အခန်း ၆၃
Vol. 7 Ch. 63
အခန်း (၆၃) ချူဝမ်ကျဲကို ဒေါသထွက်အောင် လုပ်ခြင်း
နောက်တစ်နေ့ ည ၇ နာရီတိတိတွင် ဟွမ်ကျားချန်းနှင့် ဆွန်ဖုန်းတို့သည် အဆင့်မြင့် စားသောက်ဆိုင် တစ်ဆိုင်၏ အရှေ့သို့ အတူတကွ ရောက်ရှိလာကြလေသည်။
"ဆွန်ဖုန်း... ခဏနေရင် သေချာ ဟန်ဆောင်နော်... အဲဒီ ချူဝမ်ကျဲ ဆိုတဲ့ကောင်ကို သေချာ ဒေါသထွက်အောင် လုပ်ပေး..."
ဟွမ်ကျားချန်းက စားသောက်ဆိုင်ထဲသို့ ယှဉ်တွဲ ဝင်ရောက်လာရင်း မှာကြားလိုက်လေသည်။
"ပြဿနာ မရှိပါဘူး... ဒီလိုကိစ္စမျိုးဆို ငါက အရမ်း ကျွမ်းကျင်တာပါ..."
ဆွန်ဖုန်းက ပြုံးစိစိဖြင့် ပြောလိုက်လေသည်။ ယနေ့ ဆွန်ဖုန်းသည် သီးသန့် အဝတ်အစားများ မဝတ်ဆင်ထားဘဲ ပေါ့ပေါ့ပါးပါး အဝတ်အစားများကိုသာ ဝတ်ဆင်လာခဲ့သည်။ ဟွမ်ကျားချန်း၏ တောင်းဆိုချက်ကို သူ ရင်ဘတ်ပုတ်ကာ အာမခံလိုက်လေသည်။ သူဌေးသားများကို ဒေါသထွက်အောင် လုပ်ရသည့် ကိစ္စမျိုးတွင် သူ အလွန် ကျွမ်းကျင်လှပေသည်။
"ကောင်းပြီ... ခဏနေရင် အခြေအနေ ကြည့်ပြီး လုပ်ကြတာပေါ့..."
ထမင်းစားမည့် နေရာမှာ လေးလွှာရှိ သီးသန့်ခန်း တစ်ခန်းတွင် ဖြစ်သည်။
သီးသန့်ခန်းထဲသို့ ဝင်လိုက်သည်နှင့် ဆွန်ဖုန်းသည် ဖြူဖျော့ဖျော့ မျက်နှာနှင့် အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး လူငယ် တစ်ဦး ထိုင်စောင့်နေသည်ကို တွေ့လိုက်ရလေသည်။ ထိုလူငယ်မှာ ချူဝမ်ကျဲပင် ဖြစ်ပေမည်။ သူ၏ မျက်နှာကို ကြည့်ရုံဖြင့် အရက်နှင့် မိန်းမ လွန်ကျူးထားသူ ဖြစ်ကြောင်း သိသာလှပေသည်။
"အို... ကျားချန်း... ရောက်လာပြီကိုး... လာ လာ လာ... ထိုင်ပါ..."
ဟွမ်ကျားချန်း ဝင်လာသည်ကို မြင်သည်နှင့် ချူဝမ်ကျဲ၏ မျက်နှာပေါ်တွင် အပြုံးများ ဝေဆာသွားပြီး ချက်ချင်း မတ်တပ်ရပ်ကာ ထိုင်ခုံကို ဆွဲထုတ်ပေးရင်း လူကြီးလူကောင်း ဆန်ဆန် ပြုမူလိုက်လေသည်။
"အင်း..."
ဟွမ်ကျားချန်းက ခေါင်းညိတ်ပြပြီးနောက် ဝင်ထိုင်လိုက်လေသည်။
ဆွန်ဖုန်းသည်လည်း ဟွမ်ကျားချန်း၏ ဘေးတွင် ဝင်ထိုင်လိုက်လေသည်။
ထိုအခါမှသာ ချူဝမ်ကျဲသည် ဟွမ်ကျားချန်း၏ နောက်မှ လိုက်ပါလာသော အမျိုးသား တစ်ဦး ရှိနေသည်ကို သတိထားမိသွားလေသည်။
"မင်းက ဘယ်သူလဲ... အခန်းမှား ဝင်လာတာတော့ မဟုတ်ပါဘူးနော်..."
ချူဝမ်ကျဲသည် ဆွန်ဖုန်းက ဟွမ်ကျားချန်း၏ ဘေးတွင် ဝင်ထိုင်လိုက်သည်ကို မြင်သောအခါ မျက်မှောင်ကြုတ်ကာ မေးလိုက်လေသည်။
"အော်... သူက ကျွန်မ သူငယ်ချင်း ဆွန်ဖုန်း လေ... ကျွန်မနဲ့ အတူတူ ထမင်းလိုက်စားပေးတာ..."
ဟွမ်ကျားချန်းက ခပ်အေးအေးပင် ဖြေလိုက်လေသည်။
ဟွမ်ကျားချန်း၏ စကားကို ကြားသောအခါ ချူဝမ်ကျဲ၏ မျက်နှာမှာ ချက်ချင်း မည်းမှောင်သွားလေသည်။
'ဘယ်က ကပ်ပါလာတဲ့ အပိုကောင်လဲ...' ဟု စိတ်ထဲမှ ကြိတ်ဆဲလိုက်မိသည်။
ယနေ့ည သူသည် ဟွမ်ကျားချန်းနှင့် သာယာသော ညတစ်ညကို ဖြတ်သန်းရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
သို့သော် ဆွန်ဖုန်းက ချူဝမ်ကျဲ၏ မျက်နှာထားကို ဂရုမစိုက်ဘဲ စားပွဲထိုးကို လှမ်းခေါ်လိုက်လေသည်။
"ဒီမှာ ဟင်းမှာမယ်..."
ချူဝမ်ကျဲကို လုံးဝ အရေးမလုပ်သည့်ပုံပင် ဖြစ်သည်။
ချူဝမ်ကျဲသည် ဆွန်ဖုန်းက သူ့ကို အရေးမလုပ်ဘဲ ဧည့်သည်က အိမ်ရှင်နေရာ ဝင်ယူကာ ကိုယ့်ဘာသာ ဟင်းမှာနေသည်ကို မြင်သောအခါ ဒေါသထွက်သွားသော်လည်း ဘာမှ ဝင်မပြောခဲ့ချေ။
"ညီမလေး... မင်းတို့ ဟိုတယ်မှာ ၁၉၈၂ ခုနှစ်ထုတ် လာဖိုက် ဝိုင် ရှိလား..."
ဆွန်ဖုန်းက ဝင်လာသော စားပွဲထိုးမလေးကို မေးလိုက်လေသည်။
"လူကြီးမင်းရှင်... ကျွန်မတို့ စားသောက်ဆိုင်မှာ တစ်ပုလင်းပဲ ကျန်ပါတော့တယ်... မှာမလို့လား ရှင်..." စားပွဲထိုးမလေးက မေးလိုက်လေသည်။
"အင်း... တစ်ပုလင်းပဲ ကျန်တာလား... အဲဒါဆို အဲဒီ တစ်ပုလင်း ယူခဲ့... ပြီးတော့ ၁၉၉၂ ခုနှစ်ထုတ် လာဖိုက်ရော ရှိသေးလား... ရှိရင် ၅ ပုလင်း ချပေး..."
ဆွန်ဖုန်းက အားမနာတမ်း ဟင်းများ၊ အရက်များကို မှာယူနေရာ ချူဝမ်ကျဲကို သူကပင် ထမင်းကျွေးနေသည့်အလား ဖြစ်နေသဖြင့် ချူဝမ်ကျဲမှာ ဆွန်ဖုန်းကို လည်ပင်းညှစ်သတ်ချင်စိတ်ပင် ပေါက်လာလေသည်။
"ရှိပါတယ် ရှင်..."
စားပွဲထိုးမလေးက ပြန်ဖြေလိုက်လေသည်။
"ပြီးရင် ငှက်သိုက်၊ ကမာကင်၊ ကျောက်ပုစွန်ကြီးကြီး တစ်ကောင်၊ ပင်လယ်မျှော့..."
ဆွန်ဖုန်းသည် တစ်ခါတည်း ဟင်းလျာ အမြောက်အမြားကို မှာယူလိုက်လေသည်။ ဝိုင်များ အပါအဝင်ဆိုလျှင် စုစုပေါင်း ယွမ်သိန်းချီ ကုန်ကျမည် ဖြစ်သည်။ ၁၉၈၂ ခုနှစ် လာဖိုက် တစ်ပုလင်းကို ယွမ် ၆ သောင်း၊ ၁၉၉၂ ခုနှစ် လာဖိုက် ၅ ပုလင်းကို ယွမ် ၅ သောင်း၊ အစားအသောက်များ ယွမ်သောင်းဂဏန်း အပါအဝင်ဆိုလျှင် အနည်းဆုံး ယွမ် တစ်သိန်းကျော် ကုန်ကျမည်မှာ သေချာလှပေသည်။
"ငါက ထမင်းကျွေးတာလား... မင်းက ထမင်းကျွေးတာလား..."
ဆွန်ဖုန်းက ဟင်းများကို အဆက်မပြတ် မှာယူနေပြီး သူ့ကို ဝင်ပြောခွင့်ပင် မပေးသည်ကို မြင်သောအခါ ဟင်းမှာပြီးသွားမှ ချူဝမ်ကျဲက မကျေမနပ်ဖြင့် ပြောလိုက်လေသည်။
"ဘယ်သူ ကျွေးကျွေး အတူတူပါပဲ..." ဆွန်ဖုန်းက နှုတ်ခမ်းမဲ့ကာ ပြောလိုက်လေသည်။
"မင်း ပိုက်ဆံ ရှင်းနိုင်လို့လား..."
ချူဝမ်ကျဲသည် ဆွန်ဖုန်းက သာမန် အဝတ်အစားများကိုသာ ဝတ်ဆင်ထားပြီး ပိုက်ဆံရှိမည့်ပုံ မပေါ်သည်ကို ကြည့်ကာ သရော်လိုက်လေသည်။
"မင်းမှာထားတဲ့ အရက်တွေ အကုန် သောက်နိုင်လို့လား..."
"ကိုယ့်မှာ ပိုက်ဆံ မရှိရင်လည်း ကိုယ့်ချစ်သူ ကျားချန်းက ရှင်းပေးမှာပေါ့... အရက်သောက်မကုန်ရင်လည်း အိမ်သယ်သွားပြီး ဆက်သောက်မှာပေါ့..."
ဆွန်ဖုန်းက ချူဝမ်ကျဲကို တစ်ချက် ကြည့်ကာ ပြုံး၍ ပြောလိုက်လေသည်။
"ဘာ... မင်းချစ်သူက ကျားချန်း ဟုတ်လား... သူက ဘယ်တုန်းက မင်းချစ်သူ ဖြစ်သွားတာလဲ..."
ချူဝမ်ကျဲ၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားပြီး အံ့ဩတကြီး မေးလိုက်လေသည်။ ထို့နောက် ဟွမ်ကျားချန်းကို ကြည့်ကာ သူမ၏ အဖြေကို စောင့်နေလေသည်။
ဟွမ်ကျားချန်းကမူ ဘာမှ မပြောဘဲ ငြိမ်သက်စွာ ထိုင်နေလေသည်။
"လွန်ခဲ့တဲ့ ရက်အနည်းငယ်ကလေ..." ဆွန်ဖုန်းက ခပ်အေးအေးပင် ဖြေလိုက်လေသည်။
"မင်း... မဖြစ်နိုင်တာ... ဟွမ်ကျားချန်း... ဒီကောင်က မင်း ငါ့ကို ဟန်ဆောင်ပြဖို့ ငှားလာတဲ့ လူ မဟုတ်လား... ဟန်မဆောင်ပါနဲ့တော့... မင်း မိဘတွေရော ငါ့မိဘတွေရော အကုန်လုံး သိပြီးသားပါ... သူတို့က ငါတို့ နှစ်ယောက်ကို ပေးစားချင်နေကြတာ..."
ချူဝမ်ကျဲက ဒေါသကို မြိုသိပ်ကာ ပြောလိုက်လေသည်။
ထို့နောက် သူက ခဏစဉ်းစားပြီး ဆက်ပြောလိုက်လေသည်။ "ပြီးတော့ မင်း သူ့ကို ကြည့်စမ်း... သူဌေးသားလည်း မဟုတ်ဘူး... ပိုက်ဆံလည်း မရှိဘူး... မင်းက ဒီလိုလူမျိုးကို ကြိုက်ပါ့မလား..."
ချူဝမ်ကျဲက လှောင်ပြောင်လိုက်သေးသည်။
ဟွမ်ကျားချန်းကမူ ယခုတိုင် စကားတစ်ခွန်းမျှ မဟသေးချေ။
"ပိုက်ဆံရှိတာ အရေးကြီးလို့လား... ကိုယ့်မှာ ပိုက်ဆံ မရှိပေမယ့်လည်း ကျားချန်းက ကိုယ့်ကို ချစ်တာပဲ... ဘာလို့လဲဆိုတော့ ကိုယ်က ရုပ်ချောလို့လေ... ဟုတ်တယ် မဟုတ်လား ကျားချန်း..."
ဆွန်ဖုန်းက ဟွမ်ကျားချန်းကို တစ်ချက် ကြည့်ကာ မေးလိုက်လေသည်။
ဟွမ်ကျားချန်းသည် ချူဝမ်ကျဲကို ဒေါသထွက်အောင် လုပ်ချင်နေသည်မှာ ကြာပြီဖြစ်ရာ ပြုံး၍ ဖြေလိုက်လေသည်။ "ဟုတ်တယ်... ကျွန်မက သူ ရုပ်ချောလို့ ကြိုက်တာ..."
"မင်း..."
ချူဝမ်ကျဲသည် ဆွန်ဖုန်းကို လက်ညှိုးထိုးလိုက်၊ ဟွမ်ကျားချန်းကို ဒေါသတကြီး စိုက်ကြည့်လိုက် လုပ်နေပြီး စကားပင် မပြောနိုင်အောင် ဖြစ်သွားရလေသည်။
ထိုအချိန်မှာပင် ဟင်းများ ရောက်လာရာ ဆွန်ဖုန်းသည် အားမနာတမ်း ၈၂ ခုနှစ် လာဖိုက် တစ်ပုလင်းကို ဖွင့်ကာ ခေါင်းမော့၍ မော့သောက်လိုက်လေသည်။ ထို့နောက် ချူဝမ်ကျဲကို ဒေါသထွက်စေရန် ဆက်ပြောလိုက်လေသည်။
"ကျားချန်းက ကိုယ့်ရဲ့ ရုပ်ချောတာကို သဘောကျသလို... ကိုယ် အရက်အများကြီး သောက်နိုင်တာ... ထမင်းအများကြီး စားနိုင်တာကိုလည်း သဘောကျတယ်... ညဘက်ရောက်ရင် ဟိုကိစ္စ လုပ်တဲ့အခါမှာလည်း သူ့ကို အပြည့်အဝ စိတ်ကျေနပ်မှု ပေးနိုင်တယ်... မင်းကော... မင်း လုပ်နိုင်လို့လား..."
ဆွန်ဖုန်းက ချူဝမ်ကျဲကို အထင်သေးစွာ ကြည့်ကာ မေးလိုက်လေသည်။
ဟွမ်ကျားချန်းသည် ထိုစကားကို ကြားသောအခါ ဆွန်ဖုန်းကို မျက်စောင်းထိုးလိုက်သော်လည်း ချူဝမ်ကျဲ၏ အမြင်တွင်မူ ညဘက်တွင် တကယ်ပင် ထိုကိစ္စများ ဖြစ်ပျက်နေသည်ဟု ထင်မြင်သွားစေလေသည်။
ချူဝမ်ကျဲသည် အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး ဒေါသထွက်လွန်း၍ ရယ်မောကာ ပြောလိုက်လေသည်။ "ဟန်ဆောင်... ဆက်ပြီး ဟန်ဆောင်နေကြဦး..."
"ဟူး... မင်းနဲ့ စကားပြောရတာ အချိန်ကုန်တယ်..."
ဆွန်ဖုန်းသည် ဆက်မပြောတော့ဘဲ စားသောက်ရန် ပြင်လိုက်လေသည်။ သူ၏ အစားအသောက်မှာ လူကြီး သုံးယောက်စာလောက် ရှိသဖြင့် အားရပါးရ စားသောက်နေလေတော့သည်။
"ချူဝမ်ကျဲ... ကျွန်မတို့ နှစ်ယောက်က လုံးဝ မဖြစ်နိုင်ဘူး... ကျွန်မမှာ ချစ်သူ ရှိနေပြီ... ဒီနေ့ လာစားတာကလည်း ကျွန်မ အမေ့ မျက်နှာကို ထောက်လို့ လာစားတာ..."
ဟွမ်ကျားချန်းက ပြောလိုက်လေသည်။
"ဟွန်း... မင်း ငါနဲ့ အတူမနေချင်လည်း နေရမှာပဲ... မင်းမိဘတွေက ငါ့မိသားစုရဲ့ တောင်းဆိုမှုကို သေချာပေါက် လက်ခံမှာပဲ..."
ချူဝမ်ကျဲသည် စိတ်ကို ပြန်လည် တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီးနောက် အဓိက အချက်ကို ထောက်ပြလိုက်လေသည်။
"ဒါက ရှင့်သဘောလေ..."
ဟွမ်ကျားချန်းသည် ချူဝမ်ကျဲ၏ စကားကို ကြားသောအခါ မျက်နှာ အေးစက်သွားသော်လည်း ထိုအချက်က သူမ၏ အားနည်းချက်ကို အမှန်တကယ် ထိရှသွားစေလေသည်။
"ကိစ္စမရှိပါဘူး ကျားချန်းရာ... ဘာပဲဖြစ်ဖြစ် မင်း သူနဲ့ လက်မထပ်ရသေးခင် အချိန်လေးအတွင်းမှာ ကိုယ်တို့ နှစ်ယောက် အတူတူ ပျော်ပျော်ရွှင်ရွှင် နေကြတာပေါ့..."
ဆွန်ဖုန်းသည် တစ်ရှူးဖြင့် ပါးစပ်ကို သုတ်လိုက်ပြီး ဟွမ်ကျားချန်းကို ဖက်ကာ သူမ၏ နှုတ်ခမ်းကို နမ်းရှုံ့လိုက်လေသည်။ ချူဝမ်ကျဲ၏ ရှေ့တွင်ပင် အရှက်မရှိ ပြုမူလိုက်ခြင်း ဖြစ်သည်။
ထိုလုပ်ရပ်ကြောင့် ဟွမ်ကျားချန်းမှာ ကြက်သေသေသွားလေသည်။ ဆွန်ဖုန်းက သူမကို အခွင့်ကောင်းယူလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ချေ။ သူမ ရုန်းကန်ရန် ပြင်လိုက်သော်လည်း ချူဝမ်ကျဲက ကြည့်နေသည်ကို သတိရသွားကာ အကယ်၍ ရုန်းကန်လိုက်ပါက ဇာတ်လမ်း ပျက်သွားမည်ကို စိုးရိမ်သဖြင့် ငြိမ်နေလိုက်ရလေသည်။
'သောက်ကောင်... ငါ့ကိုတောင် အခွင့်ကောင်း ယူရဲတယ်... မင်ယီ သိသွားရင်တော့ နင် သေဖို့သာ ပြင်ထား...'
ဟွမ်ကျားချန်းက စိတ်ထဲမှ ကြိမ်းဝါးလိုက်သော်လည်း သူမ၏ မျက်နှာလေးမှာ နီရဲနေပြီး ဆွန်ဖုန်း၏ နမ်းရှုံ့မှုအောက်တွင် အသက်ရှူပင် မြန်လာလေသည်။
"မင်း... မင်းတို့..."
ချူဝမ်ကျဲသည် သူတို့ နှစ်ဦးကို လက်ညှိုးထိုးကာ ဒေါသထွက်လွန်း၍ အဆုတ်ပင် ကွဲထွက်တော့မတတ် ဖြစ်သွားရလေသည်။
တစ်မိနစ်ခန့် အကြာတွင် ဆွန်ဖုန်းသည် ဟွမ်ကျားချန်းကို လွှတ်ပေးလိုက်လေသည်။ ဟွမ်ကျားချန်းက သူ့ကို ရှက်ရွံ့ဒေါသထွက်စွာ မျက်စောင်းထိုးနေသည်ကို လုံးဝ ဂရုမစိုက်ဘဲ ချူဝမ်ကျဲကို ပြောလိုက်လေသည်။
"အင်း... နောက်ဆိုရင် ကျားချန်းက မင်းနဲ့ လက်ထပ်ရတော့မှာဆိုတော့... အခု အချိန်လေးမှာ ကိုယ် သေချာ အသုံးချထားမှ ဖြစ်မယ်... သူ့ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း အကုန်လုံးကို သေချာ လေ့လာထားရမယ်... ပြီးတော့ ကိုယ့်အတွက်လည်း အဲဒီကိစ္စတွေ လုပ်ပေးဖို့... နှုတ်ခမ်း အသုံးချနည်းတွေကို သေချာ လေ့ကျင့်ခိုင်းထားရမယ်... နောက်ဆိုရင် ညီလေး... မင်း ထပ်ပြီး လေ့ကျင့်ပေးနေစရာ မလိုတော့ဘူးပေါ့..."
ဆွန်ဖုန်းက ချူဝမ်ကျဲကို အလွန် ညစ်ညမ်းပြီး အရှက်မရှိသော စကားများဖြင့် ပြောလိုက်လေသည်။
ချူဝမ်ကျဲသည် ထိုစကားများကို ကြားသောအခါ အလွန် ရွံရှာသွားမိလေသည်။ ဆွန်ဖုန်း၏ စကားများအရ နောက်ပိုင်းတွင် သူနှင့် ဟွမ်ကျားချန်းတို့ လက်ထပ်ပြီးပါက ထိုကိစ္စများ ပြုလုပ်ရာတွင် ဟွမ်ကျားချန်း၏ နှုတ်ခမ်းကို နမ်းရန်ပင် ရွံရှာသွားမိတော့မည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် နှုတ်ခမ်း အသုံးချနည်း လေ့ကျင့်ထားသည် ဆိုသော စကားကြောင့် ဟွမ်ကျားချန်း၏ နှုတ်ခမ်းကို နမ်းခြင်းမှာ ဆွန်ဖုန်း၏ အောက်ပိုင်းကို သွယ်ဝိုက် နမ်းရှုံ့နေသည်နှင့် တူနေသောကြောင့်ပင် ဖြစ်သည်။
ဟွမ်ကျားချန်းသည်လည်း ဆွန်ဖုန်း၏ စကားများကို ကြားသောအခါ သူ့ကို သတ်ပစ်ချင်စိတ်ပင် ပေါက်လာလေသည်။ သို့သော် ချူဝမ်ကျဲ ရှိနေသေးသဖြင့် မနည်း ထိန်းချုပ်ထားရလေသည်။ ဆွန်ဖုန်းမှာ ချူဝမ်ကျဲကို တမင် ဒေါသထွက်အောင် လုပ်နေမှန်း သူမ သိရှိထားလေသည်။
'ငါ သည်းခံရမယ်... သည်းခံရမယ်...'
ဟွမ်ကျားချန်းသည် ဒေါသကို မနည်း မြိုသိပ်ထားရသဖြင့် သွားများပင် ကျိတ်ထားမိလေတော့သည်။