← Chapters

အခန်း ၇၁

Vol. 8 Ch. 71

အခန်း ၇၁

Vol. 8 Ch. 71

အခန်း (၇၁) မျက်စိလှည့်စားခြင်း အစီအစဉ်

တစ်ပတ်အကြာ... အနောက်တိုင်း စားသောက်ဆိုင် တစ်ဆိုင်တွင်။

"သူဌေး... မြေနေရာ ဝယ်ပြီးသွားပြီ... ပိုက်ဆံလည်း လွှဲပေးလိုက်ပါပြီ..." စူးမေးသည် အမဲသားကင် တစ်တုံးကို စားပြီးနောက် ပါးစပ်ကို တစ်ရှူးဖြင့် သုတ်ကာ ဝိုင်နီ အနည်းငယ် သောက်ရင်း ဆွန်ဖုန်းကို အစီရင်ခံလိုက်လေသည်။

"အင်း... သိပ်ကောင်းတယ်... ဒါနဲ့ မင်းရဲ့ လူဝင်မှုကြီးကြပ်ရေး ကိစ္စ ဘယ်လို အခြေအနေ ရှိပြီလဲ..." ဆွန်ဖုန်းက ခေါင်းညိတ်ကာ မေးလိုက်လေသည်။

"ပြီးခဲ့တဲ့ အပတ်က ပြည်တွင်းကို ပြန်ပြီး လျှောက်ထားခဲ့ပါတယ်... နောက်တစ်ခေါက် ပြန်သွားရင် ဒီဘက်ကို ပြောင်းလာဖို့ ကိစ္စတွေ အပြီးသတ်နိုင်လောက်ပါပြီ..." စူးမေးက ဖြေလိုက်လေသည်။

"သိပ်ကောင်းတယ်... မနက်ဖြန်ကျရင် သတင်းစာတိုက် အနည်းငယ်လောက်ကို ဆက်သွယ်ပေး... ပြီးတော့ မင်း ကြိုပြီး ငှားထားတဲ့ သတ္တုရှာဖွေရေး အဖွဲ့ကိုလည်း စက်ကိရိယာတွေ ယူပြီး မနက်ဖြန် ငါတို့ ဝယ်ထားတဲ့ မြေနေရာဆီကို လာဖို့ ပြောလိုက်... အဲဒီမှာ ငါတို့ကို စောင့်နေခိုင်းလိုက်..." ဆွန်ဖုန်းက စူးမေးကို မှာကြားလိုက်လေသည်။

"ရှင်..." စူးမေး အနည်းငယ် နားမလည်နိုင်အောင် ဖြစ်သွားလေသည်။ သတ္တုရှာဖွေရေး အဖွဲ့ကို စက်ကိရိယာတွေ ယူပြီး သူတို့ အခုလေးတင် ဝယ်ထားတဲ့ မြေနေရာကို လာခိုင်းရတာ ဘာအတွက်လဲ။ အဲဒီနေရာမှာ သတ္တုတွင်း ရှိနေလို့လား။ ရှိတယ်ဆိုရင်တောင်မှ တခြားလူတွေ အရင် တွေ့ပြီးလောက်ပြီပေါ့။ ဆွန်ဖုန်း အလှည့် ဘယ်ရောက်လာတော့မှာလဲ။

"ဒီလိုကွ... ငါတို့ ဝယ်လိုက်တဲ့ မြေနေရာ အောက်မှာ အလွန် ကြီးမားတဲ့ သတ္တုကြောကြီး တစ်ခု ရှိနေတယ်လို့ ငါ တွေ့ထားတယ်... ဒါကြောင့် အဲဒီလူတွေကို ခေါ်ပြီး တကယ် ဟုတ်မဟုတ် သေချာအောင် စစ်ဆေးခိုင်းမလို့..." ဆွန်ဖုန်းက ရှင်းပြလိုက်လေသည်။

"ဒါ... မဖြစ်နိုင်ဘူး ထင်တယ်..." စူးမေးသည် ဆွန်ဖုန်းကို မယုံနိုင်စွာ ကြည့်လိုက်မိလေသည်။ မိမိ၏ သူဌေးသည် သတ္တုတွင်း တူးချင်လွန်း၍ ရူးသွားပြီလားဟုပင် သံသယ ဝင်မိလေသည်။ အလွယ်တကူ ဝယ်လိုက်သော မြေနေရာအောက်တွင် သတ္တုကြော ရှိနေမည်တဲ့လား။

"မင်း အများကြီး မမေးပါနဲ့... ငါ ပြောတဲ့အတိုင်းသာ လုပ်လိုက်..." ဆွန်ဖုန်းက စူးမေးကို လက်ကာပြကာ ပြောလိုက်လေသည်။

"ဟုတ်ကဲ့ပါ..." စူးမေးကလည်း ဆက်မမေးတော့ချေ။

ညဘက်သို့ ရောက်သောအခါ ဆွန်ဖုန်းသည် ကားကို မောင်းနှင်၍ မားလ် မြို့နယ်ရှိ အာနီရယ် ကျေးရွာ၏ အပြင်ဘက် ကီလိုမီတာ ၃၀ အကွာရှိ ထိုလွင်ပြင်ငယ်ဆီသို့ တစ်ယောက်တည်း သွားရောက်ခဲ့လေသည်။ ဤမြေနေရာမှာ ယခုအခါ ဆွန်ဖုန်း၏ ပိုင်ဆိုင်မှု ဖြစ်နေပြီ ဖြစ်သည်။

မြက်ခင်းပြင်ပေါ်တွင် ဆွန်ဖုန်းသည် သိုလှောင်ရုံ စနစ်ထဲမှ ကြိုတင် ပြင်ဆင်ထားသော သတ္တုကြော အတု ဖော်ပြစက် ကို ထုတ်ယူလိုက်လေသည်။

ဤစက်ကို မြေအောက်တွင် မြှုပ်နှံလိုက်သည်နှင့် ကီလိုမီတာ ဆယ်ဂဏန်း ပတ်လည်အထိ လွှမ်းခြုံနိုင်မည် ဖြစ်ပြီး လက်ရှိ ကမ္ဘာမြေပေါ်ရှိ သတ္တုရှာဖွေရေး စက်များဖြင့် လာရောက် စစ်ဆေးပါက ဤမြေအောက်တွင် သတ္တုကြော ရှိနေကြောင်း ဖော်ပြနေမည် ဖြစ်သည်။

သေချာသည်မှာ ဤသည်မှာ မျက်စိလှည့်စားထားခြင်းသာ ဖြစ်ပြီး မြေအောက်တွင် မည်သည့် သတ္တုကြောမှ ရှိမည် မဟုတ်ချေ။ သို့သော် ဆွန်ဖုန်းက တမင်သက်သက် အတုအယောင် ဖန်တီးကာ သူ၏ အစီအစဉ်ကို အကောင်အထည် ဖော်ရန် ကြံစည်နေခြင်း ဖြစ်သည်။

ဆွန်ဖုန်းသည် 'သတ္တုကြော အတု ဖော်ပြစက်' ကို ကိုင်ကာ မျက်နှာပြင်ပေါ်တွင် စတင် ရွေးချယ်လေတော့သည်။

"သံသတ္တုကြော အတု ဖန်တီးမည်..." ဟု ဆွန်ဖုန်းက ပြောလိုက်လေသည်။

"ရွေးချယ်မှု ပြီးစီးပါပြီ... အတည်ပြုပါသည်..." 'သတ္တုကြော အတု ဖော်ပြစက်' မှ အသံထွက်ပေါ်လာလေသည်။

"သတ္တု ပမာဏကို တန်ချိန် သန်း ၉၀ ဟု သတ်မှတ်မည်..."

"ရွေးချယ်မှု ပြီးစီးပါပြီ... အတည်ပြုပါသည်..."

ရွေးချယ်မှုများ ပြီးစီးသွားသောအခါ ဆွန်ဖုန်းသည် ထိုစက်ကို မြက်ခင်းပြင်ပေါ်တွင် ချထားလိုက်လေသည်။ နောက်တစ်စက္ကန့်တွင် သတ္တုကြော အတု ဖော်ပြစက် သည် မြေပြင်ပေါ်သို့ ရောက်သည်နှင့် အလိုအလျောက် မြေကြီးကို တူးဖော်ကာ မြေအောက်သို့ ဝင်ရောက် ပုန်းအောင်းသွားလေတော့သည်။

ဤအရာများ အားလုံး ပြီးစီးသွားသောအခါ ဆွန်ဖုန်းသည် သက်ပြင်းတစ်ချက် ချလိုက်လေသည်။ သူ၏ တတိယ အဆင့် အစီအစဉ် အောင်မြင်သွားပြီ ဖြစ်ရာ မနက်ဖြန်တွင် မျက်စိလှည့်စားပြီး ကမ္ဘာကြီးကို အံ့ဩသွားစေရန်သာ စောင့်ဆိုင်းနေရတော့မည် ဖြစ်သည်။

......

နောက်တစ်နေ့ နံနက် ၁၀ နာရီတွင် စူးမေး ကြိုတင် ငှားရမ်းထားသော သတ္တုရှာဖွေရေး အဖွဲ့ ရောက်ရှိလာလေသည်။ ဆွန်ဖုန်းက သူတို့ကို သတ္တုရှာဖွေရေး စက်ကိရိယာများ ယူလာရန် ကြိုတင် မှာကြားထားပြီး ဖြစ်သည်။

ဤနေရာတွင် သတ္တုရှာဖွေခြင်းနှင့် ပတ်သက်၍ အနည်းငယ် ရှင်းပြရန် လိုအပ်ပေသည်။ ရိုးရာ သတ္တုရှာဖွေရေး လုပ်ငန်းစဉ်များတွင် ပထမဆုံး လေကြောင်းမှ စစ်ဆေးခြင်း များ ပြုလုပ်ကာ လူသူမရောက်နိုင်သော နေရာများရှိ သတ္တုသိုက်များနှင့် မြေအောက် သတ္တုကြောများကို ရှာဖွေရသည်။

ထို့နောက် ကျွမ်းကျင် ပညာရှင်များက မြေပြင်သို့ ဆင်းကာ အသေးစိတ် လေ့လာ စစ်ဆေးပြီး အစီရင်ခံစာများ ရေးသားကာ အနာဂတ် လုပ်ငန်းစဉ်များအတွက် လမ်းညွှန်ချက်များ ချမှတ်ပေးရသည်။ ထိုအဆင့်များ ပြီးမှသာ တူးဖော်ရေး စတင်နိုင်ပေသည်။

အချုပ်အားဖြင့် ဆိုရလျှင် မြေမျက်နှာသွင်ပြင်၊ ဘူမိဗေဒ အနေအထား၊ မြေလွှာ တည်ဆောက်ပုံ အစရှိသည်တို့အပေါ် အခြေခံ၍ သတ္တုကြော ရှိနိုင်မည့် နေရာများကို ခန့်မှန်း ရှာဖွေရခြင်း ဖြစ်သည်။ ထို့နောက် လူအင်အား သုံး၍ ထိုနေရာများတွင် လိုက်လံ ရှာဖွေ စစ်ဆေးရခြင်း ဖြစ်သည်။

သို့သော် ယခု ဆွန်ဖုန်း၏ အခြေအနေမှာ ထိုသို့ မဟုတ်ချေ။ ဆွန်ဖုန်းက နေရာ အတိအကျကို သတ်မှတ်ပေးပြီး ထိုနေရာကို စက်ကိရိယာများဖြင့် တိုက်ရိုက် လာရောက် စစ်ဆေးခိုင်းခြင်း ဖြစ်သည်။ ဤနည်းအားဖြင့် မြေအောက်တွင် သတ္တုကြော ရှိမရှိကို အလွယ်တကူ သိရှိနိုင်မည် ဖြစ်ပြီး ရှုပ်ထွေးသော လုပ်ငန်းစဉ်များကို ကျော်ဖြတ်နိုင်မည် ဖြစ်သည်။

သေချာသည်မှာ ဤမြေနေရာအောက်တွင် မည်သည့် သတ္တုကြောမှ မရှိချေ။ သို့သော် ဆွန်ဖုန်းက သတ္တုကြော အတု ဖော်ပြစက် ကို မြှုပ်နှံထားပြီး ဖြစ်ရာ သတ္တုရှာဖွေရေး အဖွဲ့များ လာရောက် စစ်ဆေးပါက မြေအောက်တွင် သတ္တုကြော ရှိနေကြောင်း သေချာပေါက် ဖော်ပြမည် ဖြစ်သည်။

ဆွန်ဖုန်း၏ ရည်ရွယ်ချက်မှာ အပြင်လူများကို သူ ဝယ်ယူထားသော မြေနေရာအောက်တွင် သတ္တုကြောကြီး တစ်ခု ရှိနေကြောင်း သက်သေပြလိုခြင်း ဖြစ်သည်။ ဤသတင်း ထွက်ပေါ်သွားသည်နှင့် ဆွန်ဖုန်းသည် ပေါ်ပေါ်ထင်ထင်ပင် စတင် တူးဖော်နိုင်ပြီ ဖြစ်သည်။ တစ်နည်းအားဖြင့် သူ၏ နောက်ဆုံး အဆင့် အစီအစဉ်ကို စတင်နိုင်ပြီ ဖြစ်သည်။ ဤသို့ဖြင့် ရဲတပ်ဖွဲ့က ဝင်ရောက် စစ်ဆေးမည်ကို ကြောက်စရာ မလိုတော့ချေ။

သတ္တုရှာဖွေရေး အဖွဲ့ ရောက်ရှိလာသည်နှင့် တစ်ချိန်တည်းမှာပင် စူးမေး ကြိုတင် ဆက်သွယ်ထားသော သတင်းစာတိုက်များမှ သတင်းထောက်များလည်း ရောက်ရှိလာကြလေသည်။

သတ္တုရှာဖွေရေး အဖွဲ့ထဲတွင်...

"ဂျက်ဆန် ... အဲဒီ တရုတ်လူမျိုးက ရူးနေတာလား... အဲဒီမြေနေရာ အောက်မှာ သတ္တုကြော ရှိတယ်ဆိုတာ သူက ငွေမက်လွန်းလို့ ရူးသွားတာများလား..." အက်စတန် က ဆေးလိပ်သောက်ရင်း အဝေးရှိ ဆွန်ဖုန်းကို ကြည့်ကာ ဂျက်ဆန်အား ပြုံး၍ ပြောလိုက်လေသည်။

"ဟွန်း... သူ ရူးနေတာလား၊ ဘာဖြစ်နေတာလဲ ဂရုစိုက်စရာ မလိုပါဘူး... ဒီလို ပိုက်ဆံများပြီး လူမိုက်ဖြစ်နေတဲ့ တရုတ်လူမျိုးက ငါတို့ကို ငှားမှတော့ ငါတို့ ပိုက်ဆံရရင် ပြီးတာပဲလေ... ဒီလို နေရာမျိုး၊ ဒီလို ဘူမိဗေဒ အနေအထား၊ ဒီလို မြေမျက်နှာသွင်ပြင်မျိုးမှာ ဘယ်လိုလုပ် သတ္တုကြော ရှိနိုင်မှာလဲ... ရှိတယ်ဆိုရင်တောင် ငါတို့ ကုမ္ပဏီ သူဌေးတွေက အစောကြီးကတည်းက တူးသွားလောက်ပြီ... အဲဒီ တရုတ်လူမျိုး အလှည့် ရောက်ပါဦးမလား..." ဂျက်ဆန်က လှောင်ပြောင်လိုက်လေသည်။

"အေးလေ... အဲဒီ တရုတ်လူမျိုးက ဒီလွင်ပြင်ငယ် တစ်ခုလုံးနီးပါးကို အစိုးရဆီကနေ ဧက နှစ်ထောင်ကျော်လောက် ဝယ်ထားတယ်လို့ ကြားတယ်... ငါ ထင်တာတော့ သူက လယ်ယာမြေပဲ လုပ်လို့ရမှာပါ... သတ္တုတွင်း စီးပွားရေး လုပ်ချင်နေသေးတယ် ဆိုတော့ သူ့ဦးနှောက်ကို တံခါးနဲ့ ညပ်မိထားလို့များလား..." အက်စတန်က ဆက်ပြောလေသည်။

"အင်း... သူ့အကြောင်းတွေ ဂရုစိုက်မနေပါနဲ့ကွာ... ခဏနေ အလုပ်စရင် ငါတို့ စက်တွေနဲ့ ဖြစ်သလိုလေး စစ်ဆေးပြလိုက်မယ်... ပြီးရင် အလုပ်သိမ်းမယ်... ငါတို့ အဖွဲ့က ဒေါ်လာ တစ်သိန်း ရမှာလေ... ဒါနဲ့ ဒီည ငါတို့ ကောင်မလေးတွေ သွားရှာပြီး ပျော်ကြရအောင်..." ဂျက်ဆန်က အက်စတန်အား ပြောလိုက်လေသည်။

"ဒါပေါ့... ဟား ဟား ဟား..." သတ္တုရှာဖွေရေး အဖွဲ့၏ ခေါင်းဆောင် နှစ်ဦးမှာ အချင်းချင်း ကြည့်ကာ အကျည်းတန်စွာ ရယ်မောလိုက်ကြလေသည်။

အခြား တစ်ဖက်တွင်မူ ဆွန်ဖုန်းသည် သူ ငှားရမ်းထားသော သတ္တုရှာဖွေရေး အဖွဲ့ အဆင်သင့် ဖြစ်နေသည်ကို မြင်သောအခါ သတင်းထောက်များလည်း ရောက်ရှိနေပြီ ဖြစ်ရာ စူးမေးကို ပြောလိုက်လေသည်။ "သူတို့ကို စက်တွေနဲ့ စတင် စစ်ဆေးခိုင်းလိုက်တော့လို့ သွားပြောလိုက်ပါ..."

"ဟုတ်ကဲ့... အခုပဲ သွားပြောလိုက်ပါ့မယ်..." စူးမေးသည် ဆွန်ဖုန်း၏ အမိန့်ကို ရရှိပြီးနောက် ဂျက်ဆန်နှင့် အက်စတန်တို့ ရှိရာသို့ လျှောက်သွားလိုက်လေသည်။

"မစ္စတာ ဂျက်ဆန်... ကျွန်မတို့ သူဌေးက ရှင်တို့ကို စက်တွေနဲ့ စတင် စစ်ဆေးလို့ ရပြီလို့ ပြောပါတယ်..." စူးမေးက ဂျက်ဆန်နှင့် အက်စတန်တို့ကို ပြောလိုက်လေသည်။

"အိုကေ..." ဂျက်ဆန်က ခေါင်းညိတ်ပြပြီးနောက် အက်စတန်နှင့် အတူ သူတို့၏ လက်အောက်ငယ်သားများကို အလုပ်စရန် ညွှန်ကြားလိုက်လေသည်။

"ဒီ တရုတ်မလေးက တော်တော် လှတာပဲ... အသားအရေကလည်း ဖြူဝင်းပြီး ချောမွေ့နေတာပဲ... အနောက်တိုင်းက မိန်းမတွေထက် အများကြီး သာတယ်..." အက်စတန်က ပြောလိုက်လေသည်။

"ဟုတ်တယ်... အနောက်တိုင်းက မိန်းမတွေက အသားအရေ ကြမ်းတယ်... အိုတာမြန်တယ်... ခါးတွေကလည်း တုတ်တယ်... ကြည့်ရတာ လုံးဝ အမြင်မလှဘူး..." အက်စတန်နှင့် ဂျက်ဆန်တို့မှာ လမ်းလျှောက်သွားရင်း အောက်တန်းကျစွာ ဆွေးနွေးနေကြလေသည်။

......

"မစ္စတာဆွန်... ရှင် ဝယ်ထားတဲ့ ဒီမြေနေရာ အောက်မှာ သတ္တုကြော ရှိတယ်ဆိုတာ ရှင် တကယ် သေချာရဲ့လား..." သတင်းထောက် တစ်ဦးက ဆွန်ဖုန်းထံသို့ ရောက်လာပြီး မေးမြန်းလိုက်လေသည်။

ဤသတင်းထောက်မှာ လီယာဒယ်ဘော့ မနက်ခင်း သတင်းစာ မှ သတင်းထောက် တစ်ဦး ဖြစ်ပြီး မနေ့က စူးမေး၏ ဖိတ်ကြားချက်အရ လာရောက်ခဲ့ခြင်း ဖြစ်သည်။ ရွေ့ဖုန်း သတ္တုတွင်း ကုမ္ပဏီက ကြီးမားသော သတ္တုကြောကြီး တစ်ခုကို ရှာဖွေတွေ့ရှိထားသဖြင့် သတင်းလာရောက် ယူရန် ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်က သူတို့ အနည်းငယ် ယုံကြည်ခဲ့သော်လည်း နေရာသို့ ရောက်လာသောအခါ ရွေ့ဖုန်း သတ္တုတွင်း ကုမ္ပဏီက လိမ်ညာနေခြင်းသာ ဖြစ်မည်ဟု တွေးလိုက်မိလေသည်။ ဤကဲ့သို့သော နေရာမျိုးတွင် သတ္တုတွင်း ရှိနိုင်ပါမည်လား။

All Chapters