← Chapters

အခန်း ၁၂၇

Vol. 13 Ch. 127

အခန်း ၁၂၇

Vol. 13 Ch. 127

အခန်း (၁၂၇) တစ်ချက်တည်းနဲ့ သဘောကျသွားတဲ့မြင်းနဲ့ မြက်ခင်းပြင်ကရှုခင်း

မြက်များကို ရိတ်သိမ်းပြီးသွားသောအခါ မြက်ခင်းပြင်တွင် နေရာအကျယ်ကြီး လွတ်သွားသည်။

မြက်ခင်းတုကဲ့သို့ ညီညာနေသော မြက်တိုလေးများသာ ကျန်ရစ်တော့သည်။ ကြောင်များနှင့် ခွေးများက ထိုအပေါ်တွင် လမ်းလျှောက်ရသည်ကို နှစ်သက်ကြသည်။

ဒီရက်ပိုင်းတွင် ရွှီယန် အလုပ်များနေသဖြင့် လောလောဆယ် တောင်ပေါ် မတက်ဖြစ်သေးပေ။ သူက မြက်ရိတ်စက်ဖြင့် မြက်ရိတ်ခြင်း... မြက်သိမ်းခြင်းနှင့် မြက်ထုံးများ ပြုလုပ်ခြင်းတို့ကိုသာ တစ်ကြိမ် လိုက်ဖ်လွှင့်ပြခဲ့သည်။

သို့သော် သူ၏ ဗီဒီယိုများကိုတော့ ပုံမှန် တင်ဖြစ်နေပြီး နေ့စဉ် တစ်ခုတော့ အမြဲတင်ဖြစ်၏။

ဗီဒီယိုတို အက်ပ်များက သီးသန့် လိုက်ဖ်လွှင့်သည့် အက်ပ်များနှင့် မတူဘဲ ဗီဒီယိုများသာ ပုံမှန်တင်ပေးနေပါက လဝက်ခန့် လိုက်ဖ်မလွှင့်လျှင်တောင် လူကြိုက်များမှုက သိပ်ပြီး ထိခိုက်မည် မဟုတ်ပေ။

လက်ရှိ စုစုပေါင်း ကျော်ကြားမှုရမှတ်က ကိုးသိန်းခုနစ်သောင်းကျော် ရှိနေပြီဖြစ်ပြီး ရွှီယန်က အကြီးကြီး တစ်ခု မဲဖောက်ရန် စုဆောင်းထားခြင်း ဖြစ်သည်။

တလောက ကျားကို ကြည့်ပြီးကတည်းက မဲမဖောက်ရသေးပေ။

'နောက်တစ်ခါ လိုက်ဖ်လွှင့်ရင် မဲဖောက်လို့ ရလောက်ပြီ... မြက်တွေလည်း ရောင်းပြီးသွားပြီ... အာလူးခင်းက အလုပ်တွေလည်း ပြီးသွားပြီဆိုတော့... အပြင်ထွက်ပြီး လမ်းနည်းနည်း လျှောက်လိုက်ဦးမယ်'

ရွှီယန်က စိတ်ထဲမှ တွေးလိုက်သည်။

သူက နောက်နှစ်ရက်လောက်နေမှ တောင်ပေါ်တက်ရန် ရည်ရွယ်ထားသည်။ ယခုအချိန်က ဆောင်းဦးရာသီ အစပိုင်းသို့ ရောက်ရှိနေပြီဖြစ်ရာ တောင်ပေါ်ရှိ သစ်ရွက်များက အနည်းငယ် ဝါလာပြီ ဖြစ်သည်။

ဤအချိန်တွင် တောင်ထွက်ပစ္စည်းများ ရှိလျှင်တောင် လုံးဝ မရင့်မှည့်သေးပေ။

ဆောင်းဦးရာသီသို့ သေချာ ရောက်ရှိသွားချိန်တွင် ဝင်ရောက်မှသာ ပထမဆုံး အသုတ်အဖြစ် ရင့်မှည့်နေသော တောင်ထွက်ပစ္စည်းများကို ရရှိမည်ဖြစ်သည်။ ထိုအချိန်ဆိုလျှင် ရိတ်သိမ်းချိန်နှင့်လည်း အံဝင်ခွင်ကျ ဖြစ်သွားမည် မဟုတ်ပါလား။

ဒီနေ့တော့ ဈေးထဲကို အရင်သွားပြီး လှည့်ကြည့်ရမည်။

အရင်ကတော့ ဒရယ်ပြောက် မွေးရန် စဉ်းစားထားခဲ့သော်လည်း နောက်ပိုင်း တောထဲမှ တစ်အုပ်လုံး ရောက်လာသဖြင့် ရွှီယန်က အခြား တစ်ခုခုကို ပြောင်းလဲ မွေးမြူရန် ရည်ရွယ်လိုက်သည်။

မြင်းတစ်ကောင် ဝယ်မည်။

ရွှီယန် မှတ်မိနေသေးသည်မှာ ငယ်စဉ်က အရှေ့မြောက်ဒေသတွင် မြင်းမွေးသူ အလွန် များပြားခဲ့ပြီး မြက်ခင်းပြင် ဒေသများနှင့် အတူတူပင်ဖြစ်ကာ ငယ်စဉ်က မြင်းများ သွားကျောင်းခဲ့ရသည်ကိုပင်။

စိုက်ပျိုးရေး လုပ်ငန်း အများအပြားတွင် နွားများနှင့် မြင်းများကို အသုံးပြုရသောကြောင့် ဖြစ်သည်။

ယခုအခါ စက်ပစ္စည်းများ အသုံးပြုလာကြပြီး ထွန်စက်များ ပေါများလာသဖြင့် မြင်းမွေးသူ နည်းပါးသွားခဲ့ပြီ ဖြစ်သည်။

သို့သော် မြင်းမွေးသူ အချို့တော့ ရှိနေသေးသည်။ အချို့က အသားစားရန်အတွက် မွေးမြူကြပြီး အချို့ကတော့ ကားဝယ်သကဲ့သို့ အပျော်သဘော သက်သက်သာ မွေးမြူကြခြင်း ဖြစ်သည်။

အထူးသဖြင့် လူငယ်များက ပို၍ သဘောကျကြသည်။

အခြေခံအားဖြင့် လယ်ယာခြံဝင်း ဖွင့်လှစ်ထားသော သူဌေးများ သို့မဟုတ် ငွေကြေး တတ်နိုင်သော သူဌေးများ အားလုံးက မြင်းအချို့ မွေးမြူလေ့ ရှိကြသည်။

ရွှီယန် သိထားသည်မှာ မြို့နယ်ထဲမှ သူဌေးသား တစ်ယောက်ဆိုလျှင် မြင်း ခုနစ်ကောင် ရှစ်ကောင်ခန့် မွေးမြူထားပြီး မြင်းစီးကွင်း တစ်ခုပင် တည်ဆောက်ထားကြောင်း ဖြစ်သည်။

ဤအရာက ငွေမရှိလျှင် မွေးမြူနိုင်မည် မဟုတ်ပေ။

ရွှီယန်က ဗီဒီယိုထဲတွင် ကြိုတင် အသိပေးလိုက်သည်။

"ဒီနေ့တော့ အတွင်းမွန်ဂိုလီးယားက မြက်ခင်းပြင်ဘက်ကို သွားပြီး မြင်းတစ်ကောင် ဝယ်မလို့... ကျွန်တော်တို့ ဒီမှာလည်း မြင်း... မြည်း အရောင်းအဝယ် ဈေးကွက် ရှိပါတယ်... သံပန်းတွေနဲ့ ကာထားတဲ့ ဈေးကွက် အကြီးကြီးပဲ... လူတွေက အလယ်ကနေ လျှောက်သွားပြီး မြင်း... မြည်း... လား တွေကို ခြံထဲကနေ ရွေးချယ်ဝယ်ယူလို့ ရတယ်... ဒါပေမဲ့ အကုန်လုံးက အလုပ်လုပ်တဲ့ မြင်းတွေချည်းပဲ... ကျွန်တော်က မြက်ခင်းပြင်ဘက်က မြင်းတွေက ပိုကောင်းမယ်လို့ ထင်လို့ပါ... သေချာပေါက် ကျွန်တော်တို့ ဒီမှာ မွေးမြူထားတဲ့ မြင်းတွေထက် ပိုကောင်းမှာပဲလေ... ဒါကြောင့် သွားကြည့်မလို့ပါ... မြက်ခင်းပြင်ကို ရောက်တာနဲ့ လိုက်ဖ်လွှင့်မယ်နော်... ကျွန်တော်တို့ ပြည်နယ်က မြက်ခင်းပြင်နဲ့လည်း နီးပါတယ်"

ဗီဒီယို တင်လိုက်သည်နှင့် အင်တာနက်သုံးစွဲသူ အများအပြားက ချက်ချင်း တုံ့ပြန်လာကြသည်။

"လောင်ရွှီ ရဲ့ ဘဝက တကယ်ကို လွတ်လပ်ပေါ့ပါးတာပဲ"

"ဟားဟား... ဒါက ပိုက်ဆံ ရှိလာလို့လေ"

"မြင်းတောင် ဝယ်မယ်တဲ့လား... အဲဒါက သူဌေးတွေမှ ကစားတဲ့ အရာလေ"

"ဒီလိုဘဝမျိုးကို ငါ တကယ် အားကျတယ်... အပျော်ဆုံး ကျေးလက်ဘဝပဲ"

ရွှီယန်က ကားမောင်းသွားရန် ရည်ရွယ်ထားသော်လည်း သူ၏ ဗင်ကားဖြင့်တော့ သေချာပေါက် အဆင်မပြေနိုင်သဖြင့် အငှားကားဆိုင်မှ ကားတစ်စီး သွားငှားရမည် ဖြစ်သည်။

အော့ဖ်ရုဒ် တစ်စီးကို တစ်ရက်လျှင် ယွမ် ၅၀၀ ဖြင့် နှစ်ရက် ငှားရမ်းလိုက်သည်။

ကိုယ်တိုင် ကားမောင်း၍ ခရီးသွားသည့် အရသာကိုလည်း ခံစားကြည့်ရမည် မဟုတ်ပါလား။

မကြာမီမှာပင် ရွှီယန်က ကားကို မောင်းနှင်ကာ ရှန်ယန်မှ အတွင်းမွန်ဂိုလီးယား ဘက်သို့ တောက်လျှောက် ထွက်ခွာလာခဲ့သည်။

ရှန်ယန်နှင့် အတွင်းမွန်ဂိုလီးယားတို့က နယ်နိမိတ်ချင်း ဆက်စပ်နေပြီး အမှန်တကယ်တော့ အရှေ့ဘက် မွန်ဂိုလီးယား ဒေသရှိ မြို့အချို့ ဥပမာ ချီဖုန်း နှင့် ထုံလျောင် တို့မှာ အရှေ့မြောက် ယဉ်ကျေးမှုနှင့် ပိုမို နီးစပ်ကြပေသည်။

အနောက်ဘက်သို့ ဆက်သွားမှသာ မြက်ခင်းပြင် ယဉ်ကျေးမှု ရှိပေသည်။

အစပိုင်း ကားမောင်းရသည်မှာ အနည်းငယ် စိတ်လှုပ်ရှားနေသော်လည်း ကြာလာသောအခါ အနည်းငယ် ပင်ပန်းလာတော့သည်။

ထုံလျောင်၊ ခေါအော်ချင် ဘယ်ဘက်နောက်တန်း အလံမှ ချာရီစု မြက်ခင်းပြင် သို့ ရောက်ရှိသွားချိန်တွင်တော့ ရွှီယန်က ကားကို လမ်းဘေးတွင် ရပ်လိုက်ပြီး ဒရုန်းကို လွှတ်တင်ကာ လိုက်ဖ် ဖွင့်လိုက်သည်။

မကြာမီမှာပင် လိုက်ဖ်ထဲရှိ လူအရေအတွက်က လျင်မြန်စွာ တိုးလာတော့သည်။

၄၀၃၊ ၂၄၀၀၊ ၄၀၀၀၊ ၅၀၀၀ ကနေ တဖြည်းဖြည်းနှင့် ၁ သောင်းကျော်အထိ ရောက်ရှိသွားခဲ့သည်။

လိုက်ဖ် မြင်ကွင်းတွင် လိမ္မော်ရောင် အော့ဖ်ရုဒ် ကားတစ်စီးကို လမ်းဘေးတွင် ရပ်တန့်ထားပြီး ရွှီယန်က ကားခေါင်မိုးပေါ်တွင် ထိုင်ကာ အဝေးသို့ ငေးကြည့်နေသည်ကို တွေ့ရသည်။

အဝေးတွင်တော့ ကျယ်ပြန့်သော စိမ်းလန်းသည့် မြက်ခင်းပြင်ကြီး ရှိနေသည်။

ယခုအခါ ဩဂုတ်လ နှောင်းပိုင်းသို့ ရောက်ရှိနေပြီဖြစ်ရာ မြက်ခင်းပြင်ရှိ မြက်များ အသန်စွမ်းဆုံး အချိန်ပင် ဖြစ်သည်။

မြက်ခင်းပြင်က လှပမှု ရှိမရှိ ဆိုသည်မှာလည်း အချိန်အခါအပေါ် မူတည်ပေသည်။

မြက်များ သန်စွမ်းနေချိန်တွင် မြက်ခင်းပြင်က အသီးအနှံများ ရိတ်သိမ်းချိန် ဖြစ်ပြီး နာဒါးမု ပွဲတော်လည်း ရှိသလို နေရာအနှံ့ စိမ်းလန်းနေသဖြင့် လာရောက် လည်ပတ်ရန် တန်ဖိုးရှိပေသည်။

ဆောင်းရာသီ ဝင်ချိန် သို့မဟုတ် နွေဦးပေါက်ချိန် ဆိုပါက မြက်ခင်းပြင်က အနည်းငယ် တုံးတိတိ ဖြစ်နေပြီး မြက်များကလည်း စိပ်စိပ် မပေါက်သေးပေ။

"ဝိုး... မြက်ခင်းပြင်ကို ရောက်နေတာလား"

"လောင်ရွှီက မြက်ခင်းပြင်ပေါ်မှာ ရတနာ သွားရှာမလို့လား"

"အရမ်း လှတာပဲ"

"ကားခေါင်မိုးပေါ်မှာ ဘာလုပ်နေတာလဲ"

ရွှီယန်က မြက်ခင်းပြင်၏ လေညင်းကို ခံစားရင်း မိုက်ကရိုဖုန်းကို ဖွင့်ကာ အားလုံးကို ပြောလိုက်သည်။

"ကားမောင်းရတာ အရမ်းကြာသွားလို့ ဒီပေါ်မှာ ထိုင်ပြီး အမောဖြေနေတာပါ... ဒီခရီးက ကျွန်တော့်ကို တော်တော်လေး ပင်ပန်းစေခဲ့တယ်... ကျွန်တော် အခု ထုံလျောင် က ခေါအော်ချင် ဘယ်ဘက်နောက်တန်း အလံ ကို ဝင်လာပြီး ချာရီစု မြက်ခင်းပြင် ကို ရောက်နေတာပါ... ဒါက မြက်ခင်းပြင် သေးသေးလေး တစ်ခုပါ... ဟူလွန်ဘေးအော် နဲ့ ရှီးလင်ဂေါလေ့ တို့ကိုတော့ မမီပေမယ့် ရှုခင်းတွေကတော့ ခံစားလို့ ကောင်းပါတယ်"

ရွှီယန်က အားလုံးနှင့် စကားစမြည် ပြောနေလိုက်သည်။

ကားမောင်းလျှင် အလွန်အကျွံ မောင်းနှင်ခြင်းကို ရှောင်ကြဉ်ရန် လိုအပ်ပြီး ကြာကြာမောင်းပါက အနားယူပေးရမည် ဖြစ်သည်။

ကားခေါင်မိုးပေါ်တွင် ထိုင်ရခြင်းမှာ မြင်ကွင်း ပိုကောင်းပြီး အဝေးကို မြင်ရသောကြောင့် ဖြစ်သည်။ ထို့အပြင် ဤခံစားချက်က အတော်လေး ကောင်းမွန်လှပေသည်။

"ခေါအော်ချင် ဘယ်ဘက်နောက်တန်း အလံလား... တကယ်ကြီး ဒီနေရာ ရှိတာလား... လောင်ရွှီ မင်း ဂန်ချီခ ပင်မမြို့နယ် မန်တိုရွာ ရွှေဘူးဖလား ကလေး လက်တင်အက ပြိုင်ပွဲ ရှိမရှိ သွားကြည့်လိုက်ပါဦး"

"ဟားဟား... စကားပုံတောင် ဖြစ်နေပြီ... ရွှီကျွန်းချုံ က အဲဒီကနေ လာတာကိုး"

"ဒီနေရာက အရှေ့မြောက်ဒေသရဲ့ အစွန်မှာလား"

"ဒီနေရာက ငါ့ကို ဘယ်ရောက်သွားစေတာလဲ... ပြည်တွင်းမှာပဲ ရှိသေးတာလား"

ကွန်မန့်များက အလွန် စည်ကားနေသည်။

ရွှီယန်က ကားခေါင်မိုးပေါ်တွင် ထိုင်ကာ အမောဖြေနေလိုက်သည်။

ဒီကိုလာပြီး မြင်းဝယ်ရခြင်းမှာလည်း အရင်က ရွာသားတစ်ယောက်က ဒီမှာ ရှိနေပြီး လူက အတော်လေး ယုံကြည်စိတ်ချရကာ ရွှီဟုန်ရှန်းနှင့်လည်း သိကျွမ်းနေသောကြောင့် ဖြစ်သည်။

မြက်ခင်းပြင်က မြင်းများက မကြာခဏ ပြေးလွှားနေရပြီး မျိုးဆက် အဆင့်ဆင့် ပေါက်ဖွားလာသဖြင့် သွေးဆက်က အနည်းငယ် ပိုကောင်းမည်သာ ဖြစ်သည်။

"လောင်ရွှီ... ဘာလို့ မြင်းဝယ်ဖို့ စဉ်းစားလိုက်တာလဲ"

လူတစ်ယောက်က ရွှီယန်ကို မေးလိုက်သည်။

"ကျွန်တော်တို့ဘက်မှာ တကယ်တော့ မြင်းကြိုက်တဲ့သူ အများကြီး ရှိပါတယ်... ဒါပေမဲ့ အများစုက မဝယ်ကြဘူး... ဘာဖြစ်လို့လဲဆိုတော့ တခြား တိရစ္ဆာန်တွေကို မွေးတာက အသားစားဖို့ မဟုတ်ရင် စရိတ်သက်သာတဲ့ အိမ်မွေးတိရစ္ဆာန်တွေ ဖြစ်နေလို့လေ... မြင်း ဆိုတာကတော့ မွေးမယ်ဆိုရင် ကုန်ကျစရိတ်က ကန့်သတ်ချက် မရှိဘူး... ဥပမာ မြင်းတင်းကုပ်ဆိုရင် မြင်းတွေ အိပ်ရတာ သက်သောင့်သက်သာ ဖြစ်အောင် ရက်အနည်းငယ် ကြာတိုင်း ကောက်ရိုးအသစ် လဲပေးရတယ်... ပြီးတော့ မြင်းရဲ့ အစားအသောက် ဆိုရင် နေ့တိုင်း အားဖြည့်စာလည်း ကျွေးရသလို မြက်ခြောက်တွေလည်း ကျွေးရတယ်... အကုန်လုံး ပြင်ဆင်ထားရတာ... မြက်ချည်းပဲ သီးသန့် ကျွေးရင်လည်း ရပေမယ့် ပိုပြီး စရိတ်ကြီးသွားမှာလေ... ကျွန်တော် အခုလေးတင် မြက်တွေ ရောင်းထားတာ ဆိုတော့ မြင်းမွေးဖို့အတွက် မြက်ထုံး နှစ်ထုံး ချန်ထားလိုက်တယ်... ဒါ့အပြင် မြင်းကုန်းနှီး... မြင်းခွာ... မြင်းခွာသံ စတာတွေဆိုရင် ပိုတောင် ပြောစရာ မလိုတော့ဘူး... ကောင်းတဲ့ မြင်းကုန်းနှီး တစ်စုံဆိုရင် ယွမ် တစ်သောင်းလောက် ပေးရတယ်... ဒီအကောင်ကို မွေးတာက ငွေကုန်ပေါက်ပဲ... ဒါကြောင့် အရင်းအနှီး နည်းနည်း ရှိမှ မွေးလို့ ရတာ... ကျွန်တော်ကတော့ ရိုးရိုးရှင်းရှင်း သဘောကျလို့ပါ... လစဉ် ဒီလောက်လေး ကုန်တာလောက်က ပြဿနာ မရှိပါဘူး"

ရွှီယန်က အားလုံးကို ရှင်းပြလိုက်သည်။

လူအတော်များများက မြင်းများအကြောင်းကို မသိကြပေ။ အများဆုံးမှာ ကမ္ဘာလှည့် ခရီးသွား နေရာများရှိ မြင်းကွင်းများတွင်သာ မြင်ဖူးကြခြင်း ဖြစ်သည်။

ယခုအခါ မြင်းများကို တွေ့ရခဲသွားပြီ ဖြစ်ပြီး မြက်ခင်းပြင်များနှင့် ကုန်းပြင်မြင့်များတွင်သာ ပိုမို တွေ့ရတတ်ကာ အချို့နေရာများတွင် မြင်းစီး၍ပင် ကျောင်းသွားကြရသေးသည်။

ရွှီယန်က မိမိအတွက် ကောင်းမွန်သော မြင်းတစ်ကောင် ရွေးချယ်ချင်နေသည်။

မြင်းစီး၍ လယ်ယာခြံဝင်းကို လှည့်လည်စစ်ဆေးရန်လည်း အဆင်ပြေသလို လယ်ယာခြံဝင်း ပတ်ဝန်းကျင်ရှိ နေရာများကို လျှောက်သွားရန်လည်း အဆင်ပြေပေသည်။

သူက အားလုံးနှင့် ခဏမျှ စကားစမြည် ပြောပြီးနောက် ဒရုန်းကို သိမ်းကာ ဆက်လက် ထွက်ခွာလာခဲ့သည်။ ကားမောင်းနေစဉ်တွင်တော့ လိုက်ဖ် မလွှင့်တော့ချေ။

ရွှီယန်က မွေးမြူရေးခြံ တစ်ခုသို့ တောက်လျှောက် ရောက်ရှိလာသည်။ သူက မွေးမြူရေးခြံပိုင်ရှင်နှင့် ကြိုတင် ဆက်သွယ်ထားပြီး သူ မြင်းလာကြည့်မည်ကိုလည်း တစ်ဖက်လူက သိရှိထားသည်။

ရွှီယန်က တစ်ဖက်လူနှင့် စကားအနည်းငယ် ပြောကြည့်လိုက်ရာ ၎င်း၏ မွေးမြူရေးခြံမှာ စုစုပေါင်း မူ ၃၀၀၀ ကျယ်ဝန်းကြောင်း ကြားလိုက်ရသဖြင့် သူ၏ မူ ၁၁၀ ကျယ်ဝန်းသော လယ်ယာခြံဝင်းမှာ သေးငယ်သွားသည်ဟု ချက်ချင်း ခံစားလိုက်ရသည်။ နောက်ပိုင်း ထပ်ချဲ့ရဦးမည် ဖြစ်သည်။

"ခဏနေရင် မြင်းတွေ ပြန်ရောက်လာလိမ့်မယ်... မြင်းပေါက်လေးတွေကို မင်း ကြည့်ပြီး ရွေးလို့ ရတယ်... နောက်ပြီး တစ်နှစ်သား မြင်းတွေလည်း ရတယ်... မြင်းအိုတွေကိုတော့ ကျွန်တော် မရောင်းဘူး... အကောင်းဆုံးကတော့ မြင်းပေါက်လေးတွေကိုပဲ ရွေးတာ ကောင်းပါတယ်"

မွေးမြူရေးခြံပိုင်ရှင်က ရွှီယန်ကို ပြောလိုက်သည်။

"အဲဒါ ပြဿနာ မရှိပါဘူး"

ရွှီယန်က လိုက်ဖ်လွှင့်ခွင့် ရမရ မေးကြည့်လိုက်ရာ မွေးမြူရေးခြံပိုင်ရှင်က လုံးဝ သဘောတူသဖြင့် ရွှီယန်လည်း လိုက်ဖ်ကို နောက်တစ်ကြိမ် ဖွင့်လိုက်သည်။ ဒရုန်းက အဝေးကို ရိုက်ကူးနေသည်။

မကြာမီမှာပင် မြင်းအုပ်ကြီးက မွေးမြူရေးသမား၏ မောင်းနှင်မှုအောက်တွင် ပြန်ရောက်လာကြသည်။

ဤခြံတွင် မြင်း ၂၆ ကောင် ရှိပြီး ၎င်းတို့အနက် ၅ ကောင်က မြင်းပေါက်လေးများ ဖြစ်သည်။

မြင်းအုပ်ကြီး ပြေးလွှားလာသည့် မြင်ကွင်းကို ကြည့်ရင်း ရွှီယန် အတော်လေး ရင်သပ်ရှုမော ဖြစ်သွားရသည်။

လိုက်ဖ်ထဲရှိ လူအရေအတွက်က လျင်မြန်စွာ တိုးလာပြီး အင်တာနက်သုံးစွဲသူ အများအပြားက ဤနေရာတွင် ရပ်နားကာ ကြည့်ရှုနေကြသည်။

"မြင်းတွေ အများကြီးပဲ... ပြေးလာတာ အရမ်း မိုက်တာပဲ"

"ငါလည်း တစ်ကောင်လောက် မွေးချင်တယ်"

"မြက်ခင်းပြင် ရှိတာကို ထားလိုက်ဦး... မင်းမှာ အနည်းဆုံးတော့ ခြံဝင်း တစ်ခု ရှိဖို့ လိုမယ်နော်"

"ဒီအကောင်တွေကို မွေးဖို့က မြေနေရာ ရှိမှ ရမှာ"

"ဒါဆို မဖြစ်နိုင်တော့ဘူး... ငါ့မှာ စတုရန်းမီတာ ခြောက်ဆယ် အကျယ်ရှိတဲ့ အိမ်လေးပဲ ရှိတာ... တွက်ကြည့်ရင် ၀.၁ မူ လောက်ပဲ ရှိတာ... ကိုယ်တိုင် လှုပ်ရှားဖို့တောင် နေရာ သိပ်မလောက်ဘူး"

ကွန်မန့်များက လျင်မြန်စွာ ရွေ့လျားနေသည်။

မကြာမီမှာပင် မြင်းများက မြင်းတင်းကုပ်ထဲသို့ ပြန်ရောက်သွားကြသည်။

ရွှီယန်က မွေးမြူရေးခြံပိုင်ရှင် နောက်သို့ လိုက်ကာ ကြည့်ရှုလိုက်သည်။

မြင်းပေါက်လေးများက မိခင်မြင်းများနှင့်အတူ ရှိနေကြရာ ထိုမြင်ကွင်းကို ကြည့်ပြီး ရွှီယန်လည်း မဝယ်ရက်တော့ပေ။

သို့မဟုတ် ဝယ်မည်ဆိုလျှင် အတူတူ ဝယ်သွားရမည် ဖြစ်သော်လည်း ထိုကဲ့သို့ လူကြမ်းတော့ သူ သေချာပေါက် မလုပ်နိုင်ပေ။

သို့သော် ဤမြင်းပေါက်လေးများကို ကြည့်ရုံဖြင့် အကောင်းအဆိုး ခွဲခြား၍ မရပေ။ အားလုံး ကောင်းနေသယောင် ထင်ရသည်။

မွေးမြူရေးခြံပိုင်ရှင်က သူ့ကို မြင်းကြည့်နည်း အတွေ့အကြုံများ... ဥပမာ ခန္ဓာကိုယ် အချိုးအစား၊ ခြေလက် အချိုးအစား စသည်တို့ကို ရှင်းပြပေးနေသည်။ ဤအရာများကို ရွှီယန် သိရှိနားလည်ထားသည်။

ထိုအချိန်မှာပင် အဝေးမှ မြင်းဟီသံများ ထွက်ပေါ်လာပြန်သည်။

ရွှီယန်က ချက်ချင်းပင် လှည့်ကြည့်လိုက်သည်။

မွေးမြူရေးသမား တစ်ယောက်က မြင်းတစ်ကောင်ကို စီးကာ လက်ထဲတွင် ကြာပွတ် တစ်ချောင်း ကိုင်ထားပြီး အခြား မြင်းတစ်ကောင်ကို အစွမ်းကုန် လိုက်လံ မောင်းနှင်နေသည်ကို တွေ့လိုက်ရသည်။

ထိုမြင်းမှာ တစ်ကိုယ်လုံး မည်းနက်နေပြီး ခန္ဓာကိုယ်က တောင့်တင်းသန်စွမ်းကာ ပြေးလွှားနေချိန်တွင် ခြေထောက်များနှင့် ခန္ဓာကိုယ်မှ ကြွက်သားလိုင်းများက အလွန် ထင်ရှားနေပြီး လည်ပင်းနောက်ရှိ လည်ဆံမွေးများကလည်း လွတ်လပ်စွာ လွင့်ခါနေသည်။

အရမ်း မိုက်ပေသည်။

တစ်ခါတစ်ရံတွင် ဆက်ဆံရေး ဆိုသည်မှာ ဤသို့ပင် ဖြစ်၏။ ပထမအကြိမ် မြင်လိုက်ရုံဖြင့် ခံစားချက် ရှိသွားလျှင် ရှိသွားခြင်းပင် ဖြစ်သည်။

ရွှီယန်က ဤမြင်းနက်ကို ချက်ချင်း သဘောကျသွားတော့သည်။

"ဒီမြင်းက ဘယ်လိုဖြစ်တာလဲ"

"ဒီမြင်းက အသက် တစ်နှစ်ခွဲ ရှိပြီ... စိတ်က အတော်လေး ရိုင်းတယ်... အုပ်စုနဲ့ မရောဘူး... အဲဒါကြောင့် တခြားမြင်းတွေက သူ့ကို ဖယ်ကြဉ်ထားကြတာ... ပုံမှန်ဆိုရင် မြင်းတင်းကုပ်ထဲကိုလည်း ပြန်မဝင်ချင်ဘူး... အဲဒါကြောင့် သူ့ကို မောင်းသွင်းရတာ... သူက အမြဲတမ်း တစ်ကောင်တည်း နေတတ်တယ်... မင်းလည်း သိတဲ့အတိုင်းပဲ... တိရစ္ဆာန်တွေမှာလည်း ကိုယ်ပိုင် စရိုက်လက္ခဏာတွေ ရှိတယ်လေ... ဒီအကောင်က တော်တော်လေး ခေါင်းမာတယ်... ပြီးတော့ တခြားမြင်းတွေနဲ့လည်း ရန်ဖြစ်တတ်သေးတယ်"

မွေးမြူရေးခြံပိုင်ရှင်က ရွှီယန်ကို ရှင်းပြလိုက်သည်။

ရွှီယန် စိတ်ဝင်စားနေသည်ကို သူ ရိပ်မိသွားသဖြင့် မေးလိုက်သည်။

"မင်း သူ့ကို ဝယ်ချင်လို့လား... ဒီတစ်ကောင်ကတော့ တကယ် ရောင်းလို့ ရတယ်... ငါမွေးထားတဲ့ ဒီမြင်းတွေကို အထင်မသေးနဲ့နော်... ဒီမှာ မြင်းစီးကလပ် တစ်ခု ရှိတယ်... တစ်ခါတလေ လူများလို့ မြင်းလိုရင် ငါ့ဆီကနေ လာရွေးကြရတာ... မြင်းစီးကလပ်က မြင်းတွေထက် မညံ့ပါဘူး"

ရွှီယန်က မြက်ခင်းပြင်ပေါ်တွင် ပြေးလွှားနေသော မြင်းနက်ကို ဆက်လက် ကြည့်နေလိုက်သည်။

သူ၏ မူလ အစီအစဉ်ကလည်း ဈေးများများ စုံစမ်းကြည့်ရန်ပင် ဖြစ်သည်။

မြက်ခင်းပြင်က မြင်းများကို အရင် ကြည့်ပြီးမှ သီးသန့် မြင်းမွေးမြူရေးခြံသို့ သွားရောက် ရွေးချယ်မည် ဖြစ်သည်။ အနည်းငယ် နှိုင်းယှဉ်ကြည့်ပြီးမှ မည်သည့် မြင်းကို ဝယ်မည်ကို ဆုံးဖြတ်မည် ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ဤကဲ့သို့သော ကိစ္စများတွင် အလောတကြီး လုပ်၍ မရပေ။

မြင်းမွေးမြူရေးခြံမှ မြင်းများက အကောင်းဆုံး ဖြစ်မည်ဟုပင် သူ ထင်ခဲ့သေးသည်။ မြင်းမွေးမြူရေးခြံ အများစုတွင် ကလပ်တစ်ခု ပါဝင်လေ့ရှိပြီး လူအများအပြားက ထိုနေရာတွင် မြင်းစီး သင်ယူကြသဖြင့် မွေးမြူထားသော မြင်းများက အလွန် ကောင်းမွန်ကြပေသည်။

သို့သော် ယခုအခါ ရွှီယန်၏ အစီအစဉ်များ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ပထမဆုံး မွေးမြူရေးခြံသို့ ရောက်သည်နှင့် အုပ်စုနှင့် မရောသော မြင်းနက် တစ်ကောင်ကို သူ သဘောကျသွားခဲ့သည်။

ရွှီယန်က မြင်းအုပ်ကို တစ်ချက် လှမ်းကြည့်လိုက်ပြန်သည်။

အုပ်စုနှင့် မရောခြင်းက မြင်းတွင် ပြဿနာ ရှိနေခြင်းကြောင့် မဟုတ်ဘဲ ပတ်ဝန်းကျင်ကြောင့်လည်း ဖြစ်နိုင်ပေသည်။

ခေါင်းမာရခြင်း၏ အကြောင်းရင်းမှာ မာနကြီးသောကြောင့် ဖြစ်နိုင်ပြီး ဤမြင်းနက်က အခြားမြင်းများနှင့် အတူ နေထိုင်ရသည်ကို မနှစ်သက်သဖြင့် ပြန်မဝင်ချင်ခြင်း ဖြစ်ပေမည်။

အသက် တစ်နှစ်ခွဲဆိုသည်မှာ မြင်းတစ်ကောင်အတွက် အကောင်းဆုံး အရွယ်ဖြစ်ပြီး ပြေးနှုန်း အလွန် မြန်ဆန်လှသည်။

ပို၍ အရေးကြီးသည်မှာ ဤမြင်းက တကယ်ကို ကြည့်ကောင်းလွန်းလှပေသည်။

ပြေးလွှားနေသည့် ပုံစံက အလွန် ဆွဲဆောင်မှု ရှိလွန်းလှသည်။

ရွှီယန် မြင်းရွေးရာတွင် သေချာပေါက် ကြည့်ကောင်းသော မြင်းကိုသာ ရွေးချယ်ချင်သည် မဟုတ်ပါလား။

"ဒီတစ်ကောင်ပဲ ထားလိုက်... ခဏနေရင် ကျွန်တော် သေချာ ကြည့်လိုက်ဦးမယ်"

"ဟုတ်ပြီ... အဲဒီအချက်ကိုတော့ မင်း စိတ်ချလို့ ရတယ်... ဒီမြင်းရဲ့ ကိုယ်ခံအားက အရမ်း ကောင်းတယ်... ဘာပြဿနာမှ မရှိဘူး... အရင်က မြင်းစီးကလပ်ကလည်း ဒီမြင်းရဲ့ အခြေအနေကို လာမေးဖူးတယ်... ဒါပေမဲ့ အုပ်စုနဲ့ မရောလို့ မွေးရခက်တယ် ဆိုပြီး လောလောဆယ် မယူသွားသေးတာ... စွမ်းရည်ပိုင်း အရဆိုရင်တော့ ဒီအကောင်က တော်တော်လေး စွမ်းတယ်... မင်းသာ သူ့ကို နိုင်အောင် ထိန်းနိုင်ရင် သေချာပေါက် မြင်းကောင်း တစ်ကောင် ဖြစ်လာမှာပဲ"

မွေးမြူရေးခြံပိုင်ရှင်က ပြန်ပြောလိုက်သည်။

မြင်း အများစုမှာ စိတ်သဘောထား နူးညံ့ကြသော်လည်း အချို့သော မြင်းရိုင်းများကိုတော့ အနိုင်ယူ ထိန်းချုပ်နိုင်မှသာ ရမည် ဖြစ်သည်။

မဟုတ်ပါက မာနကြီးလာပြီး အလွန် ခေါင်းမာတတ်ပေသည်။

ရွှီယန်က မြင်းနက်ကို ကြည့်လိုက်သော်လည်း အနည်းငယ်မျှပင် မစိုးရိမ်ပေ။

သူ၏ လက်ရှိ ကိုယ်ခံအားဖြင့်ဆိုလျှင် မြင်းရိုင်း တစ်ကောင်ကို စီးရန်မှာ ပြဿနာ ကြီးကြီးမားမား မရှိနိုင်ပေ။

All Chapters