အခန်း ၇၆
Vol. 8 Ch. 76
အခန်း (၇၆) ကြီးလာရင် တောင်ပိုင်နတ်ကြီး လုပ်ရမယ်
မနက်ပိုင်းတွင် ရွှီယန်က လူအနည်းငယ်ကိုခေါ်ကာ တောင်ပေါ်တက်၍ တောင်ပိုင်နတ်ကွန်းငယ်လေးတစ်ခု တည်ဆောက်ရန် ရည်ရွယ်လိုက်သည်။
နတ်ကွန်းဆောက်ရသည်မှာ မခက်ခဲလှပေ။ အိမ်ငယ်လေးတစ်လုံး တည်ဆောက်ပြီး အမိုးမိုးလိုက်ရုံသာ ဖြစ်သည်။
အိမ်ငယ်လေး၏ အလယ်တွင် အခေါင်းပေါက်ဖြစ်ပြီး အတွင်း၌ ကျောက်တုံးဖြင့်ပြုလုပ်ထားသော တောင်ပိုင်နတ်ကမ္ပည်းပြားတစ်ခု ထားရှိမည်ဖြစ်သည်။ နေရာကိုလည်း သူ ရှာထားပြီးဖြစ်ရာ နေရောင်ရသော တောင်ကြောတစ်ခုပေါ်တွင် ဖြစ်သည်။
လူတစ်စု တောင်ပေါ်သို့ရောက်လာကြပြီး အလုပ်များသွားကြတော့သည်။
ထိုလူများကို ရွှီယန်က ငွေပေး၍ ငှားရမ်းထားခြင်းဖြစ်ပြီး အလုပ်ကြမ်းမဟုတ်သဖြင့် တစ်ယောက်လျှင် ယွမ် ၂၀၀ ပေးရသည်။
နတ်ကွန်းတည်ဆောက်ရာတွင် ငွေကုန်ကြေးကျရှိသည်မှာ သဘာဝပင်။ ယခင်က ရွာထဲတွင် နတ်ကွန်းဆောက်ခြင်း သို့မဟုတ် ပြုပြင်မွမ်းမံခြင်းများ ပြုလုပ်ပါက အချမ်းသာဆုံး အိမ်ထောင်စုများကိုသာ သွားရောက်အကူအညီတောင်းလေ့ရှိပြီး ဤကဲ့သို့ ကုသိုလ်ရမည့်ကိစ္စမျိုးအတွက် သူတို့ကလည်း လိုလိုလားလား ငွေထုတ်ပေးတတ်ကြသည်။
ရွှီယန် တည်ဆောက်မည့် တောင်ပိုင်နတ်ကွန်းမှာ မကြီးမားလှဘဲ ကမ္ပည်းပြားတစ်ခုသာ ထားနိုင်မည့် နတ်ကွန်းငယ်လေးတစ်ခုသာ ဖြစ်သည်။
အလုပ်လုပ်မည့်သူ စုစုပေါင်း သုံးယောက်ရှိပြီး အားလုံးမှာ ရွာထဲမှ ပန်းရန်ဆရာများ ဖြစ်ကြသည်။ ရွာသားများ အိမ်ဆောက်တိုင်း သူတို့ပါဝင်လေ့ရှိရာ နတ်ကွန်းငယ်လေးတစ်ခု တည်ဆောက်ရန်မှာ သူတို့အတွက် မခက်ခဲလှချေ။
ထိုစဉ် ရွှီယန်က အဝေးမှနေ၍ ကျားသစ်နှစ်ကောင် ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။
ထိုကျားသစ်များက ဤတောင်တောထဲတွင် နေထိုင်ကြပြီး တောင်တစ်လုံးလုံးမှာ ၎င်းတို့၏ ပိုင်နက်နယ်မြေဖြစ်သည်။ နေ့စဉ် မိခင်ကျားသစ်မကြီးက ကျားသစ်ပေါက်လေးကိုခေါ်ကာ ပိုင်နက်ကို လှည့်လည်ကြည့်ရှုလေ့ရှိပြီး အမဲလိုက်နည်းကိုပါ တစ်ပါတည်း သင်ကြားပေးလေ့ရှိသည်။ အဓိကအားဖြင့် တောကြက်များနှင့် ယုန်များကို ဖမ်းဆီးခြင်းဖြစ်သည်။
"ဟာ... ကျားသစ်... ကျားသစ်တွေဟ"
အလုပ်သမားတစ်ယောက်က ကျားသစ်များကို မြင်လိုက်ရသဖြင့် လန့်ဖျပ်သွားသည်။
ကျားသစ်နှစ်ကောင်မှာ သူတို့နှင့် မီတာတစ်ရာကျော်ခန့်အကွာ သစ်ပင်များကြားတွင်ရှိနေပြီး ဤဘက်သို့ လှမ်းကြည့်နေကြ၏။
ကျန်လူများကလည်း ကျားသစ်များကို မြင်လိုက်ရသဖြင့် ချက်ချင်းပင် မလှုပ်ရဲတော့ချေ။
"ကိစ္စမရှိဘူး... ကိစ္စမရှိဘူး... ကျွန်တော့်ဆီ လာကြတာ... ကျွန်တော် သူတို့ကို ကယ်ဖူးတော့ သူတို့က ကျွန်တော်နဲ့ ခင်နေတာလေ"
ရွှီယန်က လက်ထဲမှအလုပ်ကိုချထားလိုက်ပြီး အမြန်ပြောလိုက်သည်။
"ဦးလေးတို့ ဆက်လုပ်ကြနော်... ကျွန်တော် သွားကြည့်လိုက်ဦးမယ်"
ရွှီယန်က ကျားသစ်များဆီသို့ လျှောက်သွားလိုက်သည်။
ရွာထဲမှ ပန်းရန်ဆရာသုံးယောက်မှာ ဤမြင်ကွင်းကိုကြည့်ရင်း ချက်ချင်းပင် ဘာလုပ်ရမှန်း မသိတော့ပေ။
"တကယ့် ကျားသစ်တွေပဲဟ"
"ရှောင်ရွှီ ကယ်ထားဖူးတယ်လို့ ကြားတယ်... အဲဒါကြောင့် ကျားသစ်တွေက သူနဲ့ ခင်နေတာနေမှာပေါ့"
"တော်တော်အံ့သြစရာပဲ... ကျားသစ်တွေ ဒီလိုနေတာ ငါ ပထမဆုံးအကြိမ် မြင်ဖူးတာပဲ"
ထိုသုံးယောက်မှာ အလုပ်လုပ်နေရင်း ရွှီယန်တို့ဘက်သို့ အကဲခတ်နေကြသည်။
ယခုအချိန်တွင် ရွှီယန်က ကျားသစ်နှစ်ကောင်အနီးသို့ ရောက်နေပြီဖြစ်သည်။ ကျားသစ်ပေါက်လေးက ပျော်ရွှင်စွာ ပြေးလာပြီး ရွှီယန်၏ ခြေသလုံးနားတွင် ဟိုဟိုဒီဒီ ခုန်ပေါက်နေ၏။ အကောင်ပေါက်လေးက အလွန်တက်ကြွနေသည်။
မိခင်ကျားသစ်မကြီးကတော့ သက်သောင့်သက်သာဖြင့် ဘေးစောင်းလှဲချလိုက်ပြီး ခေတ္တခဏ ငြိမ်းချမ်းမှုကို ခံစားနေသည်။
သူကိုယ်တိုင် ကလေးထိန်းရချိန်တွင် ပတ်ဝန်းကျင်ရှိ လှုပ်ရှားမှုများကို အချိန်တိုင်း သတိထားနေရပြီး ဤအကောင်ပေါက်လေး အန္တရာယ်တစ်ခုခုနှင့် ကြုံတွေ့မည်ကို စိုးရိမ်နေရသည်။ မည်သို့ပင်ဖြစ်စေ သားရဲတိရစ္ဆာန်ငယ်လေးများ၏ တိုက်ခိုက်နိုင်စွမ်းမှာ အားနည်းသဖြင့် အခြားအကောင်များ၏ သားကောင်ဖြစ်သွားနိုင်သည်မဟုတ်ပါလား။
ယခု ရွှီယန် ဤနေရာတွင်ရှိနေပြီဖြစ်ရာ သူမက ဘာမှဂရုမစိုက်တော့ဘဲ တိုက်ရိုက်ပင် လှဲချလိုက်တော့သည်။
ရွှီယန်က ကျားသစ်ပေါက်လေးကို ပွေ့ချီလိုက်သည်။
"ပိုကြီးလာပြန်ပြီပဲ... ကြီးတာ မြန်သားပဲ"
"ဘယ်အချိန် လူကြီးဖြစ်လာမလဲ... လူကြီးဖြစ်လာရင် ဒီတောင်ရဲ့ တောင်ပိုင်နတ်ကြီး လုပ်ရမယ်နော်"
"ငါ မင်းကို ပူဇော်ပသပေးထားမယ်"
ကျားသစ်ပေါက်လေးကလည်း ပျော်ရွှင်စွာဖြင့် အောင်အာင် အော်မြည်နေသည်။
ယခုအချိန်တွင် ရှောင်ဟွာလေးမှာ စံပြ မှီခိုကျားသစ်လေး တစ်ကောင်ဖြစ်နေသည်ကို ရွှီယန် သတိမထားမိသေးချေ။ နောက်ထပ် လအနည်းငယ်ကြာ၍ မိခင်ကျားသစ်မကြီးက အကောင်ပေါက်လေး ကိုယ်တိုင် အသက်ရှင်ရပ်တည်နိုင်ပြီဟု ယူဆပါက ရှောင်ဟွာကို မောင်းထုတ်တော့မည်ဖြစ်သည်။ ထိုအခါ ရှောင်ဟွာက ရွှီယန်ထံသို့ တကယ်ပင် လာရှာလိမ့်မည်ဖြစ်သည်။
ရွှီယန်က ကျားသစ်၏ ထူထဲသော လက်သည်းများကို ညှစ်ကြည့်လိုက်သည်။ ဤလက်သည်းများက တကယ်ကို ကြီးမားထူထဲလှပြီး ကြောင်လက်သည်းများထက် အများကြီး ပိုကြီးသည်။ ခန္ဓာကိုယ်ပေါ်ရှိ အစက်အပြောက်များကလည်း လှပနေ၏။ စမ်းကြည့်ရသည်မှာ အလွန်နူးညံ့နေသည်။
သူက ဤနေရာတွင် ကျားသစ်လေးကို စရင်း ပေါ့ပေါ့ပါးပါး အနားယူနေလိုက်သည်။
မလှမ်းမကမ်းမှ ပန်းရန်ဆရာများကတော့ အနည်းငယ် စိတ်လှုပ်ရှားနေကြပြီး အလုပ်လုပ်နေရင်း ဤဘက်သို့ အကဲခတ်နေကြသည်။ မိခင်ကျားသစ်မကြီး အေးချမ်းစွာ လှဲလျောင်းနေသည်ကို မြင်လိုက်ရမှသာ သူတို့ အနည်းငယ် သက်ပြင်းချနိုင်သွားကြသည်။
"ငါကြားဖူးတယ်... ရှောင်ရွှီက ကျားသစ်မွေးထားလို့ ရဲစခန်းကလူတွေတောင် လာစစ်ဆေးသေးတယ်တဲ့... ဒါပေမဲ့ ဥပဒေနဲ့အညီဖြစ်နေတော့ သူတို့လည်း ဘာမှလုပ်လို့မရဘူးလေ"
ပန်းရန်ဆရာတစ်ယောက်က စကားစလိုက်သည်။
"တော်တော်စွမ်းတာပဲ... တောရိုင်းကျားသစ်ကို ဒီလိုဖြစ်အောင် မွေးနိုင်တယ်ဆိုတော့"
ဘေးမှလူကလည်း ထောက်ခံလိုက်သည်။
ကျားသစ်များရှိနေသဖြင့် သာမန်လူများလည်း ဤတောင်နားသို့ မကပ်ရဲကြချေ။
'တောင်ခြေမှာ သတိပေးဆိုင်းဘုတ်တစ်ခုလောက် သွားလုပ်စိုက်ထားမှပဲ... သားရဲတွေရှိတယ်... တောင်ပေါ်မတက်ရလို့ ရေးထားရမယ်'
ရွှီယန်က စိတ်ထဲမှ တွေးလိုက်သည်။
ချန်ပိုင်တောင်တန်း ပတ်ဝန်းကျင်ဒေသများတွင် ဤကဲ့သို့သော သတိပေးဆိုင်းဘုတ်များစွာ ရှိသည်။ ကျားများနှင့် ကျားသစ်များ ပေါ်လာဖူးသော နေရာတိုင်းတွင် သတိပေးဆိုင်းဘုတ်များ စိုက်ထူထားတတ်ကြသည်။ ၎င်းမှာ လူများကို ထိုကဲ့သို့သောနေရာများတွင် အချိန်မဖြုန်းကြရန် သတိပေးခြင်းလည်း ဖြစ်သည်။
ကျားသစ်လေးနှင့် ခဏမျှ ကစားပြီးနောက် ရွှီယန်က အလုပ်သွားလုပ်ရဦးမည်ဖြစ်သည်။
ကျားသစ်လေးက ရွှီယန်နှင့်သာ ရင်းနှီးပြီး အခြားသူများအနီးသို့ မကပ်ပေ။ ၎င်း၏ သတိထားမှုက အလွန်အားကောင်းလှသည်။ ဤသည်မှာလည်း ကောင်းသောကိစ္စပင် ဖြစ်သည်။
ရှောင်ဟွာလေးက တုံးအအ ဒရယ်ပြောက်လေးကဲ့သို့ လူသားများအပေါ် လုံးဝ သတိမထားဘဲနေမည်ကို ရွှီယန် စိုးရိမ်နေခဲ့သေးသည်။ ယခုကဲ့သို့ အခြေအနေက အတော်လေးကောင်းမွန်လှပြီး မိခင်ကျားသစ်မကြီး၏ သင်ကြားမှုက တကယ်ကို ထိရောက်လှပေသည်။
ရွှီယန်က ပန်းရန်ဆရာသုံးယောက်နှင့်အတူ တောင်ပိုင်နတ်ကွန်းကို ဝင်ရောက်တည်ဆောက်လိုက်သည်။ နတ်ကွန်းငယ်လေးသာ ဖြစ်သဖြင့် တည်ဆောက်ရသည့် အမြန်နှုန်းမှာ အလွန်မြန်ဆန်လှသည်။ ခဏအကြာတွင် နတ်ကွန်းမှာ ပုံပေါ်လာတော့သည်။ ရိုးရှင်းသော်လည်း လေလုံမိုးလုံတော့ ရှိပေသည်။
ဤတောင်တွင် တောင်ပိုင်နတ် ရှိမရှိကိုတော့ မသိရပေ။ သို့သော် နတ်ကွန်းတစ်ခု တည်ဆောက်ခြင်းမှာ စိတ်ပိုင်းဆိုင်ရာ အားကိုးရာတစ်ခုကို ရှာဖွေခြင်းသာ ဖြစ်သည်။
နတ်ကွန်းအပြည့်အစုံ တည်ဆောက်ပြီးစီးသွားချိန်တွင် သေချာကြည့်လိုက်ပါက အိမ်ငယ်လေးထဲ၌ တောင်ပိုင်နတ်ကမ္ပည်းပြားတစ်ခုကို ထောင်ထားပြီး ၎င်းအပေါ်တွင် တောင်ပိုင်နတ်နေရာ ဟူသော စာလုံးလေးလုံးကို ပုံမှန်စာလုံးပုံစံဖြင့် ထွင်းထုထားသည်။
ယေဘုယျအားဖြင့် အတွင်း၌ တောင်ပိုင်နတ်ရုပ်ပုံတစ်ပုံကို ချိတ်ဆွဲထားလေ့ရှိသော်လည်း ရုပ်ပုံများက အချိန်ကြာလာလျှင် အရောင်ကျွတ်သွားတတ်သဖြင့် ရွှီယန်က မချိတ်ဆွဲတော့ပေ။ တောင်ပိုင်နတ်ကွန်းကို ကြည့်ရသည်မှာ မဆိုးလှချေ။ နတ်ကွန်း ပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက် တောင်တစ်လုံးလုံး၏ ခံစားချက်က ချက်ချင်းပင် ကွာခြားသွားတော့သည်။
"ကောင်းပြီ... ပင်ပန်းသွားကြပြီ... ပစ္စည်းတွေသိမ်းပြီး ပြန်ကြရအောင်ဗျာ"
ရွှီယန်က ပြုံးရင်း ပြောလိုက်သည်။
ထိုသုံးယောက်လည်း ချက်ချင်းပင် ပစ္စည်းများကို စတင်သိမ်းဆည်းကြတော့သည်။ ရွှီယန်က မလှမ်းမကမ်းမှ ကျားသစ်များကို တစ်ချက်လှမ်းကြည့်လိုက်ပြီး လျှောက်သွားကာ ကျားသစ်နှစ်ကောင်ကို နှုတ်ဆက်လိုက်သည်။
"ကောင်းပြီ... မင်းတို့နှစ်ကောင် ဒီမှာပဲ နားနေကြတော့... ဒီတောင်ပေါ်မှာ တောကြက်တွေ ယုန်တွေ အများကြီးရှိတယ်ဆိုတော့ မင်းတို့ အသက်ရှင်ဖို့ လောက်ငမှာပါ"
"ငါ ပြန်တော့မယ်နော်"
ရွှီယန်က ကျားသစ်ပေါက်လေး၏ ခေါင်းကို ပွတ်သပ်ပေးလိုက်ပြီး ကျားသစ်မကြီး၏ တင်ပါးကို ပုတ်လိုက်ကာ မတ်တတ်ရပ်၍ လှည့်ထွက်လာခဲ့သည်။
ကျားသစ်နှစ်ကောင်က ရွှီယန် ထွက်သွားသည်ကို လိုက်ကြည့်နေကြ၏။ ထို့နောက် မိခင်ကျားသစ်မကြီးက မြက်ခင်းပေါ်တွင် ဆက်လက်လှဲလျောင်း အနားယူနေပြီး ကျားသစ်ပေါက်လေးကတော့ သူမ၏ မျက်နှာပေါ်တွင် စတင်ဆော့ကစားနေတော့သည်။
လူတစ်စုက အပြင်သို့ ဆက်တိုက်ထွက်လာခဲ့ကြသည်။ တိုက်ဆိုင်ချင်တော့ အပြန်လမ်းတွင် ရွှီယန်က လမ်းဘေး၌ သတ္တိကောင်းသော နှင်းခွေးလေး (မြွေပါ) တစ်ကောင်ကို တွေ့လိုက်ရသည်။
ဤအကောင်များက ရိုးရာပုံပြင်များထဲတွင် အမြဲတမ်း နတ်ဆိုးအသွင်ဖြင့် ပေါ်လာတတ်ရာ အချိန်ကြာလာသောအခါ လူအများစုက နှင်းခွေးများကို အလွန်စွမ်းသည်ဟု ထင်မှတ်လာကြသည်။ တကယ်တမ်းတွင် ၎င်းတို့မှာ ဝီဆယ်မျိုးရင်းဝင် တိရစ္ဆာန်များဖြစ်ပြီး အသားစားကာ အမဲလိုက်နိုင်စွမ်း အလွန်ကောင်းမွန်သော ယုန်များနှင့် ကြွက်များကို သတ်ဖြတ်သူများသာ ဖြစ်သည်။
"ဟေ့ ကြည့်စမ်း... ဟွမ်တာ့ရှန်း ပါလား"
"အာဟ... တောင်ပိုင်နတ်ကွန်း ဆောက်ပြီးတာနဲ့ ဟွမ်တာ့ရှန်းက ဆုလာတောင်းနေတာပဲဟ"
"ဒီတောင်က နည်းနည်းတော့ စွမ်းတယ်နော်"
ပန်းရန်ဆရာများက ရယ်မောရင်း ပြောလိုက်ကြသည်။
ရွှီယန်က ထို ဟွမ်တာ့ရှန်း ကို ကြည့်လိုက်ရာ ဤအကောင်လေးမှာ မျက်နှာပေါက် ရှင်းသန့်ပြီး အတော်လေး ချစ်စရာကောင်းသည်ဟုသာ ခံစားရသည်။ သို့သော် စိတ်ထဲတွင်တော့ အနည်းငယ် ကာကွယ်လိုစိတ် ဖြစ်ပေါ်လာပြီး အိမ်ပြန်ရောက်လျှင် ကြက်ခြံ၏ ခြံစည်းရိုးကို သွားစစ်ဆေးရမည်ဟု တွေးလိုက်သည်။ ဤအကောင်လေး ခိုးဝင်သွား၍တော့ မဖြစ်ပေ။
သို့သော် နှင်းခွေးကသာ ကြက်ခြံထဲ ဝင်ချင်ပါက နံရံပေါ် တက်၍လည်း ဝင်နိုင်သဖြင့် တားဆီးရန် အမှန်တကယ် ခက်ခဲလှသည်။ ဤအကောင်လေး လယ်ယာခြံဝင်းထဲသို့ လာရောက် မနှောင့်ယှက်ပါစေနှင့်ဟုသာ မျှော်လင့်ရတော့မည်။
နှင်းခွေးလေးက ရွှီယန်ကို နှစ်ချက်ခန့် ကြည့်လိုက်ပြီးနောက် ခုန်ပေါက်ကာ ပြေးထွက်သွားတော့သည်။ ရိုးရာပုံပြင်များထဲကဲ့သို့ ဆုတောင်းလာတောင်းသည့် အဖြစ်အပျက်မျိုးလည်း မပေါ်လာခဲ့ချေ။
သို့သော် အရှေ့မြောက်ဒေသရှိ နတ်ငါးပါးတွင် ဟွမ်တာ့ရှန်း ကလည်း အလွန်နာမည်ကြီးလှသည်။ ဤအကောင်ကို အမြဲတမ်း တွေ့ရလေ့မရှိရာ ယခု တစ်ကောင်တွေ့လိုက်ရသည်မှာ အတော်လေး ထူးဆန်းနေ၏။ တောင်ပိုင်နတ်ကွန်း၏ ဝိညာဉ်ရေးရာ စွမ်းအင်များနှင့် တကယ်ပင် သက်ဆိုင်နေနိုင်ပေသည်။
ရွှီယန်က လယ်ယာခြံဝင်းဆီသို့ တောက်လျှောက် ပြန်လာခဲ့သည်။ ပထမဆုံးလုပ်သည့်ကိစ္စမှာ ကြက်ခြံနှင့် ဘဲခြံ၏ အခြေအနေများကို စစ်ဆေးလိုက်ခြင်းပင်။ ဘာပဲဖြစ်ဖြစ် ကြိုတင်ကာကွယ်ထားရမည် မဟုတ်ပါလား။
'ကြောင်တစ်ကောင်လောက် မွေးထားမှဖြစ်မယ်... ချီလင်းကြောင်ဆိုရင်တော့ အကောင်းဆုံးပဲ... ရန်ဖြစ်လည်းနိုင်တယ်... ကြွက်လည်း ဖမ်းနိုင်တယ်... ဝီဆယ်မျိုးရင်းဝင် တိရစ္ဆာန်တွေကိုလည်း ဖမ်းနိုင်တယ်လေ'
'နှင်းခွေးတို့ ရှယ်ဘယ်လ်နှင်းခွေးတို့ဆိုရင် အနားမကပ်ရဲတော့ဘူးပေါ့'
ရွှီယန်က စိတ်ထဲမှ တွေးလိုက်သည်။
မာလီနွိုက်ခွေးနှင့် ရှောင်ဟေးက အိမ်စောင့်ပေးနိုင်သော်လည်း အသားစား သတ္တဝါများထဲတွင် ကြောင်မျိုးရင်းဝင်များနှင့် ဝီဆယ်မျိုးရင်းဝင်များက အလွန်လျင်မြန်သွက်လက်လှပြီး အားလုံးမှာ မွေးရာပါ အမဲလိုက်သမားများ ဖြစ်ကြသည်။
ဝီဆယ်မျိုးရင်းဝင် တိရစ္ဆာန်များက အလွန်စွမ်းကြသည်။ အကောင်သေးသေးလေး တစ်ကောင်က မိမိခန္ဓာကိုယ်ထက် အဆပေါင်းများစွာ ကြီးမားသော တောယုန်များကို အလွယ်တကူ အမဲလိုက် သတ်ဖြတ်နိုင်သည်။ ၎င်းတို့နှင့် ယှဉ်လိုက်ပါက ခွေးမျိုးရင်းဝင်များက အနည်းငယ် ထိုင်းမှိုင်းနေတတ်သည်။ အကယ်၍ နှင်းခွေးသာ ခိုးဝင်လာပါက ခွေးလေးနှစ်ကောင် တကယ်ပင် သတိထားမိမည် မဟုတ်ပေ။
'အိမ်စောင့် ခြံစောင့်ဖို့အတွက် ကြောင်တော့ ရှိမှဖြစ်မယ်'
'ခွေးက ကျူးကျော်ဝင်လာတဲ့ အကောင်ကြီးတွေကို သတိပေးဖို့ တာဝန်ယူပြီး ကြောင်ကတော့ ကြွက်တွေ နှင်းခွေးတွေကို စောင့်ကြည့်ဖို့ တာဝန်ယူရမှာ'
'အဲဒီလိုမှ ရမယ်'
'ဘယ်လယ်ယာခြံဝင်းမှာမဆို ကြောင်တော့ မွေးထားရတာပဲ'
ရွှီယန်က စိတ်ထဲမှ တွေးလိုက်သည်။
စောစောက ဖြတ်သွားသော နှင်းခွေးလေးမှာ သူက မြင်လိုက်ရုံဖြင့် မည်သို့ကာကွယ်ရမည်ကို စတင်တွေးတောနေပြီဟု ထင်မှတ်ထားမည် မဟုတ်ပေ။