← Chapters

အခန်း ၇၀

Vol. 7 Ch. 70

အခန်း ၇၀

Vol. 7 Ch. 70

အခန်း (၇၀) မြေနေရာ ဝယ်ယူခြင်း

ဤနေ့ နံနက်ခင်းတွင် ဆွန်ဖုန်းသည် အိပ်ရာထပြီးနောက် စူးမေးနှင့်အတူ မနက်စာ ထွက်စားလိုက်သည်။ ထို့နောက် ပြင်ဆင်ထားသော စာရွက်စာတမ်းများကို ယူကာ လီယာဒယ်ဘော့ မြို့တော် အစိုးရရုံးသို့ ထွက်လာခဲ့လေသည်။

ဟုတ်ပေသည်။ မနေ့ကတည်းက စူးမေးသည် လီယာဒယ်ဘော့ မြို့တော် အစိုးရရုံးမှ အုပ်ချုပ်ရေး အရာရှိများနှင့် အချိန်နှင့် နေရာကို ချိန်းဆိုထားပြီး ဖြစ်သည်။ ယနေ့ ဆွန်ဖုန်း လာရောက်ရခြင်းမှာ မြေနေရာ ဝယ်ယူရေး ကိစ္စအတွက် တစ်ဖက်လူများနှင့် လာရောက် ဆွေးနွေးခြင်း ဖြစ်သည်။

အချိန်ကား နံနက် ၉ နာရီဖြစ်ပြီး နေရာမှာ အုပ်ချုပ်ရေး အဆောက်အအုံ၏ အစည်းအဝေး ခန်းမတွင် ဖြစ်သည်။

နံနက် ၈ နာရီ ၅၀ မိနစ်တွင် ဆွန်ဖုန်းနှင့် စူးမေးတို့သည် လီယာဒယ်ဘော့ မြို့တော် အစိုးရရုံး အဆောက်အအုံ အပြင်ဘက်သို့ ရောက်ရှိလာခဲ့သည်။ ရောက်ရောက်ချင်း စုံစမ်းမေးမြန်းပြီးနောက် နှစ်ဦးသား အစည်းအဝေး ခန်းမသို့ သွားရောက် စောင့်ဆိုင်းနေကြလေသည်။

မကြာမီမှာပင် ရုံးဝတ်စုံ အပြည့်အစုံ ဝတ်ဆင်ထားသော နိုင်ငံခြားသား သုံးဦး ဝင်ရောက်လာလေသည်။ ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ အသက် ၄၀ ကျော်ခန့် ရှိပြီး ကျန်နှစ်ဦးမှာ အသက် ၂၄၊ ၂၅ နှစ် အရွယ်ခန့် ရှိသော လူငယ်များ ဖြစ်ကြသည်။

"မစ္စတာ ခရစ် မင်္ဂလာပါ... ကျွန်မက စူးမေး ပါ... သူကတော့ ကျွန်မရဲ့ သူဌေး မစ္စတာ ဆွန်ဖုန်း ပါ..." ရှေ့ဆုံးမှ ဝင်လာသော ခရစ်ကို မြင်သည်နှင့် စူးမေးက အင်္ဂလိပ်လို လှမ်း၍ နှုတ်ဆက်လိုက်လေသည်။ သူတို့ နှစ်ဦးမှာ ယခင်ကတည်းက တွေ့ဆုံဖူးပြီး ဖြစ်ဟန်တူသည်။

"မင်္ဂလာပါ မစ်စ်စူး... မင်္ဂလာပါ မစ္စတာဆွန်..." ခရစ်က ဆွန်ဖုန်းနှင့် စူးမေးကို အင်္ဂလိပ်လို နှုတ်ဆက်ကာ နွေးထွေးစွာ လက်ဆွဲ နှုတ်ဆက်လိုက်လေသည်။ ဆွန်ဖုန်းလည်း အင်္ဂလိပ်စကားကို အကြမ်းဖျင်းတော့ နားလည်လေသည်။

"မင်္ဂလာပါ မစ္စတာခရစ်..." ဆွန်ဖုန်းက ခရစ်နှင့် ပြုံး၍ လက်ဆွဲနှုတ်ဆက်လိုက်သည်။ သူတို့အားလုံး ဝင်ထိုင်ပြီးနောက် အပြန်အလှန် ယဉ်ကျေးမှုအရ နှုတ်ဆက်ကြပြီးနောက် အဓိက အကြောင်းအရာကို စတင် ဆွေးနွေးကြလေသည်။

"မစ္စတာဆွန်က ကနေဒါနိုင်ငံကို ပြောင်းရွှေ့လာတာ သိပ်မကြာသေးဘူးလို့ ကြားပါတယ်..." ခရစ်မှာ အရပ် အတော်လေး ရှည်ပြီး ၅ ပေ ၁၁ လက်မကျော် ခန့် ရှိမည်ဟု ခန့်မှန်းရသည်။ ခန္ဓာကိုယ်မှာ အနည်းငယ် ဝဖြိုးပြီး ဖော်ရွေသော အသွင်အပြင် ရှိကာ အထက်စီးဆန်သော အမူအရာမျိုး လုံးဝ မရှိချေ။

"ဟုတ်ပါတယ်... ကနေဒါက နေချင်စရာ ကောင်းတဲ့ နေရာလေးပါ... ကျွန်တော်လည်း ဒီဘက်မှာ စီးပွားရေး လာလုပ်မလို့ပါ..." ဆွန်ဖုန်းက တရုတ်လို ပြောလိုက်ပြီး ဘေးမှ စူးမေးက ဘာသာပြန်ပေးလေသည်။

"ဒါပေါ့... လီယာဒယ်ဘော့ မြို့ဆိုတာ ရှုခင်း အရမ်းလှတဲ့ မြို့လေးပါ... ဒါနဲ့ မစ္စတာဆွန်က ဘယ်လို စီးပွားရေး လုပ်ငန်းမျိုး လုပ်ဖို့ စိတ်ကူးထားလဲ မသိဘူး..." ခရစ်က စိတ်ဝင်တစား မေးလိုက်လေသည်။

ဆွန်ဖုန်းကဲ့သို့သော ငွေကြေးချမ်းသာသူများ ဤနိုင်ငံသို့ ပြောင်းရွှေ့လာပြီး စီးပွားရေး လုပ်ငန်းများ ရင်းနှီးမြှုပ်နှံခြင်းကို အစိုးရ အရာရှိ တစ်ဦးအနေဖြင့် သူ အလွန် သဘောကျလှပေသည်။ စီးပွားရေးကို တိုးတက်စေရုံသာမက အခွန်ငွေများလည်း ရရှိမည် ဖြစ်ရာ မည်သူက မကြိုဆိုဘဲ နေမည်နည်း။

ကနေဒါနိုင်ငံ၏ စီးပွားရေး အများစုမှာ ဤသို့ ပြောင်းရွှေ့လာသော သူဌေးများ၏ စီးပွားရေး လုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုများနှင့် မြေနေရာ ဝယ်ယူမှုများမှ ရရှိသော အခွန်ငွေများဖြင့် ရပ်တည်နေခြင်း ဖြစ်ကြောင်း သိထားရမည် ဖြစ်သည်။

ကနေဒါနိုင်ငံသည် ပြောင်းရွှေ့အခြေချသူများဖြင့် ဖွဲ့စည်းထားသော နိုင်ငံကြီး တစ်ခုဖြစ်ပြီး ဤဝင်ငွေများဖြင့် အသက်မွေးနေရခြင်း ဖြစ်သည်။ ထို့ကြောင့် အစိုးရ၏ မူဝါဒ အများစုမှာ ပြောင်းရွှေ့လာသော သူဌေးများအတွက် များစွာ ဖြေလျှော့ပေးထားလေသည်။

"အင်း... လုပ်ငန်းကဏ္ဍ အစုံပါပဲ..." ဆွန်ဖုန်း အနေဖြင့် သတ္တုတွင်း လုပ်ငန်း လုပ်မည်ဟု လုံးဝ ပြောမည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် မြေနေရာ ဝယ်ယူရာတွင် တစ်ဖက်လူက ဈေးတင်ကာ ခေါင်းပုံဖြတ်သွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

"အော်... မစ္စတာဆွန်က တကယ်ကို ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်နေတဲ့ စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်ပဲ..." ခရစ်သည် ဆွန်ဖုန်းက အသေးစိတ် ပြောပြလိုခြင်း မရှိသည်ကို မြင်သောအခါ ဆက်မမေးတော့ဘဲ မြှောက်ပင့်၍ ပြောလိုက်လေသည်။ တကယ့် မြေခွေးအိုကြီးပင် ဖြစ်သည်။

"ခင်ဗျားရဲ့ အတွင်းရေးမှူး ပြောပြချက်အရ မစ္စတာဆွန်က မားလ် မြို့နယ်နားမှာ မြေနေရာ တစ်ခု ဝယ်ချင်တယ် ဆို..." ခရစ်က ဆွန်ဖုန်းနှင့် အခြား အကြောင်းအရာ အနည်းငယ် ပြောဆိုပြီးနောက် မေးလိုက်လေသည်။

"ဟုတ်ပါတယ် မစ္စတာခရစ်... ကျွန်တော်က မားလ်မြို့နယ်က အာနီရယ် ရွာရဲ့ အရှေ့ဘက် ကီလိုမီတာ ၃၀ အကွာမှာရှိတဲ့ လွင်ပြင်ငယ်လေးမှာ လယ်ယာမြေ တစ်ခု တည်ဆောက်ချင်လို့ပါ... အဲဒီနေရာမှာ မြေနေရာ တစ်ခုလောက် ဝယ်ချင်ပါတယ်..." ဆွန်ဖုန်းက ပြောလိုက်ရာ စူးမေးက ခရစ် နားလည်အောင် ဘာသာပြန်ပေးလိုက်လေသည်။

ခရစ်သည် ထိုစကားကို ကြားသောအခါ မျက်နှာပေါ်တွင် အပြုံးများ ဝေဆာသွားပြီး ပြောလိုက်လေသည်။ "ဟုတ်တာပေါ့... အဲဒီ လွင်ပြင်ငယ်လေးက လယ်ယာမြေ တည်ဆောက်ဖို့ တကယ်ကို အကောင်းဆုံး နေရာလေးပါ... ပတ်ပတ်လည်မှာ တောင်တန်းတွေ ရှိတယ်... လွင်ပြင်ထဲမှာ မြက်ခင်းပြင်တွေ ရှိတယ်... နေရောင်ခြည်လည်း အလုံအလောက် ရတယ်... တကယ်ကို နေရာကောင်းလေးပါ... မစ္စတာဆွန်ရဲ့ အမြင်က တကယ်ကို စူးရှတာပဲ..." ခရစ်သည် ဆွန်ဖုန်းကို စတင်၍ ဖားယားလေတော့သည်။

ဝင်ငွေ ရမည့် ကိစ္စဖြစ်ရာ မဖားဘဲ နေပါ့မည်လား။

"မစ္စတာဆွန်က မြေနေရာ ဘယ်လောက် အကျယ်အဝန်းလောက် ဝယ်ချင်တာလဲ မသိဘူး... ဧက ဘယ်လောက်လောက်လဲ... ဟဲဟဲ... ဈေးနှုန်းပိုင်းနဲ့ ပတ်သက်ပြီးတော့ မစ္စတာဆွန်က အများကြီး ဝယ်မယ်ဆိုရင် ဈေးနည်းနည်း လျှော့ပေးဖို့ ညှိနှိုင်းလို့ ရပါတယ်..." ခရစ်က ဆွန်ဖုန်းကို အကြံပြုလိုက်လေသည်။

ကနေဒါနိုင်ငံတွင် ဤသို့ပင် ဖြစ်သည်။ အစိုးရ အရာရှိများက မြေနေရာ များများ ဝယ်ယူစေချင်ကြသည်။ မည်သို့ပင်ဆိုစေ ကနေဒါနိုင်ငံ၏ မြေနေရာမှာ အလွန် ကျယ်ဝန်းပြီး လူနေထိုင်မှု နည်းပါးလှရာ ကြိုက်သလောက် ဝယ်ယူနိုင်ပြီး လွတ်နေသော မြေရိုင်းများ အမြောက်အမြား ရှိနေသေးသည် မဟုတ်ပါလား။

"ကျွန်တော် စတုရန်း ကီလိုမီတာ ၁၀ လောက် ဝယ်ချင်တယ်..." ဆွန်ဖုန်းက ပြုံး၍ ပြောလိုက်လေသည်။

စူးမေးက ခရစ်အား ဘာသာပြန်ပေးလိုက်သောအခါ ခရစ်နှင့် အခြား နှစ်ဦးတို့မှာ မျက်လုံးများ ပြူးကျယ်သွားကာ ဆွန်ဖုန်းကို အံ့ဩတကြီး ကြည့်နေကြလေသည်။ ထို့နောက် သူတို့၏ မျက်နှာပေါ်တွင် အလွန် ဝမ်းသာသွားသော အရိပ်အယောင်များ ထွက်ပေါ်လာလေတော့သည်။

စတုရန်း ကီလိုမီတာ ၁၀ တောင်မှတဲ့လား။ စတုရန်း ကီလိုမီတာ ၁၀ ဆိုသည်မှာ ဧက ၂၄၇၁ ဧက ရှိပေသည်။ လက်ရှိ ကျေးလက် မြေနေရာ ဈေးနှုန်းအရ တစ်ဧကလျှင် ကနေဒါ ဒေါ်လာ ၁၀၀၀ (အမေရိကန် ဒေါ်လာ ၇၄၇ ခန့်) ပေါက်ဈေး ရှိသည်။ သို့ဆိုလျှင် ဧက ၂၄၇၁ ဧက အတွက် အမေရိကန် ဒေါ်လာ ၁.၈ သန်းကျော် ကုန်ကျမည် ဖြစ်သည်။

ခရစ်သည် ဤမျှ များပြားသော မြေနေရာကို တစ်ခါတည်း အများအပြား ဝယ်ယူမည့် သူဌေးမျိုးနှင့် မတွေ့ရသည်မှာ နှစ်နှစ်၊ သုံးနှစ်ခန့် ရှိနေပြီ ဖြစ်သည်။ ဤကိန်းဂဏန်းကို ကြားလိုက်ရသောအခါ သူ အလွန် အံ့ဩသွားခဲ့ရလေသည်။

"လေးစားအပ်တဲ့ မစ္စတာဆွန်... ခင်ဗျား တကယ်ပဲ စတုရန်း ကီလိုမီတာ ၁၀ အထိ ဝယ်မှာ သေချာပါသလား..."

ခရစ်၏ မျက်နှာမှာ အနည်းငယ် နီရဲလာပြီး စိတ်လှုပ်ရှားနေကြောင်း သိသာလှပေသည်။ ဤသည်မှာ သေချာပေါက် ကြီးမားလှသော ဘဏ္ဍာငွေ ဝင်ငွေ တစ်ခု မဟုတ်ပါလား။

ယခုအခါ ခရစ်၏ လေသံများမှာ ပြောင်းလဲသွားပြီး ဆွန်ဖုန်းကို ကြည့်ရသော အကြည့်များမှာလည်း ပြောင်းလဲသွားကာ ဆွန်ဖုန်းအား ငွေတွင်းကြီး တစ်ခုသဖွယ် ဆက်ဆံလေတော့သည်။

"သေချာပါတယ်..." ဆွန်ဖုန်းက ပြုံး၍ ဖြေလိုက်လေသည်။

"အို... ဘုရားသခင်..." ခရစ်သည် မိမိ၏ နားကိုပင် မယုံနိုင်အောင် ဖြစ်သွားရလေသည်။ တစ်ဖက်လူက တကယ်ပင် ဤမျှ များပြားသော မြေနေရာကို ဝယ်ယူမည်ဆိုပါက ချမ်းသာပြီ မဟုတ်ပါလား။

ဤအချိန်တွင် ခရစ် အနေဖြင့် ဆွန်ဖုန်းက ဤမြေနေရာများ ဝယ်ယူပြီး လယ်ယာမြေ လုပ်မည်လား၊ အခြား အလုပ်များ လုပ်မည်လား ဆိုသည်ကို လုံးဝ ဂရုမစိုက်တော့ချေ။

ဥပဒေနှင့် မလွတ်ကင်းသော အလုပ်များ လုပ်လျှင်တောင်မှ ရဲတပ်ဖွဲ့က တာဝန်ယူ ဖြေရှင်းပေးမည် ဖြစ်ရာ သူ ခေါင်းရှုပ်ခံစရာ မလိုပေ။ သူ၏ တာဝန်မှာ မြေနေရာ ရောင်းချပေးရန်သာ ဖြစ်သည်။

ထို့အပြင် မားလ်မြို့နယ် တစ်ဝိုက်တွင် မည်သည့် သတ္တုတွင်းမှ မရှိကြောင်းနှင့် တန်ဖိုးရှိသော မြေနေရာများ မရှိကြောင်း သူ ကောင်းစွာ သိရှိထားလေသည်။

လယ်ယာမြေ၊ စားကျက်မြေ လုပ်ရန်မှလွဲ၍ မည်သူက ထိုနေရာရှိ မြေကို ဝယ်မည်နည်း။ ယခု ဤမျှ များပြားသော မြေနေရာကို ဝယ်ယူမည့်သူ ပေါ်လာပြီ ဖြစ်ရာ မည်သည့် အကြောင်းပြချက်မှ မစဉ်းစားတော့ဘဲ ရောင်းချရန်သာ ဆုံးဖြတ်လိုက်လေသည်။

စူးမေးက ခရစ်အား ဘာသာပြန်ပေးပြီးနောက် ခရစ်သည် ဆွန်ဖုန်း၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး အဆက်မပြတ် ဖားယားလေတော့သည်။

"တစ်ဧကကို ဈေးဘယ်လောက် သတ်မှတ်ထားလဲ မသိဘူး..." ဆွန်ဖုန်းက ခရစ်၏ ဖားယားမှုများကို ကျေနပ်စွာ လက်ခံရင်း ဆက်မေးလိုက်လေသည်။

"ကနေဒါ ဒေါ်လာ ၁၀၀၀ ပါ... ဒါက တရားဝင် ဈေးနှုန်းပါ..." ခရစ်က စကားကို ကွေ့ပတ်မနေဘဲ သင့်လျော်သော ဈေးနှုန်းကို တိုက်ရိုက် ပြောလိုက်လေသည်။ အမှန်တကယ်တော့ သူက ဈေးနှုန်း အနည်းငယ် ထပ်တင်ချင်သေးသော်လည်း ဆွန်ဖုန်းက ဤမျှ များပြားသော မြေနေရာကို ဝယ်ယူမည် ဖြစ်ရာ ဤငွေတွင်းကြီးကို စိတ်မဆိုးစေချင်သောကြောင့် ဖြစ်သည်။

"စူးမေး... ဒီဈေးနှုန်းက အဆင်ပြေရဲ့လားဆိုတာ တစ်ချက်လောက် စစ်ဆေးကြည့်လိုက်ပါဦး..." ဆွန်ဖုန်းက စူးမေးကို ပြောလိုက်လေသည်။

မကြာမီမှာပင် စူးမေးက ဤဈေးနှုန်းမှာ သင့်လျော်ကြောင်း ဆွန်ဖုန်းအား ပြန်လည် အစီရင်ခံလိုက်လေသည်။

"သိပ်ကောင်းတယ် မစ္စတာခရစ်... ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု အောင်မြင်ပါစေလို့ ဆုတောင်းပါတယ်..." ဆွန်ဖုန်းက ပြုံး၍ လက်ကမ်းပေးလိုက်လေသည်။

"အောင်မြင်ပါစေ..." ခရစ်မှာ ပျော်လွန်း၍ ပါးစပ်ပင် မစိနိုင်တော့ချေ။

"မစ္စတာဆွန်... လယ်ယာမြေ တည်ဆောက်ပြီးသွားရင် ကျွန်တော့်ကိုလည်း လာရောက် လည်ပတ်ဖို့ ဖိတ်ခေါ်ပါဦးနော်..." ခရစ်က ဆွန်ဖုန်း၏ လက်ကို ဆုပ်ကိုင်ရင်း ပြုံး၍ ပြောလိုက်လေသည်။

"ပြဿနာ မရှိပါဘူး..."

ဤသို့ဖြင့် မြေနေရာ ဝယ်ယူရေး ကိစ္စမှာ အောင်မြင်စွာ ပြီးဆုံးသွားလေသည်။ သေချာသည်မှာ နောက်ဆက်တွဲ စာရွက်စာတမ်း လုပ်ငန်းစဉ်များစွာ ကျန်ရှိနေသေးပြီး ထိုလုပ်ငန်းစဉ် အားလုံးကို စူးမေးထံသို့ လွှဲပြောင်းပေးလိုက်လေသည်။

မကြာမီမှာပင် ဆွန်ဖုန်းသည် ဧက နှစ်ထောင်ကျော် ကျယ်ဝန်းသော မြေနေရာကို ပိုင်ဆိုင်သွားပြီ ဖြစ်ရာ သူ၏ ဒုတိယ အဆင့် အစီအစဉ်ကို စတင်နိုင်ပြီ ဖြစ်သည်။ ဤမြေနေရာကို ဝယ်ယူရန် ဆွန်ဖုန်း အနေဖြင့် အမေရိကန် ဒေါ်လာ ၁.၈ သန်းကျော် အသုံးပြုခဲ့ရလေသည်။

သို့သော်လည်း ကနေဒါနိုင်ငံ၏ ကျေးလက် မြေနေရာများမှာ တကယ်ကို အလွန် ဈေးပေါလှကြောင်း ဝန်ခံရမည် ဖြစ်သည်။ ဤမျှ များပြားသော မြေနေရာကို ဤဈေးနှုန်းဖြင့် ဝယ်ယူနိုင်ခဲ့သည် မဟုတ်ပါလား။

သို့သော် သတ္တုတွင်း လုပ်ငန်းရှင်များ ဆိုသည်မှာလည်း ဤကဲ့သို့ပင် မြေနေရာ အမြောက်အမြား ဝယ်ယူ၍ တူးဖော်ကြသည်ချည်း ဖြစ်ရာ ဆွန်ဖုန်း အနေဖြင့် အံ့ဩစရာ မဟုတ်တော့ကြောင်း တွေးလိုက်မိလေသည်။

All Chapters