← Chapters

အခန်း (၃၅၈-၃၆၀)

Vol. 24 Ch. 358-360

အခန်း (၃၅၈-၃၆၀)

Vol. 24 Ch. 358-360

အခန်း(၃၅၈)

မြေခွေးဟူ၏ မျက်လုံးထဲမှာ ဉာဏ်ပညာအလင်း ပေါ်လျှိုးလာသည်။

သူက တီးတိုးရေရွတ်လိုက်သည်။

“ လျှို့ဝှက်နယ်မြေထဲမှာ အသစ်ဝင်ရောက်လာသူတွေရဲ့ ရဲစွမ်းသတ္တိ၊ စိတ်ဓာတ်ပြတ်သားမှု၊ ဉာဏ်ပညာနဲ့ သစ္စာရှိမှုတို့ကို စမ်းသပ်စစ်ဆေးမယ့် နေရာတွေ ရှိတယ်… ငါတို့ဘိုးဘေးတွေ တစ်ခါပြောခဲ့ဖူးတယ်… ကောင်းကင်မိစ္ဆာက သူ့ရဲ့ အမွေအနှစ်ကို ငါတို့မိစ္ဆာမျိုးနွယ်စု တဖန်မြင့်တတ်လာအောင် ဦးဆောင်ပေးနိုင်မယ့် ပြိုင်ဘက်ကင်းပါရမီရှင်ထံကိုပဲ ပေးအပ်လိမ့်မယ် ”

“ မင်းမှာ ရဲစွမ်းသတ္တိရှိတယ်ဆိုရင် ဘယ်လိုအခက်အခဲနဲ့ ရင်ဆိုင်ရပါစေ ဒါမှမဟုတ် ကြောက်စရာကောင်းတဲ့ ဘယ်လိုရန်သူနဲ့ ရင်ဆိုင်ရပါစေ အနောက်ဆုတ်သွားမှာမဟုတ်ဘူး… မင်းက စိတ်ဓာတ်ပြတ်သားသူဆိုရင် အခြေအနေက ဘယ်လောက်ခက်ခဲနေပါစေ လက်လျော့သွားမှာမဟုတ်ဘူး… မင်းက ဉာဏ်ပညာရှိသူဆိုရင် မိစ္ဆာမျိုးနွယ်စု တိုးတတ်လာအောင် ဆောင်ရွက်ပေးနိုင်လိမ့်မယ်… မင်းက သစ္စာရှိသူဆိုရင် မိစ္ဆာမျိုးနွယ်စုအပေါ် အမှန်တကယ် ချစ်မြတ်နိုးသူဖြစ်လိမ့်မယ်

“ အဲ့ဒီအချက်တွေနဲ့ ပြည့်စုံတဲ့လူကပဲ မိစ္ဆာမျိုးနွယ်စု တဖန်မြင့်တတ်လာအောင် ဆောင်ရွက်ပေးနိုင်လိမ့်မယ်… အဲ့ဒီလူက မိစ္ဆာမျိုးနွယ်စု ဘယ်လောက်ပဲ အခြေအနေဆိုးဝါးနေပါစေ လက်လျော့မှာမဟုတ်ဘဲ အရှေ့ကို ဆက်ပြီး ခေါ်ဆောင်သွားလိမ့်မယ် ”

“ ဒါပေမဲ့ အဲ့ဒီလိုလူက လူဆယ်သန်းမှာ တစ်ယောက်တွေ့ရဖို့ အင်မတန် ခက်ခဲတယ် ”

မြေခွေးဟူက သက်ပြင်းချလိုက်သည်။

“ ငါတို့တွေ လျှို့ဝှက်နယ်မြေထဲ ထည့်သွင်းခံရတဲ့အချိန်မှာ လူသားမျိုးနွယ်စုက မိစ္ဆာမျိုးနွယ်ဝင်တွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တယ်… ခရမ်းရွှေကုန်းမြေက မိစ္ဆာမျိုးနွယ်စုက ကြီးကြီးမားမား အထိနာခဲ့တယ်… အဲ့ဒါကြောင့်ပဲ မိစ္ဆာမျိုးနွယ်စုက အခုလိုအခြေအနေအထိ နိမ့်ကျသွားခဲ့တာ… ကောင်းကင်မိစ္ဆာအရှင် စောင့်မျှော်နေတဲ့လူ ပေါ်ထွက်လာဖို့က အရမ်းခက်ခဲတယ် ”

မြေခွေးဟူ၏ မျက်လုံးထဲမှာ ဝမ်းနည်းမှု ထွက်ပေါ်လာသည်။

လျှို့ဝှက်နယ်မြေ ဖွင့်လှစ်သည့်အခါတိုင်း လျှို့ဝှက်နယ်မြေထဲမှ မိစ္ဆာမျိုးနွယ်စုက အပြင်သို့ ထွက်လာလိမ့်မည်။ သူတို့တစ်ယောက်စီက မိစ္ဆာမျိုးနွယ်စု၏ လက်ရွေးစင်များ ဖြစ်ကြသည်။ သူတို့က မိစ္ဆာမျိုးနွယ်စုကို ဆက်လက် ထိန်းသိမ်းပေးနေကြသည်။

လူမသေသေးသရွေ့ မျှော်လင့်ချက်ရှိသည်။ သူတို့ဖျက်ဆီးမခံရသေးသရွေ့ အနိုင်ရရန် အခွင့်အရေးရှိသည်။

ရှေးခေတ်ကာလမှ မဟာအပြောင်းအလဲကြောင့် မိစ္ဆာမျိုးနွယ်စု၏ ကျွမ်းကျင်ပညာရှင်များက ပျောက်ကွယ်သွားကြသည်။ ထို့နောက် လူသားမျိုးနွယ်စုက မိစ္ဆာမျိုးနွယ်စုကို စတင်တိုက်ခိုက်လာသည်။ ထိုတိုက်ပွဲမှာ လူသားမျိုးနွယ်စုက အဓိကဇာတ်ဆောင်ဖြစ်လာပြီး မိစ္ဆာမျိုးနွယ်စုက အမြစ်ဖြတ်သုတ်သင်ခံရလုနီးပါး အားနည်းသွားသည်။

မိစ္ဆာမျိုးနွယ်စုအတွက်တော့ ထိုတိုက်ပွဲက သူတို့အတွက် အနိုင်ရရန် အခွင့်အရေးမရှိသော တိုက်ပွဲဖြစ်သည်။ နောက်ဆုံးမှာတော့ ကောင်းကင်မိစ္ဆာအရှင်၏ စီစဉ်ပေးမှုကြောင့် မိစ္ဆာမျိုးနွယ်စုထဲမှ လက်ရွေးစင်ကျင့်ကြံသူများက လျှို့ဝှက်နယ်မြေထဲသို့ ထွက်ပြေးပုန်းရှောင်သွားကြသည်။

သူတို့တစ်ယောက်စီက မိစ္ဆာမျိုးနွယ်စု တဖန်မြင့်တတ်လာမည့် မျှော်လင့်ချက်ကို သယ်ဆောင်ထားကြသည်။ ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေထဲမှာ သူတို့၏ အင်အားကို တိုးချဲ့နိုင်မည်ဆိုလျှင် အနာဂတ်၌ မိစ္ဆာမျိုးနွယ်စုက အောင်နိုင်သူဖြစ်လာလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် သူတို့ဆီမှာ လက်ရှိအခြေအနေကို ပြောင်းပြန်လှန်နိုင်မည့် ဝှက်ဖဲကတ်ရှိနေသောကြောင့်ပင်။ သူတို့က နောင်မျိုးဆက်များ ကောင်းကင်မိစ္ဆာအရှင်၏ အသိအမှတ်ပြုမှုကို ရရှိပြီး သူတို့ကို အပြင်လောကဆီသို့ ခေါ်ထုတ်သွားရန် စောင့်မျှော်နေကြသည်။

ကံမကောင်းသည်မှာ ကောင်းကင်မိစ္ဆာအရှင်၏ အစီအစဉ်က အမှန်တကယ် ကောင်းမွန်သော်လည်း အကောင်အထည် မပေါ်ခဲ့ပေ။ လျှို့ဝှက်နယ်မြေသည် အမှန်မှာ ကမ္ဘာငယ်တစ်ခု ဖြစ်သည်။

ခရမ်းလျှပ်စီးမိုး ရွာသွန်းလာသည့်အခါ ကမ္ဘာငယ်ထဲမှ တိရိစ္ဆာန်များနှင့် ငှက်များက ဝိညာဉ်အသိဉာဏ်ရှိလာကြသည်။ ထို့နောက် သူတို့က ကျင့်ကြံခြင်းကို စတင်နိုင်သွားကြပြီး မိစ္ဆာများ ဖြစ်လာကြသည်။ ယင်းက မိစ္ဆာမျိုးနွယ်စု၏ အလုံးစုံအင်အားကို သိသိသာသာ တိုးမြှင့်ပေးသည်။

ကောင်းကင်မိစ္ဆာအရှင်သည် မိစ္ဆာမျိုးနွယ်စု၏ ပြန်လည်ထမြောက်ရေးအတွက် အများကြီး ကြိုးစားအားထုတ်ခဲ့သည်။

သို့သော်လည်း လျှို့ဝှက်နယ်မြေထဲမှ မိစ္ဆာမျိုးနွယ်စုသည် ပြန်လည်နာလန်ထူရန်သာ စွမ်းဆောင်နိုင်သေးသည်။ လျှို့ဝှက်နယ်မြေက အကြိမ်ကြိမ် ဖွင့်လှစ်ခဲ့သော်လည်း မိစ္ဆာမျိုးနွယ်စုထဲမှ မည်သူမှ သူ၏ အမွေအနှစ်ကို မရရှိခဲ့ကြပေ။ ထိုသို့ဖြစ်လာမည်ဟု ကောင်းကင်မိစ္ဆာအရှင်သည်ပင် မျှော်လင့်ထားမည်မဟုတ်ချေ။ အမွေအနှစ်ပိုင်ရှင်သာလျှင် လျှို့ဝှက်နယ်မြေထဲမှ မိစ္ဆာမျိုးနွယ်စုကို အပြင်လောကမှ ခရမ်းရွှေကုန်းမြေဆီသို့ ခေါ်ဆောင်သွားနိုင်လိမ့်မည်။

အတိတ်၌ မိစ္ဆာမျိုးနွယ်စု၏ ဆုံးရှုံးမှုက အတော်လေး ကြီးမားခဲ့သည်။ လွန်ခဲ့သော နှစ်တစ်သောင်းအတွင်းမှာ လူသားမျိုးနွယ်စုက မိစ္ဆာအမြောက်အမြားကို သတ်ဖြတ်ခဲ့သည်။ သူတို့က မိစ္ဆာများထံမှ အမြူတေဓာတ်လုံးကို ထုတ်၍ သူတို့ကိုယ်သူတို့ အစွမ်းမြှင့်တင်ခဲ့ကြသည်။ မိစ္ဆာမျိုးနွယ်စု၏ ဘိုးဘေးများနှင့် ကျွမ်းကျင်ပညာရှင်များက လူသားမျိုးနွယ်စု၏ လက်ထဲမှာ သေဆုံးသွားကြသည်။ ထို့ကြောင့် မိစ္ဆာမျိုးနွယ်စု၏ အလုံးစုံအင်အားက နိမ့်ကျသွားသည်။ မျက်မှောက်ခေတ်တွင် မည်သည့်မိစ္ဆာမှ ကောင်းကင်မိစ္ဆာအရှင်၏ အမွေအနှစ်ကို မပိုင်ဆိုင်နိုင်တော့ပေ။

ယင်းက မိစ္ဆာမျိုးနွယ်ကို လက်ရှိအခြေအနေသို့ တွန်းပို့လိုက်သည်။

“ ကောင်းကင်မိစ္ဆာအရှင်… အရှင်သိပါဦးမလား… ကျုပ်တို့မိစ္ဆာတွေက ဒီနေရာမှာ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် စောင့်နေခဲ့ကြတယ်… ဒါပေမဲ့ ကျုပ်တို့ရဲ့ သက်တမ်းအကန့်အသတ်ကြောင့် မကြာခင်မှာ မိစ္ဆာမြှုပ်နှံချိုင့်ဝှမ်းဆီ သွားပြီး သေခြင်းကို လက်ခံကြရတော့မယ်… မိစ္ဆာဘိုးဘေးတွေနဲ့ လက်ရွေးစင်မိစ္ဆာကျင့်ကြံသူတွေက အလဟဿ သေဆုံးသွားခဲ့ကြတယ်… တကယ်လို့ ကောင်းကင်မိစ္ဆာအရှင် သက်ရှိထင်ရှားရှိနေဦးမယ်ဆိုရင် အရှင်လည်း ငိုကြွေးမိလိမ့်မယ် ”

“ ဒီတစ်ကြိမ် အမွေအနှစ်ကို ဘယ်သူမှမရရင်… ငါလည်းပဲ မိစ္ဆာမြှုပ်နှံချိုင့်ဝှမ်းဆီ သွားပြီး ဘိုးဘေးတွေနောက်ကို လိုက်ရတော့မယ် ”

သူ့စကားကို ကြားသောအခါ မြေခွေးဟူ၏ အနောက်မှ မိစ္ဆာကျင့်ကြံသူများက ဝမ်းနည်းသော အမူအရာကို ထုတ်ဖော်လိုက်ကြသည်။ လျှို့ဝှက်နယ်မြေထဲတွင် အခွင့်အလမ်းအများကြီး ရှိသည်။ သို့သော်လည်း ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေထဲသို့ ဆွဲသွင်းခံခဲ့ရသော မိစ္ဆာများအတွက်တော့ ယင်းက ဖြေမဆည်နိုင်သော ဝမ်းနည်းဖွယ်ရာကိစ္စ ဖြစ်သည်။

အတိတ်တွင် ကောင်းကင်မိစ္ဆာသည် မိစ္ဆာမျိုးနွယ်စု၏ နောက်ဆုံးမျှော်လင့်ချက်ကို ထိန်းသိမ်းရန် အစီအစဉ်များ ပြုလုပ်ခဲ့သည်။ သူက မိစ္ဆာမျိုးနွယ်စု၏ လက်ရွေးစင်ကျင့်ကြံသူများကို လူသားများ၏ အန္တရာယ်မှ ကာကွယ်ပေးရန် လျှို့ဝှက်နယ်မြေထဲသို့ ထည့်သွင်းခဲ့သည်။ ထို့နောက် လျှို့ဝှက်နယ်မြေ၏ လမ်းကြောင်းကို ချိပ်ပိတ်လိုက်သည်။ ကောင်းကင်မိစ္ဆာထက် ကျင့်ကြံခြင်းစွမ်းအား ပိုမြင့်သောသူ မဟုတ်သရွေ့ ထိုလမ်းကြောင်းကို ပြန်ဖွင့်နိုင်လိမ့်မည် မဟုတ်ချေ။

ထို့ကြောင့် သူတို့သည် နှစ်တစ်ထောင်ပြည့်တိုင်း လျှို့ဝှက်နယ်မြေ သူ့ဘာသာဖွင့်လှစ်သွားမည်ကို စောင့်ဆိုင်းခဲ့ကြသည်။ သို့မှသာ လျှို့ဝှက်နယ်မြေက ခရမ်းရွှေကုန်းမြေနှင့် ချိတ်ဆက်သွားလိမ့်မည်။

သို့သော် ကမ္ဘာငယ်က ကမ္ဘာငယ်တစ်ခုသာ ဖြစ်၏။ ထို့ပြင် ကောင်းကင်မိစ္ဆာသည် အကြောင်းအမျိုးမျိုးကြောင့် ကမ္ဘာငယ်ကို အလျင်စလို ဖန်တီးခဲ့ရသည်။ ထို့ပြင် ယင်းက မိစ္ဆာမျိုးနွယ်စု၏ အခြေခံအုတ်မြစ် တည်ဆောက်ထားသောနေရာ ဖြစ်သည်။ ယေဘုယျအားဖြင့် ထိုသို့ကမ္ဘာငယ်သည် ခရမ်းရွှေကုန်းမြေကို မယှဉ်နိုင်ပေ။ ကမ္ဘာငယ်ထဲမှ ဝိညာဉ်ချီက အလွန်ပါးလွှာသည်။ အစပိုင်းတွင် မည်သည့်ပြဿနာမှ မရှိသော်လည်း နှစ်ပေါင်းများစွာကြာပြီးနောက် ဤနေရာမှ ဝိညာဉ်ချီက ခမ်းခြောက်လာသည်။

ထို့ပြင် လျှို့ဝှက်နယ်မြေထဲမှာ ကန့်သတ်ချက်တစ်ခုရှိသည်။

လျှို့ဝှက်နယ်မြေထဲမှာ အမြူတေဖွဲ့စည်းရန် မလုပ်ဆောင်နိုင်ပေ။

မြေခွေးဟူနှင့် တခြားလူများက လူသားအသွင်သဏ္ဍာန်ဖြင့် ရှိနေကြသည်။ သို့သော်လည်း သူတို့၏ ခန္ဓာကိုယ်ထဲမှာ အမြူတေဓာတ်လုံးမရှိပေ။ အဘယ့်ကြောင့်ဆိုသော် ကမ္ဘာငယ်၏ မိုးမြေစွမ်းအားက အကန့်အသတ်ရှိသောကြောင့်ပင်။ အမြူတေဓာတ်လုံးမရှိလျှင် သူတို့က အသက်ရှည်ရှည်မနေနိုင်ကြပေ။ ထို့ကြောင့် မိစ္ဆာဘိုးဘေးများနှင့် လက်ရွေးစင်မိစ္ဆာကျင့်ကြံသူများသည် အလဟဿ သေဆုံးသွားခဲ့ကြသည်။ ယင်းက သူတို့ပေးဆပ်ရမည့် တန်ကြေးဖြစ်သည်။

“ ဒီတစ်ကြိမ်… တစ်ယောက်ယောက် အမွေအနှစ်ရသွားဖို့ ငါဆုတောင်းတယ် ”

“ ငါတို့ဘိုးဘေးတွေ နေခဲ့တဲ့ ခရမ်းရွှေကုန်းမြေဆီ ပြန်သွားနိုင်ဖို့ ငါဆုတောင်းတယ်… မိစ္ဆာမျိုးနွယ်စု တဖန်မြင့်တတ်လာနိုင်ဖို့ ငါဆုတောင်းတယ်… ဒါမှ ငါတို့သေသွားရင်တောင် နောင်တရမှာမဟုတ်ဘူး… ”

မရေမတွက်နိုင်သော မိစ္ဆာများသည် မြေကြီးပေါ်မှာ ဒူးထောက်၍ ခရမ်းရောင်လထံ ဆုတောင်းလိုက်ကြသည်။ သူတို့၏ ဆုတောင်းမှုက ရှေးခေတ်ဓမ္မသီချင်းရွတ်ဆိုမှုနှင့် ဆင်တူသည်။

… … …

“ ဒီနေရာက… ”

ရှေးခေတ်မိစ္ဆာဘိုးဘေးများ၏ နောင်မျိုးဆက်များက ခရမ်းရောင်လထံ ဆုတောင်းနေကြကြောင်း သီရှီထျန်မသိပေ။ လျှို့ဝှက်နယ်မြေကို အလွှာနှစ်လွှာ ခွဲခြားထားသည်။ တစ်ခုက မြေကြီးဖြစ်ပြီး တစ်ခုက ကောင်းကင်ဖြစ်သည်။ မြေကြီးအလွှာသည် မိစ္ဆာမျိုးနွယ်စု ရှင်သန်နေထိုင်သော နေရာဖြစ်သည်။ ကောင်းကင်အလွှာသည်တော့ ကောင်းကင်မိစ္ဆာအရှင်၏ အမွေအနှစ်နယ်မြေ ဖြစ်သည်။

သီရှီထျန်နှင့် တခြားလူများကို ဥပမာအဖြစ် ကြည့်နိုင်သည်။ အပြင်လောကမှ လူသားမျိုးနွယ်စုနှင့် မိစ္ဆာမျိုးနွယ်စုသည် လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်သွားပြီးလျှင် မိစ္ဆာမျိုးနွယ်စု နေထိုင်သော မြေကြီးအလွှာထဲမှာ ထွက်ပေါ်လာကြမည် မဟုတ်ချေ။ ယင်းအစား သူတို့အားလုံးက ကောင်းကင်အလွှာဖြစ်သော အမွေအနှစ်နယ်မြေထဲမှာ ထွက်ပေါ်လာကြလိမ့်မည်။ သူတို့က ထိုနေရာမှာ ကောင်းကင်မိစ္ဆာ၏ စမ်းသပ်စစ်ဆေးမှုကို ခံကြရလိမ့်မည်။ မည်သည့်မတော်တဆမှုမှ မရှိလျှင် သူတို့၏ အောက်မှာ နောက်ထပ် အလွှာတစ်လွှာရှိနေပြီး ထိုအလွှာထဲမှာ မိစ္ဆာများ နေထိုင်ကြောင်း မည်သူမှ သိကြလိမ့်မည်မဟုတ်ချေ။

သီရှီထျန်သည် အကြောင်းအရင်းတချို့ကြောင့် မြေကြီးအလွှာထဲမှာ ခဏရပ်တန့်သွားပြီး ခရမ်းလျှပ်စီးမိုးကို မြင်တွေ့သွားသည်။ ယင်းက အပြင်လူများ တစ်ခါမှ မမြင်ဖူးသော မဟာလျှို့ဝှက်ချက်တစ်ခု ဖြစ်သည်။ ကံမကောင်းသည်မှာ သူအသေးစိတ် မလေ့လာနိုင်မီ လျှို့ဝှက်နယ်မြေက သူ့အား ကောင်းကင်အလွှာဆီသို့ ပို့ဆောင်လိုက်သည်။ နတ်ဘုရားအလင်းတန်း၏ ခေါ်ဆောင်မှုနောက်သို့ လိုက်သွားစဉ် သူ့အရှေ့မှ မြင်ကွင်းက ရုတ်တရက် ပြောင်းလဲသွားသည်။ သူက အံ့ဩထိတ်လန့်သွားသည်။

“ သတ်… သတ်… သတ်… ”

သတ်ဖြတ်ခြင်းကြုံးဝါးသံများက ကောင်းကင်တစ်ခွင် ပျံ့နှံ့သွားရုံသာမက ငရဲပြည်အထိ ထိုးဖောက်သွားသည်။ ထိုအော်သံများက သီရှီထျန်၏ နားထဲသို့လည်း ဝင်ရောက်လာသည်။ ယင်းက ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်းအရှိန်အဝါ၊ သတ်ဖြတ်ခြင်းစွမ်းအားဖြစ်သည်။ ယင်းတို့က လူတစ်ရာ၊ လူတစ်ထောင်ကို သတ်ဖြတ်ခြင်းမှ ထွက်ပေါ်လာခြင်း မဟုတ်ပေ။ သန်းပေါင်းများစွာသော သက်ရှိများကို သတ်ဖြတ်ခြင်းမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ သတ်ဖြတ်ခြင်းကြုံးဝါးသံများက သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည်။

သီရှီထျန်သည် သူ့လက်ထဲမှ ကျားဝိညာဉ်ဓားမော့ကို တင်းကျပ်စွာ ဆုပ်လိုက်သည်။ သူက စိတ်ဓာတ်ခိုင်မာသူဖြစ်သော်လည်း ဤအခိုက်အတန့်မှာ သူ၏ ခန္ဓာကိုယ်က အပြင်းအထန် တုန်လှုပ်သွားသည်။ သူ၏ မျက်နှာပေါ်မှာ မယုံကြည်နိုင်မှု၊ အံ့ဩထိတ်လန့်မှု ထွက်ပေါ်လာသည်။

သူ့အရှေ့တွင် ရှိနေသည်မှာ ရှေးခေတ်ကြယ်တာရာကောင်းကင် ဖြစ်သည်။ သူက ရှေးခေတ်ကြယ်တာရာကောင်းကင်၏ နေရာတစ်နေရာမှာ ရပ်နေသည်။ သူ၏ ဘေးပတ်ဝန်းကျင်တွင် အရွယ်အစားကြီးမားသော ဧရာမပုံရိပ်များ ရပ်နေကြသည်။ အကန့်အသတ်မဲ့သော သတ်ဖြတ်ခြင်းအရှိန်အဝါက ကြယ်တာရာကောင်းကင်တစ်ခွင် ပျံ့နှံ့နေသည်။ မိစ္ဆာအရှိန်အဝါက ကြယ်တာရာကောင်းကင်တစ်ဝက်ကို ဖုံးအုပ်ထားသည်။

ဤနေရာက ကြယ်တာရာလောက ဖြစ်သည်။ မရေမတွက်နိုင်သော ကြယ်များတွင် ပေတစ်ထောင်ရှည်လျားသော မဟာမိစ္ဆာများနှင့် မိစ္ဆာသူတော်စင်များ ရပ်နေကြသည်။ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်းအရှိန်အဝါက သူတို့၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်နေသည်။ သတ်ဖြတ်ခြင်းအရှိန်အဝါက အလွန်အားကောင်းလေရာ ကြယ်တာရာကောင်းကင်က တုန်ယင်သွားပြီး မရေမတွက်နိုင်သော ကြယ်ဂြိုလ်များက အောက်သို့ ပြုတ်ကျသွားကြသည်။ အရှိန်အဝါသက်သက်ဖြင့် ကြယ်ဂြိုလ်များကို လှုပ်ခါပစ်နိုင်သော မိစ္ဆာပညာရှင်များက ဤနေရာမှာ အရေအတွက်များပြားစွာ စုဝေးနေကြသည်။

အကယ်၍ တစ်စုံတစ်ယောက်က သေချာရေတွက်ကြည့်မည်ဆိုလျှင် မိစ္ဆာဘုရင်များနှင့် မဟာမိစ္ဆာများက အရေအတွက်ဆယ်သန်းကျော်ကြောင်း မြင်ရလိမ့်မည်။

မိစ္ဆာပညာရှင်များသည် သူတို့၏ အစစ်အမှန်ခန္ဓာကိုယ် သို့မဟုတ် အတောင်ပံများကို ဖြန့်ထုတ်၍ မတ်တတ်ရပ်နေကြသည်။ သူတို့၏ လက်ထဲမှာ တိုက်ပွဲဝင်ဓားမော့ကို ကိုင်ဆောင်ထားကြသည်။ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်းအရှိန်အဝါက သူတို့၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်နေသည်။

“ သတ်… သတ်… သတ်… ”

တူညီသော ကြုံးဝါးအော်သံက ဒီရေသဖွယ် ပေါ်လျှိုးလာသည်။ ထိုအော်သံကြောင့် ကြယ်တာရာကောင်းကင်က တုန်ခါသွားပြီး ကြယ်များက ကြွေကျသွားကြသည်။

“ ချပ်… ချပ်… ”

မိစ္ဆာမျိုးနွယ်စုစစ်တပ်၏ အရှေ့တွင် နတ်ဆိုးနတ်ဘုရားများက ပုရွက်ဆိတ်အုံသဖွယ် ရှိနေကြသည်။ သူတို့က အရေအတွက်အလွန်များသည်။ နတ်ဆိုးနတ်ဘုရားများထံမှ ထုတ်လွှတ်နေသော အရှိန်အဝါသည် မိစ္ဆာမျိုးနွယ်စုထက် လုံးဝ မလျော့ပေ။ ယင်းက ကြယ်တာရာကောင်းကင်တစ်ဝက် ပြည့်နှက်နေပြီး မိစ္ဆာအရှိန်အဝါနှင့် တန်းတူရှိနေသည်။ ယင်းက အမှန်တကယ် ကြောက်စရာကောင်းသည်။ နတ်ဆိုးနတ်ဘုရားများသည် ပေတစ်ရာ သို့မဟုတ် ပေတစ်ထောင်ရှည်လျားသော ဧရာမခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကြသည်။

သူတို့ဆီမှာ ကြောက်မက်ဖွယ်ကောင်းသော ရုပ်အဆင်းသဏ္ဍာန်ရှိပြီး တစ်ယောက်နှင့်တစ်ယောက် မတူညီကြချေ။ တချို့မှာ ဦးခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက်ရှိပြီး တချို့မှာ ကင်းမြှီးကောက်သဖွယ် အမြှီးရှည် ရှိသည်။

နတ်ဆိုးနတ်ဘုရားများ၏ အသွင်သဏ္ဍာန်သည် မိစ္ဆာများထက်ပင် ပိုပြီးကြောက်စရာကောင်းသည်။ ထို့ပြင် ပြီးပြည့်စုံသော တာအိုခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် နတ်ဆိုးနတ်ဘုရားများလည်း ရှိကြသည်။ ထိုနတ်ဆိုးနတ်ဘုရားများမှ ထုတ်လွှတ်နေသော အရှိန်အဝါက ဘေးပတ်ဝန်းကျင်မှ ကြယ်များကို အက်ကွဲသွားစေသည်။

“ သတ်… သတ်… သတ်… ”

အခန်း(၃၅၉)

မိစ္ဆာမျိုးနွယ်စုနှင့် နတ်ဆိုးနတ်ဘုရားများသည် ကြယ်တာရာကောင်းကင်ပေါ်မှာ မည်သည့်စကားမှမပြောဘဲ မျက်နှာချင်းဆိုင် ရပ်နေကြသည်။ သတ်ဖြတ်ခြင်းကြုံးဝါးသံများကြားတွင် သူတို့က လက်နက်များကို တင်းကျပ်စွာ ဆုပ်ကိုင်၍ အရှေ့သို့ မကြောက်မရွံ့ ချီတတ်သွားကြသည်။ သန်းနှင့်ချီသော မိစ္ဆာများနှင့် နတ်ဆိုးနတ်ဘုရားများက မိုးရေစက်များသဖွယ် ကျဆုံးသွားကြသည်။ သွေးပင်လယ်က ကြယ်တာရာစစ်မြေပြင်ပေါ်မှာ ထွက်ပေါ်လာသည်။

ကြယ်တာရာစစ်မြေပြင်ပေါ်တွင် သဘာဝလွန်စွမ်းအားများနှင့် နတ်ဘုရားစွမ်းအားများ ထွက်ပေါ်လာကြသည်။ ယင်းတို့က အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်ကို ထိုးဖောက်သွားနိုင်ရုံသာမက ကြယ်တာရာကောင်းကင်ကိုလည်း ဖျက်ဆီးပစ်နေသည်။

မရေမတွက်နိုင်သော ကြယ်များက တိတ်တဆိတ် ဖျက်ဆီးခံလိုက်ရသည်။

မိစ္ဆာအရှိန်အဝါနှင့် နတ်ဆိုးနတ်ဘုရားအရှိန်အဝါက ကြယ်တာရာကောင်းကင်ပေါ်မှာ ထိပ်တိုက် တွေ့ဆုံသွားသည်။

ကြယ်တာရာကောင်းကင်က အက်ကွဲသွားပြီး နေနှင့်လက တိမ်းစောင်းသွားကြသည်။ မိုးမြေသည် ကပြောင်းကပြန်ဖြစ်သွားသည်။

မိစ္ဆာမျိုးနွယ်စုစစ်တပ်သည် အရှေ့သို့ ရွပ်ရွပ်ချွံချွံ ချီတတ်သွားသည်။ သူတို့က ပြိုင်ဘက်ကင်းကြသည်။ တိုက်ပွဲအတွင်းဝယ် မိစ္ဆာမျိုးနွယ်စု၏ သွေးက နေရာအနှံ့သို့ ပြန့်ကျဲသွားသည်။ သူတို့၏ သွေးစက်တစ်စက်တိုင်းမှာ အကန့်အသတ်မဲ့သော ရဲစွမ်းသတ္တိပါဝင်နေသည်။ သူတို့သည် အသက်မသေမချင်း အနောက်ဆုတ်မည် မဟုတ်ချေ။

နတ်ဆိုးနတ်ဘုရားများ၏ ကြောက်မက်ဖွယ်အရှိန်အဝါက ကြယ်တာရာကောင်းကင်တစ်ခွင်လုံး ပြည့်နှက်နေသည်။ သူတို့က နေနှင့်လကို လက်ဖဝါးထဲမှာ ဆုပ်ကိုင်ထားလျက် ကြယ်များကို ထိန်းချုပ်နေကြသည်။ သူတို့ဖြတ်သန်းသွားသည့်နေရာတိုင်း အရာအားလုံး အမြစ်ဖြတ်သုတ်သင်ခံလိုက်ရ၏။

ကြယ်တာရာစစ်မြေပြင်ထဲတွင် တိုက်ခိုက်မှုတစ်ခုတိုင်းက ကြယ်တစ်လုံးကို ဖျက်ဆီးပစ်နိုင်ရန် လုံလောက်ပေသည်။

“ သတ်… သတ်… သတ်… ”

မရေမတွက်နိုင်သော မိစ္ဆာကျင့်ကြံသူများသည် တုံ့ဆိုင်းမနေဘဲ အရှေ့သို့ ချီတတ်သွားကြသည်။ သူတို့၏ မျက်လုံးထဲမှာ စိတ်ဓာတ်ပြတ်သားမှုဖြင့် ပြည့်နှက်နေသည်။ သူတို့က သေခြင်းတရားကို မကြောက်ကြချေ။ သူတို့က ရန်သူကို သုတ်သင်ရှင်းလင်းရန် စိတ်ဆုံးဖြတ်ထားကြသည်။

သီရှီထျန်က ကြယ်တာရာကောင်းကင်ထဲမှာ မတ်တတ်ရပ်နေသည်။ သူက မိစ္ဆာမျိုးနွယ်ဝင်သန်းပေါင်းများစွာ၏ သွေးဖြင့် အနီရောင်စွန်းထင်နေသော ကြယ်တာရာကောင်းကင်ကို ကြည့်လိုက်သည်။ ဖော်ပြရန် ခဲယဉ်းသော စိတ်ခံစားချက်က သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာပြီး သူ၏ နှလုံးသားထဲမှာ စုဝေးသွားသည်။

သူ့စိတ်ထဲတွင် အလွန်အားကောင်းသော စိတ်ဓာတ်နိုးကြားမှု ဖြစ်ပေါ်လာသည်။ သူက ကျားဝိညာဉ်ဓားမော့ကို ဆွဲကိုင်၍ စစ်မြေပြင်ထဲသို့ သွားရန် စိတ်အားထက်သန်လာသည်။ သူ့ခန္ဓာကိုယ်ထဲမှ သွေးက ပူနွေးလာပြီး သွေးကြောများထဲမှာ အမြန်စီးဆင်းနေသည်။ သူ့ခန္ဓာကိုယ်ထဲမှ ဆဲလ်များက စိတ်လှုပ်ရှားလာသည်။ ကျားဝိညာဉ်ဓားမော့သည်ပင် ကျားဟိန်းသံများကို ထုတ်လွှတ်လိုက်သည်။ ဤသည်မှာ ယင်းက ထိုတိုက်ပွဲထဲမှာ ဝင်ပါချင်နေသည့်အလားပင်။

သို့သော်လည်း သူ့အရှေ့မှ တိုက်ပွဲသည် သူ၏ ကျင့်ကြံခြင်းနယ်ပယ် အကန့်အသတ်ထက် ကျော်လွန်နေသည်။ မိစ္ဆာမျိုးနွယ်စုဖြစ်စေ သို့မဟုတ် နတ်ဆိုးနတ်ဘုရားများဖြစ်စေ သူတို့၏ သေးငယ်သော တိုက်ခိုက်မှုလေးတစ်ခုကပင် သူ့အား အပိုင်းပိုင်းအစစ ပေါက်ကွဲသွားစေနိုင်သည်။

စစ်မြေပြင်အနားသို့ သူချဉ်းကပ်သွားရုံဖြင့်ပင် သူ၏ မိစ္ဆာခန္ဓာကိုယ်က အပိုင်းပိုင်းအစစ ဆုတ်ဖြဲခံရနိုင်သည်။

ထိုစစ်ပွဲမှာ သူဝင်ပါလျှင် ချက်ချင်း သေဆုံးသွားလိမ့်မည်။

ယင်းက မိုးမြေကို ဖျက်ဆီးပစ်နိုင်သော မဟာကပ်ဘေး ဖြစ်သည်။ သူတို့နှင့် နယ်ပယ်တူသော ကျင့်ကြံခြင်းစွမ်းအားကို ပိုင်ဆိုင်ထားမှသာလျှင် သူက စစ်ပွဲမှာ ပါဝင်နိုင်ပြီး ရန်သူကို သတ်နိုင်လိမ့်မည်။ သူ၏ လက်ရှိစွမ်းအားအရ ရန်သူက သူ့ကို လက်ချောင်းတစ်ချောင်းဖြင့်ပင် သတ်နိုင်သည်။ သို့ဖြစ်လေရာ စစ်ပွဲမှာ သူပါဝင်လျှင်ပင် ရလဒ်က ပြောင်းလဲသွားမည် မဟုတ်ချေ။

သီရှီထျန်၏ သွေးက ပွက်ပွက်ဆူလာသည်။ ယင်းကို သူမထိန်းချုပ်နိုင်ပေ။ အကန့်အသတ်မဲ့သော သွေးဆာလောင်မှုနှင့် ရန်သူကို အမြစ်ဖြတ်သုတ်သင်ပစ်ချင်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ သို့သော်လည်း အရှေ့သို့ ပြေးသွားပြီး တိုက်ခိုက်ခြင်းက အကျိုးမရှိကြောင်း သူသိသည်။

ထို့ကြောင့် သူက မိစ္ဆာမျိုးနွယ်စုစစ်တပ်နှင့်အတူ တိုက်ပွဲဝင်ချင်သော ဆန္ဒကို အတင်းအဓမ္မ ချိုးနှိမ်လိုက်သည်။

ဤအခိုက်အတန့်မှာ သူ့နှလုံးသားထဲ၌ အတွေးနှစ်ခုက လွန်ဆွဲပွဲတစ်ခု ကျင်းပနေသည်။ သူ၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး သူက တုံ့ဆိုင်းလာသည်။ ယင်းက သေခြင်းရှင်ခြင်းကြားမှ ရွေးချယ်မှု ဖြစ်သည်။ ယင်းက အလွန်ခက်ခဲသော ရွေးချယ်မှု ဖြစ်သည်။ ထို့ပြင် သေခြင်းတရားက အလွန်သေချာသော ရွေးချယ်မှု ဖြစ်သည်။

စစ်မြေပြင်ဆီ ပြေးသွားခြင်းက မိုက်မဲသော ရွေးချယ်မှုလော။ သို့မဟုတ် သူရဲကောင်းဆန်သော၊ ရဲစွမ်းသတ္တိရှိသော လုပ်ရပ်လော။

“ ငါ့ခန္ဓာကိုယ်နဲ့ နတ်ဆိုးနတ်ဘုရားတွေကို တားဆီးမယ်… ငရဲကိုးထပ်ဆီ ငါပြုတ်ကျသွားမယ်ဆိုရင်တောင် ဒီဘဝမှာ ငါနောင်တမရဘူး… ”

“ ငါ့ခန္ဓာကိုယ်ထဲက သွေးတွေနဲ့ သက်ရှိအားလုံးကို ဆင့်ခေါ်လိုက်တယ်… ငါမိစ္ဆာနတ်ဘုရားရဲ့ သွေးကပဲ မြင့်မြတ်ပြီး ရွှေရောင်ဖြစ်တယ်… ”

“ ကောင်းကင်ဘုံက ငါ့အတွက် ငိုကြွေးလိမ့်မယ်… ”

သီရှီထျန် ချိတုံချတုံဖြစ်နေသည့်အချိန် ထူးဆန်းသော သီချင်းသံက ကောင်းကင်တစ်ခွင် ပျံ့လွင့်သွားသည်။ မရေမတွက်နိုင်သော မိစ္ဆာနတ်ဘုရားများက ကောင်းကင်ပေါ်မှ ပြုတ်ကျသွားကြသည်။ သူတို့သည် ခန္ဓာကိုယ်ထဲမှ သွေးမခမ်းခြောက်မချင်း နောက်ဆုံးအချိန်ထိ တိုက်ခိုက်ကြသည်။ သူတို့တစ်ယောက်စီသည် အံ့ဖွယ်ကောင်းသော ရဲစွမ်းသတ္တိကို ပိုင်ဆိုင်ထားကြသည်။

‘ ငါသေသွားရင်တောင် ငါ့သွေးက ရွှေရောင်ဖြစ်ပြီး မြင့်မြတ်နေဦးလိမ့်မယ်… ’

“ ဝေါင်း ”

‘ စစ်ပွဲအားမာန် ’သီချင်းကို ကြားသောအခါ သီရှီထျန်၏ ခန္ဓာကိုယ်က ရုတ်တရက် အဆမတန် ကြီးမားသွားသည်။ သူက ပေရာပေါင်းများစွာ မြင့်မားသွားပြီး ကြယ်တာရာကောင်းကင်တစ်ခွင် ပဲ့တင်ထပ်သွားမည့် ကျားဟိန်းသံကို ထုတ်လွှတ်လိုက်သည်။ သူ၏ သွေးက ပွက်ပွက်ဆူလာသည်။ သူ့လက်ထဲမှ ကျားဝိညာဉ်ဓားမော့သည်လည်း ကျယ်လောင်သော ဟိန်းသံကို ထုတ်လွှတ်လိုက်သည်။ နောက်ဆုံးမှာတော့ စိတ်ဓာတ်ပြတ်သားမှုက သူ့မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ ဘန်း… ဘန်း… ဘန်း… ”

ကြယ်အလင်းရောင်က သူ၏ ခြေထောက်အောက်မှာ လျှောက်လမ်းတစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။ ရောင်ခြည်စက်ဝန်းတစ်ခုက သူ့အနောက်မှာ ထွက်ပေါ်လာသည်။ ကျားဝိညာဉ်ဓားမော့အလင်းက ကောင်းကင်တစ်ခွင် ပျံ့နှံ့သွားသည်။

သီရှီထျန်က ကြယ်တာရာကောင်းကင်ထဲမှ စစ်မြေပြင်ပေါ်မှာ ရောက်နေစဉ် မြောက်ပိုင်းအမှောင်ကျွန်းစုထံမှ လူသားကျင့်ကြံသူများသည် နတ်ဘုရားအလင်းတန်း၏ လမ်းညွှန်မှုအောက်မှာ ဧရာမဝဲကတော့ထဲသို့ တန်းမတ်စွာ ဝင်ရောက်သွားကြသည်။

ဝဲကတော့ထဲသို့ သူတို့ဝင်ရောက်သွားသည်နှင့် သူတို့အရှေ့မှ မြင်ကွင်းက ရုတ်တရက် ပြောင်းလဲသွားသည်။

“ အား… ”

“ ဇွက်… ဇွက်… ဇွက်… ”

ဤအခိုက်အတန့်မှာ အော်ဟစ်ညည်းညူသံများ တရစပ် ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာ ခန္ဓာကိုယ်ထဲသို့ ဓားထိုးစိုက်သွားသော အသံများ ထွက်ပေါ်လာသည်။ သွေးက ဒလဟော စီးကျလာသည်။ သွေးစက်များက ကောင်းကင်တစ်ခွင် ပြန့်ကျဲသွားသည်။

“ ကယ်ပါ… ငါ့ကို ကယ်ပါ… ”

“ ဓားတွေ… ဓားတွေက နေရာတိုင်းမှာ… ကျေးဇူးပြုပြီး ငါ့ကို တစ်ယောက်ယောက် ဆွဲထုတ်ပေးပါ ”

“ ဆရာ… ”

ဖရိုဖရဲအော်သံများ တစ်သံပြီးတစ်သံ ထွက်ပေါ်လာသည်။

“ ရှင်းအာ သတိထား… မင်းတို့အားလုံး ငါ့နားကို လာခဲ့ကြ… တကယ်လို့ ငါ့အထင်မမှားရင် ဒီနေရာက ဓားအကျဉ်းထောင်ဖြစ်မယ် ”

ကွန်ဖြူးရှပ်ဝတ်စုံ ဝတ်ဆင်ထားသော သက်လတ်ပိုင်းအမျိုးသားတစ်ယောက်က သူ့လက်ထဲမှာ ကျောက်စိမ်းပုလွေတစ်ချောင်းကို ကိုင်ထားသည်။ လေထဲမှာ သူမတ်တတ်ရပ်နေစဉ် သိမ်မွေ့ညင်သာသော အရှိန်အဝါက သူ့ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်နေသည်။ သူက သူ့လက်ထဲမှ ကျောက်စိမ်းပုလွေကို ဝှေ့ယမ်းလိုက်ပြီး ကျောက်စိမ်းအလင်းဘောလုံးများကို ထုတ်လွှတ်လိုက်သည်။ တစ်ချိန်တည်းမှာ သူက မိန်းကလေးနှစ်ယောက်ကို သူ့အနားသို့ ဆွဲခေါ်လိုက်သည်။

မိန်းကလေးနှစ်ယောက်တွင် တစ်ယောက်က သူ့မျက်နှာကို ဇာပဝါဖြင့် ဖုံးအုပ်ထားသည်။ အခြားတစ်ယောက်သည်တော့ ငယ်ရွယ်လှပသော မိန်းကလေး ဖြစ်သည်။ သူတို့နှစ်ယောက်စလုံးက သွက်လက်ဖျတ်လတ်ပုံပေါ်ကြသည်။ သူတို့က ချင်ရှင်းနှင့် ရှောင်သွဲ့ ဖြစ်ကြသည်။

“ တတိယဦးလေး ”

ကိုတိုမီက ကွန်ဖြူးရှပ်ဝတ်စုံ ဝတ်ဆင်ထားသော သက်လတ်ပိုင်းအမျိုးသားကို ခေါင်းညိတ်ပြလိုက်သည်။ သူက ဘေးဘီကို အံ့ဩတကြီး ကြည့်လိုက်သည်။

“ အဲ့ဒါက ဓားအကျဉ်းထောင်လား ”

“ ဟုတ်တယ်… အဲ့ဒါက ဓားအကျဉ်းထောင်ပဲ… ငါငယ်ငယ်တုန်းက မင်းရဲ့ အဖိုးဆီကနေ အဲ့ဒီအကြောင်း ကြားခဲ့ဖူးတယ် ”

ကွန်ဖြူးရှပ်ကျောင်းတော်သားသည် သူ၏ အင်္ကျီလက်များကို လှုပ်ခါလိုက်ပြီး ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ တည်ငြိမ်မှု ရှိသည်။ သူက ဖြည်းဖြည်းချင်း ပြောသည်။

“ ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေက မရိုးရှင်းဘူး… အဝင်လွယ်ပေမဲ့ အသက်ရှင်ရက် ပြန်ထွက်နိုင်ဖို့ ခက်ခဲတယ်… လျှို့ဝှက်နယ်မြေထဲ လူသိန်းပေါင်းများစွာ ဝင်ရောက်ကြပေမဲ့ လူတစ်သောင်းကျော်ပဲ အသက်ရှင်ရက် ပြန်ထွက်သွားနိုင်လိမ့်မယ်… ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေက တကယ်တော့ သေမင်းထောင်ချောက်နယ်မြေပဲ… မင်းရဲ့ အဖိုးက ငါ့ကို တစ်ခါပြောခဲ့ဖူးတယ်… လျှို့ဝှက်နယ်မြေထဲမှာ သေချာပေါက် ဖြတ်ကျော်ရမယ့် စမ်းသပ်မှုနေရာတွေ ရှိတယ် ”

“ တစ်ယောက်ယောက်က စမ်းသပ်မှုကို ဖြတ်ကျော်ချင်တယ်ဆိုရင် သွေးချွေးတွေကို စတေးရလိမ့်မယ်… အဲ့ဒီထဲမှာ နာမည်အကျော်ကြားဆုံး စမ်းသပ်မှုနေရာနှစ်နေရာက ဓားတောင်နဲ့ မီးပင်လယ် ဖြစ်တယ် ”

“ ဓားတောင်နဲ့ မီးပင်လယ်လား ”

ကိုတိုမီက မျက်လုံးမှေးကျဉ်းလိုက်သည်။ သူက လက်ထဲမှ ကုချင်းကို တီးခတ်လိုက်သည်။ နောက်အခိုက်အတန့်မှာ သူ၏ စိတ်အခြေအနေက ပြန်လည်တည်ငြိမ်သွားသည်။ သူ၏ မျက်နှာက အေးစက်နေပြီး သူ၏ စိတ်ခံစားချက်များက ပြန်ငြိမ်သက်သွားသည်။ ထိုသို့မြန်ဆန်စွာ စိတ်တည်ငြိမ်နိုင်ရန်သည် မလွယ်ကူပေ။ ယင်းကို ကြည့်ခြင်းအားဖြင့် ကိုတိုမီ၏ စိတ်ခွန်အားက သာမန်မဟုတ်ကြောင်း မြင်နိုင်ပေသည်။

မှန်ပေသည်။ သူက စိတ်ခွန်အားကို အတိုင်းအတာတစ်ခုအထိ ပျိုးထောင်ထားသည်။

စိတ်ခွန်အားကို မည်သို့ပျိုးထောင်နိုင်သနည်း။

ကွန်ဖြူးရှပ်ဝါဒအရ ကုချင်း၊ စစ်တုရင်၊ လက်ရေးလှနှင့် ပန်းချီသည် စိတ်ခွန်အားကို ပျိုးထောင်ပေးနိုင်သည်

“ ဓားတောင်က ဒီဓားအကျဉ်းထောင်ပဲ ”

ကွန်ဖြူးရှပ်ကျောင်းတော်သားက တည်ငြိမ်စွာ ရှင်းပြသည်။

“ အဲ့ဒါက သာမန်ဓားအကျဉ်းထောင် မဟုတ်ဘူး… အဲ့ဒါက အသက်မဝင်သေးဘူး… ငါသိထားသလောက် ပြောရရင် ဓားအကျဉ်းထောင် အသက်ဝင်လာတဲ့အခါ အကျဉ်းထောင်ထဲမှာ အရေအတွက်အကန့်အသတ်မဲ့တဲ့ ဓားချီတွေ ထွက်ပေါ်လာလိမ့်မယ်… ဓားချီ ဖြတ်သန်းသွားတဲ့အခါ ခန္ဓာကိုယ်က အပိုင်းတစ်ထောင် ဖြတ်တောက်ခံရလိမ့်မယ်… ဒီနေရာမှာ သေဆုံးသွားမယ်ဆိုရင် သူတို့က ဘယ်တော့မှ ပြန်လည်မွေးဖွားနိုင်တော့မှာ မဟုတ်ဘူး… ဒါ့အပြင် သေလွန်ဝိညာဉ်တွေက ဓားအကျဉ်းထောင်ထဲမှာ သွေးဆာလောင်မိစ္ဆာဓားတွေအဖြစ် ပြောင်းလဲသွားလိမ့်မယ်… ရိုးရိုးရှင်းရှင်း ပြောရရင် ဓားအကျဉ်းထောင်ထဲမှာ သေသွားတဲ့လူတွေ ပိုများလာလေ ဓားအကျဉ်းထောင်က ပိုပြီးအစွမ်းထက်လာလေပဲ ”

ရှောင်သွဲ့သည် သူတို့၏ ဘေးမှာ တိတ်တဆိတ် ရပ်နေပြီး စကားဝိုင်းကို နားထောင်နေသည်။ သွေးဆာလောင်မိစ္ဆာဓားများအကြောင်း ကြားသောအခါ သူက အံ့ဩထိတ်လန့်သွားပြီး အောက်သို့ ငုံ့ကြည့်လိုက်သည်။ သူတို့၏ ဘေးပတ်ဝန်းကျင်တွင် အရေအတွက်များပြားသော သွေးနီရောင်ဓားများ ထောင်မတ်နေသည်။ ဓားတစ်လက်စီက ထူးဆန်းသော သွေးနီရောင်အလင်းတန်းကို ထုတ်လွှတ်နေသည်။ သွေးနီရောင်အလင်းတန်းထဲမှာ ရက်စက်ကြမ်းကြုတ်သော စိတ်ဆန္ဒ ကိန်းအောင်းနေသည်။ တစ်စုံတစ်ယောက်က ထိုဓားများပေါ်သို့ ပြုတ်ကျသွားမည်ဆိုလျှင် သူတို့၏ ခန္ဓာကိုယ်က သေချာပေါက် ဇကာပေါက်ဖြစ်သွားလိမ့်မည်။ သွေးက ဒလဟော စီးကျလာလိမ့်မည်။

ဓားများသည် သွေးကို စုပ်ယူပြီး ဝိညာဉ်ကို ဝါးမျိုပြီးလျှင် ပိုပြီးကြောက်မက်ဖွယ်ကောင်းလာလိမ့်မည်။ ဤနေရာတွင် သွေးနီရောင်ဓားများ မရေမတွက်နိုင်အောင် ရှိသည်။ ကြောက်မက်ဖွယ်ကောင်းသော ဓားများကို မျက်စိတစ်ဆုံး မြင်နိုင်ပေသည်။ သူတို့၏ တည်နေရာကို ကြည့်လိုက်သည့်အခါ ယခု သူတို့က တောင်ခြေမှာရှိနေကြကြောင်း မြင်တွေ့သွားသည်။

ထိုတောင်သည် နာမည်ကျော်ကြားသော ဓားတောင်မှလွဲ၍ တခြားမဟုတ်ပေ။

မရေမတွက်နိုင်သော သွေးနီရောင်ဓားများက တောင်ပေါ်မှာ ထောင်မတ်နေကြသည်။ တောင်သည် ပေတစ်သောင်းကျော် မြင့်မားသည်။ အလွန်ချွန်ထက်ပြီး သွေးဆာလောင်နေသော ဓားချီက တောင်ပေါ်မှာ ပျံ့နှံ့နေသည်။ ဓားချီက ကောင်းကင်အထိ မြှောက်တတ်နေလေရာ မသေမျိုးကျင့်ကြံသူများသည် တောင်ကို ဖြတ်ကျော်ရန် အခက်တွေ့နေကြသည်။ သူတို့က အရှေ့ကို မမြင်နိုင်ကြချေ။

အခန်း(၃၆၀)

ဤနေရာတွင် ဖြတ်လမ်းမရှိပေ။

အကယ်၍ သူတို့က အရှေ့သို့ ဆက်သွားချင်သည်ဆိုလျှင် ဓားတောင်ကို သေချာပေါက် ဖြတ်လျှောက်ရလိမ့်မည်။ ဓားတောင်ပေါ်တွင် ထက်ရှသော ဓားချီက အဆက်မပြတ် ပေါ်လျှိုးနေသည်။ လေသည်ပင် ဖြတ်တောက်ခံနေရဟန် ရ၏။ ဓားတောင်သည် ဖြတ်ကျော်ရန် လွယ်ကူသောအရာ မဟုတ်ပေ။ အကယ်၍ တစ်စုံတစ်ယောက်က ယင်းကို ဖြတ်ကျော်ချင်သည်ဆိုလျှင် သူတို့၏ သေခြင်းရှင်ခြင်းကို အလောင်းအစားလုပ်ရလိမ့်မည်။

“ အဲ့ဒါ ဓားတောင်ပဲ… အခု ငါတို့က ဓားတောင်ရဲ့ အောက်ခြေမှာ ရှိနေကြတယ်… ငါတို့က အရှေ့ကို ဆက်သွားချင်တယ်ဆိုရင် ဓားတောင်ပေါ် တတ်မှပဲ ရလိမ့်မယ်… ဒါပေမဲ့ တောင်ထိပ်နဲ့ ပိုပြီးနီးကပ်လေ ဓားချီက ပိုပြီးကြောက်စရာကောင်းလာလေ ဖြစ်တယ်… တောင်ထိပ်ကို ရောက်တဲ့အခါ သေချာသတိမထားရင် အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတောင် အပိုင်းပိုင်း ဖြတ်တောက်ခံရလိမ့်မယ်… ဓားတောင်ရဲ့ တစ်လက်မစီကို သွေးနဲ့ တည်ဆောက်ထားတယ်လို့ ပြောကြတယ်… ငါတို့ သတိထားမှရမယ် ”

ကွန်ဖြူးရှပ်ကျောင်းတော်သားက ဓားတောင်ကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။ သူက သက်ပြင်းချလိုက်ပြီး ပြောသည်။

“ ဒါ့အပြင်… ဓားတောင်ပေါ်မှာ ပျံသန်းလို့ မရဘူး ”

“ ပျံသန်းရင် ဘာဖြစ်မှာလဲ ဦးလေး ”

ရှောင်သွဲ့က စူးစမ်းလိုစွာ မေးသည်။

“ မင်းသိချင်ရင် ကိုယ်တိုင်အဖြေရှာကြည့်ပေါ့ ”

ကွန်ဖြူးရှပ်ကျောင်းတော်သားက ခပ်ရေးရေး ပြုံးလိုက်သည်။ သူက နောက်ထပ် မည်သည့်စကားမှ မပြောဘဲ သူတို့ကို အရှေ့သို့ ညွှန်ပြလိုက်သည်။

ဤအခိုက်အတန့်မှာ အရေအတွက်များပြားသော ကျင့်ကြံသူများက ဓားအကျဉ်းထောင်၏ တောင်ခြေမှာ မတ်တတ်ရပ်နေကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာ သိန်းချီသော ကျင့်ကြံသူများက ဤနေရာမှာ စုဝေးသွားကြသည်။ တချို့ကျင့်ကြံသူများသည် အလွန်ကံဆိုးကြသည်။ သူတို့သည် လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်သွားသည်နှင့်ချက်ချင်း ဓားတောင်ပေါ်သို့ ပြုတ်ကျသွားကြသည်။ သွေးနီရောင်ဓားများက သူတို့၏ ခန္ဓာကိုယ်ကို ထုတ်ချင်းဖောက်သွားသည်။ သူတို့က အကူအညီမဲ့စွာ သေဆုံးသွားကြသည်။

ယခုအချိန်တွင် အလောင်းတစ်ထောင်ခန့်က ဓားတောင်ပေါ်မှာ စိုက်ဝင်နေသည်။ သို့သော်လည်း ဤအခိုက်အတန့်မှာ ကျင့်ကြံသူများက ဓားတောင်ခြေမှာ စုဝေးသွားကြသည်။ ကျင့်ကြံသူများသည် အချင်းချင်း ဖေးမကူညီလိုက်ကြသည်။ သို့ဖြစ်၍ ဓားတောင်ပေါ်သို့ ပြုတ်ကျသေဆုံးသွားသော ကျင့်ကြံသူများက တဖြည်းဖြည်း နည်းပါးသွားသည်။

ကျင့်ကြံသူများသည် ခေါင်းမော့၍ ဓားတောင်ကို ကြည့်လိုက်ကြသည်။

ဤအခိုက်အတန့်မှာ မည်သူမှ အလျင်စလို အရှေ့မသွားဝံ့ပေ။

သို့သော် ထိုအခိုက်အတန့်မှာ ချောမောခန့်ညားသော လူငယ်ကျင့်ကြံသူတစ်ယောက်က ကျယ်လောင်စွာ အော်လိုက်ပြီး အပြင်သို့ ခုန်ထွက်လာသည်။

“ အဲ့ဒါက ဓားတောင်လေးပဲ မဟုတ်ဘူးလား… ဘာကြောက်စရာရှိလို့လဲ… ငါ ပျံသန်းပြီး အဲ့ဒါကို အလွယ်လေး ဖြတ်ကျော်ပြမယ်… အားလုံးပဲ ငါဝူကျိကို အတုယုကြပါ ”

ကြည့်ရသည်မှာ ထိုလူငယ်ကျင့်ကြံသူက အများရှေ့မှာ အစွမ်းပြချင်နေဟန် ရ၏။

သူက စကားဆုံးသွားသည်နှင့် လက်ဝှေ့ယမ်းလိုက်သည်။ ထိုအခါ ဝိညာဉ်လှေတစ်စင်းက သူ့အရှေ့မှာ ထွက်ပေါ်လာသည်။ သူက လှေပေါ်သို့ အမြန်ခုန်တတ်လိုက်ပြီး ကောင်းကင်ပေါ်သို့ ပျံသန်းသွားသည်။ စိတ်လှုပ်ရှားသော အမူအရာက သူ့မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ သူက ဓားတောင်ပေါ်မှ ပျံသန်းသွားချင်သည်။

သူ၏ လုပ်ဆောင်မှုက ကျင့်ကြံသူအများအပြား၏ စိတ်အာရုံကို ဆွဲဆောင်သွားသည်။

လူတိုင်း၏ အကြည့်က သူ့အပေါ်သို့ ကျရောက်လာကြောင်း ဝူကျိသတိထားမိသောအခါ ပိုပြီးစိတ်လှုပ်ရှားသွားသည်။ သူက ဝိညာဉ်လှေကို အစွမ်းကုန်သုံး၍ မောင်းနှင်လိုက်သည်။ သူက အရှေ့သို့ ဝမ်းသာပျော်ရွှင်စွာ ရွေ့လျားသွားသည်။

“ ဘယ်မိသားစုက ကျပ်မပြည့်တဲ့ကောင်လဲ မသိဘူး ”

ကွန်ဖြူးရှပ်ကျောင်းတောင်သားက ခေါင်းယမ်းလိုက်ပြီး အထင်သေးရှုံ့ချစွာ ပြောသည်။

“ ကျပ်မပြည့်တဲ့ကောင်လား ”

ကိုတိုမီသည် ဝူကျိအပေါ် တတိယဦးလေး၏ မှတ်ချက်ပေးမှုကြောင့် အနည်းငယ် အံ့ဩသွားသည်။

“ ဟဲ ဟဲ… ကြည့်ရတာ ဇာတ်လမ်းကောင်းတစ်ခု ကြည့်ရတော့မယ့်ပုံပဲ ”

ရှောင်သွဲ့က အရှေ့သို့ မြန်ဆန်စွာ ပျံသန်းသွားနေသော ဝိညာဉ်လှေကို ကြည့်နေရင်း ရယ်လိုက်သည်။ သူ့မျက်လုံးထဲမှာ စိတ်ဝင်စားသော အရိပ်အယောင် ထွက်ပေါ်လာသည်။

တောင်အောက်ခြေတွင် ကျင့်ကြံသူတစ်ဝက်ခန့်က ဝူကျိကို စိတ်မကောင်းသော အမူအရာဖြင့် ကြည့်လိုက်ကြသည်။ ဤသည်မှာ သူတို့က သေလူတစ်ယောက်ကို ကြည့်နေကြသည့်အလားပင်။

ဤနေရာက မည်သည့်နေရာဖြစ်ကြောင်း သူမေ့နေသလော။ ယင်းက ရှေးခေတ်ကာလတွင် နာမည်ကျော်ကြားသော ကောင်းကင်မိစ္ဆာ ဖန်တီးထားသည့် လျှို့ဝှက်နယ်မြေ ဖြစ်သည်။ လျှို့ဝှက်နယ်မြေ ဖွင့်လှစ်သည့်အခါတိုင်း လူသိန်းပေါင်းများစွာ သေဆုံးသွားကြလိမ့်မည်။ လျှို့ဝှက်နယ်မြေထဲမှ အန္တရာယ်များက အပြောသက်သက် မဟုတ်ပေ။ ဓားတောင်ပေါ်မှာ သတ်ဖြတ်ခြင်းအရှိန်အဝါဖြင့် ပြည့်နှက်နေသည်။ အတိတ်တွင် မရေမတွက်နိုင်သော ကျင့်ကြံသူများက ထိုဓားတောင်ပေါ်မှာ သေဆုံးသွားခဲ့ကြသည်။ ထို့ကြောင့် မသေမျိုးကျင့်ကြံသူများသည် ဓားတောင်ပေါ်သို့ မဆင်မခြင် မသွားဝံ့ကြချေ။ သို့သော်လည်း ဝူကျိဟူသော ကျင့်ကြံသူက ဓားတောင်ကို စိန်ခေါ်ဝံ့သည်။ ယင်းကို ရူးမိုက်သည်ဟု ဆိုရမည်လော သို့မဟုတ် ရဲစွမ်းသတ္တိရှိသည်ဟု ဆိုရမည်လော သူတို့မသိပေ။ သို့သော်လည်း မည်သူမှ ဘာမှမပြောကြချေ။

ဝိညာဉ်လှေက ဓားတောင်ပေါ်သို့ ပျံသန်းသွားနေကြောင်း တိတ်တဆိတ် သူတို့ကြည့်နေကြသည်။ သူတို့ကိုယ်စား ဓားတောင်၏ အန္တရာယ်ကို အစမ်းသပ်ခံပေးမည့် လူရှိခြင်းက ကောင်းမွန်သောအရာ မဟုတ်ပါလော။ သူတို့က ဤအခွင့်အရေးကို အသုံးချ၍ ဓားတောင်၏ စွမ်းအားကို မြင်ချင်ကြသည်။

ဝူကျိ၏ ခြေထောက်အောက်မှ ဝိညာဉ်လှေသည် မရေမတွက်နိုင်သော အလင်းတန်းများကို ထုတ်လွှတ်လိုက်သည်။ မရေမတွက်နိုင်သော မှော်သင်္ကေတများက လှေကိုယ်ထည်ပေါ်မှာ မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသည်။ လှေသည် အလွန်မြန်ဆန်သည်။ ယင်းက အဆင့်မြင့်အဆင့် ပျံသန်းခြင်းဓမ္မလှေ ဖြစ်သည်။

“ ဟား ဟား… ”

ဝူကျိသည် လူအများ၏ အာရုံစိုက်မှုကို သူရရှိသွားကြောင်း မြင်သောအခါ စိတ်လှုပ်ရှားစွာ အော်ရယ်လိုက်သည်။ ယခု သူက မသေမျိုးကျင့်ကြံခြင်းလောကမှာ နာမည်ကျော်ကြားတော့မည် ဖြစ်သည်။ သို့သော်လည်း ထိုအခိုက်အတန့်မှာ ဓားတောင်ပေါ်မှ ဓားများပေါ်တွင် အပြောင်းအလဲတစ်ခု ထွက်ပေါ်လာသည်။ မရေမတွက်နိုင်သော သွေးနီရောင်ဓားအလင်းတန်းများက အပေါ်သို့ ပျံတတ်သွားကြပြီး လေထဲမှာ စုဝေးသွားကြသည်။ ချက်ချင်းဆိုသလိုပင် သန်းပေါင်းများစွာသော ဓားအလင်းတန်းများက ဧရာမသွေးဓားတစ်လက်ကို ဖွဲ့စည်းလိုက်သည်။ သွေးဓားသည် ထွက်ပေါ်လာသည်နှင့်ချက်ချင်း ဝိညာဉ်လှေကို ခုတ်ပိုင်းလိုက်သည်။

ဓားက လှေပေါ်သို့ တန်းမတ်စွာ ကျဆင်းသွားသည်။ လှေပေါ်မှ ခုခံကာကွယ်ရေး အစီအရင်များက ချက်ချင်း အသက်ဝင်လာသော်လည်း ဓားကို မဟန့်တားနိုင်ခဲ့ပေ။ လှေသည် မျက်စိတစ်မှိတ်အတွင်းမှာ အစိတ်စိတ်အမွှာမွှာ ဖျက်ဆီးခံလိုက်ရသည်။ နောက်အခိုက်အတန့်မှာ ဧရာမသွေးဓားက မရေမတွက်နိုင်သော ဓားအလင်းတန်းများအဖြစ် ပြန်ပြိုကွဲသွားသည်။

လှေပေါ်မှ ဝူကျိသည် အော်ဟစ်ရန်ပင် အချိန်မရဘဲ အပိုင်းပိုင်း ဖြတ်တောက်ခံလိုက်ရသည်။

“ ဟူး ”

ထိုမြင်ကွင်းကို မြင်သောအခါ မရေမတွက်နိုင်သော ကျင့်ကြံသူများက လေအေးကို ပင့်သက်ရှိုက်လိုက်ကြသည်။ သူတို့က နှလုံးခုန်မြန်သွားကြသည်။ ဧရာမသွေးဓား၏ တိုက်ခိုက်မှုက သူတို့၏ မျက်နှာကို ဖြူဖျော့သွားစေသည်။ ထိုမြင်ကွင်းက အမှန်တကယ် ကျောချမ်းဖွယ်ကောင်းသည်။

“ အဲ့ဒီသွေးဓားက ဝိညာဉ်သန္ဓေတည်နယ်ပယ် ကျင့်ကြံသူတစ်ယောက်ရဲ့ အစွမ်းကုန် တိုက်ခိုက်မှုနဲ့ နှိုင်းယှဉ်နိုင်တယ် ”

ကိုတိုမီ၏ မျက်နှာအမူအရာက ပြောင်းလဲသွားသည်။ သို့သော်လည်း သူက မကြာမီ ခံစားချက်ကို ပြန်ထိန်းချုပ်နိုင်သွားသည်။ သူက အနီရောင်နှုတ်ခမ်းကို ဖွင့်ဟလိုက်ပြီး နူးညံ့စွာ ပြောသည်။

ယင်းကို ကြားသောအခါ ကွန်ဖြူးရှပ်ကျောင်းတော်သားက ခေါင်းညိတ်လိုက်ပြီး ပြောသည်။

“ ဓားတောင်ပေါ်က သွေးနီရောင်ဓားတွေက လေဟာနယ်ကို ချိပ်ပိတ်နိုင်စွမ်း ရှိတယ်… အစောနက လူငယ်ကျင့်ကြံသူက အခြေတည်နယ်ပယ်မှာ ဖြစ်တယ်… ဒါပေမဲ့ သူ့ကို ဖျက်ဆီးခဲ့တဲ့ ဧရာမသွေးဓားက ဝိညာဉ်သန္ဓေတည်နယ်ပယ် တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်ထားတယ်… တကယ်လို့များ သူ့နေရာမှာ ဝိညာဉ်သန္ဓေတည်နယ်ပယ် ကျင့်ကြံသူဆိုရင် ဧရာမသွေးဓားက ကောင်းကင်ဘုံအပြစ်ဒဏ်လိုမျိုး အစွမ်းကြီးမားသွားလိမ့်မယ်… မင်း ဘယ်လောက်ပဲ သန်မာပါစေ သေဘေးကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး ”

“ ဒါဆိုရင်… ဓားတောင်ကို ငါတို့ ဘယ်လိုဖြတ်ကျော်ကြမလဲ ”

ရှောင်သွဲ့က မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး ကြည်လင်သော အသံဖြင့် မေးသည်။ သူ၏ အမူအရာပေါ်မှာ စူးစမ်းလိုမှုဖြင့် ပြည့်နှက်နေသည်။

“ အရမ်းရိုးရှင်းပါတယ်… လမ်းလျှောက်ပြီးတော့ ဖြတ်ကျော်ကြမယ် ”

ကွန်ဖြူးရှပ်ကျောင်းတော်သားက ခပ်ရေးရေး ပြုံးလိုက်သည်။ သူက ကျန်းတစ်ထောင်ရှည်လျားသော ဓားတောင်ကို လက်ညှိုးညွှန်ပြလိုက်သည်။

“ တောင်ပေါ်ကို ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ဓားချီက ပိုပြီးတော့ အားကောင်းလာလိမ့်မယ်… ဒါပေမဲ့ တစ်စုံတစ်ယောက်ရဲ့ ကျင့်ကြံခြင်းစွမ်းအားက အလုံအလောက် သန်မာမယ်ဆိုရင် ဒါမှမဟုတ် ဓမ္မရတနာတွေနဲ့ အကာအကွယ်မှော်အဆောင်တွေကို ပိုင်ဆိုင်ထားမယ်ဆိုရင် ဒါမှမဟုတ် ဂိုဏ်းအကြီးအကဲတွေဆီက ကာကွယ်ပေးမှုကို ရရှိထားမယ်ဆိုရင် သူတို့က ဓားတောင်ကို ဖြတ်ကျော်နိုင်ကြလိမ့်မယ်… ဟိုးကို ကြည့်… လူတချို့က ဓားတောင်ကို ဖြတ်ကျော်နေကြပြီ ”

သူလက်ညှိုးညွှန်ပြရာသို့ ကြည့်မည်ဆိုလျှင် ကျင့်ကြံသူအများအပြားက အရှေ့သို့ လျှောက်သွားနေကြောင်း မြင်ရလိမ့်မည်။ သူတို့က အစောကြီးကတည်းက ဤအတွက် ကြိုပြင်ဆင်ထားဟန် ရ၏။ ယခု သူတို့က သံချပ်ကာများနှင့် သံမဏိဖိနပ်များကို ဝတ်ဆင်ထားကြသည်။ သူတို့က သွေးနီရောင်ဓားထိပ်ဖျားပေါ်မှာ လမ်းလျှောက်နေကြသည်။ သူတို့ ခြေတစ်လှမ်း လှမ်းလိုက်သည့်အခါ ဓားများက သွေးနီရောင်ဓားချီကို ကျင့်ကြံသူများထံသို့ ထုတ်လွှတ်လိုက်သည်။ သို့သော်လည်း တောင်ခြေမှ ဓားချီသည် အတော်လေး အားနည်းသည်။ ယင်းကို အခြေတည်နယ်ပယ် ကျင့်ကြံသူသည်ပင် ခုခံတားဆီးနိုင်သည်။ သို့ဖြစ်၍ မည်သည့်ကျင့်ကြံသူမှ မသေဆုံးသွားကြပေ။

ဓားတောင်၏ နောက်ထပ် ကြောက်မက်ဖွယ်ကောင်းသော အချက်မှာ ဓားချီက အဆုံးမဲ့စွာ ပေါ်လျှိုးနေလိမ့်မည်။ အကယ်၍ သင်က ဓားတစ်လက်ကို ခုခံနိုင်သွားမည်ဆိုလျှင် နောက်ထပ် ဓားဆယ်လက် သို့မဟုတ် ဓားအလက်တစ်ရာက သူ့ကို ဆက်ပြီး စောင့်ကြိုနေလိမ့်မည်။ ခြေတစ်လှမ်းတိုးသွားတိုင်း ဓားချီက ပိုပြီးအားကောင်းလာလိမ့်မည်။

ယင်းက ဓားသွားပေါ်မှာ လမ်းလျှောက်နေရခြင်းနှင့် ဆင်တူသည်။ ခြေတစ်လှမ်း မှားယွင်းသွားသည်နှင့် အသက်အန္တရာယ်ရှိလာလိမ့်မည်။ သို့သော်လည်း ဓားတောင်သည် မသေမျိုးကျင့်ကြံသူများ၏ လိုအင်ဆန္ဒကို မတားဆီးနိုင်ပေ။ ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ခဲ့သော ကျင့်ကြံသူအများစုသည် လျှို့ဝှက်နယ်မြေထဲမှ စမ်းသပ်မှုနေရာများအကြောင်း သိထားကြသည်။ သို့ဖြစ်၍ သူတို့သည် ဤမတိုင်ခင် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြသည်။ ထို့ပြင် သူတို့ထဲမှာ ဝိညာဉ်သန္ဓေတည်နယ်ပယ် ကျင့်ကြံသူများနှင့် ယွမ်ဝိညာဉ်နယ်ပယ် ကျင့်ကြံသူများ ပါရှိကြသည်။ ဓားတောင်သည် မည်မျှကြောက်စရာကောင်းပါစေ သူတို့၏ ဆုံးဖြတ်ချက်ကို မဟန့်တားနိုင်ပေ။

“ သွားကြစို့ ”

ကွန်ဖြူးရှပ်ကျောင်းတော်သားက ယုံကြည်ချက်ရှိစွာ ပြောသည်။ သူက လက်ဝှေ့ယမ်းလိုက်ပြီး နူးညံ့စွာ ပြောသည်။

“ အတိတ်မှာ လျှို့ဝှက်နယ်မြေထဲက ဓားတောင်နဲ့ မီးပင်လယ်အကြောင်းကို မင်းရဲ့ အဖိုးဆီကနေပဲ ငါကြားခဲ့ရတယ်… ဒီဟာက ပထမဆုံးအကြိမ် ဓားတောင်ကို ငါရင်ဆိုင်ဖူးတာပဲ… ဓားတောင်က ဘယ်လောက် အံ့ဖွယ်ကောင်းလဲ ငါတို့သွားစိန်ခေါ်ကြမယ် ”

သူက စကားပြောပြီးနောက် အရှေ့မှ ဦးဆောင်လိုက်သည်။ ကိုတိုမီနှင့် ရှောင်သွဲ့သည် ယင်းကို ကြားသောအခါ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

ကိုတိုမီသည် အရှေ့သို့ လျှောက်လိုက်သည်။ ဆုံးဖြတ်ချက်ပြတ်သားမှုက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ သူက ပြောသည်။

“ ဒီတစ်ကြိမ် လျှို့ဝှက်နယ်မြေဆီ ငါဝင်လာတာ အကိုသီနဲ့ နောက်တစ်ကြိမ် ထပ်တွေ့ရဖို့ပဲ… ဓားတောင်နဲ့ မီးပင်လယ်မကလို့ ငါ့အရှေ့မှာ ဘာပဲရှိနေပါစေ ငါ့ရဲ့ ဆန္ဒကို မတားဆီးနိုင်ဘူး ”

ထိုသို့ပြောပြီးနောက် သူက မြေပြင်ပေါ်မှာ ထောင်မတ်နေသော သွေးနီရောင်ဓားများ၏ ထိပ်ဖျားပေါ်မှာ ခြေချလိုက်သည်။ ဓားထိပ်ဖျားသည် အလွန်အမင်း ချွန်ထက်သည်။ သို့သော်လည်း သူ၏ ခြေဖဝါးအောက်တွင် အစိမ်းရောင်လှိုင်းတချို့က ရေလှိုင်းများသဖွယ် ထွက်ပေါ်လာသည်။

All Chapters