အခန်း ၁၆၁
Vol. 16 Ch. 161
161
~
အခန်း ၁၆၁ : ခိုးနားထောင်ခြင်း
~
ပြတင်းပေါက် အပြင်ဘက်...
ထိုနေရာတွင် လူနှစ်ယောက် ထိုင်နေကြပြီး ထိုသူများက ရှာကျူးနှင့် လျှိုကွမ်ချီတို့မှလွဲ၍ တခြားသူ မဟုတ်။
ဒီနှစ်ယောက်က အမှတ်သညာ မရှိကြသေးချေ။ ယခုအချိန်၌လည်း ယန်ကျီဝမ်တို့ ဇနီးမောင်နှံ၏ လှုပ်ရှားမှုများကို ခိုးနားထောင်ရန် ရောက်လာကြခြင်းပင် ။
ယန်ကျီဝမ် ဒီည ဘာမည်ဆိုတာကို သူတို့ မည်သို့ သိနေကြသနည်း။
အကြောင်းမှာ ယန်ကျီဝမ် ကိုယ်တိုင်က အိမ်သစ်သို့ ပြောင်းရွှေ့ပြီးမှ ထိုကိစ္စကို လုပ်မည်ဟု ပြောခဲ့ဖူးသောကြောင့်ပင်။
ရှာကျူးက ထိုနေ့က စကားကို မှတ်မိနေခဲ့သည်။
ထို့ကြောင့် ဒီနေ့ အလုပ်မှ အိမ်ပြန်ရောက်သောအခါ ယန်ကျီဝမ်နှင့် သူ၏ဇနီးတို့ အိမ်သစ်သို့ ပြောင်းရွှေ့သွားကြောင်း ကြားသိလိုက်ရသဖြင့် လျှိုကွမ်ချီကို ခေါ်ကာ ခိုးနားထောင်ရန် ရောက်လာကြ၏ ။
လရောင်အောက်တွင် သူတို့နှစ်ယောက်စလုံး တစ်ယောက်ကိုတစ်ယောက် မယုံနိုင်ကြည်နိုင်စွာ ပြူးကျယ်နေသော မျက်လုံးများဖြင့် ကြည့်နေမိကြသည်။
အထဲမှ ထွက်ပေါ်လာသော အသံများကို နားထောင်ရင်း ရှာကျူးက တိုးတိုးလေး ပြောလိုက်သည်။
" လျှိုကွမ်ချီ .. အထဲမှာ မပြီးသေးဘူးလား .. "
" ပြီးလောက်ပြီ ထင်တာပဲ .. "
လျှိုကွမ်ချီက ကြောင်အမ်းအမ်းဖြင့် ခေါင်းညိတ်ပြလိုက်သည်။
သူတို့နှစ်ယောက်သား အချိန်အတော်ကြာအောင် နားထောင်နေခဲ့ကြခြင်း ဖြစ်သည်။
ရှာကျူးက ထပ်မေးလိုက်သည်။
" လျှိုကွမ်ချီ .. ယောကျာ်းတွေ အားလုံးက ဒီလောက် ကြာကြာ လုပ်နိုင်ကြတာလား .. "
နှစ်ယောက်သား မိနစ်နှစ်ဆယ်ခန့် နားထောင်နေခဲ့ကြသော်လည်း အထဲတွင် ရပ်တန့်သွားမည့် လက္ခဏာ မတွေ့ရသဖြင့် ရှာကျူးက မေးခွန်းထုတ်လာခြင်းပင် ။
" ငါ ဘယ်လိုလုပ် သိမှာလဲ .. "
လျှိုကွမ်ချီက စိတ်တိုတိုဖြင့် ပြန်ဖြေသည်။
သူကိုယ်တိုင်က လူပျိုစစ်စစ် တစ်ယောက်ပင်။ သူ့လက်နှင့်သာ ဖြေရှင်းဖူးပြီး လက်တွေ့ မကြုံဖူးသေးရာ သူ့ကို လာမေးနေ၍ ဘာအဓိပ္ပာယ် ရှိမည်နည်း။
ခဏနားပြီးနောက် လျှိုကွမ်ချီက ခေါင်းကို ဆက်တိုက် ခါယမ်းလိုက်ပြီး..
" မဖြစ်နိုင်ဘူး .. ကျားဒုံရွှီတို့တုန်းက ငါတို့ ခိုးနားထောင်ခဲ့ကြသေးတယ်လေ.. နှစ်မိနစ်လောက်နဲ့တင် ပြီးသွားတာကို .. "
ရှာကျူးကလည်း ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ယောကျာ်းတွေ ကြားက ကွာခြားချက်က တကယ်ကို ကြီးမားလှပေသည်။
သူကိုယ်တိုင်ရော နောင်တစ်ချိန်တွင် ယန်ကျီဝမ်လောက် စွမ်းဆောင်နိုင်ပါမည်လော ။
အနည်းဆုံးတော့ သူလည်း တူညီသည့် အဆင့်လောက်တော့ ရှိသင့်သည်။ ယန်ကျီဝမ်က ဤမျှလောက် စွမ်းဆောင်နိုင်သည်ဆိုလျှင် သူလည်း သိပ်အလှမ်းဝေးမည် မဟုတ်ချေ။
သူတို့ အချိန်အတော်ကြာ ဆက်၍ နားထောင်နေခဲ့ကြသည်။
အထဲတွင် ရပ်တန့်မည့် အရိပ်အယောင် မတွေ့ရသေးကြောင်း သိလိုက်ရသောအခါ နှစ်ယောက်စလုံး စိတ်မဝင်စားတော့ချေ။
အမှန်တော့ အလွန် မနာလို ဖြစ်သွားသော ကြောင့်ပင်။
ထို့အပြင် အနည်းငယ် စိတ်ပျက်အားငယ်စရာလည်း ကောင်းလှ၏။
ဤသို့နှင့် နှစ်ယောက်သား တိတ်ဆိတ်စွာ ထွက်ခွာလာခဲ့ကြသည်။
သူတို့ ယန်မိသားစုအိမ်ရှေ့မှ ဖြတ်သွားချိန်တွင် အထဲမှ တစ်ယောက်ယောက် ထွက်လာသည့် အသံကို ကြားလိုက်ရ၏။
နှစ်ယောက်စလုံး ချက်ချင်းပင် လန့်ဖြန့်သွားကြသည်။
သူတို့ ခိုးနားထောင်နေသည်ကို ယန်မိသားစု သိသွားကြပြီလော ။
ဤသတင်းသာ ယန်ကျီဝမ်၏ နားထဲ ရောက်သွားပါက သူတို့နှစ်ယောက် ထပ်ပြီး အရိုက်ခံရတော့ပေမည်။
နှစ်ယောက်သား ထွက်ပြေးရန် ပြင်လိုက်သော်လည်း အထဲမှ လူက အရင် ထွက်လာခဲ့သည်။
သုံးယောက်သား အကြည့်ချင်း ဆုံသွားကြ၏။
ရှာကျူးနှင့် လျှိုကွမ်ချီတို့ သက်ပြင်းချလိုက်ပြီး ရှေ့သို့ တိုးသွားရာ ထိုသူမှာ ယန်ကျီချန်း ဖြစ်နေကြောင်း တွေ့လိုက်ရသည်။
ရှာကျူးက ပြုံးပြီး မေးလိုက်သည်။
" ယန်ကျီချန်း .. မင်းလည်း ယန်လောင်အာကို ခိုးနားထောင်မလို့လား .. "
" ဘာကို ခိုးနားထောင်မှာလဲ .. "
ယန်ကျီချန်းက အံ့အားသင့်သွားပြီးနောက် အပြစ်လုပ်ထားသူတစ်ယောက်လို ခေါင်းညိတ်ကာ...
" .. အင်း ...အင်း... ဟုတ်တယ် .. "
သူ ခိုးနားထောင်ရန် လာခြင်းမဟုတ် ။ ပြောင်းဖူးမှုန့် လာခိုးခြင်းပင်။
သို့သော် မီးဖိုချောင်သို့ ရောက်သောအခါ ဗီရိုကို သော့ခတ်ထားကြောင်း တွေ့လိုက်ရသည်။
သူ စိတ်ဓာတ်ကျသွားပြီး သူငယ်ချင်းဖြစ်သူနှင့် သွားသောက်ရန် အပြင်ထွက်လာစဉ် ရှာကျူးနှင့် လျှိုကွမ်ချီတို့နှင့် တိုက်တိုက်ဆိုင်ဆိုင် ဆုံမိခြင်း ဖြစ်၏ ။
ရှာကျူးက ယန်ကျီချန်း၏ အတွေးများကို မသိဘဲ လက် ဝှေ့ယမ်းကာ..
" မသွားနဲ့တော့ .. သူတို့ ပြီးသွားပြီ .. "
လျှိုကွမ်ချီ၏ ပါးစပ်က တဆက်ဆက်တုန်ရီ သွားသည်။
ရှာကျူးက စဉ်းပင် မစဥ်းစားဘဲ လိမ်ပြောနေခြင်းပင်။
ယန်လောင်အာက တကယ်ကို ထူးဆန်းလွန်းလှသည်။ သူ၏ ခံနိုင်ရည်က အရမ်းကို အားကောင်းလွန်းလှ၏ ။
လျှိုကွမ်ချီသည် ဘယ်လက်ကို သုံးဖူးသော်လည်း တစ်မိနစ် နှစ်မိနစ်အတွင်းမှာပင် ပြီးသွားတတ်သည် မဟုတ်ပါလော။
" အေးပါ .. ဒါဆို ငါ အပြင်ထွက်ပြီး သောက်ဖို့ တစ်ယောက်ယောက်ကို သွားရှာလိုက်ဦးမယ် .. "
ယန်ကျီချန်းက မသက်မသာ အပြုံးဖြင့် ပြောလိုက်သည်။
" အရမ်း နောက်ကျနေပြီဟ.. မသွားပါနဲ့တော့ .. ငါ့အိမ်မှာ အတူ သောက်ကြမယ် .. "
ထို့နောက် ရှာကျူးက ယန်ကျီချန်း ငြင်းဆန်မည်ကိုပင် မစောင့်ဘဲ သူ့အိမ်သို့ ဆွဲခေါ်သွားတော့သည်။
လျှိုကွမ်ချီသည်လည်း ဤအချိန်တွင် အိပ်ချင်စိတ် မရှိတော့သဖြင့် နောက်မှ လိုက်ပါသွားခဲ့၏ ။
ရှာကျူး၏ အိမ်...
လူသုံးယောက်က အရက် ဝိုင်းဖွဲ့ သောက်နေကြသည်။
ရှာကျူးက အရက်တစ်ငုံ သောက်ပြီး သက်ပြင်းချကာ..
" ငါလည်း မိန်းမ တစ်ယောက်လောက် ရှာဖို့ လိုနေပြီ ထင်တယ် .. "
စောစောက ကြားခဲ့ရသည့် အသံများက စိတ်လှုပ်ရှားစရာ ကောင်းလွန်းပြီး သူ၏ မငြိမ်မသက် ဖြစ်နေသော နှလုံးသားကို ပိုမို လှုပ်ခတ်သွားစေသည်။
ရှားကျူးသည် ယခုနှစ်တွင် အသက် ၂၂ နှစ် ပြည့်ပြီးဖြစ်၍ လွန်ခဲ့သည့် နှစ်နှစ်ကတည်းက အိမ်ထောင်ပြုသင့်သည့် အရွယ်သို့ ရောက်နေခဲ့လေပြီ ။
သူ အရင်က မျက်မမြင် ချိန်းတွေ့မှု နှစ်ကြိမ်လောက် လုပ်ဖူးသော်လည်း သူ၏ လိုအပ်ချက်များက အရမ်း မြင့်မားလွန်းနေသဖြင့် နောက်ဆုံးတွင် မည်သူ့ကိုမှ သဘောမကျခဲ့ပေ။
ရှာကျူး လိုချင်သော မိန်းကလေးက ချင်ဟွိုင်ရုထက် ရုပ်မဆိုးရမည့်အပြင် ခန္ဓာကိုယ် အချိုးအစား ကောင်းမွန်ပြီး ပညာတတ်လည်း ဖြစ်ရမည်။
ချင်ဟွိုင်ရုက သူ၏ အဖြူရောင်လမင်းလေးပင် ။ ချင်ဟွိုင်ရု ခြံဝင်းထဲသို့ ပထမဆုံးအကြိမ် ရောက်လာစဉ်ကတည်းက သူမကို တိတ်တခိုး ချစ်မိသွားခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် သူက ချင်ဟွိုင်ရု၏ ပုံစံကို အခြေခံ၍ ဇနီးလောင်း ရှာဖွေနေလေ၏။ ဤသည်က လေထဲတွင် တိုက်ဆောက် နေခြင်းနှင့် တူသည် ။
ချင်ဟွိုင်ရုသည် ရုပ်ရည် ပြေပြစ်သူဖြစ်သလို ခန္ဓာကိုယ် အချိုးအစားလည်း ကောင်းမွန်လှသည်။ မဟုတ်လျှင် ကျားဒုံရွှီက တောသူမလေးကို လက်ထပ်ဖို့ ဆန္ဒရှိမည် မဟုတ်ချေ။
သို့သော် ရှာကျူးကတော့ တစ်မျိုးတစ်ဘာသာပင်။
သူက တစ်ဖက်လူကို မြို့သူဖြစ်ရန်နှင့် ပညာတတ် ဖြစ်ရန်ပါ တောင်းဆိုနေသေးသည်။
နေ့ခင်း အိမ်မက် မက်နေခြင်း မဟုတ်လျှင် ဘာဖြစ်နိုင်မည်နည်း။
သူက အသက်ကြီးသည့် ပုံစံ ပေါက်နေ၍ ချောချောလှလှ ပညာတက် မြို့သူကို မှန်းနေသည်လော ။
ရှာကျူးသည် တစ်လလျှင် လစာ ၃၅ ယွမ် ရပြီး အိမ်နှင့် အလုပ်လည်း ရှိသည့်အပြင် သူ့အထက်တွင် အုပ်ထိန်းမည့် လူကြီးလည်း မရှိပေ။
သူ့ကို ခြံဝင်းထဲတွင် အရည်အသွေး ကောင်းမွန်သည့် လူပျိုသိုး တစ်ယောက်အဖြစ် သတ်မှတ်ထားကြသည်။
အခုချိန်က အစားအသောက် ရှားပါးသည့် ကာလဖြစ်သည်။ ဆိုရိုးစကား ရှိသည့်အတိုင်း အစာရေစာ ငတ်မွတ်ခေါင်းပါးမှုက စားဖိုမှူးကိုတော့ မထိခိုက်နိုင် ။
ယခုလို ခက်ခဲနေသည့် အချိန်မျိုးတွင် သူ့အတွက် မိန်းမ တစ်ယောက် ရှာရန်က အလွန် လွယ်ကူလှသည်။
သို့သော် သူ၏ မြင့်မားလွန်းလှသော တောင်းဆိုမှုများကိုတော့ မည်သူမျှ မတတ်နိုင်ခဲ့ချေ။
ထို့ကြောင့် သူ အခုချိန်ထိ လူပျိုကြီး ဖြစ်နေရခြင်းပင်။
သို့သော်လည်း ယနေ့ည လှုံ့ဆော်ခံလိုက်ရပြီးနောက် သူ၏ လိုအပ်ချက်များကို အနည်းငယ် လျှော့ချမှ ဖြစ်မည်ဟု ခံစားလိုက်ရသည်။
သူ မိန်းမ တစ်ယောက် တကယ် လိုချင်နေပေပြီ ။
လျှိုကွမ်ချီက ဝင်ပြောလိုက်သည်။
" အမေကလည်း ငါ့ကို မျက်မမြင် ချိန်းတွေ့ဖို့ မိတ်ဆက်ပေးချင်တယ်လို့ ပြောတယ် .. ဒါပေမဲ့ ငါ့ဘာသာ ရှာဖို့ စီစဉ်ထားပြီးသားပါ .. "
သူ့တွင် ရည်ရွယ်ထားသူ ရှိပြီးသား ဖြစ်သော်လည်း ရည်းစား မဖြစ်ကြသေးခြင်းပင်။
" ယန်ကျီချန်း .. မင်းကရော ဘယ်လိုလဲ .. "
ရှာကျူးက ယန်ကျီချန်းကို လှည့်မေးလိုက်သည်။
" တကယ်တော့ မင်းက ယန်မိသားစုမှာ အကြီးဆုံးပဲလေ .. အခု ယန်လောင်အာ လက်ထပ်သွားပြီဆိုတော့ မင်းရော လက်ထပ်တော့မှာလား .. "
" ငါ ဘာလုပ်ရမှာလဲ .. ငါ့ မိဘတွေက အဲ့ကောင်ကိုပဲ ပိုသဘောကျကြတာ .. ကောင်းတာ မှန်သမျှ သူ့အတွက်ချည်းပဲ သိမ်းထားပေးကြတာလေ .. "
ယန်ကျီချန်းက ညှိုးငယ်စွာ ပြန်ဖြေလိုက်ပြီးနောက် အရက်ကို နောက်ထပ် တစ်ငုံ သောက်လိုက်သည်။
သူ့အမြင်တွင်တော့ မိဘတွေက ဘက်လိုက်လွန်းသည်။
မိဘတွေသာ သူ့အပေါ် ကောင်းခဲ့လျှင် သူ ဤမျှ ဒက္ခရောက်နေစရာ အကြောင်းမရှိ ။
ဥပမာ အလုပ်ဝယ်ရန် ပိုက်ဆံ ထုတ်ချေးပေးသည်မျိုးပင် ။
ထိုသို့ဆိုလျှင် သူလည်း မိန်းမ တစ်ယောက်နှင့် လက်ထပ်ပြီး ဒုတိယညီထက် ပိုကောင်းသည့် ဘဝကို ဖြတ်သန်းနိုင်မည် ။
" ဒါဆို မင်းက မိန်းမ မယူရသေးဘူးပေါ့ .. "
ရှာကျူးက ဆော့ကစားချင်သည့် အပြုံးဖြင့် ပြောကာ မီးလောင်ရာ လေပင့်ပေးလိုက်သည်။
ယန်မိသားစု ညီအစ်ကိုတွေ အချင်းချင်း တိုက်ခိုက်ကြလျှင် အကောင်းဆုံးပင်။ သူ ပွဲကောင်း တစ်ပွဲ ကြည့်ရပေလိမ့်မည်။
သူက ယန်ကျီဝမ်ကို မနိုင်သော်လည်း ယန်ကျီဝမ်ကို နှောင့်ယှက်နိုင်ခြင်းကပင် မဆိုးလှချေ။
" ငါ ဘာလုပ်လို့ ရမှာလဲ .. "
ယန်ကျီချန်းက အရက် တစ်ငုံ ထပ်သောက်လိုက်ပြန်သည်။
သူ ယန်ကျီဝမ်ကို မနိုင်သလို မိဘတွေကလည်း ဒုတိယသားကို ပိုချစ်ကြရာ သူ ဘာတတ်နိုင်မည်နည်း။
" မင်းက တုံးလိုက်တာ .. "
ရှာကျူးက ရယ်လိုက်ပြီး..
" ယန်ကျီချန်း .. ယန်လောင်အာရဲ့ ဘဝက ဘာလို့ ဒီလောက် သက်တောင့်သက်သာ ရှိနေလဲဆိုတာကို မင်း စဉ်းစားဖူးလား .. "
လျှိုကွမ်ချီက မျက်ခုံးပင့်လိုက်သည်။
'ရှာကျူး ဘာတွေ မကောင်းကြံနေ ပြန်တာလဲ ...'
သူ ရှင်းရှင်းလင်းလင်း မသိသော်လည်း ရှာကျူးကို တားဆီးရန် ရည်ရွယ်ချက် မရှိပေ။
ယန်ကျီဝမ်က သူ့ကိုလည်း အနိုင်ကျင့်ထားဖူးရာ ယန်ကျီဝမ် ဒုက္ခရောက်သရွေ့ သူကတော့ ပျော်ရွှင်နေမည်သာ ။
" မိဘတွေက ဘက်လိုက်လို့ မဟုတ်ဘူးလား .. "
ယန်ကျီချန်းက မသေချာ မရေရာဟန်ဖြင့် ပြန်ဖြေလိုက်သည်။
" မှားတယ် .. "
ရှာကျူးက ခေါင်းခါလိုက်ပြီး..
" ယန်လောင်အာက ပိုက်ဆံ ရှာနိုင်လို့ပဲ .. နည်းနည်းတော့ မတရားပေမဲ့ အဲဒီကောင်လေးက ပိုက်ဆံ ရှာတဲ့နေရာမှာ အရမ်း တော်တယ် .. ငါးမျှားရုံနဲ့တင် တစ်နေ့ကို ၁၀ ယွမ်.. ဒါမှမဟုတ် ၂၀ ယွမ်လောက် အသာလေးပဲ .. "
" မင်းရဲ့ မိဘတွေကို မင်း အသိဆုံးပဲ မလား .. သူတို့က အမြဲတမ်း တွက်ချက်နေကြတာလေ .. ဒါကြောင့် ယန်လောင်အာက ပိုက်ဆံ အများကြီး ရှာနိုင်တော့ သူတို့က သူ့ကို ပိုသဘောကျကြတာပေါ့ .. "
" အင်း.. မှန်တယ် .. ငါ သိပါတယ် .. "
ယန်ကျီချန်းက မကျေမနပ်ဖြင့်..
" ဒါပေမဲ့ ငါ့မှာ သင့်တော်တဲ့ အလုပ်တောင် မရှိတာ .. ဘယ်လိုလုပ်ပြီး ပိုက်ဆံ ရှာနိုင်မှာလဲ .. "
လတ်တလော သူ ငွေရှာနိုင်သည့် နည်းလမ်းတစ်ခုကို ရှာတွေ့ခဲ့သည်။
မကြာသေးခင်ကမှ စတင်ခဲ့တာဖြစ်ပြီး အခုတော့ ပြီးဆုံးသွားခဲ့လေပြီ ။
သူ တကယ်ကို စိတ်ဓာတ်ကျနေ၏ ။
ရှာကျူးက သူ့အကြောင်း လာပြောနေသည်ကို ကြားသောအခါ သူ ပိုပြီး စိတ်တိုလာမိသည်။
ထိုစဉ် ရှာကျူးက ရုတ်တရက် ပြောလိုက်သည်။
" တကယ်တော့ ငွေရှာလို့ရတဲ့ တခြားနည်းလမ်းတွေ ရှိပါသေးတယ် .. "
" ဟမ် .. "
ထိုစကားကို ကြားသောအခါ ယန်ကျီချန်းနှင့် လျှိုကွမ်ချီ နှစ်ယောက်စလုံးက ရှာကျူးကို ပြိုင်တူ ကြည့်လိုက်ကြတော့သည်။