← Chapters

အခန်း (၃၈၇-၃၈၈)

Vol. 39 Ch. 387-388

အခန်း (၃၈၇-၃၈၈)

Vol. 39 Ch. 387-388

အခန်း(387)

အစပိုင်းတွင် သူတို့က ပန်းခြံငယ်လေး၏ အခြေအနေများကိုသာ ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

သို့သော် တဖြည်းဖြည်းနှင့် လူများကိုပါ ဓာတ်ပုံရိုက်ကူးလာခဲ့ကြလေ၏။

သူတို့က တစ်ယောက်ကိုတစ်ယောက်အပြမ်အလှန် ရိုက်ကူးပေးခြင်းဖြင့် အချိန်များကို ကုန်လွန်စေခဲ့ကြသည်။

သူတို့၌ ရှိနေသော ဖလင်လိပ်များ ကုန်ဆုံးသွားခဲ့သည့် အချိန်တွင် စုဝေ့ချင်းက ဓာတ်ပုံဆိုင်ဆီသို့ သွားခဲ့ပြီး ဖလင်လိပ် နှစ်လိပ်ကို ထပ်မံ၍ ဝယ်ယူခဲ့ရ၏။

သူတို့၏ ကိုယ်ပိုင် မိသားစုဓာတ်ပုံများကို ရိုက်ကူးပြီးကြသည့်နောက်တွင် သူတို့က နောက်ဆုံး၌ မိသားစုဝင်အားလုံး ပါဝင်သော စုပေါင်းဓာတ်ပုံ တစ်ပုံကိုလည်း ရိုက်ကူးခဲ့ကြလေသည်။

နောက်ဆုံးတွင် ဝူယွီနျန်က လီရှန်းကို ဘေးဘက်သို့ အသာဆွဲခေါ်လိုက်ပြီးနောက် ခပ်တိုးတိုး ကပ်ပြောလိုက်လေသည်

“ရှန်းရှန်း၊ အဘွားနဲ့ မင်းရဲ့ အဘိုးတို့နှစ်ဦးတည်း သီးသန့်ဓာတ်ပုံတစ်ပုံလောက် ရိုက်ကူးပေးပါဦး”

လီရှန်းက ခဏမျှ ဆွံ့အသွားရလေ၏။

ချက်ချင်းပင် သူမ၏ စိတ်နှလုံးထဲ၌ ကြေကွဲဝမ်းနည်းရသော ခံစားချက်ဆိုးတစ်ခုက တိုးပွားလာခဲ့ရပြီး သူမ၏ မျက်ဝန်းများကလည်း အနည်းငယ် နီလာခဲ့ရသည်။

လီရှန်း : “ကောင်းပါပြီ အဘွား”

ဝူယွီနျန်က သူမ၏ လက်လေးကို ညင်သာစွာ ပုတ်လိုက်ကာ နူးညံ့သိမ်မွေ့စွာဖြင့် ပြုံးပြလိုက်သည်။

“ငါတို့နှစ်ယောက်လုံးရဲ့ ဓာတ်ပုံကို တစ်ယောက်ချင်းစီ သီးသန့် ရိုက်ကူးပေးနော်”

“အဘွား၊ ဘာဖြစ်လို့ အဘိုးနဲ့အတူ တွဲပြီးတော့ ဓာတ်ပုံမရိုက်တာလဲ”

လီရှန်း၏ လေသံက အနည်းငယ် တုန်ယင်နေခဲ့ရ၏။

ဝူယွီနျန်က လူတိုင်းနှင့်အတူ ဓာတ်ပုံတွဲ၍ ရိုက်ကူးခဲ့ဖူးလေ၏။ အဆုံးတွင် စုဝေ့မင်နှင့်ပင် ရိုက်ကူးခဲ့ဖူးသည်။ သို့သော် ကျန်းရူတုန်နှင့် အတူတွဲ၍ မရိုက်ကူးခဲ့ဖူးခဲ့ပေ။

သူမက ထိုကိစ္စနှင့်ပတ်သက်၍ အနည်းငယ် မကောင်းဖြစ်မိသည်။

ဝူယွီနျန်က ချက်ချင်းပင် ခေါင်းကို ပြင်းထန်စွာ ခါယမ်းကာငြင်းပယ်လိုက်လေ၏။

“မဖြစ်ဘူး၊ မဖြစ်ဘူး”

သူမနှင့် ကျန်းရူတုန်တို့က ဘဝ၏ နောက်ပိုင်းအချိန်တွင်သာ အိမ်ထောင်ပြုခဲ့ကြခြင်း ဖြစ်လေ၏။

သူတို့က လွန်ခဲ့သောဆယ်စုနှစ်များစွာအတွင်း တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဖေးမကူညီခဲ့ကြသည်။

သို့သော် တကယ်တမ်းတွင် သူတို့ကလက်တွဲဖော်များအဖြစ်မဟုတ်ဘဲ အချင်းချင်းအဖော်ပြုပေးသူများအဖြစ်သာ အတူနေထိုင်ခဲ့ကြခြင်း ဖြစ်လေ၏။

သူတို့ကြားတွင် သံယောဇဉ်တည်ရှိသော်လည်း ဇနီးမောင်နှံအဖြစ် ပေါင်းစပ်မှုမျိုးတော့ ရှိမနေခဲ့ပေ။

အစမှအဆုံးထိ ဝူယွီနျဥ်က ကျန်းရူတုန်ကို သူမ၏ အစ်မအရင်း၏ ခင်ပွန်းတစ်ဦးအဖြစ်သာ သတ်မှတ်ထားခဲ့၏။

“ငါ့ကိုတော့ အရှေ့တည့်တည့်ကနေပဲ ဓာတ်ပုံရိုက်ပေးပါ”

ဝူယွီနျန်၏ အပြုံးက အလွန်ပင် ပွင့်လင်းလွန်းသော်လည်း လီရှန်းကို စိတ်မကောင်း ဖြစ်စေခဲ့၏။

“နောက်ပိုင်းကျရင် အဲဒီဓာတ်ပုံကို ဟုန်မေ့ဆီကို ပေးလိုက်ပါဦး၊ ဒီကလေးတွေအားလုံးထဲမှာ အဘွားက ဟုန်မေ့ကို အချစ်ဆုံးပဲ”

သူမ၏ ဘက်လိုက်မှုသည်လည်း အလွန် ပွင့်လင်းပြီးရိုးသားလွန်းသည်။

“ကောင်းပါပြီ”

လီရှန်းက နှာခေါင်းကို အသာသုတ်လိုက်ပြီးနောက် ဝူယွီနျန်ကို ယန်အန်းကော် ဝယ်ယူထားသော အဆောက်အအုံဝင်း နှစ်ခု၏ တံခါးဝဆီသို့ ခေါ်ဆောင်သွားခဲ့လေ၏။

သူမက အဘွားအိုကို ထိုင်နိုင်ရန်အတွက် ခုံတန်းလျားငယ်တစ်ခုကို ယူဆောင်ပေးခဲ့လေသည်။

ထို့နောက် သူမ၏ တောက်ပစွာ ပြုံးနေသော အသွင်အပြင်ကို ဓာတ်ပုံရိုက်ကူးပေးလိုက်လေ၏။

ကျန်းရူတုန်သည်လည်း လီရှန်း၏ ဓာတ်ပုံရိုက်ကူးခြင်းကို လက်ခံခဲ့လေ၏။

အငယ်ဆုံးသမီးအတွက် စိုးရိမ်ပူပန်နေခဲ့သော ဝူယွီနျန်နှင့် မတူညီဘဲ ကျန်းရူတုန်၏ ဘဝတစ်လျှောက်လုံး စိုးရိမ်ပူပန်ခဲ့ရသော အရာမှာ အသက်ငယ်ရွယ်စွာဖြင့် သေဆုံးသွားခဲ့ရှာသော သူ၏ သမီးကြီး ကျန်းဟုန်ကျန့်သာ ဖြစ်ခဲ့၏။

သူတို့၏ အပြုံးများကို ဓာတ်ပုံများထက်တွင် အောင်မြင်စွာ မှတ်တမ်းတင်နိုင်ခဲ့သည်။

ဖလင်လိပ်များကို ဓာတ်ပုံချပ်များအဖြစ် ပြောင်းလဲရန်အတွက် အချိန်အနည်းငယ်မျှသာ လိုအပ်လသည်။

သို့သော် ဓာတ်ပုံဆိုင်ပိုင်ရှင်အား ဓာတ်ပုံများစွာကို ကူးခိုင်းရခြင်း ဖြစ်သောကြောင့် တစ်လတိတိ ကြာမြင့်သွားခဲ့ရ၏။

ဓာတ်ပုံရိုက်ကူးခဲ့ကြသည့် အချိန်တုန်းက လူတိုင်း၏ မျက်နှာထက်တွင် အပြုံးများဖြင့် ပြည့်နှက်နေခဲ့ကြသည်။

သို့သော် ထိုဓာတ်ပုံချပ်များက အိမ်သို့ ရောက်ရှိလာသည့် အချိန်တွင် ဝူယွီနျန်မှာ နံရံထက်တွင် ချိတ်ဆွဲထားသော ဓာတ်ပုံသာကျန်ရစ်သူအဖြစ်သို့ ပြောင်းလဲသွားခဲ့ရလေ၏။

စုဝေ့ချင်းတို့ ပေကျင်းမြို့သို့ ပြန်ရောက်ပြီး တစ်လပင်မပြည့်သေးမီ အချိန်မှာပင် ဝူယွီနျန်က မည်သည့်ရောဂါဝေဒနာမျှမရှိဘဲ ငြိမ်းချမ်းစွာဖြင့် ဆုံးပါးသွားခဲ့ပြီဖြစ်ကြောင်းကို ဖုန်းခေါ်ဆိုမှုတစ်ဆင့် ကြားခဲ့ရ၏။

ဟုတ်ပေ၏။

သူမက မည်သည့်ရောဂါမျှမရှိဘဲ ငြိမ်းချမ်းစွာဖြင့်သာ ဘဝတစ်ပါးသို့ ကူးပြောင်းသွားခဲ့ရခြင်းပင်။

ဆိုရလျှင် ဝူယွီနျန်အနေဖြင့် မသေဆုံးခင်ညက ကျန်းဟုန်မေ့နှင့်အတူ ဝက်သစ်ချစေ့ဆန်ပြုတ်ကိုပင် သောက်သုံးခဲ့လေသည်။

ထို့နောက် ညဉ့်နက်ပိုင်းအချိန်တွင် ငြိမ်းချမ်းစွာဖြင့်ပင် သေဆုံးသွားခဲ့၏။

ကျန်းရူတုန်နှင့် ဝူယွီနျန်တို့က အိပ်ရာခွဲ၍ အိပ်စက်လေ့ရှိကြသည်။

ထို့ကြောင့် နောက်တစ်နေ့ မနက်ခင်းသို့ ရောက်ရှိသည့်အချိန်မှသာ သူမ သေဆုံးသွားခဲ့ပြီဖြစ်ကြောင်းကို သိရှိသွားရလေ၏။

ထိုအချိန်တွင် သူမ၏ ရုပ်အလောင်းက တောင့်တင်းနေခဲ့လေပြီ။

ကျန်းရူတုန်က အကူအညီတောင်းရန်အတွက် အပြင်သို့ အလျင်အမြန် ပြေးထွက်ခဲ့လေသည်။

သို့သော် အပြင်မှခြေသံများကို ကြားလိုက်ရသည့် အခိုက်အတန့်တွင်တော့ သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘဲ ရင်ဘတ်ကိုဖိလျက် လဲပြိုကျသွားခဲ့ရတော့၏။

ထိုသတင်းဆိုးကို ကြားသိရသည့် အခိုက်အတန့်တွင် ထိုဇနီးမောင်နှံနှစ်ဦးက ပေကျင်းမြို့မှနေ၍ အိမ်သို့ အပြေးအလွှား ပြန်လာခဲ့ကြရ၏။

စုရှောင်လော်ကတော့ သုတေသနပရောဂျက်အဖွဲ့ထဲသို့ ပြန်ဝင်ရောက်သွားခဲ့ပြီဖြစ်သောကြောင့် လက်တလောတွင် ပြန်လာနိုင်ခြင်း မရှိပေ။

ဇနီးမောင်နှံနှစ်ဦးက ညဉ့်နက်ပိုင်းအချိန်တွင် အိမ်သို့ ပြန်

ရောက်ရှိလာခဲ့ကြလေ၏။

သူတို့ ပြန်ရောက်သည့်အချိန် သူတို့၏ ခရီးဆောင်အိတ်များကိုပင် ချန်လှစ်ထားခဲ့ရန် အချိန်မရဘဲ ဆေးရုံသို့ ပြေးဝင်ခဲ့ကြရသည်။

ယခုအချိန်တွင် ကျန်းရူတုန်က မည်သူ့ကိုမှ သေသေချာချာ မမှတ်မိနိုင်တော့ပေ။

သူ၏ နှာခေါင်းတွင် အသက်ရှူစက်ကို တပ်ဆင်ထားရပြီး ရင်ဘတ်ကလည်း အနည်းငယ်မျှသာ နိမ့်ချည်မြင့်ချည် လှုပ်ရှားနေခဲ့၏။

သူ၏ မျက်ဝန်းများကလည်း တစ်စုံတစ်ဦးကို ရှာဖွေနေသကဲ့သို့ ပတ်ဝန်းကျင်သို့ လှည့်ပတ်ကြည့်ရှုနေခဲ့လေ၏။

လီရှန်းအနေဖြင့် ထိုမြင်ကွင်းကို မြင်လျှင် မျက်ရည်များက သူမ၏ မျက်နှာထက်သို့ အဆက်မပြတ် စီးဆင်းလာခဲ့ရလေသည်။

ယခင်ဘဝတုန်းက သူမအနေဖြင့် အဘိုးဖြစ်သူ၏ နောက်ဆုံးအချိန်ကို မြင်တွေ့ခွင့် မရရှိခဲ့ပေ။

သူမက ပင်းပြည်နယ်မှနေ ဝိညာဉ်လွင့်မျော၍ပြန်ရောက်လာခဲ့သည့် အချိန်တွင် အဘိုးဖြစ်သူ၏ နာရေးပွဲကိုသာ မြင်တွေ့ခဲ့ရသည်။

ထို့ကြောင့် သူမအနေဖြင့် အဘိုးဖြစ်သူ မသေဆုံးမီက မည်သို့သော အခြေအနေမျိုး ရှိနေခဲ့သည်ကို လုံးဝ မသိရှိခဲ့ရပေ။

“ရှန်းရှန်း.. ပြန်လာပြီလား”

ကျန်းရူတုန်ကို ပြုစုစောင့်ရှောက်ပေးနေသူက ချန်ဖန်းဖြစ်လေ၏။

ဝူယွီနျန်က ကျန်းဟုန်မေ့ကို ငယ်စဉ်ကတည်းက ပြုစုပျိုးထောင်ပေးခဲ့သည်။

ကျန်းဟုန်မေ့၏ စိတ်နှလုံးထဲတွင် ဝူယွီနျန်မှာ သူမ၏ မိခင်အရင်းတစ်ဦးကဲ့သို့ပင် ဖြစ်လေ၏။

ယခုအချိန်တွင် ဝူယွီနျန်က ကွယ်လွန်သွားခဲ့ပြီဖြစ်၍ ကျန်းဟုန်မေ့အနေဖြင့် နာရေးကိစ္စရပ်များအတွက် သေချာပေါက် အလုပ်ရှုပ်နေပေလိမ့်မည်။

ဖန်ချင်းကလည်း မိသားစုထဲရှိ အကြီးဆုံးချွေးမဖြစ်သည့်အတွက် ကိစ္စရပ်များကို စီမံခန့်ခွဲရန်အတွက် အိမ်၌ ကျန်ရှိနေခဲ့ရလေ၏။

ကွမ်းရှောင်ထင်းမှာတော့ ချုံကျိုးကျွန်းသို့ ပြန်ရောက်ရှိခါစဖြစ်ပြီး အခြေပင် မချရသေးမီ အချိန်၌ ဤသတင်းဆိုးကို ကြားသိခဲ့ရသည်။

ထို့ကြောင့် သူမက ရထားလက်မှတ်ကိုသာ အလျင်အမြန် ဝယ်ယူခဲ့ရသေးကာ ရထားပေါ်သို့ပင် မတက်ရသေးပေ။

ချန်ဖန်း၏ မျက်ဝန်းများကလည်း ငိုကြွေးထားခဲ့သကဲ့သို့ နီရဲနေခဲ့လေ၏။

သူမ ဤမိသားစုထဲသို့ လက်ထပ်ဝင်ရောက်လာခဲ့သည့် အချိန်မှစ၍ ယောက္ခမနှစ်ယောက်လုံးက သူမအပေါ် မည်သည့်အချိန်တွင်အှ အပြစ်တင်ပြောဆိုခဲ့ခြင်း မရှိခဲ့ကြပေ။

သူမက သူမ၏ မိဘအိမ်ဘက်သို့ ကူညီပံ့ပိုးပေးသမျှကိုလည်း တိတ်တဆိတ်ဖြင့်သာ ခွင့်ပြုပေးခဲ့ကြသည်။

ကလေးများက အဘိုးနှင့်အဘွားထံသို့ လာရောက်လည်ပတ်သည့် အချိန်တိုင်းတွင်လည်း ကောင်းမွန်သော အစားအသောက်များဖြင့် အမြဲတစေပြုစုပေးခဲ့ကြလေသည်။

လူဟူသည်မှာ သွေးနှင့်သားနှင့် တည်ဆောက်ထားခြင်းဖြစ်ပေ၏။

သူမက ချွေးမတစ်ဦး ဖြစ်သော်လည်း ယောက္ခမများ၏ ကောင်းမွန်သော စိတ်သဘောထားများကို သိတတ်နားလည်နိုင်သည်။

ရုတ်တရက် ဝမ်ယွီနျန်က ကွယ်လွန်သွားခဲ့ပြီး ကျန်းရူတုန်ကလည်း ပြင်းထန်စွာ နာမကျန်းဖြစ်လာခဲ့ရကာ ခင်ပွန်းဖြစ်သူ၏ ကြေကွဲဝမ်းနည်းနေသော အမူအရာကို မြင်တွေ့ရသည့်အချိန်တွင် သူမကိုယ်တိုင်လည်း အကြိမ်ပေါင်းများစွာ ငိုကြွေးခဲ့ရလေသည်။

“ဟုန်ကျန့်”

ရုတ်တရက် ကျန်းရူတုန်က ရေရွက်လိုက်သည်။

သူ လှမ်းကြည့်ရှုနေသော နေရာမှာတော့ လီရှန်းရှိနေသည့်နေရာသာ ဖြစ်နေခဲ့လေ၏။

လီရှန်းက သူ၏ အနားသို့ အလျင်အမြန် တိုးကပ်သွားခဲ့ပြီးနောက် သူ၏ လက်ကိုတင်းကျပ်စွာ ဆွဲကိုင်လိုက်လေ၏။

ကျန်းရူတုန်က မျက်ရည်များဖြင့် ပြောလိုက်လေသည်။

“ဟုန်ကျန့်၊ အဖေ တောင်းပန်ပါတယ်၊ အဖေက မျက်စိကန်းခဲ့မိတာ”

သူက နောက်ဆုံးအချိန်အထိပင် လီဟုန်ကျွင့်အပေါ်ပြုလုပ်ခဲ့သော ကိစ္စများအပေါ် နောင်တရနေခဲ့မိသည်။ သူ လီဟုန်ကျွင့်ထံသို့ သမီးဖြစ်သူကို မအပ်နှံခဲ့သင့်ပေ။

အကယ်၍ အဘွားအိုလီကသာ ကျန်းဟုန်ကျန့်မှ သမီးမိန်းကလေး မွေးဖွားခဲ့သည်ဟူသော အချက်အပေါ် မကျေမနပ်ဖြစ်ပြီး နှိပ်စက်ညှဉ်းပန်းခြင်း မပြုခဲ့ပါက ကျန်းဟုန်ကျန့်က လီဟုန်ကျွင့်နှင့် ရန်ဖြစ်ရလိမ့်မည် မဟုတ်ပါချေ။

အကယ်၍ သူတို့ ရန်မဖြစ်ခဲ့ကြပါက သူမက ညဉ့်နက်ပိုင်းအချိန်တွင် အပြင်သို့ လမ်းလျှောက်ထွက်သွားလိမ့်မည် မဟုတ်ပေ။

ထိုသို့ဆိုပါက စက်ရုံထဲတွင် မီးလောင်ကျွမ်းနေသည်ကိုလည်း မြင်တွေ့ရလိမ့်မည် မဟုတ်ပေ။

*

အခန်း(388)

လီရှန်းတစ်ယောက် သူမကိုယ်သူမ မထိန်းချုပ်နိုင်တော့ဘဲ ပြင်းထန်စွာ ငိုကြွေးလေတော့၏။

သူမက ခေါင်းကို ခါယမ်းလိုက်ရင်း ပြောလိုက်လေသည်။

“အဘိုး.. ကျွန်မ ရှန်းရှန်းပါ”

“ရှန်းရှန်း”

ကျန်းရူတုန်က ပို၍ စိတ်လှုပ်ရှားလာခဲ့ရသော်လည်း မည်သည့်စကားကိုမှ ထုတ်ဖော်မပြောနိုင်တော့ပေ။

သူက သူ၏ မြေးမလေးကို တောင်းပန်စကားပြောချင်ခဲ့သည်။

သူ့အနေဖြင်် ယခင်က လီရှန်းနှင့် ရင်ဆိုင်ရန် ခက်ခဲနေခဲ့ရသည်။

ထို့ကြောင့် သူမအပေါ် အေးစက်စွာ ဆက်ဆံခဲ့မိလေ၏။

ထို့အတွက်ကြောင်းသာ သူမကို ကြောက်ရွံ့တတ်ပြီး အားငယ်တတ်သော ကလေးတစ်ယောက် ဖြစ်သွားစေခဲ့သည်မဟုတ်ပါလား။

လီရှန်းက အဘယ်ကြောင့် ရုတ်တရက် ဥာဏ်ရည်ထက်မြက်သွားခဲ့သည်ကို သူက မသိရှိခဲ့သော်လည်း သူမအနေဖြင့်လည်း သူ့ကြောင့် ထိခိုက်နာကျင်ခဲ့ရသည်။

လွန်ခဲ့သော နှစ်များစွာအတွင်း ကျန်းရူတုန်က ထိုနေ့ရက်များကို ပြန်တွေးတောမိတိုင်း စိတ်ထဲ၌ နောင်တတရားများ ဖြစ်ပေါ်နေခဲ့ရ၏။

“အဘိုး”

ကျန်းရူတုန်က ပါးစပ်ကို ဟနေခဲ့သော်လည်း မည်သည့်စကားမျှ ထုတ်ဖော်မပြောနိုင်တော့သည်ကို မြင်တွေ့လိုက်ရသည့်အတွက် လီရှန်းကို တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်းကို သိရှိသွားရလေသည်။

သူမက သူ့ကို့ အလျင်အမြန်ပင် အရေးပေါ် အသက်ကယ်ဆယ်ရန်အတွက် ကြိုးစားခဲ့လေ၏။

သို့သော် ကျန်းရူတုန်၏ ခန္ဓာကိုယ်ထဲရှိ အင်္ဂါအစိတ်အပိုင်းများက ပျက်စီးနေခဲ့လေပြီ။

သူက နောက်ဆုံးတွင် ရှန်းရှန်း ဟူသော စကားလုံးကိုသာ ညည်းတွားရင်း သူ၏ နောက်ဆုံးထွက်သက်ကို ရှူရှိုက်သွားခဲ့လေတော့၏။

ရက်အနည်းငယ်မျှသော အချိန်တိုအတွင်းမှာပင် ထိုဇနီးမောင်နှံနှစ်ဦးလုံးက တစ်ဦးပြီးတစ်ဦး ကွယ်လွန်သွားခဲ့ကြလေသည်။

ကျန်းဟုန်မေ့က ဝူယွီနျန်၏ အရိုးပြာအိုးကို တင်းကျပ်စွာ ပိုက်ထွေးထားခဲ့ပြီး မည်သူ့ကိုမျှ လွှဲပြောင်းပေးအပ်ခြင်း မပြုခဲ့ပေ။

သူမက အလွန်ပင် နွမ်းနယ်ချည့်နဲ့နေခဲ့ကာ မည်သည့်အချိန်တွင်မဆို မေ့လဲသွားနိုင်သကဲ့သို့ ဖြစ်နေခဲ့လေ၏။

သူမက သူမတွင် ရှိသမျှသော မျက်ရည်အားလုံး ခမ်းခြောက်သွားသည်အထိငိုကြွေးခဲ့လေသည်။

မြေမြှုပ်သင်္ဂြိုဟ်မည့် အချိန်သို့ ရောက်ရှိလာသည့် အချိန်တွင် လူတိုင်းက ဆုံးဖြတ်ချက်ချရန်အတွက် အခက်တွေ့ခဲ့ကြရလေ၏။

ကျိုးကြောင်းဆီလျော်မှုအရဆိုလျှင် ကျန်းရူတုန်ကို သူ၏ ပထမဦးဆုံးသော ဇနီးနှင့်အတူ တွဲဖက်၍ မြေမြှုပ်သင်္ဂြိုဟ်ရပေလိမ့်မည်။

သားသမီးများ ဖြစ်ကြသည့်အနေဖြင့် သူတို့ကလည်း မိဘနှစ်ဦးလုံးက နောင်တမလွန်ဘဝတွင် အတူ ရှိနေကြရန်အတွက် မျှော်လင့်ကြလေ၏။

သို့သော် ပြဿနာမှာ သူတို့၏ မိထွေးဖြစ်သူ ဝူယွီနျန်က သူတို့အပေါ်၌ အလွန် ကောင်းမွန်လွန်းခဲ့သည်။

သူမက သူတို့အပေါ်တွင်သာမက သူတို့၏ သားသမီးများအပေါ်တွင်လည်း အလွန်ကောင်းမွန်ခဲ့၏။

နောက်ပိုင်းမျိုးဆက် လူငယ်များဆိုလျှင် အဖြစ်မှန်ကို မသိရှိကြသောကြောင့် ဝူယွီနျန်ကို သူတို့၏ အဘွားအရင်းဟူ၍သာ ထင်မြင်နေခဲ့ကြသည်။

ထို့အပြင် ကျန်းဟုန်မေ့ကိုလည်း ဝူယွီနျန်က မိခင်အရင်းတစ်ဦးကဲ့သို့ပင် ပြုစုစောင့်ရှောက်ခဲ့သည် မဟုတ်ပါလား။

နောက်ဆုံးတွင် ကျန်းဟုန်မေ့က ပြောလာခဲ့သည်။

“အဖေ့ကို အဒေါ်ဝူနဲ့အတူ တွဲပြီးတော့ မြေမမြှုပ်ပါနဲ့၊ သူတို့ကြားမှာ အဲဒီလောက်အထိ ရင်းနှီးမှုမရှိခဲ့ကြဘူး”

ကျန်းဟုန်မေ့က သူ၏ မိခင်အရင်း၏ အုတ်ဂူအရှေ့တွင် ဒူးထောက်လိုက်ကာ အရိုးပြာအိုးကို ရင်ခွင်ထဲ၌ ပိုက်ထွေးထားခဲ့သည်။

“အဒေါ်ဝူကို ကျွန်မတို့ရဲ့ အမေနဲ့အတူပဲ မြေမြှုပ်ပေးလိုက်ကြရအောင်၊

သူမ ကျွန်မတို့အပေါ် ဒီလောက်တောင် ကောင်းခဲ့တယ်ဆိုတာက အဲဒီတုန်းက ကျွန်မတို့ရဲ့အမေက သူမအပေါ် ပြသခဲ့တဲ့ ကောင်းမွန်တဲ့ စိတ်သဘောထားတွေကြောင့်ပဲ”

ကျန်းရူတုန်နှင့် ပတ်သက်လျှင်တော့

“အနားမှာပဲ အုတ်ဂူအသစ်တစ်ခု ဝယ်ယူလိုက်ကြတာပေါ့”

ရလဒ်အနေဖြင့် ကျန်းရူတုန်က အလွန်ပင် သနားစရာကောင်းလွန်းသော ပုံစံမျိုးဖြင့် တစ်ဦးတည်း သီးသန့်မြေမြှုပ်သင်္ဂြိုဟ်ခြင်း ခံခဲ့ရလေသည်။

သူ၏ ဇနီးနှစ်ဦးကတော့ အုတ်ဂူတစ်ခုတည်းထဲတွင် အတူတည်ရှိနေခဲ့ကြသည်။

လီရှန်းက ထိုအုတ်ဂူတန်းများကို ကြည့်ရှုရင်း မျက်ရည်များကို အသာသုတ်လိုက်လေသည်။

သူတို့ကို အတူ တွဲဖက်၍ မြေမမြှုပ်ခြင်းက ပိုမိုကောင်းမွန်ပေသည်။

မည်သို့ပင်ဖြစ်စေ သူတို့က အိမ်နီးနားချင်းများ ဖြစ်နေကြဆဲပင်မဟုတ်ပါလား။

ဇနီးမောင်နှံနှစ်ဦး၏ နာရေးကိစ္စရပ်များ ပြီးဆုံးသွားခဲ့ပြီးနောက် မောင်နှမများက တုန်ယွမ်ရှိ အဆောက်အအုံဝင်းကို မည်သို့ ခွဲဝေကြမည်နည်းဟူသော အကြောင်းကို ဆွေးနွေးခဲ့ကြ၏။

ချန်ဖန်း စိတ်လှုပ်ရှားသွားခဲ့ရလေသည်။

မည်သို့ပင်ဖြစ်စေ သူမ၌ သားယောက်ျားလေးနှစ်ဦး ရှိနေခဲ့ပြီး လက်ထဲတွင် ငွေကြေးအပြည့်အစုံရှိမနေခဲ့ပေ။

သူမက ရှုမိသားစု၏ အိမ်ရာဝင်းထဲရှိ အဆောက်အအုံဝင်းကို ဝယ်ယူရန်လည်း အကြွေးများရှိနေခဲ့သည်မဟုတ်ပါလား။

အကယ်၍ သူမသာ တုန်ယွမ်ရှိ အဆောက်အအုံဝင်းကို ရရှိခဲ့ပါက ထိုအိမ်ရာဝင်းထဲရှိ အဆောက်အအုံဝင်းကို ပြန်လည်အပ်နှံလိုက်ပြီး ဤတစ်ခုကိုသာ သိမ်းဆည်းထားနိုင်ပေလိမ့်မည်။

သူမက ကျန်းရှင်းမင်၏ အနောက်တွင် မတ်တတ်ရပ်နေခဲ့ပြီး သူမ၏ လက်ညှိုးများဖြင့် သူ၏ နောက်ကျောကို အဆက်မပြတ် ဆိတ်ဆွဲနေခဲ့လေသည်။

သူမက ခင်ပွန်းသည်၏ နှုတ်မှ သနားစရာကောင်းသော စကားလုံးများကို ထုတ်ဖော်ပြောဆိုလာစေရန် မျှော်လင့်နေခဲ့မိလေ၏။

ယခုကဲ့သို့သော အချိန်မျိုးတွင် သိက္ခာကို ထိန်းသိမ်းနေ၍ အကျိုးမရှိပေ။ အကျိုးအမြတ်များကသာ အရေးကြီးဆုံး ဖြစ်လေ၏။

သို့သော် သူမက ကျန်းရှင်းမင်၏ အနောက်တွင် ရပ်နေခဲ့ခြင်း ဖြစ်လေသည်။

ထို့ကြောင့် ကျန်းရှင်းမင်၏ တဖြည်းဖြည်းနှင့် ပိုမိုဆိုးဝါးလာနေခဲ့သော မျက်နှာအမူအရာကို လုံးဝ မြင်တွေ့ရခြင်း မရှိခဲ့ပေ။

မိသားစုဝင်တိုင်းက ထိုင်လိုက်ကြလေ၏။

ကျန်းဟုန်မေ့က မကြာသေးမီ ရက်များအတွင်း အလွန်ငိုကြွေးထားခဲ့ရသောကြောင့် ယခုနာရေးမှ ပြန်ရောက်လာသည့် အချိန်တွင် မတ်မတ်ထိုင်နေနိုင်ရန်ပင် အားအင် မရှိသလောက် ဖြစ်နေခဲ့လေ၏။

သူမက ယန်အန်းကော်၏ ဖေးမကူညီမှုဖြင့်သာ ထိုင်နိုင်ခဲ့သည်။

သူမ၏ လေသံက အလွန်ပင် ချည့်နဲ့နေခဲ့သော်လည်း သူမကပင် ပထမဦးဆုံး စတင်ပြောဆိုလိုက်လေ၏။

“ကျွန်မကတော့ အဖေ့ရဲ့ အိမ်ကို မလိုချင်ဘူး၊ အဒေါ်ဝူရဲ့ အိမ်လေးကိုပဲ ကျွန်မကို ပေးပါ”

ကျန်းရူတုန်နှင့် လက်မထပ်မီအချိန်ကတည်းက ဝူယွီနျန်က သူမကိုယ်ပိုင် ငွေကြေးများကို စုဆောင်း၍ အိမ်လေးတစ်လုံးကို ဝယ်ယူထားခဲ့လေသည်။

သူမက တည်ငြိမ်အေးချမ်းသော ဘဝတစ်ခုဖြင့် ရှင်သန်ရန် ရည်ရွယ်ထားခဲ့ခြင်း ဖြစ်လေ၏။

သို့သော် ကိစ္စများက မျှော်လင့်ထားသည့်အတိုင်း ဖြစ်မလာခဲ့ပေ။ ကျန်းရူတုန်၏ ဇနီးဖြစ်သူမှာ မီးဖွားချိန်မှတွင် ကွယ်လွန်သွားခဲ့ရပြီး မွေးကင်းစ ကလေးငယ်တစ်ဦးကို ချန်ထားခဲ့လေ၏။

ထိုအချိန်က ကျန်းဟုန်ကျန့်ကလည်း မိန်းမပျိုလေးတစ်ဦးမျှသာ ရှိသေးသောကြောင့် ဤမျှအထိ ငယ်ရွယ်လွန်းသော ကလေးငယ်တစ်ယောက်ကို ပြုစုစောင့်ရှောက်နိုင်ခြင်းမရှိခဲ့ပေ။

ထို့ကြောင့် ကျန်းရူတုန်၏ ဇနီး ကွယ်လွန်ပြီးနောက် မကြာမီ အချိန်အတွင်းမှာပင် စက်ရုံ၏ အမျိုးသမီးသမဂ္ဂမှ ကျန်းရူတုန်လက်မခံနိုင်ခဲ့သော်လည်း သင့်တော်မည့် အိမ်ထောင်ဖက်များနှင့် ဆုံတွေ့နိုင်ရန်အတွက် စီစဉ်ပေးခဲ့ကြ

လေ၏။

မည်သို့ပင်ဖြစ်စေ ဤကလေးငယ်များကို ပြုစုစောင့်ရှောက်ရသောကြောင့် ကျန်းရူတုန်အနေဖြင့် အလုပ်အပေါ်၌ အာရုံစိုက်နိုင်စွမ်းက သိသာစွာပင် လျော့ပါးနေခဲ့လေသည်။

ထိုကဲ့သို့သော အခြေအနေမျိုးကြောင့်ပင် ဝူယွီနျန်က သူမကိုယ်တိုင်ဘက်မှစတင်ကာ ကျန်းရူတုန်ကို လာရောက်ရှာဖွေခဲ့ပြီး သူ့ကို လက်ထပ်ရန်အတွက် ကမ်းလှမ်းပြောဆိုခဲ့သည်။

သူမက ကျန်းရူတုန်ကို သူမ၏ တရားဝင်ခင်ပွန်းအဖြစ် သတ်မှတ်ရန် မျှော်လင့်ခဲ့ခြင်း မဟုတ်ပေ။

သူမက တခြားသောအမျိုးသမီးတစ်ဦးမှ သူမ၏ အစ်မနေရာသို့ အစားထိုးဝင်ရောက်လာခဲ့ပြီး အစ်မဖြစ်သူ၏ သားသမီးများကို နှိပ်စက်ညှဉ်းပန်းမည်ကို အလိုမရှိခဲ့ခြင်းမျှသာ ဖြစ်၏။

လူတိုင်းတွင် ကိုယ်ပိုင်အတ္တဆန္ဒဟူ၍ ရှိကြပြီး ဝူယွီနျန်ကလည်း ကင်းလွတ်ခြင်း မရှိခဲ့ပေ။

သူမအနေဖြင့် ကျန်းရူတုန်၏ သံယောဇဉ်အချစ်များက နှစ်ကာလမည်မျှအထိ ကြာရှည်ခံမည်ကို မသိနိုင်ပေ။

အကယ်၍ ကလေးများ၌ မိထွေးအသစ် ရရှိလာခဲ့ပြီးနောက်တွင် ပထွေးအသစ်ပါ ထပ်မံ၍ ရရှိလာပါက မည်သို့ဖြစ်လာမည်နည်း။

လွန်ခဲ့သော နှစ်များစွာအတွင်း သူမက ကလေးများကို သေသေချာချာ ပြုစုစောင့်ရှောက်ပေးခဲ့သည်။

ထိုမျှသာမက ကျန်းရူတုန်၏ အရှေ့တွင်လည်း သူမ၏ အစ်မအကြောင်းကို အမြဲတစေထုတ်ဖော်ပြောဆိုလေ့ ရှိ၏။

သူမက ကျန်းရူတုန်ဘက်မှ သူမ၏ အစ်မကို မေ့လျော့သွားမည်ကို လုံးဝ ခွင့်မပြုခဲ့ပေ။

ကျန်းရူတုန်က သံယောဇဉ်ကြီးမားသူ ဖြစ်ခဲ့ပြီး သူ၏ ဘဝတစ်လျှောက်လုံးတွင် ဤသံယောဇဉ်ကိုသာ စွဲမြဲထားရမည်။

ကျန်းရူတုန်သလည်း သူ၏ လက်ကျန်ဘဝတစ်ခုလုံးတွင် ကွယ်လွန်သွားခဲ့ရှာသော ဇနီးဟောင်းကိုသာလွမ်းဆွတ်စွာဖြင့် ကုန်ဆုံးခဲ့သည်။

တခြားလူများက ဝူယွီနျန်၏ ဤကဲ့သို့သော အစီအစဥ်များကို မသိရှိကြသော်လည်း ကျန်းဟုန်မေ့က အရာအားလုံးကို သေသေချာချာ မြင်တွေ့သိရှိနေခဲ့ရ၏။

“ဒါပေါ့”

ကျန်းဟုန်မေ့၏ တောင်းဆိုချက်က အလွန်ပင် ကျိုးကြောင်းဆီလျော်လွန်း၏။

ဝူယွီနျန်က ကျန်းဟုန်မေ့ကို အနှစ်သက်ဆုံး ဖြစ်ကြောင်းကို လူတိုင်းက သိရှိကြလေသည်။

သူမကိုယ်တိုင်သာ ပစ္စည်းများကို လာရောက်ခွဲဝေပေးမည်ဆိုပါကလည်း ကျန်းဟုန်မေ့ကိုသာ ပေးအပ်ပေလိမ့်မည်။

ဝူယွီနျန်၏ အိမ်လေးကို မည်သည့်ငြင်းခုံမှုမျှမရှိဘဲ ကျန်းဟုန်မေ့ကို ပေးအပ်လိုက်ကြလေသည်။

ပြဿနာရှိနေသော အပိုင်းက ကျန်းရူတုန်၏ အဆောက်အအုံဝင်းဖြစ်လေ၏။

ကျန်းဟုန်မေ့က သူမ၏ အခွင့်အရေးကို စွန့်လွှတ်လိုက်ပြီးနောက်တွင် လီရှန်းကလည်း အလျင်အမြန်ပင်ကြားဖြတ်၍ ပြောလိုက်လေသည်။

“ကျွန်မတို့လည်း အလိုမရှိပါဘူး”

မည်သို့ပင်ဖြစ်စေ ထိုအိမ်ရာက ကျန်းမိသားစု၏ ပိုင်ဆိုင်မှုဖြစ်၍ သူမနှင့် သက်ဆိုင်ခြင်း သိပ်မရှိပေ။

သို့သော် သူမ၏ သာမန်ကာလျှံကာ ငြင်းပယ်လိုက်သော စကားလုံးများကြောင့် ကျန်းဟုန်မေ့က နောက်တစ်ကြိမ် ထပ်မံ၍ စကားထုတ်ပြောလာလိမ့်မည်ဟူ၍ ထင်မှတ်မထားခဲ့မိပေ။

ကျန်းဟုန်မေ့က ပြောလိုက်လေသည်။

“တကယ်တော့.. ကျွန်မရဲ့စိတ်ထဲမှာ ဒီအိမ်ကို ရှန်းရှန်းကိုပဲ ပေးချင်နေတာ၊

အဖေက ဘဝတစ်လျှောက်လုံး အစ်မအပေါ် အကြွေးတင်နေခဲ့တယ်လို့ အမြဲ ခံစားနေခဲ့ရတယ်မလား

အခုတော့ ရှန်းရှန်းလည်း အိမ်ထောင်ကျလို့ ကလေးလည်း ရနေပြီ၊

ဒီလောက်တောင် ကောင်းမွန်တဲ့ ဘဝနဲ့ ရှင်သန်နေတာကို မြင်ရတော့ အဖေလည်း ကောင်းကင်ဘုံကနေ စိတ်အေးလက်အေး ရှိနိုင်လိမ့်မယ်၊

ဒါပေမဲ့ အခုတော့ အဖေလည်း မရှိတော့ဘူး၊

ကျွန်မတို့တွေ သူ့ကို နောင်တတရားတွေနဲ့ နောက်ဘဝကို မကူးပြောင်းစေချင်ဘူး၊ ဒီအဆောက်အအုံဝင်းကလည်း ငွေကြေးတန်ဖိုးသိပ်မရှိပါဘူး၊

ဒါကို ရှန်းရှန်းကို ပေးတာက အစ်မကို ပေးလိုက်တာအတူတူပဲလေ”

All Chapters