← Chapters

အခန်း ၆၀

Vol. 6 Ch. 60

အခန်း ၆၀

Vol. 6 Ch. 60

အခန်း (၆၀) ကြက်ပေါက်လေး - မင်း ဘာစားနေတာလဲလို့ မေးနေတယ်

ရွှီယန်က သစ်ပင်ပေါ်ရှိ ဝက်နှုတ်ခမ်းမှိုများကို တစ်ခုချင်းစီ ခွာယူလိုက်သည်။

မှိုများက အလွန် ပြည့်စုံလုံလောက်စွာ ရှိနေသည်။

အကြမ်းဖျင်း ကြည့်လိုက်ပါက ဝက်နှုတ်ခမ်းမှိုများက အမည်းရောင် ဖြစ်ပြီး ကျောက်မှိုများနှင့် ဆင်တူလေသည်။

သို့သော် သေချာစွာ ကြည့်လိုက်ပါက ဝက်နှုတ်ခမ်းမှို တစ်ခုချင်းစီက အလွန် ထူထဲပြီး အိစက်နေလေသည်။

"ဝက်နှုတ်ခမ်းမှိုက အဆိပ်ရှိတာ မှန်ပေမယ့် သတိထားပြီး စားရင်တော့ တစ်ခါစားရုံနဲ့ ပြဿနာ မရှိပါဘူး"

"အရမ်း စားလို့ကောင်းလို့ ဆိုပြီးတော့ နောက်တစ်နေ့ ထပ်စားတာမျိုးတော့ လုံးဝ မလုပ်သင့်ဘူး"

"ပြီးတော့ ဆေးကြောတဲ့ အခါမှာလည်း အကြိမ်ရေ များများ ဆေးပြီး နေပြလိုက်ရင် ပြဿနာ မရှိတော့ပါဘူး"

ရွှီယန်က ခူးယူရင်း ရှင်းပြနေလေသည်။

"လောင်ရွှီ... စိတ်ချပါ ငါတို့က စားတောင် မစားရဲပါဘူး"

"မှိုက အဆိပ်ရှိတာကို ဘာလို့ အဲ့ဒီလောက်တောင် စားချင်နေကြလဲ ဆိုတာ ငါ တကယ်ကို နားမလည်နိုင်ဘူး"

"ယန်ပြန်း ဘက်က ဝက်နှုတ်ခမ်းမှို လား... မှတ်မိတယ် အရမ်း စားလို့ ကောင်းတာ"

"ဒီအရသာက တကယ်ကို ကောင်းတယ်... အမြင့်ဆုံး ခံစားမှုပဲ ဒါပေမယ့် စားပြီးရင် ဆေးရုံ သွားရလွယ်တာ တစ်ခုပဲ"

အားလုံးက ပြန်လည် တုံ့ပြန်နေကြလေသည်။

ဤသစ်ပင်ပေါ်ရှိ ဝက်နှုတ်ခမ်းမှိုများက ကြည့်ရသည်မှာ သိပ်မများလှသော်လည်း ရွှီယန်က စတင် ခူးယူလိုက်သောအခါမှသာ မှို အရေအတွက်က တကယ်ကို များပြားကြောင်း အားလုံးက သိရှိသွားကြလေသည်။

ဝါးခြင်းတောင်း တစ်လုံးလုံး နီးပါး ပြည့်သွားလေသည်။

အခြား မှိုအိတ်များကိုတော့ အပြင်သို့ အရင် ထုတ်ထားလိုက်ရလေသည်။

ရှောင်ဟေးက ပျင်းရိပျင်းတွဲဖြင့် ဘေးနားရှိ သစ်ကိုင်း တစ်ခုကို ကိုက်ချီကာ ရွှီယန်၏ ခြေသလုံးနားသို့ လာချထားလေသည်။

သစ်ကိုင်းက အတော်လေး တုတ်ခိုင်ပြီး ကြည့်ရသည်မှာ ရှောင်ဟေး ထက်ပင် ပိုလေးနေပုံ ရလေသည်။

ခွေးများက သစ်ကိုင်းများကို ကိုက်ချီကာ အရုပ်အဖြစ် ဆော့ကစားရသည်ကို နှစ်သက်ကြလေသည်။

မာလီနွိုက် ခွေးလေးကတော့ အတော်လေး လိမ္မာပြီး ရွှီယန်၏ ဘေးနားတွင် အေးဆေးစွာ အဖော်ပြုပေးနေလေသည်။

ကိုယ်ရံတော် တစ်ယောက် ကဲ့သို့ပင် ဖြစ်လေသည်။

မိုးရွာပြီးနောက် သစ်တော၊ မှိုခူးနေသော လူငယ်လေး၊ ခွေးလေး နှစ်ကောင်...

မြင်ကွင်းက အနည်းငယ် လတ်ဆတ်လန်းဆန်းသော ခံစားချက်ကို ပေးစွမ်းနေလေသည်။

တိုက်ရိုက်ထုတ်လွှင့်မှုမှ တစ်ဆင့် မှိုခူးနေသည်ကို ကြည့်ရှုသူ အများအပြား ရှိလေသည်။

အစစ်အမှန် ဖြစ်ခြင်း၊ မသိနိုင်သော အရာများ ဖြစ်ခြင်း၊ ရှေ့ဆက်၍ ဘာဖြစ်လာမည်ကို မသိနိုင်ခြင်း...

ထို့ကြောင့် အားလုံးက ပျော်ရွှင်စွာ ကြည့်ရှုနေကြလေသည်။

မကြာမီမှာပင် ဝက်နှုတ်ခမ်းမှိုများကို ဝါးခြင်းတောင်း အပြည့် ခူးယူပြီးသွားလေသည်။

"ဝက်နှုတ်ခမ်းမှို တွေ ဒီလောက် အများကြီး ရလိမ့်မယ်လို့ မထင်ထားဘူး"

"ကိုယ်တိုင် စားဖို့ နည်းနည်း ချန်ထားပြီး ကျန်တာ အကုန်လုံးကို တောင်ထွက်ပစ္စည်း ဈေးတန်းကို ယူသွားရောင်းလို့ ရတယ်"

"နေ့လယ်ကျရင် သွားရောင်းမယ်... ပိုက်ဆံ တော်တော်လေး ရနိုင်တယ်"

ရွှီယန်က ကျပ်သိပ်နေသော အမည်းရောင် မှိုလေးများကို ကြည့်ရင်း ဝမ်းသာအားရ ပြောလိုက်လေသည်။

မှို အနည်းငယ် ကောက်ယူကာ ကိုယ်တိုင် စားရန် ရည်ရွယ်ထားသော်လည်း ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်က မှိုများ အပြည့် ပေါက်ရောက်နေသော ဝက်နှုတ်ခမ်းမှို သစ်ပင်ကြီး တစ်ပင်ကို ပြသပေးလိမ့်မည်ဟု မည်သူကများ ထင်မှတ်ထားမည်နည်း။

ယေဘုယျအားဖြင့် မိုးရွာပြီးနောက် ထွက်လာသော မှိုများက ဈေးသိပ်မကြီးလှပေ။

တန်ဖိုးကြီးသော မှို မျိုးစိတ်များ ဖြစ်သည့် ခြေထောက်ကြီးမှို ကဲ့သို့သော အရာများက အရေအတွက် နည်းပါးပြီး ကျီစုန်းမှို ကဲ့သို့သော မှိုများကလည်း တောင်ပေါ်တွင် သိပ်မပေါက်ဘဲ ပြောင်းဖူးခင်း ကဲ့သို့သော နေရာမျိုးများတွင်သာ ပေါက်ရောက်တတ်လေသည်။

ရွှေရောင်မှို၊ သစ်ခေါက်မှို တို့ကလည်း ရှားပါးလေသည်။

ယခုတစ်ကြိမ်တွင် ဝက်နှုတ်ခမ်းမှိုများ အများအပြား တွေ့ရှိခဲ့သဖြင့် သူကိုယ်တိုင်လည်း အကုန် မစားနိုင်ရာ မလွှဲမရှောင်သာ အမြတ်အစွန်း အနည်းငယ် ရှာရတော့မည် ဖြစ်လေသည်။

ရွှီယန်က အကြမ်းဖျင်း တွက်ချက်ကြည့်ရာ ဤဝက်နှုတ်ခမ်းမှိုများက အနည်းဆုံး ယွမ် ခြောက်ရာ၊ ခုနစ်ရာခန့် ရနိုင်မည် ဖြစ်ပြီး တန်ဖိုး အတော်လေး မြင့်မားလေသည်။

ပိုက်ဆံ သိပ်မများသော်လည်း မမျှော်လင့်ဘဲ ရလာသော ဝင်ငွေ ဖြစ်သဖြင့် ဝမ်းသာစရာပင် ဖြစ်လေသည်။

ဝက်နှုတ်ခမ်းမှို ခြင်းတောင်းကို လွယ်လိုက်ပြီးနောက် ရွှီယန်က လုံလောက်ပြီဟု ခံစားလိုက်ရသည်။

အခြား မှိုများကိုလည်း ကြည့်စရာ မရှိတော့ပေ။

မနက်ဖြန်ကျမှ နောက်တစ်ခေါက် ပြန်လာကြည့်မည်။

အချို့မှိုများက ယခုမှ စတင် ထွက်ပေါ်လာဆဲ ဖြစ်ပြီး မိုးရွာပြီးနောက် နှစ်ရက်တာ ကာလက မှိုခူးရန် အကောင်းဆုံး အချိန်ပင် ဖြစ်လေသည်။

ဤရက်ပိုင်းအတွင်း မှိုပြတ်လပ်သွားမည်ကို သေချာပေါက် စိုးရိမ်စရာ မလိုပေ။

"ဒီနေ့ ကံကောင်းတယ်"

"အဲ့ဒီ ခြေထောက်ကြီးမှို တွေက တန်ဖိုးကြီးတယ်... အနည်းဆုံးတော့ နှစ်ရာ၊ သုံးရာလောက် တန်တယ် ဒါပေမယ့် အရေအတွက် နည်းတော့ ကျွန်တော် မရောင်းတော့ဘဲ ကိုယ်တိုင်ပဲ စားလိုက်တော့မယ်"

"ဝက်နှုတ်ခမ်းမှို တွေကိုတော့ နေ့လယ်ကျရင် သွားရောင်းမယ်... တကယ်တမ်းကျတော့ တောင်ထွက်ပစ္စည်း ဈေးတန်းကိုတောင် တကူးတက သွားစရာ မလိုပါဘူး ကျွန်တော် မြို့နယ်က စားသောက်ဆိုင်တွေကို ဖုန်းဆက်လိုက်ရင် သူတို့က လာဝယ်ကြမှာပါ"

"ဧည့်သည်တွေ မြို့နယ်ကို လာလည်ရင် ဒီဟင်းလျာက ဒေသခံ ဟင်းလျာ တစ်ခု ဖြစ်တော့ ဝက်နှုတ်ခမ်းမှို တွေက အရမ်း ရောင်းရတယ်"

"အကြိမ်ရေ များများ ဆေးပြီး နည်းနည်းလောက် စားရင် ဘာပြဿနာမှ မရှိပါဘူး"

ရွှီယန်က အပြန်လမ်းတွင် လျှောက်သွားရင်း ပြုံးကာ ပြောလိုက်လေသည်။

ရှောင်ဟေးက သူ၏ အနောက်မှ လိုက်ပါလာပြီး သစ်ကိုင်း တစ်ချောင်းကို ကိုက်ချီထားသဖြင့် အရှိန်က အနည်းငယ် နှေးကွေးနေလေသည်။

မာလီနွိုက် ခွေးလေးကတော့ ခြေတစ်လှမ်းမျှ မခွာဘဲ အနီးကပ် လိုက်ပါလာလေသည်။

ရွှီယန်က အနောက်သို့ လှည့်ကြည့်လိုက်ရာ ရှောင်ဟေး၏ ပုံစံကို မြင်သောအခါ ချက်ချင်း ရယ်မောလိုက်မိလေသည်။

"ဒီကောင်လေး... ဒီသစ်ကိုင်းကို သဘောကျနေတာပဲ"

"ကျွန်တော် တောင်ပေါ်မှာ ပစ္စည်းရှာတာကို သူက အတုခိုးချင်နေတာ ထင်တယ်"

"မင်းက ဒီဟာကြီးကို ဘာလုပ်ဖို့လဲ"

ရွှီယန်က နှုတ်မှ အပြစ်တင်နေသော်လည်း ဆောင့်ကြောင့်ထိုင်ကာ ရှောင်ဟေး၏ ပါးစပ်ထဲမှ သစ်ကိုင်းကို ယူလိုက်ပြီး လက်ထဲတွင် ကိုင်ထားလိုက်လေသည်။

မတတ်နိုင်ပေ... ရှောင်ဟေး၏ ထူအအ ပုံစံလေးကို ကြည့်ရသည်မှာ ဤသစ်ကိုင်းကို ကိုက်ချီပြီး အဝေးကြီး လျှောက်နိုင်မည် မဟုတ်သဖြင့် သူ့အတွက် ကူညီ သယ်ဆောင်ပေးရမည်သာ ဖြစ်လေသည်။

လယ်ယာခြံဝင်း ပြန်ရောက်မှ သူ့ဘာသာသူ လွတ်လွတ်လပ်လပ် ဆော့ပါစေတော့။

ရွှီယန်က သစ်ကိုင်းကို ယူလိုက်ပြီးနောက် ရှောင်ဟေးလည်း အမြန် ပြေးလိုက်လာလေသည်။

မြင်ကွင်းက အလွန် လှပ ကြည်နူးဖွယ် ကောင်းနေဆဲ ဖြစ်လေသည်။

သစ်တောထဲတွင် မှိုများ အများအပြား ရှိနေသေးပြီး လမ်းတွင် ရွှီယန်က ရွာထဲမှ တောင်ပေါ်သို့ မှိုခူးရန် လာသော လူနှစ်ယောက်နှင့်ပင် ဆုံခဲ့သေးသည်။

ဤအချိန်တွင် လူအများစုက မှိုခူးရန် ထွက်လာလေ့ ရှိကြသည်။

မည်သို့ပင်ဖြစ်စေ အလကား ရသော မှိုများကို မယူဘဲ နေမည် မဟုတ်ပေ။

လမ်းတစ်လျှောက်တွင် ရှင်းပြစရာ ဘာမှ မရှိသဖြင့် ရှုခင်းများကိုသာ တိုက်ရိုက်ထုတ်လွှင့်နေလိုက်လေသည်။

ရွှီယန်က မိုက်ခရိုဖုန်းကို ပိတ်လိုက်ပြီး လမ်းလျှောက်ခြင်းကိုသာ အာရုံစိုက်နေလိုက်လေသည်။

ဒရုန်း၏ မြင်ကွင်းက အလွန် ကောင်းမွန်သဖြင့် တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းက ကြည့်ရသည်မှာ အလွန် သက်သောင့်သက်သာ ရှိလေသည်။

အပင်များ အားလုံးက စိမ်းလန်းစိုပြည်နေပြီး အလွန် လတ်ဆတ်လန်းဆန်းနေလေသည်။

လယ်ယာခြံဝင်းသို့ ရောက်သည်အထိပင်။

ရွှီယန်က ရှောင်ဟေး၏ သစ်ကိုင်းကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ရာ ရှောင်ဟေးက ချက်ချင်းပင် အပြေးအလွှား သွားကောက်လေသည်။

သူက အတော်လေး ပြဿနာ ရှာတတ်သူ တစ်ယောက် ဖြစ်ပြီး သစ်ကိုင်းကို ကိုက်ချီကာ မာလီနွိုက် ခွေးလေး၏ ဘေးနားတွင် တမင်တကာ ဟိုဒီ လျှောက်သွားရင်း ကြွားဝါချင်သည့် အဓိပ္ပာယ်ကို သိသာစွာ ပြသနေလေသည်။

မာလီနွိုက် ခွေးလေးကတော့ လုံးဝ ဂရုမစိုက်ဘဲ သူ့ကို တစ်ချက်မျှပင် မကြည့်ပေ။

ရွှီယန်က တိုက်ရိုက်ထုတ်လွှင့်မှု အတွင်းရှိ ကြည့်ရှုသူများအား တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်တော့မည် ဖြစ်ကြောင်း ပြောလိုက်ရာ အားလုံးက မပိတ်ရန် တားဆီးနေကြသော်လည်း မကြာမီမှာပင် တိုက်ရိုက်ထုတ်လွှင့်မှု ပိတ်သွားခဲ့လေသည်။

သူက မြို့နယ်ရှိ လယ်ယာအခြေခံ စားသောက်ဆိုင်သို့ ဖုန်းဆက်လိုက်ရာ တစ်ဖက်မှ ယခုလေးတင် ခူးလာသော လတ်ဆတ်သည့် ဝက်နှုတ်ခမ်းမှိုများ ရှိကြောင်း ကြားသည်နှင့် တစ်ပြိုင်နက် ကားဖြင့် ချက်ချင်း လာရောက် ဝယ်ယူလေသည်။

ဝက်နှုတ်ခမ်းမှိုများက အလွန် အရသာရှိပြီး အများကြီး မစားသရွေ့ ဘာပြဿနာမှ မရှိပေ။

အကယ်၍ လောဘကြီးပြီး တစ်နပ်စားပြီးနောက် နောက်တစ်နပ် ထပ်စားမည် ဆိုပါက နှုတ်ခမ်းများ ရောင်လာမည် ဖြစ်လေသည်။

ဤမျှ အရသာရှိသော အရာကို စားသောက်ဆိုင်များက အလွန် လိုအပ်နေသဖြင့် ရွှီယန်၏ လက်ထဲတွင် ရှိကြောင်း ကြားသည်နှင့် တစ်ပြိုင်နက် ချက်ချင်း လာရောက် ဝယ်ယူကြခြင်း ဖြစ်လေသည်။

ထိုအချိန်တွင် လီဆန်းက အနီးသို့ လာရောက်ကာ ခွင့်တောင်းလေသည်။ သူတို့၏ ဆွေမျိုး တစ်ယောက် မင်္ဂလာဆောင် ရှိသဖြင့် လီဆန်းနှင့် ကျန်းမေ့ တို့ နှစ်ယောက်စလုံး သွားရောက် ကူညီပေးရမည် ဖြစ်သည်။

မင်္ဂလာဆောင်တွင် ထမင်းစားရင်း ကူညီပေးရန် ဖြစ်လေသည်။

ထို့ကြောင့် လယ်ယာခြံဝင်းတွင် ရွှီယန် တစ်ယောက်တည်းသာ ကျန်ခဲ့လေသည်။

"ရပါတယ်... သွားကြပါ"

"ဒီနေ့မှ အခုလေးတင် ခူးလာတဲ့ မှိုတွေနဲ့ အရသာရှိတဲ့ ဟင်းချက်စားမလို့ တွေးထားတာကို"

ရွှီယန်က ပြုံးကာ ပြောလိုက်လေသည်။

"အစ်ကိုယန်... ကျွန်တော်က သွားကူညီပေးရမှာမို့ပါ... လယ်ယာခြံဝင်းကို အစ်ကိုပဲ ကြည့်ထားပေးပါ ကျွန်တော် မနက်ဖြန် နေ့လယ် ထမင်းစားပြီးတာနဲ့ ညနေဘက်ဆိုရင် ပြန်ရောက်မှာပါ"

လီဆန်းက အနည်းငယ် အားနာစွာဖြင့် ပြောလိုက်လေသည်။

"ရပါတယ်... ခွင့်တိုင်တာ ပုံမှန်ပါပဲ အမြန် ပြန်လာဖို့ မလိုပါဘူး... လယ်ယာခြံဝင်းမှာလည်း ဘာမှ သိပ်လုပ်စရာ မရှိပါဘူး"

ရွှီယန်က လက်ယမ်းပြကာ လီဆန်းကို သွားရန် ခွင့်ပြုလိုက်လေသည်။

"ကျေးဇူးတင်ပါတယ် အစ်ကိုယန်... ကျွန်တော် အမြန်ဆုံး ပြန်လာခဲ့ပါ့မယ်"

"အေးအေးဆေးဆေး လုပ်ပါ... ပြဿနာ မရှိပါဘူး အလောတကြီး လုပ်စရာ မလိုပါဘူး"

ကျန်းမေ့ က ညပိုင်းတွင်လည်း လာမည် မဟုတ်သဖြင့် ရွှီယန်က ညစာကို ကိုယ်တိုင် စီစဉ်ရမည် ဖြစ်လေသည်။

တိုက်ဆိုင်စွာပင် သူ၏ ဟင်းချက်စွမ်းရည်က အတော်လေး ကောင်းမွန်လေသည်။ နိုင်ငံတော် အဆင့်မီ ဟင်းလျာများကို မချက်ပြုတ်နိုင်သော်လည်း နေ့စဉ်စား ဟင်းလျာ အချို့ကိုတော့ လုံးဝ ပြဿနာ မရှိဘဲ ချက်ပြုတ်နိုင်လေသည်။

ရွှီယန်က ရေချိုးပြီးနောက် သက်သောင့်သက်သာ ရှိသော အဝတ်အစားများကို လဲလှယ် ဝတ်ဆင်လိုက်လေသည်။

သူက ဂိုဒေါင်ထဲမှ စက်ဝိုင်းပုံ မီးဖိုငယ် တစ်ခုကို ထုတ်ယူကာ မီးသွေးများ ထည့်လိုက်ရာ မကြာမီမှာပင် မီးဖိုက ပူလာလေသည်။

ထို့နောက် သူက အကင်စင် တစ်ခုကို ထပ်မံ ထုတ်ယူကာ မီးသွေး အချို့ ထပ်ထည့်လိုက်လေသည်။

ရွှီယန်က ဗီဒီယို တစ်ခု ရိုက်ကူးရန် ရည်ရွယ်ထားသော်လည်း နောက်ပိုင်းတွင် စဉ်းစားကြည့်ပြီး တိုက်ရိုက်ထုတ်လွှင့်မှု ဖွင့်ကာ အားလုံးနှင့် ခဏတာ စကားစမြည် ပြောဆိုရန် ဆုံးဖြတ်လိုက်လေသည်။

မည်သို့ပင်ဖြစ်စေ တိုက်ရိုက်ထုတ်လွှင့်မှု အကြောင်းအရာများကိုလည်း ဗီဒီယို အဖြစ် ပြန်လည် အသုံးပြုနိုင်လေသည်။

မကြာမီမှာပင် ဒရုန်းက လွှတ်တင်သွားပြီး လေထဲတွင် ဝဲပျံကာ ရွှီယန်ကို အပေါ်မှနေ၍ ရိုက်ကူးနေလေသည်။

ဤတစ်ကြိမ်တွင် ဒရုန်းက သိပ်မမြင့်လှဘဲ ခြံဝင်းထဲရှိ မြင်ကွင်းများကို ရှင်းလင်းစွာ ရိုက်ကူးနိုင်လေသည်။

ကွန်ရက်သုံးစွဲသူများက တိုက်ရိုက်ထုတ်လွှင့်မှု အတွင်းသို့ အသီးသီး ဝင်ရောက်လာကြလေသည်။

"လောင်ရွှီ ဘာလို့ တိုက်ရိုက်ထုတ်လွှင့်မှု ပြန်ဖွင့်တာလဲ"

"အချိန်ပို ဆင်းတာလား... လူစားထိုးထားတာလား"

"ဒါ မင်းပုံစံ မဟုတ်ဘူးနော်"

ရွှီယန်က ပြုံးကာ ရှင်းပြလိုက်လေသည်။

"ဒီနေ့ တောင်ပေါ်မှာ မှိုတွေ တူးလာတယ်လေ... ညကျရင် မှိုဟင်း ချက်စားတာကို တိုက်ရိုက်ထုတ်လွှင့်မလို့"

"အားလုံးကို ကျွန်တော့်ရဲ့ ဟင်းချက်စွမ်းရည်ကို ပြသချင်လို့ပါ"

"ဒီအိုးထဲမှာ တည်ထားတာက ကြက်သားနဲ့ မှိုပါ"

"ကြက်သားကို ရေနွေးဖျောပြီး ကြက်သွန်မြိတ်၊ ဂျင်း၊ ကြက်သွန်ဖြူ တို့နဲ့ ဆီသတ်ထားတယ်... ပြီးတော့ ပဲငံပြာရည်၊ ခရုဆီ တို့နဲ့ အရောင်တင်ထားတယ်"

"မှိုတွေကိုလည်း သန့်ရှင်းရေး လုပ်ပြီး အခု အိုးထဲမှာ တည်ထားတယ်"

ရွှီယန်က မီးဖိုပေါ်ရှိ မြေအိုးကို အားလုံးအား ပြသလိုက်လေသည်။

သူက အိုးအဖုံးကို ဖွင့်လိုက်ရာ အဖြူရောင် အခိုးအငွေ့များ ထွက်ပေါ်လာလေသည်။

အထဲတွင် အညိုရောင် ကြက်သားများက တပွက်ပွက် ဆူပွက်နေလေသည်။

ယခုအချိန်က ညနေစောင်း နေဝင်ချိန် ဖြစ်လေသည်။

ရွှီယန်က ခုံအသေးလေး တစ်လုံးပေါ်တွင် ထိုင်ကာ မီးဖိုနှင့် အကင်စင်ကို ပြင်ဆင်နေပြီး အလွန် လွတ်လပ် ပေါ့ပါးနေပုံ ရလေသည်။

"ကြက်သားနဲ့ မှိုဟင်းက ကျွန်တော်တို့ ဆီမှာ အရမ်း နာမည်ကြီးတဲ့ ဟင်းတစ်ခွက်ပါ... ကြက်သားရဲ့ မွှေးပျံ့တဲ့ အနံ့နဲ့ မှိုရဲ့ မွှေးပျံ့တဲ့ အနံ့က ပေါင်းစပ်သွားရင် စားချင်စိတ်ကို အရမ်း ဖြစ်ပေါ်စေတယ်"

"ကြက်သားကို နူးအိနေအောင် တည်ရမယ်... အရိုးကနေ အလွယ်တကူ ကျွတ်ထွက်သွားတဲ့ အထိ တည်ရမယ် ဖွဖွလေး ကိုက်လိုက်တာနဲ့ ကျွတ်ထွက်သွားအောင် လုပ်ရမယ်"

ရွှီယန်က ကြက်သားနှင့် မှိုဟင်း၏ အရသာရှိပုံကို ရှင်းပြနေလေသည်။

ထိုအချိန်မှာပင် ဘေးနားမှ "ကျွိကျွိကျွိ" ဟူသော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာလေသည်။

ရွှီယန်က အနောက်သို့ လှည့်ကြည့်လိုက်ရာ မည်သည့်အချိန်က ကြက်ခြံထဲမှ ထွက်လာမှန်း မသိသော ကြက်ပေါက်လေး တစ်ကောင်က လယ်ယာခြံဝင်း၏ ကွက်လပ်သို့ ရောက်ရှိလာပြီး ရွှီယန် ရှိရာဘက်သို့ သိချင်စိတ်ဖြင့် လှမ်းကြည့်နေသည်ကို တွေ့လိုက်ရလေသည်။

"လခွီး"

"ကြက်တစ်ကောင် ဘယ်လိုလုပ် အပြင်ရောက်နေတာလဲ"

"မင်းက ကြက်သားနဲ့ မှိုဟင်းကို စားချင်လို့လား ဒါမှမဟုတ် ကြက်သားနဲ့ မှိုဟင်း ဖြစ်ချင်လို့လား"

ရွှီယန်က အနည်းငယ် အံ့အားသင့်စွာဖြင့် ပြောလိုက်လေသည်။

ကွန်ရက်သုံးစွဲသူများက သူ၏ စကားကို ကြားသောအခါ ချက်ချင်း ရယ်မောလိုက်ကြလေသည်။

ဤမြင်ကွင်းက တကယ်ကို ရယ်စရာ ကောင်းလှပေသည်။

"ဟားဟားဟား... တကယ်ကြီး ကြက်တစ်ကောင် ပြေးလာတယ်"

"ကြက်ပေါက်လေး - မင်း ဘာစားနေတာလဲ... ငါ မေးနေတယ်လေ မင်း ဘာစားနေတာလဲလို့"

"ကြက်ပေါက်လေး - ငါ့ဒုတိယ အဒေါ်ကြီးရဲ့ အနံ့ကို ရလို့ လာကြည့်တာ"

"လောင်ရွှီ... အချိန်ကိုက် ရောက်လာတာပဲ သူ့ကိုပါ တစ်ခါတည်း အိုးထဲ ထည့်တည်လိုက်တော့"

မှတ်ချက်များက ချက်ချင်းပင် စည်ကားလာကြလေသည်။

All Chapters