← Chapters

အခန်း ၈၈

Vol. 9 Ch. 88

အခန်း ၈၈

Vol. 9 Ch. 88

အခန်း (၈၈) ကျွန်းဝယ်ခြင်း

ရက်များ ကုန်လွန်သွားပြီး စူးမေးမှာ ရွေ့ဖုန်း သတ္တုတွင်း ကုမ္ပဏီ၏ ကိစ္စရပ်များဖြင့် နေ့စဉ် အလုပ်များနေလေသည်။ ဟယ်မင်ယီမှာမူ လူဝင်မှုကြီးကြပ်ရေး ကိစ္စများ မပြီးပြတ်သေးသဖြင့် ကနေဒါသို့ မရောက်လာသေးချေ။

ထို့ကြောင့် ဆွန်ဖုန်း အနေဖြင့် ဤနေရာတွင် လုပ်စရာ ကိစ္စဟူ၍ မရှိသလောက်ပင် ဖြစ်နေလေသည်။ မားလ် သံသတ္တုတွင်းကိုလည်း စူးမေးက ကောင်းစွာ စီမံခန့်ခွဲနေသဖြင့် ပြဿနာ တစ်စုံတစ်ရာ ရှိမည် မဟုတ်ချေ။

"ဘာမှ လုပ်စရာ မရှိမှတော့... ဗန်ကူးဗား မြို့ဘက် သွားလည်တာ ကောင်းမယ်... ကိုယ့်အတွက် နွေးထွေးတဲ့ အိမ်လေး တစ်လုံး တည်ဆောက်ဖို့ အချိန်တန်ပြီ..."

ဆွန်ဖုန်းသည် ဗန်ကူးဗားမြို့သို့ သွားမည့် လေယာဉ်ပေါ်သို့ တက်ရောက်ခဲ့လေသည်။ ဟုတ်ပေသည်။ သူသည် ဗန်ကူးဗား ကမ်းလွန် ပင်လယ်ပြင်တွင် ကိုယ်ပိုင်ကျွန်း တစ်ကျွန်း ဝယ်ယူရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

ကိုယ်ပိုင်ကျွန်း ဝယ်ယူခြင်းမှာ နေထိုင်ရန်အတွက် ဖြစ်ပြီး ဆွန်ဖုန်းသည် ပြိုင်ဘက်ကင်းသော ပင်လယ်ပြင် အိမ်တော်ကြီး တစ်ခုကို တည်ဆောက်ရန် ဆုံးဖြတ်ထားလေသည်။

ကနေဒါနိုင်ငံတွင် ငွေရှိပါက ကိုယ်ပိုင်ကျွန်း ဝယ်ယူခြင်းမှာ အလွန် လွယ်ကူသော ကိစ္စ တစ်ခု ဖြစ်သည်။ ကမ္ဘာတစ်ဝန်းရှိ သူဌေးကြီးများနှင့် နာမည်ကျော် အများအပြားမှာလည်း ကိုယ်ပိုင်ကျွန်းများ ဝယ်ယူထားကြလေသည်။

သို့သော် ကိုယ်ပိုင်ကျွန်း ဝယ်ယူနိုင်သူ အများစုမှာ အလွန် ချမ်းသာကြွယ်ဝသူများသာ ဖြစ်ကြသည်။ ကိုယ်ပိုင်ကျွန်းများမှာ အမြဲတမ်း နေထိုင်ရန် မဟုတ်ဘဲ အားလပ်ရက် အနားယူရန်အတွက်သာ အဓိက အသုံးပြုကြခြင်း ဖြစ်သည်။

ကိုယ်ပိုင်ကျွန်းများ၏ အဓိက ပြဿနာမှာ ရေနှင့် မီး မကြာခဏ ပြတ်တောက်တတ်ခြင်း၊ သွားလာရေးနှင့် နေ့စဉ် နေထိုင်မှု စရိတ်များ အလွန် ကြီးမားခြင်းတို့ ဖြစ်သည်။

အသေးအဖွဲ ကိစ္စလေးများပင်လျှင် ရှုပ်ထွေးသော လုပ်ငန်းစဉ်များစွာ လိုအပ်တတ်ပြီး တစ်ခါတစ်ရံ တောရိုင်း တိရစ္ဆာန်များ၏ အန္တရာယ်ကိုလည်း ရင်ဆိုင်ရတတ်လေသည်။

ဥပမာအားဖြင့် ကမ်းခြေသို့ အမှိုက်သရိုက် အမြောက်အမြား မျောပါလာတတ်ပြီး ထိုအမှိုက်များကို ရှင်းလင်းရန်အတွက်ပင် လူအင်အားနှင့် ငွေကြေး များစွာ ကုန်ကျတတ်လေသည်။

ထို့အပြင် ဝေးလံခေါင်ဖျားသော ကျွန်းပေါ်တွင် လျှပ်စစ်မီး ရရှိရန်၊ သဘာဝ ဘေးအန္တရာယ်များကို ကာကွယ်ရန်၊ တောရိုင်း တိရစ္ဆာန်များနှင့် အမြစ်တွယ်နေသော သစ်တောများကို ရှင်းလင်းရန် စသည်တို့မှာလည်း ပြဿနာ တစ်ရပ် ဖြစ်လေသည်။

ထို့ကြောင့် ကိုယ်ပိုင်ကျွန်း အများစုမှာ အားလပ်ရက် အနားယူရန်အတွက်သာ သင့်တော်ပြီး အမြဲတမ်း နေထိုင်ရန်အတွက်မူ အလွန် အဆင်မပြေလှပေ။

ပထမဆုံး အနေဖြင့် သွားလာရေး အတွက် ဆွန်ဖုန်းသည် ရွက်လှေ တစ်စီး ဝယ်ယူနိုင်သည်။ ရေနှင့် မီး အတွက်လည်း ပြဿနာ မဟုတ်ချေ။ အသံလက်ထောက်ကို နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ် ထုတ်လုပ်ရေး စက် တစ်ခု ဖန်တီးခိုင်းနိုင်သည်။

ထိုစက်မှာ လက်ရှိ ကမ္ဘာပေါ်ရှိ စက်များနှင့် လုံးဝ ယှဉ်၍ မရနိုင်လောက်အောင် အဆင့်မြင့်မည် ဖြစ်ပြီး ရေအောက် တူးဖော်ရေး စနစ်ကြီးမှ ထုတ်လုပ်ထားခြင်း ဖြစ်ရာ အရည်အသွေးနှင့် နည်းပညာမှာ အပြည့်အဝ စိတ်ချရမည် ဖြစ်သည်။

ရေရရှိရေး အတွက်မူ အသံလက်ထောက်ကို ပင်လယ်ရေ သန့်စင်စက် တစ်ခု ဖန်တီးခိုင်းလိုက်ရုံသာ ဖြစ်သည်။ ကမ္ဘာ့ နည်းပညာထက် နှစ်ရာပေါင်းများစွာ ကြိုတင်နေသော အသံလက်ထောက်အတွက် ဤကိစ္စမှာ အလွန် လွယ်ကူသော ကိစ္စ တစ်ခု ဖြစ်ပေလိမ့်မည်။

ထို့ကြောင့် ဤပြဿနာများမှာ ဆွန်ဖုန်းအတွက် လုံးဝ ပြဿနာ မဟုတ်ချေ။

လေယာဉ်ပေါ်မှ ဆင်းပြီးနောက် ဆွန်ဖုန်းသည် ဗန်ကူးဗားမြို့သို့ ရောက်ရှိလာလေသည်။ ဗန်ကူးဗားသည် သုံးဘက်သုံးတန်တွင် တောင်တန်းများ ဝန်းရံထားပြီး တစ်ဘက်တွင် ပင်လယ်ပြင် ရှိသော လှပသည့် မြို့တော် တစ်ခု ဖြစ်သည်။ ရာသီဥတုမှာ တစ်နှစ်ပတ်လုံး သာယာပြီး စိုစွတ်ကာ ပတ်ဝန်းကျင်လည်း ကောင်းမွန်လေသည်။

၂၀၁၂ ခုနှစ်တွင် ဗန်ကူးဗားမြို့ကို ဩစတြေးလျနိုင်ငံ မဲလ်ဘုန်း မြို့နှင့် ဩစတြီးယားနိုင်ငံ ဗီယင်နာ မြို့တို့၏ နောက် ကမ္ဘာပေါ်တွင် နေချင့်စဖွယ် အကောင်းဆုံး မြို့များ စာရင်း၌ အဆင့် ၃ အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပြီး ကနေဒါနိုင်ငံ၏ နာမည်ကြီး ခရီးသွား မြို့တော် တစ်ခုလည်း ဖြစ်လေသည်။

ဆွန်ဖုန်းသည် ဤမြို့သို့ ပထမဆုံးအကြိမ် ရောက်ရှိဖူးခြင်း ဖြစ်ရာ ကိုယ်ပိုင်ကျွန်း ဝယ်ယူရေး ကိစ္စကို အလျင်စလို မလုပ်သေးဘဲ မြို့ထဲတွင် လည်ပတ်ကာ စားသောက် ပျော်ပါးရင်း ကိုယ့်ကိုယ်ကိုယ် အားလပ်ရက် အနားယူခွင့် ပေးလိုက်လေသည်။

သုံးရက်ခန့် လည်ပတ်ပြီးနောက် ဆွန်ဖုန်းသည် ကြိုတင် ရှာဖွေထားသော မင်လျို ကိုယ်ပိုင်ကျွန်း ရောင်းဝယ်ရေး ကုမ္ပဏီသို့ ထွက်လာခဲ့လေသည်။

ဤကုမ္ပဏီမှာ ကိုယ်ပိုင်ကျွန်းများ ရောင်းချရာတွင် အထူး နာမည်ကြီးသော ကုမ္ပဏီ တစ်ခု ဖြစ်ပြီး ဗန်ကူးဗား ကမ်းလွန် ပင်လယ်ပြင်ရှိ ကျွန်းငယ် အများစုကို ပိုင်ဆိုင်ထားကြောင်း ကြားသိရလေသည်။

မင်လျို ကုမ္ပဏီ၏ ရုံးချုပ်မှာ ဗန်ကူးဗား မြို့တွင်းတွင် ရှိသဖြင့် ဆွန်ဖုန်း အချိန်များစွာ မယူလိုက်ရဘဲ ရောက်ရှိသွားလေသည်။

ကုမ္ပဏီ၏ အရောင်းပြခန်းမှာ အလွန် ခမ်းနားထည်ဝါစွာ ပြင်ဆင်ထားပြီး ရှေးဟောင်း အငွေ့အသက်များနှင့်အတူ ဇိမ်ခံ အသွင်အပြင်များလည်း ပါဝင်လေသည်။

"မင်္ဂလာပါ ရှင့်... ကြိုဆိုပါတယ်... လူကြီးမင်းကို ဘယ်လို ခေါ်ရမလဲ ရှင့်..."

ဆွန်ဖုန်း ဝင်သွားသည်နှင့် ရုပ်ရည် လှပသော နိုင်ငံခြားသူ အမျိုးသမီးငယ် တစ်ဦးက အပြုံးဖြင့် လာရောက် နှုတ်ဆက်ကာ ယဉ်ကျေးစွာ မေးမြန်းလေသည်။

"ဆွန်ဖုန်း ပါ..."

ဆွန်ဖုန်းက ဖြေလိုက်လေသည်။

"မင်္ဂလာပါ မစ္စတာဆွန်... ကျွန်မက မင်လျို ကုမ္ပဏီ အရောင်းဌာနက ဒုမန်နေဂျာ အန်နီ ပါ... မစ္စတာဆွန်က ကိုယ်ပိုင်ကျွန်း ဝယ်ချင်လို့ လာတာလား ရှင့်..."

အန်နီက ပြုံး၍ မေးလိုက်လေသည်။

ဆွန်ဖုန်းက အန်နီကို ကြည့်လိုက်ရာ သူမ၏ အသက်မှာ ၂၄၊ ၂၅ နှစ်ခန့်သာ ရှိမည်ဟု ခန့်မှန်းရသည်။ အရပ်မှာ ၅ ပေ ၇ လက်မခန့် ကျော် ရှိပြီး လှိုင်းတွန့် အညိုရောင် ဆံပင်များ၊ ထင်းရှားလှပသော မျက်နှာပေါက်များဖြင့် တကယ့်ကို အနောက်တိုင်း အလှမယ်လေး တစ်ဦး ဖြစ်နေလေသည်။ ဤမျှ ငယ်ရွယ်သော အရွယ်ဖြင့် ဒုမန်နေဂျာ ဖြစ်နေသည်မှာ အတော်လေး အထင်ကြီးစရာ ကောင်းလှပေသည်။

အရောင်းဌာနတွင် ဝန်ထမ်း သိပ်မများလှချေ။ ကိုယ်ပိုင်ကျွန်း ရောင်းချခြင်းမှာ အိမ်ရောင်းသကဲ့သို့ မဟုတ်ဘဲ တစ်နှစ်လုံးမှ ကျွန်းအနည်းငယ်သာ ရောင်းရတတ်သဖြင့် ဝန်ထမ်း များများ မလိုအပ်ခြင်း ဖြစ်ပေမည်။ ထို့အပြင် ကိုယ်ပိုင်ကျွန်း လာရောက် ဝယ်ယူသူ အများစုမှာ ကြိုတင် ချိန်းဆိုထားလေ့ ရှိပြီး ဆွန်ဖုန်းကဲ့သို့ ရုတ်တရက် လာရောက်သူမှာ ရှားပါးလှပေသည်။

"ဟုတ်ပါတယ်... ကျွန်တော် ဗန်ကူးဗား ကမ်းလွန် ပင်လယ်ပြင်မှာ ကိုယ်ပိုင်ကျွန်း တစ်ကျွန်းလောက် ဝယ်ချင်လို့ပါ... ခင်ဗျားတို့ ကုမ္ပဏီမှာ ရနိုင်မလား..."

ဆွန်ဖုန်းက မေးလိုက်လေသည်။

"ရနိုင်ပါတယ် မစ္စတာဆွန်... ကျွန်မတို့ ကုမ္ပဏီမှာ ဗန်ကူးဗား ကမ်းလွန်က ကျွန်းငယ် အခု ၃၀ ကျော်လောက် ရှိပါတယ်... လူကြီးမင်း စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ် ရှင့်..."

အန်နီက ပြုံး၍ ဖြေလိုက်သော်လည်း သူမ၏ စိတ်ထဲတွင် အနည်းငယ် အံ့ဩနေမိသည်။ ကိုယ်ပိုင်ကျွန်း လာရောက် ဝယ်ယူသူ အများစုမှာ နာမည်ကြီး သူဌေးကြီးများ ဖြစ်ကြသော်လည်း ဆွန်ဖုန်းကိုမူ တစ်ခါမှ မမြင်ဖူး၊ မကြားဖူးခဲ့သောကြောင့် ဖြစ်လေသည်။

"မစ္စတာဆွန်... ကျွန်မတို့ ဟိုဘက်က VIP နားနေခန်းမှာ အေးအေးဆေးဆေး ဆွေးနွေးကြရအောင်လား ရှင့်..."

"ကောင်းပြီ..."

VIP အခန်းသို့ ရောက်သောအခါ အန်နီက ဆွန်ဖုန်းကို ကော်ဖီ တစ်ခွက် ကိုယ်တိုင် ဖျော်တိုက်ပြီးနောက် မေးလိုက်လေသည်။

"မစ္စတာဆွန်က ဘယ်လောက် အကျယ်အဝန်း ရှိတဲ့ ကျွန်းမျိုးကို လိုချင်တာလဲ ရှင့်... ပြီးတော့ ကမ်းခြေကနေ ဘယ်လောက် အကွာအဝေးမှာ ရှိတဲ့ ကျွန်းမျိုးကို သဘောကျလဲ ရှင့်..."

ဆွန်ဖုန်းက ကော်ဖီကို ယူကာ တစ်ငုံ သောက်လိုက်ပြီးနောက် ဖြည်းညင်းစွာ ဖြေလိုက်လေသည်။

"အကျယ်အဝန်းက ပြဿနာ မဟုတ်ပါဘူး... ကမ်းခြေကနေဆိုရင် ကီလိုမီတာ ၂၀ ကနေ ၅၀ ကြားလောက် အကွာအဝေးမှာ ရှိတဲ့ ကျွန်းမျိုးဆိုရင် အကောင်းဆုံးပါပဲ..."

"အဲဒီ အကွာအဝေးလောက်မှာ ရှိတဲ့ ကျွန်းတွေ ကျွန်မတို့ဆီမှာ ဆယ်ခုကျော်လောက် ရှိပါတယ်... ကျွန်မ ဓာတ်ပုံ စာအုပ်လေး ယူလာခဲ့ပြီး မစ္စတာဆွန်ကို တစ်ခုချင်းစီ ရှင်းပြရင်း ရွေးခိုင်းရမလား ရှင့်..."

အန်နီက မေးလိုက်လေသည်။

"ကောင်းပြီလေ..."

အန်နီက ဓာတ်ပုံ စာအုပ် တစ်အုပ် ယူလာပြီး ဆွန်ဖုန်း၏ ဘေးတွင် ထိုင်ကာ စာမျက်နှာများကို လှန်ရင်း ကျွန်းတစ်ခုချင်းစီ၏ အကြောင်းကို စတင် ရှင်းပြလေတော့သည်။

ဤကျွန်းငယ်များမှာ မင်လျို ကုမ္ပဏီက သေချာစွာ ရွေးချယ်ထားခြင်း ဖြစ်ပြီး အများစုမှာ အလွန် လှပကာ နေထိုင်ရန် သင့်တော်လေသည်။ ကျွန်းအများစုတွင် သဲသောင်ပြင်များနှင့် သင်္ဘော ဆိုက်ကပ်ရန် နေရာများ ပါဝင်လေသည်။

အန်နီမှာ အလွန် ရင်းနှီးဖော်ရွေဟန်ဖြင့် ဆွန်ဖုန်း၏ အနီးသို့ တိုးကပ်ကာ ရှင်းပြနေလေသည်။ ဆွန်ဖုန်းမှာ အန်နီ၏ ကိုယ်သင်းနံ့ကို ရှူရှိုက်ရင်း အနည်းငယ် မိန်းမူးသွားလေသည်။

အနောက်တိုင်းသူ အလှမယ်လေးများကို တကယ်တော့ ဆွန်ဖုန်း တစ်ခါမှ အတွေ့အကြုံ မရှိခဲ့ဖူးသေးချေ။

နာရီဝက်ခန့် ရွေးချယ်ပြီးနောက် ဆွန်ဖုန်းသည် သူ သဘောကျသော ကိုယ်ပိုင်ကျွန်း တစ်ကျွန်းကို နောက်ဆုံးတွင် ရှာတွေ့သွားလေသည်။ ဤကျွန်းမှာ ဗန်ကူးဗား ကမ်းခြေမှ ၃၀ ကီလိုမီတာခန့် ကွာဝေးပြီး အကျယ်အဝန်းအားဖြင့် တစ်စတုရန်း ကီလိုမီတာခန့် ရှိလေသည်။ ကျွန်းပေါ်တွင် သစ်တောငယ် တစ်ခု၊ မြက်ခင်းပြင်ငယ် တစ်ခုနှင့် ကျောက်ဆောင် တောအုပ်ငယ် တစ်ခု ပါဝင်ပြီး သဘာဝ အလှတရားများဖြင့် ပြည့်နှက်နေသော ကျွန်းငယ်လေး တစ်ကျွန်း ဖြစ်လေသည်။

ထို့အပြင် သဲသောင်ပြင် တစ်ခုနှင့် ရွက်လှေများ ဆိုက်ကပ်နိုင်သော ရေနက် ဆိပ်ကမ်း တစ်ခုလည်း ပါဝင်ရာ ဆွန်ဖုန်း အလွန် သဘောကျသွားလေသည်။

"မစ္စတာဆွန်... ဒီကျွန်းပေါ်မှာ ဘာအဆောက်အအုံမှ မဆောက်ရသေးပါဘူး... ကျွန်မတို့ ကုမ္ပဏီက သင်္ဘော ဆိုက်ကပ်ဖို့ ဆိပ်ကမ်း တစ်ခုပဲ တည်ဆောက်ထားတာပါ... လက်ရှိ ဈေးနှုန်းက အမေရိကန် ဒေါ်လာ သန်း ၄၀ ပါ ရှင့်..."

အန်နီက ဆက်လက် ရှင်းပြလေသည်။

"သိပ်ကောင်းတယ်... ဒီကျွန်းက မဆိုးဘူး... ဈေးနှုန်းလည်း သင့်တော်ပါတယ်..."

ဆွန်ဖုန်းက ပြုံး၍ ပြောလိုက်လေသည်။ သို့သော် ဤကျွန်းကို အပန်းဖြေစခန်း တစ်ခု အဖြစ် ဖန်တီးရန်မှာ နောက်ထပ် ဒေါ်လာ သန်းပေါင်းများစွာ ထပ်မံ ရင်းနှီးမြှုပ်နှံရဦးမည် ဖြစ်သည်။ အဆောက်အအုံများ၊ ဖျော်ဖြေရေး စက်ကိရိယာများ စသည်တို့ကို တည်ဆောက်ရဦးမည် မဟုတ်ပါလား။

အန်နီသည် ဆွန်ဖုန်း၏ စကားကို ကြားသောအခါ သူမ၏ လှပသော မျက်နှာလေးပေါ်တွင် ဝမ်းသာသော အရိပ်အယောင်များ ထွက်ပေါ်လာလေသည်။ ဤမျှ ငယ်ရွယ်သော တရုတ်လူမျိုး တစ်ဦးက ဤမျှ အလွယ်တကူ ဆုံးဖြတ်လိမ့်မည်ဟု သူမ မထင်ထားခဲ့ချေ။ သူ၏ စကားအရ ဤကျွန်းကို ဝယ်ယူရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်ကြောင်း သိသာလှပေသည်။

"မစ္စတာဆွန်... ဒီလှပတဲ့ ကျွန်းလေးကို ဝယ်ယူချင်တာလား ရှင့်..."

အန်နီက သူမ၏ ဆွဲဆောင်မှု ရှိသော မျက်လုံးကြီးများကို ပုတ်ခတ်ပုတ်ခတ် လုပ်ကာ ဆွန်ဖုန်း၏ နားနားသို့ ကပ်၍ ညုတုတု အသံလေးဖြင့် မေးလိုက်လေသည်။

"သေချာတာပေါ့... ဒါပေမယ့် အရင်ဆုံး ကျွန်းကို သွားကြည့်ရဦးမယ်လေ..."

ဆွန်ဖုန်းက ပွင့်လင်းမြင်သာသော အန်နီကို စိုက်ကြည့်ကာ တိုးညင်းစွာ ဖြေလိုက်လေသည်။

"ပြဿနာ မရှိပါဘူး ရှင့်... အကယ်လို့ မစ္စတာဆွန် အခု အားတယ် ဆိုရင် ကျွန်မ ကိုယ်တိုင် လိုက်ပို့ပေးပါ့မယ် ရှင့်..."

အန်နီက ရယ်မောကာ ပြောလိုက်လေသည်။

"ကောင်းပြီလေ... သွားစီစဉ်လိုက်ပါ..."

"ခဏလေး စောင့်ပါနော်..."

အန်နီက သူမ၏ တင်ပါးကြီးများကို လှုပ်ခါကာ ဆွန်ဖုန်းအတွက် သွားရောက် စီစဉ်ပေးလေတော့သည်။

All Chapters