အခန်း ၁၀၀
Vol. 10 Ch. 100
အခန်း (၁၀၀) ညစာ
ကားကို သေချာရပ်ပြီးနောက် ဆွန်ဖုန်းသည် လျန်ယင်းကို ခေါ်ကာ ဖူကျိ ဟု အမည်ရသော ညစာ ဆိုင်လေးသို့ ခေါ်လာခဲ့သည်။ ဤဆိုင်လေးမှာ ဆွန်ဖုန်း တက္ကသိုလ်တက်စဉ်က မကြာခဏ လာစားလေ့ရှိသည့် ဆိုင်ဖြစ်ပြီး အရသာမှာ အလွန်ပင် ကောင်းမွန်လှသည်။
ဆိုင်တွင် အခန်းတွင်းနှင့် အပြင်ဘက် လဟာပြင်ဟူ၍ နေရာနှစ်မျိုး ရှိရာ ဆွန်ဖုန်းက အပြင်ဘက် လဟာပြင်နေရာကိုသာ ရွေးချယ်လိုက်သည်။ ဤကဲ့သို့ ညစာ စားသည့်အခါ လဟာပြင်တွင် စားမှသာ ပို၍ အရသာရှိသည် မဟုတ်ပါလား။
"လူပျိုချောနဲ့ အလှလေးတို့... ဘာများ စားကြမလဲရှင်..." ဆွန်ဖုန်းနှင့် လျန်ယင်းတို့ ထိုင်လိုက်သည်နှင့် ဆိုင်ရှင်အမျိုးသမီးက လာရောက် မေးမြန်းလေသည်။
"အန်တီကျောက်... ကျွန်တော် လူလေးဖုန်း လေ... နေကောင်းရဲ့လား..." ဆွန်ဖုန်းက ဆိုင်ရှင်အမျိုးသမီးကို ကြည့်ကာ လွမ်းဆွတ်တမ်းတသော လေသံဖြင့် မေးလိုက်သည်။
"လူလေး... ဆွန်ဖုန်းလား..." ဆိုင်ရှင်အမျိုးသမီးက ဆွန်ဖုန်းကို ကြည့်ကာ အံ့ဩတကြီး မေးလိုက်သည်။
"ဟုတ်ပါတယ် အန်တီ... ဟားဟား... အန်တီ့ဆိုင်မှာ လာမစားဖြစ်တာ တော်တော်ကြာသွားပြီနော်..." ဆွန်ဖုန်းက ရယ်မောကာ ပြောလိုက်သည်။
"အို... တူလေး ပါလားကွ... လာမစားဖြစ်တာ ကြာပြီဆိုတာထက် နှစ်တွေတောင် အတော်ကြာသွားပြီလေ... တူလေး ဟိုင်ယန်မြို့မှာ မရှိတော့ဘူးလို့တောင် အန်တီ ထင်နေတာ..."
"အရင်က တူလေး နဲ့အတူ လာတတ်တဲ့ ဝက်ကြီး၊ ငပိန်ရိုး နဲ့ ဝမ်တို့ တစ်သိုက်လည်း ပျောက်နေကြတာပဲ..." ဆိုင်ရှင်အမျိုးသမီးမှာ ဆွန်ဖုန်းကို မြင်သဖြင့် အလွန် ဝမ်းသာသွားလေသည်။
အရင်က ဆွန်ဖုန်းတို့ သူငယ်ချင်းတစ်သိုက်မှာ ဤဆိုင်သို့ မကြာခဏ လာစားလေ့ရှိသဖြင့် အလွန်ပင် ရင်းနှီးကြသည်။ သူတို့ လာစားတိုင်းလည်း အန်တီကျောက်က ဈေးလျှော့ပေးလေ့ရှိပြီး အလွန်ပင် ဖော်ရွေသူ ဖြစ်သည်။
ဆွန်ဖုန်းကို မတွေ့ရသည်မှာ ကြာပြီ ဖြစ်သော်လည်း သူက လူငယ်ဖြစ်ပြီး အပြောင်းအလဲ သိပ်မရှိသဖြင့် အန်တီကျောက်မှာ ချက်ချင်းပင် မှတ်မိလေသည်။
"အင်း... အားလုံး ကိုယ့်လမ်းကိုယ် လျှောက်ကုန်ကြပြီလေ... မနှစ်ကတောင် ဝက်ကြီး မင်္ဂလာဆောင်တယ်လို့ ကြားလိုက်သေးတယ်... ဒါပေမယ့် သူက မြောက်ဘက် အဝေးကြီးမှာဆိုတော့ ကျွန်တော် မသွားဖြစ်လိုက်ဘူး..."
ဆွန်ဖုန်းက သက်ပြင်းချကာ ပြောလိုက်သည်။ ထိုစဉ်က သူသည် အလုပ်လက်မဲ့ ဖြစ်နေပြီး ခရီးစရိတ်ပင် မတတ်နိုင်သဖြင့် မည်သို့ သွားနိုင်ပါမည်နည်း။
"ဟေး... ဆွန်ဖုန်းလား..." ဟိုဘက်မှ ဆိုင်ရှင်ဦးလေးကြီးကလည်း လူစုလူဝေး ဖြစ်နေသည်ကို မြင်သဖြင့် ပြုံးရွှင်စွာ လျှောက်လာပြီး ဆွန်ဖုန်း၏ ပခုံးကို ပုတ်ကာ နှုတ်ဆက်လေသည်။
"ဦးလေးချင်... စီးကရက် သောက်ပါဦး..." ဆွန်ဖုန်းက ရင်းနှီးသူများကို မြင်ရသဖြင့် အလွန် ဝမ်းသာသွားပြီး ဦးလေးချင်အား စီးကရက် ကမ်းပေးလိုက်သည်။
"ဟေး... တူလေး ကတော့ကွာ... မတွေ့ရတဲ့ နှစ်တွေအတွင်းမှာ တရုတ်ဖြူတွေတောင် သောက်နေပြီပဲ... တူလေး တော့ အောင်မြင်နေပြီထင်တယ်..." ဦးလေးချင်က စီးကရက်ကို ယူကာ မီးညှိရင်း ရယ်မော၍ ပြောလိုက်သည်။
"ဒါပေါ့ ဦးလေးရဲ့... ဆွန်ဖုန်းက ရုပ်ချောပြီး အစွမ်းအစ ရှိတာပဲ... ကြည့်ဦးလေ... ဒါ ဆွန်ဖုန်းရဲ့ ချစ်သူ ဖြစ်မှာပေါ့... တကယ့်ကို လှတာပဲ..." အန်တီကျောက်က လျန်ယင်းကို ကြည့်ကာ မျက်လုံးများ အရောင်လက်လျက် ချီးကျူးလိုက်လေသည်။
လျန်ယင်းမှာ ထိုစကားကြောင့် မျက်နှာလေး နီရဲသွားလေသည်။ သူမက ဆွန်ဖုန်း၏ ချစ်သူမှ မဟုတ်ဘဲ။ သို့သော် ရှက်ရွံ့နေသော်လည်း စိတ်ထဲတွင်တော့ တစ်မျိုးလေး ကြည်နူးသွားမိသည်။
သူမက ဆွန်ဖုန်း၏ ချစ်သူ ဖြစ်ချင်မိသည်မှာ အမှန်ပင် ဖြစ်သော်လည်း ဆွန်ဖုန်းတွင် ချစ်သူရှိနေပြီး ကလေးပင် ရတော့မည် မဟုတ်ပါလား။ ဤသို့ တွေးလိုက်မိသောအခါ သူမ၏ စိတ်ထဲတွင် ပြန်၍ ဝမ်းနည်းသွားမိပြန်သည်။
ဆွန်ဖုန်းသည် ဆိုင်ရှင် လင်မယားနှင့် ခဏတာ စကားပြောပြီးနောက် အစားအသောက်များ စတင်မှာယူလိုက်သည်။ ဖူကျိ ဆိုင်မှာ ညဘက်တွင် အလွန် လူစည်ကားသဖြင့် သူတို့၏ အချိန်ကို အများကြီး မယူလိုတော့ချေ။
"ဆွန်ဖုန်း... ဒီည ဘာစားမလဲ... အန်တီ ကျွေးမယ်နော်..." အန်တီကျောက်က ရက်ရက်ရောရော ပြောလိုက်သည်။
"မဖြစ်ပါဘူး အန်တီရဲ့... ကျွန်တော် လာမစားတာ ကြာပြီကို အလကားတော့ မစားပါရစေနဲ့..."
ဆွန်ဖုန်းက အားနာစွာဖြင့် ခေါင်းကို ကုတ်ကာ ပြောလိုက်သည်။ တကယ်တော့ သူ မလာဖြစ်ခြင်းမှာ အလုပ်များနေသလို ငွေကြေးလည်း သိပ်မချမ်းသာခဲ့သောကြောင့် ဖြစ်သည်။
အပြင်လောကသို့ ရောက်သောအခါ အရာရာမှာ ငွေကုန်ကြေးကျ ရှိလှသည် မဟုတ်ပါလား။
"အရင်အတိုင်းပဲ မှာမယ်နော် အန်တီ... လယ်ဖား ဆန်ပြုတ် တစ်အိုး၊ ကြက်သွန်မြိတ်ကင် တစ်ပွဲ၊ ဝက်အကြောကင် တစ်ပွဲ၊ ငါးကင် တစ်ကောင်နဲ့ သိုးသားကင် တစ်ပွဲ ပေးပါ..." ဆွန်ဖုန်းက မှာလိုက်သည်။
"ကောင်းပြီ... ခဏစောင့်နော်... ချက်ချင်း ရစေရမယ်..."
"ကျေးဇူးပါ အန်တီ..."
သူတို့ ထွက်သွားပြီးနောက် လျန်ယင်းက ဆွန်ဖုန်းကို ပြုံး၍ ကြည့်ကာ ပြောလိုက်သည်။ "ရှင်က ဒီဆိုင်ရဲ့ ဖောက်သည်ဟောင်းကြီး ဖြစ်နေတာကိုး..."
"ဟီးဟီး... အရင်က ခဏခဏ လာစားလို့ အရမ်း ရင်းနှီးနေတာလေ... ဒါပေမယ့် မလာဖြစ်တာလည်း နှစ်အတော်ကြာပြီ..."
"ဟုတ်ပါရဲ့... ကျွန်မလည်း အရင်က သူငယ်ချင်းတွေနဲ့ တက္ကသိုလ်ရှေ့မှာ ညစာ ခဏခဏ စားခဲ့တာ... ဒါပေမယ့် ကျောင်းပြီးကတည်းက ကျောင်းဘက်ကို တစ်ခါမှ ပြန်မရောက်ဖြစ်တော့ဘူး..."
လျန်ယင်းက သက်ပြင်းချကာ ပြောလိုက်သည်။ ကျောင်းပြီးသွားသောအခါ တက္ကသိုလ်မှ သူငယ်ချင်းများမှာ တဖြည်းဖြည်းနှင့် ဝေးကွာကုန်ကြပြီး သံယောဇဉ်များလည်း လျော့ပါးကုန်ကြလေသည်။
မကြာမီမှာပင် အစားအသောက်များ ရောက်လာပြီး ဆွန်ဖုန်းက ဘီယာတစ်ဖာ မှာလိုက်သည်။ ညစာ စားသည့်အခါ ဘီယာမပါလျှင် ဘယ်ပြည့်စုံပါမည်နည်း။
"ကဲ... တစ်ခွက်လောက် သောက်ရအောင်..." ဆွန်ဖုန်းက ဖန်ခွက်ကို မြှောက်ကာ လျန်ယင်းကို တိုက်လိုက်သည်။
"သောက်တာပေါ့... ကျွန်မတို့ ဒီလို နေရာမျိုးမှာ အတူတူ လာမစားဖူးသေးဘူးနော်... ကဲ... သောက်မယ်..." လျန်ယင်းက ပြုံး၍ ပြန်ပြောလိုက်သည်။
"ဒါနဲ့... မင်းနဲ့ မင်ယီ ဘယ်တော့လောက် မင်္ဂလာဆောင်မှာလဲ..." လျန်ယင်းက ငါးကင်တစ်ဖဲ့ကို ယူစားရင်း မေးလိုက်သည်။
"အဲဒါကတော့... ကလေးမွေးပြီးမှပဲ အတူတူ ကျင်းပတော့မယ်..." ဆွန်ဖုန်းက ဖြေလိုက်သည်။
"ဒါနဲ့... မင်းကရော ဘယ်တော့လောက် ချစ်သူ ရှာမှာလဲ..." ဆွန်ဖုန်းက လျန်ယင်းကို ကြည့်ကာ နောက်ပြောင်၍ မေးလိုက်သည်။
"ကျွန်မက အခုမှ ၂၃ နှစ်ပဲ ရှိသေးတာလေ... ဘာလောစရာ ရှိလို့လဲ... ပြီးတော့ အခုခေတ်မှာ လူကောင်းဆိုတာ ရှားသွားပြီ... ကိုယ်နဲ့ ကိုက်ညီမယ့် လူရှာဖို့က မလွယ်ဘူးလေ..." လျန်ယင်းက သက်ပြင်းချကာ ပြောလိုက်သည်။
တကယ်တော့ လျန်ယင်းသည် သူမကို ချစ်မြတ်နိုးမည့် အမျိုးသားတစ်ဦးကို အမြဲတမ်း လိုလားနေခဲ့ကြောင်း ဆွန်ဖုန်း သိသည်။
သူမ၏ မိသားစု အခြေအနေမှာ အမြဲတမ်း မကောင်းမွန်ခဲ့သဖြင့် အထက်တန်းကျောင်းမှ တက္ကသိုလ်အထိ တစ်ခါမှ ချစ်သူမထားခဲ့ဖူးချေ။
တက္ကသိုလ်တွင် သူမသည် ကျောင်းသူလှ ဖြစ်ခဲ့သော်လည်း အချိန်ပိုင်း အလုပ်များ လုပ်နေရသဖြင့် အားလပ်ချိန် မရှိခဲ့ချေ။
အလုပ်ခွင်ထဲ ရောက်သောအခါတွင်လည်း စိတ်မပါခဲ့သဖြင့် ယခုအချိန်အထိ တစ်ကိုယ်တည်း ဖြစ်နေရခြင်း ဖြစ်သည်။
"ဘာ လူကောင်း ရှားတာလဲ... ကိုယ်က လူကောင်း မဟုတ်ဘူးလား..." ဆွန်ဖုန်းက မိမိ၏ နှာခေါင်းကို ညွှန်ပြကာ ရယ်မော၍ မေးလိုက်သည်။
"ရှင်လား... သွားပါ... မိန်းမတွေ အများကြီး ထားတဲ့သူက လူကောင်း ဟုတ်ပါဦးမလား..."
လျန်ယင်းက နှုတ်ခမ်းမဲ့ကာ ပြောလိုက်လေသည်။
တကယ်တော့ လျန်ယင်းသည် ဆွန်ဖုန်းကို အရင်ကတည်းက သဘောကျခဲ့သော်လည်း ဟယ်မင်ယီ ပေါ်လာပြီး ကိုယ်ဝန်ရသွားသောအခါ သူမသည် ဆွန်ဖုန်းနှင့် အကွာအဝေး တစ်ခုကို သတိထားကာ ထိန်းသိမ်းခဲ့လေသည်။
သူမသည် ဆွန်ဖုန်းနှင့် နီးကပ်လွန်းရန် မဝံ့မရဲ ဖြစ်နေပြီး ဤသို့ ဖြစ်ခြင်းမှာလည်း အကျိုးမရှိနိုင်ကြောင်း သူမ သိထားလေသည်။
"အဲဒီလို မဟုတ်ပါဘူး... ထူးချွန်တဲ့ အမျိုးသားတွေမှာ အမြဲတမ်း မိန်းမလှလေး သူငယ်ချင်းတွေ ရှိတတ်တာပဲလေ..." ဆွန်ဖုန်းက နောက်ထပ် တစ်ခွက်ကို ထပ်သောက်လိုက်သည်။
အမှန်တကယ်တော့ ဆွန်ဖုန်းမှာ အလွန်အမင်း ဖောက်ပြန်သူ မဟုတ်ပါ။ လက်ရှိတွင် သူနှင့် ပတ်သက်မှု ရှိသူမှာ ဟယ်မင်ယီနှင့် ယန်ရွှယ်တို့သာ ရှိသည်။ ဆွန်ဖုန်း အနေဖြင့် အနာဂတ်တွင် မိန်းမများစွာ ထားရန် မရည်ရွယ်ထားပါ။
အမြဲတမ်း နားလည်ပေးနိုင်မည့် ရင်းနှီးသူ အနည်းငယ် ရှိလျှင်ပင် လုံလောက်လှပါပြီ။ မိန်းမများလွန်းလျှင် သူတို့ကြားမှ တိုက်ပွဲများကို သူ ဖြေရှင်းရသည်မှာ အလွန်ပင် ခေါင်းခဲစရာ ဖြစ်မည် မဟုတ်ပါလား။
"ဟွန်း... ဖောက်ပြန်တာကိုပဲ ထူးချွန်တဲ့ အမျိုးသားလို့ ပြောနေသေးတယ်... ကိုယ့်ကိုယ်ကိုယ် သိပ်ပြီး အမွှမ်းတင်မနေနဲ့..."
လျန်ယင်းက ဆွန်ဖုန်းကို မျက်စောင်းထိုးကာ ပြောလိုက်သည်။
"ဒါဆို ကိုယ် မင်းကိုပဲ အပိုင်သိမ်းလိုက်ရမလား... စကားပုံတောင် ရှိတယ်လေ... ကောင်းတာမှန်သမျှ အပြင်လူကို မပေးရဘူးတဲ့..."
ဆွန်ဖုန်းက လျန်ယင်း၏ ဘေးသို့ တိုးထိုင်လိုက်ပြီး သူမ၏ ခါးလေးကို ဖက်ကာ ပြောလိုက်လေသည်။
"ဟေး... ဘာလုပ်တာလဲ... လူတွေ အများကြီး ရှေ့မှာ လာမဖက်နဲ့လေ... ပြီးတော့ ရှင်က ချစ်သူ ရှိပြီးသား လူကြီးကို..."
လျန်ယင်းမှာ ဆွန်ဖုန်း၏ အပြုအမူကြောင့် လန့်သွားပြီး တွန်းဖယ်ရန် ကြိုးစားသော်လည်း ဆွန်ဖုန်း၏ အားကို သူမ မယှဉ်နိုင်ခဲ့ချေ။
ဆွန်ဖုန်းသည် လျန်ယင်း၏ ကိုယ်သင်းနံ့ကို ရှူရှိုက်ရင်း နောက်ပြောင်လိုက်သည်။ "ဒါက ဘာဖြစ်လဲ... မင်ယီက ကိုယ့်ကို ချစ်သူတွေ ထပ်ရှာတာကို ကန့်ကွက်မှာ မဟုတ်ပါဘူး..."
"ရှင် သေချာလား... အိမ်ပြန်ရောက်ရင် ဒူးထောက်နေရဦးမယ်..." လျန်ယင်းမှာ မျက်နှာလေး နီရဲလျက် တွန်းဖယ်၍ မရသဖြင့် ဒေါသတကြီး ပြောလိုက်သည်။
"သူက ရဲမလား... သူ ကိုယ်ဝန်ရှိနေလို့သာ ကိုယ်က သည်းခံနေတာ... မဟုတ်ရင် ကိုယ် သူ့ကို လိမ်မာတဲ့ ဇနီးကောင်းလေး ဖြစ်အောင် ဆုံးမပြီးသား..."
ဆွန်ဖုန်းက ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်သည်။ ဤစကားမှာ ဆွန်ဖုန်း၏ စိတ်ရင်းပင် ဖြစ်သည်။
မကြာသေးမီက သူသည် ဟယ်မင်ယီကို အလွန် ဂရုစိုက်နေခြင်းမှာ သူမ ကိုယ်ဝန်ရှိနေသောကြောင့် ဖြစ်ပြီး သာမန်အချိန်ဆိုလျှင် ဆွန်ဖုန်းက သူမကို အုပ်ချုပ်ပြီးသား ဖြစ်ပေလိမ့်မည်။ ဆွန်ဖုန်း၏ စည်းမျဉ်းအရ သူ၏ အမျိုးသမီးများမှာ သူ၏ စကားကို နားထောင်ရမည် ဖြစ်သည်။
လျန်ယင်းသည် ရုန်းထွက်၍ မရတော့သဖြင့် ဆွန်ဖုန်းက သူမ၏ ခါးကို ဖက်ထားသည်ကိုသာ လွှတ်ထားလိုက်တော့သည်။
"မယုံဘူးလား..." ဆွန်ဖုန်းက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"မယုံဘူး..." လျန်ယင်းက မျက်နှာလွှဲကာ စိတ်ဆိုးမာန်ဆိုး ပြောလိုက်သည်။
"ကောင်းပြီလေ... မယုံရင် နောက်တစ်ခါကျရင် မင်းကို ကိုယ့်ရဲ့ ချစ်သူပါလို့ ကြေညာလိုက်မယ်... အဲဒီကျမှ သူ ဘာလုပ်မလဲ ကြည့်ရတာပေါ့..." ဆွန်ဖုန်းက ရယ်မော၍ ပြောလိုက်သည်။
"ရှင်... ကျွန်မက ရှင့်ချစ်သူ လုပ်မယ်လို့ မပြောရသေးဘူးနော်... လျှောက်မလုပ်နဲ့... အားလုံး အနေရခက်ကုန်ပါဦးမယ်..." လျန်ယင်းက အလန့်တကြား အော်လိုက်လေသည်။