အခန်း ၁၁၉
Vol. 12 Ch. 119
အခန်း (၁၁၉) စွမ်းဆောင်ရည်
ဆွန်ဖုန်းနှင့် ယန်ရွှယ်တို့သည် ကိုယ်ပိုင်ကျွန်းပေါ်တွင် တစ်နေကုန် ကစားပြီးနောက် ဗန်ကူးဗားရှိ ဗီလာသို့ ပြန်လာခဲ့ကြလေသည်။
နိုင်ငံခြားသူ လေယာဉ်မှူး ညီအစ်မ နှစ်ယောက်၏ အလုပ်တာဝန်များကိုမူ ဆွန်ဖုန်းက ဝူမန်ရှင်းထံသို့ တိုက်ရိုက် လွှဲအပ်လိုက်လေသည်။
ထို့နောက် ဆွန်ဖုန်းသည် သူ၏ မားစ် သံသတ္တုတွင်းသို့ သွားရောက် စစ်ဆေးရန် စီစဉ်လိုက်လေသည်။ သူ ထိုနေရာသို့ မရောက်သည်မှာ ကြာပြီ ဖြစ်သည် မဟုတ်ပါလား။
နောက်တစ်နေ့တွင် ဆွန်ဖုန်းသည် ယန်ရွှယ်ကို ခေါ်ကာ လေယာဉ်ဖြင့် ရီယာဒ်မြို့သို့ ထွက်ခွာခဲ့လေသည်။ လေဆိပ်သို့ ရောက်သည်နှင့် တပြိုင်နက် မားစ် သံသတ္တုတွင်းသို့ တန်းသွားလိုက်လေသည်။
နှစ်နာရီကျော် အကြာတွင် ဆွန်ဖုန်းသည် ကားမောင်းကာ မားစ် သံသတ္တုတွင်း ဝင်ပေါက်သို့ ရောက်ရှိလာလေသည်။
လက်ရှိအချိန်တွင် ဆွန်ဖုန်း၏ မားစ် သံသတ္တုတွင်း အပြင်ဘက်၌ သက်ဆိုင်သူ မဟုတ်သူများ ဝင်ရောက်ခြင်းမှ ကာကွယ်ရန် မြင့်မားသော အုတ်တံတိုင်းကြီး တစ်ခုကို တည်ဆောက်ထားပြီး ဖြစ်လေသည်။
မားစ် သံသတ္တုတွင်းသည် လွန်ခဲ့သော လအနည်းငယ်ကနှင့် ယှဉ်လျှင် ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်နေလေပြီ။
ပထမဆုံး အနေဖြင့် မြင့်မားသော အုတ်တံတိုင်းကြီး တစ်ခု တိုးလာခြင်း ဖြစ်ပြီး ဒုတိယ အနေဖြင့် မားစ် သံသတ္တုတွင်း အတွင်းတွင် အဆောက်အအုံ အသစ်များစွာ တိုးလာခြင်း ဖြစ်လေသည်။
ရုံးခန်း အဆောက်အအုံများ၊ ဝန်ထမ်း အဆောင်များ၊ ထမင်းစားဆောင်များနှင့် သံသတ္တု သယ်ယူပို့ဆောင်ရေးကို အထောက်အကူပြုသော စက်ကိရိယာများ စသည်တို့ ပါဝင်လေသည်။
အဝေးမှ ကြည့်လျှင် မားစ် သံသတ္တုတွင်းမှာ တကယ့်ကို အဆင့်အတန်းရှိသော ကုမ္ပဏီကြီး တစ်ခုကဲ့သို့ ဖြစ်နေလေပြီ။
"ကားရပ်ပါ"
ဆွန်ဖုန်း၏ ကားသည် ဝင်ပေါက်သို့ ဝင်မည် ပြုစဉ် ဂိတ်စောင့်က တားဆီးလိုက်လေသည်။
"တောင်းပန်ပါတယ် လူကြီးမင်း ခင်ဗျားမှာ ဝင်ခွင့် လက်မှတ် ရှိပါသလား ဒါမှမဟုတ် ကြိုတင် ချိန်းဆိုထားတာ ရှိပါသလား"
ဝူကျွန်းဟွာသည် ဆွန်ဖုန်း၏ ကားကို တားလိုက်ပြီးနောက် အနားသို့ လျင်မြန်စွာ လျှောက်လာကာ ကားမှန်ကို ခေါက်၍ မေးလိုက်လေသည်။
"အာ ဘော့စ်"
ဝူကျွန်းဟွာ အနီးသို့ ရောက်လာချိန်တွင် ကားပေါ်ရှိသူမှာ သူ၏ ဘော့စ် ဖြစ်သော ဆွန်ဖုန်း ဖြစ်နေကြောင်း အံ့ဩဖွယ် တွေ့လိုက်ရလေသည်။
"ဟားဟား ဝူကျွန်းဟွာ မင်း တကယ်ကို တာဝန်ကျေတာပဲ ကောင်းတယ်"
ဆွန်ဖုန်းက ဝူကျွန်းဟွာကို အပြစ်မတင်ဘဲ ချီးကျူးလိုက်လေသည်။ သူ လိုချင်သော လုံခြုံရေး အစောင့်ဆိုသည်မှာ ဤသို့ သက်ဆိုင်သူ မဟုတ်သူများကို အလွယ်တကူ ပေးမဝင်သူမျိုး ဖြစ်လေသည်။
"ဟီးဟီး"
ဝူကျွန်းဟွာသည် ယခင်က စစ်သား တစ်ယောက် ဖြစ်ခဲ့ဖူးသဖြင့် အလုပ်လုပ်ရာတွင် အမြဲတမ်း စည်းကမ်းတကျ ရှိပြီး အနည်းငယ် တင်းကျပ်လွန်းတတ်လေသည်။ သူသည် အနည်းငယ် ရှက်သွားပြီး ခေါင်းကုတ်ကာ အူကြောင်ကြောင် ပြုံးလိုက်လေသည်။
"ကောင်းပြီ အလုပ်ကို သေချာ လုပ်ပါ ငါ ဝင်သွားလိုက်ဦးမယ်"
ဆွန်ဖုန်းသည် ဝူကျွန်းဟွာကို နှုတ်ဆက်ပြီးနောက် ကားကို မောင်းဝင်သွားကာ ရုံးခန်း အဆောက်အအုံ ရှေ့တွင် ရပ်လိုက်လေသည်။
ဆွန်ဖုန်းသည် ကားပေါ်မှ ဆင်းပြီးနောက် ယန်ရွှယ်ကို ဖက်ကာ ရုံးခန်း အဆောက်အအုံ၏ အပေါ်ဆုံးထပ်ရှိ စူးမေး၏ ရုံးခန်းဆီသို့ လျှောက်သွားလေသည်။
ရုံးခန်းသို့ ရောက်သောအခါ စူးမေးသည် ရီယာဒ်မြို့ရှိ ဖုန်းရွေ့ သတ္တုတွင်း ကုမ္ပဏီ ရုံးချုပ်တွင် မရှိဘဲ ဤနေရာတွင် ရှိနေသည်ကို အံ့ဩဖွယ် တွေ့လိုက်ရလေသည်။
"ကျွန်မ ပြောထားတယ် မဟုတ်လား ဝင်လာရင် တံခါးခေါက်ပါလို့"
စူးမေးသည် ခြေသံ ကြားသော်လည်း တံခါးခေါက်သံ မကြားရသဖြင့် သူမ၏ အသံတွင် အထက်လူကြီး တစ်ယောက်၏ ဩဇာအာဏာနှင့် အနည်းငယ် မကျေနပ်မှုများ ပါဝင်နေလေသည်။
"အမယ်လေး ငါ့ရဲ့ အထွေထွေ မန်နေဂျာ စူးမေးက တော်တော် အရှိန်အဝါ ရှိနေပါလား"
ဆွန်ဖုန်းက ခေါင်းမမော့ဘဲ အလုပ်လုပ်နေသော စူးမေး၏ ရှေ့သို့ ပြုံးစိစိဖြင့် လျှောက်သွားကာ ပြောလိုက်လေသည်။
စူးမေးသည် အသံကို ကြားသောအခါ အံ့ဩစွာ ခေါင်းမော့ ကြည့်လိုက်လေသည်။ သူမ ထိုအသံကို ကြားသည်နှင့် ဆွန်ဖုန်း ရောက်လာမှန်း သိလိုက်လေသည်။
"အစ်ကိုဖုန်း ဘယ်လိုရောက်လာတာလဲ"
"ဟီးဟီး မင်းကို လာကြည့်တာလေ"
ဆွန်ဖုန်းသည် ရုံးစားပွဲပေါ်တွင် ဝင်ထိုင်လိုက်ပြီး ခန္ဓာကိုယ်ကို ကိုင်းကာ စူးမေး၏ မျက်နှာနားသို့ ကပ်သွားပြီး သူမ၏ ဖြူဖွေးသော မေးစေ့လေးကို လက်ဖြင့် မရိုမသေ ပင့်တင်ကာ ပြောလိုက်လေသည်။
"အို အဲ့လို မလုပ်ပါနဲ့ ယန်ရွှယ် ကြည့်နေတယ်လေ"
စူးမေးမှာ ဆွန်ဖုန်း၏ အပြုအမူကြောင့် လှပသော မျက်နှာလေးပေါ်တွင် ရှက်သွေးများ ဖြာသွားလေသည်။ သို့သော် ဆွန်ဖုန်း၏ လက်ကို ဖယ်ရှားပစ်ရန်လည်း မဝံ့ရဲချေ။
"ကောင်းပြီ မစနောက်တော့ပါဘူး ငါ ဒီလပိုင်း မားစ် သံသတ္တုတွင်းရဲ့ လုပ်ငန်း စွမ်းဆောင်ရည်ကို လာကြည့်တာပါ"
ဆွန်ဖုန်းသည် စူးမေးကို လွှတ်ပေးလိုက်ပြီး ထိုင်ခုံ တစ်လုံး ယူကာ ထိုင်လိုက်လေသည်။
"ကောင်းပါပြီ ဘာသောက်မလဲ"
စူးမေးသည် ဆွန်ဖုန်း လွှတ်ပေးလိုက်သည်နှင့် ချက်ချင်း ထရပ်လိုက်ပြီး မလှမ်းမကမ်းရှိ လက်ဖက်ရည် ဖျော်ရာ နေရာသို့ လျှောက်သွားကာ မေးလိုက်လေသည်။
"ငါ လက်ဖက်ရည်ကြမ်းပဲ သောက်မယ်"
ဆွန်ဖုန်းက ပြောလိုက်လေသည်။
"ကျွန်မလည်း အဲ့ဒါပဲ သောက်မယ်"
ယန်ရွှယ်က ဆွန်ဖုန်း၏ ဘေးတွင် ယဉ်ကျေးစွာ ထိုင်ရင်း ပြောလိုက်လေသည်။
စူးမေးသည် သူတို့ နှစ်ယောက်ကို လက်ဖက်ရည်ကြမ်း ငှဲ့ပေးပြီးနောက် ရုံးစားပွဲပေါ်မှ အစီရင်ခံစာ တစ်စောင်ကို ယူကာ ဆွန်ဖုန်း၏ ဘေးတွင် ထိုင်လိုက်ပြီး သူ့အား ပေးရင်း ပြောလိုက်လေသည်။
"ဒီ ၄ လအတွင်း ကျွန်မတို့ မားစ် သံသတ္တုတွင်းကနေ သံသတ္တု တန်ချိန် ၅ သန်း ရောင်းရပါတယ် တစ်တန်ကို ၉၀ ဒေါ်လာလောက်နဲ့ ရောင်းရတာပါ အခွန်တွေ သယ်ယူပို့ဆောင်ရေး စရိတ်တွေ အလုပ်သမားခ ရေဖိုးမီးဖိုး လစာ စတဲ့ ကုန်ကျစရိတ်တွေ အားလုံး နုတ်ပြီးတဲ့အခါ စုစုပေါင်း အမြတ် အမေရိကန် ဒေါ်လာ ၃၉၀ သန်း ရရှိပါတယ် ရှင် ကြည့်ကြည့်လိုက်ပါ"
ဆွန်ဖုန်းသည် စူးမေး၏ အစီရင်ခံစာကို နားထောင်ရင်း အစီရင်ခံစာကိုလည်း သေချာစွာ ဖတ်ရှုနေပြီး ရံဖန်ရံခါ ခေါင်းညိတ်ပြလေသည်။
ဆွန်ဖုန်းသည် မားစ် သံသတ္တုတွင်း၏ စွမ်းဆောင်ရည်ကို အကြမ်းဖျင်း ကြည့်ရှုလိုက်ရာ ဤလများအတွင်း အရောင်းအဝယ်မှာ တစ်လထက် တစ်လ ပိုမို များပြားလာသည်ကို တွေ့ရလေသည်။ ကြည့်ရသည်မှာ မားစ် သံသတ္တုတွင်း၏ နာမည်မှာလည်း တဖြည်းဖြည်း ကြီးမားလာပြီး ဖောက်သည်များလည်း များပြားလာပုံ ရလေသည်။
"လက်ရှိအချိန်မှာ ကျွန်မတို့ဆီမှာ ကာလရှည် ဖောက်သည် ၁၅ ဦး ရှိပါတယ် သူတို့ အားလုံးက ကနေဒါ ပြည်တွင်းက ဧရာမ သံမဏိစက်ရုံကြီးတွေပါ သူတို့ဆီက ကာလရှည် အော်ဒါတွေ ရထားပြီး အော်ဒါ ပမာဏကလည်း တော်တော် များပါတယ် တစ်လကို တန်ချိန် ၁ သိန်းခွဲလောက် ပုံမှန် ဝယ်ယူကြပါတယ် အနည်းဆုံး ဝယ်တဲ့သူတောင် တစ်လကို တန်ချိန် ၁ သိန်းလောက် ရှိပါတယ်"
စူးမေးက ဆက်လက် အစီရင်ခံလေသည်။
"အင်း အဲ့ဒီ ဖောက်သည်တွေကို လက်မလွတ်စေနဲ့ လိုအပ်ရင် ဈေးနည်းနည်း လျှော့ပေးလိုက် လက်ရှိ ငါတို့ မားစ် သံသတ္တုတွင်းက အခုမှ စခါစပဲ ရှိသေးတယ် ဖောက်သည် သိပ်မများသေးဘူး ဒီဖောက်သည်တွေကို အထွက်မခံနိုင်ဘူး"
ဆွန်ဖုန်းက ပြောလိုက်လေသည်။
"ဟုတ်ကဲ့ပါ"
"အခုခေတ် ကမ္ဘာတစ်ဝန်းလုံးမှာ သံသတ္တု ဈေးကွက်က တော်တော်လေး အခြေအနေ မကောင်းဘူး ဈေးတွေကလည်း တစ်ထစ်ပြီး တစ်ထစ် ကျနေတယ် ငါတို့ ဒီဖောက်သည်တွေကို သေချာပေါက် ဖမ်းဆုပ်ထားရမယ်"
ဆွန်ဖုန်းက သက်ပြင်းချကာ ပြောလိုက်လေသည်။ လက်ရှိအချိန်တွင် သံသတ္တု လုပ်ငန်းမှာ တကယ်ကို အခြေအနေ မကောင်းလှချေ။ သံသတ္တု အထွက်နှုန်း မြင့်မားပြီး တရုတ်နိုင်ငံတွင် ဆိုလျှင် ပိုလျှံမှုများ များပြားကာ တစ်နှစ်လျှင် သံသတ္တု တန်ချိန် ဘီလီယံနှင့်ချီ၍ ပိုလျှံနေလေသည်။
"ဟုတ်ပါတယ် ကံကောင်းလို့ ကျွန်မတို့ဆီက ဈေးနည်းနည်း သက်သာနေလို့ ဒီဖောက်သည်တွေကို ဆွဲဆောင်ထားနိုင်တာပါ"
စူးမေးကလည်း ထောက်ခံ ပြောဆိုလိုက်လေသည်။
ဆွန်ဖုန်းသည် ဆုံးဖြတ်ချက် တစ်ခု ချလိုက်လေသည်။ နောင်တွင် သူသည် ရေနံ သဘာဝ ဓာတ်ငွေ့ ရှားပါး သတ္တု စသည့် သံသတ္တုထက် ပို၍ အမြတ်ရသော သတ္တုတွင်း လုပ်ငန်းများသို့ ဝင်ရောက်မည် ဖြစ်လေသည်။
အထူးသဖြင့် ရှားပါး သတ္တု လုပ်ငန်း ဖြစ်ပြီး ထိုလုပ်ငန်းသည် သူ၏ ကစားကွင်း ဖြစ်လာမည်ဟု ဆွန်ဖုန်း ယုံကြည်ထားလေသည်။ အဘယ်ကြောင့်ဆိုသော် ပင်လယ်ကြမ်းပြင်တွင် ရှားပါး သတ္တုများ အများအပြား ရှိနေမည်မှာ သေချာသောကြောင့် ဖြစ်လေသည်။
"ဒီလတွေ အတွင်း ဘာပြဿနာကြီးကြီးမားမားမှ မဖြစ်ခဲ့ဘူး မဟုတ်လား"
ဆွန်ဖုန်းသည် အစီရင်ခံစာကို ဖတ်ပြီးနောက် ဘေးတွင် ထိုင်နေသော အမျိုးသမီး နှစ်ဦးထံမှ မွှေးပျံ့သော ရနံ့ကို ရှူရှိုက်ရင်း မေးလိုက်လေသည်။
သူသည် ဘယ်ညာ နှစ်ဖက်စလုံးတွင် လှပသော မိန်းကလေးများနှင့် အတူ ရှိနေသည် မဟုတ်ပါလား။
"မဖြစ်ခဲ့ပါဘူး ပုံမှန်အားဖြင့်တော့ သံသတ္တု လာဝယ်တဲ့ ဖောက်သည်တွေကို ဧည့်ခံတာလောက်ပါပဲ ဘာပြဿနာမှ မရှိခဲ့ပါဘူး"
စူးမေးက ပြောလိုက်လေသည်။
"အင်း ကောင်းတယ်"
ဆွန်ဖုန်းက ပြောလိုက်လေသည်။ မားစ် သံသတ္တုတွင်း ဖွင့်လှစ်ချိန်မှ စ၍ ယခုအထိ သံသတ္တု တန်ချိန် ၅ သန်းခန့်သာ ရောင်းချရသေးရာ မြေအောက် သိုလှောင်ရုံ အတွင်း၌ သံသတ္တု တန်ချိန် ၂၅ သန်းခန့် ကျန်ရှိနေသေးလေသည်။
ဤမျှ ပမာဏဖြင့် အချိန် အတော်ကြာ ရောင်းချနိုင်ဦးမည် ဖြစ်ရာ လက်ရှိတွင် ပင်လယ်ထဲသို့ သံသတ္တု သွားတူးရန် မလိုအပ်သေးချေ။
"လာပြီး ပြဿနာ ရှာတဲ့သူတွေ ဘာတွေ မရှိဘူး မဟုတ်လား"
ဆွန်ဖုန်းသည် လက်ဖက်ရည်ကြမ်းကို တစ်ငုံ သောက်ရင်း မေးလိုက်လေသည်။ သူ အစိုးရိမ်ဆုံး အချက်မှာ တစ်စုံတစ်ယောက် လာရောက် ပြဿနာ ရှာမည်ကို ဖြစ်လေသည်။ အကြောင်းမဲ့သက်သက် မြေတစ်ကွက် ဝယ်လိုက်ရုံဖြင့် သံသတ္တုတွင်း တစ်ခု ပိုင်ဆိုင်သွားသဖြင့် တစ်စုံတစ်ယောက်က မနာလို ဖြစ်မည်ကို စိုးရိမ်မိလေသည်။
ယခင်ကလည်း ဆွန်ဖုန်းသည် ရီယာဒ်မြို့မှ သူဌေး တစ်ဦး၏ ခြိမ်းခြောက်မှုကို ခံခဲ့ရဖူးလေသည်။ တစ်ဖက်လူက ဆွန်ဖုန်း၏ မားစ် သံသတ္တုတွင်းကို ဝယ်ယူလိုခြင်း ဖြစ်ပြီး ဆိုလိုသည်မှာ ဆွန်ဖုန်းအား အတင်းအကျပ် ရောင်းချစေလိုခြင်း ဖြစ်လေသည်။
သို့သော် ထိုအချိန်က ဆွန်ဖုန်းသည်လည်း အရူး မဟုတ်ခဲ့ချေ။ ရီယာဒ်မြို့မှ အစိုးရ အရာရှိများနှင့် အာဏာပိုင်များကို ငွေကြေး ပေးကမ်း၍ ထိုကိစ္စကို ပြေလည်အောင် ဖြေရှင်းနိုင်ခဲ့လေသည်။
"မရှိပါဘူး"
"အင်း ဒါဆိုရင် တော်သေးတာပေါ့"
"ဝူကျွန်းဟွာနဲ့ လျောင်ကျွင်း တို့ရဲ့ လုံခြုံရေး အဖွဲ့က အခုတလော အလုပ်လုပ်တာ ဘယ်လိုနေလဲ"
ဆွန်ဖုန်းသည် သူတို့ကို ခေါ်လာပြီးနောက်ပိုင်း အလုပ်လုပ်ပုံကို သေချာ မမေးမြန်းဖြစ်သေးသဖြင့် ရုတ်တရက် သတိရကာ မေးလိုက်လေသည်။
"သူတို့က အလုပ်ကို အလွန် ကြိုးစားပမ်းစား လုပ်ကြပါတယ် တကယ်ကို ကောင်းမွန်တဲ့ လုံခြုံရေး ဝန်ထမ်းတွေပါ စစ်သားဟောင်းတွေ ဆိုတဲ့အတိုင်း တကယ် တော်ကြပါတယ်"
ထိုအကြောင်းကို ပြောရာတွင် စူးမေးသည် အလွန် ချီးကျူးကာ ပြောလိုက်လေသည်။
"အင်း ဒါဆိုရင် ကောင်းတာပေါ့ အားလုံးက ကိုယ့်နိုင်ငံသားတွေချည်းပဲ သူတို့မှာ အခက်အခဲ တစ်ခုခု ရှိရင်လည်း မင်း သေချာ ဂရုစိုက်ပေးလိုက်ပါဦး"
"ဟုတ်ကဲ့ပါ"