← Chapters

အခန်း ၉၇

Vol. 10 Ch. 97

အခန်း ၉၇

Vol. 10 Ch. 97

အခန်း (၉၇) ရှာဖွေနိုင်စွမ်း အဆင့်မြှင့်တင်ခြင်း

မကြာမီမှာပင် ဆွန်ဖုန်းသည် နက်ရှိုင်းသော တွင်းတစ်တွင်းကို တူးဖော်ပြီးစီးသွားလေသည်။

ထိုတွင်းသည် မြေအောက် ၁၅၀ မီတာ အနက်ရှိ အာကာသ ဥက္ကာပျံဆီသို့ တိုက်ရိုက် ရောက်ရှိသွားလေသည်။

"အား..."

ဆွန်ဖုန်းက အော်ဟစ်လိုက်ပြီး ရေငုပ်စစ်ဝတ်စုံကို ထိန်းချုပ်ကာ သံမဏိ လက်မောင်းကြီးများဖြင့် ကျောက်ကြိတ်ဆုံ အရွယ်အစားခန့် ရှိသော အာကာသ ဥက္ကာပျံကို ဆွဲတင်လိုက်လေသည်။

ပင်လယ်ကြမ်းပြင်ပေါ်တွင် ဆွန်ဖုန်းသည် ဥက္ကာပျံ အနီးတွင် ဆောင့်ကြောင့်ထိုင်ကာ ထိုအာကာသ ဥက္ကာပျံ ဆိုသည်ကို ကြည့်နေမိသည်။

ပုံမှန်အားဖြင့် သာမန် ကျောက်တုံးတစ်တုံးနှင့် ဆင်တူသော်လည်း အနည်းငယ် ထူးဆန်းနေလေသည်။

ထိုဥက္ကာပျံမှာ ဘဲဥပုံစံ ရှိပြီး မျက်နှာပြင်ပေါ်တွင် အချိုင့်အဝှမ်းငယ်လေးများ အများအပြား ရှိနေသည်။

အံ့ဩစရာ အကောင်းဆုံးမှာ ဥက္ကာပျံ တစ်ခုလုံး၏ အရောင်မှာ အမည်းရောင် ဖြစ်နေခြင်းပင် ဖြစ်သည်။

ဟုတ်ပေသည်။ အမည်းရောင် ကျောက်တုံးတစ်တုံး ဖြစ်သည်။

ဆွန်ဖုန်းသည် အမည်းရောင် ကျောက်တုံးကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။

ဥက္ကာပျံ ဆိုသည်မှာ ဤကဲ့သို့ အရောင်မျိုး ရှိသလား ဟု တွေးနေမိသည်။

"အဆင့်မြင့် စစ်ဆေးမှု စတင်နေပါတယ်... နျူကလီးယား အလင်းတန်းဖြင့် စကင်ဖတ်နေပါတယ်... စကင်ဖတ်နေဆဲ... စကင်ဖတ်မှု ပြီးဆုံးပါပြီ..."

"သတင်းပို့ပါတယ် ပိုင်ရှင်... အခုတွေ့ရတဲ့ ကြယ်ပြောင်းလဲမှု အူတိုင် က တည်ငြိမ်တဲ့ အနေအထားမှာ ရှိနေပြီး ရေအောက် တူးဖော်ရေး စနစ်ကြီး အတွက် အသုံးပြုနိုင်ပါတယ်..."

အသံလက်ထောက်၏ အသံထဲတွင် ပထမဆုံး အကြိမ် အဖြစ် စိတ်လှုပ်ရှားမှုများ ပါဝင်နေလေသည်။

"သုံးလို့ ရတယ် ဟုတ်လား... ဘုရားရေ... ဒါဆိုရင်တော့ ငါတို့ ကံကောင်းပြီပေါ့..."

ဆွန်ဖုန်းသည် ဝမ်းသာလွန်း၍ ကခုန်ချင်စိတ်ပင် ပေါက်သွားလေသည်။

ယခင်က အသံလက်ထောက် ပြောပြချက်အရ ရေအောက် တူးဖော်ရေး စနစ်ကြီး အတွက် အဆင့်မြင့် စွမ်းအင်များ ရရှိပါက ရေငုပ်စစ်ဝတ်စုံ၏ ရှာဖွေနိုင်စွမ်းကို တိုးချဲ့နိုင်မည်ဟု သိထားလေသည်။

ရှာဖွေနိုင်စွမ်း ကျယ်ပြန့်လာသည်နှင့်အမျှ ဆွန်ဖုန်း အနေဖြင့် သတ္တုကြောများ ရှာဖွေရာတွင် များစွာ ပိုမို လွယ်ကူလာမည် ဖြစ်ပြီး ပိုမို ကျယ်ပြန့်သော နေရာများကို ရှာဖွေနိုင်မည် ဖြစ်လေသည်။

"ဒါဆိုရင် မြန်မြန် လုပ်လေ... ဒီစွမ်းအင်တုံးကို အမြန် စုပ်ယူပြီး ရှာဖွေနိုင်စွမ်း အဆင့်မြှင့်လို့ ရမရ စမ်းကြည့်ရအောင်..."

ဆွန်ဖုန်းက လောဆော်လိုက်သည်။

"ပိုင်ရှင်က အရင်ဆုံး ကြယ်ပြောင်းလဲမှု အူတိုင် ရဲ့ အခွံကို ခွာချပေးပါ... ပြီးရင် ကျွန်တော်က ရေငုပ်စစ်ဝတ်စုံကို စွမ်းအင် စုပ်ယူဖို့ အမိန့်ပေးလိုက်ပါ့မယ်..."

အသံလက်ထောက်က ပြောလိုက်သည်။

"အခွံ... ဘာအခွံလဲ..."

ဆွန်ဖုန်းက နားမလည်စွာဖြင့် မေးလိုက်သည်။

"အခု မြင်နေရတဲ့ ကြယ်ပြောင်းလဲမှု အူတိုင် က အချိန် အတော်ကြာ နစ်မြုပ်နေခဲ့တာမို့လို့ မျက်နှာပြင်မှာ အနယ်အနှစ်တွေ ကပ်နေတာပါ... အရင်ဆုံး အဲဒီ အနယ်အနှစ်တွေကို ခွာချပေးလိုက်ပါ..."

"အော်... ဒီလိုလား... ပြဿနာ မရှိပါဘူး..."

ဆွန်ဖုန်းသည် ထိုအခါမှ သဘောပေါက်သွားလေသည်။

ဆွန်ဖုန်းက ရေငုပ်စစ်ဝတ်စုံ၏ လက်မောင်းများကို ထိန်းချုပ်ကာ ကြယ်ပြောင်းလဲမှု အူတိုင် ပေါ်ရှိ အနယ်အနှစ်များကို စတင် ခွာချလေတော့သည်။

ဖြည်းညင်းစွာ ခွာချလိုက်ရာ အနယ်အနှစ်များ တစ်လွှာပြီး တစ်လွှာ ကွာကျလာလေသည်။

အနယ်အနှစ်များ အားလုံး ကွာကျသွားသော အခါ မြင်လိုက်ရသော ဥက္ကာပျံ၏ ပုံစံကြောင့် ဆွန်ဖုန်းမှာ အလွန် အံ့ဩသွားလေသည်။

ထို ဥက္ကာပျံ ကြယ်ပြောင်းလဲမှု အူတိုင် မှာ အမည်းရောင် မဟုတ်တော့ချေ။

အနယ်အနှစ်များ ကွာကျသွားပြီးနောက် မြင်တွေ့ရသော ဥက္ကာပျံ၏ အရောင်မှာ တောက်ပသော အပြာရောင် ဖြစ်နေပြီး အမှောင်ထုထဲတွင် အပြာရောင် အလင်းတန်းလေးများ ဖျော့တော့စွာ ထွက်ပေါ်နေလေသည်။

စွမ်းအင်တုံး ဆိုသည်မှာ ဤကဲ့သို့ ပုံစံမျိုး ရှိသလား ဟု ဆွန်ဖုန်း အံ့ဩနေမိသည်။

"ဒါက ကြယ်ပြောင်းလဲမှု အူတိုင် ရဲ့ မူလ ပုံစံပဲလား..."

ဆွန်ဖုန်းက အသံလက်ထောက်အား မေးလိုက်သည်။

"ဟုတ်ပါတယ်... ဒီအရောင်မျိုး ရှိရမှာပါ..."

"စွမ်းအင် စုပ်ယူရေး စက်ကိရိယာကို ဖွင့်လှစ်နေပါတယ်... စွမ်းအင် စုပ်ယူရေး လုပ်ငန်းစဉ် စတင်နေပါပြီ..."

ထို့နောက် အသံလက်ထောက်သည် ထို ကြယ်ပြောင်းလဲမှု အူတိုင် မှ စွမ်းအင်များကို အလိုအလျောက် စတင် စုပ်ယူလေတော့သည်။

ရေငုပ်စစ်ဝတ်စုံသည် အပြာရောင် အလင်းတန်းများ ဖြာထွက်နေသော ကြယ်ပြောင်းလဲမှု အူတိုင် အနီးသို့ သွားကာ လက်တစ်ဖက်ကို ဆန့်တန်း၍ ဥက္ကာပျံ အပေါ်တွင် တင်လိုက်လေသည်။

ထို့နောက် ရေငုပ်စစ်ဝတ်စုံ၏ သံမဏိ လက်မောင်းပေါ်တွင် အပေါက်ငယ်တစ်ခု ပွင့်လာပြီး ထိုအထဲမှ အနီရောင် ရေဘဝဲလက်တံ ကဲ့သို့ အရာများ ထွက်ပေါ်လာကာ ကြယ်ပြောင်းလဲမှု အူတိုင် အပေါ်တွင် ကပ်တွယ်သွားလေသည်။

ထို အနီရောင် လက်တံလေးများသည် အနီရောင် အလင်းတန်းများ ထုတ်လွှတ်ကာ ရေထဲတွင် လှုပ်ရှားနေကြလေသည်။

"ချိတ်ဆက်မှု စက်ကိရိယာများ ပြင်ဆင်ပြီးပါပြီ... စွမ်းအင် စုပ်ယူလို့ ရပါပြီ..."

အသံလက်ထောက်က အစီရင်ခံလေသည်။

"စုပ်ယူတော့..."

"ဟုတ်ကဲ့ပါ ပိုင်ရှင်..."

အနီရောင် လက်တံလေးများသည် ကြယ်ပြောင်းလဲမှု အူတိုင် မှ စွမ်းအင်များကို စတင် စုပ်ယူလေရာ ချက်ချင်းပင် ထိုလက်တံလေးများမှာ အပြာရောင်နှင့် အနီရောင် ရောစပ်နေသော အရောင် အဖြစ်သို့ ပြောင်းလဲသွားလေသည်။

"ဒီ ကြယ်ပြောင်းလဲမှု အူတိုင် က ဘယ်လို အဆင့်ရှိတဲ့ စွမ်းအင်မျိုးလဲ... ငါတို့ ကမ္ဘာမြေက နျူကလီးယား စွမ်းအင်ထက် ပိုပြီး အစွမ်းထက်လား..."

ဆွန်ဖုန်းက အသံလက်ထောက်အား မေးလိုက်သည်။

"ကြယ်ပြောင်းလဲမှု အူတိုင် ဥက္ကာပျံ စွမ်းအင်တုံးက အဆင့်နိမ့် စွမ်းအင် တစ်မျိုးပါ... ကျွန်တော်တို့ X ကြယ်စုတန်းက လူတွေဆိုရင် ဒီလို အဆင့်နိမ့် စွမ်းအင်မျိုးကို သုံးမှာ မဟုတ်ပါဘူး... ဒါပေမယ့် ဒီကို ရောက်နေတော့လည်း မတတ်နိုင်ဘူးလေ... ဖြစ်သလိုပဲ သုံးရတော့မှာပေါ့... အဲဒါက ပိုင်ရှင်တို့ လူသားတွေရဲ့ နျူကလီးယား စွမ်းအင်နဲ့ အဆင့်တူတဲ့ အဆင့်နိမ့် စွမ်းအင် တစ်မျိုးပါပဲ..."

အသံလက်ထောက်က အထင်သေးသည့် လေသံဖြင့် ပြန်ဖြေလေသည်။

"လခွီး... နျူကလီးယား စွမ်းအင် ဆိုတာ အရမ်း အစွမ်းထက်နေပြီကွ..."

အသံလက်ထောက်၏ စကားကြောင့် ဆွန်ဖုန်းမှာ ဒေါသထွက်ကာ သွားကြိတ်လိုက်မိသည်။

သို့သော် ကမ္ဘာမြေပေါ်တွင် အစွမ်းထက်ဆုံးဟု သတ်မှတ်ထားသော နျူကလီးယား စွမ်းအင်မှာ X ကြယ်စုတန်းသားများ အမြင်တွင် အဆင့်နိမ့် စွမ်းအင်သာ ဖြစ်နေသည်ကို သူ လက်ခံရမည် ဖြစ်သည်။

သူတို့သည် ကြယ်စုတန်းကြီး တစ်ခုလုံးကိုပင် လွှမ်းမိုးထားနိုင်ပြီ ဖြစ်ရာ လက်ရှိ လူသားများနှင့် မည်သို့ ယှဉ်နိုင်မည်နည်း။

၁၀ မိနစ်ခန့် အကြာတွင် ရေငုပ်စစ်ဝတ်စုံသည် ကျောက်ကြိတ်ဆုံ အရွယ်အစားခန့် ရှိသော ကြယ်ပြောင်းလဲမှု အူတိုင် ထဲမှ စွမ်းအင်များ အားလုံးကို စုပ်ယူ ပြီးစီးသွားလေသည်။

ယခင်က တောက်ပသော အပြာရောင် အလင်းတန်းများ ထွက်ပေါ်နေသော ကြယ်ပြောင်းလဲမှု အူတိုင် မှာ ချက်ချင်းပင် အရောင်အသွေး ကင်းမဲ့ကာ အမည်းရောင် အမှိုက်ပုံကြီး တစ်ခု အဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။

"စွမ်းအင် စုပ်ယူမှု ပြီးဆုံးပါပြီ... ဉာဏ်ရည်တု စနစ်ကနေ အခု စုပ်ယူလိုက်တဲ့ စွမ်းအင် ပမာဏကို တွက်ချက်နေပါတယ်..."

"တွက်ချက်မှု ပြီးဆုံးပါပြီ... ဒီတစ်ခေါက် စုပ်ယူလိုက်တဲ့ အဆင့်နိမ့် စွမ်းအင် ပမာဏက ကြယ်စွမ်းအင် ယူနစ် သန်း ၁၀၀ ရှိပါတယ်... ရေငုပ်စစ်ဝတ်စုံကို တစ်နှစ်တိတိ အသုံးပြုနိုင်အောင် ထောက်ပံ့ပေးနိုင်ပါတယ်... ဉာဏ်ရည်တု ရှာဖွေရေး စနစ်ကလည်း အဆင့်နိမ့် စွမ်းအင် ဖြည့်တင်းမှု ရရှိသွားတဲ့ အတွက် အဆင့်မြှင့်တင်နိုင်ပါပြီ... အရင်က ကီလိုမီတာ ၅၀ ပတ်လည်လောက်ပဲ ရှာဖွေနိုင်ရာကနေ အခု ကီလိုမီတာ ၃၅၀ ပတ်လည် အထိ ရှာဖွေနိုင်အောင် အဆင့်မြှင့်တင်လိုက်ပါပြီ..."

အသံလက်ထောက်က သတိပေးချက် ထုတ်ပြန်လေသည်။

"နောင်ဆိုရင် ကီလိုမီတာ ၃၅၀ ပတ်လည်လောက် အထိ ရှာဖွေနိုင်တော့မယ်ပေါ့... ဝါးဟားဟား... ဒီတစ်ခါတော့ တကယ်ကို အကူအညီ ကြီးကြီးမားမား ရသွားပြီပဲ... ပင်လယ်ထဲ ထွက်လာရကျိုး နပ်သွားပြီ..."

ဆွန်ဖုန်းက အော်ဟစ် ရယ်မောလိုက်လေသည်။

ကီလိုမီတာ ၅၀ မှ ကီလိုမီတာ ၃၅၀ သို့ ချက်ချင်း ပြောင်းလဲသွားခြင်းမှာ အဆပေါင်းများစွာ ကျယ်ပြန့်သွားခြင်းပင် ဖြစ်သည်။

ဤမျှ ကျယ်ပြန့်သော နေရာကို ရှာဖွေနိုင်ပြီ ဖြစ်ရာ နောင်တွင် ဆွန်ဖုန်း အနေဖြင့် ပင်လယ်ထဲ၌ သတ္တုကြောများ ရှာဖွေရာတွင် အချိန်ကုန် သက်သာပြီး အလုပ်တွင်ကျယ်လာမည်မှာ သေချာလှပေသည်။

"ဒါပေမယ့် နှမြောစရာ ကောင်းတာက ဒီစွမ်းအင်တုံးက ရေငုပ်စစ်ဝတ်စုံကို တစ်နှစ်လောက်ပဲ အသုံးပြုလို့ ရတာပဲ... တစ်နှစ်ပြည့်သွားရင် ရေငုပ်စစ်ဝတ်စုံရဲ့ ရှာဖွေနိုင်စွမ်းက ကီလိုမီတာ ၅၀ ပတ်လည်ကို ပြန်ပြောင်းသွားမှာပေါ့..."

ဆွန်ဖုန်းက အနည်းငယ် မကျေမနပ်ဖြင့် ပြောလိုက်သည်။

"ပိုင်ရှင်ကလည်း လောဘကြီးလိုက်တာ... ထာဝရ သုံးလို့ရမယ်လို့ ထင်နေတာလား... စွမ်းအင် ဆိုတာ သုံးလိုက်ရင်တော့ ကုန်သွားမှာပါပဲ..."

အသံလက်ထောက်က ပြောလိုက်သည်။

"ဒါလည်း ဟုတ်တာပါပဲ... အခွင့်အရေး ရတုန်းလေးမှာတော့ တစ်နှစ် ဆိုလည်း တစ်နှစ်ပေါ့... ဒီတစ်နှစ်အတွင်းမှာ ပင်လယ်ထဲ များများဆင်းပြီး သတ္တုကြောတွေ ရှာရမယ်..." ဆွန်ဖုန်းက ရယ်မော၍ ပြောလိုက်သည်။

"ဒါဆိုရင် ငါတို့ အဆင့်မြှင့်ထားတဲ့ ရှာဖွေရေး စနစ် အသစ်ကို စမ်းကြည့်ကြရအောင်..." ဆွန်ဖုန်းက ကိုယ့်ဘာသာ ပြောလိုက်လေသည်။

"ရှေ့ဆက်သွားမယ်... ရှာဖွေရေး စနစ်ကို ဖွင့်လိုက်... ကီလိုမီတာ ၃၅၀ ပတ်လည် အထိ တိုးချဲ့လိုက်..."

"ဟုတ်ကဲ့ပါ..."

ရှာဖွေရေး စနစ်ကို ပြန်လည် ဖွင့်လှစ်လိုက်သည်နှင့် ရေငုပ်စစ်ဝတ်စုံ အတွင်းရှိ ဖန်သားပြင်ပေါ်မှ အချက်အလက်များ အားလုံး ပြောင်းလဲသွားလေသည်။

မူလ ကီလိုမီတာ ၅၀ သာ ပြသထားသော အချက်အလက်များမှာ ကီလိုမီတာ ၃၅၀ အထိ ချက်ချင်း ကျယ်ပြန့်သွားပြီး အချက်အလက်များမှာလည်း ပိုမို အသေးစိတ် ကျလာလေသည်။

ဆိုလိုသည်မှာ ကီလိုမီတာ ၃၅၀ ပတ်လည် အတွင်း၊ မြေအောက် မီတာ ၁၀၀၀၀ အနက်ခန့် အထိ ရှိသမျှသော သတ္တုကြောများနှင့် တန်ဖိုးရှိသော အရာများ အားလုံးမှာ ဆွန်ဖုန်း၏ ရေငုပ်စစ်ဝတ်စုံ ရှာဖွေမှုမှ လွတ်မြောက်နိုင်မည် မဟုတ်တော့ချေ။

ထို့အပြင် အရေးမပါသော သယံဇာတများကိုလည်း အလိုအလျောက် ဖယ်ရှားပေးဦးမည် ဖြစ်လေသည်။

"ဟားဟား... တကယ်ကို မဆိုးဘူးပဲ..."

ဆွန်ဖုန်းက စမ်းသပ်ကြည့်ပြီးနောက် အလွန် ကျေနပ်သွားလေသည်။

"ရှေ့ဆက်သွားမယ်... ရေနံမြေ တွေကို ဆက်ရှာကြတာပေါ့..."

ဆွန်ဖုန်းက အော်ဟစ်လိုက်ပြီး ရေငုပ်စစ်ဝတ်စုံကို အရှိန်ကုန် မောင်းနှင်သွားလေတော့သည်။

All Chapters