အခန်း ၁၀၈
Vol. 11 Ch. 108
အခန်း (၁၀၈) ကိုယ်တိုင်လုပ် ငါးဖမ်းကိရိယာ... မွေးရာပါ တောတွင်းရှင်သန်ရေး သခင်ကြီး
တစ်ယောက်က ရဲရဲဝံ့ဝံ့ သင်ပေးပြီး... အခြားတစ်ကောင်ကလည်း ရဲရဲဝံ့ဝံ့ သင်ယူလေသည်။
ကျားသစ်ပေါက်လေးမှာ တကယ်ပင် သစ်ပင်တက်တတ်သွားပြီ ဖြစ်သည်။
ရွှီယန်က ဤအတွက် အလွန် ကျေနပ်နေသည်။
သူက သစ်ပင်ပေါ်တွင် တုတ်ခိုင်သော သစ်ကိုင်းခွတစ်ခု ရှိနေသည်ကို မြင်လိုက်ရသဖြင့် သစ်စည်အတိုင်း အပေါ်သို့ တွယ်တက်သွားပြီး ထိုသစ်ကိုင်းခွပေါ်တွင် ရပ်လိုက်သည်။
"ရှောင်ဟွာ... တက်လာခဲ့"
ရွှီယန်က အော်ခေါ်လိုက်သည်။
ထို့နောက် ကျားသစ်ပေါက်လေးက ရွှီယန်၏ ပုံစံအတိုင်း ဘယ်ညာ လှုပ်ယမ်းကာ အပေါ်သို့ တက်လာတော့သည်။
ဤသည်မှာ ဒဏ္ဍာရီလာ လူ သင်ပေးသည့် ပုံစံ ပင် ဖြစ်သည်။
ဥပမာအားဖြင့် ပန်ဒါများဆိုလျှင် လူ သင်ပေးသည့် ပုံစံဖြင့် ဝါးစားခြင်းနှင့် အမေ သင်ပေးသည့် ပုံစံ ဖြင့် ဝါးစားခြင်းမှာ လုံးဝ ကွာခြားလှပေသည်။
အမေ သင်ပေးသည့် ပုံစံဖြင့် ဝါးစားရာတွင် ဝါးကို ခေါင်းပေါ် သို့မဟုတ် နှာခေါင်းပေါ်တွင် တင်ကာ တစ်ချက်တည်း ဖိချိုးလိုက်ရုံဖြင့် ဝါးမှာ ကျိုးသွားလေ့ရှိသည်။
လူ သင်ပေးသည့် ပုံစံဖြင့်မူ လက်ဗလာဖြင့် ချိုးရပြီး သွားတွေပေါ်အောင် ဖြဲကာ အားစိုက်ရသည့် အမူအရာမျိုး လုပ်ပြရသည်။
ပန်ဒါက တိရစ္ဆာန်ထိန်း ဘာကြောင့် သွားတွေပေါ်အောင် ဖြဲနေရသနည်းဆိုတာကို မသိသော်လည်း တိရစ္ဆာန်ထိန်း လုပ်သည်မှာ သေချာပေါက် မှန်ကန်မည်ဟု ယူဆကာ လိုက်လုပ်လေ့ရှိသည်။
ကျားသစ်ပေါက်လေးမှာ ရွှီယန်၏ သင်ကြားမှုအောက်တွင် နောက်ဆုံးတော့ သစ်ပင်တက်တတ်သွားပြီ ဖြစ်သည်။
လူတစ်ယောက်နှင့် ကျားသစ်တစ်ကောင်တို့က တုတ်ခိုင်သော သစ်ကိုင်းပေါ်တွင် ရပ်ကာ အောက်ဘက်သို့ ငုံ့ကြည့်နေကြရာ ပြောမပြတတ်လောက်အောင် နေလို့ကောင်းလှသည်။
မိခင်ကျားသစ်မကြီးက သူတို့ဘက်သို့ လှမ်းကြည့်နေသည်။
ကျားသစ်ပေါက်လေး သစ်ပင်တက်တတ်သွားသည်ကို မြင်သော်လည်း ၎င်းက ဘာမှ မတုံ့ပြန်ပေ။
ပင်ပန်းနေပြီဖြစ်ရာ ဖြစ်ချင်ရာဖြစ်ဟုသာ သဘောထားလိုက်ပုံရသည်။
ထို့နောက် ရွှီယန်က ကျားသစ်ပေါက်လေးနှင့် ခဏမျှ ဆော့ကစားနေလိုက်သည်။
ကောင်ဆိုးလေးက ဉာဏ်များပြီး ဟိုပြေးဒီပြေး လုပ်တတ်သဖြင့် အချိန်တိုင်း စောင့်ကြည့်နေရသည်။
"ကဲ... ငါပြန်တော့မယ်"
"မင်းတို့ နှစ်ကောင် ဒီမှာပဲ နေခဲ့တော့"
"ဆိုင်းဘုတ်လည်း စိုက်ထားပြီးပြီဆိုတော့ ဘယ်သူမှ မင်းတို့ကို လာနှောင့်ယှက်မှာ မဟုတ်ပါဘူး"
ကျားသစ်ပေါက်လေးနှင့် ဆော့ကစားပြီးနောက် ရွှီယန်က သူတို့နှစ်ကောင်ကို နှုတ်ဆက်လိုက်သည်။
မိခင်ကျားသစ်မကြီးက ရွှီယန်ကို မခွဲချင်မခွာရက်ဖြင့် ကြည့်နေပြီး... 'ဒီနေ့ ကလေးထိန်းပေးတာ ဒီလောက်လေးပဲလား' ဟု ပြောနေသယောင်ပင်။
ရွှီယန်က ရယ်ရခက် ငိုရခက်ဖြစ်သွားပြီး ကျားသစ်ကြီး၏ ခေါင်းကို ပွတ်သပ်ပေးလိုက်ကာ လှည့်ထွက်လာခဲ့တော့သည်။
တောင်ခြေတွင် ကြီးမားသော သတိပေးဆိုင်းဘုတ် တစ်ခု စိုက်ထူထားပြီး ကျားနှင့် ကျားသစ်များ ရှိသည် အနားမကပ်ရ ဟု ရေးသားထားသည်။
ချန်ပိုင်တောင်တန်း ဧရိယာတွင် ဤကဲ့သို့သော ဆိုင်းဘုတ်မျိုး အများအပြား ရှိပေသည်။
ဤသို့သော ဆိုင်းဘုတ်မျိုးကို မြင်ပါက လူများက အလွယ်တကူ ကားပေါ်မှ မဆင်းရဲကြပေ။
ကျားနှင့် ကျားသစ်များက မည်သည့်နေရာမှ ထွက်လာမည်ကို မသိနိုင်သောကြောင့် ဖြစ်သည်။
ရွှီယန်၏ လယ်ယာခြံဝင်းမှာ တိတ်ဆိတ်ငြိမ်သက်နေဆဲဖြစ်ပြီး ပတ်ဝန်းကျင်တွင် သစ်ပင်များ နည်းပါးသဖြင့် ငှက်အော်သံနှင့် အင်းဆက်များ၏ အော်သံများလည်း နည်းပါးလှပေသည်။
ရွှီယန်က လယ်ယာခြံဝင်းအတွင်း လှည့်လည်သွားလာနေလိုက်သည်။
ဖန်လုံအိမ်ထဲတွင် ပေါင်းအိုးထဲ ရောက်နေသကဲ့သို့ ပူအိုက်နေပြီး ဝင်သွားသည်နှင့် ချွေးများ ရွှဲနစ်သွားသဖြင့် အပြင်ဘက်က ပို၍ နေလို့ကောင်းလှသည်။
သူ့တွင် လုပ်စရာ အလုပ်မရှိသဖြင့် မွန်းလွဲပိုင်းတွင် ရွာအနောက်ဘက်ရှိ မြစ်ထဲသို့ သွားကာ ငါးဖမ်းရန် ရည်ရွယ်လိုက်သည်။
မိဘများကို ငါးပိကြော် လုပ်ခိုင်းရန် ဖြစ်သည်။
အရှေ့မြောက်ဒေသ၏ ငါးပိကြော်မှာ အလွန် နာမည်ကြီးပြီး ငါးသေးသေးလေးများကို အသုံးပြုကာ ထမင်းနှင့် တွဲစားပါက အလွန် စားမြိန်လှပေသည်။
မြစ်ထဲတွင် ငါးသေးလေးများ အများအပြား ရှိသည်။
မွန်းလွဲပိုင်း အချိန်တွင်...
ရွှီယန်က ဘဲခြံသို့ ရောက်လာခဲ့သည်။
ဘဲများက အပြင်ဘက်တွင် လူလာသည်ကို ကြားသည်နှင့် ကွိကွိကွာကွာ အော်မြည်နေကြသည်။
ရွှီယန်က သူတို့၏ အဓိပ္ပာယ်ကို နားလည်လိုက်ပြီး... ငါတို့ကို အပြင်လွှတ်ပေး ဟု ပြောနေခြင်း ဖြစ်သည်။
ဤဘဲများက အလွန် ဆော့မက်ကြသည်။
သို့သော် ဤသည်ကလည်း ကောင်းပေသည်။ ပုံမှန်အားဖြင့် ရာသီဥတု ကောင်းမွန်ပါက ဘဲများကို အပြင်သို့ လွှတ်ပေးထားလိုက်ရုံဖြင့် အစာကျွေးရန်ပင် မလိုဘဲ တစ်ကောင်ချင်းစီက ဆူဖြိုးတုတ်ခိုင်လာကြမည် ဖြစ်သည်။
ရွှီယန်က ဘဲခြံ၏ တံခါးကို ဖွင့်ပေးလိုက်သည်။
တံခါးပွင့်သွားသည်နှင့် ဘဲများက အပြင်သို့ အလုအယက် ထွက်လာကြပြီး ခေါင်းဆောင်ဘဲ တစ်ကောင်၏ ဦးဆောင်မှုအောက်တွင် အခြား ဘဲပေါက်လေးများက ၎င်း၏ အနောက်မှ တောက်လျှောက် လိုက်ပါလာကြတော့သည်။
ရွှီယန်က လိုက်ဖ်ကို ဖွင့်ကာ ဘဲများ၏ အနောက်မှ လိုက်ပါလာခဲ့သည်။
ခွေးလေး နှစ်ကောင်လည်း ပါလာသည်။
လိုက်ဖ်၏ ခေါင်းစဉ်မှာ ဒီနေ့ ဘဲပေါက်လေးတွေနဲ့ လမ်းလျှောက်ထွက်မယ် ဟု ဖြစ်သည်။
သူတို့က လယ်ယာခြံဝင်း၏ လမ်းကျဉ်းလေးမှတစ်ဆင့် တောင်ပေါ်ရှိ လမ်းမကြီးပေါ်သို့ ရောက်လာကြသည်။ ဤဒေသရှိ လမ်းမကြီးများမှာ ကျောက်ပြားများဖြင့် ခင်းထားသဖြင့် အလွန် ခိုင်ခံ့ပေသည်။
အရှည်ကြီးဖြစ်ပြီး ဘေးတစ်ဖက်တစ်ချက်တွင် မြက်ရိုင်းများ ထူထပ်စွာ ပေါက်ရောက်နေသည်။
ဘဲအုပ်က အရှေ့ဆုံးမှ သွားနေပြီး ရွှီယန်နှင့် ခွေးလေးများက အနောက်မှ လိုက်ပါလာကာ ဒရုန်းက အနောက်မှ လိုက်လံ ရိုက်ကူးနေသည်။
မြင်ကွင်းမှာ အလွန် စိတ်ဖိစီးမှု ပြေပျောက်စေသည်။
တောရွာ နေထိုင်မှုဘဝတွင် နွားကျောင်း... သိုးကျောင်းသည့်အပြင် ဘဲကျောင်းခြင်းလည်း ရှိပေသည်။
ရွှီယန်က အိတ်တစ်လုံးကို ကိုင်ဆောင်လာပြီး ထိုအိတ်ထဲတွင် သူကိုယ်တိုင် ပြုလုပ်ထားသော ကိရိယာလေးများ ပါဝင်သည်။
ဥပမာအားဖြင့် ငါးဖမ်းပိုက်... သံဗူး စသည်တို့ ဖြစ်သည်။
မကြာမီမှာပင် ဘဲများက လမ်းမကြီးပေါ်မှ ဆင်းကာ လမ်းကျဉ်းလေးအတိုင်း တောင်ပေါ်သို့ တက်သွားကြတော့သည်။
ရွှီယန်ကလည်း အေးအေးဆေးဆေးပင် လိုက်ပါသွားခဲ့သည်။
"ဒီနေ့ ငါးသေးသေးလေးတွေ နည်းနည်းလောက် ဖမ်းမလို့... ကျွန်တော်တို့ဆီမှာတော့ ငါးသွားဆယ်တယ် လို့ ခေါ်တယ်"
"အခြေခံအားဖြင့် ရှစ်လပိုင်း ကိုးလပိုင်း သစ်ရွက်တွေ ဝါလာတဲ့အချိန်ဆို မြစ်ထဲမှာ ငါးသွားဖမ်းလို့ ရပြီလေ"
"ကျွန်တော်တို့ဘက်က မြစ်အောက်ပိုင်းဆိုတော့ ငါးအများစုကို ဖမ်းလို့ရတယ်"
"ဒီနေရာက ငါးနည်းသေးတယ်... မြစ်အထက်ပိုင်း ငါးတွေ မျိုးပွားတဲ့ နေရာကို သွားရင်လေ... မြစ်တစ်စင်းလုံး အပြည့် ရှည်ရှည်မျောမျော ငါးသေးလေးတွေချည်းပဲ"
"လက်နဲ့ တစ်ချက်လောက် ခပ်လိုက်တာနဲ့ အများကြီး ပါလာတာပဲ"
"တုတ်နဲ့ရိုက်ရင် ဒရယ်တွေ သေတယ်... ခွက်နဲ့ခပ်ရင် ငါးတွေရတယ် ဆိုတဲ့ စကားက အပိုပြောတာ မဟုတ်ဘူး... မြစ်အထက်ပိုင်း နေရာတွေမှာဆိုရင် ခွက်နဲ့ ခပ်ယူလို့ ရတဲ့အထိ ငါးတွေ ပေါများတာ"
ရွှီယန်က အေးအေးဆေးဆေး ရှင်းပြနေသည်။
သူ့စကားကို ကြားသောအခါ အားလုံး၏ မျက်နှာပေါ်တွင် မျှော်လင့်တောင့်တသည့် အမူအရာများ ပေါ်လာကြသည်။
"ဟာ... ဒီလောက်တောင် ငါးတွေ များတာလား... တကယ်ကြီးလား"
"ဂေဟစနစ်က တကယ် ကောင်းတာပဲ"
"ဒီလို နေရတာလည်း တော်တော်လေး စိတ်ဝင်စားစရာ ကောင်းတယ်နော်"
"ဒီလိုဘဝမျိုးက ကြည့်နေရင်သာ ကောင်းတာ... ကိုယ်တိုင် သွားနေရင်တော့ ပျော်စရာ ကောင်းချင်မှ ကောင်းမှာ"
လိုက်ဖ်ထဲတွင် ကြည့်ရှုသူ ၄၀၀၀ မှ ၇၀၀၀ ကြားတွင် အတက်အကျ ရှိနေသည်။
လူဦးရေက အတော်လေး တည်ငြိမ်နေပြီး လေထုမှာလည်း စည်ကားနေပေသည်။
နေ့စဉ်ဘဝကို လိုက်ဖ်လွှင့်ချိန်တွင် ကြည့်ရှုသူ ၁ သောင်းခန့် ရှိလေ့ရှိပြီး တောင်ပေါ်တက်သည့် အချိန်တိုင်း ကြည့်ရှုသူ ၁ သောင်းကျော်မှ ၃ သောင်းကျော်အထိ ရှိတတ်သည်။
သူ တက်သွားသည်မှာ တောနက်ကြီးဖြစ်ပြီး သားရဲတိရစ္ဆာန်များနှင့် တွေ့နိုင်ကြောင်း အားလုံး သိထားကြသဖြင့် ကြည့်ရှုသူ အလွန် များပြားခြင်း ဖြစ်သည်။
ရွှီယန်က တောက်လျှောက် ဝင်သွားလိုက်သည်။
မကြာမီမှာပင် ရှေ့တွင် တောရေကန် တစ်ခု ပေါ်လာတော့သည်။
ရေကန်က သိပ်မကြီးလှဘဲ ရေစီးကြောင်း အချို့ ခွဲထွက်သွားကာ တောင်ခြေတွင် လွတ်လပ်စွာ စီးဆင်းနေပြီး အဝေးတစ်နေရာသို့ စီးဝင်သွားကြသည်။
ဤဒေသတွင် ရေအရင်းအမြစ်များ အလွန် ပေါများပြီး မြစ်များ၊ တောရေကန်များနှင့် တောရေအိုင်များ အများအပြား ရှိပေသည်။
"သူတို့က နေရာရှာတတ်သားပဲ... ကျွန်တော်က ရွာအနောက်ဘက်ကို သွားမယ် ထင်နေတာ"
"သူတို့ဘာသာ နေရာတစ်ခု ရှာတွေ့သွားတာပဲ"
"ဒီနေ့သာ အလုပ်မရှိလို့ သူတို့နောက် လိုက်မလာရင် ဒီနေရာကို ကျွန်တော်လည်း သိမှာ မဟုတ်ဘူး"
ရွှီယန်က ပြုံးရင်း ပြောလိုက်သည်။
ဘဲများက ရေထဲသို့ ဝင်သွားသည်နှင့် ချက်ချင်းပင် ရေမျက်နှာပြင်ပေါ်တွင် ပျော်ရွှင်စွာ ပြေးလွှားနေကြပြီး အချို့ဘဲများက ရေထဲသို့ ဒိုင်ဗင်ထိုးဆင်းသွားကာ မကြာမီ အခြားနေရာတစ်ခုမှ ပြန်ပေါ်လာကြသည်။
နေရာရွှေ့ပြောင်းနိုင်သည့် အစွမ်း ရှိနေသကဲ့သို့ပင်။
ရွှီယန်က ရေထဲသို့ လှမ်းကြည့်လိုက်သည်။
ဤနေရာရှိ ရေများကလည်း သန့်ရှင်းကြည်လင်နေသည်။
ဤနေရာရှိ ရေများက ရေရှင်များဖြစ်ပြီး မြန်ဆန်စွာ စီးဆင်းနေသဖြင့် ကြည်လင်နေခြင်း ဖြစ်သည်။ အကယ်၍ ရေစီးဆင်းမှု မရှိသော ရေကန် သို့မဟုတ် မြစ်များဆိုလျှင် ရေက စိမ်းနေတတ်ပြီး အပေါ်တွင် ရေညှိများ ဖုံးလွှမ်းနေကာ ကြည့်ရသည်မှာ ထိုမျှလောက် မသန့်ရှင်းလှပေ။
ရွှီယန်က နေရာရှာလိုက်သည်။
"ဒီနေ့ ငါးဖမ်းကိရိယာ အစုံအလင် မပါလာဘူး... ကံစမ်းကြည့်မလို့ပဲ ရည်ရွယ်ထားတာ... ငါးဖမ်းဖို့ ကိရိယာလေး နည်းနည်းတော့ ယူလာခဲ့တယ်"
ရွှီယန်က ပြောရင်းဖြင့် အိတ်ကို ဖွင့်ကာ ထိုအထဲမှ ကြီးမားသော အအေးဘူးခွံ နှစ်ဘူးကို ထုတ်ယူလိုက်သည်။
သေချာကြည့်လိုက်ရာ ထိုအအေးဘူးခွံများကို အထူး ပြုပြင်ထားကြောင်း တွေ့ရသည်။
အအေးဘူးခွံ၏ လည်ပင်းနေရာမှ ဖြတ်တောက်လိုက်ပြီး ဘူးဝကို အတွင်းဘက်သို့ လှည့်ကာ ပူးကပ်ထားခြင်း ဖြစ်သည်။
ဤသို့ဖြင့် ရိုးရှင်းသော ငါးဖမ်းထောင်ချောက် တစ်ခု ရရှိသွားပြီ ဖြစ်သည်။
"ဒါက ဘာကြီးလဲ"
"ဘာလို့ ဘူးဝက အတွင်းဘက်ကို လှည့်နေတာလဲ"
အားလုံးက အလွန် သိချင်နေကြသည်။
တောင်ပေါ်ရှိ အရာအားလုံးက ဆန်းသစ်မှုများဖြင့် ပြည့်နှက်နေသည်။
ရွှီယန်က ရှင်းပြလိုက်သည်။
"ဒါက ကျွန်တော် လုပ်ထားတဲ့ ငါးဖမ်းကိရိယာပါ... အားလုံးပဲ ဘူးအောက်ခြေကို ကြည့်လိုက်... ကျွန်တော် အသားစဉ်းတွေ အများကြီး ထည့်ထားတယ်"
"ငါးလေးတွေက ဒီအရာတွေကို အကြိုက်ဆုံးပဲလေ"
"သူတို့က အနံ့ရတာနဲ့ ဘူးဝကနေတစ်ဆင့် ဝင်လာလိမ့်မယ်... ဘူးဝမှာ ကျွန်တော် ကိရိယာလေး တစ်ခု တပ်ထားတယ်... အထဲဝင်လို့ပဲ ရတယ်... အပြင်ထွက်လို့ မရဘူး"
"ဝင်သွားတဲ့အချိန်မှာ အလွယ်တကူ တိုက်ဖွင့်လို့ ရပေမယ့် အပြင်ပြန်ထွက်ဖို့ကတော့ မဖြစ်နိုင်တော့ဘူး"
"ဒီလိုဆိုရင် ငါးလေးတွေကို အထဲမှာ ပိတ်မိသွားစေမှာပေါ့"
ရွှီယန်က ကြီးမားသော အအေးဘူးခွံကို မြှောက်ပြကာ ဘူး၏ ဖွဲ့စည်းပုံကို အားလုံးအား ပြသလိုက်သည်။
ဤအရာများမှာ သူကိုယ်တိုင် ပြုလုပ်ထားခြင်းဖြစ်ပြီး ငယ်စဉ်ကတည်းက တတ်ကျွမ်းခဲ့ခြင်း ဖြစ်သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အင်တာနက်သုံးစွဲသူများ အနည်းငယ် အံ့အားသင့်သွားကြသည်။
"လောင်ရွှီ... မင်းက တကယ် မိုက်တာပဲ... နည်းလမ်းတွေက တကယ် များတာပဲ"
"တောတွင်းရှင်သန်ရေး အစီအစဉ်တစ်ခုလောက် ရိုက်ပေးပါလားလို့ တောင်းဆိုပါတယ်... မင်းကို လူသူကင်းမဲ့တဲ့ ကျွန်းတစ်ကျွန်းပေါ်မှာ ထားခဲ့ပြီး ရှင်သန်ခိုင်းတာမျိုးလေ... မင်းက မွေးရာပါ တောတွင်းရှင်သန်ရေး သခင်ကြီးပဲ"
"လိုက်ဖ်လွှင့်သူ... လယ်ယာခြံဝင်း မလုပ်ပါနဲ့တော့... တောတွင်းရှင်သန်ရေး လိုက်ဖ်လွှင့်ပါလား... အစပိုင်းမှာ ဘောင်းဘီတို တစ်ထည်ပဲ ဝတ်ထားတာမျိုး အကောင်းဆုံးပဲ"
"မင်းသာ တောနက်ကြီးထဲမှာ တောတွင်းရှင်သန်ရေး လိုက်ဖ်လွှင့်ရဲရင် လူကြည့်တာ သေချာပေါက် များမှာပဲ... အခုထက် အများကြီး ပိုရမှာ"
ကွန်မန့်များ အဆက်မပြတ် တက်လာနေသည်။
အင်တာနက်သုံးစွဲသူများမှာ အမြဲတမ်း ဉာဏ်များကြပေသည်။
မပြောနဲ့... အားလုံး အကြံပြုထားသည်များက တကယ်ပဲ ဖြစ်နိုင်ခြေ ရှိနေသည်။
သို့သော် ရွှီယန်က တောင်ပေါ်ရေပေါ် လယ်ယာလုပ်ငန်းခွင် ဘဝလေးကိုသာ ပို၍ သဘောကျပြီး နေ့တိုင်း လယ်စိုက်ကာ တိရစ္ဆာန်လေးများကို ဂရုစိုက်ပြီးနောက် တောင်ပေါ်သို့ လှည့်လည်သွားလာရသည်ကို အလွန် သဘောကျပေသည်။
ဘောင်းဘီတို တစ်ထည်တည်းဖြင့် တောတွင်းရှင်သန်ရေး လုပ်ရမည် ဟုတ်လား...
လုံးဝ မလိုအပ်ပေ။
ဒေသတစ်ခုနှင့် တစ်ခု ယဉ်ကျေးမှုများ မတူညီကြပေ။ တရုတ်လူမျိုးများက အေးအေးချမ်းချမ်း သက်သောင့်သက်သာ နေရသော ဘဝလေးကိုသာ ပို၍ သဘောကျကြပြီး အသက်က အရေးအကြီးဆုံး ဖြစ်သည်။
နိုင်ငံခြားမှ လူအများစုက လွန်ကဲသော အားကစားများနှင့် စွန့်စားရသည်များကို သဘောကျကြပြီး နှစ်စဉ် ထိုကြောင့် အသက်ဆုံးရှုံးရသူများလည်း အများအပြား ရှိပေသည်။
တစ်ယောက် တစ်မျိုးစီ နေထိုင်ကြခြင်းပင်။
ရွှီယန်က ကွန်မန့်များကို မြင်သောအခါ ပြုံးရင်း ပြန်ဖြေလိုက်သည်။
"ကျွန်တော်သာ တောထဲမှာ သွားနေရင် အသက်ရှင်ဖို့ ပြဿနာမရှိပါဘူး... စားစရာ သောက်စရာ မပူရပါဘူး"
"ဒါပေမဲ့ တောင်ပေါ်မှာ နေရတာ အရမ်း ပင်ပန်းပြီးတော့ ပျင်းစရာလည်း ကောင်းတယ်"
"သိပ်ပြီး စိတ်ဝင်စားစရာ မကောင်းပါဘူး"
"တစ်ခါတလေ သွားလည်ရုံလောက်က ကောင်းပါတယ်"
အားလုံးက နှမြောတသ ဖြစ်သွားကြသည်။
ရွှီယန်၏ ဤစွမ်းရည်များမှာ လူသူကင်းမဲ့သော ကျွန်းပေါ်တွင် လွင့်စင်သွားပါက ရှင်သန်ရန် အလွန် သင့်တော်ပေသည်။
ရွှီယန်က အားလုံး ထိုသို့ တွေးနေကြမှန်း သိသဖြင့် သက်ပြင်းချကာ စိတ်ထဲမှ တွေးလိုက်သည်။
'အားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ'
သူက ကိုယ်တိုင်လုပ်ထားသော ငါးဖမ်းကိရိယာကို ကိုင်ကာ မြစ်ထဲသို့ လှမ်းကြည့်လိုက်သည်။
သင့်တော်သော နေရာအချို့ကို ရှာဖွေရမည် ဖြစ်သည်။
ရေစီးသန်သော နေရာ သို့မဟုတ် ရေစီးကြောင်းများ ဆုံရာ နေရာမျိုး ဖြစ်ရမည်။
ထိုသို့သော နေရာများတွင် ငါးများ ပိုမို များပြားလေ့ရှိသည်။
မကြာမီမှာပင် ရွှီယန်က သင့်တော်သော နေရာတစ်ခုကို ရှာတွေ့သွားသည်။
ယနေ့ သူက ဖိနပ်အပါးကို ဝတ်ဆင်လာသဖြင့် ရေထဲဆင်းရန် လွယ်ကူပေသည်။
သူက ဘောင်းဘီကို ပေါင်အထိ ခေါက်တင်လိုက်ပြီးနောက် ရေထဲသို့ ဆင်းကာ အထဲသို့ ဝင်သွားလိုက်သည်ကို မြင်လိုက်ကြရသည်။
ရေက အလွန် အေးစိမ့်နေပြီး အစပိုင်း ဆင်းဆင်းချင်းတွင် အနည်းငယ် အေးစက်နေသော်လည်း ခဏမျှ လှုပ်ရှားလိုက်သည်နှင့် အသားကျသွားတော့သည်။
သူက ရေစီးကြောင်း သုံးခု ဆုံရာ နေရာသို့ လျှောက်သွားလိုက်ပြီး ခါးကို ကိုင်းကာ ငါးဖမ်းကိရိယာကို ရေအောက်ခြေတွင် စိုက်လိုက်ပြီး ခြေထောက်ဖြင့် ဖိနင်းကာ ခိုင်ခံ့အောင် လုပ်ဆောင်လိုက်သည်။
ထို့နောက် ထိုနည်းအတိုင်းပင် နောက်ထပ် နေရာသစ် နှစ်ခုကို ရှာဖွေကာ ကျန်ရှိနေသော ငါးဖမ်းကိရိယာ နှစ်ခုကို ရေအောက်ခြေတွင် စိုက်ထားလိုက်သည်။
နောက်ဆုံး ငါးဖမ်းကိရိယာ နှစ်ခုကို ထားချိန်တွင် လိုက်ဖ်ကင်မရာကို တမင် ရှောင်ရှားလိုက်သဖြင့် သူ ဘယ်နေရာတွင် မြှုပ်ထားသည်ကို အားလုံး မသိကြပေ။
ထောင်ချောက်များ ဆင်ပြီးသွားပြီဖြစ်ရာ မနက်ဖြန်တွင် လာကြည့်ရုံသာ ဖြစ်သည်။
နေရာများကို ရွှီယန်က မှတ်သားထားပြီးဖြစ်ရာ ငါးမိရန်ကိုသာ စောင့်ဆိုင်းရတော့မည် ဖြစ်သည်။
"ကောင်းပြီ... အဆင်ပြေသွားပြီ... မနက်ဖြန် မနက်မှ လာကြည့်မယ်"
"တစ်ညလုံးဆိုရင် ငါးတွေ တော်တော်များများ မိနိုင်မှာပဲ"
"ဘူးတွေ အကုန် ပြည့်သွားဖို့ မျှော်လင့်တာပဲ"
ရွှီယန်က ရေထဲမှ ထွက်လာပြီး မျှော်လင့်ချက် ကြီးစွာဖြင့် ပြောလိုက်သည်။
ခွေးလေး နှစ်ကောင်က ဘေးတွင် အနားယူနေပြီး ဘဲများက ရေထဲတွင် ဆော့ကစားနေကြသည်။
ရွှီယန်က မြစ်ထဲရှိ အခြေအနေကို ကြည့်လိုက်ရာ ငါးများကို မတွေ့ရသဖြင့် ငါးဖမ်းပိုက်ဖြင့် ငါးဖမ်းမည့် အကြံကို စွန့်လွှတ်လိုက်သည်။
မနက်ဖြန်အထိ စောင့်ကြည့်လိုက်ဦးမည်။
"လောင်ရွှီ... လိုက်ဖ်ဖွင့်ဖို့ မမေ့နဲ့နော်"
"ဗီဒီယို ရိုက်တင်လည်း ရတယ်... ကျွန်တော် ရလဒ်ကို သိချင်နေပြီ"
လိုက်ဖ်ကြည့်နေသည့် ပရိသတ်များက အသီးသီး သတိပေးနေကြသည်။
ရွှီယန်ကလည်း သေချာပေါက် သဘောတူလိုက်လေသည်။