← Chapters

အခန်း ၂၃၄

Vol. 24 Ch. 234

အခန်း ၂၃၄

Vol. 24 Ch. 234

အခန်း ၂၃၄ - အစောင့်အရှောက် (၁)

လအနည်းငယ် ကြာအပြီးမှာ ချီရွှမ်းစုသည် နောက်ဆုံး ၂လပိုင်း ၁၅ရက်နေ့တွင် ချင်းဖျင်အသင်း၏ အိပ်မက်အစည်းအဝေးသို့ နောက်တစ်ဖန် ပြန်လည်ရောက်ရှိလာသည်။

ယခင်ကအတိုင်း တူညီနေမြဲဖြစ်သည်။ ခမ်းနားသော ခန်းမကို မြူခိုးများက ဝန်းရံထား၏။ အရာရာတိုင်းက မှုန်ရီဝေဝါးနေပြီး ရှင်းရှင်းလင်းလင်း တွေ့မြင်ရန် ခက်၏။ အပေါ်မှာ ခေါင်မိုးမရှိဘဲ ကျယ်ပြောသော ကြယ်တာရာကောင်းကင်သာ ရှိနေသည်။

တစ်ခုတည်းသော ကွာခြားချက်မှာ ပါဝင်တက်ရောက်သည့် အရေအတွက်ဖြစ်သည်။ ဤအိပ်မက်အစည်းအဝေးသည် ယခင်အခေါက်များနှင့် ယှဉ်လျှင် အတော်လေး စည်ကားသက်ဝင်နေပုံရ၏။ အဲဒါက ယခုအချိန်မှာ စည်ကားလှသော ဈေးပွဲတော်တစ်ခုနှင့် ပိုတူနေ၏။ ပွဲတော်ရာသီကြောင့်လား ဒါမှမဟုတ် တာအိုဂိုဏ်းတော်၏ နှိမ်နင်းဖြိုခွင်းမှုများကြောင့်လား ချီရွှမ်းစု စဉ်းစားနေမိ၏။

ချီရွှမ်းစုက အစ်မချီကို လှည့်ပတ်၍ ရှာကြည့်လိုက်၏။ သူမသည် ကြယ်များ ဝန်းရံထားသည့် လပြည့်ဝန်းကဲ့သို့ စိတ်အာရုံများ၏ ဗဟိုချက်ဖြစ်သောကြောင့် သူမကို​ ရှာဖို့က သိပ်အခက်အခဲမရှိပေ။

အစ်မချီသည် လှေကားထစ်တစ်ခုပေါ်တွင် မတ်တတ်ရပ်နေပြီး လူအုပ်ကြီးတစ်အုပ်က ဘေးနားကနေ ဝိုင်းပတ်ထားကြ၏။

တကယ်တော့ ဤလူများသည် သူမ၏ ရုပ်ရည်သွင်ပြင်ကြောင့် စုရုံးနေကြခြင်း မဟုတ်ပေ။ အထူးသဖြင့် လူတိုင်း၏ အစစ်အမှန်သွင်ပြင်ကို မြူခိုးများက လွှမ်းခြုံထားသောကြောင့်ပင်။ သူတို့က အစ်မချီ၏ အစစ်အမှန် ရုပ်ရည်သွင်ပြင်ကို တွေ့မြင်ရမည်ဆိုလျှင်ပင် သူမသည် ငယ်ရွယ်ပြီး ချောမောသော မိန်းကလေးတစ်ဦးကို မယှဉ်နိုင်မည့် အတော်အသန် အသက်ကြီးသည့် သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦး ဖြစ်လေသည်။

သို့သော်လည်း အစ်မချီ၏ ကျွမ်းကျင်မှုများ၊ အဆက်အသွယ်များနှင့် အစွမ်းအစများက ငယ်ရွယ်ပြီး ချောမောလှပသော ထိုမိန်းကလေးများမှာ မရှိကြပေ။ ထို့ကြောင့် အစ်မချီ၏ ဘေးနားပတ်လည်မှာ လူအုပ်ကြီးတစ်အုပ် စုရုံးနေခြင်းဖြစ်၏။

အိပ်မက်ကျောက်တုံးများဖြင့် ပြုလုပ်ထားသောကြောင့် ငါးရုပ်အဆောင်ကို အိပ်မက်ထဲမှာ စုဖွဲ့နိုင်သည်ဟု အစ်မချီ ပြောခဲ့သည်ကို ချီရွှမ်းစု မှတ်မိနေ၏။ ဤစုဖွဲ့မှုက ကိုယ်ခံပညာသိုင်းသမားတစ်ဦးအတွက် ပိုခက်ခဲ၍ ဂမ္ဘီရဝိဇ္ဇာတစ်ဦးအတွက် ပိုမိုလွယ်ကူသော်လည်း အဲဒါကို ပြုလုပ်၍ ရနိုင်ဆဲဖြစ်သည်။ လူတစ်ယောက်က ငါးရုပ်အဆောင်ကို မြင်ယောင်ကာ စုဖွဲ့နိုင်သည်နှင့် အဲဒါက အိပ်မက်အစည်းအဝေးထဲမှာ ပေါ်လာပေလိမ့်မည်။

ငါးရုပ်အဆောင်ကို စုဖွဲ့ပြီးနောက် ထိုသူသည် ငါးရုပ်အဆောင်များကနေတစ်ဆင့် အခြားသောသူများနှင့် အဆက်အသွယ်တစ်ခု ရရှိနိုင်သည်။ ထိုသို့ဖြင့် နှစ်ဦးနှစ်ဖက်သည် အိပ်မက်အစည်းအဝေးတွင် ရောက်ရှိနေသည့်အခါ ငါးရုပ်အဆောင်များကနေတစ်ဆင့် ချိတ်ဆက်မှုတစ်ခုကို ခံစားမိကြပေလိမ့်မည်။ ချိတ်ဆက်မှုကို ဆက်လက်၍ အလိုမရှိတော့လျှင် အလွယ်တကူ ဖြတ်တောက်နိုင်သည်။

ဤမြင်ကွင်းအရ အစ်မချီ၏ ငါးရုပ်အဆောင်သည် လူပေါင်းများစွာနှင့် ချိတ်ဆက်မှု ရှိထားပုံရ၏။

ဤကဲ့သို့သော အခြေအနေမှာ အစ်မချီ၏ မျက်နှာသွင်ပြင်ကို ဖုံးကွယ်ထားခြင်းက အဓိပ္ပာယ်ရှိသေးရဲ့လား ချီရွှမ်းစု မသိပေ။

ချီရွှမ်းစုက ရှေ့သို့ အလောတကြီး တက်လှမ်းမသွားဘဲ ခပ်လှမ်းလှမ်းကနေ စိတ်ရှည်စွာဖြင့် စောင့်ကြည့်နေ၏။ သူမက လုပ်ငန်းကိစ္စများကို ကိုင်တွယ်ပြီး၍ သူမ၏ ဘေးပတ်လည်မှာရှိသော လူအုပ်ကြီး တဖြည်းဖြည်း လူစုကွဲသွားသည့်အခါမှသာ သူက သွားတွေ့လိုက်၏။

အလုပ်ကိစ္စအတွက် အစ်မချီကို ရှာနေသည့် လူများစွာ ရှိသောကြောင့် မည်သူကမှ ချီရွှမ်းစုကို အာရုံမစိုက်ကြပေ။

“နင် ရောက်လာပြီပေါ့လေ”

အစ်မချီက သူမ စုဖွဲ့ထားသည့် စာရင်းစာအုပ်ထဲမှာ ဈာန်ဝင်နေသည့်အလား မော့မကြည့်ပေ။

ဤစာရင်းစာအုပ်ကိုလည်း အိပ်မက်ကျောက်တုံးများကနေ ပြုလုပ်ထားသလား ချီရွှမ်းစု စဉ်းစားနေမိ၏။

သူက ဝေ့ဝိုက်မနေဘဲ လိုရင်းကို တန်းပြောလိုက်၏။

“အစ်မချီ... ကျုပ်မှာ ထိုက်ဖျင်ဒင်္ဂါး မရှိတော့ဘူး… ခင်ဗျားမှာ ငွေရမယ့်အလုပ်လေး ဘာလေး ရှိသေးလား”

အစ်မချီက စာရင်းစာအုပ်ကို ပိတ်၍ သူမ၏ မျက်နှာပေါ်က မြူခိုးများကို ရှင်းလင်းကာ မေးလိုက်၏။

“နင် ဘာအတွက် ငွေလိုတာလဲ”

ချီရွှမ်းစုက ပြန်ဖြေလိုက်၏။

“ကျုပ် သွေးဆေးလုံးတစ်လုံး ရထားတယ်... ဒါပေမဲ့ အဲဒါကို ဒီတိုင်းစားရင် ဆေးအာနိသင်က ပြင်းလွန်းနေမှာ စိုးရတယ်... အဲဒါကြောင့် ချေဖျက်ဖို့အတွက် ကျုပ် ကျောက်စိမ်းရည် ဝယ်ဖို့လိုတယ်... ကျောက်စိမ်းရည်တစ်ပုလင်းအတွက် လက်တိုလက်တောင်း ကိစ္စလေးတွေ လုပ်ပေးရမယ်ဆိုလည်း ရတယ်”

အစ်မချီက လှောင်ရယ်လိုက်၏။

“တစ်ယောက်ယောက်က ကျောက်စိမ်းရည်နဲ့ ငွေပေးချေတာမျိုး ငါမကြားဖူးဘူး... ဒါပေမဲ့ ထိုက်ဖျင်ဒင်္ဂါးနဲ့ အလုပ်အပ်မယ့်လူတွေတော့ ရှိတယ်”

“အဲဒါဆိုလည်း ကောင်းတာပေါ့”

ချီရွှမ်းစုက စိတ်လှုပ်ရှားစွာဖြင့် စောင့်ဆိုင်းနေ၏။

အစ်မချီက ချီရွှမ်းစုကို အလုပ်တာဝန်ပေးဖို့ အလောတကြီး ရှိမနေပေ။ သူမက ဝေဖန်လိုက်၏။

“နင်… အခုတ​လော အပျင်းထူနေတာပဲ… အရင်တုန်းကဆို နင် ငါ့ကို လာတွေ့ဖို့အတွက် ငွေပြတ်တဲ့အထိ စောင့်နေမှာ မဟုတ်ဘူး”

“ဟုတ်လို့လား”

ချီရွှမ်းစုက ဝေခွဲမရဖြစ်သွား၏။

အစ်မချီက သူ့ကိုကြည့်ကာ ပြောလိုက်၏။

“ယောက်ျားတစ်ယောက်ရဲ့ အကြီးမားဆုံး အားနည်းချက်က ဘာလဲ နင်သိလား”

ချီရွှမ်းစုက ခေါင်းခါပြလိုက်၏။

အစ်မချီက ရယ်ကာ ပြောလိုက်သည်။

“ယောက်ျားအများစုရဲ့ အားနည်းချက်က သူတို့ကိုယ်တိုင် မဟုတ်ဘူး... သူတို့ရဲ့ မိသားစုဝင်တွေပဲ... အဲဒါကြောင့် ရဲတင်းတဲ့ လူငယ်တွေက မိသားစုတစ်ခု တည်ထောင်ပြီးတဲ့နောက် ပိုပြီးတော့ ကြောက်တတ်လာကြတာပဲ... သူတို့က ဖခင်တစ်ဦး ခင်ပွန်းတစ်ဦးရဲ့ တာဝန်တွေကို ယူထားပြီးတဲ့နောက် ပိုပြီးတော့ သတိထားလာကြလိမ့်မယ်... ပြောရမယ်ဆိုရင် သူတို့က တခြားသူတွေအတွက် ရှင်သန်နေကြတာပဲ”

ချီရွှမ်းစုက ဘာပြောရမည် မသိပေ။

အစ်မချီက ဆက်ပြောလိုက်၏။

“အကူအညီတောင်းဖို့အတွက် ငါ့ကိုလာပြီး တောင်းပန်နေကြတဲ့ ဟိုလူတွေကို နင်တွေ့တယ်မလား... သူတို့တွေ အားလုံးမှာ ထောက်ပံ့ပေးရမယ့် မိသားစုတွေ ရှိတယ်... သူတို့ကို ကိုင်တွယ်ထိန်းချုပ်ဖို့က လွယ်တယ်... သူတို့က ငါပြောတဲ့အတိုင်း လက်ခံကြမှာပဲ... ငါ့ကို ဆန့်ကျင်ရဲမှာ မဟုတ်ဘူး... တစ်ဖက်မှာ နင့်လိုမျိုး လူပျိုလူလွတ်တွေကတော့ သူတို့ကိုယ်သူတို့ပဲ စိုးရိမ်ပူပန်စရာရှိတဲ့အတွက် တကယ့်အစစ်အမှန် ဆူးသွားတွေပဲ... သူတို့က ဘာစောင့်ထိန်းမှုမှ မရှိဘဲ ဘာမဆို လုပ်ရဲကြတယ်... အင်အားသုံးပြီး သူတို့ရဲ့ အသက်ကို ခြိမ်းခြောက်တာကလွဲရင် ငါ့မှာ သူတို့ကို ထိန်းချုပ်ဖို့ တကယ်ပဲ ဘာနည်းလမ်းမှ မရှိဘူး”

ချီရွှမ်းစုက မေးကိုပွတ်ကာ ပြောလိုက်၏။

“ဒါဆို လူပျိုလူလွတ်တွေ အများကြီးရှိနေမယ်ဆိုရင် လောကက ဝရုန်းသုန်းကား ဖြစ်လာမှာလား”

အစ်မချီက ရယ်မောလိုက်၏။

“အဲဒါကြောင့် ငါ နင့်ကို မိန်းကလေးကျန်းနဲ့ မိတ်ဆက်ပေးခဲ့တာပေါ့... ငါ့ကို ပွင့်ပွင့်လင်းလင်းပြောစမ်းပါ... နင် ကျောက်စိမ်းဖြူခန်းမကို ရှာတာ လက်လျှော့ဖို့ တွေးခဲ့မိတယ်မလား”

ချီရွှမ်းစုမှာ ပြောစရာစကား မဲ့နေ၏။

ဤသည်ကို ကြည့်ပြီး အစ်မချီက စကားလမ်းကြောင်းဆီ ပြန်ခေါ်လိုက်သည်။

“ကဲပါ... အလုပ်ကိစ္စ ပြောကြရအောင်... ငါ့ကို မိတ်ဆွေဟောင်းတစ်ဦး ယုံယုံကြည်ကြည် အပ်နှံထားတဲ့ အစောင့်အရှောက် အလုပ်တစ်ခု ရှိတယ်”

“အစောင့်အရှောက်လား”

ချီရွှမ်းစုက ခဏမျှ စဉ်းစားပြီး ပြောလိုက်၏။

“အဖိုးတန်တဲ့ ယာဉ်တန်းတစ်ခုခုကို အဖော်လိုက်ပြီး စောင့်ရှောက်ပေးရတာမျိုးလား... ဒီလိုအလုပ်မျိုးတွေက ကင်းစခန်းတွေကို ဖြတ်ကျော်ဖို့အတွက် ဝှက်စာတွေကို သိဖို့နဲ့ တောင်ပေါ်ဓားပြတွေကို လာဘ်ထိုးဖို့ လိုတယ်”

အစ်မချီက ပြောလိုက်၏။

“ဒီအစောင့်အရှောက် တာဝန်က အတော်လေး ထူးခြားတယ်... အဲဒါက အဖိုးတန် ပစ္စည်းတွေ၊ ကုန်သည်ယာဉ်တန်းတွေ မဟုတ်ဘူး... လူတစ်ယောက်ကို စောင့်ရှောက်ပေးရမှာ”

“သက်တော်စောင့်လိုမျိုးလား”

ချီရွှမ်းစုက ပို၍ပင် အံ့အားသင့်သွား၏။

အစ်မချီက ရှင်းပြလိုက်သည်။

“ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ လူတစ်ယောက်ကို နေရာတစ်ခုကနေ အခြားတစ်နေရာဆီ ငါ နင့်ကို ပို့ပေးစေချင်တယ်”

ချီရွှမ်းစုသည် အစ်မချီအတွက် လက်တိုလက်တောင်းကိစ္စများစွာ ပြုလုပ်ပေးခဲ့ဖူးရာ တစ်စုံတစ်ရာလွဲမှားနေသည်ကို ချက်ချင်းပင် သတိထားမိလိုက်၏။

“အဲဒါက သိပ်ပြီး မရိုးရှင်းဘူး ထင်တယ်”

“ဟုတ်တာပေါ့... အဲဒါက တကယ်ပဲ မရိုးရှင်းဘူး... တာအိုဂိုဏ်းတော်ရဲ့ ကျန်းနန်အမှုကြီးကို နင်သိလား”

အစ်မချီက မေးလိုက်၏။

ချီရွှမ်းစုက ခေါင်းညိတ်ပြလိုက်၏။

“အင်း... ချင်းရှောင်က အဲဒီအကြောင်း ကျုပ်ကို ပြောပြဖူးတယ်... သူ အဲဒီအမှုကို ကိုင်တွယ်ဖို့ တာဝန်ယူထားတုန်းက သေဘေးကနေ ပွတ်ကာသီကာ လွတ်မြောက်ခဲ့တယ်တဲ့... ချင်းရှောင်နဲ့ကျုပ် ယွင်ကျင်းတောင်ကို သွားတုန်းက ကျုပ်တွေ့ခဲ့ရတဲ့ ကြေးစားလူသတ်သမားအုပ်စုကလည်း အဲဒီအမှုနဲ့ ဆက်စပ်နေလောက်တယ်”

အစ်မချီက ခေါင်းညိတ်လိုက်၏။

“အဲဒီအမှုမှာ လူတွေအများကြီး ပါဝင်ပတ်သက်နေတော့ သက်ရောက်မှုက တော်တော်လေး ကြီးခဲ့တယ်... နောက်ဆုံးတော့ ဒုတိယအဆင့် ထိုက်ယီတာအိုအကြီးအကဲတစ်ဦးက ကွပ်မျက်ခံခဲ့ရတယ်”

ချီရွှမ်းစုက ထပ်ပြောလိုက်၏။

“ကျုပ် အဲဒါကို သတိထားမိတယ်... နဂို ကျန်းနန်တာအိုစံအိမ်သခင်က အဲဒီကိစ္စကြောင့် ရွှေ့ပြောင်းခံခဲ့ရတာမလား”

“ဒါဆို ကွပ်မျက်ခံခဲ့ရတဲ့ သူတော်စင်က ဘယ်သူလဲ နင်သိလား”

အစ်မချီက မေးလိုက်၏။

ချီရွှမ်းစုက ခေါင်းခါပြလိုက်သည်။

အစ်မချီက ဆက်ပြောလိုက်၏။

“နင်မသိဘူးဆိုရင်လည်း ငါပြောပြမယ်... အဲဒီ သူတော်စင်က ကျန်းနန်လက်ထောက်တာအိုစံအိမ်သခင်ဟောင်း ဖန့်လင်းဟိုပဲ... ကျန်းနန်အမှုကြီး ပြီးတဲ့နောက် ပေချန်ခန်းမက ဖန့်လင်းဟိုကို ဖမ်းဆီးပြီး ကျောက်စိမ်းနေပြည်တော်ကို ခေါ်လာဖို့ လက်ထောက်ခန်းမသခင်နှစ်ဦးနဲ့ စိတ်ဝိညာဉ်တပ်သားအုပ်စုကို ချက်ချင်းပဲ စေလွှတ်ခဲ့တယ်... ရွှေနန်းမြင့်မျှော်စင်က ဆွေးနွေးနေတုန်းမှာ အဲဒီအမှုရဲ့ နောက်ကွယ်က ကြိုးကိုင်သူကို ဖော်ထုတ်ဖို့ ဖန့်လင်းဟိုကို သပ်လျှိုစရာအဖြစ် အသုံးချဖို့ သူတော်စင်တန်ဟွားက အဆိုပြုခဲ့တယ်... အဲ့လိုနဲ့ သူတို့က အဲဒီပြဿနာကို အမြစ်ကနေ ဆွဲနှုတ်ပြီး ဖြေရှင်းနိုင်မယ်”

“ဒါပေမဲ့ နောက်ဆုံးမှာတော့ ဖန့်လင်းဟိုပဲ သေသွားတာမလား”

ချီရွှမ်းစုက ကြားဖြတ်မေးလိုက်၏။

အစ်မချီက ခေါင်းညိတ်ပြလိုက်သည်။

“ဘာလို့လဲဆိုတော့ အဲဒါက ဘယ်လိုမှ လှုပ်လို့မရတဲ့ သတ္တုတုံးဖြစ်နေလို့ပဲ... သပ်ကို ချိုးလိုက်ရင် ဘယ်အဟအကြောင်းကိုမှ ထပ်မြင်ရတော့မှာ မဟုတ်ဘူး”

အစ်မချီ၏ ဗဟုသုတကြွယ်ဝပုံနှင့် ပတ်သက်၍ ချီရွှမ်းစုက ဆက်လက်၍ အံ့အားသင့်မနေတော့ပေ။ ချင်းဖျင်အသင်းသည် ပေါများသော အရင်းအမြစ်များဖြင့် နာမည်ရပြီး အစ်မချီက သတင်းအချက်အလက်စုံသော အသင်းဝင်တစ်ဦးဖြစသည်။ သူမ၏ အဆက်အသွယ်များနှင့် အတွင်းသတင်းများကို နှိုက်ယူဖို့က အခက်အခဲ ရှိလိမ့်မည် မဟုတ်ပေ။

အစ်မချီက ဆက်ပြောလိုက်၏။

“အဲဒီတုန်းက ပေချန်ခန်းမနဲ့ ဖုန့်ရှန်ခန်းမက အဲဒီအမှုကို ဖော်ထုတ်ဖို့ ပူးပေါင်းခဲ့ကြတယ်... ဖန့်လင်းဟိုက အသက်ရှင်ချင်တဲ့အတွက် အဲဒီအမှုကို တာဝန်ယူထားတဲ့ ပေချန်လက်ထောက်ခန်းမသခင်ဆီ ထိုက်ဖျင်ဒင်္ဂါး တစ်သိန်းတန်တဲ့ ငွေထုတ်လက်မှတ်တွေ ပို့ပေးဖို့ သူ့မိသားစုကို စေခိုင်းခဲ့တယ်”

ချီရွှမ်းစုက မေးလိုက်၏။

“အဲဒါပြီးတော့ ဘာဖြစ်သွားလဲ”

အစ်မချီက ရယ်မောလိုက်၏။

“ဖန့်လင်းဟိုက သူ့ရာထူးကို မပြောနဲ့... သူတော်စင်ဆိုတဲ့ သူ့ရဲ့အဆင့်အတန်းကိုတောင် ထိန်းထားနိုင်မယ်လို့ မျှော်လင့်မထားဘူး... သူက အသက်ရှင်ချင်ရုံပဲ... ဒါပေမဲ့ သူ့ကို သပ်အဖြစ် အသုံးချဖို့ သူတော်စင်တန်ဟွားက အကြံပြုလိုက်တယ်ဆိုမှတော့ သူ သေဆုံးရဖို့က သတ်မှတ်ပြီးသွားပြီ… ဘယ်သူကမှ သူ့ကို ကယ်တင်နိုင်မှာ မဟုတ်ဘူး”

“အဲ့လိုဆိုရင်တောင် ပေချန်လက်ထောက်ခန်းမသခင်က အဲဒီအသပြာကို ယူပြီး သဘောတူခဲ့တယ်… ခုံရုံးကြားနာမှုကျမှ ပေချန်လက်ထောက်ခန်းမသခင်က ထိုက်ဖျင်ဒင်္ဂါးတစ်သိန်းတန်တဲ့ အဲဒီငွေထုတ်လက်မှတ်တွေကို ထုတ်ပြပြီး တန်စိုးလက်ဆောင် သက်သေအထောက်အထားအဖြစ် ဖုန့်ရှန်ခန်းမကို လွှဲပေးခဲ့တယ်… အဲဒါက ဖန့်လင်းဟိုအတွက် နောက်ဆုံးထိုးနှက်ချက်ပဲ…. သူက ချက်ချင်းပဲ ကွပ်မျက်ခံခဲ့ရတယ်”

ချီရွှမ်းစုက ကျောချမ်းသွား၏။

“အို… အဲဒါကတော့ အောက်တန်းကျတာပဲ”

အစ်မချီက လှောင်ရယ်လိုက်၏။

“ပေချန်လက်ထောက်ခန်းမသခင်က ထိုက်ဖျင်ဒင်္ဂါးတစ်သိန်းကို လက်လွှတ်ခဲ့တယ်ဆိုတာ သူ့မှာ ထိုက်ဖျင်ဒင်္ဂါးသန်းချီ ရှိနေလို့ပဲ”

ချီရွှမ်းစုက တွေဝေရှုပ်ထွေးသွား၏။

အစ်မချီက ရှင်းပြလိုက်သည်။

“သူတော်စင်တန်ဟွား ပြောတဲ့အတိုင်း ဖန့်လင်းဟိုက စွန့်ပစ်ခံရတဲ့ နယ်ရုပ်တစ်ရုပ်ပဲ… သူက ကစားကွက်မှာ ပါဝင်ပတ်သက်ခဲ့ပေမဲ့ အရေးပါတဲ့ ဇာတ်ကောင် မဟုတ်ခဲ့ဘူး… ဘယ်လိုပဲဖြစ်ဖြစ် ဖုန့်ရှန်ခန်းမက အဲဒီစုံစမ်းမှုကနေ ဘာသတင်းအချက်အလက်ကိုမှ ရမှာမဟုတ်ဘူး… တခြားယောက်ျားအများစုလိုပဲ ဖန့်လင်းဟိုမှာ ကာကွယ်ပေးရမယ့် မိသားစု ရှိနေတယ်… သူ့ရဲ့ ဇနီးမယားနဲ့ သားသမီးတွေကို​ သူနဲ့အတူ မသေစေချင်တဲ့အတွက် သူက ကြိုးကိုင်သူကို ဖော်ထုတ်ရဲမှာ မဟုတ်ဘူး”

ချီရွှမ်းစုက ပင့်သက်ရှိုက်လိုက်၏။

အစ်မချီက မေးလိုက်သည်။

“ထျန်းယွမ်… ဖန့်လင်းဟို သေသွားတယ်ဆိုရင် သူ့ရဲ့ ဖြတ်စားလျှပ်စား ငွေတွေကို ဘယ်သူရမယ်လို့ နင်ထင်လဲ”

ချီရွှမ်းစုက ခဏမျှ နှုတ်ဆိတ်သွားပြီးနောက် ပြောလိုက်၏။

“ဒါဆိုရင် ဖန့်လင်းဟိုက သေကိုသေရမှာပေါ့”

အစ်မချီက သက်ပြင်းချလိုက်၏။

“နင် နောက်ပိုင်း တာအိုဂိုဏ်းတော်ကို ပြန်ရောက်တဲ့အခါ ဒီလိုပြဿနာမျိုးတွေနဲ့ ကြုံတွေ့ရနိုင်တယ်… တစ်ခါတလေမှာ အဲဒါက မှားနေတယ်ဆိုတာကို သိထားမယ်ဆိုရင်တောင် နင့်ရဲ့ အထက်လူကြီးတွေက အဲဒါကို လုပ်ဖို့ အမိန့်ပေးလာတယ်ဆိုရင် မတတ်သာဘဲ နာခံရလိမ့်မယ်… နင်က မနာခံဘူးဆိုရင် သူတို့က နင့်နေရာကို နာခံတတ်တဲ့ အခြားတစ်ယောက်နဲ့ အစားထိုးလိမ့်မယ်… ဒါပေမဲ့ တစ်ယောက်ယောက် တာဝန်ခံရမယ့်အချိန်ကို ရောက်လာရင်တော့ နင်က ရှေ့ထွက်ပေးရလိမ့်မယ်”

အစ်မချီက ပြုံးစစဖြင့် ပြောလိုက်၏။

“အဲဒါကြောင့် နင့်ရဲ့ မိန်းကလေးကျန်းလိုမျိုး ကျောထောက်နောက်ခံတစ်ဦး ရှိထားတာက ကောင်းတဲ့အချက်ပဲ… သူ မလုပ်ချင်တာကို လုပ်ခိုင်းဖို့ ဘယ်သူကမှ သူ့ကို ဖိအားမပေးနိုင်ဘူး… ဒါပေမဲ့ ဒီလိုမျိုး တောင့်တင်းတဲ့ ကျောထောက်နောက်ခံတွေနဲ့တောင်မှ သူ့ကို သတ်ဖြတ်ချင်တဲ့သူတွေက ရှိနေတုန်းပဲ… အဲဒါကို နင်ကိုယ်တိုင်လည်း မြင်တွေ့ခဲ့တယ်မလား… ထျန်းယွမ်… နင်က နယ်လှည့်သွားလာပြီး လူတွေအများကြီးနဲ့ ဆုံဖူးတာနဲ့ပဲ လောကရဲ့ လည်ပတ်ပုံကို သိနေပြီလို့ မထင်လိုက်နဲ့... အစစ်အမှန်လောကက ရိုးရိုးသံဓားတွေနဲ့တူတယ်... တာအိုဂိုဏ်းတော်ကတော့ နင့်ရဲ့ခေါင်းကို အဝေးကနေ လှမ်းဖြတ်နိုင်တဲ့ ထိပ်တန်းအဆင့် ဓားပျံတစ်လက်နဲ့တူတယ်”

All Chapters