဂိုဏ်းမှ စွမ်းအားရှင်များမှာလည်း ထိတ်လန့်ချောက်ချားသွားခဲ့ကြရပြီး ၊ ကျင့်ကြံဆင့် နိမ့်ပါးသော အန်းလော့ချန်နှင့် အခြားဂိုဏ်းသားများမှာ ခြေထောက်များပင် ပျော့ခွေကာ ကြောက်လန့်လွန်းသဖြင့် မေ့လဲလုမတတ် ဖြစ်ခဲ့ရသည်။

ဤဓားချက်သည် အမှန်တကယ် အားကောင်းလွန်းလှသည်။ အကယ်၍ အဆိုပါ ဓားချက်သည် သူတို့၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာခဲ့မည်ဆိုလျှင် စိတ်ဝိညာဉ်ပင် ပြာအဖြစ်သို့ တစ်ခဏချင်း ပြောင်းလဲသွားပေလိမ့်မည်။

အထူးသဖြင့် အန်းလော့ချန်မှာ ဤမြင်ကွင်းကို မြင်တွေ့ပြီးနောက်တွင် သူ၏ စိတ်ထဲ၌ ဆုတ်ခွာလိုသော စိတ်ဆန္ဒများ ဖြစ်ပေါ်လာခဲ့ရသည်။

သူသည် သေမင်းတံခါးဝဆီသို့ ကိုယ့်ခြေထောက်နှင့်ကိုယ် ရောက်ရှိလာခဲ့ပုံရသည်။

ဝီ!

ထိုစဉ် တောင်တန်းများကြား ၊ တောက်ပသောအလင်းရောင်တစ်ခု ပေါ်ထွက်လာခဲ့သည်။

အဖြူရောင်မြူခိုးများ ဖြည်းညှင်းစွာ ကွယ်ပျောက်သွားခဲ့ပြီး ပုံရိပ်တစ်ခု ဖြည်းညှင်းစွာ ပေါ်ထွက်လာခဲ့သည်။

ဤအပြောင်းအလဲသည် အမှောင် ထျန်းမန်ဂိုဏ်းမှ စွမ်းအားရှင်များ၏ အာရုံစိုက်မှုကို တစ်ခဏချင်း ဆွဲဆောင်သွားခဲ့သည်။

မိုင်ပေါင်းရာချီ ဝေးကွာသော နေရာတွင်မူ အာကာသ အက်ကွဲကြောင်းတစ်ခုသည် တောင်တန်းများအကြားတွင် ကန့်လန့်ဖြတ် တည်ရှိနေခဲ့သည်။

အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး၊ လက်တစ်ဖက်တွင် ဓားတစ်ချောင်းကို ကိုင်ဆောင်ထားကာ အမတနတ်ဘုရားတစ်ပါးအလား ထင်မှတ်ရသည့် လူငယ်တစ်ဦးသည် ဖြည်းညှင်းစွာ လျှောက်လှမ်းလာခဲ့သည်။ သူ၏ အမူအရာမှာ တည်ငြိမ်အေးဆေးလွန်းသည်။

အလှမ်းကွာဝေးသော်လည်း ၊ အမှောင် ထျန်းမန်ဂိုဏ်းမှ စွမ်းအားရှင်များသည် စူးချန်ကဲထံမှ ဖြာထွက်လာသော ပြင်းထန်သည့် ဓားလမ်းစဉ် အငွေ့အသက်များကို ခံစားနိုင်‌ဆဲဖြစ်သည်။

သံသယဖြစ်စရာပင် မလိုချေ၊ အစောပိုင်းက ထိုးနှက်မှုသည် ဤလူ၏ လက်ချက်သာ ဖြစ်ရမည်။

ထိုဝတ်ရုံဖြူ လူငယ်ကို တွေ့မြင်လိုက်ရပြီးနောက် ၊ အန်းလော့ချန်၏ မျက်လုံးများမှာ ပြူးကျယ်သွားသည်။

သူ ခေါင်းဖြတ်ရန် ကြံစည်မိသောလူမှာ ဤပုဂ္ဂိုလ်ကြီး ဖြစ်နေသလော။

All Chapters