အခန်း ၂၇
Vol. 3 Ch. 27
အခန်း (၂၇) မမျှော်လင့်ထားသော သတင်း
နောက်တစ်နေ့တွင် နေအတော်မြင့်မှ ဆွန်ဖုန်း တစ်ယောက် ပျင်းရိပျင်းတွဲဖြင့် အိပ်ရာမှ နိုးလာခဲ့သည်။ အိပ်ချင်သလောက်အိပ်၊ ပိုက်ဆံတွေကိုလည်း လက်ညောင်းအောင် ရေတွက်ရမယ် ဆိုသည်မှာ လူတိုင်း၏ အိမ်မက်ဖြစ်ပြီး ယနေ့တွင် ဆွန်ဖုန်း ထိုအိမ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့ပြီဖြစ်သည်။
ယနေ့တွင် ယန်ရွှယ်မှာ အလုပ်ပိတ်ရက်ဖြစ်၍ သူမ နံနက်ခင်း လေ့ကျင့်ခန်း လုပ်ပြီး ပြန်လာချိန်တွင် ဆွန်ဖုန်း အိပ်ရာမှ နိုးလာခြင်းဖြစ်သည်။ သူမ၏ ဆွဲဆောင်မှုရှိသော အားကစားဝတ်စုံကို ကြည့်ပြီး ဆွန်ဖုန်း၏ မျက်လုံးများ အရောင်တောက်သွားကာ သူမကို ပွေ့ချီ၍ ရေချိုးခန်းထဲသို့ တန်းခေါ်သွားလေတော့သည်။
နာရီဝက်ခန့်အကြာတွင် သူတို့နှစ်ဦး ရေချိုးပြီး ထွက်လာကာ အပြင်သို့ နံနက်စာ ထွက်စားရန် ပြင်ဆင်ကြသည်။
ယန်ရွှယ်မှာ အလွန်လှပသူဖြစ်ပြီး မိတ်ကပ်ပါးပါးလေး လိမ်းထားကာ ရင်ဟိုက်အင်္ကျီ၊ ဆွဲဆောင်မှုရှိသော ဘောင်းဘီတို၊ နေကာမျက်မှန်နှင့် ဖားလျားချထားသော ဆံပင်ရှည်တို့ဖြင့် လမ်းလျှောက်လာရာ လမ်းသွားလမ်းလာများစွာ၏ အကြည့်ကို ဖမ်းစားထားလေသည်။
နံနက်စာစားပြီးနောက် ဆွန်ဖုန်းသည် ယန်ရွှယ်ကို သူမလုပ်စရာရှိသည်များကို လုပ်ရန် ပြောခဲ့ပြီး သူကမူ အလုပ်ရှိသဖြင့် ထွက်လာခဲ့သည်။ ယနေ့ သူသည် တောင်တရုတ်ပင်လယ်သို့ သွားရန် ရည်ရွယ်ထားခြင်းဖြစ်သည်။
ရေအောက်ကမ္ဘာ ဖွံ့ဖြိုးတိုးတက်ရေးစနစ် လက်ပတ်နာရီကို ယူဆောင်ပြီးနောက် ကမ်းစပ်အပန်းဖြေစခန်းသို့ မောင်းနှင်သွားကာ မကြာမီမှာပင် ရေငုပ်စစ်ဝတ်စုံကို ဝတ်ဆင်ထားသော ဆွန်ဖုန်းသည် ပင်လယ်ကြမ်းပြင်၌ ပေါ်လာလေသည်။
"ယခင်က ထောက်လှမ်းမိထားတဲ့ အနီရောင် သန္တာကျောက်တန်းဆီကို ဦးတည်လိုက်စမ်း"
"အမိန့်အတိုင်းပါ ပိုင်ရှင်..."
ရေငုပ်စစ်ဝတ်စုံမှာ အရှိန်အဟုန်ဖြင့် ရှေ့သို့ တိုးသွားသည်။ ယခင်က တောင်တရုတ်ပင်လယ်သို့ သွားစဉ် လမ်းခရီး၌ အနီရောင် သန္တာကျောက်တန်း နှစ်နေရာကို သူ ထောက်လှမ်းမိခဲ့သော်လည်း အချိန်မရှိ၍ မဝင်ခဲ့ချေ။ ယခုအခါ အလွန်အမင်း အလျင်မလိုတော့သဖြင့် ထိုသန္တာကျောက်တန်းများကို သွားရောက် သိမ်းဆည်းရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
နှစ်နာရီခန့်အကြာတွင် ထိုနေရာသို့ ရောက်ရှိသွားသည်။ ထိုနေရာမှာ လူသူကင်းမဲ့သော ကျွန်းငယ်လေးတစ်ခု၏ ကမ်းလွန်ဖြစ်ပြီး ရေအနက် မီတာ ၁၀၀ ကျော်ခန့်ရှိကာ ရေအောက်ကြမ်းပြင်တွင် ကျောက်ဆောင်များစွာနှင့် အလွန်လှပသော ရှုခင်းများ ရှိနေပေသည်။
အနီ၊ အစိမ်း ရောင်စုံနေသော ရေမှော်ပင်များ၊ ကျောက်ဆောင်များတွင် ကပ်နေသော သက်ရှိများနှင့် ငါးအုပ်ကြီးများကို မြင်တွေ့ရသည်။ နေရောင်ခြည်က ရေအောက်သို့ ထိုးဖောက်ဝင်ရောက်လာကာ အလင်းယိုင်နေမှုက အဗာတာ ကမ္ဘာထဲ ရောက်နေသကဲ့သို့ ဆွန်ဖုန်းကို ခံစားရစေသည်။
"ရေအောက်ကမ္ဘာက ကုန်းပေါ်ထက်တောင် ပိုလှနေပါလား"
ဆွန်ဖုန်းက တအံ့တဩ ရေရွတ်လိုက်မိသည်။ လူသားတွေ ဘာလို့ လပေါ်၊ အင်္ဂါဂြိုဟ်ပေါ် သွားနေကြတာလဲ၊ ဒီရေအောက်မှာပဲ အခြေချနေထိုင်ရင် ဘယ်လောက်ကောင်းမလဲ။
"အနီရောင် သန္တာကျောက်တန်းက ရှေ့ မီတာ ၅၀ မှာ ရှိပါတယ်" ဟု အသံလက်ထောက်က သတိပေးလိုက်သည်။
ဆွန်ဖုန်းသည် ခဏတာ ငေးမောကြည့်ရှုပြီးနောက် ဦးတည်ရာသို့ သွားလိုက်ရာ သန္တာတောကြီးကို မြင်လိုက်ရချိန်တွင် မှင်တက်သွားလေတော့သည်။
နီရဲနေတာပဲ...
"အို... ဘုရားရေ..." ဆွန်ဖုန်းမှာ မျက်လုံးအပြူးသားဖြင့် "တစ်၊ နှစ်၊ သုံး၊ လေး..." ဟု လက်ညှိုးထိုး ရေတွက်ကြည့်ရာ စုစုပေါင်း အနီရောင် သန္တာပင် (၁၂) ပင် ရှိနေပေသည်။
ထိုသန္တာပင် (၁၂) ပင်ကြောင့် ရေအောက်ကြမ်းပြင်တစ်ခုလုံး နီရဲတောက်ပနေပြီး လွန်စွာ လှပနေသည်။ အကြီးအသေး စုံလင်လှပြီး အသေးဆုံးမှာ တစ်ပေခန့် ရှိကာ အကြီးဆုံးမှာ နှစ်ပေကျော်အထိ ကြီးမားလေသည်။
"ချမ်းသာပြီဟေ့..." ဆွန်ဖုန်းသည် သန္တာပင်တစ်ပင်ကို သွားရောက်ကိုင်တွယ်ကြည့်ရင်း သွားရည်ပင် ကျလုမတတ် ဖြစ်သွားသည်။
ဤတစ်ခေါက်တင် ယွမ်သန်းချီ ဝင်ဦးမည်မှာ သေချာလှပေသည်။ ဤသည်မှာ သတ္တုတူးခြင်းထက်ပင် ငွေရှာရ ပိုမြန်နေသေးသည်။ သတ္တုကို ရောင်းချရန် ခေါင်းစားရသော်လည်း ဤသန္တာပင်များကိုမူ ရေငုပ်စစ်ဝတ်စုံကို အသုံးပြု၍ အဆင်တန်ဆာများအဖြစ် ပြုပြင်ပြီး ရောင်းချလိုက်ရုံသာဖြစ်သည်။
ထို့နောက် ဆွန်ဖုန်းသည် စတင်တူးဖော်လေတော့သည်။ တစ်နာရီခန့်အကြာတွင် အနီရောင်သန္တာပင် (၁၂) ပင်လုံးကို သိုလှောင်ရုံထဲသို့ သိမ်းဆည်းနိုင်ခဲ့သည်။
"နောက်ထပ် တစ်နေရာ ကျန်သေးတယ်..." ဆွန်ဖုန်းသည် ကျန်ရှိနေသေးသော သန္တာကျောက်တန်းရှိရာသို့ ဆက်လက်ထွက်ခွာခဲ့သည်။
မိနစ်နှစ်ဆယ်ခန့်အကြာတွင် ထိုနေရာသို့ ရောက်ရှိသော်လည်း ထိုနေရာ၌ အနီရောင်သန္တာပင် တစ်ပင်တည်းသာ ရှိပြီး တစ်ပေကျော်ခန့်သာ ကြီးမားသည်။
ရှေ့ကနေရာနှင့် ယှဉ်လျှင် စိတ်ပျက်စရာကောင်းသော်လည်း 'ခြင်ဆိုတာ သေးပေမယ့် အသားပါတာပဲ' ဟု တွေးကာ ထိုတစ်ပင်ကိုပါ သိမ်းဆည်းလိုက်သည်။
ထို့နောက်တွင်တော့ သူ၏ အဓိက ရည်မှန်းချက်ဖြစ်သော တောင်တရုတ်ပင်လယ်သို့ သံသတ္တုခိုးရန် အပြေးအလွှား ထွက်ခွာခဲ့ပြန်သည်။
တောင်တရုတ်ပင်လယ် ကမ်းလွန်…
ဆွန်ဖုန်း၏ ခိုးယူမှုများကို မည်သူမျှ သတိမထားမိကြသေးချေ။ သူသည် အလွန်လျှို့ဝှက်စွာ လုပ်ဆောင်နေသဖြင့် ရေအောက်ကြမ်းပြင်မှ သတ္တုများကို တစ်စုံတစ်ယောက်က ခိုးယူနေလိမ့်မည်ဟု မည်သူမျှ ထင်မှတ်ထားမည်မဟုတ်ပေ။
ယခင်အတိုင်းပင် ဆွန်ဖုန်းသည် A အဆင့် တူးဖော်ရေးကိရိယာ (၁၀) ခုနှင့် စက်ရုပ်များကို အသုံးပြုကာ လုပ်ငန်းစတင်ခဲ့သည်။ အားလုံးမှာ အဆင်ပြေချောမွေ့စွာ လည်ပတ်နေသည်။
သုံးရက်တာ အချိန်မှာ အလျင်အမြန် ကုန်လွန်သွားခဲ့ပြီး နောက်ထပ် သံသတ္တု တန်ချိန် သုံးသန်းကို ရရှိခဲ့သည်။ ယခုအခါ ဆွန်ဖုန်း၏ လက်ထဲတွင် သံသတ္တု တန်ချိန် ၇.၅ သန်းအထိ ရှိနေပြီဖြစ်သည်။
၇.၅ သန်းဆိုသော ပမာဏမှာ အကြီးစား သတ္တုတွင်းတစ်ခု၏ တစ်နှစ်စာ ထုတ်လုပ်မှုနှင့် နီးပါးတူနေပြီဖြစ်သည်။ ဆွန်ဖုန်းမှာမူ သုံးခေါက်သွားရုံဖြင့် ရရှိခဲ့ခြင်း ဖြစ်ရာ အလွန်ပင် စိတ်လှုပ်ရှားဖွယ် ကောင်းလှပေသည်။
ဟိုင်ယန်မြို့သို့ ပြန်ရောက်သောအခါ လက်ပတ်နာရီကို အားသွင်းရန် ထားခဲ့ပြီး အိမ်သို့ ပြန်လာခဲ့သည်။ အိမ်ရောက်သောအခါ ယန်ရွှယ်မှာ ဟင်းလျာအစုံအလင်ဖြင့် စောင့်ကြိုနေလေသည်။ ရေနွေးနွေးဖြင့် ချိုးလိုက်ပြီးနောက် သူတို့နှစ်ဦး ရင်းနှီးနွေးထွေးစွာ ညစာ စားသောက်ကြသည်။
"ယန်ရွှယ်... မင်း အချိန်ကြည့်ပြီး အလုပ်ထွက်လိုက်တော့…ငါ နောက်ရက်ပိုင်းကျရင် ကျောက်မျက်ရတနာဆိုင်တစ်ဆိုင် ဖွင့်မလို့…အဲဒီဆိုင်ကို မင်းကို စီမံခန့်ခွဲခိုင်းမယ်" ဟု ဆွန်ဖုန်းက ဝိုင်သောက်ရင်း ပြောလိုက်သည်။
သူသည် ယန်ရွှယ်ကို သူ၏ ချစ်သူအဖြစ် တရားဝင် လက်မခံသော်လည်း သူမသည် သူ၏ မယားငယ်ဖြစ်နေပြီဖြစ်ရာ သူမကို အခြားသူများ၏ လက်အောက်တွင် အလုပ်မလုပ်စေချင်တော့ချေ။
အဓိကအချက်မှာ ဆွန်ဖုန်းသည် နောင်တွင်လည်း ရွှေတွင်းများ၊ နစ်မြုပ်နေသော သင်္ဘောများနှင့် အဖိုးတန် သန္တာကျောက်တန်းများကို ရှာဖွေတွေ့ရှိဦးမည်မှာ သေချာလှသည်။ ထို့ကြောင့် မိမိဘာသာ ရတနာဆိုင်တစ်ဆိုင်ဖွင့်ကာ မိမိပစ္စည်းကို မိမိဘာသာ ပြန်ရောင်းခြင်းက ပို၍ အဆင်ပြေလိမ့်မည်ဟု သူ တွေးတောထားခြင်းဖြစ်သည်။
"အစ်ကိုဖုန်း... ဒါက..." ယန်ရွှယ်၏ မျက်လုံးများမှာ ဝဲတက်လာသည်။ ဆွန်ဖုန်းက သူမကို ကာမဖြေဖျောက်ရန်အတွက်သာ ထားရှိပြီး ဤအရာမှာ အရောင်းအဝယ်တစ်ခုသာ ဖြစ်သည်ဟု သူမ ထင်မှတ်ထားခဲ့သော်လည်း အတူနေထိုင်လာသည့် အတောအတွင်း သူမ၏ ရင်ထဲ၌ ဆွန်ဖုန်းအပေါ် ခံစားချက်လေးများ စတင် ဖြစ်ပေါ်လာခဲ့သည်။
သူမသည် ဇနီးအစစ် မဖြစ်နိုင်ကြောင်း သိထားသော်လည်း ဆွန်ဖုန်း၏ စကားကြောင့် သူမ အလွန် စိတ်လှုပ်ရှားသွားရသည်။
"ငါက မင်းကို သူများလက်အောက်မှာ မျက်နှာငယ်ငယ်နဲ့ အလုပ်မလုပ်စေချင်ဘူး" ဟု ဆွန်ဖုန်းက ခပ်အေးအေးပင် ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ" ယန်ရွှယ်က ခေါင်းညိတ်လိုက်သည်။
ထမင်းစားပြီးနောက် ယန်ရွှယ်က သိမ်းဆည်းမှုများ လုပ်ဆောင်နေစဉ် ဆွန်ဖုန်းသည် သူမ၏ လှပသော ကျောပြင်ကို ကြည့်ကာ ပြုံးလိုက်မိသည်။ ယန်ရွှယ်သာ ဤမျှ အိမ်မှုကိစ္စ နိုင်နင်းသူ မဟုတ်ပါက သူ ဤကဲ့သို့ ဆက်ဆံမည်မဟုတ်ချေ။
ဆွန်ဖုန်းသည် အလုပ်မရှိသဖြင့် စာကြည့်ခန်းထဲသို့ သွားကာ ကွန်ပျူတာ ဖွင့်လိုက်သည်။ ရွှေလက်ချောင်း ရရှိပြီးကတည်းက အင်တာနက် မသုံးဖြစ်သည်မှာ ကြာပြီဖြစ်သည်။ ဂိမ်းနှစ်ပွဲခန့် ဆော့ပြီးနောက် သူ ငြီးငွေ့လာခဲ့သည်။ ဘဝအခြေအနေ ပြောင်းလဲသွားချိန်တွင် ဂိမ်းများအပေါ် စိတ်ဝင်စားမှု လျော့နည်းသွားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
သတင်းများကို လှန်လှောကြည့်ရှုနေစဉ် သတင်းတစ်ခုက သူ၏ အာရုံကို ဖမ်းစားသွားလေသည်။
"တောင်တရုတ်ပင်လယ်အတွင်းရှိ လူသူကင်းမဲ့သော ကျွန်းအနီးတွင် ဖိလစ်ပိုင် အသားညိုကောင်များက ရွှေတွင်းအသစ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်…ထိုရွှေတွင်းတွင် သန့်စင်ပြီးသား ရွှေတန်ချိန် ၃၀ ခန့် (ရွှေရိုင်းတန်ချိန် ၃ သိန်းခန့်) ထွက်ရှိနိုင်ဖွယ် ရှိသည်…..သို့သော် ရေအောက်အနက် ၁၅၀၀ မီတာတွင် တည်ရှိနေပြီး မြေအောက်၌ ကိန်းဝပ်နေသဖြင့် တူးဖော်ရန် အလွန် ခက်ခဲလှသည်….ထို့ကြောင့် အသားညိုကောင်များသည် အမေရိကန် ငှက်ပျောသီးကောင်များ၏ နည်းပညာကို အသုံးပြု၍ ပူးပေါင်းတူးဖော်ရန် စီစဉ်နေကြသည်..."
ထိုသတင်းကို ဖတ်ပြီးနောက် ဆွန်ဖုန်း၏ ရင်ထဲတွင် လှုပ်ရှားသွားသည်။ ဤသတင်းမှာ ယနေ့မှ ထွက်လာခြင်း ဖြစ်သဖြင့် ထိုရွှေတွင်းကို မတူးဖော်ရသေးကြောင်း သေချာလှသည်။ လက်ရှိ လူသားတို့၏ နည်းပညာဖြင့် မီတာ ၁၅၀၀ အနက်ရှိ ရွှေတွင်းကို တူးရန်မှာ အလွန် ခက်ခဲမည်မှာ အသေအချာပင်။
"ဟွန်း... တစ်လှေတည်းစီး တစ်ခရီးတည်း သွားနေကြတာပေါ့လေ... ငါကတော့ မင်းတို့ကို တစ်ခုမှ ရစေမှာ မဟုတ်ဘူး..."
ဆွန်ဖုန်း၏ မျက်နှာပေါ်တွင် ကောက်ကျစ်သော အပြုံးတစ်ခု ပေါ်ထွက်လာလေတော့သည်။