← Chapters

အခန်း ၁၆၂

Vol. 16 Ch. 162

အခန်း ၁၆၂

Vol. 16 Ch. 162

162

~

အခန်း ၁၆၂ : ယွီလီ... " အားလုံးက ရှင့်ကြောင့်ပဲ.. "

~

​" ဘယ်လို နည်းလမ်းလဲ .."

​ယန်ကျီချန်းက အလောတကြီး မေးလိုက်ပြီးနောက် သံသယဝင်ဟန်ဖြင့်...

​" ရှာကျူး.. မင်း ဒီလောက် ကြင်နာတတ်လို့လား .."

​' ငွေရှာနိုင်တဲ့ နည်းလမ်းတစ်ခု တကယ်ရှိခဲ့မယ်ဆိုရင် သူ ဒါကို ပြောပြပါ့မလား.. တစ်ယောက်တည်း တိတ်တိတ်လေး ချမ်းသာအောင် လုပ်တာက ပိုကောင်းတယ် မဟုတ်ဘူးလား.. ဘယ်သူက ပိုက်ဆံ အရမ်းချမ်းသာနေလို့လဲ . . '

​လျှိုကွမ်ချီလည်း ထိုသို့ပင် တွေးနေခဲ့သည် ။

​" ဟေ့ကောင်.. မင်း ငါ့ကို အထင်သေးနေတာလား .."

​ရှာကျူးက အနည်းငယ် မကျေမနပ်ဖြင့် ပြောလိုက်သည် ။

​" ဒါတွေ အားလုံးက မင်းကို ကူညီချင်လို့ မဟုတ်ဘူးလား.. ငယ်ငယ်ကတည်းက အတူတူ ကြီးပြင်းလာခဲ့ကြလို့သာပေါ့.. မဟုတ်ရင် ငါ ပြောတောင် ပြောပြမှာ မဟုတ်ဘူး .."

​လျှိုကွမ်ချီက ဤသည်ကို ကြားသောအခါ တိတ်တိတ်လေး နှုတ်ခမ်းမဲ့လိုက်သည် ။

​ရှာကျူးဟူသော နာမည်ပြောင်က အရူးတစ်ယောက်ဟု ထင်ရသော်လည်း သူ့အား အရူးဟု တကယ်ထင်လျှင်တော့ ထင်သည့်သူသာ အရူး ဖြစ်လိမ့်မည် ။ ဘာပဲဖြစ်ဖြစ် သူကတော့ ထိုစကားကို မယုံရေးချ မယုံ ။

သို့သော် ယန်ကျီချန်းသည်တော့ ယုံကြည်နေလေ၏ ။

​ယန်ကျီချန်းက...

​" ဘယ်လို နည်းလမ်းမျိုးလဲ.. ငါ ပိုက်ဆံရှာနိုင်သရွေ့ မင်းကျေးဇူးကို ငါ လုံးဝ မမေ့ပါဘူး .."

​ထိုစကားကို ကြားသောအခါ ရှာကျူးက တိတ်တိတ်လေး မဲ့လိုက်သည် ။ သူ ယန်ကျီချန်း၏ ကတိစကားကို လုံးဝ မယုံကြည်ပေ ။

​ယန်မိသားစုက အကြောင်းကို လူတိုင်း သိကြ၏ ။ ယန်ကျီဝမ်မှလွဲ၍ ကျန်လူအားလုံးက ကပ်စေးနဲကြသည်ချည်းပင် ။ သူတို့လက်ထဲမှ တစ်ခုခု ရရန် မျှော်လင့်နေသည်လော ။ အနောက်ဘက်မှ နေထွက်လာလျှင်ပင် မဖြစ်နိုင် ။

​ကံကောင်းထောက်မစွာဖြင့် သူကိုယ်တိုင်ကလည်း ကောင်းမွန်သော ရည်ရွယ်ချက် ရှိမနေခဲ့ပေ ။

​သူ ပြုံးလိုက်ပြီး...

​" မလော ပါနဲ့.. ယန်လောင်အာ ချမ်းသာလာဖို့ ဘာကို အားကိုးခဲ့တယ်လို့ မင်း ထင်လဲ .."

​" ငါးဖမ်းတာလား .."

​လျှိုကွမ်ချီက ချက်ချင်းပင် အလောတကြီး ဝင်ပြောလိုက်သည် ။

​" မှန်တယ် .."

​ရှာကျူးက ခေါင်းညိတ်လိုက်ပြီး...

​" ငါတို့ ဟောက်ဟိုင်ကို ရောက်ဖူးကြတယ်.. ငါးမျှားတဲ့သူတွေ အများကြီးပဲ.. ဒါပေမဲ့ ဘာလို့ ယန်လောင်အာ တစ်ယောက်တည်းပဲ ငါးဖမ်းနိုင်ရတာလဲ.. မင်းတို့ တစ်ခါမှ မတွေးဖူးဘူးလား .."

​လျှိုကွမ်ချီ ခေါင်းခါပြလိုက်သည် ။

​ယန်ကျီချန်းက...

​" ဘာလို့လဲဆိုတော့ သူ့မှာ လျှို့ဝှက်ချက် တစ်ခု ရှိပြီး အဲ့ဒီ လျှို့ဝှက်ချက်က အရမ်း ထိရောက်နေလို့ပေါ့.. ငါ့အဖေ အရင်က ငါးမရ ပေမယ့် သူ့ငါးစာကို သုံးပြီးတော့ ငါးအမြဲရနေတယ် .."

​" အဲ့ဒါပဲလေ .."

​ရှာကျူးက စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည် ။

​" ယန်ကျီချန်း.. မင်းက တကယ်ကို အရူးပဲ.. မင်းမိသားစုမှာ ငွေရှာဖို့ အဆင်ပြေတဲ့ နည်းလမ်း တစ်ခု ရှိနေရက်နဲ့ မင်းက ဘယ်လို ရအောင် ယူရမှန်းတောင် မသိဘူး.. မင်းကို အရူးလို့ ခေါ်ရမလား ဘာပြောရမလဲတောင် ငါ မသိတော့ဘူး .."

​" ရှာကျူး.. မင်း ငါ့ကို ထပ်စော်ကားနေမယ်ဆိုရင် ငါ စိတ်ဆိုးတော့မယ် .."

​ယန်ကျီချန်းက နှာခေါင်းရှုံ့လိုက်ပြီး...

​" ဒီကိစ္စကို ငါ မစဥ်းစားမိဘူးလို့ မင်း ထင်နေတာလား.. ဒါပေမဲ့ ယန်လောင်အာက ငါ့ကို သူခိုး တစ်ယောက်လို ကာကွယ်ထားတာ.. ငါ့အဖေတောင် သူ့ရဲ့ လျှို့ဝှက်ချက်ကို မသိဘူး.. ငါ ဘာလုပ်ရမှာလဲ .."

​အမှန်တော့ ယန်ကျီဝမ် နာမည်ရလာသည့် အစောပိုင်းကတည်းက သူ ဤအကြောင်းကို စဥ်းစားထားပြီး ဖြစ်သည် ။ သူ ယန်ကျီဝမ်ကို မေးကြည့်ခဲ့သော်လည်း ယန်ကျီဝမ်က သူ့ကို လုံးဝ လျစ်လျူရှုခဲ့၏ ။ သူက မိသားစုဝင် မဟုတ်သည့် အတိုင်းပင် ။

​' ယန်ကျီဝမ်ကသာ ငါ့ကို လျှို့ဝှက်နည်း ပေးခဲ့မယ်ဆိုရင် ပိုက်ဆံမရှိမှာကို စိတ်ပူနေစရာ လိုဦးမှာလား . . '

​' ငါ့မိဘတွေက ဘာလို့ ဘက်လိုက်ကြတာလဲ.. သူက ငါးမျှားရင်း ပိုက်ဆံရှာနိုင်လို့ မဟုတ်ဘူးလား . . '

​' အဲ့ဒီ လျှို့ဝှက်ချက်ကသာ ငါဆီမှာ ရှိနေမယ်ဆိုရင် ငါ ယန်လောင်အာထက် ပိုကောင်းအောင် လုပ်နိုင်မယ်လို့ အာမခံရဲတယ် . . '

​' ချီး . . . '

​ရှာကျူးက လှောင်ပြောင်လိုက်သည် ။

​" မင်းက အရူးမဟုတ်ဘူးလို့ ပြောချင်သေးတာလား.. သူ မင်းကို မပေးရင် တိတ်တိတ်လေး ယူလို့ မရဘူးလား .."

​ဤသည်ကို ကြားသောအခါ ယန်ကျီချန်း၏ မျက်လုံးများက ချက်ချင်း အရောင်လက်သွားသည် ။

​' မှန်တယ် . . ယန်လောင်အာ မပေးဘူးဆိုရင် ငါ တိတ်တိတ်လေး ယူလို့ရတာပဲ . . '

​' ယန်လောင်အာက အဖေ့ကို ငါးစာပေးတော့ အမြဲတမ်း အကြွင်းအကျန်လေးတွေ ရှိနေတတ်တယ်.. ဒါဆို ငါ နည်းနည်း ယူလို့ မရဘူးလား . . '

​သူ၏ သွေးဆောင်ရာနောက် ပါလာသည်ကို မြင်သောအခါ ရှာကျူးက စိတ်ထဲမှ ကြိတ်ရယ်လိုက်ပြီး ဆက်ပြောသည် ။

​" ငါးစာရဲ့ လျှို့ဝှက်နည်းကို ရနိုင်ရင်တော့ အကောင်းဆုံးပေါ့.. အဲ့လိုဆိုရင် နောင်ကျရင် ပိုက်ဆံ ပြတ်သွားစရာ အကြောင်း မရှိတော့ဘူး .."

​" ဘာလို့ အလုပ်ရှာနေရဦးမှာလဲ.. အားနေရင် ငါးမျှားနေတာ ပိုကောင်းတယ် မဟုတ်ဘူးလား.. ပိုက်ဆံရှာပြီးရင် မိန်းမယူလိုက်.. ချီး.. ဘဝကြီးက တွေးကြည့်ရုံနဲ့တင်ကွာ ရှယ်ပဲ .."

​ယန်ကျီချန်း နားထောင်နေရင်း မျက်လုံးများက ပို၍ အရောင်လက်လာသည် ။ သူ လုံးဝ စိတ်ပါသွားလေပြီ ။ ထို့နောက် ယန်ကျီချန်း ထွက်သွားလေသည် ။

​လျှိုကွမ်ချီက အံ့သြတကြီးဖြင့် စုတ်သပ်လိုက်ကာ...

​" ကျွတ်..ကျွတ်.. ရှာကျူး.. မင်းက တကယ်ကို ယုတ်မာလွန်းတယ် .."

​" ဒီလျှို့ဝှက်ချက်က ယန်လောင်အာ အတွက် ရတနာ ဖြစ်တယ်ဆိုတာ ဘယ်သူက မသိဘဲ နေမှာလဲ.. ယန်ကျီချန်းက သူ့ရဲ့ လျှို့ဝှက်ချက်ကို မျက်စိကျနေတယ်ဆိုတာကို သူသာ သိသွားရင် အနည်းဆုံးတော့ ထထိုးကြလိမ့်မယ်လို့ ငါ ထင်တယ် .."

​" အဲ့ဒါ ငါနဲ့ ဘာဆိုင်လို့လဲ.. ငါက ဒီအတိုင်း ပြောလိုက်ရုံတင်.. ဒီတံခါးကနေ ထွက်သွားတာနဲ့ ငါနဲ့ ဘာမှ မဆိုင်တော့ဘူး.."

​ရှာကျူးက ပေါ့ပေါ့ပါးပါး ရယ်လိုက်ပြီး အရက်တစ်ခွက်ကို ဖြည်းဖြည်းချင်း သောက်လိုက်သည် ။

​" မင်းက အထင်ကြီးစရာပဲ .."

​လျှိုကွမ်ချီက သူ့ကို လေးစားအားကျစွာဖြင့် လက်မထောင်ပြလိုက်သည် ။

​ယန်ကျီချန်း အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ ယန်လောင်အာအတွက်တော့ အတော်လေး ရှုပ်ထွေး သွားစေမည် ။ သူတို့အတွက်တော့ ဤမျှနှင့်ပင် လုံလောက်နေပြီ ဖြစ်သည် ။

​. . .

​နောက်တစ်နေ့ မနက်တွင် ...

​ယန်ကျီဝမ် အိပ်ရာမှ နိုးလာပြီး သက်တောင့်သက်သာဖြင့် အကြောဆန့်လိုက်သည် ။

​စောင်ခြုံထဲတွင် နှစ်နှစ်ခြိုက်ခြိုက် ကွေးကွေးလေး အိပ်မောကျနေသည့် ချစ်ဇနီးလေးကို ကြည့်ပြီး ယန်ကျီဝမ်က လေးနက်သော အောင်မြင်မှုကို ခံစားလိုက်ရ၏ ။ မနေ့ညက သူတို့နှစ်ယောက် အချိန်အတော်ကြာအောင် အချစ်နယ်ကျွံခဲ့ကြပြီး နောက်ဆုံးတွင်တော့ ယွီလီက ကရုဏာသက်ရန် တောင်းပန်ခဲ့ရပြီးမှ ယန်ကျီဝမ်က သူမကို လွှတ်ပေးလိုက်ခြင်း ဖြစ်သည် ။

​ယန်ကျီဝမ် အဝတ်အစား ဝတ်လိုက်သည်နှင့် ယွီလီ၏ အသံကို ကြားလိုက်ရသည် ။

​" ယန်ကျီဝမ်.. အခု ဘယ်အချိန် ရှိပြီလဲ .."

​ယန်ကျီဝမ်က သူ၏ နာရီကို ကြည့်လိုက်ပြီး...

​" ခုနစ်နာရီ ထိုးနေပြီ .."

​" အို.. အမေ့ကို မနက်စာ ချက်ဖို့ ကူညီပေးရအုံးမယ် .."

​ယွီလီ လန့်သွားပြီး အလျင်အမြန် ထရပ်လိုက်သော်လည်း ကိုယ်တွင်းမှ နာကျင်မှုကြောင့် အေးစက်စက် လေတစ်ချက်ကို ရှိုက်သွင်းလိုက်ကာ မျက်မှောင်ကြုတ်လိုက်မိသည် ။

​ဤသည်ကို မြင်သောအခါ ယန်ကျီဝမ်က ပြုံးလိုက်ပြီး...

​" ရပါတယ်.. ဒီနေ့ မင်း ကောင်းကောင်းသာ အနားယူလိုက်... အမေ နားလည်ပါတယ် .."

​" ရှင်က ပြောရဲသေးတယ်ပေါ့.. အားလုံး ရှင့်ကြောင့်ပဲ.. ကျွန်မကို ဘယ်လို အနိုင်ကျင့်ရမလဲ ဆိုတာလောက်ပဲ ရှင်သိတယ်.. ကျွန်မကို လုံးဝ ဂရုမစိုက်ဘူး .."

​ယွီလီက မျက်စောင်းထိုးလိုက်ပြီး နှုတ်ခမ်းစူကာ ညည်းညူလိုက်သည် ။

​မနေ့ညက အဖြစ်အပျက်များကို ပြန်စဥ်းစားမိသောအခါ သူမ ကြောက်ရွံ့သွားသလို ပျော်ရွှင်မှုလည်း ခံစားနေရ၏ ။

ပျော်ရွှင်စရာ အကောင်းဆုံးကတော့ သူမ နောက်ဆုံးတွင် ယန်ကျီဝမ်၏ ဇနီးအစစ် ဖြစ်လာခဲ့ခြင်းပင် ။ ကြောက်စရာ အကောင်းဆုံးကတော့ သူမ၏ ခင်ပွန်းက ထိုကဏ္ဍ၌ အရမ်း အရမ်းကို အစွမ်းထက်လွန်းနေ၏ ။

​ယောကျာ်း မိန်းမတွေ အတူနေကြသည့်အခါ အတော်လေး မြန်မြန် ပြီးသွားတတ်သည်ဟု တခြားသူများ ပြောသည်ကို သူမ ကြားဖူးခဲ့သည် ။

​' ငါ့ယောကျာ်းကျမှ ဘာလို့ အဲ့ဒီလောက်တောင် ကြာနေရတာလဲ . . '

​မနေ့ညကဆိုလျှင် သူမ၏ ဘိုးဘွားများကိုပင် မြင်ရတော့မည်ဟု သူမ ခံစားလိုက်ရသည် ။ သူမသာ အလျင်အမြန် ကရုဏာသက်ရန် မတောင်းဆိုခဲ့လျှင် သူမ၏ ဘိုးဘွားများနှင့် တကယ်ပင် သွားတွေ့ရချေမည် ။

​ယန်ကျီဝမ်က သူမ၏ ပါးကို နမ်းလိုက်ပြီး ပြုံးကာ...

​" မင်းက အရမ်း လှနေလို့ မဟုတ်ဘူးလား.. ငါ တကယ်ကို ထိန်းမရ ဖြစ်သွားခဲ့တာ.. ဒါပေမဲ့ အဆင်ပြေသွားမှာပါ.. နောက်ကျရင် မင်း ကျင့်သားရသွားလိမ့်မယ် .."

​ယွီလီက သူ့ကို မျက်စောင်း တစ်ချက် ထိုးလိုက်သည် ။

​' ဘယ်သူက ဒီလို နည်းလမ်းနဲ့ နှစ်သိမ့်ပေးတတ်လို့လဲ . . '

​သို့သော် သူမ တကယ် မထနိုင်တော့သဖြင့် လှဲနေရန်သာ တတ်နိုင်တော့သည် ။

​ယန်ကျီဝမ်က တံခါးဖွင့်ကာ ထွက်သွား၏ ။

​သူ အလယ်ခန်းထဲသို့ ဝင်ဝင်ချင်းပင် ရန်ရွေ့ဟွားက...

​" လောင်အာ.. ယွီလီရော .."

​" အိပ်နေတုန်းပဲ .."

​ယန်ကျီဝမ်က မီးဖိုချောင်ထဲသို့ လျှောက်ဝင်ရင်း ပြန်ဖြေလိုက်သည် ။

​ထို့နောက် သူက ယွီလီအတွက် ဂျုံယာဂု ပြုလုပ်ရန် ရည်ရွယ်ချက်ဖြင့် ဂျုံအချို့ကို ပြင်ဆင်လိုက်သည် ။

​ရန်ရွေ့ဟွားက မနက်စာ ပြင်ဆင်ပြီးပြီ ဖြစ်ရာ ယန်ကျီဝမ်က အခြား တစ်ခုခုကို ပြင်ဆင်နေသည်ကို မြင်သောအခါ ညည်းညူရန် ပြင်လိုက်သော်လည်း ရုတ်တရက် တစ်ခုခုကို တွေးမိသွားပြီး ချက်ချင်းပင် ငြိမ်ကျသွားသည် ။

​' ယွီလီနဲ့ ယန်လောင်အာတို့ မနေ့ညကမှ အတူနေခဲ့ကြတာ ဆိုတော့ သူ့မိန်းမအတွက် အာဟာရ ပြည့်ဝမယ့် အစားအစာ တစ်ခုခုကို ပြင်ဆင်ပေးနေတာ ဖြစ်ရမယ် . . '

​သူတို့ နှစ်ယောက်က တကယ့် လင်မယားတွေ ဖြစ်သွားကြပြီဟု ထင်ရပြီး သူမ နောက်နှစ်တွင် မြေးတစ်ယောက် ရနိုင်ဖွယ် ရှိပေသည် ။

​' လောင်အာက တကယ်ကို ဂရုစိုက်တတ်တဲ့သူပဲ . . '

​' သူ့မိန်းမအတွက် မနက်စာကိုတောင် ကိုယ်တိုင် ချက်ပေးနေသေးတယ် . . '

​အတိတ်ကို ပြန်တွေးကြည့်မည် ဆိုလျှင် သူမ၏ အဘိုးကြီးက သူမကို ဤမျှလောက် ဂရုမစိုက်ခဲ့ပေ ။ သူမ လက်ထပ်ပြီး နောက်တစ်နေ့တွင် မနက်စာ ပြင်ဆင်ရန် အစောကြီး ထခဲ့ရ၏ ။ ယှဥ်ကြည့်စရာ အကြောင်းပင် မရှိ ။

​ထိုစဥ် ယန်ဖူကွေ့က အခန်းထဲမှ ထွက်လာပြီး...

​" ဘယ်မှာများ ထားမိပါလိမ့် .."

ထိုသည်ကို မြင်သောအခါ ရန်ရွေ့ဟွားက...

​" အဘိုးကြီး.. ရှင် ဘာတွေ လိုက်ရှာနေတာလဲ.. ကျောင်းမသွားဘူးလား နောက်ကျလိမ့်မယ် .."

​" ခဏလေး.. ငါ တစ်ခုခု ရှာနေလို့ .."

​ယန်ဖူကွေ့က ယန်ကျီဝမ် မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေသည်ကို မြင်သောအခါ...

​" လောင်အာ.. ငါ့ကုတင်အောက်က ငါးစာတွေ မင်း ယူလိုက်တာလား.. မနေ့မနက်တုန်းက ရှိပါသေးတယ် .."

​သူ စနေနေ့တွင် ငါးမျှားထွက်ရန် သိမ်းထားခြင်း ဖြစ်သည် ။

​" မယူပါဘူး.. မနေ့က ယွီလီ့ မိဘတွေအိမ်ကို သွားတယ်.. ပြီးတော့ ပရိဘောဂတွေ သွားဝယ်ရသေးတယ်လေ.. ငါးမျှားဖို့ ဘယ်လိုလုပ် အချိန်ရှိမှာလဲ .."

​ယန်ကျီဝမ်က ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည် ။

​သူ လိုအပ်လျှင် သူကိုယ်တိုင် အသစ် ထပ်လုပ်၍ ရပေသည် ။

All Chapters