← Chapters

အခန်း ၃၂

Vol. 4 Ch. 32

အခန်း ၃၂

Vol. 4 Ch. 32

အခန်း (၃၂) တောင်ပေါ်ထပ်တက်ခြင်း... ဒါက အသက်မွေးဝမ်းကျောင်းပညာပါပဲ

ညဆယ်နာရီကျော်သွားသော်လည်း တိုက်ရိုက်ထုတ်လွှင့်မှုက ရှိနေဆဲပင်။

ကွန်ရက်သုံးစွဲသူတစ်ဦးက ရွှီယန်၏ ဗီဒီယိုများကို ကြည့်ရှုရင်း ၎င်း၏ ပရိုဖိုင်မှာ လင်းလက်နေသည်ကို သတိထားမိလိုက်သည်။ ၎င်းက တိုက်ရိုက်ထုတ်လွှင့်နေဆဲဖြစ်ကြောင်း သိလိုက်သဖြင့် ချက်ချင်းဝင်ရောက်ကြည့်ရှုလိုက်သည်။

တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းသို့ ရောက်သွားသည်နှင့် ထိုသူသည် အလွန်အံ့အားသင့်သွားသည်။

ခေါင်းတွင်မီးထွန်းထားသော လူရှစ်ယောက် ကိုးယောက်ခန့်သည် မြေပုံများပေါ်တွင် တစ်စုံတစ်ခုကို အလုပ်များနေကြသည်။ ထိုမြင်ကွင်းက အနည်းငယ်တော့ ထူးဆန်းနေသည်။

ထို့ကြောင့် ထိုသူက မှတ်ချက်ပေး၍ မေးလိုက်သည်။

"ဒါဘာလုပ်နေကြတာလဲ သင်္ချိုင်းဖောက်နေတာလား"

ထိုမှတ်ချက်ကို မြင်သောအခါ အခြားသူများလည်း ရယ်မောသွားကြသည်။

"ဘာသင်္ချိုင်းဖောက်ရမှာလဲ ဘလူးဘယ်ရီ စိုက်နေတာ"

"အစ်ကိုကြီး မြေကြီးစိုက်နေတာကို ကြည့်နေတာလေ"

"စိုက်နေတာ တစ်နေကုန်တော့မယ်"

ထိုအခါမှသာ ၎င်းတို့သည် မြေကြီးစိုက်ပျိုးနေခြင်းဖြစ်ကြောင်းကို ထိုသူက နားလည်သွားသည်။

ဖန်လုံအိမ် အပေါ်ဘက်တွင် မီးမရှိဘဲ ဝင်ပေါက်နှင့် ဘေးဘက်တို့တွင်သာ မီးသီးများ ရှိသည်။

ညအချိန်တွင် အလုပ်လုပ်ရသည်မှာ မှောင်မိုက်နေသဖြင့် ခေါင်းမီးများကို တပ်ဆင်ကာ အလုပ်လုပ်နေကြခြင်းဖြစ်သည်။

အလုပ်က အနည်းငယ်မျှသာ ကျန်တော့သည်။

ဖန်လုံအိမ်အတွင်းရှိ မြေကြီးများကို ဘောင်များပြုလုပ်ထားပြီး ထိုဘောင်များပေါ်တွင် အကွာအဝေးတစ်ခုစီခြားကာ တွင်းလေးများ တူးထားသည်။ ထို့နောက် လူတိုင်းက ဘလူးဘယ်ရီပျိုးပင်များကို တွင်းများထဲသို့ ထည့်ကာ မြေကြီးဖြင့် ပြန်ဖုံးနေကြသည်။

ဒါက စိုက်ပျိုးခြင်း၏ နောက်ဆုံးအဆင့်ဖြစ်သည်။

ဖုံးပြီးသည်နှင့် ဘလူးဘယ်ရီကို စိုက်ပျိုးပြီးစီးပြီဖြစ်သည်။

ဤလုပ်ငန်းစဉ် တစ်ခုလုံးအတွက် ရင်းနှီးမြှုပ်နှံမှုမှာလည်း မနည်းလှပေ။

မြေကြီးနှင့် မြေဩဇာများကိုပင် ကားဆယ်စီးကျော် သယ်ယူခဲ့ရသည်။

ထို့အပြင် ဘလူးဘယ်ရီ၏ ရင့်မှည့်ချိန်မှာ ရှစ်လ၊ ကိုးလခန့် ကြာမြင့်သဖြင့် ရှစ်လ၊ ကိုးလကြာမှသာ ဝင်ငွေရရှိမည်ဖြစ်သည်။

တစ်ကြိမ်စိုက်ပျိုးထားလျှင် ငါးနှစ်အထိ အသုံးပြုနိုင်သည်ဆိုခြင်းကသာ စိတ်သက်သာစရာ တစ်ခုဖြစ်သည်။

ဆိုလိုသည်မှာ နောက်ထပ် ငါးနှစ်အတွင်း အသစ်ပြန်လည် စိုက်ပျိုးရန် မလိုဘဲ အသီးအနှံများကိုသာ စောင့်ဆိုင်းရိတ်သိမ်းရုံသာဖြစ်သည်။

အလုပ်များနေသော ညတစ်ည။

အလုပ်များနေသော တောင်ပေါ်ရွာလေးရှိ လယ်ယာခြံဝင်းလေး။

ဘလူးဘယ်ရီပျိုးပင်များ အားလုံးစိုက်ပျိုးပြီးချိန်တွင် ညဆယ့်တစ်နာရီကျော်သွားပြီဖြစ်သည်။

အားလုံးက စကားအနည်းငယ်ပြောဆိုပြီးနောက် ကားများကို မောင်းနှင်ကာ ရွှီယန်၏ ခြံဝင်းလေးထဲမှ ထွက်ခွာသွားကြပြီး တောင်ပေါ်ရွာလေးဆီသို့ ပြန်သွားကြသည်။

ရွှီယန်က တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်လိုက်ပြီး လီဆန်းကို ကောင်းစွာအနားယူရန် မှာကြားကာ သူကိုယ်တိုင်လည်း အခန်းထဲသို့ ပြန်လည်အိပ်စက်ရန် ဝင်သွားသည်။

ကောင်းကင်ထက်တွင် ကြယ်လေးများက လင်းလက်နေသည်။

ဒါက တကယ့်ကို ညဉ့်နက်သည်အထိ အလုပ်လုပ်ခဲ့ရခြင်းဖြစ်သည်။

နောက်တစ်နေ့ နံနက် ၁၀ နာရီတွင်မှ ရွှီယန်က အိပ်ရာမှ နိုးလာသည်။

လီဆန်းက ဘလူးဘယ်ရီပင်များကို ရေလောင်းနေပြီဖြစ်ပြီး ဖန်လုံအိမ်အပေါ်မှ နေကာစများကိုပင် သူတစ်ယောက်တည်း ဖုံးအုပ်ထားပြီးဖြစ်သည်။

ဘလူးဘယ်ရီပျိုးပင်များက ယခုမှ စိုက်ပျိုးထားခြင်းဖြစ်သဖြင့် အားနည်းနေသေးပြီး ပြင်းထန်သော နေရောင်ခြည်ကို တိုက်ရိုက်မခံနိုင်သောကြောင့် နေကာစများကို ဖုံးအုပ်ထားရခြင်းဖြစ်သည်။

ဤမြင်ကွင်းကို မြင်သောအခါ ရွှီယန်က သူ့ကို ထိုမျှလောက် ပင်ပန်းခံရန် မလိုကြောင်းနှင့် သူနိုးလာမှ အတူတူလုပ်လျှင် ရကြောင်း ပြောလိုက်သည်။

နေကာစများကို ဖုံးအုပ်ရခြင်းက အနည်းငယ်တော့ အန္တရာယ်ရှိသည်။

"နေ့လယ်ကျရင် ကျွန်တော် တောင်ပေါ်ကို တစ်ခေါက်သွားမလို့ အစ်ကိုကတော့ ခြံထဲမှာပဲ နေခဲ့လိုက်ပါ"

"မနက်ဖြန်လည်း တောင်ပေါ်ကို သွားဖို့ စိတ်ကူးထားတယ်"

"ကျွန်တော်က တောင်ပေါ်တက်တဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို လုပ်နေတာဆိုတော့ တောင်ပေါ်ကို ခဏခဏ သွားရလိမ့်မယ် အစ်ကိုကတော့ ခြံကိုပဲ တာဝန်ယူလိုက်ပါ"

"ဝက်တွေကို အစာကျွေးတာရယ် ဘလူးဘယ်ရီပင်တွေကို ရေလောင်းတာရယ်ကလွဲရင် တခြားအလုပ် ဘာမှမရှိပါဘူး"

ရွှီယန်က လီဆန်းကို တာဝန်ခွဲဝေပေးလိုက်သည်။

"ဟုတ်ကဲ့ ဟုတ်ကဲ့"

လီဆန်းက အမြန် သဘောတူလိုက်သည်။

"ဘာမှမဖြစ်ပါဘူး အေးဆေးနားနေလိုက် အခုလောလောဆယ်တော့ ဘာမှလုပ်စရာမရှိသေးဘူး"

ရွှီယန်က ပြုံးကာ ပြောလိုက်သည်။

ခြံဝင်း၏ အရာအားလုံးက ယခုမှ စတင်နေခြင်းဖြစ်သဖြင့် ရွှီယန်ကလည်း တစ်ခါတည်း အားလုံးကို ပြီးစီးအောင် လုပ်ရန် မရည်ရွယ်ထားပေ။

လက်ရှိအချိန်တွင် ဘလူးဘယ်ရီနှင့် ဝက်ပေါက်လေးများကိုသာ ဂရုစိုက်ပြီး နောက်မှ တဖြည်းဖြည်း တိုးချဲ့သွားမည်ဖြစ်သည်။

နေ့လယ်ပိုင်းတွင် ရွှီယန်က တောင်ပေါ်သို့ သွားရန် ရည်ရွယ်ထားပြီး ကျားသစ်နှစ်ကောင် ရှိသေးသလားဆိုသည်ကို သွားရောက်ကြည့်ရှုရန်ဖြစ်သည်။

သူက တောင်တောအုပ်ကို ဖြတ်ကျော်ကာ ကျားသစ်ပေါက်လေးနှင့် တွေ့ခဲ့သည့် နေရာသို့ ရောက်ရှိလာသည်။

"ရှောင်ဟွာ၊ တာ့ဟွာ"

"ရှောင်ဟွာ"

ရွှီယန်က အသံကျယ်ကျယ်ဖြင့် အော်ခေါ်လိုက်ရာ သူ၏ အသံက တောအုပ်အတွင်း၌ ပဲ့တင်ထပ်သွားသည်။

သို့သော် ပတ်ဝန်းကျင်၌ မည်သည့် လှုပ်ရှားမှုမျှ မရှိပေ။

အကယ်၍ အစာရှာထွက်နေခြင်းဖြစ်ပါက မိခင်ကျားသစ်မကြီးသည် ကျားသစ်ပေါက်လေးကို သစ်ပင်ပေါ်၌ ဝှက်ထားမည်မှာ သေချာသည်။ သို့သော် ကျားသစ်ပေါက်လေးက မရှိသဖြင့် ကျားသစ်နှစ်ကောင်လုံး ထွက်သွားပြီဖြစ်ကြောင်း သေချာသွားသည်။

အနီးအနားရှိ သစ်ပင်တစ်ပင်ပေါ်မှ ရှဉ့်တစ်ကောင်က ရွှီယန်၏ အသံကို ကြားပြီး သစ်ခေါင်းထဲမှ ထွက်လာကာ ရွှီယန်ရှိရာဘက်သို့ လှမ်းကြည့်နေသည်။

ထိုရှဉ့်က ရွှီယန်နှင့် ကျားသစ်နှစ်ကောင် အတူတူ ဆော့ကစားနေသည်ကို မှတ်မိနေသည်။

ကျားသစ်များရှိနေစဉ်က ထိုရှဉ့်မှာ အလွန်သတိထားနေရပြီး ၎င်း၏ အစာဖြစ်သွားမည်ကို နေ့စဉ် စိုးရိမ်နေခဲ့ရသည်။

ယခုမူ ကျားသစ်များ ထွက်သွားပြီဖြစ်သဖြင့် ၎င်း၏ ရဲစွမ်းသတ္တိများ ပိုမိုကြီးမားလာပြီး သစ်ကိုင်းပေါ်တွင် ရပ်ကာ ၎င်း၏ အမွေးများကို အေးဆေးစွာ ဖြီးသင်နေသည်။

"မရှိတော့ဘူးပဲ"

ရွှီယန်၏ ရင်ထဲတွင် အနည်းငယ်တော့ စိတ်ပျက်သွားသော်လည်း ယင်းက သဘာဝကျကြောင်း သူနားလည်သည်။

ကျားသစ်များတွင်လည်း ၎င်းတို့၏ ကိုယ်ပိုင်ဘဝရှိပြီး သစ်တောများကသာ ၎င်းတို့၏ အဓိကနေရာဖြစ်သည်။

ချန်ပိုင်တောင်တန်းကြီးက ကြီးမားကျယ်ပြန့်လွန်းသဖြင့် နောက်တစ်ကြိမ် ဘယ်အချိန်မှ ပြန်တွေ့မည်ကို မသိနိုင်ပေ။

ကျားသစ်များကို မတွေ့ရသဖြင့် ရွှီယန်က ခြံဝင်းလေးသို့ ပြန်လာခဲ့ပြီး မနက်ဖြန် တောင်ပေါ်တက်ရန် ပစ္စည်းများကို ပြင်ဆင်နေသည်။

ပြန်ရောက်ပြီးနောက် ရွှီယန်မှာ အနားမရပေ။

သူ၏ အခန်းက ရိုးရှင်းသော်လည်း ကွန်ပျူတာစားပွဲ၊ ဂိမ်းဆော့သည့်ကုလားထိုင်နှင့် ရေအေးပေးစနစ်ပါသော ကွန်ပျူတာ အစရှိသည်တို့ အစုံအလင်ရှိသည်။

သူကလည်း ကွန်ပျူတာနှင့် မခွဲနိုင်သူ တစ်ယောက်ဖြစ်သည်။

ရွှီယန်က ကွန်ပျူတာပေါ်တွင် ဗီဒီယိုများကို တည်းဖြတ်နေသည်။

သူက တိုက်ရိုက်ထုတ်လွှင့်မှု အပိုင်းများကို တည်းဖြတ်ကာ ဗီဒီယိုအကောင့်တွင် တင်ပြီး Follower များရရှိရန် ကြိုးစားနေသည်။

သူ၏ ဗီဒီယိုများက အလွန်ကောင်းမွန်ပြီး လက်ရှိ လယ်ယာစိုက်ပျိုးရေး ဘဝပုံစံများကလည်း အလွန်ရေပန်းစားသဖြင့် ရွှီယန်၏ Follower များမှာ အလွန်လျင်မြန်စွာ တိုးပွားလာသည်။

ဒုတိယနေ့ နံနက်ပိုင်းတွင် ရွှီယန်က ကျောပိုးအိတ်ကို လွယ်ကာ တောခုတ်ဓားနှင့် တုတ်တစ်ချောင်းကို ကိုင်ဆောင်ပြီး ရိက္ခာခြောက်အချို့ကို ယူဆောင်ကာ တောင်ပေါ်သို့ တက်ရန် ပြင်ဆင်လိုက်သည်။

တောင်ပေါ်ရှိ ရှုခင်းများက အလွန်လှပသည်။

တိုက်ရိုက်ထုတ်လွှင့်မှုကို ဖွင့်လိုက်သည်။

ရွှီယန်က တောင်တန်းကြီးများကြားတွင် လမ်းလျှောက်နေသည်။

သူက အနီရောင်အနားကွပ်နှင့် အဝါရောင်အောက်ခံရှိသော ကောက်ရိုးဦးထုပ်ကို ဆောင်းထားပြီး ကိုယ်ကျပ်အင်္ကျီကို ဝတ်ဆင်ထားသဖြင့် အလွန်သန်စွမ်းသွက်လက်ပုံပေါ်သည်။

"လောင်ရွှီ တိုက်ရိုက်ထုတ်လွှင့်မှုကို ဖွင့်လိုက်ပြီပဲ"

ဖော်လိုဝါ အဟောင်းများက နွေးထွေးစွာ နှုတ်ဆက်ကြသည်။

"ဒီနေ့တော့ တောင်ပေါ်ကို တက်ပြီပေါ့"

"တောင်ပေါ်က ရှုခင်းတွေက တကယ်ကို လှတာပဲ"

တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း လူများ အလျင်အမြန် ဝင်ရောက်လာကြသည်။

ရွှီယန်တွင် ယခုအခါ ပုံမှန် ဖော်လိုဝါများ ရှိနေပြီဖြစ်သဖြင့် သူ၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုသူ အမြောက်အမြားရှိသည်။

"ဒီနေ့တော့ တောင်ပေါ်မှာ တောင်ထွက်ပစ္စည်းတွေကို ဆက်ရှာကြည့်မယ်"

"ဒီရာသီမှာ ပစ္စည်းကောင်းတွေ အများကြီး ထွက်နေပြီ ဘာတွေများ ရှာတွေ့မလဲဆိုတာ ကြည့်ရသေးတာပေါ့"

"တောထဲမှာ ဒီအတိုင်း ညှိုးနွမ်းသွားတာကလည်း နှမြောစရာကောင်းတယ်လေ"

ရွှီယန်က ခေါင်းမော့ကာ ဒရုန်းကို ကြည့်ပြီး ပြောလိုက်သည်။

ရွှီယန်က တောင်ပေါ်တက်ရသည့် ခရီးစဉ်များကို အလွန်နှစ်သက်သည်။ အထူးသဖြင့် ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင် ရှိနေသည့် အခြေအနေမျိုးတွင် ပို၍ပင် နှစ်သက်သည်။

သူက အဆက်မပြတ် အတွင်းသို့ ဝင်ရောက်သွားသည်။

နှစ်နာရီခန့် လမ်းလျှောက်ပြီးနောက် ရွှီယန်က ဤဒေသတွင် ဆေးဘက်ဝင် အပင်များစွာရှိနေသည်ကို တွေ့ရှိလိုက်သဖြင့် ဤနေရာရှိ မြေကြီးများက အလွန်မြေဩဇာကောင်းမွန်ကြောင်း သိလိုက်သည်။

ထို့ကြောင့် ရွှီယန်က ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ကို ပထမဆုံးအကြိမ် အသုံးပြုရန် ရွေးချယ်လိုက်သည်။

သူက နောက်ထပ် သုံးကြိမ်အသုံးပြုရန် စုဆောင်းထားပြီး ယနေ့ တောင်ပေါ်တက်ရာတွင် အကုန်လုံးကို အသုံးပြုရန် ရည်ရွယ်ထားသည်။

မကြာမီမှာပင် ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်က ရတနာရှိသည့် နေရာတစ်ခုကို ဖော်ပြပေးလိုက်သည်။

ရွှီယန်က ရှာဖွေရင်းဖြင့် ရတနာရှိသည့် နေရာသို့ ချဉ်းကပ်သွားသည်။

"အပြင်ဘက်မှာက ပစ္စည်းကောင်း သိပ်မရှိတော့ဘူး ကျွန်တော်တို့ ရွာက တောင်ပေါ်တက်တဲ့ အဖွဲ့တွေကတော့ မနက်ဖြန် တောနက်ကြီးထဲကို ဝင်ဖို့ ရည်ရွယ်ထားတယ် ဒီတစ်ခေါက်က ငါးရက် ခြောက်ရက်လောက် ကြာမယ် ငါးရက် ခြောက်ရက်လုံး တောထဲမှာပဲ နေရမှာ"

"သူတို့ ပစ္စည်းကောင်း တစ်ခုခု ရှာတွေ့ပါစေလို့ မျှော်လင့်ပါတယ်"

ရွှီယန်က အားလုံးကို ပြောလိုက်သည်။

ထိုအချိန်တွင် သူက ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင် ပြသထားသည့် နေရာသို့ ရောက်ရှိလာသည်။

ထိုနေရာမှာ အလွန်မြင့်မားသော သစ်ပင်များရှိသည့် သစ်တောအုပ်တစ်ခုဖြစ်ပြီး သစ်ပင်တိုင်းက အလွန်ဖြောင့်မတ်နေသည်။ အောက်ဘက်တွင် အရွက်များ လုံးဝမရှိဘဲ အပေါ်ဘက်တွင်မှ အရွက်များ များပြားသည်။

"ဒီနေရာက ထင်းရှူးတောပဲ ထင်းရှူးတောမှာလည်း ပစ္စည်းကောင်းတွေ အများကြီးရှိတယ်"

ရွှီယန်က ခေါင်းမော့ကာ ထင်းရှူးတော၏ အပေါ်ဘက်သို့ ကြည့်လိုက်သည်။

သူက ရယ်မောလိုက်သည်။

"တကယ်ကြီးပဲ တောင်ပေါ်တက်တဲ့အခါ တချို့လူတွေက ထင်းရှူးပင်တွေရှိတဲ့ နေရာကို သီးသန့်လာရှာပြီး သစ်ပင်ပေါ်တက်ကာ ထင်းရှူးမှိုတွေကို ခူးကြတယ်"

"ပွင့်ပွင့်လင်းလင်း ပြောရရင် နှစ်နာရီလောက် လမ်းလျှောက်ရုံနဲ့ ထင်းရှူးတောကို ရောက်လာလိမ့်မယ်လို့ ကျွန်တော် လုံးဝ မထင်ထားခဲ့ဘူး"

"ဒီနေ့တော့ နောက်ထပ် အထွက်အမြတ်တစ်ခု ရပြီပေါ့"

ရွှီယန်က ကျောပိုးအိတ်ကို ချထားလိုက်ပြီး ဖိနပ်ကြိုးကို တင်းကျပ်စွာ ချည်နှောင်ကာ လက်အိတ်တစ်စုံကို ဝတ်ဆင်လိုက်သည်။ ကြည့်ရသည်မှာ သူက တစ်စုံတစ်ခုကို ပြင်ဆင်နေပုံရသည်။

သူ့စကားကို ကြားသောအခါ ကွန်ရက်သုံးစွဲသူများက တိုက်ရိုက်ထုတ်လွှင့်မှုကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေကြသည်။

ရွှီယန် ဘာလုပ်မည်ကို အားလုံးက သိချင်နေကြသည်။

ထို့နောက် ရွှီယန်က ဖြောင့်မတ်မြင့်မားသော ထင်းရှူးပင်တစ်ပင်ကို လက်နှစ်ဖက်ဖြင့် ဖက်ကာ အပေါ်သို့ စတင်တက်သွားသည်ကို သူတို့ မြင်လိုက်ရသည်။

'လခွီး'

ထိုမြင်ကွင်းကို မြင်သောအခါ ကွန်ရက်သုံးစွဲသူ အများအပြားက အလွန်အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်မိကြသည်။

ဤမြင်ကွင်းက တကယ့်ကို မယုံနိုင်စရာပင်။

ထိုထင်းရှူးပင်က သုံးလေးထပ်တိုက်လောက် မြင့်မားပြီး ဒရုန်းက ထင်းရှူးပင်၏ အပေါ်ဆုံးအရွက်များအောက်တွင်သာ ပျံသန်းနိုင်သည်။

ထိုမျှမြင့်မားသော သစ်ပင်ကို မည်သည့် ကာကွယ်ရေး ပစ္စည်းမှမပါဘဲ တိုက်ရိုက်တက်သွားသည်လား။

ဒါက တကယ်ကို ရဲတင်းလွန်းတာပဲ။

ရွှီယန်ကိုယ်တိုင်က သစ်ပင်တက်ကျွမ်းကျင်သူဖြစ်ပြီး လျင်မြန်ဖြတ်လတ်မှု စွမ်းရည်လည်း ရှိသဖြင့် ခြေလက်များကို အသုံးပြုကာ ထင်းရှူးပင်၏ အပေါ်ဆုံးသို့ လျင်မြန်စွာ ရောက်ရှိသွားသည်။

သူ၏ အမြန်နှုန်းက အလွန်မြန်ဆန်ပြီး အလွန်လည်း တည်ငြိမ်သည်။ မျက်နှာပေါ်ရှိ အမူအရာကလည်း အလွန်အေးဆေးတည်ငြိမ်နေသည်။

ဒရုန်းက အပေါ်မှနေ၍ အောက်သို့ ရိုက်ကူးပြသနေသည်။

ရွှီယန်၏ အောက်ဘက်ရှိ အမြင့်ကို မြင်သောအခါ ကွန်ရက်သုံးစွဲသူ အများအပြားမှာ အနည်းငယ် စိုးရိမ်လာပြီး အသက်ရှူရန်ပင် မဝံ့မရဲ ဖြစ်လာကြသည်။

'ဒီအစ်ကိုက တကယ်ကို ကြမ်းတာပဲ’

ကွန်ရက်သုံးစွဲသူများက အံ့ဩနေကြသော်လည်း ကျွမ်းကျင်သော တောတောင်ရှာဖွေသူများ သို့မဟုတ် ထင်းရှူးမှိုကို အထူးရှာဖွေသူများအတွက်မူ ဤသည်မှာ အခြေခံ အတတ်ပညာတစ်ခုသာဖြစ်သည်။

သစ်ပင်ပေါ်သို့ မတက်နိုင်ဘဲ မည်သို့ ထင်းရှူးမှိုကို ခူးနိုင်မည်နည်း။

ဟိုင်နန်တွင် အုန်းသီးခူးသူများက အုန်းပင်ပေါ်သို့ လွယ်ကူစွာ တက်နိုင်သကဲ့သို့ပင်။

ဒါက အသက်မွေးဝမ်းကျောင်းပညာပါပဲ။

All Chapters