← Chapters

အခန်း ၉၃

Vol. 10 Ch. 93

အခန်း ၉၃

Vol. 10 Ch. 93

အခန်း (၉၃) မူပိုင်ခွင့် လျှောက်ထားမှု ပြီးစီးခြင်း

ညအချိန်သို့ ရောက်သောအခါ သဲသောင်ပြင်ပေါ်တွင် မီးပုံပွဲ ကျင်းပကြလေသည်။

သဲသောင်ပြင်တွင် မြူးကြွသော သီချင်းသံများနှင့်အတူ ပင်လယ်စာ ဟင်းလျာများ၊ ပင်လယ်လေနုအေးလေးတို့ ပေါင်းစပ်လိုက်သောအခါ အလွန် သာယာသော ညချမ်းလေး တစ်ခု ဖြစ်လာလေသည်။

ဤနေရာတွင် မည်မျှပင် ဆူညံစွာ ကစားပါစေ အခြားသူများကို အနှောင့်အယှက် ဖြစ်မည် မဟုတ်သလို၊ အခြားသူများ၏ အနှောင့်အယှက်ကိုလည်း ခံရမည် မဟုတ်ချေ။

ကိုယ်ပိုင်ကျွန်းပေါ်တွင် အားလပ်ရက် အနားယူရခြင်းမှာ တကယ့်ကို ပျော်စရာ ကောင်းလှပေသည်။

"ညီမတို့... အဝစားကြနော်..."

ဟွမ်ကျားချန်းက ဝိုင်နီ တစ်ပုလင်းကို ကိုင်ကာ တစ်ငုံ သောက်လိုက်ပြီး သဲသောင်ပြင်ပေါ်တွင် ယိမ်းယိုင်စွာ ရပ်နေလေသည်။

သူမမှာ အနည်းငယ် မူးနေပြီ ဖြစ်ပြီး ဖြူဝင်းသော မျက်နှာလေးမှာလည်း ဝိုင်ရှိန်ကြောင့် နီရဲနေလေသည်။ မီးရောင်အောက်တွင် သူမ၏ အလှမှာ ပို၍ပင် ပေါ်လွင်နေလေသည်။

"ဝပြီ... တကယ်ကို အဝစားလိုက်ရတယ်..."

ဟယ်မင်ယီက ပထမဆုံး အော်ဟစ်ကာ ဖြေလိုက်လေသည်။

ဆွန်ဖုန်းမှာ စကားပင် မပြောနိုင်တော့ချေ။ တစ်နေကုန် စားနေမှတော့ မဝဘဲ နေပါ့မလားဟု တွေးလိုက်မိလေသည်။

"ကျားချန်း... စားပြီးရင် ဘာလုပ်ကြမလဲ..."

စူးမေးက ဟွမ်ကျားချန်း အနီးသို့ သွားကာ ပခုံးဖက်၍ မေးလိုက်လေသည်။

"စားပြီး သောက်ပြီးရင်တော့ ချွေးထုတ်ခန်း သွားပေါင်းကြတာပေါ့... သွား... ငါတို့ သွားကြမယ်..."

ဟွမ်ကျားချန်းက ရယ်မော၍ ပြောလိုက်လေသည်။

"ကောင်းတယ်... သွားကြမယ်... သွားကြမယ်..."

လျန်ယင်းကလည်း လက်ခုပ်တီးကာ သဘောတူလိုက်လေသည်။

ထို့ကြောင့် လူအုပ်စုသည် သစ်သားအိမ်ကြီး၏ မြေညီထပ်ရှိ ချွေးထုတ်ခန်း အတွင်းသို့ ဝင်ရောက်လာကြလေသည်။

ညဘက်တွင် ပင်လယ်လေ အနည်းငယ် အေးသဖြင့် မိန်းကလေးများမှာ အပေါ်ဝတ် အင်္ကျီများ ဝတ်ဆင်ထားကြသော်လည်း ချွေးထုတ်ခန်းထဲ ရောက်သည်နှင့် အပေါ်ဝတ်များ ချွတ်ချကာ ဘီကီနီများဖြင့် စတင် ချွေးထုတ်ကြလေတော့သည်။

ဆွန်ဖုန်းလည်း ဘောင်းဘီတို တစ်ထည်ဖြင့် မိန်းကလေးများ ကြားတွင် ဝင်ရောက်၍ ချွေးထုတ်ခန်း ဝင်နေလေသည်။

အခန်း အတွင်း အပူချိန် တက်လာသည်နှင့်အမျှ နေ့ခင်းက ရေကူးခြင်းနှင့် ဘော်လီဘော ကစားခြင်းတို့ကြောင့် ဖြစ်ပေါ်လာသော ပင်ပန်းနွမ်းနယ်မှုများ အားလုံး ချက်ချင်း ပျောက်ကွယ်သွားလေတော့သည်။

"ဝါး... သိပ်ကောင်းတာပဲ..."

မိန်းကလေးများ အားလုံး ချီးကျူးလိုက်ကြလေသည်။

"ဟားဟား... ချွေးထုတ်ပြီးရင် ငါတို့ ရေချိုးပြီး ကာရာအိုကေ သွားဆိုကြမယ်... မြေညီထပ်မှာ သီချင်းဆိုတဲ့ အခန်းလည်း ရှိတယ်လို့ ဆွန်ဖုန်း ပြောတယ်..."

စူးမေးက စိတ်အားထက်သန်စွာ ပြောလိုက်လေသည်။

"ကောင်းပြီ... ငါက သီချင်းဆို အရမ်း ကောင်းတာနော်... ဘယ်သူ ပြိုင်ဆိုမလဲ..."

လျန်ယင်းက အော်လိုက်လေသည်။ သူမ တက္ကသိုလ် တက်စဉ်က ကျောင်းသူလှများထဲတွင် ပါဝင်ရုံသာမက ကျောင်းရေဒီယို လွှင့်ရုံ၏ အစီအစဉ် တင်ဆက်သူ တစ်ဦးလည်း ဖြစ်ခဲ့ရာ သီချင်းဆိုရာတွင် အလွန် တော်လေသည်။

"လာ... လာ... ခဏနေရင် ပြိုင်ကြမယ်... အမှတ် အနည်းဆုံး ရတဲ့သူ အရက် တစ်ခွက် သောက်ရမယ်နော်..."

ဝူမုန်းရှင်းကလည်း စိန်ခေါ်လိုက်လေသည်။

တစ်နေကုန် ကစားပြီးနောက် ရေပူဖြင့် ရေချိုးကာ သီချင်းဆိုရင်း စိတ်ဖိစီးမှုများ ဖြေဖျောက်ရခြင်းမှာ အကောင်းဆုံး အစီအစဉ်ပင် ဖြစ်လေသည်။

"ကောင်းပြီလေ..."

ဝူမုန်းရှင်းကလည်း ပျော်ရွှင်စွာ ခေါင်းညိတ် သဘောတူလိုက်လေသည်။

ချွေးထုတ်ပြီးနောက် မိန်းကလေးများ အားလုံး ရေချိုးကြရာ ဆွန်ဖုန်းလည်း ရေသွားချိုးလိုက်လေသည်။

ထို့နောက် သီချင်းဆိုချိန်သို့ ရောက်ရှိသွားပြီး အားလုံးမှာ အလွန် ပျော်ရွှင်စွာဖြင့် ဤညလေးကို ဖြတ်သန်းခဲ့ကြလေသည်။

ကျွန်းပေါ်တွင် ရက်အနည်းငယ် ကြာအောင် ပျော်ရွှင်စွာ ဖြတ်သန်းပြီးနောက် ရွက်လှေဖြင့် ပင်လယ်ပြင်သို့ တစ်ရက် ထွက်ကာ လည်ပတ်ခဲ့ကြလေသည်။

အားလပ်ရက် ခရီးစဉ်မှာ ဆက်လက် ရှိနေသေးသော်လည်း ဖုန်းတစ်ကောကြောင့် ဆွန်ဖုန်းနှင့် လျန်ယင်းတို့၏ အစီအစဉ်များ ပြောင်းလဲသွားခဲ့ရလေသည်။

"ကိုကိုဖုန်း... မူပိုင်ခွင့် လျှောက်ထားရေး ကိုယ်စားလှယ် ကုမ္ပဏီက ဖုန်းဆက်လာတယ်... ငါတို့ လျှောက်ထားတဲ့ မူပိုင်ခွင့် အောင်မြင်သွားပြီတဲ့..."

"ပြီးတော့ သံမဏိစက်ရုံဘက်မှာလည်း ဖြေရှင်းစရာ ကိစ္စလေးတွေ ရှိနေလို့ ကျွန်မ ပြန်သွားလိုက်ဦးမယ်..."

လျန်ယင်းက ဖုန်းချပြီးနောက် ဆွန်ဖုန်းအား ပြောလိုက်လေသည်။

"အော်... မူပိုင်ခွင့် ကျပြီလား... အင်း... အချိန်အရဆိုရင်လည်း ရလောက်ပြီ... ကောင်းပြီလေ... ကိုယ်လည်း မင်းနဲ့ အတူတူ လိုက်ပြန်ခဲ့မယ်..."

ဆွန်ဖုန်းက ပြောလိုက်လေသည်။

"ဟုတ်ကဲ့ပါ ကိုကိုဖုန်း..."

နောက်တစ်နေ့တွင် ဆွန်ဖုန်းနှင့် လျန်ယင်းတို့သည် တရုတ်နိုင်ငံသို့ လေယာဉ်ဖြင့် ပြန်လည် ထွက်ခွာလာခဲ့ကြပြီး ဟယ်မင်ယီ အပါအဝင် ကျန်မိန်းကလေးများမှာမူ ဆက်လက်၍ အားလပ်ရက် အနားယူနေကြလေသည်။

ဤတစ်ကြိမ် မူပိုင်ခွင့် လျှောက်ထားခြင်းမှာ လအတော်ကြာ အချိန်ယူခဲ့ရပြီး လူများစွာကို လာဘ်ထိုးခဲ့ရသဖြင့်သာ ဤမျှ မြန်ဆန်စွာ ရရှိခဲ့ခြင်း ဖြစ်သည်။

မဟုတ်ပါက အချိန်ပို၍ ကြာမြင့်နိုင်လေသည်။

ဆွန်ဖုန်း၏ မျိုးဆက်သစ် အထူးသံမဏိ မူပိုင်ခွင့် လျှောက်ထားရာတွင် သူသည် အကွက်ချ စီစဉ်ထားခဲ့လေသည်။

သူသည် ၎င်းသံမဏိ၏ စွမ်းဆောင်ရည်၊ အရည်အသွေးနှင့် အချက်အလက်များ အားလုံးကို အမှန်တကယ်ထက် အများကြီး လျှော့ချ၍သာ တင်ပြခဲ့ခြင်း ဖြစ်သည်။

ဆိုလိုသည်မှာ အချက်အလက်များကို အတုအယောင် ဖန်တီးထားခြင်း ဖြစ်လေသည်။

အမှန်တကယ်တော့ ၎င်း အထူးသံမဏိ၏ စွမ်းဆောင်ရည်များ အားလုံးမှာ စစ်ဘက်သုံး အထူးသံမဏိများ၏ လိုအပ်ချက်ကို ပြည့်မီရုံသာမက လက်ရှိ ကမ္ဘာပေါ်ရှိ အထူးသံမဏိများ၏ စွမ်းဆောင်ရည်ကိုပင် ကျော်လွန်နေလေသည်။

သို့သော် ဆွန်ဖုန်း အနေဖြင့် စစ်တပ်၏ မျက်စိကျခြင်းကို မခံချင်သောကြောင့် ထိုသို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် သူသည် ၎င်း အထူးသံမဏိ၏ အချက်အလက်များကို အရပ်ဘက်သုံး အထူးသံမဏိများ၏ အမြင့်ဆုံး အဆင့်တွင်သာ ရှိသည်ဟု တင်ပြခဲ့လေသည်။

ဤသို့ဖြင့် ဆွန်ဖုန်းသည် ပြဿနာ များစွာကို ရှောင်ရှားနိုင်မည် ဖြစ်ပြီး အစိုးရ၏ စစ်ဆေးမှုကိုလည်း ခံရမည် မဟုတ်တော့ချေ။

အကယ်၍ တစ်စုံတစ်ယောက်က ထိုသံမဏိမှာ စစ်ဘက်သုံး အဆင့်မီကြောင်း သိရှိသွားပါကလည်း သူ မသိခဲ့ကြောင်း ငြင်းဆိုလိုက်ရုံသာ ဖြစ်လေသည်။

သူ တင်ပြထားသော အချက်အလက်များမှာ အရပ်ဘက်သုံး အဆင့်သာ ရှိသဖြင့် စစ်လက်နက် ကုမ္ပဏီများက ဝယ်ယူမည် မဟုတ်ချေ။

မည်သူကမှ သူတို့ လိုအပ်ချက်နှင့် မကိုက်ညီသော ပစ္စည်းများကို ဝယ်ယူမည် မဟုတ်ပါလား။

ထို့ကြောင့် ဝယ်ယူမည့် ဖောက်သည်များမှာ အရပ်ဘက် ကုမ္ပဏီများသာ ဖြစ်လာမည် ဖြစ်ပြီး စစ်လက်နက် ကုမ္ပဏီများက အသုံးမပြုသရွေ့ သူ၏ အထူးသံမဏိမှာ အထူး စောင့်ကြည့်ခြင်း ခံရမည် မဟုတ်ချေ။

သေချာသည်မှာ ဆွန်ဖုန်း ဤသို့ လုပ်ဆောင်ရခြင်း၏ အဓိက အကြောင်းရင်းမှာ လက်ရှိတွင် သူ့၌ ခိုင်မာသော အင်အားနှင့် နောက်ခံ မရှိသေးသောကြောင့် ဖြစ်သည်။

ထို့ကြောင့် သူသည် ဤကဲ့သို့သော အဆင့်မြင့် နည်းပညာများကို လူသိရှင်ကြား ချပြ၍ မရနိုင်သေးချေ။

အင်အား တစ်ခု ရရှိလာသည့် အချိန်ရောက်မှသာ ၎င်း အထူးသံမဏိ၏ အမှန်တကယ် စွမ်းဆောင်ရည်များကို ထုတ်ဖော်ပြသမည် ဖြစ်လေသည်။

ထို့ကြောင့် ဆွန်ဖုန်းသည် လောလောဆယ်တွင် ထို အထူးသံမဏိကို အရပ်ဘက် ကုမ္ပဏီများသို့သာ ရောင်းချရန် ရည်ရွယ်ထားပြီး အင်အား ကြီးမားလာသော အခါမှသာ စစ်ဘက်သုံး အဆင့်ကို ထုတ်ဖော်ကာ စစ်လက်နက် ကုမ္ပဏီများနှင့် အရောင်းအဝယ် လုပ်မည် ဖြစ်လေသည်။

လေယာဉ်ပေါ်မှ ဆင်းပြီးနောက် ဆွန်ဖုန်းနှင့် လျန်ယင်းတို့သည် ဟိုင်ယန်မြို့ရှိ ဖုန်းရွေ့ သံမဏိစက်ရုံသို့ တိုက်ရိုက် ထွက်လာခဲ့ကြလေသည်။

ထိုအချိန်တွင် မူပိုင်ခွင့် လက်မှတ်မှာ ကိုယ်စားလှယ် ကုမ္ပဏီမှ ရောက်ရှိနေပြီ ဖြစ်လေသည်။

ဆွန်ဖုန်းက မူပိုင်ခွင့် လက်မှတ်ကို ယူကြည့်လိုက်ပြီးနောက် လျန်ယင်း ထံသို့ ပစ်ပေးလိုက်ကာ ပြောလိုက်လေသည်။

"အခြား နိုင်ငံတွေမှာပါ ဆက်ပြီး မူပိုင်ခွင့် လျှောက်ထားလိုက်ဦး..."

"ဟုတ်ကဲ့ပါ..."

လျန်ယင်းက ခေါင်းညိတ်ကာ ဖြေလိုက်လေသည်။

"ဒီရက်ပိုင်း အရောင်းအဝယ် အခြေအနေကို အသေးစိတ် အစီရင်ခံပါဦး..."

ဆွန်ဖုန်းက ရုံးခန်းထဲတွင် ထိုင်ကာ စီးကရက် တစ်လိပ်ကို မီးညှိရင်း မေးလိုက်လေသည်။

သူ ဤနေရာမှ ထွက်သွားသည်မှာ လအနည်းငယ် ကြာပြီ ဖြစ်ရာ အခြေအနေများကို သိရှိလိုခြင်း ဖြစ်လေသည်။

"အထူးသံမဏိရဲ့ အရောင်းအဝယ်က မှန်မှန်လေး တက်လာနေပါတယ်... အရင်က ကိုကိုဖုန်း မှာခဲ့တဲ့ အတိုင်း ကြော်ငြာတွေ လုပ်ထားတော့ အခုဆိုရင် ထုတ်လုပ်ရေး လိုင်း တစ်ခုတည်းနဲ့တောင် ဖောက်သည်တွေရဲ့ အော်ဒါတွေကို မနိုင်တော့ဘူး..."

လျန်ယင်းက ခဏရပ်လိုက်ပြီး ဆက်ပြောလေသည်။

"အဲဒီအထဲမှာ အကြီးဆုံး ဖောက်သည်ကတော့ လျိုဖေးဖေး ရဲ့ ကုမ္ပဏီပါပဲ... သူတို့ ကုမ္ပဏီရဲ့ အော်ဒါက တော်တော်များတယ်..."

"မကြာသေးခင်ကတောင် ယွမ် သန်းနှစ်ဆယ်ဖိုး အော်ဒါ ထပ်တင်သွားသေးတယ်... ပြီးတော့ ကျွန်မတို့ ကုမ္ပဏီကို တခြား ဖောက်သည်တွေပါ မိတ်ဆက်ပေးသွားသေးတယ်... သူက တကယ် သဘောကောင်းတဲ့ လူပဲ..."

"အင်း... မဆိုးဘူးပဲ... ဟွန်း... သဘောကောင်းတယ် ဟုတ်လား... သူက ငါတို့ရဲ့ အထူးသံမဏိက အရည်အသွေး ကောင်းတဲ့ အပြင် ဈေးကွက်ပေါက်ဈေးထက် ၁၀ ရာခိုင်နှုန်း သက်သာနေလို့ ဝယ်တာပါ... မဟုတ်ရင် သူ့သူငယ်ချင်းတွေကို ဘယ် မိတ်ဆက်ပေးပါ့မလဲ..."

ဆွန်ဖုန်းက နှုတ်ခမ်းမဲ့ကာ ပြောလိုက်လေသည်။

"ဒါလည်း ဟုတ်တာပါပဲ..."

လျန်ယင်းက ထောက်ခံလိုက်လေသည်။

"ကောင်းပြီ... နောက်ရက် အနည်းငယ် အတွင်း အထူးသံမဏိ ထုတ်လုပ်ရေး လိုင်း နောက်ထပ် နှစ်လိုင်းနဲ့ သာမန် သံမဏိ ထုတ်လုပ်ရေး လိုင်း သုံးလိုင်း ထပ်တိုးဖို့ ကိုယ် စီစဉ်မယ်..."

"မင်းက စက်ရုံသစ် ဆောက်ဖို့ နေရာ အသစ် တစ်ခု ရှာထားလိုက်... စက်ရုံကို တိုးချဲ့ရမယ်... ဒီနေရာက သေးလွန်းလို့ တိုးချဲ့ဖို့ အဆင်မပြေတော့ဘူး..."

ဆွန်ဖုန်းက ညွှန်ကြားလိုက်လေသည်။

"ဟုတ်ကဲ့... အခုပဲ သွားလုပ်လိုက်ပါ့မယ်..."

လျန်ယင်းက ချက်ချင်း ထွက်သွားလေတော့သည်။

"အင်း... အားလုံး ချောချောမွေ့မွေ့ ဖြစ်ပါစေလို့ပဲ ဆုတောင်းရတော့မယ်..."

ဆွန်ဖုန်းက နားထင်ကို ပွတ်ရင်း ညည်းတွားလိုက်လေသည်။

လက်ရှိတွင် သူ အစိုးရိမ်ဆုံး ကိစ္စမှာ သူ၏ လက်ထဲရှိ ရွှေတန်ချိန် သုံးဆယ် ကို မည်သို့ ရောင်းချရမည်နည်း ဆိုသည့် ပြဿနာပင် ဖြစ်သည်။

ဤကိစ္စမှာ အလွန် ခေါင်းခဲစရာ ကောင်းလှပေသည်။

အချိန်အတော်ကြာ ဆွဲထားခဲ့သော်လည်း ရုတ်တရက် ရောင်းချရန် မဝံ့မရဲ ဖြစ်နေဆဲ ဖြစ်သည်။

သူ ကိုယ်တိုင် ရွှေတွင်း တစ်တွင်းကို အရင်ဆုံး ရှာဖွေပြီး လူသိရှင်ကြား ကြေညာပြီးမှသာ ထိုရွှေများကို အလွယ်တကူ ရောင်းချနိုင်မည် ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိလေသည်။

All Chapters