← Chapters

အခန်း ၆၈

Vol. 7 Ch. 68

အခန်း ၆၈

Vol. 7 Ch. 68

အခန်း (၆၈) အစီအစဉ်

နှစ်ရက်အကြာတွင် ဆွန်ဖုန်းနှင့် စူးမေးတို့သည် ကနေဒါနိုင်ငံရှိ လီယာဒယ်ဘော့မြို့ သို့ ရောက်ရှိလာကြလေသည်။

ဟိုတယ်တွင် နေရာချထားပြီးနောက် ဆွန်ဖုန်းနှင့် စူးမေးတို့သည် ကော်ဖီဆိုင် တစ်ဆိုင်သို့ သွားရောက်ကာ နောက်ဆက်တွဲ ပြုလုပ်ရမည့် ကိစ္စရပ်များကို ဆွေးနွေးရန် ပြင်ဆင်လိုက်လေသည်။

ဆွန်ဖုန်း အနေဖြင့် အားလုံးကို ကြိုတင် စီစဉ်ထားပြီး ဖြစ်သည်။ လက်ရှိတွင် သူသည် ကနေဒါ နိုင်ငံသား ခံယူခွင့် ရရှိထားပြီ ဖြစ်ရာ နောက်တစ်ဆင့် အနေဖြင့် နေထိုင်ရန် နေရာထိုင်ခင်း စီစဉ်ခြင်း၊ သတ္တုတွင်း ကုမ္ပဏီ တည်ထောင်ခြင်းနှင့် မြေနေရာ ဝယ်ယူခြင်း ကိစ္စရပ်များကို ဆက်လက် လုပ်ဆောင်ရမည် ဖြစ်သည်။

ဤနိုင်ငံတွင် မိမိနိုင်ငံနှင့် မတူဘဲ မြေနေရာ ဝယ်ယူလိုက်သည်နှင့် ထိုမြေနေရာမှာ မိမိပိုင်ဆိုင်မှု အပြည့်အဝ ဖြစ်သွားလေသည်။

"ပထမဆုံး အနေနဲ့ မင်း ငါ့အတွက် ဗီလာအိမ်ကြီး တစ်လုံးလောက် မြန်မြန် သွားရှာဝယ်ပေး... နေစရာ ပြဿနာ ပြေလည်သွားမှ ကျန်တဲ့ ကိစ္စတွေကို ဆက်လုပ်လို့ ရမယ်..."

ဆွန်ဖုန်းက ကော်ဖီသောက်ရင်း စူးမေးကို ပြောလိုက်လေသည်။

"ရပါတယ်... ဒီကိစ္စကို အခု ချက်ချင်းပဲ သွားလုပ်လိုက်ပါ့မယ်..."

စူးမေးက ခေါင်းညိတ်လိုက်လေသည်။ ဆွန်ဖုန်း၏ ဝန်ထမ်း ဖြစ်လာပြီ ဖြစ်ရာ သူမ အနေဖြင့် လုံးဝ နှောင့်နှေးကြန့်ကြာမှု မရှိဘဲ ပြတ်သား လျင်မြန်စွာ လုပ်ဆောင်လေ့ ရှိသည်။

"ဗီလာ ဝယ်ပြီးသွားရင် အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ တစ်ခုနဲ့ ချိတ်ဆက်ပြီး ငါ့အတွက် သတ္တုတွင်း ကုမ္ပဏီတစ်ခု တည်ထောင်ပေးပါ... ဝန်ထမ်းတွေ၊ စက်ပစ္စည်းတွေ ကိစ္စကို မင်း ခေါင်းရှုပ်ခံစရာ မလိုဘူး... ကုမ္ပဏီရဲ့ အခြေခံ အဆောက်အအုံလေး ဖြစ်လာဖို့ပဲ လိုတယ်... ဘယ်လောက် မြန်မြန်ရရ ပိုကောင်းတယ်... ဒါက မင်းအတွက် ပထမဆုံး စမ်းသပ်မှုပဲ... ပိုက်ဆံ ကိစ္စအတွက် လုံးဝ စိတ်ပူစရာ မလိုဘူး... လူမှုရေးအရ ချဉ်းကပ်ဖို့ ပိုက်ဆံ သုံးရမယ်ဆိုရင်လည်း သုံးလိုက်... ငွေကို ဂရုစိုက်နေစရာ မလိုဘူး... ငါ လိုချင်တာက အမြန်နှုန်းပဲ..."

ဆွန်ဖုန်းက ဆက်ပြောလေသည်။

"ဟုတ်ကဲ့ပါ..."

စူးမေးသည် ထိုစကားကို ကြားသောအခါ အနည်းငယ် ကြောင်အမ်းသွားသော်လည်း ခေါင်းညိတ်ပြလိုက်လေသည်။ သူမ၏ သူဌေးတွင် ဤနိုင်ငံ၌ သတ္တုတွင်း ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နိုင်လောက်အောင် ငွေကြေး မည်မျှတောင် ရှိနေသနည်းဟု စိတ်ထဲမှ တွေးလိုက်မိလေသည်။

"ဒါနဲ့... နောက်ဆိုရင် မင်းက ဒီမှာ တစ်နှစ်၊ နှစ်နှစ်လောက် အလုပ်လုပ်ရလိမ့်မယ်... မင်းက ဗီဇာနဲ့ လာတာဆိုတော့ နည်းနည်း အလုပ်ရှုပ်တယ်... အကယ်လို့ မင်း ဒီကိစ္စ နှစ်ခုကို လုပ်နေရင်း အားတဲ့အချိန် ရှိရင် ပြည်တွင်းကို ပြန်ပြီး နိုင်ငံခြားသား အဖြစ် အမြဲတမ်း နေထိုင်ခွင့် လျှောက်ထားလိုက်ပါ... အကယ်လို့ မင်း သဘောတူမယ်ဆိုရင် ငါက လျော်ကြေး အနေနဲ့ ယွမ် ၅ သန်း ပေးပါ့မယ်..."

ဆွန်ဖုန်းက ထိုငွေပမာဏကို လုံးဝ နှမြောခြင်း မရှိဘဲ ငွေဖြင့်ပင် ပေါက်ချလိုက်လေသည်။

စူးမေးသည် ထိုစကားကို ကြားသောအခါ မျက်နှာပေါ်တွင် တွေဝေသွားသော အရိပ်အယောင်များ ပေါ်လာလေသည်။ ဤနိုင်ငံသို့ ပြောင်းရွှေ့နေထိုင်ရမည် ဆိုသည်မှာ မိမိ၏ အနာဂတ် ဘဝတစ်ခုလုံးကို ဤနေရာတွင် ရင်းနှီးမြှုပ်နှံလိုက်ရခြင်းနှင့် အတူတူပင် ဖြစ်ကြောင်း သူမ ကောင်းစွာ သိရှိလေသည်။

တစ်နှစ်စာ လစာ ယွမ်တစ်သန်းမှာ များပြားလှသော်လည်း ဤနိုင်ငံသို့ ပြောင်းရွှေ့ရန် သူမ သိပ်သဘောမကျချေ။ သို့သော် ဆွန်ဖုန်းက လျော်ကြေး ယွမ် ၅ သန်း ပေးမည်ဟု ဆိုသောအခါ အနည်းငယ် စဉ်းစားပြီးနောက် ခေါင်းညိတ်ကာ ပြန်ဖြေလိုက်လေသည်။

"ရပါတယ် ရှင်..."

"ကောင်းပြီ... ဒါဆို သွားလုပ်တော့လေ..."

ဆွန်ဖုန်းက စူးမေးကို လက်ဝှေ့ယမ်းပြလိုက်ပြီး ဘဏ်ကတ် တစ်ကတ်ကို ကမ်းပေးကာ ပြောလိုက်လေသည်။ "ဒီကတ်ရဲ့ စကားဝှက်က သုည ခြောက်လုံးပဲ... အထဲမှာ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ရှိတယ်... လိုအပ်သလိုသာ သုံး... ပိုက်ဆံကို နှမြောမနေနဲ့... တခြား အကြောင်းပြချက်တွေကိုလည်း စဉ်းစားမနေနဲ့..."

"ကျွန်မက ပိုက်ဆံတွေ အကုန်ယူပြီး ထွက်ပြေးသွားမှာကို ရှင် မကြောက်ဘူးလား..."

စူးမေးသည် ဘဏ်ကတ်ကို တုန်ယင်နေသော လက်များဖြင့် လှမ်းယူလိုက်ပြီး အံ့ဩလွန်း၍ ပြုံးကာ မေးလိုက်မိလေသည်။ ဆွန်ဖုန်းက သူမကို ဤမျှ ယုံကြည်ပြီး အလုပ်လုပ်ရန်အတွက် ဒေါ်လာ သန်း ၁၀၀ တိတိ ပေးလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ချေ။

ဤသည်မှာ ဒေါ်လာ သန်း ၁၀၀ ဖြစ်သည်။ ယွမ်သန်း ၁၀၀ ဆိုလျှင်ပင် အလွန်တရာ များပြားလှသော စည်းစိမ်ချမ်းသာ ဖြစ်နေပြီကို၊ သိကျွမ်းသည်မှာ တစ်ပတ်ပင် မပြည့်သေးသော သူစိမ်း တစ်ယောက်အား ဤမျှ လွယ်လွယ်ကူကူ ပေးအပ်လိုက်သည် မဟုတ်ပါလား။

"မယုံရင် မသုံးနဲ့... သုံးရင် မယုံမရှိနဲ့ ဆိုတဲ့ စကား ရှိတယ်လေ... ပြီးတော့ ငါက မင်းကို ဒီငွေတွေ ပေးရဲတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိလို့ပေါ့... အကယ်လို့ မင်းသာ ငွေတွေယူပြီး ထွက်ပြေးသွားရင် လူ့လောကထဲ ရောက်လာတာကို နောင်တရသွားအောင် ငါ လုပ်ပြမယ်..."

ဆွန်ဖုန်းက မျက်နှာသေဖြင့် အေးစက်စွာ ပြုံး၍ ပြောလိုက်လေသည်။

စူးမေးသည် ထိုစကားကို ကြားသောအခါ တစ်ကိုယ်လုံး တုန်ယင်သွားလေသည်။ ဆွန်ဖုန်း၏ စကားကို သူမ လုံးဝ သံသယ မဝင်ရဲချေ။ "စိတ်ချပါ... ကျွန်မ အစွမ်းကုန် ကြိုးစားပြီး အလုပ်လုပ်ပေးပါ့မယ်..."

ထို့နောက် စူးမေးသည် အလုပ်ကိစ္စများကို ဆောင်ရွက်ရန် ထွက်ခွာသွားလေတော့သည်။

ဆွန်ဖုန်းသည် ကော်ဖီဆိုင်တွင် ခဏတဖြုတ် ဆက်ထိုင်နေပြီးနောက် ပြန်ထွက်လာခဲ့လေသည်။

နှစ်ရက် အကြာတွင် စူးမေးသည် ဆွန်ဖုန်းအတွက် ဗီလာအိမ် တစ်လုံးကို ရှာဖွေ ဝယ်ယူပေးနိုင်ခဲ့သည်။ အလွန်တရာ ခမ်းနားကြီးကျယ်ခြင်း မရှိသော်လည်း လုံလောက်မှု ရှိပြီး ဒေါ်လာ ငါးသိန်းခန့် ကုန်ကျခဲ့လေသည်။

ထိုနေ့တွင်ပင် ဆွန်ဖုန်းနှင့် စူးမေးတို့သည် ဗီလာအိမ်သို့ ပြောင်းရွှေ့ နေထိုင်ကြလေသည်။ အခန်းများစွာ ရှိသဖြင့် ဆွန်ဖုန်းက စူးမေးကိုပါ အတူနေထိုင်ရန် ခေါ်ယူလိုက်လေသည်။ ဤသို့ဖြင့် အလုပ်ကိစ္စများ တိုင်ပင်ရာတွင်လည်း ပိုမို လွယ်ကူသွားမည် ဖြစ်သည်။

ထိုအချိန်က စူးမေး အနည်းငယ် တွေဝေသွားခဲ့သေးသည်။ မည်သို့ပင်ဖြစ်စေ လူပျိုနှင့် အပျို တစ်အိမ်တည်း အတူနေထိုင်ရမည် မဟုတ်ပါလား။ သို့သော် သေချာ စဉ်းစားကြည့်သောအခါ အကယ်၍ ဆွန်ဖုန်းသာ ထိုသို့သော ယုတ်မာသည့် လူစားမျိုး ဖြစ်ပါက သူမ ဤနိုင်ငံသို့ ရောက်လာသည့် ပထမ ရက်အနည်းငယ် အတွင်းကပင် အခွင့်ကောင်း ယူသွားလောက်ပြီဟု တွေးမိကာ သဘောတူလိုက်လေသည်။

နေရာထိုင်ခင်း အဆင်ပြေသွားပြီးနောက် ဆက်တိုက်ဆိုသလို ရက်အနည်းငယ် အတွင်း စူးမေးသည် ဆွန်ဖုန်းအတွက် သတ္တုတွင်း ကုမ္ပဏီ တည်ထောင်ရန် အလုပ်များနေလေတော့သည်။ ဆွန်ဖုန်းသည်လည်း အားနေခြင်း မဟုတ်ဘဲ အော့ဖ်ရုဒ် ကားတစ်စီး ဝယ်ယူကာ လီယာဒယ်ဘော့ မြို့ပတ်ဝန်းကျင်ရှိ ကျေးရွာများနှင့် မြို့ငယ်လေးများသို့ သွားရောက် လေ့လာနေလေသည်။

အမှန်တကယ် ပြောရလျှင် ကနေဒါနိုင်ငံရှိ မြို့ရွာများမှာ မြို့ပြဆန်သော်လည်း လူနေထူထပ်မှု အလွန် နည်းပါးလှပေသည်။ အချို့ မြို့ငယ်လေးများတွင် လူဦးရေ ထောင်ဂဏန်းခန့်သာ ရှိပြီး အချို့နေရာများတွင် ထိုထက်ပင် နည်းပါးသေးသည်။ မြို့နယ်အောက်ရှိ အချို့ကျေးရွာများတွင် အိမ်ခြေ ရာဂဏန်းခန့်သာ ရှိလေသည်။

သို့သော် ဤသည်မှာလည်း နိုင်ငံ၏ အနေအထားအရ မြေနေရာ ကျယ်ဝန်းပြီး လူဦးရေ ကျဲပါးခြင်းကြောင့်ပင် ဖြစ်သည်။

ဆွန်ဖုန်းသည် ရမ်းသန်းပြီး လျှောက်သွားနေခြင်း မဟုတ်ပေ။ သူသည် လူသူကင်းမဲ့ပြီး ခေါင်ကျသော နေရာတစ်ခုကို ရှာဖွေကာ ထိုမြေနေရာကို တိုက်ရိုက် ဝယ်ယူရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ သတ္တုတွင်း ကုမ္ပဏီ တည်ထောင်ပြီးသည်နှင့် သတ္တုရှာဖွေရေး အဖွဲ့တစ်ဖွဲ့ကို ငှားရမ်းကာ ထိုမြေနေရာကို စစ်ဆေးခိုင်းမည် ဖြစ်သည်။

ထို့နောက် တန်ချိန် သန်းဆယ်ချီ၊ ရာချီ ရှိသော သံသတ္တုကြောကြီး တစ်ခုကို ရှာဖွေတွေ့ရှိကြောင်း ကြေညာလိုက်မည် ဖြစ်ပြီး ထိုအချိန်ကျမှ တရားဝင် စတင် တူးဖော်မည် ဖြစ်သည်။ မည်သို့ပင်ဆိုစေ မြေနေရာကို ဝယ်ယူထားပြီး ဖြစ်ရာ မြေအောက်ရှိ သံသတ္တုရိုင်းများမှာ သူ့ပိုင်ဆိုင်မှုသာ ဖြစ်သွားမည် မဟုတ်ပါလား။

သေချာသည်မှာ ထိုမြေနေရာအောက်တွင် မည်သည့် သတ္တုကြောမှ ရှိမည် မဟုတ်ချေ။ သို့သော် ဆွန်ဖုန်း၏ သိုလှောင်ရုံ စနစ်ထဲတွင် သံသတ္တုရိုင်း တန်ချိန် သန်း ၃၀ တိတိ ရှိနေသည် မဟုတ်ပါလား။ နောင်တွင်လည်း ဆွန်ဖုန်းသည် ပင်လယ်ကြမ်းပြင်မှ သံသတ္တုရိုင်းများကို ဆက်လက် တူးဖော်နိုင်သေးသည်။

သို့သော် ဤကိစ္စမှာ မျက်စိလှည့်စားကာ လူထုကို လှည့်စားရမည့် အစီအစဉ်တစ်ခု ဖြစ်ပေသည်။

ဆွန်ဖုန်း၏ အစီအစဉ်မှာ ဤသို့ ဖြစ်သည်။ အသံလက်ထောက်က သူ့ကို သတ္တုကြော အတု ဖော်ပြစက် ဟု ခေါ်သော စက်ကိရိယာ တစ်ခု ထုတ်ပေးနိုင်ကြောင်း ပြောထားလေသည်။

ထိုစက်ကို မြေကြီးပေါ်တွင် ချထားလိုက်ရုံဖြင့် စစ်ဆေးသည့်အခါ မူလက သတ္တုကြော မရှိသော နေရာကိုပင် သတ္တုကြော ရှိနေကြောင်း ပြသပေးနိုင်မည် ဖြစ်သည်။ ထို့အပြင် စက်မှတစ်ဆင့် ရေနံ၊ သံသတ္တုရိုင်း၊ ရွှေသတ္တုရိုင်း အစရှိသည်တို့ကို စိတ်ကြိုက် ရွေးချယ် ဖော်ပြခိုင်းနိုင်လေသည်။

ဤသည်မှာ ပြိုင်ဘက်ကင်း အကူအညီပေးမည့် စက်ကိရိယာ တစ်ခု ဖြစ်ပြီး လက်ရှိ ကမ္ဘာမြေပေါ်တွင် ဤကဲ့သို့သော နည်းပညာမျိုး လုံးဝ မရှိသေးချေ။ ရေအောက် တူးဖော်ရေး စနစ်ကြီးမှ ထုတ်လုပ်ပေးသော ပစ္စည်း ဖြစ်၍သာ ဤမျှ အစွမ်းထက်နေခြင်း ဖြစ်လေသည်။

ထို့ကြောင့် ဆွန်ဖုန်း၏ သတ္တုတွင်း ကုမ္ပဏီ တည်ထောင်ပြီးပါက လူသူကင်းမဲ့သော မြေနေရာ တစ်ခုကို ဝယ်ယူလိုက်မည် ဖြစ်သည်။ ထို့နောက် သတ္တုကြော အတု ဖော်ပြစက် ကို မြေကြီးထဲတွင် မြှုပ်နှံထားမည်။ ထိုအခါ ကျွမ်းကျင် ပညာရှင်များနှင့် သတ္တုရှာဖွေရေး အဖွဲ့များကို ခေါ်ယူ စစ်ဆေးခိုင်းပါက ဤမြေနေရာအောက်တွင် ကြီးမားလှသော သံသတ္တုကြောကြီး ရှိနေကြောင်း ပေါ်ထွက်လာမည် ဖြစ်သည်။ သတင်းမီဒီယာများမှ ကြေညာပြီးနောက် ဆွန်ဖုန်းသည် ချက်ချင်း စတင် တူးဖော်နိုင်ပြီ ဖြစ်သည်။

သေချာသည်မှာ အမှန်တကယ် တူးဖော်မည် မဟုတ်ဘဲ ဆွန်ဖုန်းသည် မြေအောက်တွင် တန်ချိန် သန်း ၅၀ ခန့် သိုလှောင်နိုင်သော မြေအောက် ဂိုဒေါင်တစ်ခုကို တူးဖော်လိုက်မည် ဖြစ်ပြီး သူ၏ သိုလှောင်ရုံ စနစ်ထဲရှိ သံသတ္တုရိုင်းများကို ထိုဂိုဒေါင်ထဲသို့ ထည့်ထားလိုက်မည် ဖြစ်သည်။

ထို့နောက် မြေပြင်ပေါ်တွင် ဟင်းလင်းပွင့် သတ္တုတွင်း တစ်ခု၏ ပုံစံမျိုး ဖန်တီးထားမည် ဖြစ်သည်။ ထိုအချိန်ကျလျှင် ရေအောက် တူးဖော်ရေး စနစ်ကြီးမှတစ်ဆင့် လုံခြုံစိတ်ချရသော စက်ကိရိယာများ တည်ဆောက်ကာ မြေအောက် ဂိုဒေါင်ထဲရှိ သံသတ္တုရိုင်းများကို ကွန်ဗေယာ ခါးပတ်ဖြင့် တိုက်ရိုက် ဆွဲတင်လိုက်ရုံသာ ဖြစ်သည်။

ရေအောက် တူးဖော်ရေး စနစ်ကြီး၏ နည်းပညာ အထောက်အပံ့များ ရှိနေသဖြင့် မြေအောက်တွင် သတ္တုကြော မရှိဘဲ မြေအောက် သိုလှောင်ရုံ တစ်ခုသာ ရှိနေကြောင်းကို မည်သူမျှ ရိပ်မိမည် မဟုတ်ဟု ဆွန်ဖုန်း အပြည့်အဝ ယုံကြည်ထားလေသည်။

တစ်ချိန်တည်းမှာပင် ဆွန်ဖုန်း၏ ဤလုပ်ငန်းခွင်တွင် အလုပ်သမားများ ငှားရမ်းမည် မဟုတ်သလို မည်သူ့ကိုမျှ တူးဖော်ရေး ဧရိယာအနီးသို့ အကပ်ခံမည် မဟုတ်ချေ။ အကယ်၍ တစ်စုံတစ်ယောက် အနီးသို့ ရောက်လာလျှင်တောင်မှ မြေအောက် ဂိုဒေါင်ထဲသို့ မည်သူမျှ ဝင်ရောက်နိုင်မည် မဟုတ်ပေ။

သူတို့ မြင်တွေ့ရမည်မှာ ဟင်းလင်းပွင့် သတ္တုတွင်းထဲမှ ဆက်တိုက် ထွက်ပေါ်လာနေသော သံသတ္တုရိုင်းများကိုသာ ဖြစ်သည်။ အကယ်၍ စစ်ဆေးချင်လျှင်တောင်မှ ဘာမှ ရှာတွေ့နိုင်မည် မဟုတ်ချေ။ ဆွန်ဖုန်း၌ ပြိုင်ဘက်ကင်း အကူအညီ ရှိနေသည် မဟုတ်ပါလား။ သူက အလွယ်တကူ စစ်ဆေးခံပါ့မည်လား။

ဆွန်ဖုန်းသည် တစ်ပတ်ခန့် လှည့်လည် ရှာဖွေခဲ့သော်လည်း သင့်လျော်သော နေရာကို မတွေ့ရှိခဲ့ချေ။ သို့သော် သူ လုံးဝ မလောပါချေ။ သတ္တုတွင်း ကုမ္ပဏီမှာလည်း တည်ထောင်၍ မပြီးသေးရာ ကုမ္ပဏီ တည်ထောင်ပြီးစီးချိန်မှ နေရာရှာတွေ့လျှင်လည်း အဆင်ပြေပေသည်။

All Chapters