အခန်း ၆၁
Vol. 7 Ch. 61
အခန်း (၆၁)မျက်လုံးနဲ့သေချာကြည့်
"မင်ယီ... ကြည့်စမ်း ကြည့်စမ်း... ဒီကောင်က ယဉ်ကျေးမှုဆိုတာ နည်းနည်းလေးတောင် မရှိဘူး... ငါ့ကိုတောင် မထီမဲ့မြင် လုပ်ပြီး ဆဲဆိုနေသေးတယ်... ဒါ တတိယတန်းစား တက္ကသိုလ်က ကျောင်းပြီးလာတဲ့သူရဲ့ အဆင့်အတန်းပဲ... ငါ့ကို ရွှေတွေနဲ့ ပေါက်မယ် ဟုတ်လား... မင်းမှာ ရွှေဘယ်နှတန် ရှိလို့လဲ... တကယ့် ငွေရူးစစ်စစ်ပဲ..."
ဟယ်လင်က ဆွန်ဖုန်းကို လက်ညှိုးထိုးကာ ဒေါသတကြီး ဆဲဆိုလိုက်လေသည်။ သူက မူလကတည်းက ဆွန်ဖုန်းကို သဘောမကျရာ ယခုကဲ့သို့ အခြေအနေကို မြင်သောအခါ ပို၍ပင် မုန်းတီးသွားလေသည်။ မိမိ၏ သမီးဖြစ်သူကို ဤနေရာမှ ချက်ချင်း ဆွဲခေါ်သွားချင်စိတ်များ ပေါက်လာလေသည်။ မိမိ၏ သမီးဖြစ်သူ ဤလူနှင့် အတူနေထိုင်နေသည်ကို မြင်သောအခါ မည်မျှပင် အမြတ်ထုတ်ခံနေရမည်ကို တွေးကာ ရင်လေးနေမိသည်။ သို့သော် ပို၍ ဒေါသထွက်စရာ ကောင်းသည်မှာ သမီးဖြစ်သူက လုံးဝ ပြန်မလိုက်ချင်ခြင်းပင် ဖြစ်သည်။
"လခွီး... ကျွန်တော်က ခင်ဗျားကို မထီမဲ့မြင် လုပ်တာလား... အဘိုးကြီး... ခင်ဗျားကသာ ကျွန်တော့်ကို အရင် စော်ကားတာ မဟုတ်ဘူးလား... ကျွန်တော်က ယဉ်ကျေးမှု မရှိဘူး ဟုတ်လား... ခင်ဗျားကရော ယဉ်ကျေးမှု ရှိလို့လား... ကျွန်တော်က ခင်ဗျားကို အိမ်ထဲ ယဉ်ယဉ်ကျေးကျေး ခေါ်သွင်းလာပြီး ထမင်းတောင် ချက်ကျွေးသေးတယ်... ခင်ဗျားက ကျေးဇူးတင်စကား တစ်ခွန်း မပြောတဲ့အပြင် ကျွန်တော့်ကိုတောင် ပြန်ပြီး စော်ကားနေသေးတယ်..."
ဆွန်ဖုန်း၏ ရင်ထဲတွင် အလွန် ဒေါသထွက်နေမိလေသည်။
"မင်းက မင်ယီကို ပျော်ရွှင်အောင် ထားနိုင်လို့လား... ထားနိုင်မှာတဲ့လား..."
ဟယ်လင်က ဆက်ပြောလေသည်။
"ကဲပါ... နှစ်ယောက်လုံး တော်ကြပါတော့... အဖေ... သမီး ဘယ်နှခါ ပြောရမလဲ... ဆွန်ဖုန်းက သမီးရဲ့ ချစ်သူပါ... နောက်ဆိုရင် သမီးတို့က လက်ထပ်ကြမှာ... သမီးကို ဘာစေ့စပ်ပွဲမှ လာမစီစဉ်ပေးနဲ့... ဒီနေ့လည်း အတော်လေး ညဉ့်နက်နေပြီ... မနက်ဖြန်ကျရင် အဖေ့ဘာသာ ပြန်ပြီး အဖေ့ရဲ့ မယားငယ်ဆီ သွားနေလိုက်တော့..."
ဟယ်မင်ယီသည် မိမိ၏ ဖခင်က ဆွန်ဖုန်းကို ဤသို့ ဆက်လက် ပြောဆိုနေသည်ကို ကြည့်မနေနိုင်တော့ချေ။
"ဆွန်ဖုန်း... ရှင်လည်း လျှော့လိုက်ပါတော့..."
ဟယ်မင်ယီက ဆွန်ဖုန်းကို နှစ်သိမ့်လိုက်လေသည်။
"ကောင်းပြီလေ... ငါက သူ့လို လူကြီးနဲ့ အဆင့်တူ သဘောမထားပါဘူး... ငါက ယဉ်ကျေးမှု ရှိတဲ့သူပါ..."
ဆွန်ဖုန်းက ခေါင်းကို တစ်ဖက်သို့ လှည့်ကာ ပြောလိုက်လေသည်။
"ဟွန်း..."
ဟယ်လင်မှာ ဒေါသထွက်လွန်း၍ အသက်ရှူပင် မှားချင်သွားလေသည်။
"မင်ယီ... အဲဒါ မယားငယ် မဟုတ်ဘူး... မင်းရဲ့ မိထွေးပါ... မင်းက အမေလို့ ခေါ်သင့်တယ်..."
ဟယ်လင်သည် မိမိ၏ လက်ရှိ ဇနီးကို သမီးဖြစ်သူက ဤသို့ ပြောလိုက်သဖြင့် မျက်နှာ နီရဲသွားကာ ပြောလိုက်လေသည်။
"အမေ... မယားငယ်လို့ ခေါ်တာကိုပဲ ကျေးဇူးတင်နေ... အမေလို့ ခေါ်ခိုင်းနေသေးတယ်..."
ဟယ်မင်ယီမှာလည်း ခေါင်းမာသူ ဖြစ်ရာ ဖခင်ဖြစ်သူကို လုံးဝ ဂရုမစိုက်ချေ။
"မင်း ဘယ်လိုပဲ ပြောပြော... နောက်အပတ်ကျရင် မင်းနဲ့ ရှောင်ချင် တို့ရဲ့ စေ့စပ်ပွဲကို အဖေ စီစဉ်မှာပဲ... အဲဒီအချိန်ကျရင် မင်း မလာလည်း ရတယ်... အဖေတို့ ဘာသာ တိုက်ရိုက်ပဲ မင်္ဂလာပွဲကို စီစဉ်လိုက်မယ်..."
ဟယ်လင်က မျက်လုံးပြူးကာ ဒေါသတကြီး ပြောလိုက်လေသည်။
"သဘောပဲ..."
ဟယ်မင်ယီမှာ ဒေါသထွက်လွန်း၍ အခန်းထဲသို့ ပြေးဝင်သွားပြီး တံခါးကို ဆောင့်ပိတ်လိုက်ရာ ဖခင်ဖြစ်သူကို အပြင်တွင် ထားရစ်ခဲ့လေတော့သည်။
ဟယ်လင်သည် သမီးဖြစ်သူက သူ့ကို ဂရုမစိုက်သည်ကို မြင်သောအခါ ဆွန်ဖုန်း၏ ရှေ့သို့ ရောက်လာပြီး...
"ကောင်လေး... ဖားပြုတ်က လမင်းကို မှန်းသလိုမျိုး မက်မနေနဲ့... မင်းနဲ့ မင်ယီက လုံးဝ ဖြစ်လာမှာ မဟုတ်ဘူးဆိုတာ မှတ်ထား... ငါ သဘောမတူသရွေ့ သူက သဘောတူရင်တောင် မရဘူး... မင်း အစောကြီးကတည်းက စိတ်လျှော့လိုက်တာ ကောင်းမယ်..."
"ခင်ဗျား သဘောပဲလေ... ဘာပဲဖြစ်ဖြစ် မင်ယီက ဒီမှာ နေနေတာပဲ... ခင်ဗျားနဲ့ ဟိုကောင်လေးက ဘယ်လိုလုပ် လက်ထပ်ကြမလဲ ကြည့်ရသေးတာပေါ့... ခင်ဗျားကပဲ သူနဲ့ လက်ထပ်မှာလား... ဒါမှမဟုတ် ဝက်မကြီး တစ်ကောင်နဲ့ လက်ထပ်ပေးလိုက်မှာလား..."
ဆွန်ဖုန်းက စကားတစ်ခွန်း ချန်ထားရစ်ခဲ့ပြီး စာကြည့်ခန်းထဲသို့ ဝင်ကာ LOL ဂိမ်း သွားဆော့နေလိုက်လေသည်။
စာကြည့်ခန်းထဲတွင် ဆွန်ဖုန်း ဂိမ်းဆော့နေစဉ် ဤယောက္ခမလောင်းကြီးက နောက်မှ လိုက်ဝင်လာပြီး ဆွန်ဖုန်းကို ဆက်လက်၍ ဆူပူနေပြန်လေသည်။
"ကလေးဆိုတာ ကလေးပါပဲ... ဒီလောက် ကြီးနေပြီကို ဂိမ်းဆော့နေတုန်းပဲ... အလုပ်အကိုင်လည်း မရှိ... မင်းကို ကြည့်ရတာ တစ်သက်လုံး ကြီးပွားမယ့်ပုံ မပေါ်ပါဘူး... ဒါတောင် ငါ့သမီး မင်ယီကို ယူချင်နေသေးတယ်... အိပ်မက်သာ မက်နေလိုက်..."
'လခွီး... ငါ ဂိမ်းဆော့တာတောင် သူက လာပြောနေသေးတယ်...'
"အဘိုးကြီး... ခင်ဗျား ဘာဖြစ်ချင်နေတာလဲ..."
ဆွန်ဖုန်းက လှည့်ကြည့်ကာ ဟယ်လင်ကို မေးလိုက်လေသည်။
"ငါ့သမီး အနားကနေ အခု ချက်ချင်း ထွက်သွားပေး... မင်းကို လျော်ကြေး ယွမ်သန်း ၃၀ ပေးမယ်..."
ဟယ်လင်က ပြောလိုက်လေသည်။
"လခွီး... ကျွန်တော် ခင်ဗျားကို ယွမ်သန်း တစ်ထောင် ပေးမယ်... မင်ယီကို ကျွန်တော်နဲ့ ပေးစားလိုက်..."
ဆွန်ဖုန်းက ဆေးလိပ် တစ်လိပ်ကို မီးညှိကာ ခပ်အေးအေးပင် ပြန်ပြောလိုက်လေသည်။
"မင်း... ကောင်းကောင်း ပြောနေတာကို နားမထောင်ဘူးပေါ့လေ... ပြီးတော့... မင်းမှာ ယွမ်သန်း တစ်ထောင် ရှိလို့လား... ရှိရင်တော့ ငါ စဉ်းစားပေးမယ်..."
ဟယ်လင်က အထင်သေးစွာ ပြောလိုက်လေသည်။
"ဟွန်း... ခွေးမျက်လုံးနဲ့ လူကို အထင်သေးတာပဲ..."
ဆွန်ဖုန်းလည်း စကားများမနေတော့ဘဲ ကွန်ပျူတာပေါ်မှ အွန်လိုင်း ဘဏ်အကောင့်ထဲသို့ ဝင်ကာ သူ၏ အကောင့်ထဲရှိ ယွမ်သန်း တစ်ထောင့်ရှစ်ရာ (၁.၈ ဘီလီယံ) ကို ထိုအဘိုးကြီးအား ပြသလိုက်လေသည်။
"ကြည့်စမ်း... ဒီအကောင့်ထဲမှာ ယွမ်သန်း တစ်ထောင့်ခုနစ်ရာ (၁.၇ ဘီလီယံ) ရှိတယ်... တခြား အကောင့်တွေထဲမှာလည်း ပိုက်ဆံတွေ ရှိသေးတယ်... ငါ့မှာ ပိုက်ဆံ မရှိဘူး ဟုတ်လား... ခင်ဗျားကို ပိုက်ဆံတွေနဲ့ ပေါက်သတ်ပစ်လို့ရတယ် မှတ်..."
ဆွန်ဖုန်းသည် ၁၇ ၏ နောက်မှ ရှည်လျားလှသော သုညတန်းကြီးကို လက်ညှိုးထိုးပြကာ ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်လေတော့သည်။