← Chapters

အခန်း ၉၃၀

Vol. 72 Ch. 930

အခန်း ၉၃၀

Vol. 72 Ch. 930

အခန်း (၉၃၀) - ကနဦးအမတဧကရာဇ်ပင်လျှင် မှိန်ဖျော့သွားရမည်

ဝုန်း!

ဖော်ပြရန်ခက်ခဲသော ကြောက်မက်ဖွယ်ရာ ဖိအားတစ်ခုသည် ဤနေရာသို့ ကျရောက်လာခဲ့သည်။

မရေမတွက်နိုင်သော အချိန်အပိုင်းအစများသည် ကြယ်တာရာအလင်းတန်းများကဲ့သို့ ဟင်းလင်းပြင်မှ ရစ်ဝဲထွက်ပေါ်လာပြီး ၊ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ စူးချန်ကဲ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ဖြည်းညှင်းစွာ ရစ်ပတ်နေ၏။

၎င်းသည် အချိန်မြစ်၏ ကနဦးပုံစံမျှသာ ဖြစ်သော်လည်း တကယ့် စစ်မှန်သော အချိန်မြစ်၏ ရပ်တန့်ခြင်းမရှိ စီးဆင်းနေသော ခံစားချက်ကို ပေးစွမ်းနေသည်။

သို့သော် ထိုမျှနှင့် မပြီးဆုံးသေးချေ။ အရပ်ရှစ်မျက်နှာတစ်ခွင်မှ ကုဋေကုဋာမကသော ဓားစွမ်းအင်များ ထပ်မံ ရောက်ရှိလာပြီး ၊ စီးဆင်းနေသော ဓားစွမ်းအင်မြစ်ကြီးအဖြစ် ပြောင်းလဲသွားပြန်သည်။

ဓားစွမ်းအင်မြစ် နှင့် အချိန်မြစ်တို့သည် တစ်ခုနှင့်တစ်ခု အပြန်အလှန် ယှက်နွယ်လျက် ထပ်တူကျနေကာ ၊ ထိုအမှောင်ထျန်းမန်ဂိုဏ်းမှ စွမ်းအားရှင် သုံးရာကျော် ချန်ထားခဲ့သော အချိန်ကာလခြေရာများအတိုင်း စီးဆင်းသွားသည်။

"လမ်းစဉ်တစ်သောင်း ပျံသန်းခြင်း ...."

ထိုစကားသံအဆုံးတွင် ၊ စူးချန်ကဲ၏ လက်ထဲရှိ ကျန့်ရှန့်ဓားသည် အရှိန်အဟုန်ဖြင့် ဖြန့်ကျတ်ထွက်ခွာသွားသည်။

ဝှစ်...

တစ်ချိန်တည်းမှာပင် ၊သူ၏နောက်ကျောဘက်ရှိ နတ်ဘုရားဓား ပုံရိပ်ယောင်များစွာသည် အသက်ဝင်လာသကဲ့သို့ ကောင်းကင်ယံသို့ ထိုးတက်သွားပြီး ၊ မိုးကုပ်စက်ဝိုင်းဆီသို့ ကျဆင်းသွားသည်။

တစ်ချိန်တည်းမှာပင်။

ထွက်ပြေးတိမ်းရှောင်နေကြသော အမှောင်ထျန်းမန်ဂိုဏ်းမှ စွမ်းအားရှင်များမှာ စိတ်ထဲတွင် ကံကောင်းသည်ဟု မှတ်ယူနေခဲ့ကြသည်။

သူတို့ မထွက်ပြေးမီက ၊ စူးချန်ကဲ ပြောခဲ့သော စကားများကိုလည်း ကြားခဲ့ရသည်။

ထို့ကြောင့် သူတို့သည် ဤအခွင့်အရေးကို လက်လွတ်မခံဘဲ မျက်စိတစ်မှိတ်အတွင်းမှာပင် မိုင်ပေါင်းရာချီဝေးသော နေရာသို့ ထွက်ပြေးလာခဲ့၏။

ထို့အပြင် ဤလမ်းခရီးတွင် သူတို့သည် မိမိတို့ကျန်ရစ်ခဲ့သည့် ရောင်ဝါများကိုပါ ဖျောက်ပစ်ခဲ့ကြသည်။

တစ်ဖက်လူသည် ကတိဖောက်ဖျက်ကာ သူတို့ကို လိုက်လံရှာဖွေချင်လျှင်ပင် ၊ ရှာဖွေလို့ရတော့မည် မဟုတ်ပေ။

"ဒီကောင် မောက်မာတာလား ဒါမှမဟုတ် မိမိကိုယ်ကို ယုံကြည်ချက်လွန်ကဲနေတဲ့ အရူးတစ်ကောင်လားဆိုတာ တကယ်ကို မသိ..."

အန်းကျွယ်ယင်၏ ကဲ့ရဲ့လှောင်ပြောင်သံ မပြီးဆုံးသေးမီမှာပင် ၊ သူသည် အလွန် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုကို ခံစားလိုက်ရကာ နောက်သို့ လှည့်ကြည့်လိုက်မိသည်။

ထိုအခိုက်အတန့်တွင် အန်းကျွယ်ယင်သည် သူ့ဘဝ တစ်သက်တာတွင် မယုံကြည်နိုင်စရာ အကောင်းဆုံး မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရသည်။

ဖျက်ဆီးရန် မဖြစ်နိုင်သော ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ၊ အာကာသ ဟင်းလင်းပြင်ကို ဖောက်ထွင်းလျက် သူရှိရာ ဦးတည်ဘက်ဆီသို့ တိကျစွာ ကျဆင်းလာ၏။

ဤတုန်လှုပ်ချောက်ချားဖွယ်ရာ မြင်ကွင်းသည် အန်းကျွယ်ယင် တစ်ယောက်တည်းထံတွင်သာ ဖြစ်ပျက်ခဲ့ခြင်း မဟုတ်ပေ။

ထွက်ပြေးတိမ်းရှောင်နေကြသည့် အမှောင် ထျန်းမန်ဂိုဏ်း စွမ်းအားရှင် သုံးရာကျော်စလုံး ဤမြင်ကွင်းကို တစ်ပြိုင်နက်တည်း ကြုံတွေ့ခံစားခဲ့ရသည်။

"ဟင့်အင်း... မဟုတ်ဘူး"

"မင်း တကယ်ကို ရက်စက်လွန်းတယ်...ငါတို့အားလုံးကို အမြစ်ပြတ် သတ်ပစ်ရမှ ကျေနပ်မှာလား"

" ငါ ငရဲပြည်ရောက်ရင်တောင် မင်းကို လွှတ်ပေးမှာမဟုတ်ဘူး"

အရပ်မျက်နှာအနှံ့မှ အော်ဟစ်သံများနှင့် ကျိန်ဆဲသံများ ထွက်ပေါ်လာခဲ့သည်။

သို့သော် မကြာမီမှာပင် ထိုအသံများသည် ရုတ်ချည်း ရပ်တန့်သွားခဲ့ပြီး ၊ စွမ်းအားတစ်ခုက သူတို့၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်များကို အစအနမကျန် ဆွဲဖြဲပစ်လိုက်ပုံရသည်။

တစ်ချိန်တည်းမှာပင်၊ ထျန်းမုရွာသား အများအပြား၏ မျက်လုံးထဲတွင်။

ဤဖြစ်ပျက်သွားသမျှ မြင်ကွင်းများသည် တုန်လှုပ်ချောက်ချားဖွယ်ရာ ကောင်းလှပြီး ကြီးမားသော အမြင်အာရုံဆိုင်ရာ ရိုက်ခတ်မှုကို ပေးစွမ်းနေသည်။

အချိန်မြစ်နှင့် ဓားစွမ်းအင်မြစ်တို့သည် လမ်းကြောင်းပေါင်း သုံးရာကျော်အဖြစ် ပြောင်းလဲသွားပြီး မိုးကုတ်စက်ဝိုင်းဆီသို့ တပြိုင်နက်တည်း ပြေးဝင်သွားကာ ထို့နောက် တပြိုင်နက်တည်း ပေါက်ကွဲသွားခဲ့သည်ကို မြင်တွေ့လိုက်ရသည်။

"ဘုရားရေ....မုရှန်းတောင်တန်း နယ်မြေဘက်မှာ ဘာတွေဖြစ်ပျက်နေတာလဲ၊ ဒီလောက် ကြောက်စရာကောင်းတဲ့ ဓားအလင်းတန်းက ဘယ်လိုဖြစ်ပြီး ထွက်ပေါ်လာရတာလဲ"

"စောစောလေးက ငါ အဲဒီဘက်မှာ မဟာလမ်းစဉ်ရဲ့ လှုပ်ခတ်မှု အများကြီးကို ခံစားမိသေးတယ်...စွမ်းအားရှင်တွေ အများအပြား အဲဒီနယ်မြေမှာ တိုက်ခိုက်နေကြသလိုပဲ... ငါတို့ အမတနယ်မြေရဲ့ ထိပ်တန်း ပါရမီရှင်တစ်ယောက်ယောက်ကများ လက်ဦးမှုယူလိုက်တာ ဖြစ်နေမလား"

"ဒါပေမဲ့ ဒီဓားစွမ်းအင်က သိပ်ကို မကြီးကျယ်လွန်းဘူးလား... အနည်းဆုံးတော့ မိုင်ပေါင်းထောင်ချီတဲ့ ပတ်ဝန်းကျင်ကို လွှမ်းခြုံထားသလိုပဲ... ကျင့်ကြံဆင့် ဖိနှိပ်ခံထားရတဲ့ ဒီကမ္ဘာမှာ ဘယ်သူက ဒီလိုမျိုး လုပ်နိုင်မှာလဲ"

"ပြီးတော့ ငါမှတ်မိသလောက်ဆိုရင် ဒီတစ်ခေါက် ဝင်လာတဲ့ အင်အားစုတွေထဲမှာ ဓားလမ်းစဉ်နဲ့ သက်ဆိုင်တဲ့ အင်အားစု မပါဘူးလားလို့...."

" အဲဒီမုရှန်းတောင်တန်းဘက်မှာ စူးစမ်းရှာဖွေနေတဲ့သူတွေတော့ ကံဆိုးမိုးမှောင်ကျတော့မှာပဲ... နတ်ဘုရားတွေ တိုက်ခိုက်ကြရင် သာမန်လူတွေပဲ မြေစာပင်ဖြစ်ရတယ်"

"စောစောကတင် ငါ အမှောင်ထျန်းမန်ဂိုဏ်းက ဂိုဏ်းချုပ် စွမ်းအားရှင် အများအပြားကို ဦးဆောင်ပြီး အဲဒီနယ်မြေဘက် ဦးတည်သွားတာ မြင်လိုက်တယ်....ဒါက သူတို့ ဖန်တီးလိုက်တဲ့ လှုပ်ရှားမှုများ ဖြစ်နေမလား"

အမတနယ်မြေမှ ကျင့်ကြံသူများမှာလည်း ဤမြင်ကွင်းကို သတိပြုမိကြသည်။ ဤမျှကြီးမားသော ဓားစွမ်းအင် ဖြစ်စဉ်ကြီးကို မည်သူက ဖန်တီးလိုက်သည်ကို တစ်ယောက်တစ်ပေါက် ခန့်မှန်းနေကြ၏။

တစ်ချိန်တည်းမှာပင်။

အချိန်အတော်ကြာသွားပြီးနောက်မှသာ ထိုမုရှန်းတောင်တန်း နယ်မြေတစ်ခုလုံးကို လွှမ်းခြုံထားသော ဓားအလင်းတန်းမှာ ဖြည်းညှင်းစွာ ငြိမ်သက်သွားခဲ့သည်။

ထျန်းမုရွာမှ ရွာသူရွာသားများမှာ ထိတ်လန့်တုန်လှုပ်စွာဖြင့် မိုးကုတ်စက်ဝိုင်း တစ်နေရာဆီသို့ လှမ်းကြည့်လိုက်ကြသည်။

တိမ်တိုက်များထဲသို့ ထိုးဖောက်ဝင်ရောက်ကာ မားမားမတ်မတ် တည်ရှိသော တောင်တန်းပေါင်းများစွာသည် အစအနမကျန် ပျောက်ကွယ်သွားပြီး ၊ ကြောက်ခမမ်းလိလိ စွမ်းအားတစ်ခုကြောင့် ပြိုကျပျက်စီးသွားခဲ့ရသည်ကို မြင်တွေ့လိုက်ရသည်။

ဟူး...

ဝေးလံသောနေရာမှ တိုက်ခတ်လာသော လေညင်းများသည် ကျန်ရှိနေသော ဓားအရှိန်အဝါနှင့် သွေးညှီနံ့ အနည်းငယ်ကို သယ်ဆောင်လာကာ မုထျန်းရွာသူရွာသားများ၏ မျက်နှာပြင်ပေါ်သို့ ဖြတ်သန်းတိုက်ခတ်သွားခဲ့သည်။

ရွာသူကြီး ၊ ထျန်းရှောင်သယ် ၊ ထျန်းရွှမ်ယင်း စသည့် ရွာသူရွာသား အားလုံး ပါးစပ်အဟောင်းသား ဖြစ်လို့နေ၏။

ကောင်းကင်ယံထက်တွင် ရပ်နေသည့် ဝတ်ရုံဖြူ ပုဂ္ဂိုလ်၏ ကျောပြင်သည် စစ်နတ်ဘုရားတစ်ပါးကဲ့သို့ အနှိုင်းမဲ့ အရှိန်အဝါများကို ထုတ်ဖော်ပြသ‌နေသည်။

သူ၏ ခြေဖဝါးအောက်တွင် သေဆုံးသွားသော အလောင်းပုံများသည် မြေပြင်အနှံ့ ပြန့်ကျဲနေသည်မှာ အလွန် ထိတ်လန့်စရာကောင်းသော မြင်ကွင်းတစ်ခုအဖြစ် ဖော်ကြူးနေ၏။

သူတို့သည် စူးချန်ကဲ အစောက ပြောခဲ့သည့် စကားတစ်ခွန်းကို ပြန်လည်သတိရမိသွားကြသည်။

“ဒါက ငါလျှောက်တဲ့ ဓားလမ်းစဉ်ပဲ"

သူ လျှောက်လှမ်းသည့် ဓားလမ်းစဉ်သည် အမတများကို သတ်ဖြတ်နိုင်သည်။ တောင်နှင့်ပင်လယ်ကို ဖြတ်တောက်နိုင်သည်။ လောကရှိ ရန်သူအားလုံးကို ချေမှုန်းနိုင်သည်။

အချိန်သည် တစ်စက္ကန့်ပြီးတစ်စက္ကန့် ကုန်ဆုံးသွားခဲ့သည်။

အချိန်မည်မျှ ကုန်လွန်သွားသည်ကို မသိနိုင်သော်လည်း ၊ ရွာတစ်ခုလုံး ရုတ်ချည်း ဆူညံပွက်လောရိုက်သွားခဲ့သည်။

"မယုံနိုင်စရာပဲ... တကယ်ကို မယုံနိုင်စရာပဲ၊ ငါတို့ ထျန်းမန်ကမ္ဘာရဲ့ ထိပ်တန်းအင်အားစုဖြစ်တဲ့ အမှောင်ထျန်းမန်ဂိုဏ်းက... ချန်ကဲညီနောင်ရဲ့... အမြစ်ပြတ် သုတ်သင်ခြင်း ခံလိုက်ရပြီတဲ့လား"

"ရွှေအမတ သုံးဆယ်ကျော်၊ ကောင်းကင်အမတနဲ့ စစ်မှန်အမတ ထောင်ပေါင်းများစွာ အားလုံး ကျဆုံးသွားပြီ... ဒါက တားမြစ်စူးမိသားစုရဲ့ သခင်လေးရဲ့ စွမ်းဆောင်ရည်တဲ့ဘား"

"ချန်ကဲသခင်လေးက အနှိုင်းမဲ့ပဲ"

လူတိုင်း မိမိတို့၏ စိတ်ထဲက ရင်ခုန်စိတ်လှုပ်ရှားမှုများကို မထိန်းချုပ်နိုင်တော့ဘဲ အော်ဟစ်လိုက်ကြသည်။

အမှန်အားဖြင့် ၊ ထျန်းမုရွာသားများ၏ စိတ်ထဲတွင် သူတို့၏ ယုံကြည်ကိုးကွယ်မှုသည် ရှေးဘိုးဘေးဖြစ်သူ ရှေးဦးအမတဧကရာဇ်မင်းသာ ဖြစ်သည်။

ခေတ်ကာလများစွာ ကုန်လွန်သွားခဲ့သော်လည်း ဘယ်သောအခါမှ တုန်လှုပ်ခဲ့ခြင်း မရှိချေ။

သို့သော် ယခုတွင်မူ ၊ သူတို့၏ ယုံကြည်ကိုးကွယ်မှုသည် ပထမဆုံးအကြိမ်အဖြစ် တုန်လှုပ်သွားခဲ့ရချေပြီ။

ဤကဲ့သို့သော အရှိန်အဝါမျိုးသည် သူတို့၏ ရှေးဘိုးဘေးပင်လျှင် စူးချန်ကဲ၏ ရှေ့မှောက်၌ အရောင်မှိန်ဖျော့သွားစေနိုင်သည်။

စူးချန်ကဲ၏ အနာဂတ်အောင်မြင်မှုသည် ထိုနှစ်က ကနဦးဧကရာဇ်မင်း (၁၃)ပါးထက်ပင် အဆပေါင်းများစွာ သာလွန်သွားနိုင်သည်ဟုပင် ခံစားနေမိသည်။

All Chapters