← Chapters

အခန်း ၁၀၂

Vol. 11 Ch. 102

အခန်း ၁၀၂

Vol. 11 Ch. 102

အခန်း (၁၀၂) အချိန်ဖြုန်းရတာ မှန်ပေမယ့် တကယ် နေလို့ကောင်းတယ်

တက္ကသိုလ်ကျောင်းသား လေးယောက်က အားရပါးရ နှစ်နာရီခန့် အလုပ်လုပ်လိုက်ကြသည်။

သူတို့က ထွန်စက်မောင်းကာ မြေရိုင်းများပေါ်တွင် ပြေးလွှားနေကြပြီး အလွန် ပျော်ရွှင်နေသည့် ပုံပေါ်နေ၏။

လွတ်လပ်ခြင်း၏ အရသာပင် ဖြစ်သည်။

တစ်ပတ် ထွန်ပြီးသွားသော်လည်း သူတို့က အားမရသေးဘဲ နောက်တစ်ပတ် ထပ်ထွန်ချင်သေးသည်ဟု ဆိုလာကြ၏။

ရွှီယန်ကလည်း သေချာပေါက် သဘောတူလိုက်သည်။

အဘယ်ကြောင့်ဆိုသော် အကြိမ်များများ ထွန်ယက်လေ မြေသားပို၍ ပွယောင်းလေဖြစ်ပြီး မြေကြီးထဲရှိ ပေါင်းပင်များ၏ အမြစ်များ ပိုမို ပြတ်တောက်သွားသဖြင့် ပေါင်းရှင်းရန် ပိုမို လွယ်ကူသောကြောင့် ဖြစ်၏။

ထိုသူများက ထွန်စက်မောင်းကာ မြေထွန်ရန် ထွက်သွားကြပြန်သည်။

ရွှီယန်က ဘေးမှ ထိုင်ကြည့်နေလိုက်၏။

ချီလင်းကြောင်က ကြွက်ဖမ်းပြီးနောက် ထွက်ပြေးသွားရာ ဘယ်ရောက်သွားမှန်း မသိတော့ချေ။

လိုက်ဖ်လွှင့်နေဆဲ ဖြစ်သဖြင့် ရွှီယန်က ခွေးလေးများကို ခေါ်ကာ ခွေးလေ့ကျင့်ရေး စတင်လိုက်သည်။

ခွေးများကို များများ လေ့ကျင့်ပေးမှသာ သူတို့၏ အကျင့်စရိုက်များ ကောင်းမွန်လာမည် ဖြစ်၏။

အကယ်၍ ဒီတိုင်း လွှတ်ထားပြီး ကြီးပြင်းလာပါက နောင်တွင် မည်သို့သော အကျင့်စရိုက်မျိုး ဖြစ်လာမည်ကို မသိနိုင်ပေ။

"မကြာခင် မိုးရာသီ ရောက်တော့မယ်... ရက်အနည်းငယ်လောက် တောင်ပေါ်တက်လို့ ရမှာ မဟုတ်ဘူး"

"မိုးတိတ်သွားမှ တောင်ပေါ်တက်ပြီး ပြန်ကြည့်ရမယ်... ဆောင်းဦးရာသီ ရောက်လာတော့ တောင်ထွက်ပစ္စည်းတွေလည်း ပိုများလာပြီ"

"နွေရာသီက ဆေးပင်တွေ၊ ဂျင်ဆင်းတွေ ပိုများပြီး... ဆောင်းဦးရာသီရောက်ရင် တောသစ်သီးတွေ ဥပမာ သစ်ကြားသီးတွေ ပိုများလာတယ်"

"တောင်ပေါ် နှစ်ခေါက်လောက် သွားရင် ပိုက်ဆံ နည်းနည်းပါးပါး ရနိုင်တာပေါ့"

ရွှီယန်က ခွေးလေးနှစ်ကောင်ကို လေ့ကျင့်ပေးပြီးနောက် ပရိသတ်များကို ရှင်းပြလိုက်သည်။

သူ့စကားကို ကြားသောအခါ အားလုံးက အတော်လေး မျှော်လင့်နေကြ၏။

ယခုအခါ ရွှီယန်၏ လိုက်ဖ်အကြောင်းအရာများမှာ အဓိကအားဖြင့် နှစ်မျိုးရှိသည်။ တစ်ခုက လယ်ယာခြံဝင်း၏ နေ့စဉ်ဘဝ ဖြစ်ပြီး... နောက်တစ်ခုက တောင်ပေါ်တက်၍ တောင်ထွက်ပစ္စည်း ရှာဖွေခြင်း ဖြစ်သည်။

တောင်ပေါ်တက်သည့် အချိန်တိုင်း ကြည့်ရှုသူ အလွန်များပြားလေ့ ရှိ၏။

အဘယ်ကြောင့်ဆိုသော် တောနက်ကြီး၏ မသိနိုင်သော အရာများနှင့် အန္တရာယ်များက ပို၍ စိတ်လှုပ်ရှားစရာ ကောင်းပြီး စူးစမ်းချင်စိတ်ကို ပိုမို ဖြစ်ပေါ်စေသောကြောင့် ဖြစ်သည်။

မွန်းတည့်ချိန် ရောက်သောအခါမှသာ တက္ကသိုလ်ကျောင်းသား လေးယောက်က ထွန်စက်မောင်းကာ ပြန်ရောက်လာကြသည်။

"ခြံရှင်ကြီး... ကျွန်တော်တို့ လယ်ထွန်လို့ ပြီးသွားပြီ... ခင်ဗျားရဲ့ ထွန်စက်က တကယ် သုံးလို့ကောင်းတာပဲ"

ဝူခိုင် က ချီးကျူးလိုက်၏။

"တကယ်ကို အဆင်ပြေတယ်ဗျာ... ဒီလယ်ကွက်ကိုသာ ထွန်စက်မရှိရင် လူအားနဲ့ နှစ်ရက်လောက် ထွန်ရမှာ... ပြီးတော့ တော်တော်လည်း ပင်ပန်းမှာပဲ"

အခြား ကျောင်းသားတစ်ယောက်ကလည်း ထောက်ခံလိုက်သည်။

ရွှီယန်က အအေးခံထားသော သောက်ရေသန့်ဘူး အချို့ကို ကမ်းပေးရင်း ပြုံးကာ ပြောလိုက်သည်။

"မင်းတို့ ပင်ပန်းသွားပြီ... လယ်လုပ်ရတာက တစ်ခါတလေ ပင်ပန်းတယ်လေ... မတတ်နိုင်ဘူးပေါ့"

"ထွန်စက်ရှိတော့ နည်းနည်း ပိုအဆင်ပြေသွားတာပေါ့"

သူတို့က ရေသောက်ရင်း စကားစမြည် ပြောနေကြ၏။

"ခြံရှင်ကြီး... ခင်ဗျား ဘာစိုက်မလို့လဲ... မြက်ပဲ ဆက်စိုက်မှာလား"

တက္ကသိုလ်ကျောင်းသား လျိုဝူ က သိချင်စိတ်ဖြင့် မေးလိုက်သည်။

"အာလူး နည်းနည်း စိုက်မလို့... ဆောင်းဦးရာသီ အာလူးက ဒီအချိန်စိုက်တာ အကိုက်ပဲလေ"

ရွှီယန်က ပြန်ဖြေလိုက်၏။

"အာလူးက ကောင်းတယ်... အထွက်နှုန်းလည်း မြန်တယ်"

"ငါ ဘာလို့ အာလူး စိုက်ဖို့ မစဉ်းစားမိတာလဲ"

"ဒါပေမဲ့ ငါစိုက်ထားတဲ့ မြေပဲလည်း ပြဿနာ ရှိမှာ မဟုတ်ပါဘူး"

ဝူခိုင် က ဘေးမှနေ၍ ဝင်ပြောလိုက်ပြီး စိတ်လှုပ်ရှားစွာ ပြောဆိုနေသည်။

စိုက်ပျိုးနိုင်သော သီးနှံများ အလွန်များပြားလှပြီး ကျောင်းသားများမှာ ယခုအချိန်တွင် စိုက်ပျိုး၍ အထွက်နှုန်းရပါက အမှတ်ရသည့် အဆင့်တွင်သာ ရှိသေးသဖြင့် မည်သို့စိုက်ပျိုးရမည်ကို အဓိကထား သင်ယူနေကြခြင်း ဖြစ်၏။

နောက်ပိုင်းတွင်မှ သုတေသန အဆင့်သို့ ဝင်ရောက်ကာ မျိုးစိတ်သစ်များ ဖန်တီးရန် ကြိုးပမ်းကြမည် ဖြစ်သည်။

ရွှီယန်မှာ စိုက်ပျိုးရေး လုပ်ကိုင်နေသော လယ်ယာခြံဝင်းပိုင်ရှင် ဖြစ်ရာ သူ၏ စိုက်ပျိုးရေး စွမ်းရည်မှာ ပြောစရာ မလိုအောင်ပင် ကျွမ်းကျင်ပေသည်။

ထို့ကြောင့် အားလုံး အတူတကွ စကားပြောဆိုရသည်မှာလည်း အတော်လေး စိတ်ဝင်စားစရာ ကောင်းလှ၏။

မွန်းတည့်ချိန် ရောက်လာသဖြင့် ကျောင်းသားလေးယောက်က အိမ်ပြန်၍ ထမင်းစားရန် ပြင်ဆင်ကြသည်။ ရွှီယန်က လယ်ယာခြံဝင်းတွင် ထမင်းစားရန် ဖိတ်ခေါ်သော်လည်း လေးယောက်လုံးက ငြင်းပယ်ခဲ့ကြ၏။

လယ်ယာခြံဝင်း၏ နေ့လယ်စာမှာ ရိုးရှင်းလှပြီး ဝက်သားနှင့် ခေါက်ဆွဲပြား ဟင်းရည်ပင် ဖြစ်သည်။

ဒေသခံများ၏ ရိုးရာ ဟင်းလျာတစ်မျိုး ဖြစ်၏။

ဒေါ်လေးကျန်း၏ လက်ရာက ကောင်းမွန်ပြီး ချက်ထားသည်မှာ အလွန် အရသာရှိကာ ထမင်းနှင့် တွဲစားပါက အလွန် စားမြိန်လှပေသည်။

မွန်းလွဲပိုင်းတွင် ရွှီယန်က အာလူးစိုက်ရန် အလုပ်များနေ၏။

အာလူးမျိုးစေ့ဆိုသည်မှာ ဖြတ်တောက်ထားသော အာလူးတုံးများပင် ဖြစ်သည်။ သို့သော် အညှောက်ထွက်နေသော အာလူးများ ဖြစ်ရမည်ဖြစ်ပြီး အပေါ်အညှောက်နှင့် အောက်အညှောက် ခွဲခြားကာ အတုံးကြီး ဖြတ်မည်လား အတုံးသေး ဖြတ်မည်လား ဆိုသည်ကို ဆုံးဖြတ်ရမည် ဖြစ်၏။

စနစ်က ဆုချပေးထားသော အာလူးများမှာ ဖြတ်တောက်ပြီးသားများ ဖြစ်သဖြင့် သူကိုယ်တိုင် ဖြတ်ရန် မလိုတော့ချေ။

ရွှီယန်က ထွန်စက်ကို တိုက်ရိုက် မောင်းနှင်ကာ မျိုးစေ့ချစက်၏ အမြန်နှုန်းကို ချိန်ညှိပြီး လယ်ကွင်းထဲတွင် အာလူးများကို အားလုံး စိုက်ပျိုးလိုက်သည်။

ဤဒေသ၏ လတ္တီတွဒ်မှာ ဆိုက်ဘေးရီးယား၏ လတ္တီတွဒ်နှင့် အတော်လေး ဆင်တူ၏။

ဆိုက်ဘေးရီးယားတွင် အာလူးစိုက်ပျိုးခြင်းမှာ နာမည်ကြီးသော ဟာသတစ်ခု ဖြစ်သော်လည်း ထိုဘက်ရှိ ရာသီဥတုက ပို၍ ဆိုးရွားပြီး ဆောင်းရာသီတွင် အနှုတ် ၇၀ ဒီဂရီ အထိပင် ရောက်ရှိနိုင်ပေသည်။

ရွှီယန်၏ ဘက်တွင်တော့ အတော်လေး သက်သောင့်သက်သာ ရှိလှ၏။

အာလူးများ စိုက်ပျိုးပြီးစီးသွားသောအခါ ပထမဆုံး မိုးမရွာမီ လယ်ယာခြံဝင်းရှိ အလုပ်များ အားလုံး အခြေခံအားဖြင့် ပြီးစီးသွားခဲ့ပြီ ဖြစ်သည်။

မိုးမရွာမီ ရွှီယန်က တောင်ပေါ်သို့ တစ်ယောက်တည်း ထပ်တက်သွားပြီး ကျားသစ်ပေါက်လေး နှစ်ကောင်ကို ခေါ်ကာ ရွှေသွားကျင်ခဲ့သေး၏။

ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်၏ အသုံးပြုခွင့် အားလုံးကို အသုံးပြုခဲ့ပြီး ရွှေစေ့ ငါးစေ့ခန့် ရလာခဲ့သည်။

မိုးသည်းထန်စွာ မရွာမီ မိုးရွာမည်ကို ကြိုသိနေသကဲ့သို့ ကျားသစ်ပေါက်လေးက လယ်ယာခြံဝင်းသို့ မိုးခိုရန် ရောက်လာပြန်၏။

အပြင်ဘက်တွင် မိုးအရမ်းရွာသဖြင့် အကောင်ပေါက်လေးက မိုးမမိချင်ချေ။

မိုးရွာလိုက်ပါက ရက်အတော်ကြာ အစာမစားရဘဲ ချမ်းအေးဆာလောင်နေရမည် မဟုတ်ပါလား။

မိခင်ကျားသစ်မကြီးမှာ ဆိုးရွားသော သဘာဝ ပတ်ဝန်းကျင်နှင့် အသားကျနေပြီဖြစ်ပြီး တောရိုင်းထဲတွင်သာ နေထိုင်လိုကာ လူသားများ နေထိုင်ရာ ဧရိယာသို့ လုံးဝ အနားမကပ်ချေ။

ထို့ကြောင့် မိခင်ကျားသစ်မကြီးက လယ်ယာခြံဝင်း၏ အပြင်ဘက်မှသာ ခပ်လှမ်းလှမ်းမှ စောင့်ကြည့်နေခဲ့၏။

ကျားသစ်ပေါက်လေးက ရွှီယန်နှင့် တွေ့သွားပြီ ဖြစ်ကြောင်း အတည်ပြုပြီးနောက် တောအုပ်ထဲသို့ လှည့်ထွက်သွားတော့သည်။

ရွှီယန်က အကောင်ပေါက်လေးကို မိမိ၏ ခြံဝင်းထဲသို့ ပွေ့ချီသွားပြီး ရေချိုးပေးခြင်း... နို့တိုက်ခြင်းများ ပြုလုပ်ကာ သေချာ ပြုစုပေးလိုက်၏။

ရှောင်ဟေးက ကျားသစ်ပေါက်လေးကို မြင်သောအခါ ဝမ်းသာအားရ နှုတ်ဆက်ပြီးနောက် အကောင်လေး နှစ်ကောင်က ဟိုခုန်ဒီပေါက်နှင့် စတင် ဆော့ကစားကြတော့သည်။

တကယ်တမ်းတွင် ရှောင်ဟေးက ကျားသစ်ပေါက်လေးအပေါ် အတော်လေး လွှမ်းမိုးမှု ရှိပြီး ကျားသစ်ပေါက်လေး၏ အချို့သော အကျင့်စရိုက်များက ရှောင်ဟေး၏ လွှမ်းမိုးမှုကို ခံထားရခြင်း ဖြစ်၏။

အင်တာနက်ပေါ်တွင် နာမည်ကြီးသော (ကျားသစ်မည်း လူနာ) ကဲ့သို့ပင် ထိုကျားသစ်က ငယ်စဉ်ကတည်းက ခွေးများနှင့်အတူ ကြီးပြင်းလာသဖြင့် မျက်လုံးများက ကြည်လင်ပြီး တုံးအအဖြစ်နေကာ အနည်းငယ် အအ နိုင်သော ပုံစံမျိုး ရှိနေခြင်း ဖြစ်သည်။

အနည်းငယ်မျှ ကြောက်စရာကောင်းသော အငွေ့အသက်မျိုး မရှိချေ။

ကျားသစ်ပေါက်လေးကလည်း ဤသို့ပင်ဖြစ်ပြီး ဘယ်အချိန်ကြည့်ကြည့် အပြစ်ကင်းစင်သော မျက်နှာထားမျိုး အမြဲရှိနေတတ်၏။

ချစ်စရာလေး။

မကြာမီမှာပင် မိုးသည်းထန်စွာ ရွာသွန်းလာတော့သည်။

ရွှီယန်က အိမ်အမိုးအောက်တွင် ထိုင်ကာ လက်ဖက်ရည်ပန်းကန်ကို ယူ၍ လက်ဖက်ရည်ကြမ်း တစ်အိုး တည်ပြီး လက်ဖက်ရည်သောက်ရင်း မိုးရေများကို ငေးကြည့်နေလိုက်၏။

အတော်လေး အရသာရှိလှပေသည်။

ထိုအချိန်တွင် ဆော့ကစားနေသော အကောင်လေး နှစ်ကောင်က အလွန်အကျွံ ဆော့ကစားမိသွားပြီး ပြေးလာရင်း မတော်တဆ စားပွဲကို ဝင်တိုက်မိသွားရာ လက်ဖက်ရည်ခွက် မှောက်ကျသွားပြီး လက်ဖက်ရည်များ စားပွဲပေါ်သို့ ဖိတ်ကျကုန်တော့၏။

"ဟင်"

ရွှီယန်က မျက်မှောင်ကြုတ်လိုက်သည်။

ရှောင်ဟေးက အတော်လေး နားလည်ပြီး သူ အမှားလုပ်မိသွားကြောင်း သိလိုက်သည်နှင့် ချက်ချင်းပင် နားရွက်များကို အောက်ချကာ ဝမ်းနည်းနေသည့် အမူအရာ လုပ်ပြပြီး မျက်လုံးကို အပေါ်ပင့်ကာ ရွှီယန်ကို အကဲခတ်နေ၏။

ရှောင်ဟေး ဤသို့ လုပ်သည်ကို မြင်သောအခါ ကျားသစ်ပေါက်လေးကလည်း အတုခိုးကာ နေရာတွင်ပင် ရပ်တန့်သွားပြီး မြေပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ ဘာလုပ်ရမှန်း မသိဖြစ်နေတော့သည်။

မာလီနွိုက်ခွေးက ဤမြင်ကွင်းကို သတိထားမိသောအခါ ပျော်ရွှင်စွာ ပြေးလာပြီး ခေါင်းမော့ရင်ကော့ကာ ဘေးတွင် ရပ်နေရင်း ရွှီယန်က ရှောင်ဟေးကို ဆူပူမည်ကို စောင့်ကြည့်နေ၏။

ရွှီယန်က ဆူပူသင့်သည်များကို ဆူပူရမည် ဖြစ်ကြောင်း နားလည်ထားသဖြင့် ရှောင်ဟေး၏ ခေါင်းကို ညင်သာစွာ ပုတ်လိုက်သည်။

"ဆော့တဲ့အခါ သတိထားဦး"

"ကဲပါ... ရပါပြီ... ဆက်မဟန်ဆောင်နေနဲ့တော့"

ရွှီယန်က ပြုံးရင်း ပြောလိုက်၏။

သူ့စကား အဆုံးတွင် ရှောင်ဟေးက ချက်ချင်းပင် ပြုံးရွှင်သွားပြီး အမြီးလေးကို ပျော်ရွှင်စွာ လှုပ်ယမ်းလာတော့သည်။

ဤအကောင်လေး၏ အဓိက အကျင့်မှာ အမှားကို ချက်ချင်း ဝန်ခံသော်လည်း လုံးဝ မပြင်ခြင်းပင်။

သို့သော် အကြိမ်အနည်းငယ် ဆူပူလိုက်ပါက အနည်းငယ်တော့ ဆင်ခြင်သွားတတ်ပေသည်။

မိုးရွာသည့် နေ့ရက်များတွင် နေထိုင်ရသည်မှာ အတော်လေး သက်သောင့်သက်သာ ရှိလှ၏။

ဖန်လုံအိမ်များကို ဂရုစိုက်ရန်မှလွဲ၍ လယ်လုပ်စရာ ဘာအလုပ်မှ မရှိတော့ချေ။

ဤသည်မှာလည်း သူ ကြိုတင်၍ အလုပ်များကို အားလုံး လုပ်ဆောင်ထားခြင်းကြောင့်ပင်။

ကျန်သည့်အချိန်များတွင် အခန်းထဲတွင် အောင်းကာ ဂိမ်းကစားခြင်း... ဖုန်းကြည့်ခြင်းများဖြင့် အချိန်ဖြုန်းနေလိုက်၏။

အချိန်ဖြုန်းရတာ မှန်ပေမယ့် တကယ် နေလို့ကောင်းတယ်။

သုံးရက် ကြာပြီးနောက်...

မိုးက ရွာလိုက် တိတ်လိုက် ဖြစ်နေပြီး ယခုတော့ လုံးဝ တိတ်သွားပြီ ဖြစ်သည်။

နေရောင်ခြည်က ဖြာကျလာပြီး မိုးရေဆေးကြောခံထားရသော ချန်ပိုင်တောင်တန်းပေါ်သို့ အလင်းရောင်များ ကျရောက်လာ၏။

လယ်ယာခြံဝင်းမှာ စိုစွတ်နေသည်။

အချို့နေရာများတွင် မိုးရေများ တင်ကျန်နေသေး၏။

ကံကောင်းသည်မှာ နေထိုင်ရာ ဧရိယာ တစ်ခုလုံးက ကွန်ကရစ်လမ်းများ ဖြစ်ပြီး လယ်ယာခြံဝင်း အလယ်တွင်လည်း အဓိက လမ်းမကြီး တစ်ခု ရှိသဖြင့် ရေမဝပ်နိုင်ချေ။

မဟုတ်ပါက နေရာတိုင်းတွင် ရွှံ့ဗွက်များ ဖြစ်နေမည်သာ။

ရွှီယန်က ရာဘာဖိနပ်ရှည် ဝတ်ဆင်ကာ အပြင်ထွက်၍ လယ်ယာခြံဝင်း၏ အခြေအနေကို စစ်ဆေးကြည့်လိုက်သည်။

ရက်အနည်းငယ်သာ ကြာသေးသော်လည်း မြက်စိုက်ပျိုးထားသော ဧရိယာတွင် အစိမ်းရောင် ခပ်ရေးရေးလေး ပေါ်လာပြီ ဖြစ်၏။

မြက်များက အလွန် လျင်မြန်စွာ ကြီးထွားလာသည်။

ဤမြက်မျိုးစိတ်များက အလွန် ကောင်းမွန်ပြီး စိုက်ပျိုးပြီးပါက ရောင်းစရာလမ်းစ မရှိမည်ကို ပူစရာ မလိုချေ။

အထူးသဖြင့် ဆောင်းရာသီ ရောက်ခါနီး နောက်ဆုံး တစ်ကြိမ် ရိတ်သိမ်းသော မြက်များဆိုလျှင် ပို၍ပင် ဈေးကောင်း ရနိုင်သေး၏။

အာလူးများကတော့ အညှောက်မထွက်သေးပေ။ ယေဘုယျအားဖြင့် ၁၅ ရက်နှင့် အထက် ကြာတတ်သည်။

ဤသီးနှံ၏ အားသာချက်မှာ အလွန်အကျွံ ဂရုစိုက်ရန် မလိုဘဲ အပူချိန်နှင့် ရေဓာတ်ကို ပုံမှန်အတိုင်း ထိန်းထားပေးရုံသာ ဖြစ်၏။

မဟုတ်ပါက ဆိုက်ဘေးရီးယားကဲ့သို့ အလွန် အေးခဲသော ဒေသများတွင် အာလူး စိုက်ပျိုးနိုင်မည် မဟုတ်ချေ။ အာလူးက အသက်ရှင်ရန် အလွန် လွယ်ကူလှပေသည်။

"မဆိုးပါဘူး... ဒီမြေက နည်းနည်း ပိုမြင့်ပြီး ဘောင်လည်း တင်ထားတော့ ရေဝပ်မှာ မပူရဘူး"

"အပင်ပေါက်လေးတွေ အကုန် ရှင်တယ်"

ရွှီယန်က သက်ပြင်းချလိုက်၏။

စိုက်ပျိုးရေး လုပ်ကိုင်ရာတွင် သဘာဝဘေးအန္တရာယ် ကျရောက်လာပြီး သီးနှံများ ရုတ်တရက် ပျက်စီးသွားမည်ကို အကြောက်ဆုံး ဖြစ်သည်။ တိရစ္ဆာန် မွေးမြူရေးတွင်လည်း ထိုနည်းတူပင်။

ထို့နောက် သူက ကြက် ဘဲ ငန်း များ၏ အခြေအနေကို သွားကြည့်ရာ အားလုံး ပုံမှန်ပင် ဖြစ်၏။

ဝက်များလည်း ထိုအတိုင်းပင်ဖြစ်ပြီး တစ်ကောင်ချင်းစီက ဆူဖြိုးတုတ်ခိုင်နေကာ အလွန် အစားမက်ကြသည်။

ထိုအချိန်တွင် ရွှီယန်က မိခင်ကျားသစ်မကြီးက လယ်ယာခြံဝင်း၏ အဝေးတစ်နေရာ... တောင်ခြေဘက်တွင် ပေါ်လာသည်ကို သတိထားမိလိုက်၏။

မိခင်ကျားသစ်မကြီးက ကျားသစ်ပေါက်လေးကို လာရှာခြင်း ဖြစ်ကြောင်း သူ သိလိုက်သည်။

တားဟွာ က တာဝန်သိစိတ် အလွန်ကြီးမားပြီး ကျားသစ်ပေါက်လေး အရွယ်ရောက်သည်အထိ ပြုစုစောင့်ရှောက်မည်ဖြစ်ကာ ထိုကာလအတွင်း အမြဲတမ်း စောင့်ကြည့်နေမည် ဖြစ်၏။

ကျားသစ်များ၏ အရွယ်ရောက်ချိန်မှာ တစ်နှစ်အရွယ်ဖြစ်ပြီး ဆိုလိုသည်မှာ နောက်နှစ် မတ်လခန့်တွင် ဖြစ်ပေသည်။

"ရှောင်ဟွာ"

"ရှောင်ဟွာ"

ရွှီယန်က နှစ်ခွန်းခန့် ခေါ်လိုက်သည်။

ကျားသစ်ပေါက်လေးက ချက်ချင်းပင် ပျော်ရွှင်စွာ ပြေးလာ၏။

"မင်းအမေ လာပြီ... တောထဲ ပြန်တော့... ဟိုမှာကမှ မင်း နေသင့်တဲ့ နေရာလေ"

ရွှီယန်က အကောင်ပေါက်လေးကို ပြောလိုက်သည်။

ရှောင်ဟွာ က မိခင်ကျားသစ်မကြီးကို မြင်သောအခါ ချက်ချင်းပင် ဝမ်းသာအားရ ခြံစည်းရိုးအောက်မှ လွတ်ထွက်သွားပြီး မိခင်ကျားသစ်မကြီး ရှိရာဘက်သို့ ပြေးသွားတော့၏။

မိခင်ကျားသစ်မကြီးက အကောင်ပေါက်လေးထံ ပြေးသွားကာ အနံ့ခံကြည့်လိုက်ပြီး အခြေအနေ အားလုံး ကောင်းမွန်ကြောင်း အတည်ပြုပြီးနောက် အကောင်ပေါက်လေးကို ခေါ်ကာ တောနက်ကြီးထဲသို့ အတူတကွ ပြေးဝင်သွားကြတော့သည်။

ရွှီယန်က သူတို့နှစ်ကောင် အဝေးသို့ ထွက်သွားသည်ကို ကြည့်နေပြီးနောက် မိမိ၏ အလုပ်များကို စတင် လုပ်ဆောင်ရတော့၏။

ရာသီဥတု သာယာလာသည်နှင့် အလုပ်များလာတော့သည်။

ပေါင်းရှင်းရမည်... ပိုးသတ်ရမည်... ကြက် ဘဲ အစာကျွေးရမည်။

ထို့အပြင် လိုက်ဖ်လွှင့်ရန်လည်း စဉ်းစားရဦးမည်။

သို့သော် လုပ်စရာရှိသည်များကိုတော့ လုပ်ရမည်သာ။

ဖန်လုံအိမ်ဘက်တွင်မူ အဆင်ပြေလှသည်။ လီဆန်းက နေ့တိုင်း သွားကြည့်ပြီး ဖန်လုံအိမ် လေးလုံးလုံးကို သပ်ရပ်စနစ်ကျအောင် စောင့်ရှောက်ထား၏။

ရွှီယန် အများကြီး စိတ်ပူစရာ မလိုတော့ချေ။

စိုက်ပျိုးရေး လုပ်ကိုင်ရာတွင် စိတ်ဝင်တစား ရှိမရှိ ကြည့်ရမည်ဖြစ်ပြီး အကယ်၍ ကြိုးစားပမ်းစား စောင့်ရှောက်မည်ဆိုပါက သီးနှံများက အလွန် ကောင်းမွန်စွာ ကြီးထွားလာမည် ဖြစ်သည်။

ရွှီယန်က မျိုးစေ့ ရွေးချယ်ခြင်းနှင့် ပတ်ဝန်းကျင် ဖန်တီးပေးခြင်းတို့ကို တာဝန်ယူပြီး ဝန်ထမ်းများက ပြုစုစောင့်ရှောက်ရန် တာဝန်ယူရသဖြင့် အရာအားလုံး အဆင်ပြေနေပေသည်။

ရွှီယန်က တစ်ပတ်ခန့် လှည့်ပတ် ကြည့်ရှုလိုက်ရာ အားလုံး ပုံမှန်ဖြစ်ပြီး အသေးအမွှား အလုပ်လေးများသာ ဖြစ်ကာ စိတ်ရှုပ်စရာ ကိစ္စ ဘာမှမရှိချေ။

ဤသို့ဆိုလျှင် အကောင်းဆုံးပင်။

ထိုအချိန်တွင် မုန့်လုံးလေး နှစ်ကောင်က ပျံသန်းလာပြီး ရွှီယန်၏ ရှေ့သို့ ရောက်လာကာ တကျီကျီ နှစ်ချက် အော်မြည်လိုက်၏။

ရွှီယန်က ၎င်းတို့၏ အဓိပ္ပာယ်ကို နားလည်လိုက်ပြီး နားခိုစရာ နေရာတောင်းနေခြင်း ဖြစ်သည်။

ထို့ကြောင့် ရွှီယန်က လက်ကို ဆန့်ထုတ်ကာ အကောင်လေး နှစ်ကောင်ကို ဖမ်းယူလိုက်၏။

ငှက်များက လူများနှင့် ရင်းနှီးပါက အလွန် ချွဲတတ်ပေသည်။

၎င်းတို့က လူများ၏ လက်မောင်း သို့မဟုတ် လက်ပေါ်တွင် ရပ်နေရသည်ကို အလွန် သဘောကျကြ၏။

မုန့်လုံးလေး နှစ်ကောင်ကို ကိုင်ကြည့်ရသည်မှာ နူးညံ့ပြီး အလွန် ချစ်စရာ ကောင်းလှသည်။

ရွှီယန်က အကောင်လေး နှစ်ကောင်ကို လက်တစ်ဖက်တည်းဖြင့် ဆုပ်ကိုင်ထားရာ အဖြူရောင် သစ်ကြားသီးကြီး နှစ်လုံးကို လှိမ့်နေရသကဲ့သို့ပင်။

ဤအကောင်လေး နှစ်ကောင်၏ အလေးချိန်မှာ အလွန် ပေါ့ပါးပြီး တကယ်တမ်းတွင် ၎င်းတို့က ကြည့်ရသည်သာ ဝနေခြင်းဖြစ်ပြီး အကုန်လုံးက အမွေးများသာ ဖြစ်၏။ မုန့်လုံးလေး တစ်ကောင်၏ အလေးချိန်က အကြွေစေ့ နှစ်စေ့စာခန့်သာ ရှိပေသည်။

ရွှီယန်က အကောင်လေး နှစ်ကောင်ကို ကိုင်ကာ လယ်ယာခြံဝင်းအတွင်း လမ်းလျှောက်နေလိုက်သည်။

၎င်းတို့က လုံးဝ မကြောက်ကြဘဲ ရွှီယန်၏ လက်ထဲတွင် နေရသည့် ခံစားချက်ကိုပင် အလွန် သဘောကျနေပုံရ၏။

ရွှီယန်က တောင်ပေါ်ဘက်သို့ လှမ်းကြည့်လိုက်သည်။

မိုးရွာပြီးနောက် တောင်ထွက်ပစ္စည်းများ အမြန် ကြီးထွားလာတတ်သဖြင့် ပြင်ဆင်ပြီး တောင်ပေါ်တက်ရန် အချိန်ရောက်လာပြန်ပြီ ဖြစ်လေတော့သည်။

All Chapters