← Chapters

အခန်း ၁၆၇

Vol. 16 Ch. 167

အခန်း ၁၆၇

Vol. 16 Ch. 167

167

~

အခန်း ၁၆၈ : ပစ္စည်းပျောက်ခြင်း...

~

​ခြံဝင်းထဲတွင် အဘိုးဝမ် ၊ အဘွားလင်း ၊ ယန်ကျီဝမ် နှင့် ဝမ်မြောင်မြောင် တို့ စားပွဲတစ်ခု၌ ဝိုင်းဖွဲ့စားသောက်နေကြသည် ။

​ဟင်းလျာများကိုတော့ ယန်ကျီဝမ် ကိုယ်တိုင်ချက်ပြုတ်ထားခြင်းဖြစ်သည် ။

​ဝမ်မြောင်မြောင်၏ အကြည့်က ယန်ကျီဝမ်ထံမှ မရွေ့ချေ ။

​ထိုသည်က သူမ ယန်ကျီဝမ်ကို သဘောကျ၍ မဟုတ်ဘဲ စိတ်ထဲမှ ဓားဖြင့်မွှန်းချင်လောက်အောင် မုန်းတီးနေ၍ ဖြစ်သည် ။

​ဤလူက မီးလောင်ရာလေပင့်လုပ်လိုက်သဖြင့် အဘွားဖြစ်သူက သူမ၏နားရွက်ကို လိမ်ဆွဲခဲ့ရာ ယခုထိတိုင် နားရွက်လေးက နီရဲနေဆဲပင် ။

​အဘိုးဝမ်က ဝိုင်တစ်ငုံသောက်ရင်း ရယ်လိုက်သည် ။

​သူ့မြေးမလေးက မာနကြီးလွန်းသည်ကလွဲလျှင် အကုန်ပြည့်စုံပေသည် ။

​သူမ ယန်ကျီဝမ်၏ လက်ထဲတွင် အနည်းငယ် ဒုက္ခရောက်ဖူးမှသာ သင်ခန်းစာတစ်ခု ရနိုင်လိမ့်မည် ။

​ယန်ကျီဝမ်က ဝမ်မြောင်မြောင်အတွက် ကြက်ခြေထောက်တစ်ချောင်းကို ထည့်ပေးလိုက်ပြီး ပြုံး၍...

​" အစ်မ မြောင်မြောင်.. ပိုစားနော်... ကျွန်တော့်ကို အားမနာနဲ့.. "

​" ဟမ့်. "

​ဝမ်မြောင်မြောင်က နှာခေါင်းရှုံ့လိုက်ပြီး...

​" နင်က လူညစ်ပဲ.. ရိုးရိုးသားသားပြောစမ်းပါ.. နင် တိတ်တိတ်လေး ဆရာတစ်ယောက်ဆီမှာ ပညာသင်ထားတာမလား.. "

​ယန်ကျီဝမ်က သူမ ဆိုလိုသည်ကို သိသဖြင့် ပြုံး၍ ပြန်ပြောလိုက်သည် ။

​" တကယ် မဟုတ်ဘူး.. ကျွန်တော် နည်းနည်းပဲ လေ့ကျင့်ထားတာပါ.. "

​" ဟွမ့်.. "

​ဝမ်မြောင်မြောင်က စကားပြောခြင်းကို ချက်ချင်းရပ်ပစ်လိုက်သည် ။

​' နည်းနည်းပဲ လေ့ကျင့်ထားတာ ဟုတ်လား '

​' ငယ်ငယ်ကတည်းက ကြိုးစားလေ့ကျင့်လာခဲ့တဲ့ ငါက နင့်ကို အနိုင်မယူနိုင်တာ ငါ့ကို ဘာမှအသုံးမကျတဲ့သူတစ်ယောက်လို့ ပြောလိုက်တာနဲ့ အတူတူပဲ မဟုတ်လား... '

​ဤကောင်စုတ်က တကယ်ကို ပို၍ စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းလာချေပြီ ။

​အဘွားလင်းက အကူအညီမဲ့စွာဖြင့် ပြောလိုက်သည် ။

​" ညည်းရဲ့ ဒေါသနဲ့ဆိုရင် နောင်အနာဂတ်မှာ ဘယ်သူက လက်ထပ်ခွင့်တောင်းရဲမှာလဲ.. ယန်လေးပဲ ညည်းကို သည်းခံနိုင်တာ.. ငါ့ကိုမေးရင်တော့ ညည်းနဲ့ ယန်လေး လက်ထပ်သင့်တယ်.. "

​"အဟွတ်.."

​ယန်ကျီဝမ် အရက်သောက်နေစဉ် ထိုစကားကို ကြားလိုက်ရသဖြင့် ပြန်၍ ထွေးထုတ်မိလုနီးပါး ဖြစ်သွားသည် ။

​ကံကောင်းထောက်မစွာဖြင့် သူ လျင်မြန်စွာ တုံ့ပြန်ပြီး အချိန်မီ မျက်နှာလွှဲလိုက်နိုင်၍သာ တော်တော့သည် ။ မဟုတ်လျှင် စားပွဲပေါ်က ဟင်းလျာများအားလုံး အလဟဿ ဖြစ်သွားပေလိမ့်မည် ။

​ဝမ်မြောင်မြောင်က ချက်ချင်းပင် ဒေါသထွက်သွားပြီး...

​" ယန်လောင်အာ.. နင် ဒါ ဘာသဘောလဲ.. ငါက နင့်နဲ့ မတန်ဘူးလို့ ပြောချင်တာလား.. လူဆိုးကောင်.. "

​သူမ ယန်ကျီဝမ်အပေါ် ထိုကဲ့သို့ ခံစားချက်မျိုး မရှိသော်လည်း သူ့ဘက်က ပြသလိုက်သည့် အမူအရာက တကယ်ပင် အနည်းငယ် လွန်ကဲလှသည် ။

​သူမသည် သဘာဝအတိုင်း လှပပြီး မိသားစုနောက်ခံကလည်း အလွန်ကောင်းမွန်၏ ။ အနည်းငယ် စိတ်တိုလွယ်၍ ကိုယ်လက်လှုပ်ရှားမှုများကို နှစ်သက်သည်ကလွဲလျှင် သူမအား ပြီးပြည့်စုံသူတစ်ဦးဟု သတ်မှတ်နိုင်သည် ။

​' ဒီကောင်စုတ်က ငါ့ကို မယူချင်ဘူးပေါ့ .."

​" ငါတို့တွေ ကောင်းကောင်းမွန်မွန် ထမင်းစားလို့ ရဦးမလား.. "

​ထိုအချိန်တွင် အဘိုးဝမ်က ဒေါသထွက်ဟန်ဖြင့် ပြောလိုက်သဖြင့် ဝမ်မြောင်မြောင် စိတ်ကို အတော်လေး ထိန်းချုပ်လိုက်ရသည် ။

​သူမသည် အဘိုးဖြစ်သူကို အလွန်လေးစားရိုသေဆဲပင် ။ ဤမိသားစုတွင် အဘိုးနှင့် အဘွားနှစ်ယောက်သာ သူမကို ထိန်းချုပ်နိုင်ကြသည် ။

​မိဘများနှင့် ပတ်သက်လာလျှင် သူမ လုံးဝ နားမထောင်။

​သူမကို ငယ်စဉ်ကတည်းက အဘိုးအဘွားများကသာ ပြုစုပျိုးထောင်ခဲ့ကြသဖြင့် ထိုသို့ဖြစ်ရသည်မှာ အံ့သြစရာတော့ မဟုတ်ပေ ။

​ချက်ချင်းဆိုသလိုပင် အဘိုးဝမ်က အဘွားလင်းကို လှည့်၍ ပြောလိုက်သည် ။

​" မိန်းမ.. ပွဲစားလုပ်မနေပါနဲ့.. ယန်လေးက အိမ်ထောင်ကျပြီးပြီ.. "

​" ဟယ်.. ဘယ်တုန်းက ဖြစ်သွားတာလဲ.. "

​အဘွားလင်းက ယန်ကျီဝမ်ကို အံ့အားသင့်စွာ ကြည့်လိုက်ပြီး...

​" မြေး.. မင်္ဂလာပွဲလို ကြီးကျယ်တဲ့ ကိစ္စမျိုးကို ဘာလို့ အဘွားကို အသိမပေးရတာလဲ.. "

​" ပြီးခဲ့တဲ့အပတ်ကပါ.. "

​ယန်ကျီဝမ်က ဆက်၍ ရှင်းပြလိုက်သည် ။

​" အခုအချိန်က နိုင်ငံတော်ကလည်း ချွေတာဖို့ အားပေးနေတာဆိုတော့ ကျွန်တော်တို့လည်း ကြီးကြီးကျယ်ကျယ် မလုပ်ဖြစ်တော့ဘဲ မိသားစုနှစ်စု ဆုံပြီး ထမင်းစားလိုက်ကြရုံပါပဲ.. "

​" ဒါဆိုရင်လည်း အနည်းဆုံးတော့ မြေးရဲ့ မိန်းမကို အဘွားဆီ ခေါ်လာခဲ့ရမှာပေါ့.. "

​အဘွားလင်းက သူ့ကို အပြစ်တင်သလို ဆူပူလိုက်သည် ။

​ယန်ကျီဝမ်က ရယ်လိုက်ပြီး..

​" နောက်တစ်ခါကျရင်တော့ သူ့ကို သေချာပေါက် ခေါ်လာခဲ့ပါ့မယ်.. "

​" ဒါဆို ကတိတည်ရမယ်နော်.. အဘွားကို မလိမ်နဲ့.. "

​ထိုသို့ပြောပြီး အဘွားလင်းက ထိုင်ရာမှထကာ အခန်းထဲသို့ ပြန်ဝင်သွားသည် ။

​မကြာမီပင် သူမ ပြန်ထွက်လာပြီး ယန်ကျီဝမ်ကို အရာတစ်ခု ကမ်းပေးလိုက်ကာ...

​" ယန်လေး.. ဒါကို ယူသွား.. အဘွားရဲ့ မင်္ဂလာလက်ဆောင်လို့ သတ်မှတ်လိုက်ပေါ့.. "

​ယန်ကျီဝမ် ကြည့်လိုက်မိလျှင် ရွှေလက်ကောက်တစ်ကွင်း ဖြစ်နေသည်ကို တွေ့လိုက်ရသည် ။

​ယန်ကျီဝမ်က မယူဝံ့သဖြင့် လက်ကို အထပ်ထပ် ဝှေ့ယမ်းငြင်းဆန်ရင်း...

​" ဒါက အရမ်းတန်ဖိုးကြီးလွန်းတယ်.. ကျွန်တော် လက်မခံရဲဘူး.. "

​" ငါပေးရင် ယူလိုက်စမ်းပါ.. မြေးက ငါ့ကို အဘွားလို့ ခေါ်ပြီးပြီပဲ.. အဘွားက မြေးကို တစ်ခုခု ပေးတာ ဘာမှားလို့လဲ.. "

​အဘွားလင်းက လေးနက်သော လေသံဖြင့် ဆက်ပြောသည် ။

​" ပြီးတော့ ဒါက မြေးကို ပေးတာ မဟုတ်ဘူး.. ငါ့မြေးချွေးမလေးအတွက် ပေးတာ.. "

​ယန်ကျီဝမ်...

​" ...... "

​စကားကို ဤမျှအထိ ပြောလာသည့်အတွက် သူ မည်သို့ ငြင်းပယ်နိုင်ပါဦးမည်နည်း ။

​သူ့ လက်ခံရန်သာ တတ်နိုင်တော့သည် ။

​" အဘွားကို ကျေးဇူးအများကြီး တင်ပါတယ်... "

​" အင်း.. "

​အဘွားလင်းက နှမြောတသဟန်ဖြင့် ညည်းတွားလိုက်သည် ။

​" နှမြောစရာကောင်းလိုက်တာ.. အစကတော့ မြေးနဲ့ မြောင်မြောင်တို့ လက်ထပ်တဲ့အခါကျမှ မြောင်မြောင်ကို ပေးဖို့ စီစဉ်ထားတာလေ.. "

​ထိုစကားကို ကြားလိုက်ရသဖြင့် ယန်ကျီဝမ်က ဝမ်မြောင်မြောင်ကို တိတ်တဆိတ် လှမ်းကြည့်လိုက်သည် ။

​" ဘာကြည့်နေတာလဲ.. "

​ဝမ်မြောင်မြောင်က မျက်စောင်းထိုး၍ ပြန်ပြောလိုက်သည် ။

​" နင်က ငါနဲ့ တန်လို့လား.. "

​" ဟုတ်တယ်.. ဟုတ်တယ်.. မှန်ပါတယ်.. "

​ယန်ကျီဝမ်က အထပ်ထပ်အခါခါ ခေါင်းညိတ်ပြလိုက်သည် ။

​ညစာစားပြီးနောက် အဘိုးဝမ်က ယန်ကျီဝမ်ကို စစ်တုရင်ဝိုင်းထဲသို့ ထပ်မံ ဆွဲခေါ်သွားပြန်သည် ။ အကြိမ်ကြိမ် အပြန်အလှန် ကစားပြီးနောက်တွင်မှ ယန်ကျီဝမ်အိမ် ပြန်ခွင့်ရတော့သည် ။

​အဘွားလင်းကလည်း နောက်တစ်ကြိမ်တွင် ဇနီးဖြစ်သူကို သေချာပေါက် ခေါ်လာရန် ထပ်တလဲလဲ မှာကြားနေသဖြင့် ယန်ကျီဝမ် သဘောတူကတိပေးလိုက်မှသာ သူ့ကို လွှတ်ပေးလိုက်၏ ။

​...

​သူ အိမ်သို့ ပြန်ရောက်သည့်အချိန်တွင် မွန်းလွဲပိုင်းသို့ ရောက်ရှိနေပြီ ဖြစ်သည် ။

​သူ့မိန်းမနှင့် အဘွားကြီးတို့က ညစာအတွက် ပြင်ဆင်နေကြ၏ ။

​ထိုအဘိုးကြီးဝမ်က စစ်တုရင်ကစားရန် အတင်းအကျပ် ဆွဲထား၍သာ ဤမျှ နောက်ကျသွားရခြင်းဖြစ်သည် ။

​သို့သော် ထိုအဘိုးကြီးက စစ်တုရင်ကစားရာ၌ အကျင့်မကောင်း ။ အမြဲတမ်း ရွှေ့ပြီးသား အကွက်ကို နောင်တရကာ ပြန်ပြင်တတ်ပြီး အကွက်တိုင်းကိုလည်း အကြာကြီး စဉ်းစားတတ်သေးသည် ။

အဘိုးကြီးဝမ်သည် စစ်တုရင်ကစားရာ၌ လက်မကောင်းသော်လည်း ကစားရသည်ကို အလွန်နှစ်သက်ပေသည် ။

​အတတ်ပညာတစ်ခုခုတွင် ညံ့ဖျင်းသော်လည်း ထိုသည်ကို စွဲစွဲလန်းလန်း နှစ်သက်တတ်သည့် ပုံစံမျိုးပင်။

​" ပြန်လာပြီလား.. "

​ ကုတင်ဘေးတွင် ထိုင်နေသည့် ယန်ဖူကွေ့က သူ့ကို ရေနွေးကြမ်းတစ်ခွက် ငှဲ့ပေးရင်း မေးလိုက်သည် ။

​ယန်ကျီဝမ်က ခေါင်းညိတ်ပြကာ ရေနွေးကြမ်းတစ်ငုံ သောက်လိုက်ပြီး ညည်းညူလိုက်သည် ။

​" ကျွန်တော်လည်း စောစောပြန်လာမလို့ပဲ.. ဒါပေမယ့် အဘိုးကြီးဝမ်က စစ်တုရင်ကစားဖို့ အတင်းဆွဲထားလို့ နောက်ကျသွားတာ.. "

​" ကောင်းတာပေါ့ မဟုတ်ဘူးလား.. ဒီလို အဆင့်မြင့်အရာရှိကြီးက မင်းကို သဘောကျနေတာပဲ.. နောင်တစ်ချိန်မှာ မင်း အခက်အခဲတွေ့ရင် သူ ကူညီပေးနိုင်လိမ့်မယ်.. "

​ယန်ဖူကွေ့က ပျော်ရွှင်စွာ ရယ်၍ ပြောလိုက်သည် ။

​" ဒါပေမယ့် အဘိုးကြီးဝမ်က စစ်တုရင်ဆော့တာ အကျင့်မကောင်းဘူး.. . အမြဲတမ်း နောင်တရပြီး အကွက်ပြန်ပြင်ချင်နေတာ.. သူနဲ့ စစ်တုရင်ကစားရတာက ဦးနှောက်ဆဲလ်တွေ အများကြီး အလဟဿ ဖြစ်တယ်.. "

​ယန်ကျီဝမ်က ဆက်၍ ညည်းတွားလိုက်သည် ။

​ယန်ဖူကွေ့သည် ဆဲလ် ဆိုသည်က ဘာကိုဆိုလိုမှန်း နားမလည်သော်လည်း စစ်တုရင်အကျင့်မကောင်း ဆိုသည်ကိုတော့ ကောင်းကောင်းနားလည်သည် ။ သူက ရယ်ကာ ပြန်ပြောလိုက်သည် ။

​" ဘာများလဲလို့.. ဒီနားက အဘိုးကြီးတွေအားလုံးလည်း အတူတူပဲ .. ငါဆို ကျင့်သားရနေပါပြီ.. "

​ယန်ကျီဝမ်က ခေါင်းခါလိုက်ပြီး တိတ်ဆိတ်သွားသည် ။

​ယခုအချိန်မှစ၍ အဘိုးကြီးဝမ်က သူ့ကို မည်မျှပင် တောင်းပန်စေကာမူ ထိုအဘိုးကြီးနှင့် စစ်တုရင် လုံးဝ မကစားတော့ချေ ။

​အဖေနှင့်သား နှစ်ဦးသား နောက်ထပ် စကားအနည်းငယ် ဆက်၍ ပြောဖြစ်ကြသည် ။

​ထို့နောက် ယန်ဖူကွေ့က မေးလိုက်၏ ။

​" လောင်အာ.. မကြာသေးခင်က မင်းဆီက တစ်ခုခု ပျောက်သွားတာမျိုး ရှိလား.. "

​' တစ်ခုခု ပျောက်သွားတာ ဟုတ်လား.. '

​ယန်ကျီဝမ်က မီးဖိုချောင်ဘက်သို့ လှမ်းကြည့်လိုက်ရင်း ပြန်ဖြေလိုက်သည် ။

​" မဖြစ်နိုင်တာ.. ကျွန်တော်လည်း သေချာမသိဘူး.. ဒီအကြောင်းကိုတော့ ယွီလီကိုပဲ မေးကြည့်ရလိမ့်မယ်.. "

​သူသည် အိမ်မှုကိစ္စများကို သိပ်ပြီး ဂရုစိုက်လေ့မရှိဘဲ အရာအားလုံးကို ယွီလီထံသို့သာ လွှဲအပ်ထားခြင်းဖြစ်သည် ။

​ယန်ကျီဝမ်က သံသယစိတ်ဖြင့် ပြန်မေးလိုက်သည် ။

​" အဖေ.. အိမ်မှာ တစ်ခုခု ပျောက်သွားလို့လား.. "

​" လုံးဝ ပျောက်သွားတာမျိုးတော့ မဟုတ်ဘူး.. "

​ယန်ဖူကွေ့က ခေါင်းခါပြပြီး...

​" ပြီးခဲ့တဲ့တစ်ခေါက်က ငါပြောခဲ့သလိုပဲ.. မင်း ငါ့အတွက် ပြင်ပေးထားတဲ့ ငါးစာတွေ ပျောက်သွားတယ်.. မနေ့ကလည်း ငါ့အတွက် ကြိုပြင်ပေးဖို့ မှာထားသေးတယ်မလား.. ဒီမနက် ငါ ဟောက်ဟိုင်ကို ငါးမျှားဖို့ ပြင်ဆင်ပြီး ထွက်ခါနီးကျမှ ငါးစာတွေ ပျောက်နေတာကို တွေ့လိုက်ရတာ.. "

​ယနေ့ သူ အပိုဝင်ငွေရှာရန်အတွက် ငါးမျှားထွက်ရန် စီစဉ်ထားသော်လည်း ငါးစာမရှိသဖြင့် မသွားနိုင်တော့ချေ ။

​ထိုငါးစာများကို ယန်ကျီဝမ် ယူသွားလိမ့်မည်ဟုတော့ သူ လုံးဝ မထင်မိ ။ ယန်ကျီဝမ်သာ လိုအပ်လျှင် သူ့ဘာသာသူ အသစ်ပြင်လိုက်ရုံသာ ရှိပြီး အဖေဖြစ်သူ၏ ပစ္စည်းကို ယူလိမ့်မည်မဟုတ်ကြောင်း သူ သိသည် ။

​" အခု အဖေပြောမှပဲ ကျွန်တော် သတိရတော့တယ်.. ပြီးခဲ့တဲ့ရက်ပိုင်းက ကျွန်တော် ပြင်ထားတဲ့ အစာတွေလည်း ထူးထူးဆန်းဆန်း လျော့သွားသေးတယ်.. အစကတော့ ကြွက်တွေ လာစားသွားတယ်လို့ ထင်နေတာ.. အခုကြည့်ရတာတော့ တစ်ယောက်ယောက်က လာခိုးသွားတဲ့ ပုံစံမျိုးပဲ.. "

​ယန်ကျီဝမ် မျက်မှောင်ကြုတ်လိုက်မိသည် ။

​" မင်းဆီကလည်း ပျောက်သွားတယ် ဟုတ်လား.. "

​ယန်ဖူကွေ့လည်း မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်သည် ။

​" ခြံဝင်းထဲက အိမ်တိုင်းရဲ့ တံခါးတွေကို သော့မခတ်ထားကြပေမယ့် အိမ်မှာ လူအမြဲရှိနေတတ်တာဆိုတော့ အပြင်လူ ဝင်လာတာမျိုးတော့ မဖြစ်နိုင်ဘူး.. "

​' ကျီဖန့် ဖြစ်နိုင်မလား.. '

​' မဖြစ်နိုင်ပါဘူး.. တတိယသားက ကျောင်းမှာပဲ အမြဲရှိနေတာဆိုတော့ ငါးမျှားဖို့ အချိန်မရှိဘူး ..'

​' ဒါဆိုရင် သားကြီးပဲ ဖြစ်ရမယ်.. '

​သားအကြီးဆုံးက ဒီရက်ပိုင်းအတွင်း အိမ်သို့ ပြန်လာခဲပြီး ဘယ်နေရာများသို့ သွားနေမှန်းလည်း မသိရချေ ။ ထမင်းစားချိန်၌ပင် အိမ်သို့ ပြန်မလာတတ် ။

​အပြင်တွင် စားသောက်ရန် ပိုက်ဆံရှိနေသော်လည်း အိမ်သို့ ပြန်မလာခြင်းက အလွန် သံသယဝင်စရာ ကောင်းနေသည် ။

​' သေချာပေါက် သူပဲ ဖြစ်ရမယ်.. ကျီခွမ်းနဲ့ ကျီတိတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး ...'

All Chapters