← Chapters

အခန်း ၃၈

Vol. 4 Ch. 38

အခန်း ၃၈

Vol. 4 Ch. 38

အခန်း (၃၈) အမြန်တစ်ပွဲဆွဲခြင်း

ရေချိုးပြီးနောက် ဆွန်ဖုန်းသည် သက်တောင့်သက်သာ ဖြစ်သွားသည်။ ယခုအချိန်မှာ ညခုနစ်နာရီကျော်ခန့် ရှိပြီဖြစ်သည်။ ရေချိုးပြီး ထွက်လာသောအခါ ဟယ်မင်ယီ တစ်ယောက် ကိုရီးယား ဇာတ်လမ်းတွဲများကို စူးစိုက်ကြည့်ရှုနေသည်ကို တွေ့လိုက်ရသည်။

'မိန်းမတွေက ဘာလို့ ကိုရီးယား ဇာတ်လမ်းတွဲတွေကို ဒီလောက် ကြိုက်ကြတာလဲ မသိဘူး' ဟု ဆွန်ဖုန်းက စိတ်ထဲမှ တွေးလိုက်မိသည်။

"မင်ယီ... မင်း ထမင်းစားပြီးပြီလား..."

ဆွန်ဖုန်းသည် ယနေ့ တစ်နပ်တည်းသာ စားရသေးသဖြင့် ချက်ပြုတ်စားသောက်ရန် ပြင်ဆင်ရင်း မေးလိုက်သည်။

"မစားရသေးဘူး... နင် ပြန်မလာရင် ငါနဲ့ ကျားချန် အပြင်ထွက်စားမလို့ လုပ်နေတာ... အခု ငါတို့ ကလေးလေးက ဗိုက်ဆာပြီး သေတော့မယ်... မြန်မြန် သွားချက်တော့..."

ဟယ်မင်ယီက ကိုရီးယား ဇာတ်လမ်းတွဲကို စူးစိုက်ကြည့်နေရင်း ခေါင်းပင် မလှည့်ဘဲ ဆွန်ဖုန်းအား လှမ်းပြောလိုက်သည်။

"အိုကေ... နာရီဝက်လောက် စောင့်..."

ဟယ်မင်ယီ ဗိုက်ဆာနေပြီဟု ကြားသည်နှင့် အထူးသဖြင့် ကလေးလေး ဗိုက်ဆာနေပြီဟု ဆိုသဖြင့် ဆွန်ဖုန်းသည် ချက်ပြုတ်ရန် မီးဖိုချောင်သို့ ချက်ချင်း ပြေးဝင်သွားလေသည်။ သို့သော် မီးဖိုချောင်ထဲသို့ ရောက်သောအခါ ရေခဲသေတ္တာထဲတွင် ဘာမှ မရှိတော့သည်ကို တွေ့လိုက်ရသည်။

ဟင်းသီးဟင်းရွက်များ မရှိတော့သလို ယခင်က သူဝယ်ထားခဲ့သော နွားနို့နှင့် မုန့်အချိုပွဲများပင် ကုန်စင်နေပြီ ဖြစ်သည်။ ကြည့်ရသည်မှာ သူ မရှိသည့် သုံးရက်အတွင်း ဟယ်မင်ယီက အားလုံးကို ပြောင်စင်အောင် ရှင်းပစ်လိုက်ပုံ ရသည်။

"ဟင်းသီးဟင်းရွက်မှ မရှိတာ ဘယ်လို ချက်ရမလဲ..."

ဆွန်ဖုန်းက နဖူးကို ပွတ်ရင်း သူဌေးသမီးလေးများက တကယ်ကို ပျင်းရိလှပါတကားဟု စိတ်ထဲမှ ညည်းတွားလိုက်မိသည်။

"ဟေး... ဟင်းသီးဟင်းရွက်မှ မရှိတာ... ငါတို့ အပြင်ထွက် စားကြရအောင်..."

ဆွန်ဖုန်းက ဟယ်မင်ယီ၏ အနီးသို့ သွားကာ ပြောလိုက်သည်။

"အာ... အဲဒါဆို နင်က အပြန်ကျမှ ဟင်းသီးဟင်းရွက်လေး ဘာလေး ဝင်ဝယ်ခဲ့ပါလား... လူကို ဂရုစိုက်ရကောင်းမှန်းကို မသိဘူး..."

ဟယ်မင်ယီက ဆွန်ဖုန်းအား မျက်စောင်းထိုးကာ ပြောလိုက်ပြီးနောက် ဆက်ပြောသည်။

"ငါ အခန်းထဲဝင်ပြီး အဝတ်သွားလဲလိုက်ဦးမယ်..."

"......"

ဆွန်ဖုန်းမှာ စကားပင် မပြောနိုင်အောင် ဖြစ်သွားရသည်။ 'မင်းဘာသာမင်း ဂရုမစိုက်တာကို ငါ့လာပြောနေတယ်' ဟု စိတ်ထဲမှ ပြန်ပြောလိုက်မိသည်။

အမျိုးသမီးများဆိုသည်မှာ အမြဲတမ်း အလုပ်ရှုပ်တတ်ကြသည်။ ဟယ်မင်ယီ အခန်းထဲဝင်၍ အဝတ်လဲသည်မှာ နာရီဝက်ခန့် ကြာပြီး မိတ်ကပ်လိမ်းသည်က နာရီဝက်ခန့် ထပ်ကြာပြန်သည်။ ဆွန်ဖုန်းမှာ သူမ တကယ်ရော ဗိုက်ဆာနေရဲ့လားဟုပင် တွေးနေမိသည်။ မည်သို့ပင်ဆိုစေ သူကမူ ပန်းတွေတောင် ညှိုးလောက်အောင် စောင့်ဆိုင်းနေရပြီ ဖြစ်သည်။

တစ်နာရီခန့် ကြာပြီးနောက်မှသာ ဆွန်ဖုန်းနှင့် ဟယ်မင်ယီတို့ အပြင်ထွက်လာနိုင်ခဲ့သည်။ သူတို့သည် BMW i8 ကို မောင်းနှင်ကာ စားသောက်ဆိုင် တစ်ဆိုင်သို့ သွားရောက်ခဲ့ပြီး ဟင်းလျာများကို မှာယူကာ စတင် စားသောက်ကြလေသည်။

ဤသည်မှာ ဆွန်ဖုန်းနှင့် ဟယ်မင်ယီတို့ အပြင်တွင် ပထမဆုံးအကြိမ် အတူတူ ထမင်းစားခြင်း ဖြစ်သည်။

"ဒါနဲ့... မနက်ဖြန်ည ကပွဲတစ်ခု ရှိတယ်... နင် သွားမလား..."

ဟယ်မင်ယီက မေးလိုက်သည်။

"ဘာ ကပွဲလဲ..."

ဆွန်ဖုန်းက ကြက်ပေါင်ကြီးကို ကိုက်ရင်း ခေါင်းမော့ကာ မေးလိုက်သည်။ ကပွဲဆိုသည်မှာ တီဗီထဲတွင်သာ မြင်ဖူးပြီး အထက်တန်းလွှာများသာ သွားရောက်လေ့ရှိကြောင်းကို သူ သိထားသော်လည်း အသေးစိတ်ကိုမူ ကောင်းစွာ မသိရှိခဲ့သလို တစ်ခါမျှလည်း မသွားဖူးခဲ့ချေ။

"စီးပွားရေး လုပ်ငန်းရှင်တွေကြားက တွေ့ဆုံပွဲလေး တစ်ခုပါ... နင် တစ်ခါမှ မသွားဖူးဘူးလား..."

ဟယ်မင်ယီက ဆွန်ဖုန်းအား တောသား တစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်ကာ မေးလိုက်သည်။

"အာ... မသွားဖူးပါဘူး... ဆင်းရဲတဲ့ တောင်ပေါ်သားလေး တစ်ယောက်အနေနဲ့ အဲဒီလို နေရာမျိုးကို ဘယ်လိုလုပ် ရောက်ဖူးမှာလဲ..."

ဆွန်ဖုန်းက နှုတ်ခမ်းတွန့်ကာ ပြန်ဖြေလိုက်သည်။

"အဲဒါဆို မနက်ဖြန်ည ငါနဲ့ အတူတူ သွားရအောင်... ကျားချန် အစ်မလည်း လာမယ်တဲ့... နင့်ကို မျက်စိပွင့် နားပွင့် ဖြစ်အောင် ခေါ်သွားပေးမယ်... ပြီးတော့ အဆက်အသွယ်ကောင်းတွေ ရအောင်လည်း လုပ်ပေးမယ်... နင့်အတွက် အများကြီး အကျိုးရှိမှာပါ..."

ဟယ်မင်ယီက ပြောလိုက်သည်။

"ကောင်းပြီလေ... မိန်းမ သဘောပါပဲ..."

ဆွန်ဖုန်းက ပြုံးရင်း ပြောလိုက်သည်။

"ဘယ်သူက နင့်မိန်းမလဲ... စကားကို ဖြစ်ကတတ်ဆန်း မပြောနဲ့..."

ဟယ်မင်ယီက ဆွန်ဖုန်းအား မျက်စောင်းထိုးလိုက်သည်။

"ကလေးမွေးပြီးရင် ငါတို့ လက်ထပ်ရမှာပဲ မဟုတ်လား..."

ဆွန်ဖုန်းက ရယ်ကျဲကျဲဖြင့် ပြန်ပြောလိုက်သည်။

"အဲဒီအချိန်ကျမှ ပြောကြတာပေါ့..."

ဟယ်မင်ယီက ထိုအကြောင်းအရာကို ဆက်မပြောချင်တော့သဖြင့် စကားလမ်းကြောင်း လွှဲလိုက်သည်။

"ဒါနဲ့... နင် အမြဲတမ်း ပေါ့ပေါ့ပါးပါး အဝတ်အစားတွေပဲ ဝတ်နေတာ မြင်ရတယ်... ထမင်းစားပြီးရင် နင့်အတွက် အဝတ်အစား နည်းနည်းလောက် သွားဝယ်ကြမယ်..."

ဟယ်မင်ယီက ဆွန်ဖုန်း ဝတ်ဆင်ထားသော ယွမ်တစ်ရာတန် လမ်းဘေး အဝတ်အစားများကို ရွံရှာသကဲ့သို့ ကြည့်ကာ ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ မိန်းမ..."

"......"

ထမင်းစားပြီးနောက် ဟယ်မင်ယီသည် ဆွန်ဖုန်းအား ခေါ်ဆောင်ကာ ဟိုင်ယန်မြို့ရှိ နာမည်ကြီး ဈေးဝယ်စင်တာကြီး တစ်ခုသို့ အဝတ်အစား ဝယ်ရန် သွားရောက်ခဲ့သည်။ အစပိုင်းက ဆွန်ဖုန်းအတွက် အဝတ်အစား ဝယ်မည်ဟု ပြောခဲ့သော်လည်း ဈေးဝယ်စင်တာထဲသို့ ရောက်သည်နှင့် ဟယ်မင်ယီက ဆွန်ဖုန်းအား အမျိုးသမီး အဝတ်အထည်ဆိုင်များဆီသို့ တိုက်ရိုက် ဆွဲခေါ်သွားလေတော့သည်။

နာရီဝက်ခန့် ကြာပြီးနောက် ဆွန်ဖုန်းမှာ အဝတ်အစား တစ်ထည်မျှ မဝယ်ရသေးသော်လည်း ဟယ်မင်ယီကမူ အဝတ်အစား သုံးလေးစုံနှင့် ဖိနပ် နှစ်ရံကိုပင် ဝယ်ယူပြီးစီးသွားလေပြီ။

ဟယ်မင်ယီသည် ရှေ့မှ ပျော်ရွှင်စွာ လျှောက်နေပြီး ဆွန်ဖုန်းမှာမူ အဝတ်အစားနှင့် ဖိနပ်အိတ်များကို လက်နှစ်ဖက် အပြည့်ဆွဲကာ နောက်မှ မချိတင်ကဲ လိုက်ပါလာရလေသည်။

"ဒီမိန်းမ တကယ် ရက်စက်တာပဲ... အိမ်ထောင်ကို ဘယ်လို ထိန်းသိမ်းရမယ် ဆိုတာတောင် မသိဘူး... နာရီဝက်တောင် မကြာသေးဘူး... ငါ့ပိုက်ဆံ ယွမ်သိန်းချီပြီး ကုန်သွားပြီ..."

ဆွန်ဖုန်းက ဟယ်မင်ယီ၏ ဆွဲဆောင်မှုရှိသော ကျောပြင်ကို ကြည့်ကာ စိတ်ထဲမှ တိတ်တဆိတ် ညည်းတွားနေမိသည်။

"ဒါပေမယ့် ငါ့မှာ ပိုက်ဆံရှိလို့ တော်သေးတာပေါ့... ဒီလို အထာကြီးတဲ့ မိန်းမမျိုးကိုတောင် ရှာကျွေးနိုင်တာ..."

"မြန်မြန် လိုက်ခဲ့လေ... နင့်အတွက် အဝတ်အစား သွားရွေးပေးမယ်..."

ဟယ်မင်ယီက နောက်မှ ဖြည်းဖြည်းချင်း လိုက်လာသော ဆွန်ဖုန်းကို မြင်သောအခါ မကျေမနပ်ဖြင့် လှမ်းပြောလိုက်သည်။

"အိုကေ..."

Armani အမျိုးသား အဝတ်အထည်ဆိုင်။

"ဒီတစ်ထည် ဘယ်လိုနေလဲ..."

ဆွန်ဖုန်းသည် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ကာ အဝတ်လဲခန်းထဲမှ ထွက်လာပြီး ဟယ်မင်ယီ၏ ရှေ့တွင် ရပ်ကာ မေးလိုက်သည်။

"မကောင်းဘူး... မကောင်းဘူး... နောက်တစ်ထည် သွားလဲလိုက်..."

"အိုကေ..."

"ဒီတစ်ထည်ရော..."

"နင်နဲ့ မလိုက်ဘူး... နောက်တစ်ထည် သွားလဲ..."

"ဒါဆို ဒီတစ်ထည်ရော..."

"မဆိုးပါဘူး... ဒါပေမယ့် နင့်စတိုင်နဲ့ သိပ်မလိုက်သေးဘူး... နောက်တစ်ထည် သွားလဲကြည့်ဦး..."

ဟယ်မင်ယီက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"......"

ဆွန်ဖုန်းမှာ အလွန် စိတ်ပျက်သွားမိသည်။ ဆယ်ထည်ကျော်ခန့် လဲပြီးသော်လည်း သူကိုယ်တိုင် အမြင်တွင် အားလုံး ကောင်းမွန်နေသော်လည်း သူမက ဆက်လဲခိုင်းနေသေးသည်။ အရောင်းစာရေးမလေးပင် ဒေါသထွက်လုမတတ် ဖြစ်နေသည်ကို မမြင်ဘူးလား။ ဟယ်မင်ယီ၏ အဝတ်အစားများမှာ တန်ဖိုးကြီးပုံ ပေါ်နေ၍သာ အရောင်းစာရေးမလေးက နှုတ်ပိတ်နေခြင်း ဖြစ်သည်။ သို့မဟုတ်ပါက ခနဲ့တဲ့တဲ့ စကားများဖြင့် ပြောဆိုနေမည်မှာ အသေအချာပင် ဖြစ်သည်။

"ဒါဆို ဒီတစ်ထည်ရော ဘယ်လိုလဲ..."

နောက်ဆုံးတွင် ဆွန်ဖုန်းသည် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ကာ ဟယ်မင်ယီ၏ ရှေ့တွင် ရပ်လိုက်သည်။

"အင်း... ဒါလေး မိုက်တယ်... ဒီတစ်ထည်ပဲ ယူလိုက်မယ်..."

ဟယ်မင်ယီက ဆွန်ဖုန်းကို တစ်ပတ် ပတ်ကြည့်ပြီးနောက် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ဆွန်ဖုန်းမှာ မူလကတည်းက ရုပ်ချောသူ တစ်ဦး ဖြစ်ရာ ဤအဖြူရောင် ဝတ်စုံနှင့် ပေါင်းစပ်လိုက်သောအခါ ဒဏ္ဍာရီထဲမှ လူဖြူမင်းသားလေး တစ်ပါးကဲ့သို့ ဖြစ်သွားလေသည်။

"ကဲ... အစ်မရေ... ငွေရှင်းပေးပါ..."

နောက်ဆုံးတွင် ဆွန်ဖုန်းမှာ သက်ပြင်းချနိုင်သွားလေတော့သည်။

ငွေရှင်းချိန်တွင် စျေးနှုန်းကို ကြည့်လိုက်ရာ ယွမ် ၆၀,၀၀၀ ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် ဆွန်ဖုန်း၏ ရင်ထဲတွင် 'ကျွတ်' ခနဲ ဖြစ်သွားရသည်။ 'ငါတော့ ပိုက်ဆံပိုရှာမှ ရတော့မယ်... ဒီလို ပိုက်ဆံဖြုန်းတဲ့ မိန်းမမျိုးနဲ့ဆို ပိုက်ဆံတွေ ရေလို စီးထွက်နေမှာပဲ' ဟု သူ စိတ်ထဲမှ တွေးလိုက်မိသည်။

အဝတ်အစားများ ဝယ်ပြီးနောက် သူတို့ အိမ်ပြန်လာခဲ့ကြသည်။

အိမ်ရောက်သောအခါ ဟယ်မင်ယီက ရေသွားချိုးသည်။ ဆွန်ဖုန်းမှာ လုပ်စရာ မရှိသဖြင့် ကွန်ပျူတာဖွင့်ကာ ဂိမ်းဆော့နေလိုက်သည်။ ဂိမ်းတစ်ဝက်ခန့် ရောက်သောအခါ ယန်ရွှယ်ထံမှ ဖုန်းဝင်လာလေသည်။

"ဟလို... အစ်ကိုဖုန်းလား... ညီမ အိမ်သစ်ကို ပြောင်းပြီးသွားပြီ... ပေ့တာ့လမ်းက ပိယွင် အိမ်ရာ အခန်းအမှတ် ၅၀၂ မှာပါ..."

ဖုန်းထဲမှ ယန်ရွှယ်၏ ဆွဲဆောင်မှုရှိသော အသံလေး ထွက်ပေါ်လာသည်။

အမှန်တကယ်တော့ ယန်ရွှယ်က ဆွန်ဖုန်းထံသို့ ဖုန်းမဆက်ရဲချေ။ သို့သော် သူမနှင့် ဆွန်ဖုန်းတို့ မတွေ့ဖြစ်သည်မှာ တစ်ပတ်ခန့် ရှိနေပြီ ဖြစ်သည်။ သူမ အနေဖြင့် အိမ်သစ်ကို စောစောကတည်းက ရှာတွေ့ခဲ့သော်လည်း ဟယ်မင်ယီနှင့် ဆွန်ဖုန်းတို့၏ ပတ်သက်မှုကို သိရှိထားသဖြင့် ယခင်ကဲ့သို့ ဆွန်ဖုန်း၏ အချစ်ကို အမြဲတမ်း ရနိုင်မည် မဟုတ်ကြောင်း သူမ ကောင်းစွာ သိရှိထားပေသည်။

သို့သော် ယနေ့ညတွင်မူ သူမသည် သတ္တိမွေးကာ ဆွန်ဖုန်းထံသို့ ဖုန်းဆက်လိုက်ခြင်း ဖြစ်သည်။

"အို... ဒီရက်ပိုင်း အဆင်ပြေရဲ့လား..."

ယန်ရွှယ်ထံမှ ဖုန်းလာမည်ဟု ဆွန်ဖုန်း လုံးဝ ထင်မှတ်မထားခဲ့ချေ။ စဉ်းစားကြည့်ရာ ယန်ရွှယ်နှင့် ခွဲနေရသည်မှာ တစ်ပတ်ခန့် ရှိပြီ ဖြစ်ကြောင်း သတိရသွားသည်။

"အဆင်ပြေပါတယ်... အစ်ကိုရော..."

"ငါလည်း အဆင်ပြေပါတယ်... ဒါနဲ့... အခု ချက်ချင်း မင်းဆီ လာခဲ့မယ်..."

ယန်ရွှယ်၏ ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်နှင့် မြေခွေးမလေး တစ်ကောင်ကဲ့သို့ ကျွမ်းကျင်လှသော အတတ်ပညာများကို တွေးမိသောအခါ ဆွန်ဖုန်း၏ ရင်ထဲတွင် ပူနွေးလာလေသည်။ ထိုညက ဖြစ်ပျက်ခဲ့ပြီးနောက် ဟယ်မင်ယီတွင် ကိုယ်ဝန် ရှိနေသဖြင့် သူမအား ထိတွေ့ခွင့် မရတော့ချေ။ ဆွန်ဖုန်းမှာ တစ်ပတ်ကျော်ခန့် ငတ်မွတ်နေခဲ့သဖြင့် ယခုအခါတွင် ယန်ရွှယ်ထံသို့ သွားရောက်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

အမှန်တကယ်တော့ ညအိပ်ရန် မဟုတ်ဘဲ အမြန်တစ်ပွဲလောက် သွားဆွဲရန်သာ ဖြစ်သည်။ ဟီးဟီး။

"မင်ယီ... ငါ ကိစ္စလေးတစ်ခု ရှိလို့ အပြင်ခဏ ထွက်သွားလိုက်ဦးမယ်... တစ်နာရီကျော်လောက်နေရင် ပြန်လာခဲ့မယ်..."

ဆွန်ဖုန်းသည် ရေချိုးခန်း တံခါးဝသို့ သွားကာ ရေချိုးနေသော ဟယ်မင်ယီအား လှမ်းပြောလိုက်သည်။

"အင်း..."

ဆွန်ဖုန်းက မယားငယ်ထံသို့ သွားကာ အမြန်တစ်ပွဲ သွားဆွဲမည်ဟု ဟယ်မင်ယီ မည်သို့ သိနိုင်မည်နည်း။

ဆွန်ဖုန်းသည် BMW i8 ကို မောင်းနှင်ကာ မိနစ်နှစ်ဆယ်ခန့် အတွင်း ယန်ရွှယ်၏ အိမ်သစ်သို့ ရောက်ရှိသွားသည်။ ဆွန်ဖုန်း ရောက်ရှိသွားချိန်တွင် ရေချိုးပြီး အဆင်သင့် စောင့်နေသော ယန်ရွှယ်ကို မြင်သည်နှင့် ချက်ချင်းပင် အော်ဟစ်ကာ သူမ၏ အပေါ်သို့ ခုန်အုပ်လိုက်လေတော့သည်။

တစ်နာရီခန့် အကြာတွင် ဆွန်ဖုန်းသည် အမြန် သုံးချီခန့် ဆွဲပြီးနောက် အိမ်ပြန်ရန် ပြင်ဆင်လိုက်သည်။ အိမ်တွင် သူ ဂရုစိုက်ရမည့် ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦး ရှိနေသေးသည် မဟုတ်ပါလား။

ယန်ရွှယ်ကလည်း ဆွန်ဖုန်းအား ညအိပ်ရန် မတောင်းဆိုရဲချေ။ သူမ၏ နေရာကို သူမ ကောင်းစွာ သိရှိထားပြီး ထိုအချက်ကို သူမ အမြဲတမ်း မှတ်သားထားပေသည်။

ဆွန်ဖုန်း အိမ်ပြန်ရောက်သောအခါ ညဆယ့်နှစ်နာရီခန့် ရှိနေပြီ ဖြစ်သည်။ ဟယ်မင်ယီက ကိုရီးယား ဇာတ်လမ်းတွဲ ကြည့်နေဆဲ ဖြစ်သည်ကို မြင်သောအခါ ဆွန်ဖုန်းက သူမအား အမြန် အိပ်ရာဝင်ရန် ပြောလိုက်သည်။ သန္ဓေသား ကျန်းမာရေးအတွက် ညဉ့်နက်သည်အထိ မနေသင့်ကြောင်း သူက သတိပေးလိုက်သည်။

ဆွန်ဖုန်း၏ ဘယ်ချော့ ညာချော့ စကားများကြောင့်သာ ဟယ်မင်ယီက မချိတင်ကဲဖြင့် ဆွန်ဖုန်းနှင့်အတူ အိပ်ရာဝင်ရန် သဘောတူလိုက်လေတော့သည်။

All Chapters