← Chapters

အခန်း ၁၁၂

Vol. 12 Ch. 112

အခန်း ၁၁၂

Vol. 12 Ch. 112

အခန်း (၁၁၂) တိုက်မိခြင်း

သုံးရက်တာ အချိန်မှာ အလွန်လျင်မြန်စွာ ကုန်ဆုံးသွားလေသည်။

ထိုကာလအတွင်း မည်သည့် မတော်တဆမှုမျှ မဖြစ်ပွားခဲ့ဘဲ ဆွန်ဖုန်းသည် ရေနံစိမ်း တန်ချိန် ၁၂ သန်းကို လျင်မြန်စွာ ထပ်မံ တူးဖော်နိုင်ခဲ့လေသည်။

အဓိကအကြောင်းရင်းမှာ ရေငုပ်စစ်ဝတ်စုံက အကာအကွယ် စက်ကွင်းကို ဖွင့်ထားသောကြောင့် ဖြစ်သည်။ ဤသို့ဆိုလျှင် မည်သို့သော ပြဿနာမှ ဖြစ်လာနိုင်မည်နည်း။

ဤသုံးရက်အတွင်း မိုက်ကယ်မှာ ငလျင်ဟု ယူဆရသော တုန်ခါမှုများကို ထပ်မံ မခံစားရတော့သဖြင့် သူ၏စိတ်များ အနည်းငယ် သက်သာရာ ရသွားခဲ့လေသည်။

ထိုကဲ့သို့သော ကိစ္စမျိုး ထပ်မဖြစ်ရန်လည်း သူ မျှော်လင့်နေမိသည်။

ထိုရက်များအတွင်း သူသည် ရေနံစင်မြင့်၏ အောက်ခြေ အုတ်မြစ် အခြေအနေကို လူလွှတ်၍ ထပ်မံ စစ်ဆေးခိုင်းခဲ့လေသည်။ သို့သော် ရရှိလာသော အဖြေမှာ အောက်ခြေတွင် အားလုံး ပုံမှန်ဖြစ်နေသည် ဟူ၍သာ ဖြစ်လေသည်။

မိုက်ကယ်သည် လက်မလျှော့သေးဘဲ အလုပ်သမားများနှင့် အင်ဂျင်နီယာများကို စုစည်းကာ ရေနံစင်မြင့်၏ တည်ဆောက်ပုံများ၊ ပင်မတိုင်ကြီးများနှင့် ဆက်သွယ်ထားသော နေရာ အသီးသီးကို အကြီးအကျယ် စစ်ဆေးစေခဲ့လေသည်။

သို့သော် ရေနံစင်မြင့်ပေါ်တွင် မည်သည့် ပြဿနာကြီးကြီးမားမားမျှ မတွေ့ရှိခဲ့ရသလို လျှို့ဝှက်အန္တရာယ်များလည်း မရှိကြောင်း တွေ့ရှိခဲ့ရလေသည်။

"ကြည့်ရတာ ဒီကိစ္စကို သိပ္ပံနည်းကျ ရှင်းပြဖို့ မဖြစ်နိုင်တော့ဘူး ထင်တယ်"

မိုက်ကယ်သည် လက်အောက်ငယ်သားများ၏ အစီရင်ခံစာကို ရရှိပြီးနောက် တီးတိုးရေရွတ်လိုက်လေသည်။

ဆွန်ဖုန်းသည် ရေနံစိမ်း တန်ချိန် ၁၂ သန်းကို တူးဖော်ရရှိပြီးနောက် ပါလာဝမ်ကျွန်းတွင် ဆက်မနေတော့ဘဲ ဟိုင်ယန်မြို့သို့ အနားမယူဘဲ ချက်ချင်း ပြန်လာခဲ့လေသည်။

ထို့နောက် ရေအောက် တူးဖော်ရေး စနစ်ကြီးကို အားသွင်းလိုက်လေသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ပါလာဝမ်ကျွန်းသို့ တတိယအကြိမ် ရေနံသွားတူးရန် အစီအစဉ် ရှိနေသောကြောင့် ဖြစ်လေသည်။

တစ်ပတ်တာ အချိန်မှာ အလွန်လျင်မြန်စွာ ကုန်ဆုံးသွားလေသည်။ ဆွန်ဖုန်း၏ ရေအောက် တူးဖော်ရေး စနစ်ကြီးမှာလည်း ထပ်မံ အားပြည့်သွားပြီဖြစ်ရာ ရေနံများကို ထပ်မံ တူးဖော်နိုင်ပြီ ဖြစ်လေသည်။

ဆွန်ဖုန်းသည် ပါလာဝမ်ကျွန်း ပင်လယ်ပြင်ရှိ ထိုရေနံမြေသို့ တတိယအကြိမ်မြောက် ရောက်ရှိလာခဲ့လေသည်။

လက်ရှိအချိန်တွင် ဆွန်ဖုန်းသည် ရေနံစိမ်း တန်ချိန် ၂၄ သန်းကို ရရှိထားပြီး ဖြစ်လေသည်။ ဤတစ်ပွဲကိုသာ ထပ်မံ အောင်မြင်ပါက သူသည် ရေနံစိမ်း တန်ချိန် ၃၆ သန်းကို ရရှိသွားမည် ဖြစ်လေသည်။

"အကာအကွယ် စက်ကွင်းကို ဖွင့်လိုက် သိုလှောင်ရုံထဲက တူးဖော်ရေး စက်ကိရိယာတွေကို ထုတ်ပြီး တူးဖော်မှု စတင်လိုက်တော့"

ဆွန်ဖုန်းက အသံလက်ထောက်ကို အမိန့်ပေးလိုက်လေသည်။

"ဟုတ်ကဲ့ပါ ပိုင်ရှင်"

မကြာမီမှာပင် ရေငုပ်စစ်ဝတ်စုံက အကာအကွယ် စက်ကွင်းကို ဖွင့်ချလိုက်လေသည်။

တူးဖော်ရေး စက်ကိရိယာများမှာလည်း နေရာအနှံ့ ဖြန့်ကျက်သွားကြပြီး မိမိတို့၏ နေရာ အသီးသီးကို ရှာဖွေကာ တူးဖော်ရေး လုပ်ငန်းများကို စတင် လုပ်ဆောင်ကြလေတော့သည်။

"ဝုန်း ဝုန်း"

ဧရာမ ရေနံစုပ်ပိုက်ကြီး ၄၀ ခုသည် မြေကြီးထဲသို့ ထပ်မံ ထိုးသွင်းလိုက်ကြပြီး ကျောက်လွှာများကို ဖောက်ထွင်းကာ ရေနံကြောထဲသို့ တိုက်ရိုက် ရောက်ရှိသွားကြလေသည်။

နောက်တစ်စက္ကန့်တွင် အမည်းရောင် ရေနံစိမ်းများကို ရေနံစုပ် စက်ကိရိယာ ၄၀ လုံးက အပေါ်သို့ စုပ်ယူလိုက်ကြလေသည်။

ထို့နောက် ပိုက်လိုင်းများမှတစ်ဆင့် အလယ်အလတ် စခန်းသို့ သယ်ယူပို့ဆောင်ကာ သိုလှောင်ရုံ အတွင်းသို့ သိမ်းဆည်းလိုက်ကြလေသည်။

ဤတစ်ကြိမ် ရေနံစုပ်ပိုက်များ မြေအောက်သို့ ထိုးသွင်းလိုက်မှုကြောင့် ခဏတာမျှ ပြင်းထန်သော တုန်ခါမှုကြီး တစ်ခုကို ထပ်မံ ဖြစ်ပေါ်စေခဲ့လေသည်။

ထိုတုန်ခါမှုမှာ အနီးနားရှိ ရေနံစင်မြင့်ပေါ်သို့ ထပ်မံ ရောက်ရှိသွားလေတော့သည်။

ရေနံစင်မြင့်ပေါ်တွင်။

ကုန်းပတ်ပေါ်၌ လုပ်ငန်းခွင်ကို စစ်ဆေးနေသော မိုက်ကယ်သည် သူ၏ ခြေအောက်မှ လာသော တုန်ခါမှု အနည်းငယ်ကို ထပ်မံ ခံစားလိုက်ရလေသည်။ သူ၏ မျက်လုံးများမှာ လေးနက်တည်ကြည်သွားလေသည်။

"နောက်ထပ် တုန်ခါမှု အသေးစားလေးတစ်ခု ထပ်လာပြန်ပြီ"

မိုက်ကယ်က ပြောလိုက်လေသည်။ ထိုနေရာတွင် ရှိနေသော လူတိုင်းကလည်း ထိုတုန်ခါမှုကို ခံစားလိုက်ကြရလေသည်။ လူတိုင်းက မိုက်ကယ်ကို ကြည့်ရင်း တိတ်ဆိတ်နေကြလေသည်။

"ဘော့စ် ဒီတုန်ခါမှုက တကယ်ကို ပုံမှန် ဖြစ်နေတာပဲ တစ်ပတ်ကို တစ်ခါလောက် လာတယ်"

"အင်း ဖာ့ခ် တကယ်တမ်း ဘာတွေ ဖြစ်နေတာလဲ"

မိုက်ကယ်သည် သူ၏ စိတ်များ ပေါက်ကွဲထွက်လုမတတ် ဖြစ်သွားသည်ကို သတိထားမိလိုက်ပြီး အနည်းငယ် ဒေါသတကြီးဖြင့် ပြောလိုက်လေသည်။

...

ထိုသို့ဖြင့် လဝက်ကျော်ခန့် အချိန် ကုန်ဆုံးသွားခဲ့လေသည်။

တစ်ချိန်တည်းမှာပင် ဆွန်ဖုန်းသည် ပါလာဝမ်ကျွန်း ပင်လယ်ပြင်ရှိ ဤရေနံမြေသို့ ၄ ကြိမ်တိုင်တိုင် လာရောက် ခိုးယူနိုင်ခဲ့လေသည်။ လက်ရှိတွင် သူသည် ရေနံစိမ်း တန်ချိန် ၄၈ သန်းကို ရရှိထားပြီး ဖြစ်လေသည်။

ပင်လယ်ကြမ်းပြင် အောက်တွင်။

ဆွန်ဖုန်းသည် တူးဖော်ရေး စက်ကိရိယာများနှင့် စက်ရုပ်များကို ထပ်မံ ထုတ်လွှတ်လိုက်ပြီး ထိုစက်များကို အလုပ်စတင်စေရန် အသံလက်ထောက်အား အမိန့်ပေးလိုက်လေသည်။

"ဒီတစ်ပွဲ ပြီးသွားရင် ငါ့ဆီမှာ ရေနံစိမ်း တန်ချိန် သန်း ၆၀ ရှိသွားပြီပေါ့"

ဆွန်ဖုန်းက ရယ်မောကာ ပြောလိုက်လေသည်။

"ဝုန်း ဝုန်း"

"တူးဖော်ကြစမ်း တူးဖော်ကြစမ်း"

...

ရေနံစင်မြင့်ပေါ်တွင်။

မိုက်ကယ်သည် ကုန်းပတ်ပေါ်ရှိ တုန်ခါမှု အနည်းငယ်ကို ထပ်မံ ခံစားလိုက်ရပြန်လေသည်။ ဤသည်မှာ ဤလအတွင်း သူ ပဉ္စမအကြိမ် ခံစားရခြင်း ဖြစ်လေသည်။ အကြိမ်တိုင်းတွင် တစ်ပတ်ခန့် ခြားပြီး ဖြစ်ပေါ်လေ့ရှိရာ ၅ ကြိမ် ဆက်တိုက် ဤအတိုင်းပင် ဖြစ်လေသည်။

"ဂျက်စ်"

မိုက်ကယ်သည် မလှမ်းမကမ်းရှိ လုပ်ငန်းခွင် ကြီးကြပ်ရေးမှူးကို အော်ခေါ်လိုက်လေသည်။

"ဘာကိစ္စလဲ ဘော့စ်"

ဂျက်စ်သည် တရိုတသေဖြင့် ပြေးလာကာ မေးလိုက်လေသည်။

"အခုချက်ချင်း လူတွေ စုလိုက် ငါကိုယ်တိုင် ပင်လယ်ထဲ ဆင်းပြီး အနီးနားမှာ ဘာတွေ ဖြစ်နေလဲဆိုတာ သွားကြည့်မယ် ဒီတစ်ခေါက် ငါတို့က ရေနံစင်မြင့်ရဲ့ အောက်ခြေ အုတ်မြစ်ကို စစ်ဆေးရုံတင်မကဘူး ပတ်ဝန်းကျင် ပင်လယ်ပြင် အခြေအနေကိုပါ သေချာ စစ်ဆေးရမယ်"

မိုက်ကယ်က ဆုံးဖြတ်ချက်ချကာ ပြောလိုက်လေသည်။ ဤပြဿနာကိုသာ မဖြေရှင်းနိုင်ပါက သူ ထမင်းစား၍ မြိန်မည်မဟုတ်သလို အိပ်၍လည်း ပျော်မည် မဟုတ်ချေ။

"ကောင်းပါပြီ"

မကြာမီမှာပင် ဂျက်စ်သည် လူတစ်စုကို စုစည်းလိုက်လေသည်။

ထိုအဖွဲ့တွင် ပရော်ဖက်ရှင်နယ် ရေငုပ်သမားများ၊ ရေငုပ် ကိရိယာများ၊ ရေအောက် စက်ရုပ်များနှင့် ရေအောက် ရှာဖွေရေး ရေငုပ်သင်္ဘောငယ်များ ပါဝင်လေသည်။

အထူးသဖြင့် ရေအောက် ရှာဖွေရေး ရေငုပ်သင်္ဘောငယ်များမှာ ရေငုပ်သင်္ဘော အစစ်များကဲ့သို့ ရေအောက်တွင် လွတ်လပ်စွာ သွားလာနိုင်စွမ်း ရှိလေသည်။

မိုက်ကယ်သည် အားလုံး အသင့်ဖြစ်နေသည်ကို မြင်သောအခါ ရေအောက် ရှာဖွေရေး ရေငုပ်သင်္ဘောငယ်ပေါ်သို့ တက်လိုက်လေသည်။ ထို့နောက် ယာဉ်မောင်းအား ပင်လယ်ကြမ်းပြင်သို့ ငုပ်လျှိုးရန် အမိန့်ပေးလိုက်လေသည်။

အခြားသော ရှာဖွေရေး ရေငုပ်သင်္ဘောများလည်း တစ်စင်းပြီးတစ်စင်း ပင်လယ်ထဲသို့ ငုပ်လျှိုးသွားကြလေသည်။

မိုက်ကယ်သည် လူအင်အားကို စုစည်းကာ အုတ်မြစ်နှင့် အနီးနားရှိ ပင်လယ်ကြမ်းပြင်ကို သေချာစွာ ရှာဖွေစစ်ဆေးရန် ကိုယ်တိုင် ကြီးကြပ်နေလေသည်။

"သတင်းပို့ပါတယ် ဘော့စ် အုတ်မြစ်က ခိုင်မာပါတယ်"

"သတင်းပို့ပါတယ် ဘော့စ် အနီးနားက မြေပြင်မှာလည်း ပြိုကျနေတဲ့ လက္ခဏာမျိုး မတွေ့ရပါဘူး"

"သတင်းပို့ပါတယ် ဘော့စ် အနီးနားမှာ ဧရာမ ပင်လယ် သတ္တဝါကြီးတွေလည်း မတွေ့ရပါဘူး"

မိုက်ကယ်သည် လက်အောက်ငယ်သားများထံမှ အသံတို ရေဒီယိုမှတစ်ဆင့် ဝင်လာသော အစီရင်ခံစာများကို နားထောင်ရင်း မျက်မှောင် အလွန်ကြုတ်သွားလေသည်။

'ကြည့်ရသည်မှာ ထိုတုန်ခါမှုများကို တကယ်ပဲ စုံစမ်း ဖော်ထုတ်၍ မရနိုင်တော့ဘူးလား' ဟု သူ တွေးနေမိလေသည်။

"ဘော့စ် ငလျင်ကြောင့် ဖြစ်တဲ့ တုန်ခါမှု အသေးစားလေးတွေကလွဲရင် ကမ္ဘာ့မြေလွှာ လှုပ်ရှားမှုကြောင့်လည်း ဖြစ်နိုင်တယ် ဒါပေမယ့် အရင်တစ်ခေါက်က ကျွမ်းကျင်ပညာရှင်တွေ ပြောသွားတာတော့ ကမ္ဘာ့မြေလွှာ လှုပ်ရှားတာလည်း မဟုတ်ဘူး ငလျင်လည်း မဟုတ်ဘူးဆိုတော့ အခု ကျန်တာ တစ်ခုပဲ ရှိတော့တယ် အဲဒါက ပင်လယ်အောက်က မီးတောင်ရှင်ပဲ"

ဂျက်စ်သည် မိုက်ကယ်နှင့် ရေငုပ်သင်္ဘော တစ်စင်းတည်း အတူစီးလာခြင်း ဖြစ်ပြီး ခဏမျှ စဉ်းစားပြီးနောက် မိုက်ကယ်ကို ပြောလိုက်လေသည်။

"အင်း မင်းပြောတာလည်း ဟုတ်တာပဲ ညီအစ်ကိုတွေကို အနီးနားမှာ လူစုခွဲပြီး ရှာကြည့်ခိုင်းလိုက် အနီးနား ပင်လယ်ပြင်မှာ မီးတောင်တွေ ဘာတွေ ရှိမရှိ သေချာ ကြည့်ခိုင်းလိုက်"

မိုက်ကယ်က ခေါင်းညိတ်ကာ ပြောလိုက်လေသည်။

"ဟုတ်ကဲ့ပါ"

မကြာမီမှာပင် ဂျက်စ်က အမိန့်ပေးလိုက်လေသည်။

ထို့နောက် ရှာဖွေရေး ရေငုပ်သင်္ဘော ၅ စင်းသည် အရပ်လေးမျက်နှာသို့ လူစုခွဲကာ ထွက်ခွာသွားကြလေသည်။

ဆယ်မိနစ်ကျော် အကြာတွင် ဆက်သွယ်ရေး လိုင်းပေါ်မှ ရုတ်တရက် အလန့်တကြား အော်ဟစ်သံ တစ်ခု ထွက်ပေါ်လာလေသည်။

"အိုးမိုင်ဂေါ့ဒ် ငါတို့ ဘာနဲ့ တိုက်မိသွားတာလဲ ငါတို့ရဲ့ ရှာဖွေရေး ရေငုပ်သင်္ဘောက အမည်မသိ အရာဝတ္ထု တစ်ခုနဲ့ တိုက်မိပြီး ပျက်စီးသွားပြီ အခုချက်ချင်း အပေါ်တက် အခုချက်ချင်း အပေါ်တက် မဟုတ်ရင် အန္တရာယ် ရှိတယ်"

မိုက်ကယ်သည် ထိုအလန့်တကြား အော်ဟစ်သံကို ကြားသောအခါ စိတ်ထဲတွင် လန့်သွားပြီး စိုးရိမ်တကြီးဖြင့် မေးလိုက်လေသည်။

"ဝီလျံ ဘာတွေ ဖြစ်ကုန်တာလဲ မင်းတို့ ဘာနဲ့ တိုက်မိသွားတာလဲ"

ဤအချိန်တွင် မိုက်ကယ်မှာ အလွန် စိုးရိမ်ပူပန်နေပြီး အလွန်လည်း စိတ်လှုပ်ရှားနေလေသည်။ ဝီလျံတို့၏ ရေငုပ်သင်္ဘောသည် တကယ်တမ်း မည်သည့်အရာနှင့် တိုက်မိသွားသနည်း ဆိုသည်ကို သူ အလွန် သိချင်နေလေသည်။

"ဘော့စ် ကျွန်တော်တို့လည်း မသိဘူး အရှေ့ဘက်ကို ကြည့်တော့လည်း ဘာမှ မရှိပါဘူး ဒါပေမယ့် ရုတ်တရက်ကြီး တစ်ခုခုနဲ့ သွားတိုက်မိသလို ခံစားလိုက်ရတယ် ဟုတ်တယ် နံရံတစ်ခုကို ဝင်တိုက်မိသလိုပဲ ကျွန်တော်တို့ ရေငုပ်သင်္ဘောကို အပေါ် ပြန်တက်မှ ရတော့မယ် မဟုတ်ရင် ရေတွေ ဝင်လာတော့မယ်"

တစ်ဖက်မှ ဝီလျံမှာ အနည်းငယ် ကယောင်ကတမ်းဖြင့် ပြောနေလေသည်။

"ကောင်းပြီ ကောင်းပြီ မင်းတို့ အရင်ဆုံး အပေါ်ကို တက်ကြ လုံခြုံရေးက ပထမပဲ"

မိုက်ကယ်က လေးနက်တည်ကြည်စွာ ပြောလိုက်လေသည်။ လက်ရှိတွင် သူတို့သည် ပင်လယ်ကြမ်းပြင် အောက်၌ ရှိနေခြင်း ဖြစ်ရာ ကစားစရာ ကိစ္စ မဟုတ်ချေ။

အကယ်၍ ရေငုပ်သင်္ဘောထဲသို့ ရေဝင်သွားပါက အသက်အန္တရာယ် ရှိနိုင်လေသည်။ အလုပ်သမား တစ်ယောက်ယောက် သေဆုံးသွားပါက သူလည်း တာဝန်ယူရမည် မဟုတ်ပါလား။

"ဘော့စ် သူတို့ ဘာနဲ့ တိုက်မိသွားတာလဲ"

ဘေးမှ ဂျက်စ်ကလည်း စိုးရိမ်တကြီးဖြင့် မေးလိုက်လေသည်။

"ငါလည်း မသိဘူး သူတို့ ပြောတာကတော့ ရှေ့မှာ ဘာမှမရှိဘဲနဲ့ တစ်ခုခုကို ဝင်တိုက်မိသလို ဖြစ်သွားတာတဲ့ နံရံတစ်ခုကို ဝင်တိုက်မိသလိုမျိုး ခံစားရတယ်တဲ့"

မိုက်ကယ်၏ မျက်နှာတွင် အံ့ဩသံသယဖြစ်မှုများ အပြည့် ရှိနေလေသည်။

သူတို့ တကယ်တမ်း ဘာနှင့် ကြုံတွေ့ခဲ့ရသည်ကို သူ အတိအကျ မသိသော်လည်း ဤကိစ္စမှာ ထိုလျှို့ဝှက်ဆန်းကြယ်သော တုန်ခါမှု ၅ ကြိမ်နှင့် သေချာပေါက် သက်ဆိုင်နေမည်ဟု သူ ယုံကြည်နေလေသည်။

တကယ်တမ်းတွင် မိုက်ကယ်တို့ မသိခဲ့သည်မှာ သူတို့သည် ရေငုပ်စစ်ဝတ်စုံက ဖွင့်ထားသော အကာအကွယ် စက်ကွင်းကို သွားရောက် တိုက်မိခြင်းပင် ဖြစ်လေသည်။

အကာအကွယ် စက်ကွင်းဆိုသည်မှာ တကယ်တော့ စွမ်းအင် အကာအကွယ်လွှာ တစ်ခု ဖြစ်ပြီး သာမန် မျက်စိဖြင့် မမြင်နိုင်ချေ။ အရောင်မဲ့ ဖန်သားပြင် တစ်ခုကဲ့သို့ တည်ရှိနေခြင်း ဖြစ်လေသည်။

ထိုအကာအကွယ် စက်ကွင်းမှာ အလွန် မာကျောခိုင်ခံ့လှပြီး ဒုံးကျည်များဖြင့် ပစ်ခတ်လျှင်ပင် ဖောက်ထွင်းနိုင်မည် မဟုတ်ချေ။ ဤကဲ့သို့ လူစီး ရေငုပ်သင်္ဘောငယ်လေးများ ဆိုလျှင် ပို၍ပင် ပြောစရာ မလိုတော့ချေ။

All Chapters