အခန်း ၁၁၇
Vol. 12 Ch. 117
အခန်း (၁၁၇) လက်ဆောင်
တောင်တရုတ်ပင်လယ် ခရီးစဉ် ပြီးဆုံးသွားပြီ ဖြစ်ရာ ဆွန်ဖုန်းသည် ကနေဒါသို့ ပြန်ရန် ရည်ရွယ်လိုက်လေသည်။ ဤတစ်ခေါက် ခရီးစဉ်တွင် ဆွန်ဖုန်းသည် ရေနံစိမ်း တန်ချိန် သန်း ၅၀ ကို ရရှိခဲ့ရာ အလွန်ကြီးမားသော စည်းစိမ်ဥစ္စာကြီး တစ်ခုပင် ဖြစ်လေသည်။
ဟိုင်ယန်မြို့ရှိ သံမဏိစက်ရုံသစ်မှာ ဆောက်လုပ်ဆဲ ဖြစ်ပြီး ပြီးစီးရန် လအနည်းငယ် လိုသေးသဖြင့် ဆွန်ဖုန်းအနေဖြင့် ဟိုင်ယန်မြို့တွင် ဆက်နေပြီး အလုပ်များကို ကြီးကြပ်ရန် မလိုအပ်တော့ချေ။ ကုမ္ပဏီမှ မန်နေဂျာ တစ်ယောက်ကိုသာ တာဝန်ပေးထားလိုက်လျှင် အဆင်ပြေပြီ ဖြစ်လေသည်။
လျန်ယင်းသည်လည်း ဟိုင်ယန်မြို့တွင် ဆက်နေရန် မလိုအပ်တော့သဖြင့် ဆွန်ဖုန်းက သူမကို ကနေဒါသို့ လိုက်ခဲ့ရန် တိုက်ရိုက် ခေါ်ယူလိုက်လေသည်။ လက်ရှိအချိန်တွင် ဆွန်ဖုန်း၌ သူ ယုံကြည်ရသော လူအင်အား အလွန် နည်းပါးနေပြီး ရှေ့ဆက်၍ ရေနံလုပ်ငန်းသို့ ဝင်ရောက်မည် ဖြစ်ရာ ယုံကြည်စိတ်ချရသော သူများ၏ အကူအညီ လိုအပ်နေသောကြောင့် ဖြစ်လေသည်။
လျန်ယင်းကလည်း မငြင်းဆန်ဘဲ ဆွန်ဖုန်း၏ အစီအစဉ်ကို လက်ခံလိုက်လေသည်။ အဘယ်ကြောင့်ဆိုသော် ဆွန်ဖုန်း အနီးအနားရှိ အမျိုးသမီးများ အားလုံးမှာ ကနေဒါတွင် ရှိနေကြပြီး သူမ တစ်ယောက်တည်း ဟိုင်ယန်မြို့တွင် နေခဲ့ရပါက ပျင်းစရာ ကောင်းနေမည် မဟုတ်ပါလား။
မကြာမီ ဆွန်ဖုန်းနှင့် လျန်ယင်းတို့သည် ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့သို့ ရောက်ရှိလာကြလေသည်။
ဆွန်ဖုန်းသည် ဝူမန်ရှင်းကို လေဆိပ်သို့ လာကြိုရန် ပြောထားသော်လည်း သူနှင့် လျန်ယင်းတို့ လေဆိပ်မှ ထွက်လာချိန်တွင် ဝူမန်ရှင်း မဟုတ်ဘဲ ဟွမ်ကျားချန် ရောက်နေသည်ကို အံ့ဩဖွယ် တွေ့လိုက်ရလေသည်။
"ဟင် ဘယ်လိုဖြစ်လို့ မင်း ရောက်နေတာလဲ"
ဆွန်ဖုန်းသည် ခရီးဆောင်အိတ်ကို ဆွဲကာ ဟွမ်ကျားချန်၏ ရှေ့သို့ သွား၍ မေးလိုက်လေသည်။ သူမ တရုတ်ပြည်သို့ မပြန်သေးဘဲ ဗန်ကူးဗားတွင် လည်ပတ်နေဆဲ ဖြစ်လိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။
"ဝူမန်ရှင်းက စူးမေးကို ကူညီဖို့ ရီယာဒ်မြို့ကို သွားရလို့ ကျွန်မ လာကြိုရတာပေါ့"
ဟွမ်ကျားချန်က ရယ်မောကာ ပြန်ဖြေလေသည်။
"လာ သွားမယ် ကားပေါ်ရောက်မှ ပြောကြတာပေါ့"
သုံးယောက်သား ကားပေါ် ရောက်ပြီးနောက် ဟွမ်ကျားချန်သည် စကားတွေ တရစပ် ပြောတော့လေသည်။
ဗန်ကူးဗားက ဘယ်လောက် ပျော်စရာ ကောင်းကြောင်း၊ အထူးသဖြင့် ဆွန်ဖုန်း၏ အပန်းဖြေကျွန်းလေး အကြောင်းတွေကို ပြောပြနေလေသည်။ သူမသည် ဟယ်မင်ယီနှင့် အမြဲ အတူရှိနေပြီး ဈေးဝယ်ထွက်ခြင်း၊ အပန်းဖြေခြင်း၊ ပျော်ပါးခြင်းများဖြင့် အချိန်ကုန်ဆုံးနေကာ အိမ်ပြန်ချင်စိတ်ပင် မရှိတော့ကြောင်း ပြောလေသည်။
"မင်း ငါ့မိန်းမကို ခေါ်ပြီး လျှောက်မလည်နဲ့နော် သူ မီးဖွားဖို့ လအနည်းငယ်ပဲ လိုတော့တာ တစ်ခုခု ဖြစ်ရင် မင်း တာဝန်ယူနိုင်လို့လား"
ဆွန်ဖုန်းသည် ဟွမ်ကျားချန်၏ တစ်လတာအတွင်း အလွန်အမင်း ပျော်ပါးခဲ့ပုံများကို ကြားပြီးနောက် ဒေါသထွက်သွားလေသည်။
ဆွန်ဖုန်းက သူမကို ဒေါသတကြီး စိုက်ကြည့်နေသည်ကို မြင်သောအခါ ဟွမ်ကျားချန်က နှုတ်ခမ်းမဲ့ကာ ပြန်ပြောလေသည်။
"တာဝန် မယူနိုင်စရာ ဘာရှိလို့လဲ အလွန်ဆုံး ကျွန်မက ရှင့်အတွက် ကလေးတစ်ယောက် ပြန်မွေးပေးမယ်လေ"
"ဟီးဟီး မင်းပြောတာ တကယ်လား"
ဆွန်ဖုန်း၏ မျက်နှာပေါ်တွင် မာယာပါသော အပြုံးတစ်ခု ပေါ်လာလေသည်။
ဟွမ်ကျားချန်သည် စကားကို မစဉ်းစားဘဲ လွှတ်ခနဲ ပြောလိုက်မိမှန်း ယခုမှ သတိထားမိသွားပြီး နောင်တရသွားကာ သူမ၏ မျက်နှာလေးမှာ နီရဲသွားလေသည်။
"နောက်နေတာပါ ရှင်က တကယ်မှတ်နေတာလား ရှင့်လိုလူမျိုးကို အလကားပေးရင်တောင် မယူဘူး ဟွန်း"
ဟွမ်ကျားချန်က ဆွန်ဖုန်းကို မျက်စောင်းထိုးလိုက်လေသည်။
"ဟွန်း ငါလည်း မင်းကို သဘောမကျပါဘူး ငါ့ရဲ့ လျန်ယင်းလေးနဲ့ပဲ ကလေး ယူတော့မယ်"
ဆွန်ဖုန်းက လှည့်ကာ လျန်ယင်းကို ကြည့်ရင်း ရယ်မော၍ ပြောလိုက်လေသည်။
"အာ"
လျန်ယင်းမှာ သူတို့နှစ်ယောက်၏ စကားဝိုင်းကို နားထောင်နေရင်း ရုတ်တရက် သူမဆီသို့ မြားဦး လှည့်လာသဖြင့် အလွန် ရှက်သွေးဖြာသွားလေသည်။
သူတို့သုံးယောက်သည် ရယ်မော နောက်ပြောင်ရင်းဖြင့် ဗန်ကူးဗားရှိ ဆွန်ဖုန်း၏ ဗီလာကြီးသို့ ရောက်ရှိလာကြလေသည်။
အိမ်သို့ ရောက်သောအခါ နေဝင်ရီတရော အချိန် ရှိနေပြီ ဖြစ်လေသည်။ အိမ်ထဲသို့ ဝင်ဝင်ချင်းပင် ဟယ်မင်ယီ တစ်ယောက် ဗိုက်ကြီး တကားကားဖြင့် ကိုရီးယား ဇာတ်လမ်းတွဲ ကြည့်နေသည်ကို တွေ့လိုက်ရလေသည်။
ဆွန်ဖုန်းအနေဖြင့် ဟယ်မင်ယီကို ကိုရီးယား ဇာတ်လမ်းတွဲ ရူးသွပ်သူ တစ်ယောက်ဟုသာ မြင်လေသည်။ နေ့တိုင်း ကိုရီးယား ဇာတ်လမ်းတွဲ ကြည့်နေသော်လည်း မရိုးအီနိုင်အောင် ဖြစ်နေလေသည်။
သို့သော် ဆွန်ဖုန်းကို အံ့ဩစေခဲ့သည်မှာ ယန်ရွှယ် အမည်ရသော တတိယမယားလေးမှာ ဤအိမ်တွင် ရောက်နေခြင်းပင် ဖြစ်သည်။ ဟယ်မင်ယီက ယန်ရွှယ်ကို အလွန် မုန်းတီးသည် မဟုတ်ပါလား။ အပန်းဖြေကျွန်းတွင် ရှိစဉ်ကပင် ယန်ရွှယ်သည် အပြင်ဘက်တွင် အိမ်ငှားနေရပြီး ဆွန်ဖုန်း၏ အိမ်သို့ မလာရဲခဲ့ချေ။
သို့သော် မကြာမီတွင်ပင် ဆွန်ဖုန်း သဘောပေါက်သွားလေသည်။ ဟယ်မင်ယီနှင့် ဟွမ်ကျားချန် တို့သည် ဟင်းလည်း မချက်တတ်၊ အိမ်သန့်ရှင်းရေးလည်း မလုပ်တတ်သော လူပျင်းများ ဖြစ်ကြလေသည်။ သို့သော် သူတို့က အိမ်ဖော်လည်း မငှားချင်၊ သူစိမ်းများ အိမ်ထဲ ဝင်လာသည်ကိုလည်း မကြိုက်ကြသဖြင့် ဟယ်မင်ယီသည် ယန်ရွှယ်ကို ခေါ်ကာ အိမ်ဖော်အဖြစ် အသုံးပြုနေခြင်း ဖြစ်လေသည်။
သို့သော် ဤအိမ်ဖော် အလုပ်မှာ သိပ်မပင်ပန်းလှချေ။ ထမင်းဟင်းချက်၊ အိမ်သန့်ရှင်းရေး လုပ်ရုံသာ ဖြစ်လေသည်။ ယန်ရွှယ်အတွက်မူ ဤသည်မှာ နေ့စဉ် လုပ်နေကျ အလုပ်များ ဖြစ်သဖြင့် ပြဿနာ မရှိချေ။ မည်သို့ပင်ဖြစ်စေ ဤအိမ်တွင် နေခွင့်ရသည်ကိုက သူမအတွက် အကောင်းဆုံး ဖြစ်နေပြီ မဟုတ်ပါလား။
"အမယ်လေး ရှင် ပြန်လာဖို့ သတိရသေးတယ်ပေါ့"
ဟယ်မင်ယီက ဆွန်ဖုန်း ပြန်လာသည်ကို မြင်သောအခါ အလွန် ညည်းတွားသော လေသံဖြင့် ပြောလိုက်လေသည်။ ကိုယ်ဝန် ဆောင်ရသည်မှာ အလွန် ပင်ပန်းပြီး ခင်ပွန်းဖြစ်သူကလည်း တစ်လကျော်ကြာ သူမ အနားတွင် မရှိခဲ့သဖြင့် ဤသို့ ညည်းတွားခြင်း ဖြစ်လေသည်။
"ဟီးဟီး ကလေးအတွက် နို့မှုန့်ဖိုး သွားရှာနေတာပါ"
ဆွန်ဖုန်းက အနားသို့ သွားကာ ဟယ်မင်ယီကို ဖက်၍ ချော့မြှူလိုက်လေသည်။
"အင်း ရှင့်မှာ အသိစိတ် ရှိသေးလို့ တော်သေးတာပေါ့"
ယန်ရွှယ်သည် မီးဖိုချောင်တွင် ထမင်းဟင်း ချက်ပြုတ်နေပြီး ဆွန်ဖုန်းသည် အမျိုးသမီး သုံးယောက်နှင့်အတူ ဧည့်ခန်းတွင် တီဗွီကြည့်ရင်း စကားစမြည် ပြောဆိုနေလေရာ အလွန် နွေးထွေးသော မိသားစု အငွေ့အသက်ကို ရရှိနေလေသည်။
မကြာမီ ယန်ရွှယ် ထမင်းဟင်း ချက်ပြုတ်ပြီးစီးသွားလေသည်။
ယန်ရွှယ် ချက်ပြုတ်သော ဟင်းလျာများမှာ အနံ့ အရသာနှင့် ပြည့်စုံပြီး တကယ်ကို စားကောင်းလှပေသည်။
"ဝါး ယန်ရွှယ် နင့်လက်ရာက ဒီလောက် ကောင်းမယ်လို့ မထင်ထားဘူး"
လျန်ယင်းသည် ဝက်သားနီချက်ကို စားရင်း ယန်ရွှယ်ကို လက်မထောင်ပြလိုက်လေသည်။
ယန်ရွှယ်သည် အလွန် လှပပြီး လျန်ယင်းနှင့် အလှချင်း ယှဉ်နိုင်သော်လည်း ပို၍ ရင့်ကျက်သော အလှမျိုး ဖြစ်လေသည်။ သူမသည် ရေများပြည့်ဝနေသော မက်မွန်သီးလေး တစ်လုံးနှင့် တူလေသည်။
ယန်ရွှယ်သည် ရုပ်ရည် လှပရုံသာမက ဟင်းချက်လည်း ကောင်း၊ အိမ်မှုကိစ္စလည်း နိုင်နင်းကာ အကျင့်စရိုက်လည်း ကောင်းမွန်သဖြင့် စံပြ အိမ်ရှင်မ ကောင်းတစ်ယောက် ဖြစ်ကြောင်း လျန်ယင်း သိလိုက်ရလေသည်။
ယန်ရွှယ်က ပြုံးရုံသာ ပြုံးပြလိုက်လေသည်။ သူမအနေဖြင့် ဆွန်ဖုန်းနှင့် အိမ်တစ်အိမ်တည်းတွင် အတူနေခွင့် ရသည်ကိုက ကျေနပ်နေပြီ ဖြစ်လေသည်။
ထမင်းစားပြီးနောက် ဟယ်မင်ယီ၊ ဝူမန်ရှင်းနှင့် ဟွမ်ကျားချန် တို့သည် ဧည့်ခန်းတွင် တီဗွီကြည့်ရင်း စကားပြောနေကြလေသည်။ ယန်ရွှယ်မှာမူ မီးဖိုချောင်တွင် ပန်းကန်ဆေးနေလေသည်။
ဆွန်ဖုန်းသည် ထိုအမျိုးသမီး သုံးယောက် စကားပြောနေသည်ကို ကြည့်ရင်း ဝင်ပါ၍ မရသလို ဂိမ်းဆော့ရသည်မှာလည်း တစ်ယောက်တည်းဆိုတော့ ပျင်းစရာ ကောင်းနေသဖြင့် မီးဖိုချောင်သို့ သွားကာ တံခါးပိတ်ပြီး ယန်ရွှယ်ကို အငိုက်ဖမ်းကာ အချစ်ပွဲ ဆင်နွှဲလိုက်လေတော့သည်။
နာရီဝက်ခန့် အကြာတွင် ဆွန်ဖုန်းသည် သီချင်းလေး ညည်းကာ ရေချိုးရန် ထွက်သွားလေသည်။
ယန်ရွှယ်မှာမူ မျက်နှာလေး နီရဲကာ ပန်းကန် ဆက်ဆေးနေရလေတော့သည်။
...
ညဘက် အိပ်ရာဝင်ချိန်တွင်။
ဆွန်ဖုန်းသည် ယခင်က တောင်ပစိဖိတ် သမုဒ္ဒရာမှ ရရှိခဲ့သော ပုလဲနက် ဆွဲကြိုးလေးကို ထုတ်ကာ ဟယ်မင်ယီအား ပေးလိုက်လေသည်။ ဤပုလဲနက် ဆွဲကြိုးလေးကို ရေငုပ်စစ်ဝတ်စုံက ဆွန်ဖုန်းအတွက် အထူး ဖန်တီးပေးထားခြင်း ဖြစ်လေသည်။
"မင်ယီ မင်းအတွက် လက်ဆောင်... စဉ်းစားကြည့်တော့ ငါ မင်းကို လက်ဆောင် တစ်ခုမှ မပေးဖူးသေးဘူးပဲ"
ဆွန်ဖုန်းသည် ပုလဲနက် ဆွဲကြိုးလေးကို အံ့ဩနေသော ဟယ်မင်ယီ၏ လည်ပင်းတွင် ကိုယ်တိုင် ဆွဲပေးလိုက်လေသည်။
ဟယ်မင်ယီ၏ မျက်လုံးများတွင် မျက်ရည်များ ဝဲတက်လာလေသည်။
"လူဆိုးကြီး ရှင့်မှာ အသိစိတ် ရှိသေးလို့ တော်သေးတာပေါ့"
ထို့နောက် ဟယ်မင်ယီသည် ရှိုက်ကြီးတငင် ငိုကြွေးတော့လေသည်။
"ဟီးဟီး လက်ဆောင်လေး တစ်ခု ပေးတာကို ဒီလောက်တောင် ငိုရလား မငိုနဲ့ မငိုနဲ့ ကလေးလေး မငိုနဲ့တော့နော်"
ဆွန်ဖုန်းက ဟယ်မင်ယီကို ရင်ခွင်ထဲ ဆွဲသွင်းကာ ကျောလေးကို ပွတ်သပ်ပြီး ချော့မြှူလိုက်လေသည်။
"လူဆိုးကြီး ဘာက ကလေးလေး မငိုနဲ့လဲ ရှင့်ကိုရှင့် ချော့နေတာလား ကလေးကို ချော့နေတာလား"
ဟယ်မင်ယီက မျက်ရည်များကြားမှ ရယ်မောကာ ပြန်ပြောလိုက်လေသည်။
"နှစ်ယောက်လုံးကို ချော့တာပါ"
"......"
သန်းခေါင်ယံ အချိန်တွင် ဆွန်ဖုန်းသည် ဟယ်မင်ယီ အိပ်ပျော်သွားသည်ကို သေချာ ကြည့်ပြီးနောက် ယန်ရွှယ်၏ အခန်းသို့ သွားလိုက်လေသည်။
အခန်းထဲသို့ ရောက်သောအခါ ဆွန်ဖုန်းသည် ယန်ရွှယ်ကို နှိုးလိုက်လေသည်။
"အခုတလော ဘယ်လိုနေလဲ အဆင်ပြေရဲ့လား"
ကုတင်ပေါ်တွင် လှဲလျောင်းရင်း ဆွန်ဖုန်းက ယန်ရွှယ်ကို မေးလိုက်လေသည်။
"ပြေပါတယ် မင်ယီက ကျွန်မအပေါ် ကောင်းပါတယ် ဒီအိမ်မှာ နေရတာ ကျွန်မ အများကြီး ကျေနပ်နေပါပြီ"
ယန်ရွှယ်က ချိုသာစွာ ပြန်ဖြေလေသည်။
"အင်း"
ဆွန်ဖုန်းသည် ယန်ရွှယ်၏ အကျင့်စရိုက်ကို အလွန် သဘောကျလေသည်။ ဤသည်မှာလည်း ယန်ရွှယ်ကို တတိယမယား အဖြစ် ထားရခြင်း၏ အကြောင်းရင်း တစ်ခု ဖြစ်လေသည်။ အိမ်မှုကိစ္စ နိုင်နင်းခြင်း၊ အကျင့်စရိုက် ကောင်းမွန်ခြင်း၊ ညည်းညူမှု ကင်းမဲ့ခြင်း တို့သည် စံပြ အိမ်ရှင်မ ကောင်းတစ်ယောက်၏ လက္ခဏာများပင် ဖြစ်လေသည်။
ယန်ရွှယ်နှင့် အတန်ကြာ စကားပြောပြီးနောက် ထပ်မံ အချစ်ပွဲ ဆင်နွှဲကြပြန်လေသည်။ ထို့နောက်မှ ဆွန်ဖုန်းသည် ဟယ်မင်ယီ၏ အခန်းသို့ ပြန်လာကာ နှစ်ခြိုက်စွာ အိပ်ပျော်သွားလေတော့သည်။