← Chapters

အခန်း ၉၂၉

Vol. 72 Ch. 929

အခန်း ၉၂၉

Vol. 72 Ch. 929

အခန်း (၉၂၉) : မင်းတို့ကို ဆယ်စက္ကန့် အချိန်ပေးမယ်၊ လွတ်အောင် ပြေးနိုင်ရင် ငါ့အရှုံးပဲ

ဘုန်း... ဘုန်း... ဘုန်း...

ကမ္ဘာပျက်ကပ်အလား ပြင်းထန်သော ထိပ်တိုက်တွေ့ဆုံမှုများ ထပ်မံဖြစ်ပွားခဲ့ပြီး ၊ ကောင်းကင်ယံထက်မှ လူရိပ်များ ဆက်တိုက် ပြုတ်ကျလာ၏။

အမှောင် ထျန်းမန်ဂိုဏ်းမှ စွမ်းအားရှင်များသည် မိမိတို့ အစွမ်းရှိသမျှ ထုတ်ဖော်နေကြသော်လည်း နည်းနည်းမျှ အရာမထင်ပေ။

ဆန့်ကျင်ဘက်အနေဖြင့် မြေပြင်ပေါ်ရှိ အလောင်းများမှာ ပို၍ပင် များပြားလာသည်။

"ဒါ... ဒါက တကယ်ပဲ လူသားတစ်ယောက် ဟုတ်ရဲ့လား..."

အောက်ဘက်ရှိ မုထျန်းရွာ မှ ရွာသူရွာသားများ၏ ထိတ်လန့်တုန်လှုပ်နေသော အသံများသည် ပင်လယ်ဒီရေလှိုင်းအလား ကျယ်လောင်လာသည်။

"ကောင်းကင်အမတ စွမ်းအားရှင်တစ်ယောက်က ရွှေအမတ (၂၄)ဦး၊ ကောင်းကင်အမတ ရာနဲ့ချီ ၊ စစ်မှန်အမတ ထောင်နဲ့ချီကို ဆက်တိုက် သတ်ဖြတ်ပစ်လိုက်သတဲ့လား..... သူက တကယ်ပဲ မျိုးဆက်သစ်လူငယ် ဟုတ်လို့လား... ဒါက အမတဧကရာဇ်မင်း တစ်ပါးရဲ့ လူဝင်စား မဟုတ်တာ သေချာရဲ့လား"

"အမတဧကရာဇ်မင်းရဲ့ လူဝင်စား ဟုတ်လား... တကယ့် အမတဧကရာဇ်မင်းတစ်ပါး လူဝင်စားတယ်ဆိုတောင် ဒီလိုအခြေအနေမျိုးကို လုပ်နိုင်မှာ မဟုတ်ဘူး....ဒီလို အောင်မြင်မှုကြီးက တစ်ခါမှတောင် မရှိဖူးသေးဘူး.."

"ဒီဓားတစ်ချက် ထွက်ပေါ်လာတာနဲ့ အမတတွေ အားလုံး အသက်ပျောက်ကုန်ရတာပဲ.."

လူအုပ်ထဲတွင် ထျန်းရွှမ်ယင်း နှင့် ထျန်းရှောင်သယ်တို့သည် မျက်တောင်ပင်မခတ် စူးစိုက်ကြည့်နေကြသည်။

ရွာထဲတွင် သူမတို့နှစ်ဦးသာ ဓားလမ်းစဉ်ကို အထူးတလည် တောင့်တခဲ့ကြဖူးသော်လည်း ၊ ရွာထဲ၌ ဓားကျင့်ကြံသူ မရှိသဖြင့် မိမိတို့ဘာသာ စမ်းတဝါးဝါးဖြင့် ကျင့်ကြံခဲ့ရသည်။

ယခုအခါ စူးချန်ကဲသည် တစ်ကိုယ်တည်း ဓားတစ်လက်ဖြင့် အမှောင်ထျန်းမန်ဂိုဏ်းမှ စွမ်းအားရှင် မြောက်မြားစွာကို သိမ်းကျုံးချေမှုန်းနေသည်မှာ သူမတို့၏ စိတ်ကူးအိပ်မက်ကို ဖြည့်ဆည်းပေးလိုက်သကဲ့သို့ပင်။

" ဘုရားရေ... အန်းကျွယ်ယင် ရဲ့ လက်မောင်းကို ချန်ကဲမိတ်ဆွေလေးက ဖြတ်ချလိုက်ပြီ..."

ရွာသားတစ်ဦးက အော်ဟစ်လိုက်သည်။

ထိုလူ၏ စကားဆုံးသည်နှင့် ရင်ကွဲမတတ် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အော်ဟစ်သံကို ကြားလိုက်ရသည်။

အသံလားရာသို့ ကြည့်ရှုလိုက်ပါက ၊ ပြတ်တောက်သွားသော လက်မောင်းတစ်ဖက်သည် သွေးမိုးများကို ဖြန်းပက်ရင်း ကောင်းကင်ယံထက်မှ ပြုတ်ကျလာသည်ကို မြင်တွေ့လိုက်ရသည်။

........

အန်းကျွယ်ယင်သည် ဖြတ်တောက်ခံလိုက်ရသော လက်မောင်းငုတ်တိုကို လက်ဖြင့် ဖိထားရင်း ၊ သူ၏ မျက်နှာတစ်ခုလုံးမှာ ပြင်းထန်သော နာကျင်မှုကြောင့် ဖြူဖျော့နေ၏။

သူတို့ အမှောင်ထျန်းမန်ဂိုဏ်းသည် ယခုအကြိမ်တွင် လုံးဝ ပြီးဆုံးသွားခဲ့ချေပြီ။

သူ ခေါ်ဆောင်လာခဲ့သော ရွှေအမတ စွမ်းအားရှင်များနှင့် နောက်ထပ် စစ်ကူရောက်လာသော ရွှေအမတ (၃၀)ဦးအနက် ယခုအခါ (၃) ဦးသာ ကျန်ရှိတော့သည်။

အရေအတွက်အားဖြင့် သုံးထောင်နီးပါးရှိသော ကောင်းကင်အမတများနှင့် စစ်မှန်အမတများမှာမူ ဖျက်ဆီးခံလိုက်ရပြီ ဖြစ်သည်။

ယခုအချိန်တွင် လူပေါင်း (၃၀၀) ခန့်သာ ကျန်ရှိတော့သည်။

သူတို့ အမှောင်ထျန်းမန်ဂိုဏ်းမှ ဂုဏ်ယူရသော သရဲမျက်နှာဖုံး စစ်သင်္ဘော (၁၀၀) ကျော်မှာလည်း စူးချန်ကဲကြောင့် အစအနမကျန် ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။

စစ်မြေပြင်အောက်ရှိ မီးပင်လယ်ကြီးမှာ ထိုစစ်သင်္ဘောကြီးများ ပျက်ကျမှုကြောင့် ဖြစ်ပေါ်လာခြင်းပင်။

အကယ်၍ ရန်သူ၏ ကျင့်ကြံဆင့်မှာ မိမိတို့ထက် များစွာ မြင့်မားနေပါက၊ ဤမျှ ဆိုးရွားသော ရှုံးနိမ့်မှုကို သူ လက်ခံနိုင်သေးသည်။

သို့သော် ယခုမူ စူးချန်ကဲ၏ ကျင့်ကြံဆင့်သည် မိမိတို့ထက်ပင် နိမ့်ကျနေပါလျက်နှင့် ၊ အမှောင်ထျန်းမန်ဂိုဏ်း တစ်ခုလုံးကို ပျက်လုနီးပါးအထိ ရိုက်နှက်သွားခြင်းကို သူ မည်သို့ လက်ခံနိုင်မည်နည်း။

" ဒီကောင် ဒဏ်ရာရထားပြီ... အမတစွမ်းအင်တွေလည်း အများကြီး ကုန်ဆုံးသွားပြီ... ငါတို့ နောက်ထပ် နည်းနည်းလေးပဲ ကြိုးစားလိုက်ရင် ဒီကောင် သေမှာ သေချာတယ်.."

အန်းကျွယ်ယင်သည် ကျန်ရှိနေသော စွမ်းအားရှင်များကို ဆက်လက် အမိန့်ပေးလိုက်သည်။

"အတူတူ တက်ကြစမ်း... ဒီကောင်ကို သတ်ကြစမ်း..."

သို့သော် အန်ကျွယ်ယင်း၏ စကားဆုံးသွားသော်လည်း ၊ ဘေးပတ်ပတ်လည်တွင် သေမင်းတမျှ တိတ်ဆိတ်နေပြီး မည်သူမျှ တုံ့ပြန်ခြင်း မရှိပေ။

ကျန်ရှိနေသော အမှောင်ထျန်းမန်ဂိုဏ်းမှ စွမ်းအားရှင်များသည် အချင်းချင်း ကြည့်နေကြပြီး ၊ လူတိုင်း၏ မျက်နှာထက်တွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်ကာ စက္ကူအလား ဖြူဖျော့နေသည်။

လူဆယ်ယောက်တွင် တစ်ယောက်သာ အသက်ရှင်နိုင်သည့် အခြေအနေမျိုးတွင် ဆက်လက် တိုက်ခိုက်နေပါက ၊ သေတွင်းထဲသို့ တိုးဝင်ခြင်းနှင့် အတူတူပင်။

သူတို့ ယခုအချိန်အထိ တောင့်ခံထားနိုင်ခြင်းမှာ အမှောင်ထျန်းမန်ဂိုဏ်းအပေါ် သစ္စာစောင့်သိမှု ကုန်ဆုံးသွားပြီဟု ဆိုနိုင်သည်။

ထို့အပြင် ဤစစ်ပွဲအပြီးတွင် အမှောင်ထျန်းမန်ဂိုဏ်းမှာ လုံးဝ ပျက်စီးသွားပြီ ဖြစ်သည်။ ထိပ်တန်းစွမ်းအားရှင် အားလုံးနီးပါး သေဆုံးသွားခဲ့ပြီဖြစ်ရာ ၊ ဂိုဏ်းတစ်ခုလုံး ဖျက်ဆီးခံရခြင်းနှင့် ဘာကွာခြားမည်နည်း။

"ပြေးတော့..."

ကျန်ရှိနေသော အမှောင်ထျန်မန်ဂိုဏ်းသား သုံးရာကျော်၏ စိတ်ထဲတွင် အတွေးတစ်ခု တစ်ပြိုင်နက်တည်း ဝင်ရောက်လာကြပြီး ၊ လက်ထဲရှိ လက်နက်များကို လွှတ်ချကာ ထွက်ပြေးလေတော့၏။

"မင်းတို့..."

ဤမြင်ကွင်းကို မြင်လိုက်ရသော အန်းကျွယ်ယင်တစ်ယောက် ဆွံ့အသွားရသည်။

မိမိနောက်ကွယ်ရှိ လူသုံးရာကျော်မှာ မျက်စိတစ်မှိတ်အတွင်းမှာ အစအနမကျန် ထွက်ပြေးသွားကြပြီး ၊ သူ့ကို တစ်ယောက်တည်း ချန်ထားခဲ့ကြသည်။

စူးချန်ကဲ၏ လှောင်ပြောင်သော အကြည့်ကို အာရုံခံမိလိုက်သော အန်းကျွယ်ယင်မှာ စိတ်ထဲကနေ ကျိန်ဆဲနေမိသော်လည်း၊ ခြေလှမ်းများမှာမူ အနည်းငယ်မျှ နှေးကွေးမသွားပေ။

ချက်ချင်းဆိုသလို ၊ လေပြင်းတစ်ခုအဖြစ် ပြောင်းလဲကာ မိုးကုပ်စက်ဝိုင်းဆီသို့ မဆိုင်းမတွ ထွက်ပြေးသွားလေတော့သည်။

ဤမြင်ကွင်းကို မြင်သော်လည်း စူးချန်ကဲမှာ ဂရုမစိုက်ချေ။

"ပြေးစမ်း... မြန်မြန် ပြေးကြစမ်း..."

" မင်းတို့ကို ပြေးဖို့ ဆယ်စက္ကန့် အချိန်ပေးမယ်..."

ထိုသို့ပြောပြီးသည်နှင့် ထျန်းမုရွာမှ ရွာသူရွာသားများ၏ သံသယဖြစ်နေသော အကြည့်များအောက်တွင် ၊

စူးချန်ကဲသည် ဓားကို ပြန်သိမ်းကာ မျက်လုံးများကို ဖြည်းညှင်းစွာ ပိတ်ချလိုက်သည်။

ထို့နောက် ဂဏန်းများကို ပြောင်းပြန် စတင်ရေတွက်လိုက်သည်။

"ဒါက..."

ရွာသားများမှာ ဆွံ့အသွားကြပြီး စူးချန်ကဲ၏ လုပ်ရပ်ကို နားမလည်နိုင် ဖြစ်နေကြသည်။

"ချန်ကဲမိတ်ဆွေ ဘာလုပ်နေတာလဲ... ဒီလူတွေ အကုန်ပြေးကုန်ပြီ... အမြစ်ပြတ် မချေမှုန်းလိုက်ရင် နောက်တစ်ချိန်မှာ လူအများကြီးနဲ့ ပြန်လာရင် ပိုပြီး ဒုက္ခများမှာ မဟုတ်ဘူးလား..."

"ဟူး... ချန်ကဲမိတ်ဆွေရဲ့ လုပ်ရပ်ကို တကယ်ကို နားမလည်နိုင်တော့ဘူး.."

"ချန်ကဲ မိတ်ဆွေမှာ ကိုယ်ပွားခွဲထုတ်နိုင်တဲ့ မှော်အတတ် ရှိရင်တောင်မှ ရန်သူကို ဆယ်စက္ကန့် အချိန်ပေးပြီး ပြေးခိုင်းတာဟာ.... ဒီလူတွေ အားလုံးကို လိုက်မှီဖို့ ခက်ခဲလိမ့်မယ် မဟုတ်လား"

"........."

ဆယ်စက္ကန့် အချိန်မှာ လျင်မြန်စွာဖြင့် ကုန်ဆုံးသွားသည်။

စူးချန်ကဲသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။

အမှောင်ထျန်းမန်ဂိုဏ်းမှ စွမ်းအားရှင်တိုင်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ပြီး ၊ ဟင်းလင်းပြင်တွင် ထိုစွမ်းအားရှင်များ၏ ရောင်ဝါအနည်းငယ်မျှသာ ကျန်ရှိတော့သည်။

စူးချန်ကဲသည် ခေါင်းကို မော့လိုက်ရာ ကြယ်တာရာ ကောင်းကင်ယံကဲ့သို့ နက်ရှိုင်းသော သူ၏ မျက်ဝန်းတစ်စုံသည် တဖြည်းဖြည်း တောက်ပလာပုံရသည်။

သူ၏ မျက်ဝန်းထဲ၌ မဟာလမ်းစဉ်ဆိုင်ရာ မှော်သင်္ကေတစာလုံး မြောက်မြားစွာ ရေးထွင်းထားသည့်အလား တစ်ခုနှင့်တစ်ခု ယှက်သန်းနေပြီး၊ မရေမတွက်နိုင်သော အချိန်နှင့် အာကာသ ပုံရိပ်ယောင်များစွာ ထင်ဟပ်လျက် ရှိသည်။

အမတလမ်းစဉ်သည် အချိန်ကို ဖြတ်သန်းနိုင်ပြီး နှစ်ကာလများကို ဖော်ဆောင်နိုင်သည်။ ထာဝရကာလထဲတွင် အရာအားလုံးနှင့် ဆက်သွယ်နိုင်ပြီး ၎င်းတို့အားလုံးကို အချိန်၏ အနှစ်သာရထဲသို့ ပြန်လည် စုစည်းပေးနိုင်သည်။

သူ၏ အလုံးစုံသော လမ်းစဉ်တို့၏ ဗလာနိတ္ထိမျက်လုံးတော်သည်လည်း ထိုကဲ့သို့သော အစွမ်းသတ္တိကို ပိုင်ဆိုင်ထားပြီး အချိန်နှင့် အာကာသကိုပင် အေးခဲသွားစေနိုင်သည်။

ကောင်းကင်အမတနယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ပြီးနောက်တွင် စူးချန်ကဲသည် အချိန်မြစ်၏ ကနဦးပုံသဏ္ဌာန်ကို စုစည်းနိုင်ခဲ့ပြီ ဖြစ်သည်။

သူ တံခါးပိတ်ကျင့်ကြံနေစဉ် ကာလအတွင်း ၊ အချိန်မြစ်၏ ကနဦးပုံသဏ္ဌာန်နှင့် ဗလာနိတ္ထိမျက်လုံးတော်ကို ပေါင်းစပ်ရန် ကြိုးပမ်းခဲ့ဖူးပြီး အချိန်နှင့် ပတ်သက်သော နားလည်မှုအသစ်များကို ရရှိခဲ့သည်။

၎င်းသည် အချိန်နှင့် အာကာသကို အေးခဲစေနိုင်ရုံသာမက လောကတွင် ကျန်ရှိနေခဲ့သော အရာခပ်သိမ်း၏ နှစ်ကာလ ခြေရာများကိုပင် ဖမ်းဆုပ်နိုင်သည်။

လောကရှိ အရာခပ်သိမ်း အားလုံးတိုင်းသည် တစ်ခုနှင့်တစ်ခု မတူညီကြပေရာ ၊ ထွက်ပြေးသွားကြသော ထိုစွမ်းအားရှင်များသည်လည်း သဘောဝအတိုင်း မတူညီကြပေ။

၎င်းတို့ ထွက်ပြေးသွားစဉ်က ရောင်ဝါများကို တမင်တကာ ဖျောက်ဖျက်ပစ်ခဲ့ကြသော်လည်း၊ နှစ်ကာလထဲတွင် မိမိတို့၏ သီးသန့် အမှတ်အသားများကို ချန်ထားခဲ့မိဆဲပင် ဖြစ်သည်။

စူးချန်ကဲအနေဖြင့် ဗလာနိတ္ထိမျက်လုံးတော်ကို အသက်သွင်းကာ ထိုအမှတ်အသားများအတိုင်း နောက်ယောင်ခံလိုက်သွားရုံမျှဖြင့် ၊ တစ်ဖက်လူသည် သတ်မှတ်ထားသော အကွာအဝေးထက် ကျော်လွန်မသွားသရွေ့ သူ၏ တိုက်ခိုက်မှုကို ခံရမည်သာ ဖြစ်သည်။

စူးချန်ကဲသည် ကျန့်ရှန်းဓားကို သူ့ခေါင်းပေါ်သို့ မြှောက်တင်လိုက်သည်။

ဝုန်း...

ဓားကိုယ်ထည် တစ်ခုလုံး ဝင်းလက်သွားသည်နှင့် အမျှ၊

နတ်ဘုရားဓား၏ မရေမတွက်နိုင်သော ပုံရိပ်ယောင်များစွာသည် ဟင်းလင်းပြင်ထဲတွင် ထင်ဟပ်ပေါ်ပေါက်လာသည်။

၎င်းတို့မှာ နည်းသည်လည်းမဟုတ်၊ များသည်လည်း မဟုတ် ၊ ထွက်ပြေးသွားကြသော အမှောင်ထျန်းမန်ဂိုဏ်းမှ စွမ်းအားရှင် အရေအတွက်နှင့် ကွက်တိပင် ဖြစ်၏။

All Chapters