← Chapters

အခန်း ၃၄

Vol. 4 Ch. 34

အခန်း ၃၄

Vol. 4 Ch. 34

အခန်း (၃၄) ကားပေါ်မှာ စကားပြောကြမလား

(မှတ်ချက် - စာဖတ်သူတချို့က စက်ရုံကို ရက်သတ္တပတ် အနည်းငယ်အတွင်း ဆောက်လုပ်ပြီးစီးသွားတာ အရမ်းမြန်တယ်လို့ ထောက်ပြကြပါတယ်... ဒီနေရာမှာ ကျွန်တော် ရှင်းပြချင်ပါတယ်... စက်ရုံဆိုတာ ဘာလဲ... လေလုံမိုးလုံဖြစ်ရုံ ဆောက်ထားတဲ့ အဆောက်အအုံတစ်ခုပါပဲ၊ အတွင်းမှာ သံရည်ကျိုဖိုတို့ တခြားဘာတို့ ညာတို့ ဘာမှ မရှိပါဘူး။ ဇာတ်လမ်းထဲမှာလည်း ပြောခဲ့ပြီးသားပါ။ ရေအောက်ကမ္ဘာ ဖွံ့ဖြိုးတိုးတက်ရေး စနစ်ကြီးက ဇာတ်လိုက်အတွက် ထုတ်လုပ်မှုလိုင်း နှစ်ခု ထုတ်ပေးထားတာပါ။ ဒီထုတ်လုပ်မှုလိုင်း နှစ်ခုက အစအဆုံး အလိုအလျောက် စနစ်တွေပါ။ ကုန်ကြမ်းဝင်ပေါက်ကနေ သံသတ္တုတွေ ထည့်လိုက်တာနဲ့ အခြားထွက်ပေါက် တစ်ခုကနေ သံမဏိတုံး၊ သံမဏိချောင်းနဲ့ အထူးသံမဏိတွေ တိုက်ရိုက် ထွက်လာတာပါ။ ဒါကြောင့် ကမ္ဘာမြေပေါ်က ရိုးရာ သံရည်ကျိုနည်းစနစ်ကို သုံးထားတာ မဟုတ်ဘဲ ကမ္ဘာမြေကို အနှစ်နှစ်ဆယ်လောက် ကျော်လွန်နေတဲ့ ဂြိုဟ်သားနည်းပညာကို သုံးထားတာ ဖြစ်ပါတယ်။)

(TN / အဲ့တာမူရင်းစာရေးသူရှင်းပြထားတာကို ဘာသာပြန်ပေးတာနော်…။)

ဟယ်မင်ယီသည် ဆွန်ဖုန်း တစ်ယောက် ထိုလှပသော အမျိုးသမီးနှစ်ဦးနှင့် ရယ်မောကာ စကားပြောဆိုနေသည်ကို ကြည့်ပြီး သူမ၏ ရင်ထဲတွင် ဖော်ပြ၍မရသော ခံစားချက်မျိုး ဖြစ်ပေါ်နေမိသည်။

"လူရှုပ်ကြီး... ဒီသခင်မလေးက အဲဒီမိန်းမတွေထက် အများကြီး ပိုလှတယ်ဟဲ့..."

ဟယ်မင်ယီ၏ ရင်ထဲတွင် သိမ်မွေ့သော မကျေနပ်ချက်လေး တစ်ခု ဖြစ်ပေါ်လာသည်။ ဤသို့သော ဆန့်ကျင်ဘက် စိတ်ခံစားချက်များ ပေါ်လာသည်နှင့် သူမသည် ထိုအတွေးကို ချက်ချင်း ဖျောက်ဖျက်ပစ်လိုက်ပြီး သူမကိုယ်သူမ ဘာတွေဖြစ်နေမှန်း မသိတော့ဟု စိတ်ထဲမှ ရေရွတ်လိုက်မိသည်။

"ဟေး... အစ်ကိုဖုန်း... အစ်ကို့နောက်မှာ မိန်းမလှလေး တစ်ယောက်က အစ်ကို့ကိုပဲ စိုက်ကြည့်နေတယ်နော်..."

ဝူမုန်ရှင်းက ပြုံးကာ ပြောလိုက်သည်။

"အို..."

ဆွန်ဖုန်းသည် ထိုစကားကို ကြားသောအခါ စိတ်ထဲတွင် ကျိတ်၍ သဘောကျသွားသည်။ 'ငါက တကယ် ချောတာပဲ... ကော်ဖီလာသောက်တာတောင် မိန်းမလှလေး ငေးကြည့်ခံရတယ်...'

ဆွန်ဖုန်း လှည့်ကြည့်လိုက်သောအခါ မျက်နှာဖျော့တော့ နွမ်းနယ်နေသော ဟယ်မင်ယီကို တွေ့လိုက်ရသဖြင့် မျက်မှောင်ကြုတ်သွားပြီး သူမ ဘာကြောင့် ဒီနေရာကို ရောက်နေရသနည်းဟု စိတ်ထဲမှ တွေးလိုက်မိသည်။

ယခုအချိန်တွင် ဟယ်မင်ယီမှာ မျက်နှာဖျော့တော့ကာ ခန္ဓာကိုယ် ပိန်ချုံးနေသော်လည်း သူမ၏ အလွန်လှပသော မျက်နှာလေးကိုမူ ဖုံးကွယ်ထား၍ မရနိုင်ချေ။ ဤကဲ့သို့ နွမ်းနယ်နေမှုကြောင့်ပင် သူမအား ပို၍ သနားကရုဏာ သက်ဖွယ် ကောင်းစေပြီး ယုယကြင်နာချင်စိတ်များ ဖြစ်ပေါ်လာစေသည်။

ဟယ်မင်ယီသည် ဆွန်ဖုန်း ရုတ်တရက် လှည့်ကြည့်လာသည်ကို မြင်သောအခါ လန့်သွားပြီး ချက်ချင်း တစ်ဖက်သို့ လှည့်သွားလေသည်။ သူမ၏ ရင်ထဲတွင် ဒိန်းဒိုင်း ခုန်နေပြီး မျက်နှာပေါ်တွင်လည်း အကြောင်းပြချက်မရှိ အနေရခက်သော အမူအရာများ ပေါ်လာလေသည်။

ဟွမ်ကျားချန်သည် ဤအခြေအနေ အားလုံးကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသဖြင့် ဟယ်မင်ယီနှင့် ဆွန်ဖုန်းတို့ကြားတွင် ထုတ်ပြော၍မရသော လျှို့ဝှက်ချက်တစ်ခု သေချာပေါက် ရှိနေသည်ဟု ပို၍ ယုံကြည်သွားလေတော့သည်။

"ဘယ်လိုလဲ... ဟုတ်တယ် မဟုတ်လား... ကြည့်ရတာ ငါတို့ရဲ့ အစ်ကိုဖုန်းက တကယ်ကို ဆွဲဆောင်မှု ရှိတာပဲ... အဲဒီမိန်းမလှလေးက အစ်ကို့ကိုတောင် ရှက်ပြီး မကြည့်ရဲတော့ဘူး..."

ဝူမုန်ရှင်းက ရယ်မောရင်း ပြောလိုက်သည်။

"အဲဒါကတော့လေ... ငါက ဘယ်သူမှတ်လို့လဲ... တစ်ချိန်က ကျောင်းရဲ့ အချောဆုံး ကောင်လေးပဲဟာ..."

ဆွန်ဖုန်းက မျက်နှာပြောင်တိုက်ကာ ကြွားလုံးထုတ်လိုက်သော်လည်း သူ၏ စိတ်ထဲတွင်မူ ဟယ်မင်ယီထံသို့ သွားရောက် နှုတ်ဆက်သင့် မသင့် စဉ်းစားနေမိသည်။

သူသည် ဟယ်မင်ယီ၏ သူဌေးသမီး ဆိုးသွမ်းမှုများကို မနှစ်သက်သော်လည်း သူမမှာ အမှန်တကယ် လှပသူဖြစ်ကြောင်း ဝန်ခံရမည် ဖြစ်သည်။ ထို့အပြင် သူမ၏ ပထမဆုံးအကြိမ်ကိုလည်း သူ ရယူထားခဲ့ပြီး ဖြစ်ရာ ယုတ္တိတန်တန် စဉ်းစားကြည့်ပါက ဆွန်ဖုန်း အနေဖြင့် သူမအပေါ် တာဝန်ယူသင့်ပေသည်။

အမှန်တကယ်တော့ ထိုအချိန်က ဆွန်ဖုန်း ပြောခဲ့သော စကားများမှာလည်း ဒေါသထွက်၍ ပြောခဲ့ခြင်းသာ ဖြစ်သည်။ သူမက သဘောတူညီချက် သုံးချက်ဆိုပြီး ခြင်္သေ့မ တစ်ကောင်ကဲ့သို့ ရမ်းကားနေသည် မဟုတ်ပါလား။ ဆွန်ဖုန်းက ခြင်္သေ့မ တစ်ကောင်လို ချစ်သူမျိုးကို လက်ခံနိုင်ပါမည်လော။ လုံးဝ မဖြစ်နိုင်ပေ။

ဆွန်ဖုန်းမှာ ငွေရှိလာပြီးနောက် ယခင်ကထက် များစွာ မောက်မာလာခဲ့သည် ဆိုသော်လည်း လူတစ်ယောက်အနေဖြင့် သူ၏ ကိုယ်ပိုင် မူဝါဒများ ရှိနေဆဲ ဖြစ်သည်။ ထို့ကြောင့် သူသည် ခဏနေလျှင် ဟယ်မင်ယီနှင့် သီးသန့် စကားပြောရန် ဆုံးဖြတ်လိုက်သည်။

ထိုသို့ဖြင့် နာရီဝက်ခန့် ကြာပြီးနောက် ဆွန်ဖုန်းသည် ဝူမုန်ရှင်းနှင့် လျန်ယင်းတို့ကို အရင် ပြန်လွှတ်လိုက်ပြီး ဟယ်မင်ယီတို့၏ စားပွဲဆီသို့ ထလျှောက်သွားလေသည်။

"ဟယ်မင်ယီ... ခဏနေရင် ငါတို့ သီးသန့် စကားပြောဖို့ နေရာတစ်ခု ရှာကြမလား..."

ဆွန်ဖုန်းသည် ဟယ်မင်ယီ၏ ဘေးတွင် ဝင်ထိုင်လိုက်ပြီး သူမအား တိုးတိုးလေး ပြောလိုက်သည်။ သူသည် ဘေးတွင် ဟွမ်ကျားချန် ရှိနေသည်ကိုပင် ဂရုမစိုက်ဘဲ ပွင့်ပွင့်လင်းလင်းပင် ပြောချလိုက်သည်။

ဟယ်မင်ယီမှာ အနည်းငယ် ကြောင်အမ်းသွားသည်။ သူမမှာ ပြန်တော့မည်ဟု ပြင်ဆင်နေစဉ် ဆွန်ဖုန်းက ရုတ်တရက် ရောက်လာပြီး သီးသန့် စကားပြောရန် နေရာရှာကြမလားဟု ပြောလာလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ချေ။ ဤအချိန်တွင် မည်သို့ ပြန်ဖြေရမည်ကို သူမ မသိအောင် ဖြစ်နေသည်။ သူမသည်လည်း ဆွန်ဖုန်းနှင့် သီးသန့် စကားပြောရန် တွေးတောခဲ့ဖူးသော်လည်း မျက်နှာပူသဖြင့် သူ့ကို သွားမရှာခဲ့ခြင်း ဖြစ်သည်။

'သူတို့ကြားမှာ ပြဿနာ ရှိနေတာ သေချာတယ်...'

ဟွမ်ကျားချန်သည် ဆွန်ဖုန်း လှမ်းလာပြီး ဟယ်မင်ယီအား ထိုသို့ ပြောလိုက်သည်ကို မြင်သောအခါ သူမ၏ စိတ်ထဲတွင် ရာခိုင်နှုန်း တော်တော်များများ ခန့်မှန်းမိသွားပြီ ဖြစ်သည်။

"ကောင်းပြီလေ..."

နောက်ဆုံးတွင် ဟယ်မင်ယီက ခေါင်းညိတ်လိုက်ပြီး ဟွမ်ကျားချန်အား လှည့်ပြောလိုက်သည်။

"ကျားချန်... နင် အရင် ပြန်နှင့်လိုက်ပါလား... ငါ သူ့ကို ပြောစရာလေး ရှိလို့..."

"သူက..."

ဟွမ်ကျားချန်သည် စကားကို ဆုံးအောင် မပြောဘဲ ရပ်လိုက်သည်။ ဆွန်ဖုန်းက ဟယ်မင်ယီအပေါ် မကောင်းကြံမည်ကို သူမ စိုးရိမ်နေခြင်း ဖြစ်သည်။ မည်သို့ပင်ဆိုစေ ဟယ်မင်ယီမှာ အားနွဲ့သော အမျိုးသမီး တစ်ဦးသာ ဖြစ်သည် မဟုတ်ပါလား။

"ဘာမှမဖြစ်ပါဘူး... ငါ့ဟာငါ ကြည့်လုပ်ပါ့မယ်..."

ဟယ်မင်ယီက ပြန်ဖြေလိုက်သည်။ သို့သော် သူမ၏ စိတ်ထဲတွင်မူ 'မကောင်းကြံတော့ရော ဘာဖြစ်လဲ... ပြီးခဲ့တဲ့ တစ်ခေါက်ကတောင် ကြံပြီးသွားပြီပဲဟာ' ဟု တွေးနေမိသည်။

"ဒါဆိုလည်း ပြီးရော... တစ်ခုခုဖြစ်ရင် ငါ့ဆီ ဖုန်းဆက်လိုက်နော်..."

ဟွမ်ကျားချန်ကလည်း စကားများမနေတော့ဘဲ သတိပေးစကား တစ်ခွန်း ပြောကာ ဆွန်ဖုန်းအား တစ်ချက်ကြည့်ပြီးနောက် အရင် ထွက်သွားလေတော့သည်။

"ငါတို့ ဘယ်သွားပြောကြမလဲ..."

ဟွမ်ကျားချန် ထွက်သွားသည်ကို မြင်သောအခါ ဟယ်မင်ယီက ဆွန်ဖုန်းအား ကြည့်ကာ မေးလိုက်သည်။

"အပြင်မှာ လေလေးဘာလေးညင်းရင်း... ကားပေါ်မှာ စကားပြောကြမလား..."

ဆွန်ဖုန်းက မေးလိုက်သည်။

"ကောင်းပြီလေ..."

BMW i8 ကားလေးသည် ဟိုင်ယန်မြို့၏ ကမ်းခြေ ကားလမ်းမပေါ်တွင် အရှိန်အဟုန်ဖြင့် ပြေးလွှားနေသည်။ သို့သော် ကားအတွင်းရှိ လေထုမှာမူ အနည်းငယ် အနေရခက်နေလေသည်။ အဘယ်ကြောင့်ဆိုသော် ကော်ဖီဆိုင်မှ ထွက်လာကတည်းက သူတို့နှစ်ဦးမှာ စကားတစ်ခွန်းမျှ မပြောကြဘဲ တိတ်ဆိတ်စွာပင် ငြိမ်သက်နေကြသောကြောင့် ဖြစ်သည်။

"ဒီရက်ပိုင်း အဆင်ပြေရဲ့လား..."

နောက်ဆုံးတွင် ဆွန်ဖုန်းကပင် တိတ်ဆိတ်မှုကို အရင် ဖြိုခွဲလိုက်သည်။

"အဆင်ပြေပါတယ်..."

ဟယ်မင်ယီက ခံစားချက် ကင်းမဲ့သော မျက်နှာဖြင့် အေးစက်စက် ပြန်ဖြေလိုက်သည်။

"အဆင်ပြေတယ်... ဒါပေမယ့် မင်းမျက်နှာက နွမ်းနယ်နေပြီး ခန္ဓာကိုယ်လည်း ပိန်ကျသွားတာကို ငါ မြင်နေရတယ်လေ... ဘာလို့ ကိုယ့်ခန္ဓာကိုယ်ကို ဂရုမစိုက်ရတာလဲ..."

ဆွန်ဖုန်းက ဟယ်မင်ယီအား တစ်ချက် လှမ်းကြည့်လိုက်သော်လည်း သူမ၏ စိတ်အခြေအနေကိုမူ ဖတ်၍ မရနိုင်ခဲ့ချေ။

"ရှင်နဲ့ ဘာဆိုင်လို့လဲ..."

ဟယ်မင်ယီ၏ အသံမှာ အနည်းငယ် ကျယ်သွားသော်လည်း မျက်လုံးများကမူ ရှေ့သို့သာ ကြည့်နေဆဲ ဖြစ်သည်။

"ငါက ဂရုမစိုက်ရင် ဘယ်သူက ဂရုစိုက်မှာလဲ... မင်း ဒီလိုမျိုး ဆက်ဖြစ်နေရင်ရော ဘာအကျိုးရှိမှာလဲ... ကိစ္စတွေ အားလုံးကလည်း ဖြစ်ပြီးသွားပြီပဲ... မင်း ငါ့ကို သတ်ချင်ရင် သတ်လို့ရပေမယ့်... အဲဒီလို လုပ်လိုက်လို့ကော ဘာတွေ ပြန်ရလာမှာလဲ..."

ဆွန်ဖုန်းက ကားအရှိန်ကို လျှော့လိုက်ပြီး လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

"ဟုတ်တယ်... ငါက နင့်လို လူယုတ်မာကို သတ်ပစ်ချင်နေတာ... ဘာလို့လဲဆိုတော့ နင်က ငါ့ဘဝ တစ်ခုလုံးကို ဖျက်ဆီးပစ်ခဲ့လို့ပဲ..."

ဟယ်မင်ယီမှာ ပြောလေ ဒေါသထွက်လေ ဖြစ်လာပြီး နောက်ဆုံးတွင် မည်သည့်အရာကိုမျှ ဂရုမစိုက်တော့ဘဲ ဆွန်ဖုန်းအား လှမ်း၍ ကုတ်ဖဲ့ ရိုက်နှက်လေတော့သည်။

"အား... ဒီအရူးမလေး..."

ဆွန်ဖုန်းသည် ဟယ်မင်ယီက သူ့အား လှမ်း၍ ကုတ်ဖဲ့လာသည်ကို မြင်သောအခါ ကားကို ချက်ချင်း လမ်းဘေးသို့ ကပ်ကာ ရပ်လိုက်ရလေသည်။

ကားရပ်လိုက်ပြီးနောက် ဆွန်ဖုန်းသည် လက်နှစ်ဖက်ဖြင့် ဟယ်မင်ယီအား တင်းကျပ်စွာ ဖက်ထားလိုက်ပြီး သူမက သူ့၏ ကျောပြင်ကို ရိုက်နှက်နေခြင်းကို ခွင့်ပြုထားလိုက်သည်။

"လူယုတ်မာကြီး... လူယုတ်မာကြီး... ငါ နင့်ကို အရမ်းမုန်းတယ်..."

ဟယ်မင်ယီသည် ဆွန်ဖုန်းအား ရိုက်နှက်ရင်း ဆဲဆိုကာ မျက်ရည်များလည်း ကျဆင်းလာခဲ့သည်။

"အီး... ဟီး... ဟီး..."

ဆွန်ဖုန်းက ဘာမှ ပြန်မပြောဘဲ ဟယ်မင်ယီ တစ်လကျော်ကြာ မြိုသိပ်ထားခဲ့ရသော စိတ်ခံစားချက်များကို အားရပါးရ ပေါက်ကွဲခွင့် ပေးထားလိုက်သည်။

နောက်ဆုံးတွင် နာရီဝက်ခန့် ကြာပြီးနောက် ဟယ်မင်ယီလည်း ပင်ပန်းသွားပြီး ငိုရသည်မှာလည်း အားရသွားပြီ ဖြစ်ရာ ဆွန်ဖုန်းအား အားကုန်သုံး၍ တွန်းဖယ်လိုက်ပြီး ခရီးသည် ထိုင်ခုံတွင် ပြန်ထိုင်လိုက်လေသည်။

"ကဲ... မင်းလည်း အားရပါးရ ငိုပြီးသွားပြီဆိုတော့... အခု ငါတို့ သေချာ စကားပြောကြရအောင်..."

ဆွန်ဖုန်းသည် ဆေးလိပ်တစ်လိပ်ကို မီးညှိလိုက်ပြီး မီးခိုးများကို မှုတ်ထုတ်ရင်း ပြောလိုက်သည်။

ဟယ်မင်ယီသည် ဆွန်ဖုန်း ကားထဲတွင် ဆေးလိပ်သောက်နေသည်ကို မြင်သောအခါ မျက်မှောင်ကြုတ်သွားသော်လည်း ဘာမှ မပြောချေ။

ဆွန်ဖုန်းသည် ဟယ်မင်ယီ၏ အမူအရာကို မြင်သောအခါ ပြုံးလိုက်ပြီး ဆေးလိပ်ကို လွှင့်ပစ်လိုက်ကာ ဖြည်းညင်းစွာ ပြောလိုက်သည်။

"ကိစ္စတွေ အားလုံးကလည်း ဖြစ်ပြီးသွားပြီဆိုတော့... ငါတို့ ရှင်းရှင်းလင်းလင်း ပြောကြတာပေါ့... ပထမအချက်... ငါ့ကောင်မလေး လုပ်မလား... ဒုတိယအချက်... အဲဒီကိစ္စ မဖြစ်ခဲ့ဘူးလို့ သဘောထားပြီး ငါ့ဘက်က မင်းကို တစ်ခုခု ပြန်ပေးဆပ်မယ်..."

"ငါက နင့်ကောင်မလေး လုံးဝ မလုပ်နိုင်ဘူး... လူရှုပ်ကြီး..."

ဟယ်မင်ယီက ဆွန်ဖုန်းအား ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး တစ်ဖက်သို့ မျက်နှာလွှဲကာ ဆက်ပြောလိုက်သည်။

"ငါ့ကို ကြည့်ရတာ ပိုက်ဆံလိုနေတဲ့သူနဲ့ တူနေလို့လား..."

ဆွန်ဖုန်းသည် ဟယ်မင်ယီ၏ အဖြေကို ကြားသောအခါ ခါးသီးစွာ ပြုံးလိုက်မိပြီး သူဌေးသမီးများက အကိုင်တွယ်ရ အခက်ဆုံး ဖြစ်ကြောင်းကို စိတ်ထဲမှ တွေးလိုက်မိသည်။

"ဒါဆို မင်းစကားအရဆိုရင် ငါက ဘာမှ ပြန်ပေးဆပ်စရာ မလိုတော့ဘူးပေါ့... မင်းကလည်း ငါ့ကောင်မလေး မလုပ်ချင်ဘူးဆိုတော့ ရှင်းသွားတာပေါ့... မင်းအိမ် ဘယ်မှာလဲ... ငါ လိုက်ပို့ပေးမယ်..."

ဆွန်ဖုန်းက ပြုံးရင်း ပြောလိုက်သည်။

ဆွန်ဖုန်း၏ ဆိုလိုရင်းကို ဟယ်မင်ယီက နားမလည်ဘဲ နေမည်လား။ ဆွန်ဖုန်း၏ ဆိုလိုရင်းမှာ ပြဿနာ မရှိတော့သဖြင့် ကိုယ့်လမ်းကိုယ် လျှောက်ကြရန်ပင် ဖြစ်သည်။

"ဟွန်း... နင့်ကောင်မလေး လုပ်ပေးရမယ် ဆိုရင်လည်း ရတယ်... ဒါပေမယ့် နင် တခြားမိန်းမတွေကို အိမ်ခေါ်မလာရဘူး..."

ဟယ်မင်ယီက မျက်နှာပြန်လှည့်လာပြီး ဆွန်ဖုန်းအား ပြောလိုက်သည်။

"သဘောတူတယ်..."

ဆွန်ဖုန်းက အလွန် ဝမ်းသာသွားပြီး ပြန်ဖြေလိုက်သည်။ မခေါ်လာရဘူးဆိုလည်း မခေါ်လာရုံပေါ့။ မည်သို့ပင်ဆိုစေ သူ၏ မယားငယ်ကိုလည်း အပြင်တွင် ထားရှိရန် ရည်ရွယ်ထားပြီးသား ဖြစ်သည်။ ယခုတလော သူ၌ ချစ်သူ မရှိသေးသဖြင့်သာ ယန်ရွှယ်ကို အိမ်တွင် နေခွင့်ပြုထားခြင်း ဖြစ်သည်။

"ဒီညပဲ နင့်အိမ်ကို ငါ ပြောင်းလာခဲ့မယ်... အဲဒီ မြေခွေးမကို ချက်ချင်း နှင်ထုတ်လိုက်..."

ဟယ်မင်ယီက အေးစက်သော လေသံဖြင့် ပြောလိုက်သည်။

"ရပါတယ်..."

ဆွန်ဖုန်းက ပြုံးကာ ဆက်မေးလိုက်သည်။

"မင်း ငါ့အိမ်ကို ပြောင်းလာတာ... မင်းမိဘတွေက သဘောတူပါ့မလား..."

"ငါ့မိဘတွေ ဟိုင်ယန်မြို့မှာ မရှိဘူး..."

ဟယ်မင်ယီက ဖြေသည်။

"အဲဒါဆိုလည်း သိပ်ကောင်းတာပေါ့..."

"နင် ဘာပြောလိုက်တယ်..."

ဟယ်မင်ယီက ဆွန်ဖုန်းအား မျက်စောင်းထိုး ကြည့်လိုက်သည်။

"အာ... ဘာမှ မဟုတ်ပါဘူး..."

ဆွန်ဖုန်းက သွားဖြဲကာ ရယ်ပြလိုက်သည်။

All Chapters