← Chapters

အခန်း ၄၂

Vol. 5 Ch. 42

အခန်း ၄၂

Vol. 5 Ch. 42

အခန်း (၄၂) လုပ်ချင်ရာ လုပ်နေတာပဲ...

နောက်တစ်နေ့ နံနက်စာ စားပြီးနောက် ဆွန်ဖုန်းသည် ဟယ်မင်ယီအား အလုပ်သို့ လိုက်ပို့ခဲ့သည်။ အမှန်တကယ်တော့ ဆွန်ဖုန်းက သူမအား အလုပ်မသွားရန်နှင့် သူမ၏ အလှကုန်ကုမ္ပဏီကို လက်အောက်ငယ်သားများကိုသာ လွှဲထားရန် တိုက်တွန်းခဲ့သည်။

သို့သော် ဟယ်မင်ယီက အိမ်တွင် ဒီတိုင်း ထိုင်နေရတာက ပျင်းစရာကောင်းသည်ဟု ခံစားရပြီး ယခုမှ ကိုယ်ဝန် တစ်လကျော်သာ ရှိသေးသဖြင့် ဆွန်ဖုန်းလည်း ထပ်မပြောတော့ချေ။

ဟယ်မင်ယီအား အလုပ်ပို့ပြီးနောက် ဆွန်ဖုန်းသည် ယန်ရွှယ်၏ အိမ်သို့ သွားရောက်ကာ အချိန်ဖြုန်းနေခဲ့သည်။ သံမဏိစက်ရုံဘက်တွင် လုပ်စရာကိစ္စ သိပ်မရှိသလို သူ၏လက်ထဲရှိ ရွှေရိုင်း တန် ၅၀ ကိုလည်း ဗရမ်းဗတာ ထုတ်ရောင်း၍ မရသေးချေ။

သံသတ္တု တန်ချိန် ၅ သန်း အရောင်းအဝယ် ကိစ္စအတွက် ဆွေးနွေးရန် ပြင်ဆင်နေရသဖြင့် ပင်လယ်ထဲသို့ ရတနာသွားရှာရန်လည်း အချိန်မပေးနိုင်သေးရာ ယန်ရွှယ်ထံတွင်သာ စိတ်အပန်းဖြေနေခြင်း ဖြစ်သည်။

ဆိုဖာပေါ်တွင် ဆွန်ဖုန်းသည် LoL ဂိမ်းကို အာရုံစိုက်ကာ ဆော့နေသည်။ သူ၏ မျက်ခုံးအစုံမှာ တစ်ခါတစ်ရံ တွန့်ချိုးသွားတတ်သည်။ ယန်ရွှယ်ကမူ သူ၏ရှေ့တွင် ငုံ့ကာ အလုပ်ရှုပ်နေလေသည်။

"အား..."

သူဆော့နေသော Yasuo ကောင်လေး ထပ်မံသေဆုံးသွားသည်ကို မြင်သောအခါ ဆွန်ဖုန်းက ဒေါသတကြီး အော်ဟစ်လိုက်ပြီး ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ရာ ယန်ရွှယ်မှာ သီးလုမတတ် ဖြစ်သွားရသည်။

"အဟွတ်... အဟွတ်..."

ယန်ရွှယ်မှာ မျက်လုံးလေးများ ပြူးသွားရလေသည်။

ထိုအချိန်တွင် ဆွန်ဖုန်း၏ ဖုန်းမြည်လာသည်။ ကြည့်လိုက်သောအခါ စုန်းကျဲထံမှ ဖြစ်နေသည်။

"ဟလို... အစ်ကိုစုန်း... ဘာကိစ္စရှိလို့လဲ..."

ဆွန်ဖုန်းက ဂိမ်းကို ဆက်ဆော့နေရင်း မေးလိုက်သည်။

"ညီလေး အာဖုန်း... မနေ့က ညီလေးပြောတဲ့ သန္တာနီတွေလေ... အစ်ကို ဒီနေ့ အချိန်နည်းနည်း ရလို့ လာကြည့်မလို့... ညီလေး အိမ်မှာ ရှိလား..."

ဖုန်းထဲမှ စုန်းကျဲ၏ အသံ ထွက်ပေါ်လာသည်။

"ရှိပါတယ်... အခု လာမလို့လား..."

ဆွန်ဖုန်းက မောက်စ်ကို ခဏလွှတ်ကာ ဖုန်းကို နားတွင် ကပ်၍ မေးလိုက်သည်။

"အေး... ညီလေး အားရဲ့လား..."

"အားပါတယ်... အချိန်မရွေး လာခဲ့လို့ ရတယ်..."

ဆွန်ဖုန်းက ပြန်ဖြေလိုက်သည်။

"အိုကေ... အစ်ကို အခုပဲ လာခဲ့မယ်..."

စုန်းကျဲက ပြောပြီး ဖုန်းချလိုက်သည်။ ဆွန်ဖုန်းသည် ယမန်နေ့ညကပင် သူ၏ အိမ်လိပ်စာကို စုန်းကျဲအား ပေးထားခဲ့ပြီး ဖြစ်သည်။

"ယန်ရွှယ်... ငါ ကိစ္စရှိလို့ သွားပြီ... ဒါနဲ့ ဂိမ်းကို ဆက်ဆော့ပေးဦး... ဒါက Rank ပွဲနော်..."

ဆွန်ဖုန်းက မီးခိုးရောင် ပြောင်းနေသော ကွန်ပျူတာ ဖန်သားပြင်ကို ညွှန်ပြကာ ပြောလိုက်သည်။

"သွားပြီနော်..."

"......"

ယန်ရွှယ်မှာ ထွက်ခွာသွားသော ဆွန်ဖုန်း၏ ကျောပြင်ကို ကြည့်ကာ ဘာပြောရမှန်း မသိအောင် ဖြစ်သွားရလေသည်။

ဆွန်ဖုန်း၏ အိမ်။

"ဝါး... ညီလေးရဲ့ အိမ်က တကယ် မဆိုးဘူးပဲ..."

စုန်းကျဲသည် ဆွန်ဖုန်းနှင့်အတူ ဗီလာအိမ်ကြီးကို လိုက်လံ ကြည့်ရှုရင်း ချီးကျူးလိုက်သည်။

"ဟဲဟဲ... မဆိုးပါဘူး..."

မကြာမီမှာပင် စုန်းကျဲသည် ဆွန်ဖုန်းနှင့်အတူ အိမ်၏ မြေအောက်ခန်းသို့ ဆင်းသွားခဲ့သည်။ သန္တာနီပင်များကို ဆွန်ဖုန်းက ယမန်နေ့ညကပင် မြေအောက်ခန်းသို့ ရွှေ့ထားခဲ့ခြင်း ဖြစ်သည်။

မြေအောက်ခန်းရှိ ကြီးမားသော ဝိုင်းစားပွဲပေါ်တွင် သန္တာနီပင် ၁၃ ပင်ကို ပုံစံအမျိုးမျိုးဖြင့် တင်ထားရာ မြေအောက်ခန်း တစ်ခုလုံး နီရဲသော အရောင်များဖြင့် လင်းထိန်နေလေသည်။

စုန်းကျဲသည် မြေအောက်ခန်းထဲသို့ ဝင်လာပြီး ထိုသန္တာနီပင် ၁၃ ပင်ကို မြင်လိုက်ရချိန်တွင် အံ့ဩလွန်းသဖြင့် မှင်တက်သွားလေသည်။

ဆယ်စက္ကန့်ခန့် ကြာမှ စုန်းကျဲက အော်ဟစ်လိုက်သည်။

"ဘုရားရေ... ထိပ်တန်း အရည်အသွေး သန္တာနီတွေပဲ... ဒီအရွယ်အစား... ဒီအရောင်အသွေးကတော့..."

စုန်းကျဲသည် ချစ်သူနှင့် တွေ့ရသကဲ့သို့ အမြန်ပြေးသွားကာ တစ်ပင်ချင်းစီကို သေချာ ကြည့်ရှု ကိုင်တွယ်နေတော့သည်။ ထိုမြင်ကွင်းမှာ ကြည့်ရသည်မှာ အတော်လေးကို ထူးဆန်းလှပေသည်။

"တကယ့်ကို အံ့မခန်းပါပဲ... အပင်လိုက်ကြီးတွေ ဖြစ်တဲ့အပြင် ဒီလောက်အထိ ကောင်းမွန်အောင် ထိန်းသိမ်းထားနိုင်တာ... ဟင်... ဒီအရောင်ကို ကြည့်ရတာ ခုလေးတင် ပင်လယ်ထဲက ဆယ်လာတာနဲ့ တူတယ်... ညီလေး... ညီလေး ဒီလောက်အထိ အန္တရာယ်များတဲ့ ကိစ္စတွေကို လုပ်နေတာတော့ မဟုတ်ပါဘူးနော်..."

ဆယ့်ငါးမိနစ်ခန့် သေချာ ကြည့်ရှုပြီးနောက် စုန်းကျဲက ဆွန်ဖုန်းအား မေးလိုက်သည်။

"အာ... အစ်ကိုစုန်းရာ... ဒါတွေကိုတော့ အစ်ကို ဂရုမစိုက်ပါနဲ့... အခု ပစ္စည်းလည်း ကြည့်ပြီးပြီဆိုတော့... အစ်ကို ယူမလား မယူဘူးလား ဆိုတာပဲ ပြောပါတော့..."

ဆွန်ဖုန်းက ဆေးလိပ်တစ်လိပ်ကို မီးညှိလိုက်ပြီး ခပ်အေးအေးပင် ပြန်ပြောလိုက်သည်။

"ယူမယ်... ဘာလို့ မယူဘဲ နေမှာလဲ... အစ်ကို ဒီလောက် အရည်အသွေး ကောင်းတဲ့ သန္တာနီတွေကို မတွေ့ရတာ နှစ်အတော်ကြာပြီ... နောက်ပိုင်းမှာလည်း ဒီလို ပစ္စည်းတွေ ရှိရင် အစ်ကို့ကိုပဲ ပေးနော်... အားလုံးကို အစ်ကို ယူမယ်..."

စုန်းကျဲသည် သန္တာနီပင်များကို ကြည့်ကာ သွားရည်ပင် ကျလုမတတ် ဖြစ်နေသည်။

'ဒီနှစ် ကျင်းချန်က ဦးလေးကြီးရဲ့ မွေးနေ့ လက်ဆောင်အတွက်တော့ အဆင်ပြေသွားပြီ' ဟု စုန်းကျဲက စိတ်ထဲမှ တွေးလိုက်မိသည်။

"အစ်ကိုစုန်းက အားလုံးကို တစ်ပြိုင်နက်တည်း ယူမှာလား..."

ဆွန်ဖုန်းက မေးလိုက်သည်။ ဤသန္တာနီ ၁၃ ပင် စုစုပေါင်း အလေးချိန်မှာ ၃၉၀၀ ဂရမ် ရှိသည်။

လက်ရှိ ဈေးကွက်တွင် ဤအရည်အသွေးမျိုးမှာ တစ်ဂရမ်လျှင် ယွမ် ၁၇,၀၀၀ ခန့်အထိ ပေါက်ဈေး ရှိနေသည်။

ဆွန်ဖုန်းက စုန်းကျဲအား သူငယ်ချင်းချင်းမို့ လျှော့စျေး ယွမ် ၁၅,၀၀၀ နှင့် ပေးလျှင်ပင် စုစုပေါင်းတန်ဖိုးမှာ ယွမ် သန်း ၅၀ ကျော် ကျသင့်မည် ဖြစ်သည်။ စုန်းကျဲမှာ တကယ့်ကို သူဌေးကြီး တစ်ဦးပင် ဖြစ်သည်။

ယွမ် သုံးဘီလီယံ တန်ဖိုးရှိ သံသတ္တု အရောင်းအဝယ် ကိစ္စကိုလည်း ဆက်လက် ဆွေးနွေးရန် ရှိနေသေးသည် မဟုတ်ပါလား။

"ပစ္စည်းတွေကို အစ်ကို ကြည့်ပြီးပြီ... အားလုံးက ထိပ်တန်းတွေချည်းပဲ... ညီလေးက ဘယ်လောက်စျေးနဲ့ ပေးမှာလဲ..."

စုန်းကျဲသည် သန္တာနီ ၁၃ ပင်လုံးကို ဝယ်ယူရန် ဆုံးဖြတ်လိုက်သည်။

"ကျွန်တော်က အစ်ကို့ကို အစ်ကိုလို့ပဲ ခေါ်တာဆိုတော့... ခင်မင်မှုနဲ့ ပေးတဲ့စျေး တစ်ဂရမ်ကို ယွမ် ၁၅,၀၀၀ နဲ့ ယူလိုက်ပါ..."

ဆွန်ဖုန်းက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။

"အိုကေ... တကယ့် ညီအစ်ကိုပဲ... နောက်ပိုင်း ညီလေးမှာ ဘာအခက်အခဲပဲ ရှိရှိ အစ်ကို့ကို အသိပေးလိုက်... အစ်ကို ကူညီနိုင်တာမှန်သမျှ သေချာပေါက် ကူညီပေးမယ်..."

စုန်းကျဲက ပြုံးကာ ဆွန်ဖုန်း၏ ပုခုံးကို ပုတ်ရင်း ပြောလိုက်သည်။

"ဟဲဟဲ... ဟုတ်ကဲ့ပါ..."

ဆွန်ဖုန်းလည်း ပြုံးလိုက်မိသည်။ စုန်းကျဲ၏ စကားမှာ စစ်မှန်ကြောင်း သူ သိရှိလိုက်သည်။ ကြည့်ရသည်မှာ စုန်းကျဲသည် ဆွန်ဖုန်းအား တကယ့် ညီအရင်းကဲ့သို့ သဘောထားသွားပြီ ဖြစ်သည်။

ထိုသို့ဖြင့် စုန်းကျဲသည် သန္တာနီပင် ၁၃ ပင်ကို ယူဆောင်သွားခဲ့ပြီး ဆွန်ဖုန်း၏ ဆွစ်ဇာလန်ဘဏ် အကောင့်ထဲသို့ ယွမ် သန်း ၅၀ ကျော် ထပ်မံ ရောက်ရှိလာခဲ့သည်။

စုန်းကျဲ မထွက်ခွာမီ သံသတ္တု တန်ချိန် ၅ သန်း အရောင်းအဝယ် ကိစ္စကိုလည်း ထပ်မံ ဆွေးနွေးခဲ့ကြသည်။

ယမန်နေ့ညကပင် စုန်းကျဲသည် သူ၏ သံမဏိလုပ်ငန်းတူ မိတ်ဆွေအား အကြောင်းကြားခဲ့ရာ ထိုသူကလည်း စုန်းကျဲနှင့်အတူ ပူးပေါင်းဝယ်ယူရန် သဘောတူခဲ့သည်။

နောက်ဆက်တွဲ အနေဖြင့် သယ်ယူပို့ဆောင်ရေး၊ စျေးနှုန်းနှင့် အသုတ်လိုက် ဝယ်ယူမည့် အစီအစဉ်များကို ဆက်လက် ဆွေးနွေးရမည် ဖြစ်သည်။

စုန်းကျဲ အနေဖြင့် ထျန်းဟိုင်မြို့သို့ ပြန်ကာ သူ၏ သူငယ်ချင်းနှင့် အသေးစိတ် ထပ်မံ ဆွေးနွေးရဦးမည် ဖြစ်သည်။

ဆွန်ဖုန်းကလည်း အလောတကြီး မရှိပေ။ သူသည် စက်ရုံမှ အထူးသံမဏိ အချက်အလက်များနှင့် နမူနာ ပစ္စည်းများကိုပါ စုန်းကျဲအား ပေးအပ်လိုက်သည်။ စုန်းကျဲက လိုအပ်သော လုပ်ငန်းရှင်များနှင့် ချိတ်ဆက်ပေးမည်ဟု ကတိပေးခဲ့သည်။

ယနေ့တွင် ဝင်ငွေ ယွမ် သန်း ၅၀ ကျော် ရရှိခဲ့ပြီး ပြီးခဲ့သော ရက်အနည်းငယ်က စက်ရုံမှ ယွမ် သန်း ၂၀ ဝင်ငွေ ရရှိခဲ့ခြင်းနှင့် ယခင် ရွှေရောင်းရငွေ ယွမ် သန်း ၁၀၀ ကျော် ကျန်ရှိနေခြင်းတို့ ပေါင်းလိုက်လျှင် ဆွန်ဖုန်း၏ လက်ထဲတွင် ယွမ် သန်း ၂၀၀ ကျော် ရှိနေပြီ ဖြစ်သည်။

မကြာမီ ယွမ် သုံးဘီလီယံ တန်ဖိုးရှိ သံသတ္တု တန်ချိန် ၅ သန်း အရောင်းအဝယ် အောင်မြင်သွားပါက ဆွန်ဖုန်းသည် ယွမ် ဘီလီယံချီ ချမ်းသာသော သူဌေးကြီး တစ်ဦး ဖြစ်လာပေလိမ့်မည်။

နှစ်လကျော် အချိန်အတွင်း ဤမျှလောက် ပြောင်းလဲသွားသည်ကို ဆွန်ဖုန်း ကိုယ်တိုင်ပင် မယုံနိုင်အောင် ဖြစ်နေမိသည်။

......

ထျန်းဟိုင်မြို့၊ စုန်းအိမ်တော်။

"ဟယ်လင်... မင်ယီလေးရဲ့ ချစ်သူက တကယ်ကို အရည်အချင်းရှိတဲ့ လူငယ်တစ်ယောက်ပဲဗျ... သူလုပ်တဲ့ စီးပွားရေးကလည်း တော်တော်လေး ကျယ်ပြန့်တယ်..."

"စုန်းကျဲ ပြောပြချက်အရဆိုရင် သူက သံသတ္တု တန်ချိန် ၅ သန်းကို အလွယ်တကူ ထုတ်ပေးနိုင်တယ်တဲ့... ကျောက်မျက်ရတနာ လုပ်ငန်းတွေမှာလည်း ပါဝင်နေပုံရတယ်... အခု စုန်းကျဲက သူ့ဆီကနေ သန္တာနီပင် ၁၃ ပင်ကို စျေးသက်သက်သာသာနဲ့ ဝယ်လာခဲ့တယ်လေ... လာဗျာ... ကျွန်တော် ပြမယ်..."

စုန်းကျဲ၏ ဖခင် စုန်းကျန့်ကော်သည် သူငယ်ချင်းဖြစ်သူ ဟယ်လင်အား သူ၏အိမ်၌ လက်ဖက်ရည် သောက်ရင်း သူတို့အိမ်သို့ ရောက်ရှိလာသော သန္တာနီပင်များကို ပြသရန် ပြင်ဆင်နေသည်။

"ဘာ... မင်ယီမှာ ချစ်သူ ရှိနေတယ်... သူ ဘယ်တုန်းက ချစ်သူ ရသွားတာလဲ... ဟမ်... သူ ချစ်သူ ရတာတောင် ငါ့ကို မပြောဘူးလား... လုပ်ချင်ရာ လုပ်နေတာပဲ..."

ဟယ်လင်၏ မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင်များ ထွက်ပေါ်လာလေသည်။

"အာ... ဟယ်လင်... မင်း သမီးမှာ ချစ်သူ ရှိနေတာကို မင်း မသိဘူးလား..."

ဘေးရှိ စုန်းကျန့်ကော်မှာ ကြောင်အမ်းသွားရလေသည်။

"ပေါက်ကရတွေ... မဖြစ်ဘူး... ငါ အဲဒီ အလိုက်မသိတဲ့ ကောင်မလေးဆီ ဖုန်းဆက်ပြီး မေးရမယ်..."

ဟယ်မင်ယီရဲ့ ဖခင် ဟယ်လင်သည် သန္တာနီများကိုပင် မကြည့်တော့ဘဲ ဒေါသတကြီး ထွက်ခွာသွားလေတော့သည်။

"ဒါက..."

စုန်းကျန့်ကော်မှာ ဘာတွေ ဖြစ်ကုန်သနည်း ဆိုသည်ကိုပင် နားမလည်နိုင်တော့ချေ။

All Chapters