← Chapters

အခန်း ၂၂

Vol. 3 Ch. 22

အခန်း ၂၂

Vol. 3 Ch. 22

အခန်း (၂၂) ဝူမုန်ရှင်း၏ ဖိတ်ကြားချက်

"ဟယ်လို... အလုပ်ဆင်းပြီလား..."

ဆွန်ဖုန်းက ကားမောင်းရင်း ယန်ရွှယ်ထံ ဖုန်းဆက်လိုက်သည်။

"ဆင်းပြီ... ဆင်းပြီ... အခု ဈေးဝယ်နေတယ်... ရှင် ပြန်ရောက်ပြီလား..."

ယန်ရွှယ်က ဟင်းသီးဟင်းရွက်ဆိုင် ရှေ့တွင် သင်္ဘောသီးမှည့် တစ်လုံးကို ကိုင်ကာ မေးလိုက်သည်။

"အင်း... ဟင်းများများ ဝယ်ခဲ့နော်... ဒါပဲ..."

"ဟုတ်ကဲ့ပါရှင့်..."

ယန်ရွှယ်က ဖုန်းချပြီးနောက် ဈေးသည် အဒေါ်ကြီးအား မေးလိုက်သည်။

"အန်တီ... ဒီသင်္ဘောသီး ဘယ်လောက်လဲ..."

"တစ်ပေါင်ကို တစ်ယွမ်ပါ..."

"အဲဒါဆို အလတ်ဆတ်ဆုံးနဲ့ အမှည့်ဆုံး နှစ်လုံးလောက် ရွေးပေးပါ..."

ယန်ရွှယ်က ပြောလိုက်သည်။ ဤသင်္ဘောသီးမှည့်ကို ဟင်းချက်ရန် ဝယ်ခြင်း မဟုတ်ဘဲ အစိမ်းစားရန် ဝယ်ခြင်း ဖြစ်ပေသည်။ သူမ၏ 36D ရင်သားများ ဤမျှ ဖွံ့ဖြိုးလာခြင်းမှာ ဤသင်္ဘောသီးများကို မည်မျှ စားခဲ့ရကြောင်းကို သူမသာ အသိဆုံး ဖြစ်ပေသည်။

......

ဆွန်ဖုန်း အိမ်ပြန်ရောက်သောအခါ ယန်ရွှယ် တစ်ယောက် အိမ်သို့ အရင်ရောက်နေပြီး မီးဖိုချောင်တွင် အလုပ်ရှုပ်နေသည်ကို တွေ့လိုက်ရသည်။ ဆွန်ဖုန်း ပြန်ရောက်လာသည်ကို မြင်သောအခါ အလျင်အမြန် ထွက်လာပြီး အိမ်စီးဖိနပ်လေး လဲပေးလေသည်။

ဆွန်ဖုန်းက ဆိုဖာပေါ်တွင် ထိုင်ချလိုက်ပြီး ယန်ရွှယ်က ဖိနပ်ချွတ်ပေးသည်ကို ငြိမ်ခံနေလိုက်သည်။ ယန်ရွှယ်သည် ဆွန်ဖုန်း၏ အနားတွင် ရောက်ရှိလာပြီးနောက်ပိုင်း သူမ၏ အပြုအမူများကို သူ လွန်စွာ ကျေနပ်နေမိသည်။ ရုပ်ရည် လှပရုံသာမက ဟင်းချက်၊ အိမ်မှုကိစ္စများပါ ကျွမ်းကျင်သဖြင့် ၂၁ ရာစု၏ အကောင်းဆုံး မယားငယ် တစ်ယောက်ဟုပင် သတ်မှတ်၍ ရပေသည်။ သူမ၏ နက်ရှိုင်းသော ရင်သားအကွဲကြောင်းလေးကို ကြည့်ရင်း ဆွန်ဖုန်း၏ ရင်ထဲတွင် အပူမီးများ တောက်လောင်လာလေတော့သည်။

"ထမင်းမစားခင် တစ်ပွဲလောက် နွှဲရအောင်..."

ဆွန်ဖုန်းက ယန်ရွှယ်အား ပွေ့ချီကာ အခန်းထဲသို့ ဝင်သွားလေတော့သည်။

နာရီဝက်ခန့် အကြာတွင် ယန်ရွှယ်သည် ခြေထောက်လေး ကားကာ မီးဖိုချောင်သို့ ပြန်သွားပြီး ဟင်းဆက်ချက်နေလေသည်။

ဆွန်ဖုန်းသည် ရေချိုးပြီးနောက် ဆိုဖာပေါ်တွင် လှဲကာ တီဗီကို ပျင်းရိစွာ ကြည့်နေလိုက်သည်။ လူ့ဘဝတွင် အပျော်ရွှင်ဆုံး အရာများမှာ ငွေ၊ မိန်းမ၊ ကား၊ ကုမ္ပဏီနှင့် အာဏာတို့ပင် ဖြစ်သည် မဟုတ်ပါလား။

အာဏာမှလွဲ၍ ကျန်သည့် အရာအားလုံးကို ဆွန်ဖုန်း ပိုင်ဆိုင်ထားပြီး ဖြစ်သည်။ မိန်းမများများ မရှိသေးသော်လည်း လက်ရှိတွင် တစ်ယောက်တော့ ရှိနေပြီ ဖြစ်ကာ နောင်တွင်လည်း တဖြည်းဖြည်း တိုးလာမည်ဟု သူ ယုံကြည်ထားပေသည်။

လူ့သဘာဝအရ မရရှိခင်က အလွန် လိုချင်တောင့်တတတ်ကြသော်လည်း ရရှိသွားသောအခါတွင်မူ ထင်သလောက် မဟုတ်ဟု ခံစားရတတ်ပေသည်။

ထိုအတွေးများကို ဖယ်ဖျောက်လိုက်ပြီး ဆွန်ဖုန်းသည် ကာလတို အစီအစဉ် တစ်ခုကို စတင် စဉ်းစားလေတော့သည်။ ယခုအခါ သူ့ထံတွင် ငွေရှိနေပြီ ဖြစ်ရာ အနာဂတ်တွင် ငွေများများ ထပ်ရှာပြီး ကုမ္ပဏီများ များများ ထောင်ရန်သာ ရှိတော့သည်။

"ကြည့်ရတာ သံသတ္တုတွင်း အသေးစား တစ်ခုလောက် သွားဝယ်မှ ဖြစ်တော့မယ်... မဟုတ်ရင် ငါ့လက်ထဲက သံသတ္တု တန်ချိန် လေးသန်းခွဲကို ရောင်းထုတ်ဖို့ အတော် ခက်လိမ့်မယ်..."

ဆွန်ဖုန်းက တီးတိုး ရေရွတ်လိုက်သည်။

ယနေ့ ညစာမှာ ဟင်းငါးပွဲ၊ စွပ်ပြုတ်တစ်ခွက်ဖြင့် အလွန် စုံလင်လှပေသည်။ ညစာကို ပျော်ရွှင်စွာ စားသောက်ပြီးနောက် ထုံးစံအတိုင်း ထမင်းစားပြီး တစ်ပွဲ ထပ်နွှဲကြပြန်လေသည်။

တစ်ညတာ ကုန်လွန်သွားပြီး...

နောက်တစ်နေ့တွင် ဆွန်ဖုန်းသည် နေအတော်မြင့်မှ အိပ်ရာနိုးလာခဲ့သည်။ နိုးလာသောအခါ ယန်ရွှယ် အလုပ်သွားပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။ သို့သော် သူမသည် ဆွန်ဖုန်းအတွက် နံနက်စာကို အသင့် ပြင်ဆင်ထားခဲ့ပြီး နွှေးစားရန်သာ ကျန်တော့ပေသည်။

နံနက်စာ စားပြီးနောက် ဆွန်ဖုန်းသည် BMW i8 ကို မောင်းနှင်ကာ သတ္တု ပြုပြင်ဖန်တီးရေး စက်ရုံသို့ ခပ်အေးအေးပင် ထွက်လာခဲ့သည်။ ကုမ္ပဏီ အကောင့်ထဲသို့ ထည့်ပေးထားသော ယွမ် ငါးသိန်းမှာ လွန်ခဲ့သော နှစ်ပတ်အတွင်း ရေအောက်ကမ္ဘာ ဖွံ့ဖြိုးတိုးတက်ရေး စနစ်ကြီးကို အားသွင်းရာတွင် ကုန်သလောက် ရှိနေပြီဟု သူ ခန့်မှန်းမိသည်။

စက်ရုံသို့ ရောက်၍ ရုံးခန်းထဲ ဝင်သွားသောအခါ ဝူမုန်ရှင်း တစ်ယောက် LOL ဆော့နေဆဲ ဖြစ်သည်ကို တွေ့လိုက်ရသည်။ သူမ အနေဖြင့် ဤသို့ ဂိမ်းဆော့နေခြင်းမှာလည်း အပြစ်ဆို၍ မရချေ။ တစ်ခုခု မလုပ်ဘဲ နေပါက ရုံးခန်းထဲတွင် ရူးသွားနိုင်သည် မဟုတ်ပါလား။

"အစ်ကိုဖုန်း... ဘယ်လိုရောက်လာတာလဲ..."

နယူးယောက် ခရီးစဉ်အပြီးတွင် သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာ သူငယ်ချင်းများကဲ့သို့ ရင်းနှီးလာခဲ့ပြီ ဖြစ်ရာ အလုပ်ချိန်အတွင်း ဂိမ်းဆော့နေခြင်းကို ဆွန်ဖုန်းက အပြစ်တင်မည် မဟုတ်ကြောင်း ဝူမုန်ရှင်း ကောင်းစွာ သိရှိထားပေသည်။ ထို့အပြင် ဆွန်ဖုန်းထံတွင် ငွေများ အမြောက်အမြား ရှိနေပြီး လွန်ခဲ့သော ရက်က ရွှေစင် တစ်တန်ကို အရောင်းအဝယ် လုပ်ခဲ့သည်ကိုပင် သူမ မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသည် မဟုတ်ပါလား။

"ဟဲဟဲ... အလကားနေရင်း မင်းကို လာကြည့်တာလေ..."

ဆွန်ဖုန်းက ဝူမုန်ရှင်း၏ ဘေးတွင် ဝင်ထိုင်လိုက်ပြီး သူမ၏ ကိုယ်သင်းနံ့လေးကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်သည်။ သူ၏ အပြုအမူကြောင့် ဝူမုန်ရှင်း၏ မျက်နှာလေး နီရဲသွားကာ ဆွန်ဖုန်းအား မျက်လုံးချင်း မဆုံရဲအောင် ဖြစ်သွားရလေသည်။

"အို... ဒါနဲ့ အစ်ကိုဖုန်း... ကျွန်မအမေက အစ်ကို့ကို အိမ်မှာ ထမင်းလာစားဖို့ ဖိတ်နေတယ်... ကျွန်မကို နေ့တိုင်း အတင်း ပြောနေလို့ ရူးတော့မယ်..."

ဝူမုန်ရှင်းသည် ဗိန်း (ဂိမ်းမဟုဘူးနော်) ကို အာရုံစိုက် ကစားနေရင်း ဆွန်ဖုန်းအား လှမ်းပြောလိုက်သည်။

"ကျွန်မအမေက အစ်ကို့ကို တကယ့် ရည်းစားဟောင်းကြီးလို့ ထင်နေတာလေ... အမေ့ရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ ကျွန်မ သိတာပေါ့... အစ်ကို့ကြောင့် ကျွန်မတော့ ဒုက္ခရောက်နေပြီ..."

ဝူမုန်ရှင်းက ဆွန်ဖုန်းအား အဆက်မပြတ် ညည်းတွားနေရာ ဆွန်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

"အဲဒါဆိုလည်း ငါ မင်းအိမ်ကို ထမင်းသွားစားလိုက်မယ်လေ... ဘယ်လိုလဲ..."

ဝူမုန်ရှင်းသည် ဂိမ်းကို ဆက်လက် အာရုံစိုက်နေရင်း မျက်နှာတွင် မကျေမနပ်ဖြစ်နေသော အပြုံးတစ်ခု ပေါ်လာကာ ပြောလိုက်သည်။

"အစ်ကိုက ကျွန်မအမေကို မကြောက်ဘူးလား... အကယ်လို့ အမေက ကျွန်မတို့ကို ပြန်တွဲဖို့ အတင်းလုပ်ရင် ဘယ်လိုလုပ်မလဲ... အိမ်မှာ ကျွန်မက အစ်ကိုက ရည်းစားဟောင်း မဟုတ်ပါဘူးလို့ အခါတစ်သောင်းလောက် ရှင်းပြထားပေမယ့် အမေက လုံးဝ မယုံဘူး..."

"မင်းရဲ့ ရည်းစား လုပ်လိုက်ရင်လည်း ပြီးတာပဲလေ... ငါ့အတွက်လည်း အရှုံးမှ မရှိတာ... လုပ်လိုက်ပေါ့..."

ဆွန်ဖုန်းက ရယ်ကျဲကျဲဖြင့် ဝူမုန်ရှင်း၏ ခါးသိမ်သိမ်လေးကို ဖက်ကာ ပိုင်စိုးပိုင်နင်း ပြောလိုက်လေသည်။

"အာ... ရှင်... ရှင့်ရဲ့ လက်ကြီးကို ဖယ်လိုက်စမ်း..."

ချက်ချင်းပင် ဝူမုန်ရှင်းက လှည့်ကြည့်ကာ ဒေါသတကြီးဖြင့် ဆွန်ဖုန်းအား မျက်စောင်းထိုးလိုက်လေသည်။

"ဘာကြည့်တာလဲ... ရည်းစားဆိုတာ ဒီလိုပဲ နေရတာလေ... အို... မင်းရဲ့ ဗိန်း က သေတော့မယ်နော်..."

"အာ... ဖက်ခ်... ရှင်လုပ်လို့ ကျွန်မရဲ့ လူသတ်ဓား ပြုတ်ကျသွားပြီ..."

......

ညဘက်တွင် ဆွန်ဖုန်းသည် ဝူမုန်ရှင်း၏ အိမ်သို့ အမှန်တကယ်ပင် ရောက်ရှိလာခဲ့သည်။ ဝူမုန်ရှင်း၏ အိမ်အောက်တွင် သူမက ဆွန်ဖုန်းအား ဒေါသတကြီးဖြင့် စိုက်ကြည့်နေမိသည်။ အဘယ်ကြောင့်ဆိုသော် ဆွန်ဖုန်း၏ လက်တစ်ဖက်က သူမ၏ ခါးသိမ်သိမ်လေးကို ဖက်ထားသောကြောင့် ဖြစ်ပေသည်။

"ဆွန်ဖုန်း... ရှင် ဒီလောက်တောင် အရှက်မရှိဘူးလား..."

ဝူမုန်ရှင်းမှာ အံကြိတ်ကာ ဒေါသထွက်နေမိသည်။ သူမက ဆွန်ဖုန်း၏ ချစ်သူအဖြစ် လက်မခံသေးသော်လည်း သူကမူ အတင်းအကျပ် ဝင်ရောက် ဟန်ဆောင်နေခြင်း ဖြစ်ပေသည်။

"မင်းက ဒီလောက် လှတယ်... ပညာတတ်လည်း ဖြစ်တယ်... အိမ်မှုကိစ္စလည်း နိုင်နင်းတယ်... ငယ်လည်း ငယ်သေးတယ်... ငါ မင်းကို အိမ်မခေါ်သွားရင် နှမြောစရာကြီးလေ... သူများလက်ထဲ ပါသွားမှာ စိုးလို့..."

ဆွန်ဖုန်းက လုံးဝ အရှက်မရှိစွာဖြင့် ပြန်ပြောလိုက်သည်။

အမှန်တကယ်တော့ ဝူမုန်ရှင်း၏ ရင်ထဲတွင်လည်း ဆွန်ဖုန်းနှင့် ပတ်သက်၍ မရှင်းပြတတ်သော ခံစားချက်မျိုး ရှိနေပေသည်။ ပထမ အချက်မှာ ဆွန်ဖုန်းသည် ငယ်ရွယ်ချောမောပြီး အောင်မြင်နေသူ တစ်ယောက် ဖြစ်ခြင်းကြောင့် ဖြစ်ပြီး ဒုတိယ အချက်မှာ ဆွန်ဖုန်းက သူ၏ ဘဝဖြတ်သန်းမှု အတွေ့အကြုံများကို ပြောပြခဲ့စဉ်က သူမသည် ဤအမျိုးသားအပေါ် အနည်းငယ် လေးစားအားကျမိခဲ့သောကြောင့် ဖြစ်ပေသည်။ ထိုအချိန်မှစ၍ သူမ၏ ရင်ထဲတွင် ဆွန်ဖုန်းအပေါ် မရေရာသော ခံစားချက်လေးတစ်ခု စတင် ဖြစ်တည်လာခဲ့ခြင်း ဖြစ်နိုင်ပေသည်။

"ငါ့ရဲ့ ကောင်မလေး လုပ်ပါလား..."

ဆွန်ဖုန်းက ပြုံး၍ မေးလိုက်သည်။

"သိပ်မမြန်လွန်းဘူးလား... ခံစားချက်တွေကို အရင် မမွေးမြူဘဲနဲ့ ဒီအတိုင်း တန်းပြီး တွဲကြမလို့လား..."

ဝူမုန်ရှင်းက ဆွန်ဖုန်း နောက်ပြောင်နေသည်ဟု ထင်မှတ်ကာ ပြန်လည် နောက်ပြောင်လိုက်သည်။

"ခံစားချက်တွေက နောက်မှ ဖြည်းဖြည်းချင်း မွေးမြူလို့ ရပါတယ်ကွာ..."

သူတို့နှစ်ဦး စကားပြောရင်း အပေါ်ထပ်သို့ တက်လာခဲ့ကြသည်။

"ဦးလေးနဲ့ အန်တီ... မင်္ဂလာပါ... ကျွန်တော် ရောက်လာပါပြီ..."

အိမ်ထဲ ဝင်ဝင်ချင်း ဆွန်ဖုန်းက ဝူမုန်ရှင်း၏ မိဘများကို နှုတ်ဆက်လိုက်ပြီး လက်ဆောင်ပစ္စည်းများကို ပေးအပ်လိုက်ရာ ဝူမုန်ရှင်း၏ မိခင်မှာ ဝမ်းသာလွန်း၍ မျက်နှာတွင် အရေးအကြောင်းများပင် ပေါ်လာသည်အထိ ပြုံးရွှင်နေလေတော့သည်။

သို့သော် ဆွန်ဖုန်း၏ နောက်ဆက်တွဲ စကားကြောင့် ဝူမုန်ရှင်း၏ မိခင်မှာ ပို၍ပင် ဝမ်းသာသွားရလေသည်။

"အန်တီ... ကျွန်တော်နဲ့ မုန်ရှင်း က ပြန်တွဲနေကြပြီ... အဲဒါကြောင့် နောက်ပိုင်း မုန်ရှင်း အတွက် အိမ်ထောင်ဖက် ရှာပေးစရာ မလိုတော့ပါဘူးနော်..."

"အို... တကယ်လား... အဲဒါဆို သိပ်ကောင်းတာပေါ့... အဲဒီလိုဆိုမှတော့ ဒီကောင်မလေးကို အိမ်ထောင်ဖက် ရှာပေးစရာ ဘယ်လိုလုပ် လိုတော့မှာလဲ... ဟင်းဟင်းဟင်း..."

ဆွန်ဖုန်း၏ စကားကြောင့် ဝူမုန်ရှင်း၏ မိခင်မှာ အလွန် ပျော်ရွှင်သွားသော်လည်း ဝူမုန်ရှင်းမှာမူ မျက်နှာပေါ်တွင် မည်းမှောင်နေသော မျဉ်းကြောင်းများပင် ပေါ်လာလေတော့သည်။ ဤသည်မှာ ဘာတွေ ဖြစ်နေသနည်း။ သူမ၏ သူဌေးက ဤမျှလောက် အရှက်မရှိသူ ဖြစ်ကြောင်း ယခုမှသာ သူမ သိရှိသွားရလေသည်။ တက္ကသိုလ်တုန်းက မိန်းကလေးတွေ မလိုက်တာ အံ့ဩစရာ မဟုတ်တော့ချေ။

ဝူမုန်ရှင်း၏ မိခင်က မီးဖိုချောင်သို့ သွားကာ ဟင်းချက်နေပြီး ဝူမုန်ရှင်းကလည်း ဝင်ရောက် ကူညီပေးနေလေသည်။ ဧည့်ခန်းထဲတွင် ဝူမုန်ရှင်း၏ ဖခင်နှင့် ဆွန်ဖုန်းတို့ နှစ်ယောက်သာ ကျန်ရစ်ခဲ့သည်။

"ဖုန်းလေး... မင်းက အခု ဘယ်မှာ အလုပ်လုပ်နေတာလဲ..."

ဝူမုန်ရှင်း၏ ဖခင်က ပြုံး၍ မေးလိုက်သည်။

"ကိုယ်ပိုင် ကုမ္ပဏီ ဖွင့်ထားတာပါ..."

ဆွန်ဖုန်းက လက်ဖက်ရည်ကို သောက်ရင်း ခပ်အေးအေးပင် ဖြေလိုက်သည်။

"အို... လူငယ်လေးက တော်တော် အရည်အချင်း ရှိတာပဲ..."

ဝူမုန်ရှင်း၏ ဖခင်က ချီးကျူးလိုက်သည်။

"သာမန်ပါပဲ ဗျာ..."

ဆွန်ဖုန်းနှင့် ဝူမုန်ရှင်း၏ ဖခင်တို့ စကားပြောဆိုနေကြရင်း မကြာမီမှာပင် ထမင်းဟင်းများ ကျက်သွားသဖြင့် ထမင်းစားရန် စတင်ကြလေသည်။

ညစာ စားသောက်ရာတွင် အလွန် အဆင်ပြေချောမွေ့ပြီး စကားပြောဆိုမှုများမှာလည်း ပျော်ရွှင်ဖွယ် ကောင်းလှသည်။ ဤနေရာတွင် အပျော်ရွှင်ဆုံး သူမှာ ဝူမုန်ရှင်း၏ မိခင်ပင် ဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် သူမ၏ သမီးဖြစ်သူသည် ငွေကြေးချမ်းသာသော ချစ်သူကောင်း တစ်ယောက်ကို ရရှိသွားပြီဟု သူမ ယုံကြည်နေသောကြောင့် ဖြစ်ပေသည်။

All Chapters