← Chapters

အခန်း ၁၆၅

Vol. 16 Ch. 165

အခန်း ၁၆၅

Vol. 16 Ch. 165

165

~

အခန်း ၁၆၅ : .. နောက်တစ်ခေါက်လား...

~

​ယန်ကျီဝမ် ရေချိုးခန်းထဲသို့ သွားကာ ပန်းသီးနှစ်လုံးကို ရေဆေးလိုက်၏ ။ သူ ယွီလီကို တစ်လုံးပေးပြီးနောက် ကျန်တစ်လုံးကို တစ်ကိုက်ကိုက်ကာ ..

​" ယုတ္တိရှိတယ်လို့ ပြောလို့ရပါတယ်.. ဒါပေမဲ့ ယီကျုံးဟိုင်နဲ့တော့ အလုပ်မဖြစ်ဘူး.. "

​" ဂွက်.. "

​" ချိုလိုက်တာ.. "

​ယွီလီက ပန်းသီးကို တစ်ကိုက်ကိုက်ပြီး...

​" ဘာလို့ အလုပ်မဖြစ်တာလဲ.. "

​

​" ဖတ်.."

​ယန်ကျီဝမ်က ယွီလီ၏ နဖူးကို လက်ညှိုးဖြင့် တောက်လိုက်၏ ။

​" အား.. ယန်လောင်အာ.. ဘာလုပ်တာလဲ.. "

​ယွီလီက နဖူးကို အုပ်ပြီး ယန်ကျီဝမ်ကို ဒေါသတကြီး စိုက်ကြည့်နေသည် ။

​ယန်ကျီဝမ်၏ နှုတ်ခမ်းတွန့်ကွေးသွားကာ...

​" ဘယ်သူက ငါ့ကို အဲဒီလိုခေါ်ဖို့ ပြောတာလဲ.. "

​" မှားလို့လား.. ရှင်က ဒုတိယသား မဟုတ်ဘူးလား.. "

​ယန်ကျီဝမ်က ရက်စက်ဟန်ဆောင်ပြီး...

​" မင်းငါ့ကို အဲ့လို ထပ်ခေါ်ရင် ဒီည ငါမင်းကို သေချာပေါက် ဆုံးမပေးမယ်.. "

​" ဟွန်း.. ဘယ်သူက ဘယ်သူ့ကို ကြောက်နေလို့လဲ.. "

​ယွီလီက သူမ၏လက်များကို တင်ပါးပေါ်တင်ပြီး ခက်ထန်စွာ ပြောလိုက်၏ ။

​ယန်ကျီဝမ် ချက်ချင်းပင် ကြည်နူးသွားသည် ။

​'ဟမ့် ..ဒီမိန်းမတော့ ..ညကျမှ တောင်းပန်လာလိမ့်မယ်.. မကစားတက်ပေမဲ့ ပရိုထင်နေတဲ့ တောသီးမျိုးပဲ.. "

​" ကောင်းပြီ.. မင်း ကြားချင်ရင် မင်းရဲ့ ယောက်ျားက ရှင်းပြရမှာပေါ့.. လာထိုင်ဦး.. "

​ယန်ကျီဝမ်က သူ့ပေါင်ကို ပုတ်ပြလိုက်၏ ။

​" နေ့ခင်းကြောင်တောင်ကြီး ရှိသေးတာကို.. အမေ တွေ့သွားရင် မကောင်းဘူး.. "

​ယွီလီ အနည်းငယ် ချီတုံချတုံ ဖြစ်နေသော်လည်း အဆုံးတွင် ယန်ကျီဝမ်၏ ပေါင်ပေါ်၌ ဝင်ထိုင်လိုက်သည် ။

​ယန်ကျီဝမ်က သူမ၏ သွယ်လျသောခါးကို လက်ဖြင့် ဖက်လိုက်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏ ။

​" ယီကျုံးဟိုင်က ဘာလို့ မကူညီတာလဲဆိုတာကို ရှင်းပြဖို့အတွက် သူ့ရဲ့ ပင်စင်အစီအစဉ်အကြောင်း အရင်ပြောရမယ်.. "

​" သူ့မိသားစုမှာ သူတို့ လင်မယား နှစ်ယောက်ပဲ ရှိပြီး ကလေးမရှိဘူးဆိုတာ မင်းလည်း သိတာပဲမလား.. "

​ယွီလီက ခေါင်းညိတ်လိုက်သည် ။

​ယန်ကျီဝမ်က ဆက်ပြော၏ ။

​" အဲ့ဒါကြောင့် သူ အသက်ကြီးလာတဲ့အခါ သူ့ကို လုပ်ကျွေးပြုစုမယ့်သူ လိုအပ်တယ်.. ပြီးတော့ ကျားဒုံရွှီက သူ ရွေးချယ်ထားတဲ့သူပဲ.. "

​ယွီလီက ဇဝေဇဝါဖြင့် မေးလိုက်သည် ။

​" အဲဒါဆိုရင် သူ့ကို ကူညီဖို့ ပိုပြီး ဆန္ဒရှိရမှာ မဟုတ်ဘူးလား.. "

​'အသက်ကြီးလာရင် ပြုစုစောင့်ရှောက်ပေးဖို့ မျှော်လင့်ထားပြီး သူတို့ကိုကျတော့ မကူညီချင်ဘူးတဲ့..ဘယ်လို လူမျိုးလဲ...'

​" ပုံမှန်အားဖြင့်တော့ အဲဒီလိုပဲလေ.. ဒါပေမဲ့ အဓိကက ယီကျုံးဟိုင်က သာမန်လူ မဟုတ်ဘူး.. "

​ယန်ကျီဝမ်က ဆက်ပြောသည် ။

​" သူက အရာရာကို ထိန်းချုပ်လိုစိတ် ပြင်းပြတဲ့ စိတ်ရောဂါသည်တစ်ယောက်ပဲ.. ကျားမိသားစုရဲ့ ဘဝက တိုးတက်ကောင်းမွန်လာရင် သူ့ရဲ့ အကူအညီကို မလိုအပ်တော့ဘဲ ဖြစ်သွားမှာ စိုးရိမ်လို့ သူက ကျားမိသားစုကို လွယ်လွယ်နဲ့ အကူအညီ မပေးတာ.. "

​" မဟုတ်ရင် ချင်ဟွိုင်ရု အိမ်ထောင်ကျတာ နှစ်ပေါင်းများစွာ ရှိပြီ.. ယီကျုံးဟိုင်ရဲ့ စွမ်းရည်နဲ့ဆိုရင် သူ တစ်ခုခု လှုပ်ရှားလိုက်ရုံနဲ့ အလုပ်မရဘဲ နေပါ့မလား.. "

​ဤသည်က အမှန်တရားပင် ။ သံမဏိစက်ရုံတွင် အဆင့်၇ အလုပ်သမားတစ်ယောက်အနေဖြင့် ယီကျုံးဟိုင်သည် နောက်ထပ် နှစ်နှစ်အတွင်း အဆင့်ရှစ် အလုပ်သမား ဖြစ်လာနိုင်ချေ ရှိသည် ။

​သူသည် စက်ရုံတွင် အတော်လေး ဩဇာကြီးမားပြီး ခေါင်းဆောင်များက အလေးထားရသူ ဖြစ်၍ အလုပ်တစ်ခု ရှာပေးရန် မခက်ခဲပေ ။

​" ဒါပေမဲ့ ပထမဦးလေးက ကျားမိသားစုကို သိပ်ပြီး အကူအညီ မပေးခဲ့ဘူး.. ရှာကျူးနဲ့တောင် ယှဉ်လို့မရဘူးလို့ လူတွေပြောကြတာ ကြားဖူးတယ်.. "

​ယွီလီက ရန်ရွေ့ဟွား ထံမှ ထိုအကြောင်းကို ကြားဖူးခြင်း ဖြစ်သည် ။

​ယီကျုံးဟိုင်က ကျားမိသားစုကို ကူညီပေးတိုင်း အများဆုံး ပြောင်းဖူးမှုန့်လောက်သာ ပေးတတ်သည်ဟု သူမ ကြားဖူး၏ ။

​" ကျားမိသားစုအနေက သူ့ကို မရှိမဖြစ် အားကိုးနေရအောင် သူ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာလေ.. "

​ယန်ကျီဝမ်က....

​" ရှာကျူးက ကျားမိသားစုကို ကူညီပေးတာနဲ့ ပတ်သက်ပြီးတော့ကော.. သူ့ရဲ့ နောက်ကွယ်က ရည်ရွယ်ချက်တွေအပြင် နောက်ထပ် အကြောင်းပြချက်တစ်ခု ရှိသေးတယ်.. ယီကျုံးဟိုင်က ကျားမိသားစုက အောက်ခြေမဲ့ တွင်းနက်ကြီးတစ်ခုလို ဖြစ်နေလို့ သူ့အိတ်ကပ်ထဲက ပိုက်ဆံ အကုန်မခံချင်တာကြောင့် ရှာကျူးကို သူတို့အတွက် အသုံးချပြီး ကူညီခိုင်းခဲ့တာပဲ.. "

​" ရှင်တို့ခြံထဲက ကိစ္စတွေက တကယ်ကို ရှုပ်ထွေးလွန်းတယ်.. "

​ယွီလီ သက်ပြင်းချမိရုံမှတစ်ပါး အခြားမရှိတော့ချေ ။

​" ဒါ ကိုယ်တို့ရဲ့ ခြံဝင်းလေ.. "

​ယန်ကျီဝမ်က သူမကို အမှန်ပြင်ပေးလိုက်၏ ။

​ယွီလီက သူ ဘာကို ဆိုလိုမှန်း နားလည်သွားသဖြင့် မျက်လုံးလှန်ကြည့်လိုက်သည် ။

​ပြီးတော့ သူမက ဆက်မေး၏ ။

​" ဒါဆို ဘာပဲဖြစ်ဖြစ် ယီကျုံးဟိုင်က ချင်ဟွိုင်ရုကို အလုပ်ဝယ်ဖို့ ကူညီပေးမှာ မဟုတ်ဘူးပေါ့.. ဟုတ်လား.. "

​" အဲဒါ အမှန်ပဲ.. "

​ယန်ကျီဝမ်က ခေါင်းညိတ်လိုက်သည် ။

​...

​ယွီလီ သက်ပြင်းချကာ နှုတ်ခမ်းစူလိုက်ပြီး...

​" သူ စောစောက ကျွန်မကို တမင်သက်သက် လာကြွားနေတာ.. အနာဂတ်မှာ ကျွန်မတို့ တစ်နေရာတည်းမှာ အတူတူ အလုပ်လုပ်နိုင်တယ်လို့တောင် ပြောသွားသေးတယ်.. ကြည့်ရတာ ကြွားချင်ရုံသက်သက်ပဲ ဖြစ်ရမယ်.. "

​" မင်း နားလည်သွားတာ ကောင်းပါတယ်.. ဒါပေမဲ့ ဒီအကြောင်းတွေကို အပြင်မှာ လျှောက်ပြောမနေနဲ့ဦး.. ဒါက ကိုယ်တို့နဲ့ မဆိုင်ဘူး.. "

​ယွီလီက ခေါင်းညိတ်ပြလိုက်ရာ ယန်ကျီဝမ်က ပြုံးပြီး မေးလိုက်၏ ။

​" မိန်းမ.. မင်းရဲ့လေသံက နည်းနည်း မနာလိုဖြစ်နေသလိုပဲ.. မင်းလည်း အလုပ်သွားချင်လို့လား.. "

​" ဒါပေါ့.. ကျွန်မလည်း သွားချင်တယ်.. "

​ယွီလီက နှုတ်ခမ်းစူကာ...

​" အမေက အိမ်မှာ ဘာမှ လုပ်ခွင့်မပေးဘူး.. အိမ်မှာပဲ နေနေရတာ ပျင်းလွန်းလို့ သေတော့မယ်.. အလုပ်သွားပြီး မိသားစုရဲ့ ဝန်ထုပ်ဝန်ပိုးကို ကူညီပေးချင်တာ.. "

​သူမ အိမ်တွင် ရန်ရွေ့ဟွားကို ပန်းကန်ဆေးခြင်းကဲ့သို့သော ကျပန်းအလုပ်အချို့သာ ကူညီပေးရလေ့ရှိသည် ။ ထို့ကြောင့် သူမ အလွန် ပျင်းရိ ငြီးငွေ့နေတတ်၏ ။

​ယန်ကျီဝမ် အိမ်မှာရှိစဉ်က အဆင်ပြေခဲ့သော်လည်း ယန်ကျီဝမ် အလုပ်သွားသည့်အခါ သူမတွင် စကားပြောဖော်မရှိ ။

ခြံဝင်းထဲက ကျန်သူအားလုံးကလည်း အိမ်မှာအိပ် နေကြသဖြင့် ယန်ကျီဝမ်က ချင်ဟွိုင်ရုနှင့် ပတ်သက်မှုကို လျှော့ချရန် ပြောထားသော်လည်း သူမ ချင်ဟွိုင်ရုနှင့် စကားမပြောလျှင် မည်သူနှင့် ပြောရမည်နည်း ။

​" အဲလိုလား.. "

​ယန်ကျီဝမ်က စဉ်းစားလိုက်၏ ။

​'အစကတော့ မင်းကို အိမ်မှာပဲ အေးအေးဆေးဆေး နေပြီး ကလေးကို ပြုစုပျိုးထောင်ဖို့ စီစဉ်ထားတာ.. ဒါပေမဲ့ မင်းက အလုပ်လုပ်ချင်တယ်ဆိုတော့လည်း ရှာပေးရတာပေါ့..'

​ယွီလီက ရှက်ရွံ့စွာ ပြောလိုက်သည် ။

​" ကလေး.. ဒီလောက်တောင် စောသေးတာကို.. ဘယ်လိုလုပ် ဒီလောက်မြန်မြန် ဖြစ်နိုင်မှာလဲ.. ကိုယ်ဝန်ရရင်တောင် ကလေးမွေးဖို့ အချိန်အတော်ကြာဦးမှာ... "

​ယန်ကျီဝမ်က ဆော့ကစားလိုသော အပြုံးဖြင့်...

​" ဒါဆို ငါတို့တွေ ပိုပြီး ကြိုးစားအားထုတ်ဖို့ လိုအပ်နေသေးတာပေါ့.. "

​" ဒီညလည်း ဆက်ပြီး ကြိုးစားကြမလား.. "

​" အာ.. ထပ်ပြီးတော့လား.. "

​ယွီလီ၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွား၏ ။

​ဤယောကျ်ားက နွားသိုးတစ်ကောင်လိုပင်။ အမြဲတမ်း အားအင်တွေ ပြည့်ဝလွန်းနေသည် ။

​သူ ကိစ္စပြီးသွားတိုင်း သူမခမျာ မနက်ခင်းတွင် အိပ်ရာမှ မထနိုင်တော့ချေ ။

​ရန်ရွေ့ဟွား၏ နေ့လယ်ခင်းတွင် ပြုံးပြတတ်သော အဓိပ္ပာယ်ပါသည့် အပြုံးကို တွေးမိရုံနှင့် ယွီလီ တစ်ကိုယ်လုံး ရှက်သွေးဖြန်းသွားသည် ။

​" ဟုတ်တာပေါ့.. မဟုတ်ရင် ဘယ်လိုလုပ် ကိုယ်ဝန်ရနိုင်မှာလဲ.. "

​ယန်ကျီဝမ်က အလွန် သဘာဝကျလှသောအရာတစ်ခုကဲ့သို့ ခေါင်းညိတ်ပြလိုက်၏ ။

​ချောမောလှပသည့် ဇနီးသည်တစ်ယောက်ကို လက်ထပ်ပြီး အိမ်ခေါ်လာရသည်က မလွယ် ။ သူ ကြိုးစား၍ ကြိုးစားမှ ဖြစ်ချေမည် ။ ခေတ်သစ်တွင် ဆိုလျှင် ဤသည်က အိမ်မက်ထဲတွင်သာ ဖြစ်နိုင်သည့် ကိစ္စပင် ။

​" ပျင်းစရာကောင်းလိုက်တာ.. "

​ယွီလီက သူ့ကို စိုက်ကြည့်ပြီး ...

​" ကျွန်မက အတည်ပြောနေတာကို.. "

​" မင်း အလုပ်သွားဖို့ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး.. ဒါပေမဲ့ ငါ့ကို ဘယ်လို ဆုချဖို့ စီစဉ်ထားလဲ.. "

​ယန်ကျီဝမ်က စနောက်လိုသော အပြုံးဖြင့် ဆက်ပြော၏ ။

​" အလုပ်အားလုံးကို အလကား လုပ်ပေးရမယ်လို့တော့ မမျှော်လင့်နဲ့နော်.. ဟုတ်တယ်မလား.. "

​ယွီလီက ဇဝေဇဝါဖြင့်...

​" ကျွန်မ ရှင့်ကို ဘယ်လို ဆုချရမှာလဲ.. "

​

​သူမ၏ ဖြစ်တည်မှုတစ်ခုလုံးကို သူ ပိုင်ဆိုင်ထားပြီးဖြစ်သည်ဟု ခံစားရရာ သူမကိုယ်တိုင်ကလွဲ၍ ဘာကို ပေးနိုင်ပါဦးမည်နည်း ။ သူမ ဘာမှ စဉ်းစားမရတော့ချေ ။

​"ဟီးဟီး.."

​ယန်ကျီဝမ်က စပ်ဖြီးဖြီး ရယ်လိုက်ပြီး ယွီလီ၏ နားနားသို့ ကပ်ကာ စကားအချို့ တိုးတိုးလေး ပြောလိုက်၏ ။

​ယွီလီ၏ ပါးပြင်နှစ်ဖက်က ချက်ချင်း ရဲရဲနီသွားသည် ။

​သူမက ယန်ကျီဝမ်ကို ထုရိုက်လိုက်ပြီး...

​" ရှင်...ရှင်.. လူကို အမြဲ စနောက်နေတာပဲ.. အဲဒါမျိုးကြီးကို... ကျွန်မ ဘယ်လိုလုပ် တတ်မှာလဲ.. "

​

​" ဒါဆိုရင်တော့ ငါလည်း ဘာမှ မတတ်နိုင်ဘူးပေါ့.. နည်းလမ်းကိုတော့ ငါ ပြောပြပြီးပြီနော်.. "

​ယန်ကျီဝမ်က ပခုံးတွန့်ပြလိုက်သည် ။

​ယွီလီ ဒေါသထွက်သွား၏ ။

​သူမက သူ့မိန်းမဖြစ်ပါသော်လည်း အလုပ်ရှာရာတွင် ကူညီပေးဖို့ရန်အတွက် ညှိနိုင်းရန် ရဲတင်းနေသည် ။

​ထို့အပြင် သူ တောင်းဆိုလိုက်သည့် အရာက ..........

'ဒီလူဆိုးကြီး....'

​ခဏအကြာတွင်...

​ယွီလီတစ်ယောက် သွေးဆောင်မှုကို မလွန်ဆန်နိုင်တော့ချေ ။

​သူမက ရှက်ရွံ့စွာဖြင့်...

​" ကျွန်မ တကယ်လို့ အဲ့..အဲ့ဒါကို လုပ်ရင်ကော... အဲဒါဆိုရင် ရှင် ကျွန်မကို အလုပ်တစ်ခု တကယ် ရှာပေးမှာလား.. "

​

​ယန်ကျီဝမ်၏ မျက်လုံးများ တောက်ပသွားပြီး သူ့ရင်ဘတ်ကို ပုတ်ကာ အာမခံလိုက်၏ ။

​" လုံးဝ သေချာတယ်.. ကိုယ့်အကြောင်း မင်းအသိဆုံးပဲ.. အလုပ်ရှာတာက အသေးအဖွဲလေးပါ.. ဟုတ်တယ်မလား.. "

​" ဒါ... ဒါဆိုရင်.. ကျွန်မသဘောတူတယ်.. "

​ယွီလီက မျက်နှာနီရဲစွာဖြင့် ပြန်ဖြေလိုက်၏ ။

​" မိန်းမ. အိုးး လိမ္မာလိုက်တဲ့ မိန်းမလေး.. "

​ယန်ကျီဝမ်က ယွီလီကို စိတ်လှုပ်ရှားစွာဖြင့် နမ်းလိုက်ပြီးနောက် သူ့အိတ်ကပ်ထဲမှ ကူပွန်တစ်စောင်ကို ထုတ်ယူလိုက်သည် ။

​" ရော့.. ဒါက မင်းအတွက် ဆု.. "

​" ဒါ ဘာလဲ.. "

​ယွီလီက လှမ်းယူပြီး ကြည့်လိုက်ရာ စိတ်လှုပ်ရှားစွာဖြင့်...

​" အိုး.. အပ်ချုပ်စက် လက်မှတ်လား.. "

​သူမသည် အပ်ချုပ်စက်တစ်လုံး လိုချင်နေခဲ့သည်မှာ ကြာပြီ ဖြစ်သည် ။ အပ်ချုပ်စက်ရှိလျှင် သူမကိုယ်တိုင် အဝတ်အစားတွေ ချုပ်နိုင်ပြီး ဖာထေးရသည်ကလည်း ပိုပြီး လွယ်ကူသွားလိမ့်မည် ။

​ခဏတာ တုန့်ဆိုင်းသွားပြီးနောက် ယွီလီက စိုးရိမ်တကြီးဖြင့်...

​" လက်မှတ်ရှိရင်တောင် အပ်ချုပ်စက်က ဈေးမသေးဘူးလေ.. "

​သူမ အနည်းငယ် နှမြောနေမိ၏ ။

​" ရပါတယ်.. မင်းယောက်ျားမှာ ပိုက်ဆံတွေ အများကြီး ရှိတယ်.. "

​ယန်ကျီဝမ်က လက်ကို ရက်ရောဟန်ဖြင့် ဝှေ့ယမ်းလိုက်ပြီး သူ့ရင်ခွင်ထဲက အလှလေးကို ကြည့်ကာ လေးနက်စွာ ပြောလိုက်၏ ။

​" ကိုယ်တို့ မင်္ဂလာပွဲ မကျင်းပဖြစ်ခဲ့လို့ စိတ်မကောင်းဖြစ်နေတာ.. ဒါကြောင့် အနည်းဆုံးတော့ သုံးလှည့်နဲ့ တစ်သံ ကို ပြည့်စုံအောင် ပြန်ဖြည့်ဆည်းပေးသင့်တယ်လို့ စဥ်းစားထားတယ်.. "

​" ယန်ကျီဝမ်.. ရှင်က အကောင်းဆုံးပဲ. "

​သူ့စကားကို ကြားသောအခါ ယွီလီ၏ မျက်နှာလေးက ကြင်နာမှုများဖြင့် နူးညံ့ပျော့ပျောင်းသွားပေတော့သည် ။

All Chapters