← Chapters

အခန်း (၃၈၁-၃၈၂)

Vol. 39 Ch. 381-382

အခန်း (၃၈၁-၃၈၂)

Vol. 39 Ch. 381-382

အခန်း(381)

စုဝေ့မင်တစ်ယောက် နှစ်ကုန်ပိုင်းအချိန် ဖြစ်သောကြောင့် အလုပ်အလွန်ရှုပ်နေခဲ့ရသည်။

ထို့ကြောင့် လော်ယွီရှို့ကသာ ဝူလီကို ခေါ်ပြီး စုဝေ့ချင်းတို့ကို လာကြိုခဲ့၏။

“အမေ”

လီရှန်းက လော်ယွီရှို့ကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့ရသည်။

သူမက သူမ၏ လက်ဆွဲအိတ်ကို ပစ်ချလိုက်ပြီး လော်ယွီရှို့ထံသို့ ပြေးသွားခဲ့လေ၏။

ထို့နောက် လီရှန်းက သူမကို တင်းကျပ်စွာ ဖက်တွယ်လိုက်ရင်း ပြောလိုက်လေသည်။

“မတွေ့ရတာ အရမ်းကြာနေပြီ၊ အမေ့ကို တကယ်ကို လွမ်းနေခဲ့တာ”

လော်ယွီရှို့၏ မျက်နှာထက်တွင် ချက်ချင်းပင် ပျော်ရွှင်ရသော အပြုံးများဖြင့် ပြည့်နှက်သွားခဲ့ရလေ၏။

သူမက သူမ၏ တတိယချွေးမဖြစ်သူထံမှ ချိုသာလွန်းသော စကားလုံးများကို နှစ်သက်သည်။

ထိုစကားများက မြှောက်ပင့်ပြောဆိုနေခြင်းမျှသာဖြစ်လျှင်ပင် သူမအနေဖြင့် နားထောင်ချင်လေ၏။

“ပြန်လာတာ ကောင်းတယ်၊ ပြန်လာတာ ကောင်းတယ်”

သူမက လီရှန်းကဲ့သို့ ချိုသာနူးညံ့လွန်းသော စကားမျိုးကို ထုတ်ဖော်မပြောတတ်သော်လည်း သူမကို ပြန်ဖက်တွယ်ထားလိုက်လေသည်။

လွန်ခဲ့သော နှစ်နှစ်တာ အချိန်အတွင်း သူတို့က တစ်ဦးနှင့်တစ်ဦးမြင်တွေ့ခဲ့ရခြင်း မရှိကြဘဲ ယခုအချိန်တွင်မှ ပြန်ဆုံစည်းကြရခြင်း ဖြစ်သည်။

စုရှောင်လော်တစ်ယောက် သူမ၏ အဘွားဖြစ်သူကို မြင်တွေ့လိုက်ရသည့် အချိန်တွင် လီရှန်း၏ အပြုအမူအတိုင်း လိုက်နာလျက် သူမ၏ လွယ်အိတ်ငယ်လေးကို ချီစုန့်ထံသို့ ပစ်ပေးလိုက်လေသည်။

ထို့နောက် လော်ယွီရှို့၏ ခါးကို ပြေးဖက်တွယ်လိုက်ကာ ချစ်စဖွယ်ကောင်းစွာ ပြောလိုက်လေ၏။

“အဘွား၊ ရှောင်လော်လည်း အဘွားကို အများကြီး လွမ်းနေခဲ့တာ”

လော်ယွီရှို့အနေဖြင့် လီရှန်း၏ လက်ကို လွှတ်ပေးလိုက်ပြီးနောက် စုရှောင်လော်ကို ပွေ့ဖက်လိုက်လေ၏။

“အဘွားလည်း ငါတို့ရဲ့ ရှောင်လော်ကို လွမ်းနေခဲ့တာပေါ့၊ ငါတို့ ရှောင်လော်က အရမ်းပိန်သွားတာပဲ၊

အဘွားက ငါတို့ ရှောင်လော်ရဲ့ ခန္ဓာကိုယ်ပြန်ပြီးအားပြည့်လာအောင် ငန်းသားဟင်း ချက်ပေးထားတယ်”

စုရှောင်လော်တစ်ယောက် ငန်းသားဟင်းဟူသော စကားကိုကြားလိုက်ရသည့်အချိန်တွင် ပါးစပ်ထဲတွင် သွားရည်များဖြင့် ပြည့်သွားရသည်။

သုတေသနအဖွဲ့အစည်းရှိ အစားအစာများက မည်မျှပင် အရသာရှိလွန်းသည်ဟုပြောပါစေ သူမ၏ အဘွားနှင့် မိခင်ဖြစ်သူတို့ ချက်ပြုတ်ပေးသော အစားအစာများကိုတော့ နှိုင်းယှဉ်၍ မရနိုင်ပေ။

ထိုဟင်းများက အိမ်၏အရသာမျိုး ဖြစ်နေသောကြောင့်ပင်။

ဝူလီက သူမ၏ ယောက်မဖြစ်သူမှ ယောက္ခမကို ဖက်တွယ်နေသည့် မြင်ကွင်းကို ကြည့်ရှုရင်း စိတ်ထဲ၌ သည်းခံနိုင်သကဲ့သို့ ဖြစ်နေခဲ့ရသည်။

အစပိုင်းတွင် သူမက သူမ၏ ယောက္ခမက ဘက်လိုက်လွန်းသည်ဟု ခံစားခဲ့ရ၏။

ထို့နောက်တွင် သူမ၏ ယောက်မဖြစ်သူက ဟန်ဆောင်ကောင်းလွန်းသည်ဟု ထင်မြင်မိလေသည်။

သို့သော် သူမ၏ ယောက်မဖြစ်သူက ယောက္ခမကို ဖက်တွယ်ရာမှ လွှတ်ပေးလိုက်ပြီးနောက် သူမထံသို့လာပြီး ပွေ့ဖက်လိုက်လေသည်။

ထိုအချိန်တွင်တော့ သူမကိုယ်တိုင်လည်း အနေရခက်သွားရပြီး ပြန်ဖက်လိုက်မိသည်။။

အိုး.. ဒီယောက်မက အတော်လေး ချစ်စရာ ကောင်းတာပဲ။

သူမ၏ စိတ်ထဲမှမနာလိုဖြစ်ရသော ခံစားချက်က ချက်ချင်းပင် ကွယ်ပျောက်သွားခဲ့ရလေတော့၏။

အိမ်သို့ ပြန်ရောက်ပြီးနောက် စုဝေ့ချင်းက သူ၏ မိတ်ဆွေဟောင်း တချို့နှင့် ဆက်သွယ်ခဲ့လေသည်။

အထူးသဖြင့် ရှုဝမ်ချန်ပင်။

ရှုဝမ်ချန်အနေဖြင့် စုဝေ့ချင်းပြန်ရောက်ရှိလာပြီ ဖြစ်ကြောင်းကို ကြားသိလိုက်ရသည့်အချိန်တွင် အလုပ်ဆင်းပြီးနောက် အိမ်သို့ပင် မပြန်တော့ဘဲ သူ့ထံသို့ ရောက်လာခဲ့လေသည်။

သူတို့နှစ်ဦး ဆုံတွေ့လိုက်ကြသည့် အခိုက်အတန့်တွင် သူက အော်ဟစ်ပြောဆိုလိုက်၏။

“ဟေး! မင်းက ထွက်သွားတာ နှစ်တွေကြာပြီပဲ၊ မင်း တစ်ခါမှပြန်မလာဘူးပဲ”

ထိုရင်းနှီးကျွမ်းဝင်လွန်းသော လေသံကို ကြားလိုက်ရသည့်အချိန်တွင် စုဝေ့ချင်း ပြုံးလိုက်မိသည်။

ဤသည်ကသာ အိမ်ဟူသော ခံစားချက်မျိုး ဖြစ်ပေလိမ့်မည်။

ဤမျှ ရိုးရှင်းလွန်းသော စကားတစ်ခွန်းကပင် သူ့ကို အဝေးမှ ဇာတိသို့ ပြန်ရောက်ရှိလာသော ခံစားချက်မျိုးကို ပေးစွမ်းနိုင်ခဲ့လေ၏။

စကားအနည်းငယ်ပြောပြီးကြသည့်အချိန်တွင် ရှုဝမ်ချန်၏ ဇနီးဖြစ်သူ ရောက်ရှိလာခဲ့လေသည်။

“အိမ်မှာ ထမင်းစားပြီးမှ ပြန်လာပြီး စကားပြောလေ”

သူမကရှုဝမ်ချန်ကို ဆွဲခေါ်သွားခဲ့လေ၏။

အဝေးမှပင် သူမ၏ မကျေမနပ် ညည်းညူပြောဆိုသံများကို ကြားနေရသည်။

“သူတို့ ပြန်မလာတာ နှစ်တွေကြာနေပြီ၊ ဒါက မိသားစုဝင်တွေ ပြန်ဆုံဆည်းရမယ့် အချိန်လေ၊ ရှင် ဘာဖြစ်လို့ သွားပြီးနှောင့်ယှက်နေရတာလဲ၊ ပြီးတော့ အိမ်မှာလည်း ထမင်းဟင်းတွေ အားလုံး အဆင်သင့် ချက်ပြုတ်ထားပြီးပြီ၊

ရှင်က အဲဒီမှာ သွားစားမလို့လား၊ သူတို့ဆီမှာ အလကားသွားပြီး ကပ်စားချင်နေတာလား”

စုဝေ့ချင်းအနေဖြင့် ရှုဝမ်ချန်က ပြန်ပြောနေသည်ကို ထပ်မံ၍ မကြားရတော့ပေ။

လီရှန်းက ခပ်တိုးတိုးရယ်မောလိုက်ရင်း စုဝေ့ချင်း၏ လက်မောင်းကို ဆွဲကိုင်လိုက်၏။

“အစ်ကိုရှုက အခုထိ သူ့မိန်းမကို ကြောက်နေတုန်းပဲ”

“မိန်းမကို ကြောက်တာက ကောင်းပါတယ်၊ တကယ့်ကြောက်စရာကောင်းတာက မိန်းမကို မကြောက်တာပဲ”

စုဝေ့ချင်းက သက်ပြင်းချလိုက်ရင်း ဘေးနားကို လှည့်ပတ်ကြည့်ရှုလိုက်လေ၏။

အနား၌ မည်သူမျှ ရှိမနေသည်ကို မြင်တွေ့ရသည့်အချိန်တွင် သူက လီရှန်း၏ သွယ်လျသော ခါးလေးကို ပွေ့ဖက်လိုက်ပြီး သူမကို အလိုလိုက်သော လေသံဖြင့် ခပ်တိုးတိုးကပ်ပြောလိုက်လေ၏။

“ယောက်ျားတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ ဇနီးကို ကြောက်ရွံ့တတ်တာက မကောင်းတဲ့အရာ မဟုတ်ပါဘူး”

လီရှန်းက သူ့ကို တစ်ချက် စောင်းငဲ့၍ ကြည့်ရှုလိုက်လေသည်။

သို့သော် သူမ၏ မျက်ဝန်းများထဲတွင်တော့ ပြုံးယောင်သန်းနေလေ၏။

မကြာသေးမီ နှစ်များအတွင်း ပတ်ဝန်းကျင် အခြေအနေများက အလွန်လျင်မြန်စွာ ပြောင်းလဲတိုးတက်လာခဲ့သည်။

အထူးသဖြင့် တက္ကသိုလ်ကျောင်းဝင်းများထဲ၌ ဖြစ်လေ၏။

စုဝေ့ချင်း တက်ခဲ့သော အတန်းက အရည်အချင်းရှိသည့်လူများကို စုဆောင်းထားခြင်းဖြစ်သည်။

ထို့ကြောင့် နိုင်ငံတော်အနေဖြင့် လျှောက်ထားသူများ၏ အသက်အရွယ်အပေါ် အလွန် လျှော့ပေါ့ပေးခဲ့လေ၏။

ထို့အပြင် သူတို့၏ အိမ်ထောင်ရေး အခြေအနေကိုလည်း အာရုံစိုက်ခြင်း မပြုခဲ့ကြပေ။

ရလဒ်အနေဖြင့် ကျောင်းသား၊ ကျောင်းသူများစွာက သူတို့၏ နေရပ်တွင် ဇနီး၊ ခင်ပွန်းများ ရှိနေခဲ့သော်လည်း ကျောင်း၌ နှစ်အနည်းငယ်မျှ နေထိုင်ပြီးကြသည့် အချိန်တွင် ထိုအိမ်ထောင်ဖက်များကို စိတ်မဝင်စားကြတော့ပေ။

သူတို့အနေဖြင့် စိတ်သဘောထားချင်း တိုက်ဆိုင်သည့် ဆန့်ကျင်ဘက်လိင် အတန်းဖော်များနှင့် ဆုံတွေ့ခဲ့ကြရပြီးနောက်တွင် သူတို့၏ နေရပ်ရှိ အိမ်ထောင်ဖက်များကို စွန့်ပစ်ခဲ့ကြသည်။

စုဝေ့ချင်းအနေဖြင်် ဇနီးမောင်နှံ ပေါင်းများစွာ လမ်းခွဲပြတ်စဲသွားခဲ့သည်ကို မြင်ခဲ့သည်။

ထို့ကြောင့် စုဝေ့ချင်းက ရှုဝမ်ချန်နှင့် သူ၏ဇနီးတို့ အပြန်အလှန် ဆက်ဆံနေထိုင်ကြသော ပုံစံအပေါ် စိတ်လှုပ်ရှားမိခဲ့လေ၏။

“ဒါဆိုရင်လည်း အတွင်းပိုင်းကအဲ ကြောက်ရွံ့ရမယ်လေ၊ အပြင်လူတွေရဲ့ ရှေ့မှာတော့ သူ့ရဲ့ သိက္ခာကို ထိန်းသိမ်းရဦးမယ်မဟုတ်ဘူးလား”

လီရှန်းက သူမ၏ ခါးကို ဖက်တွယ်ထားသော စုဝေ့ချင်း၏ လက်ကို အသာတို့ထိလိုက်ရင်း လက်ကို လွှတ်ပေးရအတွက်် ပြောလိုက်လေ၏။

စုဝေ့ချင်းက သူမကို ပို၍ပင် တင်းကျပ်စွာ ဖက်တွယ်ကာ ညည်းတွားလိုက်လေ၏။

“သိက္ခာဆိုတာက ဘာများတန်ဖိုးရှိလို့လဲ”

သူ့၏ ဇနီးကသာ အရာအားလုံးထက် ပိုမိုအရေးကြီးပေ၏။

လီရှန်း အနည်းငယ် ဆွံ့အသွားရသော်လည်း သူမ၏ စိတ်နှလုံးထဲတွင် ချိုမြိန်သော ခံစားချက်မျိုး ဖြစ်ပေါ်နေခဲ့သည်။

သူမ စုဝေ့ချင်းကို အလွန်ချစ်မြတ်နိုးသည်။

လူတိုင်းက သူတို့၏ ခံစားချက်များကို ထုတ်ဖော်ပြောဆိုရန်အတွက် ဝန်လေးနေကြသော ဤကဲ့သို့သော ခေတ်ကာလတွင် တစ်ဖက်လူကတော့ အနည်းငယ်မျှပင် ဝန်လေးခြင်း မရှိပေ။

တစ်ခါတရံတွင် သူမကိုယ်တိုင်ပင် အနည်းငယ် ရှက်ရွံ့မိရသည်။

စုဝေ့ချင်းက လူအများ၏ အရှေ့တွင် သူ၏ အချစ်ကို ထုတ်ဖော်ပြသတတ်သူတစ်ဦး ဖြစ်သည်။

ဆုံဆည်းချိန်တိုင်းတွင်လည်း သူ၏ အချစ်များကို အမြဲတစေ ထုတ်ဖော်ဝန်ခံလေ့ ရှိ၏။

လွန်ခဲ့သော နှစ်များစွာအတွင်း စုဝေ့ချင်းက ကျောင်း၌ အတော်လေးပင် ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့သည်။

သူက စာအုပ်များစွာကို ထုတ်ဝေခဲ့ရုံသာမက ထိုစာအုပ်များထဲမှ တချို့ကလည်း ရုပ်ရှင်အဖြစ် ရိုက်ကူးခြင်း ခံခဲ့ရသည်မဟုတ်ပါလား။

သူက စာပေလောကထဲ၌ တောက်ပလာမည့် ကြယ်ပွင့်အသစ်တစ်ပွင့်အဖြစ် အောင်မြင်စွာ ဖြစ်တည်နေခဲ့၏။

ဤကဲ့သို့သော အရည်အချင်းရှိသော စာရေးဆရာတစ်ဦးက ကျောင်းဝင်းထဲရှိ ကျောင်းသူများအတွက်တော့ ဆွဲဆောင်မှုအရှိဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်သင့်သည်။

သို့သော် မည်သူကမျှ စုဝေ့ချင်းကို လာရောက်ပတ်သက်ရန် မရဲဝံ့ကြပေ။

သူက သူ၏ ဇနီးအပေါ် မည်မျှပင် ချစ်မြတ်နိုးကြောင်းကို လူတိုင်းက မြင်တွေ့နေကြရသည်မဟုတ်ပါလား။

“ကိုယ်တို့ နေ့လယ်စာ စားပြီးရင် ဦးလေးကို သွားရှာကြရအောင်”

စုဝေ့ချင်းက ကျန်းကျူးရိတစ်ယောက် ဝယ်ယူပေးထားသော အိမ်အကြောင်းကို စိတ်ထဲ၌ တွေးတောနေဆဲ ဖြစ်လေ၏။

လီရှန်းက ခေါင်းညိတ်ပြကာ ပြောလိုက်လေသည်။

“ပစ္စည်းတွေကိုပါ တစ်ပါတည်း ယူသွားတာ ကောင်းမယ်၊ကျွန်မတို့မှာ ခရီးဆောင်အိတ်တွေ အများကြီးပဲလေ၊

ဒီနေ့ နေ့လယ်မှာ ယူသွားလို့ရမဲ့ ပစ္စည်းတွေကို အရင်သွားပြီး ထားလိုက်ကြတာပေါ့”

တကယ်တမ်းတွင် သူတို့၌ ကိုယ်ပိုင်ပစ္စည်းဟူ၍ အများအပြား ရှိမနေဘဲ ပစ္စည်းအများစုက မိသားစုဝင်များအတွက် ပေးအပ်မည့် လက်ဆောင်ပစ္စည်းများသာ ဖြစ်ကြသည်။

“ဒါဆိုရင် ကိုယ် ဦးလေးဆီကို ဖုန်းအရင် ဆက်လိုက်ဦးမယ်၊ ဒါမှ ကိုယ်တို့ နေ့လယ်သွားတဲ့အချိန်ကျရင်အိမ်မှာ လူမရှိဘဲ ဖြစ်မနေမှာ”

စုဝေ့ချင်းက သူ၏ လက်ကို လွှတ်ပေးလိုက်လေ၏။

သူမက သူ၏ ရင်ခွင်ထဲမှ ရုတ်တရက် ကွာဝေးသွားခဲ့ရသောကြောင့် လီရှန်းအနေဖြင့် အေးစက်သော လေအေးများကို ခံစားလိုက်လေသည်။

သူမ၏ ခန္ဓာကိုယ်က အနည်းငယ်တုန်ရင်သွားရလေ၏။

သူမက ပခုံးကိုကျုံ့ရင်း တစ်ဖက်လူငိုပြောလိုက်လေသည်။

“အထဲကို အမြန်ဝင်ကြရအောင်၊ အပြင်မှာ အရမ်း အေးလွန်းတယ်”

ထို့နောက် သူမက စုဝေ့ချင်းကို အပြင်ဘက်၌ ချန်ထားခဲ့ပြီး ဧည့်ခန်းထဲသို့ အလျင်အမြန်ပင် ဝင်သွားခဲ့လေတော့၏။

*

အခန်း(382)

စုဝေ့ချင်း အထဲသို့ ဝင်ရန်အတွက် ပြင်ဆင်လိုက်ချိန်မှာပင် ချီစုန့်က စုရှောင်လော်ကိုခေါ်ကာပြန်ရောက်ရှိလာသည်ကို မြင်တွေ့လိုက်ရလေ၏။

သူတို့၏နောက်တွင် စုဝေ့မင်နှင့် သူ၏သားဖြစ်သူ စုဝေ့ဟိုင်တို့လည်း ပါလာကြလေသည်။

သူတို့ အိမ်သို့ရောက်ရှိလာသည်နှင့် စုရှောင်လော်က သူမ၏အဘိုးဖြစ်သူထံသို့ သွားရောက်လည်ပတ်ရန်အတွက် ပူဆာလေတော့၏။

ချီစုန့်သည်ကား လေးနက်ပြီးအေးစက်သော အမူအရာရှိသော်လည်း တကယ်တမ်းတွင် ထိုကလေးငယ်အပေါ် အလွန်အလိုလိုက်လေသည်။

သူက စုရှောင်လော် ပူဆာသမျှကို ငြင်းပယ်လေ့မရှိဆောင်ရွက်ပေးတတ်သည်။

သူတို့က စုဝေ့မင်ကိုသာ ပြန်ခေါ်လာခဲ့ခြင်းမဟုတ်ဘဲ စုဝေ့ဟိုင်ကိုပါ တစ်ပါတည်း ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်၏။

“အဖေ၊ သမီး အဘိုးနဲ့ ဦးလေးကို အတူ ပြန်ခေါ်လာခဲ့တယ်”

စုရှောင်လော်တစ်ယောက် စုဝေ့ချင်းကို မြင်တွေ့လိုက်ရသည့် အချိန်တွင် စိတ်လှုပ်ရှားစွာဖြင့် ပြေးဝင်လာခဲ့ပြီးနောက် သူ၏ခြေထောက်များကို လက်နှစ်ဖက်ဖြင့် ဖက်တွယ်လိုက်လေ၏။

စုဝေ့ချင်းက အလျင်အမြန်ပင် ခန္ဓာကိုယ်ကိုငုံ့ကိုင်းကာ စုရှောင်လော်ကို ပွေ့ချီလိုက်သည်။

ထိုမိန်းကလေးငယ်က ယခုအချိန်တွင် အသက်ရှစ်နှစ်အရွယ်သို့ ရောက်ရှိလုနီးပြီဖြစ်၍ ခန္ဓာကိုယ်အလေးချိန် အနည်းငယ် တိုးလာခဲ့၏။

စုဝေ့ချင်းအနေဖြင့် သူမကိုအချိန်ကြာမြင့်စွာ ပွေ့ချီထားရန် မတတ်နိုင်တော့ပေ။

“ဝေ့ချင်း”

စုဝေ့ဟိုင်မှာ အနားသို့မရောက်ရှိသေးမီကတည်းက မျက်ဝန်းများ တောက်ပနေခဲ့ကာ မျက်နှာတစ်ခုလုံးတွင်လည်း အပြုံးများဖြင့် ပြည့်နှက်နေခဲ့လေ၏။ သူက အနည်းငယ်မျှပင် ပြောင်းလဲသွားခြင်းမရှိပေ။

သူက အနည်းငယ်စိတ်လှုပ်ရှားနေခဲ့ရသောကြောင့် စုဝေ့ချင်း၏အနားသို့ ရောက်ရှိလာသည်နှင့် အဆက်မပြတ် ပြောဆိုလေတော့၏။

“အိုး.. ငါတို့ရဲ့ ရှောင်လော်လေးက တကယ့်ကို ဥာဏ်ကောင်းတာပဲ၊ မင်း ဘာဖြစ်လို့ သူမကို လက်နက်ခဲယမ်း သုတေသနတွေ လုပ်ခွင့်ပြုရတာလဲ၊

ငါတို့မိသားစုက ဆေးဝါးလုပ်ငန်းခွင်ထဲမှာ ကျင်လည်နေကြတာလေ၊ သူမလည်း ငါနဲ့အတူ ဆေးဝါးသုတေသနတွေကိုပဲ လုပ်သင့်တာပေါ့၊

ခုနက သူမက သူမကိုယ်သူမ အရမ်းကြွားနေခဲ့တာ၊ မင်း မသိလို့နော်၊ ညွှန်ကြားရေးမှူးကျန်းကတောင် သူမကို အရမ်း သဘောကျနေတာ”

“အကြီးဆုံးဦးလေး၊ သမီးက လက်နက်ခဲယမ်းတွေကို လေ့လာရတာ ပိုပြီးတော့ သဘောကျတာလေ”

စုဝေ့ဟိုင်က သူမကို ဆေးဝါးပညာရပ်ကို လေ့လာစေရန်အတွက် ထပ်မံ၍ ဖျောင်းဖျပြောဆိုလိုနေသည်ကို ကြားလိုက်ရသည့်အချိန်တွင် စုရှောင်လော်က ချက်ချင်းပင် လေးနက်သော လေသံလေးဖြင့် ငြင်းပယ်လိုက်သည်။

“ပြီးတော့ သမီးရဲ့ သုတေသန နယ်ပယ်က ဆေးဝါးပညာရပ် မဟုတ်တော့ စည်းမဲ့ကမ်းမဲ့ သုတေသနတွေ လုပ်လို့မရပါဘူး”

“ကောင်းပါပြီ၊ အကြီးဆုံးဦးလေး နားလည်ပါပြီ”

စုဝေ့ဟိုင်တစ်ယောက် စုရှောင်လော်၏ ဆံပင်ကျစ်ဆံမြီးလေးကို အသာအယာ ဆွဲကိုင်လိုက်ကာ ဤတူမငယ်လေးက အမှန်တကယ် ချစ်စရာ ကောင်းလွန်းသည်ဟု တွေးတောမိလိုက်လေ၏။

သူမက အသက်ရှစ်နှစ်မျှသာ ရှိသေးသော်လည်း သုတေသနပညာရှင်တစ်ဦး ဖြစ်နေခဲ့လေသည်။

ထို့နောက် သူက စုရှောင်လော်ထက် အသက်ကြီးသော သူ၏ သားနှစ်ယောက်ကို ပြန်တွေးတောမိလိုက်လေ၏။

သူတို့၏ စာမေးပွဲရမှတ်များက မဆိုးဟု ပြောနိုင်သော်လည်း စုရှောင်လော်နှင့် နှိုင်းယှဉ်၍ မရနိုင်ပေ။

စုဝေ့မင်က စုဝေ့ဟိုင်၏ အပြုအမူများကို အားကျမိနေသော မျက်နှာအမူအရာဖြင့် ကြည့်ရှုနေခဲ့လေ၏။

သူကိုယ်တိုင်လည်း သူ၏ အချစ်တော်မြေးမလေးကို စနောက်လိုစိတ်များ ဖြစ်ပေါ်နေခဲ့သည်။

အပြင်ဘက်မှ စကားပြောဆိုသံများကို ကြားလိုက်ရသည့်အတွက် လော်ယွီရှို့တစ်ယောက် အပြင်သို့ ထွက်ကာ ကြည့်ရှုလိုက်လေသည်။

စုဝေ့မင်နှင့် သားနှစ်ဦးတို့က စုရှောင်လော်နှင့် စကားပြောဆိုနေကြသည်ကို မြင်တွေ့လိုက်ရလေ၏။

သူမက ချက်ချင်းပင် ရယ်မောလိုက်ရင်း ပြောလိုက်လေသည်။

“ရတို့အားလုံးက ဒီနေ့လမ်းထဲမှာပဲ ထမင်းစားကြတော့မှာလား၊ အပြင်မှာ မအေးကြဘူးလား၊ ဒီလို လေတိုက်နေတဲ့ နေရာမှာ ရှောင်လော်ကို အအေးမိသွားအောင် မလုပ်ကြပါနဲ့”

“ကိစ္စမရှိပါဘူး အဘွား၊ သမီး မအေးပါဘူး”

စုရှောင်လော်က လိမ္မာစွာဖြင့် ပြန်ပြောလိုက်လေသည်။

နေ့လယ်စာ စားသောက်နေကြသည့် အချိန်တွင် လော်ယွီရှို့က စုဝေ့ချင်းကို မေးမြန်းလိုက်လေ၏။

“မင်းတို့ ဒီတစ်ခေါက် ကျောင်းပိတ်ရက်က ဘယ်လောက်တောင် ကြာမှာလဲ၊ နှစ်သစ်ကူးပြီးလို့ အချိန်ရမယ်ဆိုရင် ငါတို့အားလုံး ဇာတိကို ပြန်ကြည့်ရအောင်၊

မင်း တက္ကသိုလ်တက်ကတည်းက တစ်ခါမှ ပြန်မရောက်သေးဘူး မဟုတ်ဘူးလား၊

မင်းရဲ့ အဘိုးနဲ့ အဘွားတို့ဆီကိုလည်း သတင်းစကားပါးလိုက်ဦး”

စုဝေ့ချင်းက ခေါင်းညိတ်လိုက်ရင်း ပြောလိုက်လေ၏။

“ရထားလက်မှတ်က နွေဦးပွဲတော်ပြီးလို့ (7)ရက်မြောက်နေ့အတွက် ဝယ်ထားတာ၊

ကျောင်းကတော့ ဆယ်ရက်နေ့ကျမှ ပြန်ဖွင့်မှာဆိုတော့ ရှောင်လော်လည်း ဒီနှစ်မှာ အားလပ်ရက် အချိန်နည်းနည်းရှိပါတယ်”

စုဝေ့မင်တစ်ယောက် ထိုစကားကို ကြားရသည့်အချိန်တွင် ရယ်မောလိုက်လေသည်။

တကယ်တမ်းတွင် လော်ယွီရှို့က ထိုသို့မေးမြန်းလိုက်သည့် အချိန်တွင် သူလည်း စိုးရိမ်ပူပန်နေခဲ့သည်။

သူ ကြားသိထားသည့်အတိုင်းဆိုလျှင် ကျန်းမိသားစုဝင်များက လီရှန်းတက္ကသိုလ်ဝင်ခွင့် ရရှိသွားခြင်းကြောင့် သူမ၏ မိခင်အတွက် သီးသန့်ဆွေစဉ်မျိုးဆက်စာရင်းတစ်ခုကိုပင် ပြုလုပ်ပေးခဲ့ကြလေ၏။

သူကိုယ်တိုင်ကတော့ ဆွေမျိုးစာရင်းအပေါစိတ်ဝင်စားမှုကိုမျှ မရှိခဲ့ဖူးပေ။ သို့သော် ယခုအချိန်တွင် စုဝေ့ချင်းကိုယ်တိုင်က လိုက်ပါရန်အတွက် သဘောတူညီခဲ့လေပြီ။

သူက နေရပ်သို့ ပြန်ရောက်သည့်အချိန်တွင် ကြီးမားသော အောင်ပွဲခံ ဂုဏ်ပြုပွဲတစ်ခုကို ကျင်းပရန်အတွက် တွေးတောနေခဲ့သည်။

သို့မှသာ သူ၏ ဇာတိရှိ လူတိုင်းက သူ၏ သားနှင့်မြေးများက အကောင်းဆုံးဖြစ်ကြောင်းကို မြင်တွေ့နိုင်ကြပေလိမ့်မည်။

နေ့လယ်စာ စားသောက်ပြီးချိန်တွင် စုဝေ့ချင်းနှင့် လီရှန်းတို့က စုရှောင်လော်ကို ခေါ်ကာ ကျန်းမိသားစုဆီသို့ ပြန်လာခဲ့ကြ၏။

ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိပြီးခါစ ဖြစ်သော ကျန်းကျူးရိက သူ၏ အိမ်တံခါးဝတွင် မတ်တတ်ရပ်လျက် မျှော်လင့်တကြီးဖြင့် စောင့်ဆိုင်းနေခဲ့လေသည်။

“မင်းတို့က ဘာဖြစ်လို့ နေ့လယ်စာကို ဒီမှာ မစားကြတာလဲ”

“ကျွန်တော်တို့က ဒီမနက်မှ အိမ်ကို ပြန်ရောက်တာဆိုတော့ အိမ်မှာလည်းအဆင်သင့် ဖြစ်နေတာနဲ့စားခဲ့ကြတာ”

စုဝေ့ချင်းက သူ၏ ပစ္စည်းများကို သယ်ဆောင်ကာ အိမ်ထဲသို့ အရင်ဆုံး ဝင်သွားခဲ့လေသည်။

ယခုအချိန်တွင် သူက ကျန်းမိသားစု၏ သမက်တစ်ဦး ဖြစ်နေခဲ့ပြီဖြစ်၍ လွတ်လပ်ပေါ့ပါးစွာ ပြုမူနေထိုင်နိုင်ခဲ့၏။

ဖန်ချင်းက အပြင်သို့ လှမ်းထွက်လိုက်သည့်အချိန်တွင် စုဝေ့ချင်းနှင့် ထိပ်တိုက်ဆုံတွေ့သွားခဲ့ရသည်။

ထို့ကြောင့် သူမက သူ၏လက်ထဲမှ ပစ္စည်းများကို အလျင်အမြန်ပင် ကူညီ သယ်ဆောင်ပေးလိုက်သည်။

“မင်းတို့ ဒီကို လာမှာပဲကို၊ ဘာဖြစ်လို့ ပစ္စည်းတွေ ဒီလောက်အများကြီး သယ်လာရတာလဲ၊ အိမ်မှာအားလုံး ရှိပါတယ်”

“ဒါတွေက ရှန်းရှန်းနဲ့ ကျွန်တော် ပေကျင်းက ဝယ်လာခဲ့တဲ့ ဒေသထွက် လက်ဆောင်ပစ္စည်းတွေလေ၊ အိမ်မှာ ရှိနေတာတွေနဲ့ ဘယ်တူပါ့မလဲ”

စုဝေ့ချင်းက ပစ္စည်းများကို သယ်ဆောင်ပြီး အိမ်ထဲသို့ ဝင်သွားခဲ့၏။

အပြင်တွင်တော့ ကျန်းကျူးရိက စုရှောင်လော်ကို တင်းကျပ်စွာ ပွေ့ဖက်ထားခဲ့ပြီး လုံးဝ လွှတ်ပေးခြင်း မရှိတော့ပေ။

သူက အထဲသို့ လမ်းလျှောက်ဝင်လာခဲ့ရင်း ပြောလာသည်။

“ကျန်းချောင်ကတော့ မနက်ဖြန်ညကျမှ အိမ်ကို ပြန်ရောက်လိမ့်မယ်၊ မင်းတို့အားလုံးက ကျောင်းသွားတက်နေကြတော့ အိမ်က ခြောက်ကပ်နေပြီ၊

ငါတို့တွေ ကျန်းခမ်းနဲ့ ကျန်းယွမ်တို့ကိုလည်း အိမ်ထောင်ပြုကြဖို့ ပြောပေမဲ့ သူတို့က ဖုန်းလည်းပြန်မဖြေကြသလို စာလည်း ပြန်မရေးကြတော့ဘူး၊

မင်းရဲ့အဒေါ်ကတော့ ဒီအကြောင်းကို စစ်တပ်ခေါင်းဆောင်တွေအထိ တိုင်ဖို့အထိ ပြင်နေတာ၊

သူတို့အားလုံးက လူကြီးတွေ ဖြစ်နေကြပြီဖြစ်တာတောင် အခုထိ အခြေတကျ မရှိကြသေးဘူး၊ ငါတို့ ဘယ်လိုလုပ်ပြီး စိတ်အေးလက်အေး နေနိုင်ပါ့မလဲ”

သူက သူ၏ အိမ်ထဲရှိ အသေးအမွှားသော သောကများကို အဆက်မပြတ် ပြောဆိုနေခဲ့လေ၏။

လီရှန်းကလည်း ကြားဖြတ်၍ စကားမပြောဘဲ တိတ်တဆိတ်ဖြင့်သာ နားထောင်နေခဲ့သည်။

နောက်ဆုံးတွင် ကျန်းရှင်းမင်၏ အကြောင်းသိာ့ရောက်လာလေ၏။

“သူကတော့ မိဘအပေါ် သိတတ်ပြီး ရိုးသားဖြောင့်မတ်တဲ့သူပါ၊

မင်းရဲ့အဒေါ်နဲ့ ငါနဲ့က ဒါကိုအဆင်ပြေတယ်လို့တွေးထားတယ်၊

ဒါပေမဲ့ ပြဿနာက သူက အရမ်းကို ရိုးအလွန်းနေတာပဲ၊ အခု မိသားစုတစ်ခုလုံးက အဆောက်အအုံဝင်းတွေ ဝယ်ယူထားကြပြီးပြီလေ၊

ဒါပေမဲ့ သူ့ကိုပဲတစ်ယောက်တည်း ချန်လှစ်ထားခဲ့သလို ဖြစ်နေတော့ ငါလည်း စိတ်မကောင်းဘူး”

အဓိက ပြဿနာမှာ ကျန်းကျူးရိ၏ လက်ထဲတွင် ငွေကြေးအမြောက်အမြား ရှိမနေခြင်းပင်။

သူက သူနှင့် ဒုတိယညီ၏မိသားစုမှ သားများအတွက် အဆောက်အအုံဝင်း နှစ်ခုကို ဝယ်ယူပေးခဲ့ပြီး ဖြစ်သည်။

ကျန်ရှိနေသော ငွေကြေးများဖြင့် တတိယအိမ်ကို မဝယ်ယူနိုင်တော့ပေ။

သူက ယခု လက်ရှိ နေထိုင်နေသော အဆောက်အအုံဝင်းငယ်လေးကိုတော့ ကျန်းချောင်ကို ပေးရန်အတွက် စီစဉ်ထားခဲ့သည်။

သို့မှသာ သူ၏ သားသုံးဦးလုံးတွင် တူညီသော ဧရိယာရှိသည့် ကိုယ်ပိုင် အဆောက်အအုံဝင်းတစ်ခုစီ ရှိကြမည်ဖြစ်သည်။

ထို့ကြောင့် တစ်ဦးက တခြားတစ်ဦးအပေါ် နှိပ်စက်ညှဉ်းပန်းသည်ဟူသော ကိစ္စမျိုး ရှိလာလိမ့်မည် မဟုတ်ပေ။

သို့သော် ကျန်းချောင်၏ အဆောက်အအုံဝင်းက သူတို့ ဝယ်ယူထားသော နေရာနှင့် အနည်းငယ် ကွာဝေးလွန်းလေ၏။

“မင်းရဲ့ ဦးလေးအန်းကော်ကလည်း အဆောက်အအုံဝင်းနှစ်ခု ဝယ်ယူခဲ့တာဆိုတော့ သူ့မှာလည်း ငွေကြေး ပိုလျှံတာမျိုး မရှိတော့ဘူး”

ဆိုရလျှင် ယန်အန်းကော်က အတော်လေးပင် ကြွယ်ဝချမ်းသာသူ ဖြစ်သည်။

သို့သော် ပြုပြင်ပြောင်းလဲမှုများနှင့် တံခါးဖွင့်ဝါဒကျင့်သုံးပြီးနောက်တွင် ကျန်းဟုန်မေ့က အသက်အရွယ် ရရှိလာခဲ့လေ၏။

ထို့ကြောင့် အနုပညာအဖွဲ့ထဲ၌ လုပ်ကိုင်စရာ အလုပ်ဟူ၍ မရှိသလောက် ဖြစ်လာခဲ့သည်။

ထိုအချိန်တွင် သူမက ထိုငွေကြေးများကို အသုံးပြုကာ အဝတ်အထည်ဆိုင်တစ်ဆိုင် ဖွင့်လှစ်ခဲ့လေ၏။

သူမ၏ ဒုတိယမြောက်ယောက်မဖြစ်သူ ကွမ်းရှောင်ထင်းကလည်း တောင်ပိုင်းဒေသ အဝတ်အထည်များကို ပြန်လည်ပေးပို့ရန် တာဝန်ယူထားခဲ့သည်။

ထို့နောက် ထိုယောက်မနှစ်ဦးက အမြတ်ငွေများကို အညီအမျှခွဲဝေယူကြလေ၏။

ထို့ကြောင့် ယန်အန်းကော်၏ လက်ထဲတွင် ရှိနေသော ငွေကြေးအများစုက ကုန်ပစ္စည်းဖိုး ငွေကြေးများသာ ဖြစ်ကြ၍ သူ့စိတ်ကြိုက် စည်းမဲ့ကမ်းမဲ့ အသုံးပြု၍ မရနိုင်ပေ။

“မင်းရဲ့ ဒုတိယဦးလေးကတော့ ငွေကြေးရှိပါတယ်၊ ဒါပေမဲ့ မင်းရဲ့ တတိယဦးလေးရဲ့ စရိုက်ကိုလည်း မင်းသိတာပဲ၊ သူက တခြားလူရဲ့ ငွေကြေးကို ဘယ်လိုနည်းနဲ့မှ လက်ခံမယ့်သူ မဟုတ်ဘူး”

All Chapters