ကျောက်ရီ၏ တည်နေရာ
Vol. 014 Ch. 685
သည်အင်းဆက်များက သူတို့၏ အရောင်ကိုလည်း ပြောင်းလဲနိုင်ကြသည်။သူတို့က တိမ်ထုအသွင် ဖြစ်ပေါ်သည့်အခါ အစစ်အမှန်တိမ်ထုနှင့် ခွဲ၍ မလွဲတော့ပေ။လူတစ်ယောက်က သည်တိမ်ထုနှင့် အငူစွန်းကြား ကွာခြားမှုကို မျက်စိအမြင်သပ်သပ်ဖြင့် ပြောနိုင်လိမ့်မည် မဟုတ်ပေ။လူအများစုက ပြာဝေသွားကာ ထိုအင်းဆက်တိမ်ထုက ထိုသူများကို ခုန်အုပ်ပြီးသား ဖြစ်သွားပေလိမ့်မည်။
သည်အင်းဆက်များ ပေါ်လာသည်နှင့် ၎င်းတို့က အုပ်စုငါးခု ခွဲကာ လူတိုင်းထံသို့ တိုးဝင်လာကြသည်။
ဒူဂျန်၏အသွင်က ကြီးစွာ ပြောင်းလဲသွား၏။သူ့မျက်နှာက အလွန်ဖြူရောသွားသည်။သူက သည်အင်းဆက်များ၏ စွမ်းအားကို မျက်မြင်တွေ့ဖူးပြီးသား ဖြစ်သည်။
သည်အခိုက်အတန့်၌ သူက သိုလှောင်အိတ်ထဲမှ ရှေ့ဖြစ်ဟောသူ သူ့အား ပေးထားသော အသက်ကယ်ကျောက်စိမ်းပြားကို ထုတ်ယူလိုက်၏။ယင်းကျောက်စိမ်းပြားက သုံးကြိမ်သာ အသုံးပြုနိုင်ပေသည်။သူက တစ်ကြိမ်အသုံးပြုမိခဲ့ပြီးဖြစ်ကာ ခုချိန်တွင် နှစ်ကြိမ်သာ အသုံးပြုနိုင်တော့သည်။
သည်ကျောက်စိမ်းပြားက သက်တံရောင်ကို ပေးစွမ်းလာကာ ဒူဂျန်ကို ချက်ခြင်း လွှမ်းခြုံပေးသွား၏။သည်သက်တံပေါ်လာသည်နှင့် အင်းဆင်များအားလုံးက ပြန့်ကျဲသွားရမည့်အစား အတူစုဖွဲ့သွားကြ၏။သူတို့က ဒူဂျန် ပတ်လည်ရှိ သက်တံအလင်းကို ဝန်းရံလိုက်သည်။သည့်နောက် သက်တံထံမှ တကျွတ်ကျွတ်အသံများ ထွက်ပေါ်လာတော့သည်။
ထိုအသံက ဒူဂျန်၏ ဦးရေပြားကိုပင် ထုံထိုင်းသွားစေခဲ့၏။သူက ချက်ခြင်း လှမ်းအော်လိုက်သည်။ “ငါ့ကို ကယ်ပါ…အစ်ကိုမုယုံ ငါ့ကို ကယ်တင်ပေးပါ…”
မုယုံကျိုးက အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် သူ့ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေပြီး ရှေ့သို့ ဖိချလိုက်သည်။သူ့ခန္ဓာကိုယ်အတွင်းမှ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များသည် လှည့်ပတ်လာ၏။သည့်နောက် အနက်ရောင်အခိုးငွေ့နှင့်ပြုလုပ်ထားသော လက်ဝါးရာတစ်ခု ပေါ်ထွက်လာသည်။သူ့လက်က ရှေ့သို့ ဖိချလိုက်သည်နှင့် ထိုအနက်ရောင်လက်ဝါးရာက အင်းဆက်များ ဝန်းရံထားသော ဒူဂျန်ထံသို့ ဦးတည်သွားတော့သည်။
ထိုအနက်ရောင်လက်ဝါးရာက အင်းဆက်များနှင့် ဒူဂျန်ကိုပါ ဖြတ်သန်းသွားရာ ကျယ်လောင်သောအသံတစ်ခု ဖြစ်ပေါ်သွားသည်။သည်လက်ဝါးရာက အရာအားလုံးကို ဖြတ်ကျော်၍ ဒူဂျန်နောက်ရှိ နံရံပေါ်မှ အဟသို့ ကျရောက်သွားလေသည်။
သည်ထူးဆန်းသော မြင်ကွင်းကြောင့် မုယုံကျိုး၏အသွင်က ရုတ်တရက် နက်မှောင်လို့သွား၏။သူက ရုပ်စိုးသောဟန်ပန်ဖြင့် သည်အင်းဆင်များကို စူးစိုက် ကြည့်လိုက်သည်။
ကျောက်ရီရွှမ်ကတော့ ထိုအင်းဆက်များကို လေးနက်စွာ ကြည့်လိုက်၏။ရှုဖေး၏ မျက်လုံးထဲ၌ တွက်ချက်ကြည့်နေသည့် အရိပ်အယောင်တို ထွက်ပေါ်လာသည်။သို့သော် သည်အရိပ်အယောင်က ချက်ခြင်းလိုလို ပြန်ပျောက်ကွယ်သွားလေ၏။အကြောင်းကတော့ ထိုအခိုက်အတန့်၌ ဝမ်လင်းအကြည့်က သူမထံသို့ ကျရောက်လာသောကြောင့်ပင်။
သည်အရာများအားလုံးက အချိန်တိုအတွင်း ဖြစ်ပျက်သွားခြင်းပင်။ဝမ်လင်းက ထိုအင်းဆက်များ မုယုံကျိုး၏မန္တာန်ကို လစ်လျူရှုထားသည်ကို တွေ့မြင်လိုက်ရသည့်အခါ သူ့မျက်လုံးက လက်ခနဲ ဖြစ်သွားလေသည်။
မုယုံကျိုးက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်၏။သည့်နောက် သူက ချိပ်တံဆိပ်များစွာကို ဖြစ်ပေါ်စေလိုက်သည်။သူက မန္တာန်များ တစ်ခုပြီးတစ်ခု အသုံးပြုကာ ထိုအင်းဆက်များအား အမျိုးမျိုး တိုက်ခိုက်လိုက်ခြင်းပင်။သို့ရာတွင် သည်တိုက်ခိုက်မှုအားလုံးက အင်းဆက်များကို ဖြတ်ကျော်သွားပေသည်။
တကျွတ်ကျွတ်အသံများက ဆက်တိုက်ထွက်ပေါ်လာပြီး ဒူဂျန်ပတ်လည်ရှိ သက်တံအလင်းသည် မြန်ဆန်စွာ မှိန်ဖျော့လာသည်။
ဒူဂျန်က မျှော်လင့်ချက် အရိပ်အယောင်တစ်ခုကို တွေ့ရှိသွားကာ သူ့စိတ်က ရုတ်တရက် ရှင်းလင်းလာသည်။သူက ဝမ်လင်းထံသို့ လှမ်းကြည့်ကာ စိုးရိမ်တကြီး လှမ်းအော်လိုက်သည်။ “ဝမ်လင်း...ငါက ဆရာရဲ့ လျှို့ဝှက်ချက်အချို့ကို သိထားတယ်။ မင်း ငါ့ကို ကယ်မယ်ဆိုရင် ငါ မင်းကို အကုန်ပြောပြပါ့မယ်…”
ဝမ်လင်းက ဒူဂျန်ကို လုံးဝလစ်လျူရှုထားကာ အင်းဆက်များကိုသာ ကြည့်နေ၏။သည်အင်းဆက်များက အလွန်တရာ ထူးဆန်းနေသည်။ပထမ၌ သူတို့က လူတိုင်းကို တိုက်ခိုက်ရန် ဖြန့်ကျက်ခဲ့သည်။သို့သော် သူတို့က ဒူဂျန်ထံမှ သက်တံအလင်းကို တွေ့မြင်လိုက်သည့်အခါ ချက်ခြင်းပင် ပြန်စုစည်းသွားကြလေ၏။
ကျောက်ရီရွှမ်က သူမ ဆံပင်ကို သပ်ကာ ပြောလာ၏။ “ဒီအင်းဆက်တွေက စီနီယာအစ်ကို ဒူကို ဝါးမြိုပြီးသွားရင် ငါတို့အလှည့် ရောက်လာလိမ့်မယ်။ငါတို့က ခုထွက်မသွားဘူးဆိုရင် နောက်ထပ် အခွင့်အရေး မရတော့မှ စိုးရိမ်မိတယ်…”
သည်အခိုက်အတန့်၌ ဒူဂျန်ပတ်လည်ရှိ သက်တံအလင်းက ရုတ်တရက် ပျက်စီးသွားသည်။သူ့စိတ်က တုန်ယင်သွားက ချက်ခြင်းပင် သူ့အသက်ကယ်ရတနာကို နောက်ဆုံးအကြိမ် အသုံးပြုလိုက်ရာ ကျောက်စိမ်းပြားက ကွဲကြေသွားတော့သည်။
သို့ရာတွင် တကျွတ်ကျွတ်မည်သံများက ဒူဂျန်၏ နှလုံးကို မြန်ဆန်စွာ ခုန်ပေါက်စေလေသည်။
ဒူဂျန်က အံတင်းတင်းကြိတ်ကာ သူ့စိတ်နှလုံးသားထဲရှိ အကြီးမားဆုံးလျှို့ဝှက်ချက်တစ်ခုကို ပြောပြလိုက်သည်။ “ဝမ်လင်း…ငါက မင်းတို့ခရမ်းရောင်အုပ်စုခွဲရဲ့ လျှို့ဝှက်ချက်အကြောင်း သိထားတယ်။ငါက စွန်ယွမ် ဆရာ့ကို ဘာကြောင့် သစ္စာဖောက်ခဲ့တာကိုလည်း သိထားတယ်။ မင်းသာ ငါ့ကို ကယ်တင်ပေးရင် ငါ မင်းကို အကုန်ပြောပြမယ်…”
ဝမ်လင်းအသွင်က မပြောင်းလဲသွားချေ။သူက ဒူဂျန်ထံသို့ ကြည့်လိုက်၏။ သူက သူ့ညာလက်ကို ဝှေ့ယမ်းလိုက်ရာ အလွန်အမင်းတောက်ပသော ရွှေရောင်အလင်းက သူ့လက်ထဲ၌ ချက်ခြင်း ပေါ်ထွက်လာ၏။သည်ရွှေရောင်အလင်းက လှိုဏ်ဂူထဲမှ သင်္ကေတဆယ့်တစ်ခုမှ တစ်ခု ဖြစ်လေသည်။
သည်ရွှေရောင်က နေတစ်စင်းအလား ထွန်းလင်းတောက်ပနေသည်။သည်မှောင်မဲနေသော ဧရိယာပင် လင်းထိန်လို့သွား၏။ဒူဂျန်ပတ်လည်ရှိ အင်းဆက်များက တဝီဝီအော်၍ ဝမ်လင်းလက်ထဲရှိ ရွှေရောင်သင်္ကေတထံသို တိုးဝင်လာကြသည်။
ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွား၏။သူ့ တွေးထင်ထားမှုက မှန်ကန်နေပေသည်။သည်အင်းဆက်များက အလင်းနှင့်ပတ်သတ်၍ လွန်စွာ တောင့်တလွန်းနေ၏။တိတိကျကျဆိုပါက ယင်းတို့က အလင်းကို စားသောက်ကြခြင်းပင် ဖြစ်လေ၏။
ဝမ်လင်းက နောက်သို့ ခြေလှမ်းများစွာ ဆုတ်ကာ သူ့သိုလှောင်အိတ်ထဲမှ စုတ်တံကို ထုတ်ယူလိုက်သည်။သည့်နောက် သူ့လက်ကို တစ်ချက် ဝှေ့ခါလိုက်ရာ များစွာသော ရွှေရောင်သင်္ကေတများ ပေါ်ထွက်လာ၏။သည်အင်းမဆက်များက အုပ်စုများး ကွဲထွက်သွားပြီး သင်္ကေတတစ်ခုချင်းစီကို ဝန်းရံသွားပြီး စတင် ဝါးမြိုကျတော့သည်။
ဝမ်လင်းညာလက်က ဆက်လက် လှုပ်ရှားနေရာ သင်္ကေတများ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာတော့သည်။
တကယ်တော့ သည်အင်းဆက်များက အရမ်းများပြားခြင်း မရှိဘဲ ရာဂဏန်းလောက်သာ ရှိပေ၏။သို့ရာတွင် သူတို့က လက်သည်းအရွယ်နှင့် ပုံရိပ်ယောင်အသွင်အပြင်တို့ ပိုင်ဆိုင်ထားသဖြင့် ထောင်ချီရှိနေသည်ဟု ထင်ရခြင်းသာ။သည်အင်းဆင်များက သင်္ကေတဆယ်ခုကျော်ကို ဝန်းရံကာ စတင်ဝါးမြိုကြတော့သည်။
သည်မြင်ကွင်းက လူတိုင်းကို တုန်လှုပ်သွားစေ၏။အထူးသဖြင့် အမျိုးသမီးနှစ်ယောက်ကိုပင်။ ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးနှစ်ယောက်က တူညီသောအသွင်ဖြစ်ပေါ်သွားကြသည်။ထိုအသွင်ကတော့ တုန်လှုပ်မှုပင် ဖြစ်၏။
သူတို့နှစ်ယောက်က ဝမ်လင်းကို တုန်လှုပ်မှင်သက်စွာ ကြည့်လိုက်မိကြ၏။နောက်ဆုံးတွင် ဝမ်လင်းက သည်အမျိုးသမီးနှစ်ယောက်ထံမှ ထူးဆန်းသောခံစားချက် ဘာကြောင့်ရနေသည်ကို နားလည်သွားခဲ့လေပြီ။သို့ရာတွင် သူက သည်ကိစ္စနှင့်ပတ်သတ်၍ ကိုင်တွယ်ရန် အချိန်မရှိသေးပေ။သူက ချက်ခြင်းပင် ရှေ့သို့ တိုးလိုက်ကာ ဒူဂျန်ဘေးနားသို့ ရောက်သွားပြီး လက်ဆန့်ထုတ်လိုက်၏။
တကယ်တော့ ဒူဂျန်က ရှေ့ဖြစ်ဟောသူ၏ တပည့်ဖြစ်ပြီး သူက အနီရောင်အုပ်စုခွဲ၏ ခုနစ်ယောက်မြောက် တပည့်ဖြစ်သူပင်။သူက အာဏာတက်ခြင်းအဆင့်ကို မရောက်သေးသော်လည်း သူ့မန္တာန်များကတော့ အံ့အားသင့်ဖွယ်ကောင်းနေဆဲသာ။သည်သေရေးရှင်ရေး အချိန်၌ သူက သူ့လျှာကို ကိုက်ကာ သူ့မူလစိတ်ဝိညာဉ်သွေးအဆီအနှစ်ကို ထွေးထုတ်လိုက်လေ၏။
သည်သွေးက လေထဲ၌ မြောလွင့်သွားကာ စက်ဝန်းငယ်လေးများကို ဖြစ်စေ၏။ဝမ်လင်း၏ ကျင့်ကြံမှုဖြင့်ပင် သူက ယင်းစက်ဝန်းများကို ထိမိသည်နှင့် သူ့ခန္ဓာကိုယ်ပေါ်တွင် အပေါက်များ ဖြစ်သွားနိုင်ပေသည်။
ဝမ်လင်းမျက်လုံးများက ပိုမိုအေးစက်လာသည်။ဒူဂျန် ထွေးထုတ်လိုက်သော သွေးများကို သူက အင်္ကျီလက်အိုးဖြင့် ဘေးတစ်ဖက်သို့ ယမ်းခါလိုက်သည်။သည်မန္တာန်များက မူလသွေးအဆီအနှစ်ကို အသုံးပြုခြင်းဖြစ်ကာ ရှုပ်ထွေးလှခြင်း မရှိပေ။ကျင့်ကြံသူတိုင်း ထိုသို့ အသုံးပြုနိုင်စွမ်း ရှိပေ၏။သို့ရာတွင် သည်လိုမန္တာန်များက အသုံးပြုသူကိုလည်း ဒဏ်ရာရစေနိုင်၏။
ဒူဂျန်က သည်အခွင့်အရေးကို အသုံးပြုပြီး ချက်ခြင်းနောက်ဆုတ်သွား၏။သူက သိုလှောင်အိတ်ထဲမှာ ပိုးမွှားအပိုင်းအစများကို ထုတ်ယူလိုက်သည်။
သည်အနက်ရောင်ပိုးမွှားက ရုပ်စိုးလှသော်လည်း သူက ဆယ်စုနှစ်များစွာသုံး၍ အညစ်အကြေးသွေးသားဖြစ်အောင် သန့်စင်မွန်းမံထားရခြင်းဖြစ်သည်။၎င်း၏ သေးငယ်သောအစိတ်အပိုင်းတစ်ခု စွန်းထင်းထိမှန်သွားရင်ပင် ကျင့်ကြံသူတစ်ယောက်သည် ထိုအညစ်အကြေးများဖြင့် ချက်ခြင်း ဖုံးလွှမ်းခံလိုက်ရမည် ဖြစ်သည။သည်အရာက အလွန်အမင်း ကြမ်းကြုတ်ရက်စက်သော ရတနာတစ်ခု ဖြစ်၏။
သည်အခိုက်အတန့်၌ ဒူဂျန်က အံတင်းတင်းကြိတ်ကာ ၎င်းတို့အားလုံးကို လေထဲသို့ ပစ်လွှတ်လိုက်၏။သည်အညစ်အကြေးပိုးမွှားများက လေထဲ၌ အားလုံးပေါက်ကွဲထွက်ကုန်ကာ အညစ်အကြေးထုကြီးတစ်ခု အဖြစ်ပြောင်းလဲပြီး ဝမ်လင်းထံသို့ တိုးဝင်လို့သွားသည်။
ဝမ်လင်းမျက်လုံးများက ပို၍ အေးစက်လာသည်။သူက ရှေ့သို့ ဆက်တိုးသွားရင် သူ့လက်ကို ထိုအညစ်အကြေးထုထံသို့ ညွှန်လိုက်ရာ တစ္ဆေလောကမြစ် ထွက်ပေါ်လာလေ၏။တစ္ဆေလောကမြစ်က သည်အညစ်အကြေးသွေးသားများအားလုံးကို သိမ်းကြုံး လွှမ်းခြုံသွားသည်။
တစ္ဆေလောကမြစ်က သည်ကမ္ဘာတွင် အညစ်အကြေးအဖြစ်ဆုံးဟု ဆို၍ရ၏။အညစ်အကြေးပိုးမွှားများက တစ္ဆေလောကမြစ်အတွင်းသို့ ဝင်ရောက်သွားသည့်အခါ ၎င်းတို့က ထိုမြစ်ကို အားနည်းသွားအောင် မလုပ်နိုင်သည့်အပြင် ပို၍ပင် သန်မာသွားစေ၏။
ဒူဂျန်က သူနှင့်ကျင့်ကြံခြင်းအဆင့်တူများကြားတွင် သန်မာလှသူဟု ပြော၍ရ၏။သည်အညစ်အကြေးပိုးမွှားရတနာက သူ့ကို တစ်ခါမှ ရှုံးနိမ့်ခြင်းမရှိအောင် ပြုလုပ်ပေးခဲ့သည်သာ။သို့ရာတွင် သူက ခုကိုယ်ပိုင်တာအိုပိုင်ဆိုင်ထားသည့် ဝမ်လင်းလိုလူမျိုးနှင့် ရင်ဆိုင်ရချိန်တွင်တော့ သူသာ နှလုံးသားအဟန့်အတားကို ချိုးဖျက်ပြီး အာဏာတက်ခြင်းအဆင့်သို့ မဝင်ရောက်ပါကာ ဝမ်လင်းကို ရင်ဆိုင်ရန် အရည်အချင်း ပြည့်မှီနိုင်မည် မဟုတ်ပေ။
ဝမ်လင်းလက်က လျှပ်စီးတန်းအလား လှုပ်ရှားသွားပြီး ဒူဂျန်ကို ဖမ်းဆုပ်လိုက်၏။သူက မည့်သည့်မေးခွန်းမှ မေးမနေတော့ဘဲ ဒူဂျန်၏မူလစိတ်ဝိညာဉ်ကို သူ့ခန္ဓာကိုယ်နှင့် ချက်ခြင်း ဖြတ်တောက်ပစ်လိုက်သည်။သည့်နောက် သိုလှောင်အိတ်ထြရှိ အတားအဆီးအလံကို ထုတ်ယူသည်။လက်တစ်ချက်ဝှေ့ယမ်းလိုက်ရာ မရေမတွက်နိုင်သောအတားအဆီးများ ပျံသန်းထွက်လာပြီးနောက် ယောင်ရှင်းရွှယ်ကို ပိတ်လှောင်ထားသလိုမျိုး အတားအဆီးစက်ဝန်းတစ်ခု ဖြစ်ပေါ်သွား၏။သည့်နောက် ဝမ်လင်းကို ၎င်းအတားအဆီးစက်ဝန်းကို သူ့သိုလှောင်အိတ်ထဲသို့ ပစ်ထည့်လိုက်လေသည်။
ဝမ်လင်းက သည်အရာများအားလုံးကို မြန်ဆန် သေသပ်စွာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်၏။မုယုံကျိုးက တစ်ခုခုပြောလိုလျှင်ပင် နောက်ကျသွားခဲ့ချေပြီ။
ဝမ်လင်းက ပြန်လှည့်၍ သူ့လက်ထဲရှိ စုတ်တံကို ဝှေ့ယမ်းလိုက်ရာ သင်္ကေတများက သူ့ထံသို့ ပျံသန်းလာကြသည်။ထိုအင်းဆက်များက အရာအားလုံးကို လစ်လျူရှုကာ ရွှေရောင်အလင်းကို ဝါးမြိုရန်သာ အဓိက ဖြစ်နေသည်။
သို့ရာတွင် သည်ရွှေရောင်အလင်းများက အကန့်အသတ်မရှိသည့်ပုံပင်။သူတို့ ဘယ်လောက်ပင် ဝါးမြိုပါစေ ၎င်းအလင်းက မှေးမှိန်သွားခြင်း မရှိ။
ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားပြီး သူ့ဘယ်လက်လက်ညှိုးကို ရှေ့သို့ ညွှန်၏။မရဏလက်ချောင်းက ထိုးတက်သွားပြီး ရွှေရောင်အလင်းသင်္ကေတကို တိုက်ရိုက် ဖြတ်သန်းသွားသည်။
သည်မန္တာန်မြင်ကွင်းက သင်္ကေတကို သိသာစွာဖြတ်ကျော်သွားပြီး မုယုံကျိုး၏မန္တာန်များလို အချည်းနှီးဖြစ်သွား၏။သည်အဖြစ်က အမျိုးသမီးနှစ်ယောက်၏ အာရုံကို ဖမ်းစားသွားသည်။မုယုံကျိုး၏မျက်လုံးထဲ၌ တုန်လှုပ်မှုတို့ ဖြစ်ပေါ်နေကာ သူက အလေးအနက်လေသံဖြင့် ပြောလိုက်၏။ “မန္တာန်ခုခံနိုင်ခြင်း…”
သူက ထိုသို့ပြောလိုက်သည့်အခါ ကျောက်ရီရွှမ်၏မျက်လုံးထဲ၌ လောဘတက်သည့်အရိပ်အယောင်တို့ ဖြစ်ပေါ်သွား၏။ရှုဖေး၏အသွင်က ပုံမှန်အတိုင်း ရှိနေ၏။သို့သော် သူ့မျက်လုံးသူငယ်အိမ်ကတော့ အနည်းငယ် ကျုံ့သွားပေသည်။မုယုံကျိုးတစ်ယောက်၏ မျက်လုံးထဲတွင်တော့ မည်သည့်လောဘမှ မဖြစ်ဘဲ တုန်လှုပ်မှုသာ ရှိလို့နေသည်။
“ရောင်းရင်းကျင့်ကြံသူတို့…ငါတို့ ဆက်သွားကြမယ်…” ဝမ်လင်းအသွင်က ပုံမှန်အတိုင်းပင်။ရွှေရောင်သင်္ကေတဆယ်ခုကျော် ဝန်းရံထားသော ဝမ်လင်းကို အင်းဆက်များက လှည့်လည်လို့နေပေ၏။
ဝမ်လင်းက အောက်သို့ ဆက်ဆင်းသွားသည်။မုရုံယွမ်က မည်သည့်စကားမှမဆိုဘဲ သူလည်း လိုက်ပါဆင်းသက်သည်။အမျိုးသမီးနှစ်ယောက်ဖြစ်သည့် ကျောက်ရီရွှမ်နှင့်ရှုဖေးတို့ကတော့ အနည်းငယ်တုံ့ဆိုင်းသွားပြီးမှ နောက်ကလိုက်သွားကြ၏။သို့ရာတွင် သူတို့က ဝမ်လင်းနှင့်အကွာအဝေးတစ်ခုမှ ထိန်း၍ လိုက်ပါသွားကြခြင်းသာ ဖြစ်၏။သူတို့က ဝမ်လင်းကို ကြောက်လန့်နေသည်မှာ သိသာပေ၏။
“မန္တာန်ခုခံနိုင်ခြင်း…” ဝမ်လင်းက ပျံသန်းနေရင်း တိတ်တဆိတ်ခေါင်းယမ်းလိုက်၏။သူက သည်သားရဲများသည် မန္တာန်ပြီးနေသည်ကို မယုံကြည်ပေ။ မန္တာန်က သက်ရောက်မှု မရှိလျှင် တစ်ခုတည်းသောအမှန်တရားက ထိုမန္တာန်သည် လုံလောက်အောင် မသန်မာသောကြောင့်သာ ဖြစ်သည် မဟုတ်လော။
ဝမ်လင်းက လင်းထျန်ဟူ၏ ဓားစွမ်းအင်ကို သူ့လက်ချောင်းထိပ်များတွင် စုစည်း၍ အင်းဆက်များထဲမှ တစ်ကောင်ကို ထိလိုက်၏။ထိုအင်းဆက်က ချက်ခြင်း တုန်ယင်သွား၏။သို့သော် သေဆုံးသွားခြင်း မရှိပေ။
ဝမ်လင်းမျက်လုံးထဲ၌ တုန်လှုပ်မှုအချို့ ဖြစ်ပေါ်သွား၏။
သူတို့လေးယောက်က လျိုအောက်သို့ ဆက်၍ ဆင်းသက်လာကြ၏။ပေလော သူ့ကိုပေးခဲ့သော သလင်းကျောက်မှ တစ်ဆင့် တွေ့ရှိခဲ့ထားသော အန္တရာယ်များသော နေရာများကိုတောာ့ သူတို့က မုရုံကျိုး၏ အကူအညီဖြင့် ဖြတ်ကျော်သွားနိုင်ခဲ့ကြသည်။
သည်အချိန်များ၌ ကျောက်ရီရွမ်နှင့် ရှုဖေးတို့သည်လည်း များစွာ အကူအညီ ဖြစ်စေ၏။အထူးသဖြင့် ကျောက်ရီရွှမ်ပင်။သည်အမျိုးသမီး၏ မန္တာန်များက အလွန်ထူးဆန်းလှ၏။သူ့မန္တာန်များက ဘာမှ မဟုတ်သလိုထင်ရ၏။သို့သော် အမှန်တကယ်တွင်တော့ ထိုမန္တာန်က သူ့အစစ်အမှန်စွမ်းအားကို တိတ်တဆိတ် ပြသထုတ်ဖော်သွားနေခြင်းသာ ဖြစ်သည်။
နှိုင်းယှဉ်လျှင် ရှုဖေးက နည်းနည်းအားနည်းနေသည့်ပုံ ရ၏။သို့ရာတွင် ဝမ်လင်းက သူသံသယများ မြင့်မားလာပြီးနောက် သူက သေချာပို၍ လေ့လာစမ်းစစ်လို့နေသည်။သူကပို၍ တွေ့မြင်ရလေလေ သူ့ထင်မြင်ချက် ပိုမှန်လာလေ ဖြစ်နေ၏။
“ငါက ဒီနေရာမှာ အဲ့ကလန်က တစ်စုံတစ်ယောက်ကို လာတွေ့ရလိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး…”
ဝမ်လင်းက သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်၏။သူက ထိုအမျိုးသမီးနှစ်ယောက်နှင့် ပတ်သတ်၍ အာရုံမထားတော့ချေ။
သူတို့က သူ့ကို လာရန်မစသေးသ၍ သူက ထိုအမျိုးသမီးနှစ်ယောက်၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်လိမ့်မည် မဟုတ်ပေ။
မုယုံကျိုး၏ မန္တာန်များကတော့ ဝမ်လင်းကို မျက်ခုံးပင့်မိစေ၏။သူ့မန္တာန်များကလည်း အလွန်အမင်း အပြောင်းအလဲမြန်ကာ များပြားလှ၏။ဝမ်လင်းက သူ မန္တာန်တစ်ခုကို နှစ်ကြိမ်အသုံးပြုသည်အား မတွေ့ရပေ။
ဝမ်လင်းက သူ့ကျင့်ကြံမှုအဆင့်ဖြင့် သူက မုယုံကျိုးကို အနိုင်ရနိုင်သည်ဟု ယုံကြည်ချက် ရှိပေ၏။သို့သော် သူလည်း ဒဏ်ရာရနိုင်ပေသည်။ ထိုရလဒ်က သူ ရတနာများ အသုံးပြုလျှင်တော့ တစ်မျိုးဖြစ်သွားနိုင်ပေ၏။သို့သော် မုယုံကျိုးသည်လည်း ရတနာများ မရှိဘဲ မည်သို့ ဖြစ်နိုင်ပါ့မည်နည်း။
မုယုံကျိုး၏ လွတ်မြောက်ခြင်းမန္တာန်များက အံ့မခန်းပင်။မုယုံကျိုးက ထွက်ပြေးလိုလျှင်တာ့ ဝမ်လင်းက သူ့ကို မိအောင် ဖမ်းနိုင်လိမ့်မည် မဟုတ်ပေ။
“အရပ်ပုပုအဘိုးအိုရဲ့ မူလစိတ်ဝိညာဉ်က ချိပ်ပိတ်ပြီး စိတ်ဝိညာဉ်အလံထဲမှ ပိတ်နှောင်ထားတယ်။ စီနီယာကျောက်ရီကို ကယ်တင်ပြီး ဒီ ဒီလှိုင်းအသူတစ်ရာချောက်ကိစ္စတွေ ပြီးသွားရင်တော့ ငါက ဒီမန္တာန်တွေကို ကျင့်ကြံဖို့ အချိန်အချို့ အသုံးပြုဖို့ လိုနေပြီ…”
သည့်နေ့တွင် မုယုံကျိုး၏ အကူအညီနှင့် သူတို့နှစ်ယောက် ပူးပေါင်းလုပ်ဆောင်မှုကြောင့် ဒီလှိုင်းအသူတစ်ရာချောက်၏ အလယ်လောက်သို့ ရောက်ရှိလာကြပြီ ဖြစ်သည်။ဝမ်လင်းနှလုံးသားက တုန်ယင်နေ၏။သို့သော် သူက သည်ခံစားချက်ကို ချက်ခြင်း ဖိနှိပ်ထားလိုက်သည်။ပေလောသူ့ကို ပေးထားခဲ့သော သလင်းကျောက်နှင့်ပင် သည်အောက်ဘက်ခြမ်းကို သူက တွေ့မြင်နိုင်စွမ်း မရှိတော့ပေ။
သို့ရာတွင် ဝမ်လင်း၏ ဦးတည်ချက်က အလွန်နီးကပ်နေခဲ့ပြီ ဖြစ်၏။ရှေးဟောင်းနတ်ဆိုးပေလော၏ အဆိုအရ သူက သည်နားပတ်လည်တွင် ကျောက်ရီကို အာရုံခံနိုင်ခဲ့သည်ဟု ပြောခဲ့ပေသည်။သို့ရာတွင် ပေလော၏စွမ်းအားနှင့်ပင် သူက ကျောက်ရီ၏ တည်နေရာအတိအကျကို မထောက်လှမ်းနိုင်ခဲ့ချေ။
ဝမ်လင်းက လက်နှစ်ဖက်ယှက်၍ နှုတ်ဆက်ဟန်ပြုကာ ပြောလိုက်သည်။”အကို မုယုံ…ငါ့မှာ တစ်ခြားလုပ်စရာလေးတွေ ရှိလို့ မင်းတို့နဲ့ အောက်ကို ဆက်မလိုက်နိုင်တော့ဘူး…”
သူက အနည်းငယ်စဉ်းစားပြီးနောက် မုယုံကျိုး၏ တည်ငြိမ်သောမျက်နှာကို ကြည့်ကာ ဆက်ပြောလိုက်၏။ “ငါက အကိုမုယုံနဲ့ ဒီချောက်ထဲကို အတူလာခဲ့ရတဲ့အတွက် ကျေနပ်ရပါတယ်။အကိုက အနာဂတ်မှာ ငါ့ကို လိုအပ်ရင် ပွင့်ပွင့်လင်းလင်းမေးမြန်းနိုင်တယ်…”
သည်လိုမျိုး ပြောဆိုခြင်းက ဝမ်လင်းအတွက် ရှားပါးလှ၏။သည်မုယုံကျိုးက စကားပြောခဲလှသော်လည်း သူက လုပ်ဆောင်ရန် လိုအပ်သည်နှင့် ဘယ်တော့မှ နောက်မဆုတ်မည့်လူစားမျိုး ဖြစ်နေပေသည်။သည့်အပြင် သူက လောဘကြီးလှခြင်းလည်း မရှိပေ။
ဝမ်လင်းက အများကြီး ဆက်မပြောတော့ပေ။မုယုံကျိုးက ပြုံးတောင့်ပြုံးခဲ ပြုံးပြ၍ ဝမ်လင်းကို ခေါင်းညိမ့်ပြလိုက်သည်။သည့်နောက် သူက အောက်သို့ ဆက်၍ ဆင်းသွားတော့၏။
ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် မုယုံကျိုးထံသို့ အသံပို့လွှတ်လိုက်သည်။ “အကိုမုယုံ ဒီအမျိုးသမီးနှစ်ယောက်ကို သေချာဂရုစိုက်ပါ။ ငါထင်တာ မမှားရင် သူတို့က အလောင်းကောင်ကလန်က ဖြစ်လိမ့်မယ်။သူတို့ထဲက တစ်ယောက်က မူလစိတ်ဝိညာဉ်နိုးထပြီးဖြစ်တဲ့ အလောင်းကောင်တစ်ကောင် ဖြစ်လိမ့်မယ်…”
မုယုံကျိုးက အမျိုးသမီးနှစ်ယောက်ကို မကြည့်သလို ဝမ်လင်းစကားကိုလည်း ဘာမှ မှတ်ချက်မပေးပေ။သူက အောက်သို့သာ ဆက်၍ ဆင်းးသွား၏။သို့သော် ထိုအခိုက်အတန့်၌ ဘယ်သူမှ သတိမပြုနိုင်လောက်အောင် သူ့မျက်လုံးက ဖျပ်ခနဲ လင်းလက်သွား၏။သူက ပို၍ သတိထားလာပေသည်။
သူက အလောင်းကောင်ကလန်နှင့် ပတ်သတ်၍ ကြားဖူးပြီးသား ဖြစ်သည်။ထိုကလန်က ကျင့်ကြံခြင်းနိုင်ငံအများစုထက်ကို ပို၍ စွမ်းအားကောင်းကြပေ၏။ကျင့်ကြံခြင်းနိုင်ငံတိုင်းလိုလိုတွင် ထိုအလောင်းကောင်ကလန်၏ အကိုင်းအခတ်တစ်ခု ရှိနေပေသည်။သူတို့က သိသာစွာပင် စွမ်းအားကောင်းလှပေ၏။
သည်အမျိုးသမီးနှစ်ယောက်ကလည်း ဝမ်လင်းကို နှုတ်ဆက်၍ အောက်သို့ ဆက်ဆင်းသွားကြသည်။သို့ရာတွင် ရှုဖေး၏ သူမဆံပင်ကို ကြုံသလို လှုပ်ခါလိုက်သည်။ဆံပင်မွှေးတစ်ချောင်းက ပျံသန်းထွက်သွားကာ အငူစွန်းပေါ်၌ တင်သွားသည်။
သူတို့သုံးယောက်လုံး အကာအဝေးတစ်ခုသို့ ပျောက်ကွယ်သွားပြီးနောက် ဝမ်လင်းမျက်လုံးက အေးစက်လာကာ သူ့အကြည့်က အကွာအဝေးတစ်ခုရျိ အငူစွန်းပေါ်သို့ ကျရောက်သွား၏။သူက ညာလက်ကို ဆန့်ထုတ်လိုက်ရာ ထိုဆံပင်အမျှင်တန်းက သူ့ထံသို့ ပျံသန်းလာကာ လက်ချောင်းနှင့်ညှပ်၍ ဖမ်းကိုင်လိုက်သည်။
“ကြည့်ရတာ ငါ သတိပေးထားတာ မလုံလောက်သေးဘူးနဲ့ တူတယ်…” ဝမ်လင်းက အေးစက်စွာ နှာခေါင်းရှုံ့၍ သူ့လက်ချောင်းကို ပွတ်သပ်လိုက်သည်။ထိုအခါ ဆံပင်အမျှင်က မီးစွဲသွားလေသည်။သို့သော် သည်မီးက အစိမ်းရောင် ဖြစ်နေ၏။ထိုဆံပင်ထဲမှ နတ်ဘုရားအာရုံတစ်ခု ထွက်ပေါ်လာခဲ့သည်။သို့သော် ၎င်းက သိပ်သည်းနိုင်ခြင်း မရှိခင်မှာပင် ဝမ်လင်းက သူ့မူလစွမ်းအင်ဖြင့် ဆံပင်ပေါ်သို့ ထွေးထုတ်လိုက်သည်။ နတ်ဘုရားအာရုံက ချက်ခြင်း ပျက်စီးသွားလို့သွားတော့၏။
ဒီလှိုင်းအသူတစ်ရာချောက်ထဲသို့ ဆင်းသက်နေရင်း ရှုဖေး၏ခန္ဓာကိုယ်က တုန်ယင်လို့သွားသည်။သူမပါးစပ်ထောင့်မှ သွေးများစီးကျလာခဲ့၏။သူမမျက်လုံးထဲ၌ ကြောက်လန့်မှုအရိပ်အယောင်တို့ ဖြစ်ပေါ်သွားသည်။
***