← Chapters

အခန်း ၈၉

Vol. 9 Ch. 89

အခန်း ၈၉

Vol. 9 Ch. 89

အခန်း (၈၉) ကျွန်တော့်ရဲ့ ကျွန်းလေး

ဆယ်မိနစ်ကျော်အကြာတွင် အန်နီသည် အားလုံးကို စီစဉ်ပြီးစီးသွားရာ ဆွန်ဖုန်းကို ခေါ်ဆောင်၍ ပင်လယ်ကမ်းစပ်သို့ ကားဖြင့် ထွက်လာခဲ့လေသည်။

ထို့နောက် ဇိမ်ခံ ရွက်လှေငယ် တစ်စီးပေါ်သို့ တက်ကာ ဆွန်ဖုန်း ရွေးချယ်ထားသော ကျွန်းငယ်လေးဆီသို့ ထွက်ခွာလာခဲ့ကြလေသည်။

ကီလိုမီတာ သုံးဆယ် အကွာအဝေး ဖြစ်သဖြင့် ရောက်ရှိရန် အချိန်အနည်းငယ် ယူရဦးမည် ဖြစ်သည်။ ထိုရွက်လှေပေါ်တွင် လူသုံးဦးသာ ပါရှိပြီး သင်္ဘောမောင်းသူ တစ်ဦးကို ဖယ်လိုက်လျှင် ဆွန်ဖုန်းနှင့် အန်နီတို့ နှစ်ဦးတည်းသာ ကျန်ရှိလေသည်။

အန်နီမှာ ကြီးမားသော အရောင်းအဝယ် တစ်ခုကို အောင်မြင်တော့မည် ဖြစ်ရာ အလွန် စိတ်အားထက်သန် တက်ကြွနေလေသည်။

ကုန်းပတ်ပေါ်တွင် ရပ်ကာ ဆွန်ဖုန်းအား အနီးအနားရှိ ရှုခင်းများနှင့် ဗန်ကူးဗား ကမ်းရိုးတန်းရှိ စိတ်ဝင်စားဖွယ် လည်ပတ်စရာ နေရာများကို မိတ်ဆက် ရှင်းပြနေလေသည်။

"မစ္စတာဆွန်... ကိုယ်ပိုင်ကျွန်း ဆိုတာ တကယ့်ကို အားလပ်ရက် အနားယူဖို့ အကောင်းဆုံး နေရာလေးပါ... ရှင် ဒါကို ဝယ်ပြီးသွားရင် ကျွန်းပေါ်မှာ တိတ်တိတ်ဆိတ်ဆိတ် အနားယူလို့လည်း ရသလို၊ ပါတီပွဲတွေ ကျင်းပလို့လည်း ရပါတယ်... ဘယ်သူမှ လာပြီး အနှောင့်အယှက် ပေးမှာ မဟုတ်ပါဘူး... အားလပ်ချိန်တွေမှာ ငါးမျှားတာတို့၊ ရေကူးတာတို့ လုပ်လို့ရပြီး တကယ့်ကို သာယာတဲ့ ငြိမ်းချမ်းရေး နယ်မြေလေး တစ်ခုပါပဲ..."

အန်နီက ဆွန်ဖုန်းအား တရစပ် ရှင်းပြနေလေသည်။

"ဟဲဟဲ... တကယ်လည်း ဟုတ်ပါတယ်..."

ဆွန်ဖုန်းက ခေါင်းညိတ် ထောက်ခံလိုက်လေသည်။ အမှန်တကယ်လည်း သူ ကိုယ်ပိုင်ကျွန်း ဝယ်ယူရခြင်းမှာ ထိုသို့ လုပ်ဆောင်ရန်ပင် ဖြစ်သည်။

အားလပ်ချိန်များတွင် မိန်းမချောလေးများကို ခေါ်ကာ ပါတီပေးမည်၊ သို့မဟုတ် မိသားစုနှင့်အတူ အားလပ်ရက် လာရောက် အနားယူမည်။

အားနေလျှင် ငါးမျှားမည်၊ ရေကူးမည်။ တွေးကြည့်ရုံနှင့်ပင် အလွန် သာယာလှပေသည်။

အရေးအကြီးဆုံးမှာ ကိုယ်ပိုင်ကျွန်း၏ ပတ်ပတ်လည်တွင် ပင်လယ်ပြင် ရှိနေပြီး ကျွန်း၏ လှပသော ရှုခင်းများနှင့် ပေါင်းစပ်လိုက်သောအခါ စိတ်ခံစားမှုမှာ အလွန် ပျော်ရွှင် ကြည်နူးစရာ ကောင်းလာမည် ဖြစ်လေသည်။

စကားပြောဆိုရင်း အချိန်များ လျင်မြန်စွာ ကုန်လွန်သွားပြီး မကြာမီမှာပင် အဝေးဆီမှ သာယာလှပသော နတ်ဘုံနတ်နန်းကဲ့သို့ ကျွန်းငယ်လေး တစ်ကျွန်းက ဆွန်ဖုန်း၏ မြင်ကွင်းထဲသို့ ဝင်ရောက်လာလေသည်။

"တကယ် မဆိုးဘူးပဲ... လှတယ်..."

ဆွန်ဖုန်းသည် အဝေးမှ ကျွန်းကို ကြည့်ကာ အလွန် ကျေနပ်သွားလေသည်။ သူသည် ဤကျွန်းကို အပန်းဖြေ ကျွန်းတစ်ခု အဖြစ် တည်ဆောက်မည် ဖြစ်သည်။

မကြာမီမှာပင် ရွက်လှေသည် ထိုကျွန်း၏ ဆိပ်ကမ်းသို့ ရောက်ရှိသွားလေသည်။ သင်္ဘောမောင်းသူက ရွက်လှေကို ဆိုက်ကပ်လိုက်ပြီးနောက် အန်နီက ဆွန်ဖုန်းကို ဆွဲကာ ကုန်းပေါ်သို့ တက်သွားလေသည်။ သင်္ဘောမောင်းသူကမူ ရွက်လှေပေါ်တွင်သာ စောင့်ဆိုင်းနေခဲ့လေသည်။

ဆိပ်ကမ်းနှင့် မလှမ်းမကမ်းတွင် ရွှေရောင်ဝင်းလက်နေသော သဲသောင်ပြင် တစ်ခု ရှိပြီး ထိုသဲသောင်ပြင် အထက်တွင် လွင်ပြင်ငယ် တစ်ခု ရှိလေသည်။ ပတ်ပတ်လည်တွင် သစ်ပင်အချို့ ရှိပြီး မြေပြင်ပေါ်တွင် စိမ်းလန်းသော မြက်ခင်းများ ရှိနေလေသည်။

ဆွန်ဖုန်းက ဤနေရာကို မြင်သောအခါ အိမ်ဆောက်ရန် အလွန် သင့်တော်ကြောင်း စိတ်ထဲမှ တွေးလိုက်မိသည်။ အိမ်ထဲမှ ထွက်လိုက်သည်နှင့် သဲသောင်ပြင်သို့ ချက်ချင်း ရောက်ရှိမည် မဟုတ်ပါလား။

"ဘယ်လိုလဲ မစ္စတာဆွန်... ဒီကျွန်းလေးက မဆိုးဘူး မဟုတ်လား... ရှင် ဒီမှာ အိမ်တွေ၊ ဖျော်ဖြေရေး အဆောက်အအုံတွေ ဆောက်ပြီးသွားရင် ပိုပြီးတော့တောင် ပြီးပြည့်စုံသွားဦးမှာ..."

အန်နီက ဆွန်ဖုန်းနှင့် ယှဉ်လျှောက်ရင်း ပြောလိုက်လေသည်။

"အင်း... မဆိုးဘူး... ဒီမှာ အိမ်တစ်လုံး ဆောက်လိုက်ရင်၊ နွေရာသီကျ ကုလားထိုင် တစ်လုံး သယ်ထွက်လာပြီး ဘီယာလေး သောက်၊ ပင်လယ်လေလေး ခံရင်း မိန်းမချောလေး တစ်ယောက်ကို နှိပ်နယ်ခိုင်းလိုက်ရရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ..."

ဆွန်ဖုန်းက ရယ်မော၍ ပြောလိုက်လေသည်။

"ဟားဟား... ဟုတ်ပါတယ်... မိန်းမချောလေးတွေကို ခေါ်ပြီး ရေကူးလို့လည်း ရသေးတာပဲ... စဉ်းစားကြည့်လေ... မင်းသမီးလေးတွေ၊ အဆိုတော်လေးတွေ၊ မော်ဒယ်လေးတွေကို ဖိတ်ခေါ်ပြီး ဘီကီနီလေးတွေ ဝတ်ခိုင်းထားရင် ဘယ်လောက်တောင် ကြည့်ကောင်းလိုက်မလဲ..."

အန်နီက အလွန် ပွင့်လင်းရဲတင်းစွာဖြင့် ပြောလိုက်လေသည်။ တကယ်တမ်းလည်း အနောက်တိုင်းသားများမှာ အတော်လေး ပွင့်လင်းကြပြီး သူမ ပြောသည်မှာလည်း အမှန်ပင် ဖြစ်သည်။ ဤကဲ့သို့သော ကိစ္စမျိုးကို သူဌေးများ မကြာခဏ လုပ်လေ့ရှိကြောင်း သူမ အများအပြား မြင်တွေ့ခဲ့ဖူးလေသည်။

"အင်း... အဲဒီ အကြံ မဆိုးဘူးပဲ... နေ့ခင်းဘက် ဘီကီနီ ကြည့်မယ်၊ ညဘက် ပါတီပွဲ လုပ်မယ်..."

ဆွန်ဖုန်းက ပြုံးစိစိဖြင့် ပြောလိုက်လေသည်။ ယခုအချိန်မှာပင် သူ၏ အနာဂတ် အပန်းဖြေကျွန်းလေးမှာ အလွန် စည်ကား သိုက်မြိုက်နေမည်ကို သူ မြင်ယောင်နေမိပြီ ဖြစ်သည်။

ကျွန်းပေါ်တွင် ဆက်လက် လှည့်ပတ် ကြည့်ရှုကြသော်လည်း အဓိကအားဖြင့် သဲသောင်ပြင် အနီးတစ်ဝိုက်တွင်သာ လည်ပတ်ကြခြင်း ဖြစ်ပြီး အတွင်းပိုင်းရှိ သစ်တောထဲသို့မူ ဆွန်ဖုန်း မဝင်လိုတော့ချေ။

"မစ္စတာဆွန်... ကျွန်မတို့ ရေသွားကူးကြမလား ဟင်..."

အန်နီက သူမ၏ ချစ်စရာ မျက်လုံးကြီးများကို ပုတ်ခတ်ပုတ်ခတ် လုပ်ကာ မြူဆွယ်သည့် လေသံဖြင့် ဆွန်ဖုန်းအား မေးလိုက်လေသည်။

ဆွန်ဖုန်းသည် အန်နီ၏ စကားကို ကြားသောအခါ အနည်းငယ် အံ့ဩသွားသော်လည်း ယခုအချိန်မှာ ဆောင်းဦးပေါက် ရာသီ ဖြစ်ရာ ဤရာသီဥတုတွင် ရေကူးခြင်းမှာလည်း မဆိုးလှဟု တွေးလိုက်မိလေသည်။

"ကောင်းပြီလေ... ဒါပေမယ့် ငါတို့မှာ ရေကူးဝတ်စုံ မှ မပါတာ..."

ဆွန်ဖုန်းက ပြန်ပြောလိုက်လေသည်။

"ကိစ္စမရှိပါဘူး... ကျွန်မက အဝတ်မပါဘဲ ရေကူးရတာကို ပိုသဘောကျတယ်..."

အန်နီက လုံးဝ ဂရုမစိုက်သည့် ဟန်ဖြင့် ပြောလိုက်ပြီး ဆွဲဆောင်မှု ရှိသော မျက်လုံးများဖြင့် ဆွန်ဖုန်းကို စိုက်ကြည့်ကာ သူမ၏ အင်္ကျီကို ရဲတင်းစွာ စတင် ချွတ်ချလိုက်လေတော့သည်။

"လခွီး... အနောက်တိုင်းသူတွေက တကယ် ကြမ်းတာပဲ..."

ဆွန်ဖုန်းမှာ မျက်လုံးပြူးကာ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး စကားပင် မပြောနိုင်တော့ချေ။

မကြာမီမှာပင် အန်နီက ဆွန်ဖုန်းကို ကြည့်ကာ ညုတုတု အသံဖြင့် ရယ်မောလိုက်လေသည်။

"မစ္စတာဆွန်... မြန်မြန်လာခဲ့နော်... ကျွန်မ အရင် ဆင်းပြီး ရေကူးနှင့်မယ်... ရှင့်ကို စောင့်နေမယ်နော်... ကိုယ်ပိုင်ကျွန်းပေါ်က နေ့စဉ် ရေကူးတဲ့ အရသာကို ခံစားကြည့်လိုက်ပါဦး..."

ထိုသို့ ပြောပြီးနောက် အနောက်တိုင်း အလှမယ် အန်နီသည် တင်ပါးကြီးများကို လှုပ်ခါကာ ပင်လယ်ထဲသို့ ဆင်းသွားလေတော့သည်။

"ဟေး... ငါ့ကို စောင့်ဦးလေ..."

ဆွန်ဖုန်းလည်း အင်္ကျီများကို ချွတ်ချလိုက်ပြီး ဘောင်းဘီတို တစ်ထည်ဖြင့် ပင်လယ်ထဲသို့ ပြေးဆင်းသွားလေတော့သည်။

ပင်လယ်ထဲတွင် အန်နီသည် ရေသူမလေး တစ်ကောင်ကဲ့သို့ လွတ်လပ်စွာ ကူးခတ်နေလေသည်။ သူမ၏ ရေကူးကျွမ်းကျင်မှုမှာ အလွန် ကောင်းမွန်ပုံရပြီး ပင်လယ်ရေထဲတွင် လွင့်မျောနေသော ဆံနွယ်များနှင့် သူမ၏ အချိုးအစားကျလှသော ခန္ဓာကိုယ်တို့ ပေါင်းစပ်လိုက်သောအခါ အနုပညာဆန်ဆန် လှပသော မြင်ကွင်း တစ်ခု ဖြစ်နေလေသည်။

ဆွန်ဖုန်း၏ ရေကူးစွမ်းရည်ကလည်း မဆိုးလှရာ သူတို့ နှစ်ဦးသည် ပင်လယ်ထဲတွင် ယှဉ်တွဲ၍ ပျော်ရွှင်စွာ ရေကူးနေကြလေသည်။

"ဒါကမှ တကယ့် အနုပညာပဲ... ဒါကမှ ကိုယ်ပိုင်ကျွန်းပေါ်မှာ ရေကူးရတဲ့ အရသာပဲ... တကယ်ကို ကောင်းလိုက်တာ..."

ဆွန်ဖုန်းသည် သူ၏ အရှေ့တွင် ကူးခတ်နေသော အန်နီကို ကြည့်ကာ စိတ်ထဲမှ ကြည်နူးစွာ တွေးလိုက်မိလေသည်။ သူဌေးများ တကယ် ကစားတတ်ကြကြောင်းကိုသာ ဆိုရတော့မည်။

ဆယ်မိနစ်ကျော်ခန့် ရေကူးပြီးနောက် အန်နီ မောသွားသဖြင့် ကုန်းပေါ်သို့ တက်လာခဲ့ရာ ဆွန်ဖုန်းလည်း နောက်မှ လိုက်တက်လာခဲ့လေသည်။

"ဟူး... မောလိုက်တာ... ကျွန်မတို့ မြက်ခင်းပြင်မှာ သွားထိုင်ရအောင်..."

ကမ်းခြေသို့ ရောက်သောအခါ အန်နီက အင်္ကျီကို ကောက်ကိုင်ရင်း ဆွန်ဖုန်းအား ပြောလိုက်လေသည်။

"ကောင်းပြီလေ..."

ဆွန်ဖုန်းက အန်နီ၏ အချိုးအစားကျလှသော ဆွဲဆောင်မှုရှိသည့် ခန္ဓာကိုယ်ကို ကြည့်ကာ ပြုံးစိစိဖြင့် ဖြေလိုက်လေသည်။

သူတို့ နှစ်ဦး လက်ချင်းတွဲကာ မြက်ခင်းပြင်ဆီသို့ လျှောက်သွားကြလေသည်။

ထို့နောက် ဆွန်ဖုန်းသည် ထိုအနောက်တိုင်း အလှမယ်လေးကို အပိုင်သိမ်းလိုက်လေတော့သည်။

နာရီဝက်ခန့် အကြာတွင် ဆွန်ဖုန်းလည်း ကျွန်းကို လှည့်ပတ်ကြည့်ရှုပြီးပြီ ဖြစ်ရာ ပြန်ရန် ပြင်ဆင်လိုက်လေသည်။

မင်လျို ကိုယ်ပိုင်ကျွန်း ရောင်းဝယ်ရေး ကုမ္ပဏီသို့ ပြန်လည် ရောက်ရှိလာသောအခါ စိတ်ခံစားမှု အလွန် ကောင်းမွန်နေသော ဆွန်ဖုန်းသည် ထိုကျွန်းကို ချက်ချင်း ဝယ်ယူလိုက်လေသည်။

အမေရိကန် ဒေါ်လာ သန်း ၄၀ ကို ငွေချေပြီးနောက် အန်နီက ဆွန်ဖုန်းကို ညစာ အတူစားရန် ဖိတ်ခေါ်ခဲ့ပြီး ထိုည တစ်ညလုံး အတူတကွ ပျော်ပါးပြီးနောက် ဆွန်ဖုန်းသည် လီယာဒယ်ဘော့ မြို့သို့ ပြန်လာခဲ့လေသည်။

ကျွန်းပေါ်တွင် အဆောက်အအုံများ တည်ဆောက်မည့် ကိစ္စကိုမူ ရက်အနည်းငယ် ကြာမှ ဆွန်ဖုန်း ထပ်မံ လာရောက်၍ အကြီးအကျယ် စီစဉ် တည်ဆောက်မည် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ဆွန်ဖုန်းသည် ဟယ်မင်ယီကို သွားရောက် ကြိုဆိုရမည် ဖြစ်သောကြောင့်ပင်။ သူမ၏ လူဝင်မှုကြီးကြပ်ရေး ကိစ္စများ ပြီးစီးသွားပြီ ဖြစ်ပြီး ဤဘက်သို့ လာရန် ပြင်ဆင်နေပြီ ဖြစ်သည်။ ဤသည်မှာ အချိန်ကိုက်ပင် ဖြစ်သည်။

ကျွန်းပေါ်တွင် မည်ကဲ့သို့သော အိမ်မျိုး တည်ဆောက်ရမည်ကို ဟယ်မင်ယီအား ကူညီ အကြံပေးခိုင်းနိုင်သည်။ မည်သို့ပင်ဆိုစေ နောင်တွင် ဤကျွန်းလေးမှာ ဆွန်ဖုန်းနှင့် ဟယ်မင်ယီတို့၏ အချစ်သိုက်လေး ဖြစ်လာမည် မဟုတ်ပါလား။

လီယာဒယ်ဘော့သို့ ပြန်ရောက်သောအခါ ဆွန်ဖုန်းသည် အသံလက်ထောက်အား နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ် ထုတ်လုပ်ရေး စက်နှင့် ပင်လယ်ရေ သန့်စင်စက် ထုတ်လုပ်ရာတွင် အသုံးပြုရန် ကုန်ကြမ်း ပစ္စည်းများကို စူးမေးအား ဝယ်ယူခိုင်းလိုက်လေသည်။

ထို့အပြင် ဆွန်ဖုန်းသည် လေရဟတ်ကြီး တစ်ခုကိုပါ တည်ဆောက်ရန် ရည်ရွယ်ထားလေသည်။ ထိုသို့ဆိုလျှင် ကျွန်းလေးမှာ ပိုမို လှပလာမည် ဖြစ်ပြီး အထင်ကရ အဆောက်အအုံ တစ်ခုလည်း ရှိလာမည် ဖြစ်လေသည်။

"အစ်ကိုဖုန်း... တကယ်ပဲ ကိုယ်ပိုင်ကျွန်း တစ်ကျွန်း ဝယ်လိုက်တာလား... ဝါး... နောက်ဆိုရင် ကျွန်မလည်း အဲဒီမှာ အားလပ်ရက် သွားအနားယူမယ်နော်..."

စူးမေးသည် ဆွန်ဖုန်းက ကိုယ်ပိုင်ကျွန်း ဝယ်လိုက်ကြောင်း ကြားသောအခါ မျက်လုံးများ အရောင်လက်သွားကာ ပြောလိုက်လေသည်။

"ရတာပေါ့... မင်း သွားနေချင်သလောက် သွားနေလို့ ရတယ်... ဟားဟား..."

ဆွန်ဖုန်းက ပျော်ရွှင်စွာ ဖြေလိုက်လေသည်။ မိန်းမချောလေးများက ကိုယ်တိုင် အားလပ်ရက် လာရောက် အနားယူမည်ကို သူက လုံးဝ ငြင်းဆန်မည် မဟုတ်ချေ။

မဟုတ်ပါက သူနှင့် ဟယ်မင်ယီ နှစ်ယောက်တည်း သွားနေလျှင် အနည်းငယ် ခြောက်ကပ်ကပ် နိုင်နေမည် ဖြစ်လေသည်။

"ဟီးဟီး... ကျွန်မ ရေကူးမယ်၊ ငါးမျှားမယ်၊ နေပူစာလှုံမယ်..."

စူးမေးသည် ပြုံးရွှင်စွာဖြင့် သူမ လုပ်ချင်သော ကိစ္စများကို လက်ချိုးရေတွက်ကာ စီစဉ်နေလေသည်။

"ကောင်းပြီလေ... ငါ အဖော်လုပ်ပေးမယ်..."

ဆွန်ဖုန်းက ပြောလိုက်လေသည်။

"ဖယ်စမ်းပါ... နေပူစာလှုံတဲ့ အထဲမှာတော့ အစ်ကို ပါစရာ မလိုဘူး..."

စူးမေးက ဆွန်ဖုန်းကို မျက်စောင်းထိုးကာ ပြောလိုက်လေသည်။

"ဘာကြောက်နေတာလဲ... ငါက မင်းကို အမြတ်ထုတ်မှာမှ မဟုတ်တာ..."

ဆွန်ဖုန်းက ပြန်ပြောလိုက်လေသည်။

"အစ်ကို့ မျက်လုံးတွေက အမြတ်ထုတ်လိမ့်မယ်လေ..."

စူးမေးက နှုတ်ခမ်းမဲ့ကာ ပြောလိုက်လေသည်။

"......"

"ဟွန်း... အဲဒီအချိန်ကျရင် မိန်းမချောလေးတွေကို အစုလိုက် အပြုံလိုက် ခေါ်ပြီး နေပူစာလှုံခိုင်းလိုက်မယ်... မင်းကိုတောင် ကြည့်နေဖို့ အချိန်ရမှာ မဟုတ်ဘူး..."

ဆွန်ဖုန်းက ဂရုမစိုက်သည့် ဟန်ဖြင့် ပြောလိုက်လေသည်။

"အဲဒီလိုများ လုပ်ရဲလုပ်ကြည့်... အစ်ကို့ ချစ်သူက အစ်ကို့ကို ပင်လယ်ထဲ ကန်ချပြီး ငါးစာ ကျွေးပစ်လိမ့်မယ်..."

All Chapters