← Chapters

အခန်း ၂၄

Vol. 3 Ch. 24

အခန်း ၂၄

Vol. 3 Ch. 24

အခန်း (၂၄) မင်းနှမကို လာဖက်နေ... ဖယ်စမ်း

ဟယ်မင်ယီသည် လီကျီဝမ် တစ်ယောက် အားရပါးရ သောက်နေသည်ကို မြင်သောအခါ ရင်ထဲတွင် လှောင်ပြောင်လိုက်ပြီး သူမအတွက် တတိယမြောက် ဝိုင်တစ်ခွက်ကို ငှဲ့ကာ အေးစက်သော အပြုံးဖြင့် ပြောလိုက်သည်။

"လီကျီဝမ်... ရှင်က တော်တော် သောက်နိုင်တာပဲနော်..."

ပြောရင်း ဝိုင်ခွက်ကို မြှောက်ကာ တစ်ကျိုက်တည်း မော့သောက်လိုက်လေသည်။

ဝိုင်တစ်ခွက် ကုန်သွားပြန်သောအခါ ဟယ်မင်ယီက လီကျီဝမ်ကို စိန်ခေါ်သော အကြည့်ဖြင့် ကြည့်ကာ ခပ်အေးအေးပင် ပြောလိုက်သည်။

"ရှင့်အလှည့် ရောက်ပြီ..."

လီကျီဝမ်သည် သူမ၏ စိန်ခေါ်သော အကြည့်ကို မြင်သောအခါ ရင်ထဲတွင် အနည်းငယ် ဒေါသထွက်သွားသော်လည်း မကြာမီတွင် ဟယ်မင်ယီ တစ်ယောက် သူ၏ အလိုကျ ဖြစ်လာတော့မည်ကို တွေးကာ ပြန်လည် ကျေနပ်သွားပြီး ရယ်မောလိုက်သည်။ ထို့နောက် ဝိုင်သုံးခွက်ကို ဆက်တိုက် ငှဲ့လိုက်လေသည်။

သူသည် ဝိုင်တစ်ခွက်ကို ယူကာ ထပ်မံ မော့သောက်လိုက်ပြန်သည်။ ဤသည်မှာ သတ္တမမြောက် ဝိုင်ခွက် ဖြစ်ပြီး ထိုခွက် ကုန်သွားသောအခါ လီကျီဝမ်၏ လည်ချောင်းထဲတွင် အရက်နံ့များ ဆို့တက်လာပြီး အလွန် နေရခက်သွားလေတော့သည်။

"ဟင်..."

ရုတ်တရက် ဟယ်မင်ယီသည် သူမ၏ ခန္ဓာကိုယ် ပူနွေးလာသည်ကို ခံစားလိုက်ရပြီး ခေါင်းများလည်း မူးဝေလာကာ နှလုံးခုန်သံများ မြန်ဆန်လာလေသည်။ တစ်ချိန်တည်းမှာပင် သူမ၏ မျက်နှာတစ်ခုလုံးလည်း နီမြန်းလာခဲ့လေပြီ။

"ငါ မူးသွားပြီလား..."

ဟယ်မင်ယီက စိတ်ထဲတွင် တွေးလိုက်မိသည်။ အမှန်တကယ်တော့ လီကျီဝမ် ခတ်ထားသော ဆေး၏ အာနိသင်များ စတင် ပြသလာပြီ ဆိုသည်ကို သူမ လုံးဝ မသိရှိခဲ့ချေ။

ဟယ်မင်ယီ၏ အခြေအနေကို လီကျီဝမ်က အကဲခတ်နေပြီး မျက်နှာပေါ်တွင် ကောက်ကျစ်သော အပြုံးတစ်ခု ပေါ်လာကာ မေးလိုက်သည်။

"မင်ယီ... မင်း မျက်နှာကြီး နီနေပြီ... မူးနေပြီလား..."

"ရှင့်ဟာရှင်သာ သောက်စမ်းပါ... ကျွန်မ မမူးသေးပါဘူး..."

ဟယ်မင်ယီမှာ ယိမ်းယိုင်နေပြီ ဖြစ်ပြီး ဆိုဖာပေါ်တွင် မှီချကာ မျက်လုံးများပင် မှေးစင်းလာလေပြီ။

"ကောင်းပါပြီ... ကိုယ် သောက်ပါ့မယ်... သောက်ပါ့မယ်..."

လီကျီဝမ်သည် အဋ္ဌမမြောက် ဝိုင်ခွက်ကို စတင် သောက်လိုက်သော်လည်း တစ်ဝက်ခန့် အရောက်တွင် ဆက်မသောက်နိုင်တော့ဘဲ အန်ချလိုက်လေတော့သည်။

ဝေါ့... ဝေါ့...

"အယ်... သခင်လေး လီ... ဘာဖြစ်လို့လဲ... အဆင်ပြေရဲ့လား..."

ဝမ် ဆိုသော အမျိုးသမီးက အလျင်အမြန် ထလာပြီး လီကျီဝမ်အား တွဲပေးလိုက်ရင်း သူတို့နှစ်ဦး အချင်းချင်း မျက်စပစ်ပြလိုက်ကြသည်။

"မင်ယီ... သခင်လေး လီ လည်း မူးနေပြီ... နင်လည်း မူးနေပြီဆိုတော့ ငါတို့ ဒီလောက်နဲ့ပဲ ရပ်ပြီး အိမ်ပြန်ကြရအောင်..."

"အင်း... ကောင်းပြီလေ..."

ဟယ်မင်ယီမှာ ခေါင်းများ အလွန် မူးဝေနေသဖြင့် အခြေအနေကို သေချာ မစဉ်းစားနိုင်တော့ဘဲ လက်ခံလိုက်လေသည်။

ထို့နောက် ထိုအမျိုးသမီးက ဟယ်မင်ယီအား တွဲခေါ်လာပြီး လီကျီဝမ်ကမူ အေးစက်သော အပြုံးဖြင့် အနောက်မှ လိုက်ပါလာကာ ဘားအပြင်ဘက်သို့ ထွက်ခွာသွားကြလေသည်။

ဤအခြေအနေ အားလုံးကို စောင့်ကြည့်နေသော ဆွန်ဖုန်း၏ မျက်လုံးများထဲတွင် ထူးဆန်းသော အကြည့်တစ်ခု ပေါ်လာလေသည်။

"ငါ ဝင်ပြီး သူရဲကောင်းကြီး လုပ်လိုက်ရမလား..."

......

ဘားအပြင်ဘက်သို့ ရောက်သောအခါ ဝမ် ဆိုသော အမျိုးသမီးမှာ မည်သည့်အချိန်က ပျောက်သွားမှန်း မသိတော့ချေ။ လီကျီဝမ်သည် မကောင်းဆိုးဝါး အပြုံးဖြင့် ဟယ်မင်ယီအား တွဲကာ ဘားနှင့် မျက်နှာချင်းဆိုင်ရှိ ဟိုတယ်ဆီသို့ လျှောက်သွားနေလေသည်။ ထို့အပြင် လီကျီဝမ်၏ လက်တစ်ဖက်ကလည်း ဟယ်မင်ယီ၏ ကိုယ်လုံးပေါ်တွင် အခွင့်အရေး ယူကာ ပွတ်သပ်နေလေသည်။

"လီ... လီကျီဝမ်... အိမ်ပြန်မယ် ဆို... ငါ့ကို ဘယ်ခေါ်သွားမလို့လဲ..."

ဟယ်မင်ယီသည် ဆေးအရှိန်ကြောင့် တစ်ကိုယ်လုံး အားအင် ကုန်ခမ်းနေပြီး လီကျီဝမ်၏ အပေါ်သို့ မှီချထားရကာ အားနည်းသော အသံဖြင့် မေးလိုက်သည်။

"အား... လူယုတ်မာ... နင့်လက်တွေ ဖယ်စမ်း... ငါ့ကို မကိုင်နဲ့..."

"ဟဲဟဲ... ခွေးမလေး... အော်နေစမ်းပါ... ခဏနေရင် မင်း ကြိုက်သလောက် အော်လို့ ရတယ်... မင်းကို အော်လို့တောင် မထွက်နိုင်အောင် လုပ်ပေးမယ်..."

လီကျီဝမ်က ဒေါသတကြီး ပြောလိုက်ပြီး ရုန်းကန်နေသော ဟယ်မင်ယီအား ဟိုတယ်ဘက်သို့ အတင်းအဓမ္မ ဆွဲခေါ်သွားလေတော့သည်။

ယခုအခါမှသာ ဟယ်မင်ယီသည် အခြေအနေ မဟန်တော့ကြောင်း သတိပြုမိသွားလေသည်။ သူမ၏ တစ်ကိုယ်လုံး အားအင် ကုန်ခမ်းနေပြီး နှလုံးခုန်များ အလွန် မြန်ဆန်ကာ ကိုယ်အပူချိန်များလည်း တက်နေသဖြင့် ဆေးခတ်ခံလိုက်ရပြီ ဖြစ်ကြောင်း သူမ ကောင်းစွာ သိရှိသွားလေပြီ။ လီကျီဝမ်၏ ကောက်ကျစ်ယုတ်မာသော မျက်နှာကို ကြည့်ကာ သူမ အလွန် ထိတ်လန့်သွားပြီး ကယ်ပါဦး ဟု အော်ဟစ်လိုက်သော်လည်း မည်သူကမျှ ဂရုမစိုက်ကြချေ။

"ဟွန်း... အော်နေလည်း အလကားပဲ..."

လီကျီဝမ်က လှောင်ပြောင်လိုက်ပြီး ဟယ်မင်ယီအား ဟိုတယ် တံခါးဝသို့ပင် ဆွဲခေါ်လာခဲ့လေပြီ။

"နင်... လီကျီဝမ်... ငါ့အဖေ နင့်ကို သတ်ပစ်မှာကို နင် မကြောက်ဘူးလား..."

"ငါတို့ ကိစ္စ ပြီးသွားလို့ကတော့... ဦးလေးကတောင် ငါတို့ကို သဘောတူချင် တူသွားမှာပါ..."

လီကျီဝမ်သည် သွေးဆူနေပြီ ဖြစ်ရာ ဟယ်မင်ယီ၏ ခြိမ်းခြောက်မှုကို လုံးဝ ဂရုမစိုက်တော့ချေ。

"ဟေး... ညီလေး... ငါ့ညီမလေးကို ဆွဲပြီး ဘာလုပ်မလို့လဲ... အခွင့်အရေး ယူမလို့လား..."

လီကျီဝမ် တစ်ယောက် မျှော်လင့်ချက်မဲ့နေသော ဟယ်မင်ယီအား ဟိုတယ်ထဲသို့ ဆွဲသွင်းရန် ပြင်လိုက်စဉ်မှာပင် လက်တစ်ဖက်က သူ့အား လာရောက် ဆွဲထားလိုက်လေသည်။

"ဘယ်က သောက်ကောင်လဲကွ... သေချင်နေတာလား..."

လီကျီဝမ်က သူ့အား လာဆွဲသူကို ဒေါသတကြီး လှည့်ကြည့်လိုက်ရာ ထိုသူမှာ ဆွန်ဖုန်း ဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။

"ဟာ... အကင်ရောင်းတဲ့ သောက်ကောင်... ပြီးခဲ့တဲ့ကိစ္စအတွက် မင်းကို စာရင်းမရှင်းရသေးဘူး... အခု ငါ့ရှေ့ကို ကိုယ်တိုင် ရောက်လာတာလား..."

လီကျီဝမ်သည် ဆွန်ဖုန်းကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားသလို ဒေါသများလည်း ပေါက်ကွဲထွက်လာလေသည်။

"ငါ့ညီမလေးကို လွှတ်လိုက်... မဟုတ်ရင် လူဆိုတာ ဘယ်လို နေရတယ် ဆိုတာ ငါ သေချာ သင်ပေးလိုက်မယ်..."

ဆွန်ဖုန်းက လီကျီဝမ်၏ စကားကို လုံးဝ ဂရုမစိုက်ဘဲ ခပ်အေးအေးပင် ပြောလိုက်သည်။

"မင်းညီမလေး... ဟယ်မင်ယီ က ဘယ်တုန်းက မင်းညီမလေး ဖြစ်သွားတာလဲ... မင်း လာမရှုပ်နဲ့နော်... မဟုတ်ရင် မင်း တစ်သက်လုံး ဘီးတပ်ကုလားထိုင်ပေါ်မှာ နေရအောင် လုပ်ပစ်မယ်..."

လီကျီဝမ်က ဆွန်ဖုန်းအား ဒေါသတကြီး စိုက်ကြည့်ကာ ခြိမ်းခြောက်လိုက်သည်။

"မင်းက ပါးစပ်ကပဲ အော်နိုင်တာလား... အခု မင်းကို ချက်ချင်း အလဲထိုးပြမယ်..."

ဆွန်ဖုန်းက ဘာမှ ဆက်မပြောတော့ဘဲ လက်သီးကို ဆုပ်ကာ လီကျီဝမ်၏ မျက်နှာကို တည့်တည့် ထိုးချလိုက်လေတော့သည်။

"ဘုန်း..."

ဆိုသော အသံကျယ်ကြီးနှင့်အတူ မည်သို့မျှ မတုံ့ပြန်နိုင်သေးသော လီကျီဝမ်၏ မျက်နှာကို ဆွန်ဖုန်း၏ လက်သီးက အားပါးတရ ထိမှန်သွားလေသည်။

လီကျီဝမ်သည် ဝက်တစ်ကောင် အသတ်ခံရသကဲ့သို့ အော်ဟစ်ကာ ဘေးသို့ လဲကျသွားလေသည်။ ဟယ်မင်ယီသည်လည်း ညည်းတွားရင်း မြေကြီးပေါ်သို့ ပုံကျသွားလေသည်။

"အသုံးမကျတဲ့ကောင်..."

ဆွန်ဖုန်းက မြေကြီးပေါ် လဲကျနေသော လီကျီဝမ်ကို တစ်ချက်ကြည့်လိုက်ပြီး ဟယ်မင်ယီအား ပွေ့ချီကာ ထွက်ခွာလာခဲ့လေတော့သည်။

သတိပြန်ဝင်လာသော လီကျီဝမ်သည် ဆွန်ဖုန်း၏ ကျောပြင်ကို ကြည့်ကာ ဒေါသတကြီး ဆဲဆိုနေသော်လည်း သူ မတ်တတ်ရပ်နိုင်ချိန်တွင် ဆွန်ဖုန်းမှာ အရိပ်အယောင်မျှပင် မတွေ့ရတော့ချေ။

BMW i8 ကားပေါ်တွင် ဆွန်ဖုန်းက ကားမောင်းနေပြီး ဟယ်မင်ယီမှာ ခရီးသည် ခုံပေါ်တွင် မှီကျနေလေသည်။ ဆွန်ဖုန်းသည် ဟယ်မင်ယီ၏ အိမ်လိပ်စာကို မသိသဖြင့် သူ့အိမ်သို့သာ အရင် ခေါ်သွားရန် ဆုံးဖြတ်လိုက်သည်။

ယခုအခါ ဟယ်မင်ယီ တစ်ယောက် အသိစိတ် လုံးဝ လွတ်နေလေပြီ။ သူမ၏ တစ်ကိုယ်လုံး ပူနွေးနေပြီး ဘေးတွင် ကားမောင်းနေသော ဆွန်ဖုန်းကို မြင်သည်နှင့် အတင်း ဝင်ဖက်ကာ ဆွန်ဖုန်း၏ နားရွက်နားသို့ ကပ်၍ အသက်ရှူငွေ့များ မှုတ်ထုတ်နေလေသည်။

"ဟေ့... ဖယ်စမ်း... ငါ ကားမောင်းနေတယ်..."

ဟယ်မင်ယီ ဝင်ဖက်သည်ကို ဆွန်ဖုန်းက လက်ဖြင့် တွန်းထုတ်လိုက်သည်။

သို့သော် ဆယ်စက္ကန့်ပင် မကြာလိုက်ချေ။ ဟယ်မင်ယီသည် ထပ်မံ၍ ဝင်ဖက်ပြန်လေသည်။

"ဟေ့... ဖယ်စမ်းဆို... ငါ ကားတိုက်မသေချင်ဘူး..."

ဆွန်ဖုန်းက ဆဲဆိုရင်း ဟယ်မင်ယီကို ထပ်မံ တွန်းထုတ်လိုက်ပြန်သည်။

သို့သော် ဆေးအရှိန် လုံးဝ တက်နေသော ဟယ်မင်ယီမှာ မိမိကိုယ်ကိုယ် မည်သို့ ထိန်းချုပ်နိုင်မည်နည်း။ ဆွန်ဖုန်း အပေါ်သို့ ထပ်မံ ပစ်ဝင်လာပြန်လေသည်။

"သောက်ကျိုးနည်း... မင်းနှမကို လာဖက်နေ..."

ဆွန်ဖုန်းသည် ဟယ်မင်ယီကို အားကုန် တွန်းထုတ်လိုက်ပြီး သူမ၏ လှပသော မျက်နှာလေးကို ပါးချည်း ဆက်တိုက် ရိုက်ချလိုက်လေတော့သည်။

“ဖြန်း... ဖြန်း... ဖြန်း…”

ဟယ်မင်ယီသည် နာကျင်သဖြင့် အော်ဟစ်လိုက်ပြီး သူမ၏ သေးသွယ်လှပသော မျက်နှာလေးမှာ ချက်ချင်းပင် ရောင်ရမ်းလာကာ အလွန် သနားစရာ ကောင်းနေလေတော့သည်။

"ငါ... လိုချင်တယ်..."

"နင့်အမေကို သွားလိုချင်..."

ဟယ်မင်ယီမှာ ပါးရိုက်ခံရသော်လည်း ဆွန်ဖုန်းအပေါ်သို့ ထပ်မံ ခုန်အုပ်လာသဖြင့် ဆွန်ဖုန်းလည်း ဒေါသထွက်ကာ ကားကို ရပ်လိုက်ပြီး သူမအပေါ်သို့ ပြန်လည် ခုန်အုပ်လိုက်ရာ ကားထဲတွင် သူတို့နှစ်ဦး နပန်းလုံးပွဲ စတင်လေတော့သည်။

......

တစ်နာရီ အကြာတွင် နပန်းလုံးပွဲ ပြီးဆုံးသွားပြီးနောက် ဆွန်ဖုန်းသည် အားအင် ကုန်ခမ်းနေသော ဟယ်မင်ယီအား ခေါ်ဆောင်ကာ ဗီလာသို့ ပြန်လာခဲ့လေသည်။

ဗီလာသို့ ရောက်သောအခါ ယန်ရွှယ် မအိပ်သေးသည်ကို တွေ့လိုက်ရသဖြင့် ဆွန်ဖုန်းက မေ့မြောနေသော ဟယ်မင်ယီကို ယန်ရွှယ်ထံသို့ လွှဲပြောင်းပေးလိုက်ပြီး ပြောလိုက်သည်။

"သူ့ကို ရေသွားချိုးပေးလိုက်ဦး..."

ယန်ရွှယ်သည် ဆွန်ဖုန်းက မိန်းမချောလေး တစ်ယောက်ကို ပွေ့ချီလာသည်ကို မြင်သောအခါ မျက်နှာ အနည်းငယ် ပျက်သွားသော်လည်း ဆွန်ဖုန်း၏ အမိန့်ကို နာခံကာ ဟယ်မင်ယီအား တွဲ၍ ရေချိုးပေးရန် ခေါ်သွားလေသည်။

တစ်ညတာ တိတ်ဆိတ်စွာ ကုန်လွန်သွားပြီး နောက်တစ်နေ့ နံနက်တွင် ဆွန်ဖုန်း အိပ်မောကျနေစဉ် ဘေးဘက် အခန်းမှ ပေါက်ကွဲလုမတတ် ဆူညံသံကြီး တစ်ခု ထွက်ပေါ်လာလေသည်။

"ဆွန်ဖုန်း... ခွေးကောင်... နင် ငါ့ကို တာဝန်ယူရမယ်နော်..."

ဟယ်မင်ယီ၏ အော်သံကြီးက ကောင်းကင်သို့ပင် ထိုးတက်သွားလေတော့သည်။

All Chapters