← Chapters

အခန်း (၃၉၁-၃၉၂)

Vol. 39 Ch. 391-392

အခန်း (၃၉၁-၃၉၂)

Vol. 39 Ch. 391-392

အခန်း(391)

သူက အလွန်ပင် ထိတ်လန့်သွားရသောကြောင့် စကားလုံးများပင် ထစ်အသွားနေခဲ့သည်။

ဒုန်းခနဲပြင်းထန်လွန်းသော မြည်ဟီးသံနှင့်အတူ၊ တံခါးကလည်း ပိတ်ဆို့သွားခဲ့သည်။

သူကအမည်းရောင် ဂါဝန်ကိုဝတ်ဆင်ထားသော ထိုအမျိုးသမီးကို အပြင်၌သာ ချန်လှစ်ထားခဲ့လေတော့၏။

သူမက တံခါးမကို စိုးရိမ်တကြီးဖြင့် အဆက်မပြတ် ထုရိုက်လိုက်ရင်း ပြောလိုက်လေသည်။

“ဆရာစု၊ ကျွန်မ ချိုးဟုန်ပါ၊ ဆရာ ကျွန်မကို တွေ့ခွင့်ပေးမယ်လို့ မျှော်လင့်ပါတယ်၊

ကျွန်မမှာ ‘ပျော်ရွှင်စရာ လမ်းကြားငယ်’ရဲ့ ရုပ်ရှင်ဇာတ်ညွှန်းနဲ့ ပတ်သက်ပြီး ဆရာ့ကို မေးမြန်းချင်တာတွေ ရှိနေလို့ပါ”

သူမက အော်ဟစ်ပြောဆိုလိုက်လေ၏။

တစ်ဖက်လူကို အောင်မြင်စွာ တားဆီးနိုင်ခဲ့သည်ကို မြင်တွေ့ရသည့်အချိန်မှသာ စုဝေ့ချင်းလည်း စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်မိရင်း သူ၏ နဖူးပြင်ထက်မှ ချွေးစများကို သုတ်လိုက်ပြီးပြောလိုက်လေသည်။

“ပြန်သွားပါတော့၊ ကျွန်တော့်အနေနဲ့ ဇာတ်ညွှန်းနဲ့ ပတ်သက်ပြီး ဘာမှ ထုတ်ပြောစရာ မရှိပါဘူး၊

မင်းတို့ရဲ့ ရုပ်ရှင်အဖွဲ့မှာ ဇာတ်ညွှန်းရေးဆရာတွေရော ရုပ်ရှင်ဒါရိုက်တာတွေပါ ရှိနေကြတာပဲ မဟုတ်ဘူးလား၊

မင်း ဘာဖြစ်လို့ မူရင်းစာရေးဆရာဖြစ်တဲ့ ကျွန်တော့်ဆီကိုပါ လာပြီးရှာဖွေနေရတာလဲ”

စုဝေ့ချင်းက ပြတ်သားစွာ အော်ဟစ်ပြောဆိုလိုက်လေတော့၏။

ဘာဖြစ်လို့ လာရှာရတာလဲ ဟုတ်လား။

သေချာပေါာ် အကြောင်းပြချက်ရှိလို့ပေါ့။

“ဆရာစု.. ကျွန်မ ဆရာ့ကို တကယ်ပဲ အားကျမိလို့ပါ၊ ပြီးတော့ အားယင်းရဲ့ ဇာတ်ကောင်နေရာနဲ့ ပတ်သက်ပြီး ဆရာနဲ့ ဆွေးနွေးချင်လို့ပါ”

ဝိုး!

ဒုဌာနမှူးစုကို ကိုးကွယ်အားကျပြန်တဲ့ နောက်ထပ် မင်းသမီးတစ်ဦးပေါ့။

ဆရာ၊ ဆရာမများက တစ်ဦးကိုတစ်ဦး မျက်စိမှိတ်ပြလျက် အဓိပ္ပာယ်ပါပါ ကြည့်ရှုလိုက်ကြလေ၏။

ဤသို့ဖြစ်နေသည်မှာ ယခုလအတွင်း တတိယအကြိမ်ပင်။

စုဝေ့ချင်းအနေဖြင့် ပို၍ပင် စိတ်ရှုပ်ထွေးသွားရပြီး သူ၏ ခေါင်းကို ကုတ်ခြစ်လိုက်မိသည်။

“ငါ အစောကြီးကတည်းက သက်ကြီးတက္ကသိုလ်ဘက်ကို ပြောင်းရွှေ့ခဲ့သင့်တာ”

သူက ထပ်မံ၍ ခပ်တိုးတိုး ညည်းတွားလိုက်မိပြန်လေ၏။

အကယ်၍ သူသာ သက်ကြီးတက္ကသိုလ်သို့ ရောက်ရှိသွားခဲ့ပါက ဤမင်းသမီးများက သူ့ကို ရှာဖွေနိုင်ကြတော့မည် မဟုတ်ပေ။

သို့မှသာ ကျောင်း၌ ဤကဲ့သို့ အတင်းအကျပ် ပိတ်ဆီးတားဆီးခံရသည့် ဒုက္ခမှ ကင်းဝေးနိုင်ပေလိမ့်မည်။

သူ့အနေဖြင်် ပထမဦးဆုံးအကြိမ်တုန်းက အမျိုးသမီးအဆိုတော်တစ်ဦး သူ့ထံသို့ လာရောက်တွေ့ဆုံခဲ့သည့် အခြေအနေကို မှတ်မိနေဆဲ ဖြစ်လေ၏။

ထိုအချိန်က အခြေအနေကို သေသေချာချာ မသိရှိသောကြောင့် သူမနှင့်အတူ သီချင်းစာသားများနှင့် ပတ်သက်၍ ရင်းနှီးကျွမ်းဝင်စွာ ပြောဆိုဆွေးနွေးခဲ့မိသည်။

ရလဒ်အနေဖြင့် သတင်းစာများတွင် သူနှင့် ထိုအမျိုးသမီး အဆိုတော်တို့က သီချင်းကြောင့် အပြန်အလှန် ချစ်ကျွမ်းဝင်သွားခဲ့ကြပြီဖြစ်ပြီး မကြာမီ လက်ထပ်ကြတော့မည်ဟူ၍ပင် စည်းမဲ့ကမ်းမဲ့ ရေးသားခဲ့ကြ၏။

ကျင်းဟွာတက္ကသိုလ်၏ အစောပိုင်း ကျောင်းသားများက အမှန်တကယ်ပင် အရည်အချင်းရှိကြလေသည်။

အထူးသဖြင့် ကျော်ကြားလွန်းသော လူနည်းစု ဖြစ်လေ၏။ သူတို့က စာပေလောကမှနေ၍ ဂီတလောကထဲသို့ ကူးပြောင်းခဲ့ကြလေသည်။

ထို့နောက် သူတို့က အမျိုးသမီး အဆိုတော်များနှင့် အကြိမ်ပေါင်းများစွာချစ်လိုက်ကွဲလိုက် ဖြစ်ခဲ့ကြသည့်အပြင် အကြိမ်ကြိမ်လက်ထပ်လိုက် ကွာရှင်းလိုက် ပြုလုပ်ခဲ့ကြလေသည်။

ထို့ကြောင့် အများပြည်သူတို့အတွက် အတင်းအဖျင်း ပြောဆိုစရာ ကုန်ကြမ်းများကို အလုံအလောက် ပေးခဲ့ကြလေ၏။

စုဝေ့ချင်းက တခြားလူများက

သူ့ကို ဤကဲ့သို့သော လူစုနှင့် တစ်ဖွဲ့တည်းဟု နားလည်လွဲမှားကြမည်ကို စိုးရိမ်မိလေသည်။

ထို့ကြောင့် သူက နိုင်ငံပိုင် ရုပ်မြင်သံကြားဌာန၏ အင်တာဗျူးတစ်ခုကို အလျင်အမြန် လက်ခံခဲ့ရပြီး သူ့ထံတွင် ချောမောလှပပြီး နူးညံ့သိမ်မွေ့သော ဇနီးတစ်ဦးနှင့် ချစ်စဖွယ်ကောင်းသော သမီးငယ်လေးတစ်ဦးရှိနေပြီဖြစ်ကြောင်းကို ထုတ်ဖော်ကြေညာခဲ့ရ၏။

သတင်းစာတိုက်များမှာလည်း လူသားမဆန်အောင် ကောက်ကျစ်လွန်းလေသည်။

ထိုသို့ထုတ်ဖော်ပြောဆိုပြီးနောက် မကြာမီ အချိန်အတွင်းမှာပင် သူတို့က သူ နောက်ထပ် မင်းသမီးတစ်ဦးနှင့်အတူ အချစ်အသိုက်အမြုံတစ်ခုကို တည်ဆောက်ထားခဲ့ပြီး တရားမဝင် ကလေးတစ်ဦးကိုပင် ရရှိနေခဲ့ပြီဟု ပြောလာကြသည်။

သူက သူ၏ တရားဝင်ဇနီးကို ကွာရှင်းပြတ်စဲ၍ ထိုမယားငယ်ကို တရားဝင်ဇနီးအဖြစ် မြှောက်စားတော့မည်ဟူ၍ ထပ်မံရေးသားခဲ့ကြပြန်၏။

စုဝေ့ချင်းက အတွေ့အကြုံရင့်ကျက်လွန်းသော ပညာရှင်တစ်ဦး ဖြစ်လေသည်။

တက္ကသိုလ်သို့ မတက်ရောက်မီ အချိန်ကတည်းက သူက ပြည်နယ်အဆင့် သတင်းစာတိုက်၌ စာရေးဆရာတစ်ဦးအဖြစ် လုပ်ကိုင်ခဲ့ဖူးလေ၏။

တက္ကသိုလ်ထဲသို့ ဝင်ရောက်ပြီးနောက် မကြာမီအချိန်မှာပင် သူ၏ ပထမဦးဆုံးသော စာအုပ်ကို ထုတ်ဝေနိုင်ခဲ့သည်။

စတုတ္ထနှစ်တက္ကသိုလ်တက်ရောက်နေသည့် အချိန်တွင် ရုပ်ရှင်ဒါရိုက်တာတစ်ဦးက သူ့ကို သူ၏ စာအုပ်ကို ရုပ်ရှင်ဇာတ်ညွှန်းအဖြစ် ပြောင်းလဲရေးသားပေးရန်အတွက် ဖိတ်ခေါ်ခဲ့သည်။

ထိုရုပ်ရှင်ကားက ထိုနှစ်၏ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်၌ ရွှေတံဆိပ်ဆုကို ဆွတ်ခူးရရှိခဲ့သည်။

ဤသို့ဖြင့် အရည်အချင်းရှိလွန်းသော စာရေးဆရာ စုဝေ့ချင်း၏ နာမည်ကို လူအမြောက်အမြားက သိရှိလာကြသည်။

နောက်ပိုင်းတွင် သူက တက္ကသိုလ်၌ ဆရာတစ်ဦးအဖြစ် လုပ်ကိုင်ခဲ့လေသည်။

လွန်ခဲ့သော နှစ်များစွာအတွင်း သူက အနုပညာလက်ရာများကို တည်ငြိမ်စွာဖြင့် ထုတ်လုပ်ခဲ့လေ၏။

နောက်ပိုင်းမျိုးဆက်မှ ရုပ်ရှင်ဒါရိုက်တာများက သူ့ကို ရတနာသိုက်တစ်ခုကဲ့သို့ သတ်မှတ်ထားခဲ့ကြလေသည်။

အကယ်၍ သူတို့အနေဖြင့် ဆုတံဆိပ်များကို ဆွတ်ခူးလိုကြပါက နည်းလမ်းပေါင်းစုံကို အသုံးပြုကာ သူ၏ ဇာတ်ညွှန်းကို ဝယ်ယူရန်အတွက် ကြိုးစားတတ်ကြလေ၏။

သူတို့အနေဖြင့် စည်းမဲ့ကမ်းမဲ့ လျှောက် မလုပ်ဆောင်ကြသရွေ့တော့ အခြေခံအားဖြင့် အောင်မြင်မှုတစ်ခုခုကို ရရှိနိုင်ကြသည်။

ထိုဖြစ်ရပ်ကြောင့် ထိုအနုပညာ ဒါရိုက်တာများကို ပို၍ ရူးသွပ်လာစေခဲ့လေ၏။

(၁၉၉၀) ပြည့်လွန်နှစ်များ၏ နှောင်းပိုင်းနှင့် (၂၀၀၀) ပြည့်နှစ်များ၏ အစောပိုင်းအချိန်များတွင် ဖျော်ဖြေရေးလောကထဲသို့ ကျောက်မီးသွေးတွင်းပိုင်ရှင်များ၏ ငွေကြေေးလှိုင်းလုံးကြီးများက စိမ့်ဝင်လာခဲ့ကြသည်။

ဒါရိုက်တာများအနေဖြင့် ထိုကျောက်မီးသွေးတွင်းပိုင်ရှင်များဘက်မီ ရင်းနှီးမြှုပ်နှံထားသော ငွေကြေးများကို အသုံးပြု၍ သူတို့၏ အိပ်မက်များကို အကောင်အထည်ဖော်ရန် ကြိုးစားခဲ့ကြလေသည်။

တချို့က ငွေကြေးအမြောက်အမြားကို ရှာဖွေနိုင်ခဲ့ကြသော်လည်း လူများစုကတော့ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ခဲ့ကြရလေ၏။

ထိုကျောက်မီးသွေးတွင်းပိုင်ရှင်များကလည်း ငတုံးများ မဟုတ်ကြပေ။

သူတို့က သူတို့၏ ငွေကြေးများကို စုစည်းလိုက်ကြပြီး လွန်ခဲ့သော နှစ်များအတွင်း သူတို့ ရင်းနှီးမြှုပ်နှံခဲ့ဖူးသော ရုပ်ရှင်ကားများကို သေသေချာချာ စာရင်းတွက်ချက်ကြည့်လိုက်ကြလေသည်။

ထိုအချိန်တွင် သူတို့အနေဖြင့် စုဝေ့ချင်း၏ ဇာတ်ညွှန်းများပေါ်၌ ရင်းနှီးမြှုပ်နှံခြင်းကသာ တန်ဖိုးအရှိဆုံး ဖြစ်ကြောင်းကို ရှာဖွေတွေ့ရှိသွားခဲ့ကြလေ၏။

ရလဒ်အနေဖြင့် စုဝေ့ချင်း၏ စာမူခ တန်ဖိုးက နောက်တစ်ကြိမ် ထပ်မံ၍ မြင့်မားတက်လာခဲ့ပြန်လေသည်။

ကျောက်မီးသွေးတွင်းပိုင်ရှင်များက မြင့်မားသော စံနှုန်းများရှိကြပြီး ချောမောလှပသော မင်းသား၊ မင်းသမီးများကိုသာ နှစ်သက်ကြလေသည်။

ဤသို့ဖြင့် အောင်မြင်မှုလမ်းစကို ရှာမတွေ့နိုင်ကြသေးသော မင်းသမီးငယ်လေးများက စုဝေ့ချင်းထံမှ အခွင့်အရေးကောင်းတစ်ခုကို ရရှိနိုင်ရန်အတွက် နည်းလမ်းမျိုးစုံဖြင့် လာရောက်ပတ်သက်လာလာတော့သည်။

လွန်ခဲ့သောနှစ်နှစ်က စုဝေ့ချင်းအနေဖြင့် ချင်းရှီဟွမ်ရုပ်ရှင်အဖွဲ့ထံသို့ ကျန်းရွှယ်ဟု နာမည်ရသော မိန်းကလေးငယ်တစ်ဦးကို ချူနိုင်ငံ၏ မင်းသမီး ဇာတ်ကောင်နေရာတွင် သရုပ်ဆောင်ရန်အတွက် ထောက်ခံပေးခဲ့ဖူး၏။

ယခုအချိန်တွင်တော့ ကျန်းရွှယ်က အောင်မြင်ကျော်ကြားလွန်းသော ဒါရိုက်တာတစ်ဦး၏ ရုပ်ရှင်ကားတွင်ပင် ပါဝင်သရုပ်ဆောင်ခွင့်ရရှိနေခဲ့လေသည်။

ထို့အပြင် သူမက ပြည်ပနိုင်ငံများရှိ ရုပ်ရှင်ပွဲတော်များသို့ သွားရောက်ရန် အခွင့်အလမ်းများလည်း ရှိနေခဲ့လေ၏။

ဤကဲ့သို့သောအခြေအနေက ထိုမင်းသမီးငယ်လေးများ၏စိတ်ကို လှုပ်ခတ်စေခဲ့သည်။

ယခင် ရောက်ကြသူများမှာတော့ သာမန် မင်းသမီးငယ်လေးများသာ ဖြစ်ကြလေသည်။

ချိုးဟုန်ကဲ့သို့သော အဆင့်အတန်း မြင့်မားသော မင်းသမီးတစ်ဦး ရောက်ရှိလာခြင်းမျိုးကတော့ အလွန်ပင် ရှားပါးလွန်းလေ၏။

စုဝေ့ချင်းအနေဖြင့် ထိုအကြောင်းကို တွေးတောမိလိုက်ပြီးနောက် စိတ်ထဲ၌ လုံးဝ မလုံခြုံသကဲ့သို့ ခံစားလိုက်ရလေသည်။

သူက တံခါးကို အဆက်မပြတ် ထုရိုက်နေသော ချိုးဟုန်၏ အသံကို လုံးဝ ဂရုမစိုက်တော့ဘဲ တခြားတစ်ဖက်ရှိ ပြတင်းပေါက်မှနေ၍ အပြင်သို့ ထွက်ခွာခဲ့လေတော့၏။

သူ၏ လျင်မြန်ဖြတ်လတ်လွန်းသော အပြုအမူများက အသက်ငါးဆယ်အရွယ်သို့ ရောက်ရှိလုနီးပြီဖြစ်သော အမျိုးသားတစ်ဦး၏ အသွင်နှင့် လုံးဝ မကိုက်ညီနေခဲ့ပေ။

ရုံးခန်းထဲရှိ တခြားသော ဆရာ၊ ဆရာမများကလည်း လုံးဝ အံ့အားသင့်သွားကြရလေ၏။

သူတို့က ဤမင်းသမီးများ၏ ပြုမူပုံက လွန်ကဲလွန်းသောကြောင့် ဒုဌာနမှူးစုကို သေလုမတတ်ကြောက်လန့်သွားစေသည်ဟုသာ ခံစားမိလိုက်ကြလေ၏။

“ဒုဌာနမှူးစုကတော့ သေချာပေါက် ချီအိုက်ဆေးရုံဆီကိုပဲ သွားလိမ့်မယ် ထင်တယ်”

“အမှန်ပဲ၊ ဒါရိုက်တာလီရဲ့ တုံ့ပြန်မှုက ဘယ်လိုရှိမလဲဆိုတာပဲသိချင်မိတယ်”

သူတို့က အချင်းချင်းကြည့်ကာ ရယ်မောလိုက်ကြလေ၏။

စုဝေ့ချင်းက ချီအိုက်ဆေးရုံဆီသို့ ထွက်ပြေးသွားလေ့ရှိကြောင်းကို သူတို့ သိရှိကြလေသည်။

လီရှန်းကလည်း သူ့ကို အမြဲတစေပြန်ခေါ်လာတတ်လေ၏။

*

စုဝေ့ချင်းတစ်ယောက် သူ၏ စက်ဘီးကိုစီးကာ တက္ကသိုလ်ကျောင်းဝင်းထဲမှ တိတ်တဆိတ် ထွက်ခွာခဲ့လေ၏။

သူက ချီအိုက်ဆေးရုံရှိရာ အရပ်ဆီသို့ လျှင်မြန်စွာသွားခဲ့သည်။

လီရှန်းက နိုင်ငံတော်အဆင့် တရုတ်တိုင်းရင်းဆေးပညာရှင် ရန်ကျိမင်း၏ တပည့်ရင်းတစ်ဦးဖြစ်လေ၏။

သူမက တက္ကသိုလ်ကျောင်းသား ကျောင်းသူများ၏ ပထမဦးဆုံးသော အသုတ်ထဲ၌ ပါဝင်ခဲ့ရုံသာမက နိုင်ငံတော်အဆင့် ပညာသင်ဆုကို ပထမဦးဆုံးရရှိခဲ့သူလည်း ဖြစ်လေ၏။

ထို့အပြင် သူမက နိုင်ငံတော်မှ သီးသန့်လေ့ကျင့်ပျိုးထောင်ပေးခဲ့သော ဘွဲ့လွန်နှင့် ဒေါက်တာဘွဲ့ကျောင်းသား ကျောင်းသူများ၏ ပထမဦးဆုံးသော အသုတ်ထဲ၌လည်း ပါဝင်ခဲ့လေသည်။

သူမအနေဖြင့် ပြည်ပနိုင်ငံများသို့ မသွားခဲ့ဖူးသော်လည်း နိုင်ငံတကာ ဆေးပညာဆိုင်ရာ အစည်းအဝေးပွဲများနှင့် ဆွေးနွေးပွဲ ဖိုရမ်များစွာကို စီစဉ်ကျင်းပခဲ့ဖူးသကဲ့သို့ သူမကိုယ်တိုင်လည်း ပါဝင်ဆွေးနွေးခဲ့ဖူး၏။

သူမက အသက်ငါးဆယ်အရွယ်သို့ မရောက်ရှိသေးသော်လည်း ယခုအချိန်တွင် နိုင်ငံတော်အဆင့် ရတနာတစ်ပါးကဲ့သို့သော ဆရာဝန်တစ်ဦး ဖြစ်နေခဲ့လေသည်။

သူမ၏ လူနာပြသခွင့် ရက်ချိန်းများက အမြဲတစေပြည့်နှက်နေလေ့ရှိ၏။

နိုင်ငံတစ်ဝန်းလုံးရှိ ဝေဒနာရှင် များစွာက သူမထံတွင် ကုသမှုခံယူရန်အတွက် ရောက်လာကြလေ့ရှိသည်။

ထို့ကြောင့် စုဝေ့ချင်းက ဆေးကုသခန်း၏ တံခါးဝတွင် နောက်တစ်ကြိမ် ထပ်မံပေါ်ထွက်လာသည့် အချိန်တွင် သူမက နဖူးကို အုပ်ကိုင်လိုက်ရကာ စိတ်ထဲ၌ ညည်းတွားလိုက်မိသည်။

“အခုရော ဘာတွေဖြစ်လာပြန်ပြီလဲ”

ဝေဒနာရှင်တစ်ဦး ထွက်ခွာသွားခဲ့သည့်အချိန်တွင် လီရှန်းက နောက်ထပ် လူနာတစ်ဦးကို ခေါ်ယူမည့် ခလုတ်ကို နှိပ်လိုက်လေ၏။

မကြာမီ အချိန်အတွင်းမှာပင် အပြင်ဘက်မှ လူနာခေါ်ဆိုသံ ထွက်ပေါ်လာခဲ့လေသည်။

သူမက ထိုအခွင့်အရေးကို အသုံးချ၍ မေးမြန်းလိုက်ခြင်း ဖြစ်လေ၏။

“မင်း ချိုးဟုန်ကိုသိတယ်မလား”

စုဝေ့ချင်းက လီရှန်းကို အလွန်ပင် သနားစရာကောင်းသော မျက်နှာအမူအရာဖြင့် ကြည့်ရှုလိုက်လေသည်။

ထို့အပြင် သူ၏ မျက်နှာတစ်ခုလုံးတွင်လည်း မကျေနပ်ချက်များဖြင့် ပြည့်နှက်နေခဲ့လေ၏။

တစ်ဖက်လူက ခေါင်းညိတ်ပြလိုက်သည့်အချိန်တွင် သူက အလွန် လျင်မြန်လွန်းသော လေသံဖြင့် ပြောလိုက်လေ၏။

“သူမက အခု ကျောင်းအထိ လိုက်လာပြီး ကိုယ့်ကို လာရှာနေတာ”

“အဲဒီ ‘ပျော်ရွှင်စရာ လမ်းကြားငယ်’ စာအုပ်ကြောင့်လား”

*

အခန်း(392)

လီရှန်းက စုဝေ့ချင်းအနေဖြင့် နောက်ထပ် စာမူစာအုပ်တစ်အုပ်ကို ရောင်းချခဲ့ကြောင်းကို သိရှိထားလေသည်။

သို့သော် ထိုရုပ်ရှင်အဖွဲ့၏ ကြိုတင်ပြင်ဆင်မှု အရှိန်အဟုန်က ဤမျှအထိ လျင်မြန်လိမ့်မည်ဟူ၍တော့ ထင်မှတ်မထားခဲ့ပေ။

စုဝေ့ချင်းက ခေါင်းညိတ်ပြလိုက်လေ၏။

“ချိုးဟုန်ကတော့.. အားယင်းအဖြစ် သရုပ်ဆောင်ဖို့အတွက် မသင့်တော်ပါဘူး”

အားယင်းဟူသော ဇာတ်ကောင်၏ မူလပုံစံမှာ ယခင်ဘဝမှ လီရှန်းပင် ဖြစ်လေ၏။

ထို့ကြောင့် လီရှန်းက ချိုးဟုန်၏ အသွင်အပြင်မှာ သူမ၏ ယခင်ဘဝနှင့် တူညီမှုမရှိဟု ထင်မြင်မိသည်။

ထို့အပြင် မကြာသေးမီက ချိုးဟုန်က အောင်မြင်နေသော ဒါရိုက်တာတစ်ဦးနှင့် အလွန်အမင်းရင်းနှီးကျွမ်းဝင်နေခဲ့လေ၏။

သူတို့နှစ်ဦးနှင့် ပတ်သက်သော ကောလာဟလသတင်းစကားများကလည်း အဆက်မပြတ်ထွက်ပေါ်နေခဲ့သည်။

အရေးကြီးဆုံး အချက်မှာ ထိုဒါရိုက်တာတွင် တရားဝင်ဇနီးတစ်ဦး ရှိနေခဲ့သည်ပင်။

ထိုဇနီးသည်က သူတို့ ကျေးလက်ဒေသသို့ အပို့ခံရသောခေတ်ကာလကတည်းကပင် ဒါရိုက်တာနှင့်အတူ ရှိနေခဲ့သူ ဖြစ်၏။

ဆိုလိုသည်မှာ ဆင်းရဲဒုက္ခများကို အတူ ဖြတ်သန်းခဲ့ကြသော ဇနီးတစ်ဦး ဖြစ်လေ၏။

ထိုသို့ဆိုလျှင် ချိုးဟုန်က မည်သည့်အရာကို လုပ်ဆောင်ရန် ကြိုးစားနေသည်လဲ။

“ကိုယ်လည်း မသိဘူး၊ ကိုယ် ဖုန်းတစ်ချက် သွားဆက်လိုက်ဦးမယ်”

စုဝေ့ချင်းတစ်ယောက် စိတ်အနှောင့်အယှက် ဖြစ်ရသောကြောင့် သူ၏ ဆံပင့များကို ဆွဲဖွလိုက်မိ၏။

လီရှန်းက ဆေးကုသခန်း၏ အထဲဘက်တွင် ရှိနေသော အနားယူခန်းဆီသို့ လက်ညှိုးညွှန်ပြလိုက်သည်။

ထိုနေရာတွင် ဖုန်းတစ်လုံးရှိနေခဲ့လေ၏။

စုဝေ့ချင်းက ထိုနေရာသို့သွားကာ သူ၏အနောက်မှ တံခါးကိုလည်း သေသေချာချာ ပြန် ပိတ်ခဲ့လေ၏။

သူက ဝေဒနာရှင်များအနေဖြင့် သူ့ကို မြင်တွေ့ရသည့် အချိန်မျိုးတွင် စိတ်အနှောင့်အယှက် ဖြစ်သွားမည်ကို စိုးရိမ်မိသည်။

တံခါးကြီးကို ဆွဲပိတ်ပြီးနောက်တွင် အထဲမှ အသံများကို ထပ်မံ၍ မကြားရတော့ပေ။

လီရှန်းသည်လည်း သူမ၏ အရှေ့ဘက်ရှိ ဝေဒနာရှင်များကိုသာ အာရုံစိုက်ပြီး ဆေးကုသပေးနေခဲ့လေတော့၏။

ရောက်ရှိလာသော လူနာမှာ သက်ကြီးရွယ်အို အမျိုးသားတစ်ဦး ဖြစ်လေသည်။

သူက သူ၏မြေးဖြစ်သူကို ဆေးကုသရန်အတွက် ခေါ်ဆောင်လာခဲ့သည်။

ထိုမြေးငယ်လေးမှာ အသက်ခုနစ်နှစ်၊ ရှစ်နှစ်အရွယ်မျှသာ ရှိသေးပြီး အတော်လေး ကြောက်လန့်နေပုံရသည်။

ထိုအဘိုးအိုက အသံအတော်လေးဝဲလေ၏။

လီရှန်းအနေဖြင့် စိတ်ရှည်စွာဖြင့် သေသေချာချာ နားထောင်လိုက်သည့် အချိန်မှသာ ထိုအဘိုးအို၏ စကားကို နားလည်သဘောပေါက်သွားခဲ့လေ၏။

ဤကလေးငယ်တွင်လည်း ဝက်ရူးပြန်ရောဂါ ရှိနေခဲ့ခြင်းပင်။

ထိုရောဂါက မွေးရာပါဖြစ်လေ၏။

“ဒီကလေးက တကယ့်ကို သနားစရာကောင်းပါတယ် ဒေါက်တာ၊

သူ့ကို မွေးဖွားပြီး သုံးလတောင် မပြည့်သေးခင်မှာတင် သူ့မှာ ရောဂါရှိနေတာကို သူ့အမေက သိရှိသွားခဲ့တယ်လေ၊ သူ့အဖေကတော့ ဆုံးပါးသွားပါပြီ၊အခုထက်ထိလည်း သူ့ရဲ့ ရုပ်အလောင်းကို ပြန်မတွေ့ရသေးပါဘူး၊

သူ့ရဲ့ ဝိညာဉ်က ဘယ်အရပ်ကို လွင့်ပျံသွားခဲ့ပြီလဲဆိုတာတောင် ဘယ်သူမှ မသိကြပါဘူး၊

သူ့အမေကလည်း ကလေးကို ဆေးကုသပေးဖို့ ငွေရှာမယ်ဆိုပြီးဟောင်ကောင်ဘက်ကို အလုပ်သွားလုပ်နေခဲ့တာကြာပါပြီ”

“ကျွန်တော်ကတော့ ကလေးရဲ့ အမေဘက်က အဘိုးပါ၊ ကျွန်တော့်သမီးလေးကလည်း ပင်ပန်းဆင်းရဲတဲ့ ဒုက္ခတွေကို အလူးအလဲ ခံစားနေ ရရှာတယ်

ကျွန်တော် ရုပ်မြင်သံကြားထဲမှာ ဒေါက်တာတို့ရဲ့ သတင်းကို မြင်တွေ့လိုက်ရလို့ ကျွန်တော့်ရဲ့ မြေးလေးကို ပြသပေးဖို့အတွက် ဒီအထိ အပြေးအလွှား လာခဲ့ရတာပါ”

လွန်ခဲ့သော နှစ်များစွာအချိန်က လီရှန်းအနေဖြင့် ကျန်းကျိကို ဆေးကုသပေးခဲ့သည့်လုပ်ငန်းစဥ်တွင် ပါဝင်ခဲ့ဖူးသည်။ ထိုအချိန်ကတည်းက ဝက်ရူးပြန်ရောဂါနှင့် ပတ်သက်သော သုတေသနများကို အဆက်မပြတာ လုပ်ဆောင်နေခဲ့လေ၏။

မကြာသေးမီနှစ်များအတွင်း၌လည်း သူမက တိုးတက်မှုတချို့ကို အောင်မြင်စွာ ရရှိခဲ့လေသည်။

သူမအနေဖြင့် ဝက်ရူးပြန်ဝေဒနာရှင်များ၏ ဆင်းရဲဒုက္ခများကို လျော့ပါးသက်သာစေရန်အတွက် အစွမ်းကုန် ကြိုးစားအားထုတ်နေခဲ့သည်။

ထိုအကြောင်းများကြောင့် သူမက နိုင်ငံပိုင်သတင်းကွန်ရက် စာမျက်နှာများထက်တွင်လည်း အကြိမ်အနည်းငယ်မျှ ပေါ်ထွက်ခဲ့ဖူးသည်။

“စိတ်မလှုပ်ရှားပါနဲ့ဦး အဘိုး၊ ကျွန်မ ကလေးကို အရင်ဆုံးကြည့်ပေးပါရစေ”

လီရှန်းက ထိုအဘိုးအိုကို နူးညံ့သိမ်မွေ့သော စကားလုံးများဖြင့် နှစ်သိမ့်ပေးလိုက်ပြီးနောက် ကလေးငယ်ကို လက်လှမ်းပြလိုက်ရင်း ခေါ်လိုက်လေသည်။

“ကလေးလေး၊ အဒေါ်ဆီကို လာခဲ့ပါဦး”

လီရှန်း၏ နူးညံ့လွသော အသလကြောင့် လေးငယ်က စိတ်အေးသွားခဲ့ပုံရလေ၏။

လီရှန်းအနေဖြင့် ကလေးငယ်ကို လိုအပ်သော စစ်ဆေးမှုများကို စနစ်တကျ ပြုလုပ်စေခဲ့ပြီးနောက် စစ်ဆေးရမည့် အချက်တချို့ကို ညွှန်ကြားလိုက်လေသည်။

ထို့နောက် သူမက သူနာပြုဆရာမတစ်ဦးကို ခေါ်ယူလိုက်ပြီး ထိုအဘိုးနှင့် မြေးဖြစ်သူနှစ်ဦးကို စစ်ဆေးမှုများပြုလုပ်ရန်အတွက် ပို့ဆောင်ခိုင်းလိုက်လေတော့၏။

စုဝေ့ချင်းကတော့ ဖုန်းခေါ်ဆိုမှု ပြီးဆုံးသွားခဲ့သည့်အချိန်တွင် စိတ်သက်သာရာရသွားရသော မျက်နှာအမူအရာဖြင့် အပြင်သို့ ထွက်လာခဲ့သည်။

“ကိစ္စတွေအားလုံးပြေလည်သွားပါပြီ”

“ချိုးဟုန်က ဘာဖြစ်တာလဲ”

“သူမက အဲဒီဒါရိုက်တာကို သူမနဲ့ လက်ထပ်ဖို့အတွက် အတင်းအကျပ် ဖိအားပေးနေတာတဲ့လေ၊

ဒါပေမဲ့ ကိုယ်ကတော့ အခု ရှင်းလင်းအောင် ပြောပြလိုက်ပြီ၊ ကိုယ့်အနေနဲ့ ချိုးဟုန်ကို အသုံးချဖို့ လုံးဝ မလိုအပ်ဘူး”

သူ့အနေဖြင့် နာမည်ကြီးမင်းသမီးများကို အသုံးပြုရန်အတွက် မလိုအပ်ပေ။

အကယ်၍ တစ်ဖက်မှ အတင်းအကျပ်လုပ်လာပါကလည်း စာချုပ်ကို ဖျက်သိမ်းလိုက်ရုံပင်။

မည်သို့ပင်ဖြစ်စေ သူ၏ လက်ထဲတွင် ငွေကြေးချို့တဲ့မနေခဲ့ပါချေ။

ထို့နောက် သူက လီရှန်းကိုမေးမြန်းလိုက်လေ၏။

“မင်းရဲ့ ဝေဒနာရှင်ရော ဘယ်မှာလဲ”

“သူတို့ စစ်ဆေးမှုတွေ သွားလုပ်နေကြတယ်၊ ဒါနဲ့ ကြည့်ပါဦး၊

ရောက်လာတာက ဝက်ရူးပြန်ရောဂါ ရှိနေတဲ့ ကလေးပဲ”

လွန်ခဲ့သော နှစ်များစွာအတွင်း သူမက လူကြီး၊ လူငယ် မရွေး၊

စရိုက်လက္ခဏာ အမျိုးမျိုး ရှိကြသော ဝက်ရူးပြန် ဝေဒနာရှင် ထောင်ပေါင်းများစွာကို ဆေးကုသပေးခဲ့ဖူးသည်။

ထိုလူများ၏ အကြောင်းကို တွေးတောမိလိုက်သည့် အချိန်တွင် လီရှန်းက သက်ပြင်းချလိုက်မိသည်။

“ကျွန်မ ခန့်မှန်းရသလောက်တော့ အခြေအနေ မကောင်းဘူး”

သူ့တွင် ရှိနေသည်မှာ မွေးရာပါ ဝက်ရူးပြန်ရောဂါ ဖြစ်လေသည်။

ထိုအခြေအနေက ကျန်းကျိ၏ ယခင်က အခြေအနေနှင့် တူညီသည်။

ကျန်းကျိ၏ အကြောင်းကိုစကားစပ်မိသောကြောင့် လီရှန်းက မေးမြန်းလိုက်လေသည်။

“ဒါနဲ့ .. ရှောင်ကျိက ရှောင်လော်ကို သွားကြိုနေပြန်ပြီလား”

“ဟုတ်တယ်၊ သူက သူ့ရဲ့ အလုပ်တွေကို ပြီးပြီလေ၊ အခု သူက ရှောင်တုန်နဲ့ ရှောင်လော်တို့ဆီမှာပဲ သွားပြီးတော့ အချိန်ဖြုန်းနေတာ”

စုဝေ့ချင်းကဲ့သို့ပင်။ ကျန်းကျိသည်လည်း သူ၏ စာမူ မူပိုင်ခွင့်များကို ရောင်းချခြင်းဟူသော လမ်းခရီးထဲသို့ ဝင်ရောက်လှုပ်ရှားနေခဲ့ခြင်း ဖြစ်လေ၏။

သို့သော် သူက မိသားစုထဲရှိ ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်း ခံစားချက်များကို အဓိကထားကာ စိတ်ခံစားချက်ဇာတ်လမ်းဒရမ်မာများကို ရေးသားရခြင်းအား ပို၍ နှစ်သက်သည်။

ထို့ကြောင့် သူက စုဝေ့ချင်းထက်ပင် မင်းသမီးလေးများနှင့် ပတ်သက် ဆုံတွေ့ရတတ်သည်။

သို့သော် သူကိုယ်တိုင်က ဝက်ရူးပြန်ရောဂါကို ခံစားခဲ့ရဖူးသူဖြစ်သည့်အတွက် သူ၏ ဘဝတစ်ခုလုံးတွင် အိမ်ထောင်ပြုရန်အတွက် အစီအစဉ် လုံးဝ မရှိပေ။

သူက ထိုမင်းသမီးလေးများနှင့် ပတ်သက်ဆုံတွေ့ရမည့် အခြေအနေများကို အတတ်နိုင်ဆုံး ရှောင်လွှဲလေ့ ရှိလေ၏။

စုဝေ့ချင်းက ခုံတန်းလျားတစ်ခုကို ဆွဲယူလိုက်ပြီးထိုင်လိုက်လေသည်။

သူအနေဖြင့် မည်မျှပင် အလုပ်ရှုပ်နေပါသော်လည်း ကျောင်းသို့ လုံးဝ ပြန် မသွားချင်တော့ပေ။

သူက ကျောင်းသို့ မပြန်ချင်ရုံသာမက လီရှန်းကိုပါ မေးမြန်းလိုက်လေ၏။

“မင်း ဘယ်အချိန်ကျမှ အလုပ်ဆင်းမှာလဲ”

“ကျွန်မမှာ ဒီနေ့လူနာ အများကြီး မရှိဘူး၊ ဒီကလေးကို ဆေးကုသပေးပြီးရင် အိမ်ကို တန်းပြန်လို့ရပြီ”

ထိုစကားကို ကြားလိုက်ရသည့် အချိန်တွင် စုဝေ့ချင်းတစ်ယောက် ထိုနေရာ၌ပင် ငြိမ်သက်စွာ ထိုင်နေခဲ့တော့ပြီး မည်သည့်ပြဿနာကိုမျှ ထပ်မရှာတော့ပေ။

လီရှန်းက ကလေးငယ်ကို သေသေချာချာ စစ်ဆေးပေးပြီးနောက် လိုအပ်သော ဆေးဝါးများကို ညွှန်ကြားပေးခဲ့လေသည်။

ထို့အပြင် အပ်စိုက်ကုထုံးကိုပါ လုပ်ဆောင်ပေးခဲ့ပြီးမှ သူမ၏ အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းပြီး အိမ်သို့ ပြန်ရန် ပြင်ဆင်လေတော့၏။

စုဝေ့ချင်း၏ အလုပ်အကိုင် အခြေအနေများကြောင့် သူတို့က မူလအဆောက်အအုံဝင်းထဲ၌ပင် ဆက်လက်နေထိုင်နေခဲ့ကြသည်။

(၁၉၈၉) ခုနှစ်အတွင်းက

သူတို့၏ ညာဘက်ဘေးချင်းကပ် အိမ်မှ အိမ်နီးနားချင်းက ပြည်ပရှိ ဆက်သွယ်မှုများမှတစ်ဆင့် ပြည်ပနိုင်ငံသို့ ရွှေ့ပြောင်းကာ အခြေချ နေထိုင်ခဲ့ကြလေ၏။

သူတို့ မထွက်ခွာမီအချိန်တွင် သူတို့၏ အိမ်ကို ရောင်းချချင်ခဲ့သောကြောင့် စုဝေ့ချင်းကပင် ထိုအိမ်ကို ဝယ်ယူထားခဲ့လေသည်။

ထိုနေအိမ်က သူတို့၏ အဆောက်အအုံဝင်းနှင့် ချိတ်ဆက်ထားခြင်းမျိုး မဟုတ်ပေ။

ယခုအချိန်တွင်တော့ ကျန်းကျိက ထိုဘေးအိမ်၌ နေထိုင်လေ၏။

သူက အိမ်ထောင်မပြုဘဲ တစ်ကိုယ်တည်း နေထိုင်သူဖြစ်ပြီး သူ၏ အဘိုးဖြစ်သူကလည်း ကွယ်လွန်သွားခဲ့လေပြီ။

စုဝေ့ချင်းက သူ၏ ဆရာတစ်ဦး ဖြစ်သည့်အတွက် ထိုလူငယ်လေးကို သူ၏ အနား၌ ထားရှိပြီး သေသေချာချာ စောင့်ရှောက်ပေးနေခဲ့၏။

ထိုဇနီးမောင်နှံနှစ်ဦးက အိမ်သို့ပြန်ရောက်လာသည့် အချိန်တွင် အိမ်ထဲ၌ တစ်စုံတစ်ဦး ရှိနေခဲ့ပြီဖြစ်ကြောင်းကို တွေ့ရှိလိုက်ကြရလေ၏။

သူတို့နှစ်ဦးက တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက်တိုင်ပင်စရာမလိုဘဲ စာကြည့်ခန်းသို့ သွားခဲ့ကြလေသည်။

ယခင်က မှောင်မည်းနေခဲ့သော စာကြည့်ခန်းထဲ၌ ယခုအချိန်တွင် လျှပ်စစ်မီးရောင်များဖြင့် လင်းထိန်နေခဲ့သည်။

သွယ်လျလှပသော မိန်းမပျိုလေးတစ်ဦးက စားပွဲတွင် ထိုင်နေခဲ့ပြီး သတင်းစာတစ်စောင်ကို အာရုံစိုက်၍ ဖတ်ရှုနေခဲ့သည်ကို မြင်တွေ့လိုက်ရလေ၏။

ထိုမိန်းကလေးက စုရှောင်လော်ဖြစ်လေသည်။

လီရှန်း၏ မျက်ဝန်းများက ချက်ချင်းပင် တောက်ပသွားခဲ့ရလေ၏။

သူမအနေဖြင့် သူမ၏ သမီးငယ်လေးနှင့် မတွေ့ရသည်မှာ အတော်ပင် ကြာမြင့်နေခဲ့လေပြီ။

“ရှောင်လော်”

မိခင်ဖြစ်သူ၏ ခေါ်သံကို ကြားလိုက်ရသည့် အချိန်တွင် စုရှောင်လော်က ခန္ဓာကိုယ်ကို လှည့်လိုက်ကာ လီရှန်းကို ပြုံးပြလိုက်ပြီး ချစ်စဖွယ်ကောင်းစွာ ခေါ်လိုက်လေ၏။

“အမေ”

ထို့နောက်တွင် သူမ၏ အကြည့်များက စုဝေ့ချင်းထံသို့ ကျရောက်သွားခဲ့လေသည်။

သူမ၏ လေသံက ချက်ချင်းပင် အေးစက်သွားခဲ့ရပြီး စားပွဲထက်တွင် ချထားခဲ့သော သတင်းစာထက်သို့ သူမ၏ လက်ညှိုးဖြင့် တို့ထိလိုက်ရင်း မေးမြန်းလိုက်ချေတော့၏။

“အဖေ သမီးကို သေသေချာချာ ရှင်းပြပါဦး၊ ဒီသတင်းစာထဲက ကျောက်ဖင်း၊ ကျန်းရှောင်ရှန်း၊ ဝမ်ဝမ် ဆိုတဲ့သူတွေက ဘယ်သူတွေလဲ”

စုဝေ့ချင်း : “...”

All Chapters