← Chapters

အခန်း ၁၂၀

Vol. 12 Ch. 120

အခန်း ၁၂၀

Vol. 12 Ch. 120

အခန်း (၁၂၀) ရေနံ တူးဖော်ရေး ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်ခြင်း

ဆွန်ဖုန်းသည် စူးမေးနှင့် ခဏမျှ စကားပြောပြီးနောက် သူမကို အလုပ်ဆက်လုပ်ရန် လွှတ်လိုက်လေသည်။ ထို့နောက် သူသည် လက်ပ်တော့ တစ်လုံးကို ယူကာ မိမိ၏ ရုံးခန်းသို့ သွားပြီး ယန်ရွှယ်ကို ဖက်ထားရင်း ကနေဒါနိုင်ငံ၏ သတ္တုတွင်းနှင့် ပတ်သက်သော စီးပွားရေး သတင်းများကို ဖတ်ရှုနေလေသည်။

ယခင်ကဆိုလျှင် ဆွန်ဖုန်းသည် ဤသတင်းများကို လုံးဝ ဖတ်မည် မဟုတ်ချေ။ သို့သော် ကုမ္ပဏီထောင်ပြီး စီးပွားရေး လုပ်ပြီးကတည်းက ဤနယ်ပယ်မှ သတင်းများကို အမြဲ သတိထား၍ ဖတ်ရှုလေ့ရှိလေသည်။ မည်သို့ပင်ဖြစ်စေ သူသည်လည်း ဤနယ်ပယ်ထဲတွင် အလုပ်လုပ်နေသူ ဖြစ်သည် မဟုတ်ပါလား။

ဆွန်ဖုန်းသည် သက်တောင့်သက်သာ ရှိသော မန်နေဂျာ ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး ယန်ရွှယ်က သူ၏ ပေါင်ပေါ်တွင် ထိုင်နေလေသည်။ ဆွန်ဖုန်းက သတင်းများကို ဖတ်ရှုနေစဉ် ယန်ရွှယ်က စားပွဲပေါ်ရှိ သစ်သီးများကို ယူကာ သူ့အား ခွံ့ကျွေးနေလေရာ ထိုခံစားချက်မှာ တကယ်ကို သာယာလှပေသည်။

"မင်းက တကယ့် မိန်းမလှလေးပဲ အခုတလော တင်ပါးလေးတွေတောင် ပိုကားလာသလိုပဲ"

ဆွန်ဖုန်းက ယန်ရွှယ်၏ နားနားသို့ ကပ်ကာ ပြုံးစိစိဖြင့် တီးတိုး ပြောလိုက်လေသည်။

"အခုတလော အချိန်ပိုရတော့ မနက်တိုင်း လေ့ကျင့်ခန်း လုပ်ဖြစ်နေလို့ပါ"

ယန်ရွှယ်က ဆွန်ဖုန်း၏ လည်ပင်းကို ဖက်ကာ ညုတုတု အသံလေးဖြင့် ပြန်ဖြေလေသည်။

"ဟီးဟီး ဒါကြောင့်ကိုး ဒါဆို ဒီည ငါ မင်းရဲ့ ခန္ဓာကိုယ်ကို သေချာ စစ်ဆေးပေးရမှာပေါ့"

ဆွန်ဖုန်းက ယန်ရွှယ်ကို မတ်တတ်ရပ်ခိုင်းလိုက်ပြီး သူမ၏ တင်ပါးကို ပုတ်ကာ ပြောလိုက်လေသည်။

"သွား ငါ့အတွက် ကော်ဖီ တစ်ခွက် သွားဖျော်ခဲ့"

"ဟုတ်"

ယန်ရွှယ်က ချွဲနွဲ့စွာ အဖြေပေးလိုက်ပြီး တင်ပါးလေး လှုပ်ကာ ထွက်သွားလေတော့သည်။

ဆွန်ဖုန်းသည် စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး သတင်းများကို ဆက်လက် ဖတ်ရှုနေလေသည်။ ယန်ရွှယ် သူ၏ ဘေးတွင် ရှိနေပါက သူ အလုပ်ကို စိတ်ဖြောင့်ဖြောင့် လုပ်နိုင်မည် မဟုတ်ချေ။

ဆွန်ဖုန်း ဖတ်ရှုနေစဉ် ရုတ်တရက် သတင်းတစ်ပုဒ်က သူ၏ အာရုံကို ဖမ်းစားသွားလေသည်။

"နယူးဖောင်လန် ပြည်နယ် ရေနံ တူးဖော်ရေး တင်ဒါခေါ်ယူမှု ကုန်သည်ကြီးများ အသင်း"

ဆွန်ဖုန်းသည် ထိုထင်ရှားသော သတင်းခေါင်းစဉ်ကို ကြည့်ရင်း မျက်လုံးများ အရောင်လက်သွားလေသည်။ ရုတ်တရက် ရေနံလုပ်ငန်းသို့ ဝင်ရောက်မည့် သူ၏ အစီအစဉ်ကို စော၍ လုပ်ဆောင်ရမည်ဟု သူ ခံစားလိုက်ရလေသည်။ ဤသည်မှာ အလွန် ကောင်းမွန်သော အခွင့်အရေး တစ်ခုပင် ဖြစ်လေသည်။

ထို့နောက် ဆွန်ဖုန်းသည် ဤတင်ဒါခေါ်ယူမှုနှင့် ပတ်သက်သော အသေးစိတ် သတင်းအချက်အလက်များကို စတင် ဖတ်ရှုလေတော့သည်။

နယူးဖောင်လန် ပြည်နယ်တွင် ဤတစ်ကြိမ်၌ အရှေ့ဘက်တွင် ရေနံမြေ ၂ ခုနှင့် အနောက်ဘက်တွင် ရေနံမြေ ၁ ခု ရှာဖွေတွေ့ရှိထားပြီး လက်ရှိတွင် တင်ဒါ ခေါ်ယူနေကာ ပြည်တွင်းပြည်ပမှ အင်အားကြီး ရေနံကုမ္ပဏီများကို ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ထားလေသည်။

ဆွန်ဖုန်းသည် ဤကာလအတွင်း ကနေဒါ၏ ရေနံနှင့် ပတ်သက်သော သတင်းအချက်အလက် အများအပြားကို ဖတ်ရှုခဲ့ဖူးရာ နယူးဖောင်လန်သည် ရေနံ သယံဇာတ ပေါကြွယ်ဝသော နေရာတစ်ခု ဖြစ်ကြောင်း သူ သိထားလေသည်။

အထူးသဖြင့် အရှေ့ဘက်ပိုင်းတွင် ဖြစ်သည်။ လက်ရှိ သိရသလောက် နယူးဖောင်လန် ဒေသတွင် ဟိုင်ဘာနီယာ၊ တာရာနိုဗာနှင့် ဝှိုက်ရို့စ် စသည့် ဧရာမ ရေနံမြေကြီးများ ရှိပြီး ကနေဒါနိုင်ငံ နယူးဖောင်လန် အရှေ့ဘက်ဒေသ၏ အရေးကြီးဆုံး ရေနံ တူးဖော်ရေး ဇုန်များ ဖြစ်ကြလေသည်။

ယခုအချိန်တွင် ကနေဒါ အစိုးရက အရှေ့ဘက်၌ ရေနံမြေ ၂ ခု ထပ်မံ တွေ့ရှိကြောင်း ကြေညာခြင်းမှာလည်း ဖြစ်နိုင်ခြေ အလွန် များလေသည်။

သို့သော် ဆွန်ဖုန်း၏ ဤတစ်ကြိမ် ပစ်မှတ်မှာ နယူးဖောင်လန် အရှေ့ဘက်ရှိ ထိုရေနံမြေ ၂ ခု မဟုတ်ချေ။ လက်ရှိ သူ၏ အင်အားနှင့် အဆက်အသွယ်များအရ ထိုရေနံမြေများကို ရယူနိုင်ရန် အလွန် ခက်ခဲမည်ကို သူ သိထားလေသည်။

အကယ်၍ ငွေကြေးသုံးကာ ရယူနိုင်ခဲ့လျှင်တောင် ကနေဒါ အစိုးရနှင့် အကျိုးအမြတ် ခွဲေဝ၍ တူးဖော်ရမည်သာ ဖြစ်လေသည်။ ဆိုလိုသည်မှာ ကိုယ်ပိုင် သီးသန့် တူးဖော်ခွင့် ရမည်မဟုတ်ဘဲ ရင်းနှီးမြှုပ်နှံမှု အနေဖြင့်သာ ဖြစ်လေသည်။ ဤသည်မှာ ဆွန်ဖုန်း အလိုရှိသော အရာ မဟုတ်ချေ။

ဆွန်ဖုန်း၏ ဤတစ်ကြိမ် ပစ်မှတ်မှာ နယူးဖောင်လန် အနောက်ဘက်ရှိ ထိုရေနံမြေ ၁ ခုသာ ဖြစ်လေသည်။

လွန်ခဲ့သော နှစ်အနည်းငယ်က နယူးဖောင်လန် အနောက်ဘက် ကမ်းရိုးတန်းရှိ ဂရင်းပွိုင့် ကျောက်လွှာများတွင် ရေနံစိမ်း စည်ပေါင်း ၂၃ ဘီလီယံခန့် သိုလှောင်ထားနိုင်ကြောင်း ရှာဖွေ တွေ့ရှိခဲ့သည်ကို သူ သိထားလေသည်။

သို့သော် ထိုနေရာရှိ ရေနံများမှာ တူးဖော်ရန် အလွန် ခက်ခဲလှသည်။ သို့မဟုတ်ပါက မြောက်အမေရိက၏ နောက်ထပ် ဧရာမ ရေနံမြေကြီး တစ်ခု ဖြစ်လာနိုင်လေသည်။

ထိုကြမ်းတမ်းပြီး ကွဲကြေနေသော ကျောက်လွှာများကြားမှ ရေနံကို တူးဖော်ရန်မှာ လက်ရှိတွင် အလွန် ခက်ခဲလှပေသည်။

ထို့ကြောင့် လွန်ခဲ့သော နှစ်များအတွင်း အနောက်ဘက်တွင် ရေနံ ရှိကြောင်း သက်သေပြနိုင်ခဲ့သော်လည်း မည်သူမျှ လာရောက် မတူးဖော်လိုကြသလို ရင်းနှီးမြှုပ်နှံလိုသူလည်း မရှိခဲ့ချေ။ သို့သော် ယခုအချိန်တွင် နယူးဖောင်လန်က ထိုရေနံမြေကို တင်ဒါ ခေါ်ယူလိမ့်မည်ဟု ဆွန်ဖုန်း ထင်မှတ်မထားခဲ့ချေ။

ကျောက်လွှာများ ကြားရှိ ရေနံကို တူးဖော်ရန် အလွန် ခက်ခဲကြောင်း သိထားရမည် ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှု ကြီးမားပြီး အန္တရာယ်လည်း များပြားသဖြင့် မည်သူမျှ မတူးဖော်လိုကြခြင်း ဖြစ်လေသည်။

အကယ်၍ ရင်းနှီးမြှုပ်နှံလိုက်ပြီးနောက် ရေနံ အနည်းငယ်သာ ရရှိခြင်း သို့မဟုတ် လုံးဝ မရရှိခြင်းမျိုး ဖြစ်သွားပါက အကြီးအကျယ် ရှုံးနိမ့်သွားမည် မဟုတ်ပါလား။

လက်ရှိတွင် အခြားသော ကျောက်လွှာများ ကြားရှိ ရေနံကို တူးဖော်ရာတွင် ကျောက်တုံးများကို ခွဲချေပြီး စွမ်းအင်များကို ထုတ်ယူရန် ရေဖိအားသုံး ခွဲချေခြင်း နည်းလမ်းကို အသုံးပြုရလေသည်။

ဤအငြင်းပွားဖွယ် နည်းလမ်းတွင် ရေ၊ သဲနှင့် ဓာတုပစ္စည်း အရောအနှောများကို မြေကြီးထဲသို့ ထိုးသွင်းကာ ကျောက်တုံးများကို ပေါက်ကွဲစေခြင်း ဖြစ်လေသည်။

ရေဖိအားသုံး ခွဲချေခြင်း နည်းလမ်းသည် ကျောက်လွှာများ ကြားရှိ သဘာဝ ဓာတ်ငွေ့နှင့် ရေနံများကို အများအပြား ထွက်ပေါ်လာစေနိုင်သော်လည်း တစ်ချိန်တည်းမှာပင် တူးဖော်သည့် တွင်းအနီးရှိ မြေအောက်ရေကိုပါ အန္တရာယ် ဖြစ်စေနိုင်လေသည်။

ထို့အပြင် ကျောက်လွှာ ဒေသတိုင်း၏ ပထဝီဝင် တည်ဆောက်ပုံမှာ မတူညီကြသဖြင့် အခြား ဒေသများနှင့် ကိုက်ညီသော နည်းလမ်းမှာ နယူးဖောင်လန် အနောက်ဘက် ဒေသနှင့် ကိုက်ညီမည်ဟု မဆိုနိုင်ချေ။

ဂရင်းပွိုင့်၏ ထူးခြားသော မြေမျက်နှာသွင်ပြင်နှင့် ကိုက်ညီရန် ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရမည် ဖြစ်လေသည်။ ဂရင်းပွိုင့်၏ ကျောက်လွှာ တည်ဆောက်ပုံမှာ မြောက်အမေရိကရှိ အခြား ဒေသများထက် ပိုမို ထူထပ်ပုံရပြီး ကမ္ဘာ့ မြေလွှာ လှုပ်ရှားမှုများကြောင့် ပတ်ဝန်းကျင်ရှိ ကျောက်တုံးများမှာ ခေါက်တွန့်များ ဖြစ်ပေါ်နေလေသည်။

ထို့ကြောင့် ဤနေရာရှိ ကျောက်လွှာများမှာ အကြိမ်ကြိမ် ကွဲအက်မှုများ ဖြစ်ပေါ်ခဲ့ပြီး ထိုသို့ ဖြစ်ပေါ်သွားပါက ရေနံ တူးဖော်ရန် အလွန် ခက်ခဲသွားလေသည်။ ဤနေရာမှ စွမ်းအင်များကို တူးဖော်လိုပါက နည်းလမ်းသစ်များကို တီထွင်ရမည် ဖြစ်လေသည်။

ဤသည်မှာလည်း ဆွန်ဖုန်းက နယူးဖောင်လန် အနောက်ဘက်ရှိ ဤရေနံမြေကို ပစ်မှတ်ထားရခြင်း၏ အကြောင်းရင်းပင် ဖြစ်လေသည်။

ဤရေနံမြေကို မည်သူမျှ ဝင်ရောက် ယှဉ်ပြိုင်ဝယ်ယူကြမည် မဟုတ်ဟု ဆွန်ဖုန်း ယုံကြည်လေသည်။

နယူးဖောင်လန် အနောက်ဘက် ရေနံမြေ တင်ဒါ ခေါ်ယူခြင်းမှာ အရှေ့ဘက်ရှိ ရေနံမြေ ၂ ခုနှင့်အတူ အပိုဆောင်း ပါလာခြင်း ဖြစ်နိုင်ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ သို့မဟုတ် ဧရာမ ရေနံကုမ္ပဏီကြီးများ အနေဖြင့် အနောက်ဘက် ဒေသရှိ ရေနံကို စိတ်ဝင်စားမှု ရှိမရှိ စမ်းသပ်ကြည့်လိုခြင်းလည်း ဖြစ်နိုင်လေသည်။

ယခုအချိန်အထိ နယူးဖောင်လန် အနောက်ဘက် ကျောက်လွှာများ အောက်ရှိ ရေနံများကို တူးဖော်ရန် ဖြစ်နိုင်ခြေ ရှိမရှိ ဆိုသည်ကို သိပ္ပံနည်းကျ ကောက်ချက် ချနိုင်ခြင်း မရှိသေးချေ။ အဘယ်ကြောင့်ဆိုသော် တူးဖော်ရန် အလွန် ခက်ခဲလွန်းသောကြောင့် ဖြစ်လေသည်။

ထို့အပြင် ကနေဒါ၏ အခြား နေရာများတွင်လည်း ရေနံများ ပေါများနေသေးသည် မဟုတ်ပါလား။

ဤနှစ်များ အတွင်း ကနေဒါ အစိုးရသည် ရန်ပုံငွေ မလုံလောက်သဖြင့် အခြား နိုင်ငံများမှ ရေနံ ရန်ပုံငွေများ သို့မဟုတ် ကမ္ဘာ့ ဧရာမ ရေနံကုမ္ပဏီကြီးများ၏ ရန်ပုံငွေများကို ဖိတ်ခေါ်ကာ မိမိတို့၏ ရေနံများကို တူးဖော်စေခဲ့လေသည်။

ရေနံ သယံဇာတများ တူးဖော်ရန် လုံလောက်သော ရန်ပုံငွေ မရှိသဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုကြောင်း ကနေဒါက လွန်ခဲ့သော နှစ်အနည်းငယ်ကပင် ထုတ်ဖော် ပြောကြားခဲ့လေသည်။ သူတို့က စိစစ်မှုများ ပြုလုပ်မည် ဖြစ်လေသည်။

ကနေဒါ အနေဖြင့် သယံဇာတများကို တူးဖော်ပြီး ဈေးကွက်သို့ တင်ပို့နိုင်ရန် အခြေခံ အဆောက်အအုံများ တည်ဆောက်ရန်အတွက် ငွေကြေး အများအပြား လိုအပ်နေလေသည်။

ထို့ကြောင့် ထိုဧရာမ ရေနံကုမ္ပဏီကြီးများ အနေဖြင့် တူးဖော်ရန် လွယ်ကူသော နေရာများကို ထားခဲ့ပြီး အကြီးအကျယ် ရှုံးနိမ့်နိုင်ခြေ ရှိသော ကျောက်လွှာများ အောက်ရှိ ရေနံများကို သွားရောက် တူးဖော်ကြမည်တဲ့လား။

'ဒီတစ်ခေါက်တော့ ငါ အောင်မြင်မယ်လို့ ယုံကြည်တယ်'

ဆွန်ဖုန်းသည် သတင်းကို ဖတ်ပြီးနောက် စိတ်ထဲတွင် တီးတိုးရေရွတ်လိုက်လေသည်။

ဤမျှ တူးဖော်ရန် ခက်ခဲသော ရေနံမြေကို အခြားသူများ မတူးဖော်နိုင်ခြင်းက သူလည်း မတူးဖော်နိုင်ဟု ဆိုလိုခြင်း မဟုတ်ချေ။

သူ့တွင် ရေအောက် တူးဖော်ရေး စနစ်ကြီး ရှိနေသဖြင့် ဤရေနံမြေကို တူးဖော်ရန်မှာ ကြက်ကလေး ငှက်ကလေး ဖမ်းရသကဲ့သို့ လွယ်ကူမည်မှာ သေချာလှပေသည်။

'ဒီရေနံမြေကို တူးဖော်ခွင့်သာ ရလိုက်ရင် ငါ ဒီတစ်ခေါက်တော့ အကြီးအကျယ် အမြတ်ထွက်ပြီပဲ'

တကယ်တမ်းတွင် ဆွန်ဖုန်းသည် ရေနံလုပ်ငန်းသို့ ဝင်ရောက်ရန် မားစ် သံသတ္တုတွင်း ကဲ့သို့ မျက်လှည့်ပြရန် စဉ်းစားထားခဲ့ဖူးလေသည်။ လုပ်ဆောင်ပုံမှာ မားစ် သံသတ္တုတွင်းနှင့် အတူတူပင် ဖြစ်ပြီး မြေတစ်ကွက်ကို တိုက်ရိုက် ဝယ်ယူကာ ထိုနေရာတွင် ရေနံ ရှိကြောင်း ကြေညာပြီးနောက် တူးဖော်ခွင့် ရယူကာ တူးဖော်ရန် ဖြစ်လေသည်။

သို့သော် ယခု ဤကောင်းမွန်သော အခွင့်အရေးကို တွေ့ရှိပြီးနောက် ဤလမ်းက ပို၍ သွားရ လွယ်ကူမည်ဟု သူ ထင်လိုက်လေသည်။

ထိုအချိန်တွင် ဤရေနံမြေ တူးဖော်ခွင့်ကို ရရှိသွားပါက ပင်လယ်ကြမ်းပြင် အောက်မှ သူ တူးဖော်ရရှိထားသော ရေနံများကို ထုတ်ရောင်းနိုင်မည် ဖြစ်လေသည်။

မည်သို့ပင်ဖြစ်စေ ထိုအချိန်ရောက်လျှင် သူ၌ ကိုယ်ပိုင် ရေနံမြေ ရှိနေပြီ ဖြစ်ရာ ရေနံ အနည်းအများမှာ သူပြောသည့်အတိုင်းသာ ဖြစ်မည် မဟုတ်ပါလား။

သူ့ရေနံမြေမှ ရေနံ တန်ချိန် သန်းပေါင်းများစွာ ပိုထွက်လာသည်ကို ခွင့်မပြုဘူးလို့ ပြောလို့ရမည်လား။ မည်သို့ပင်ဖြစ်စေ လက်ရှိ ရေနံ သိုလှောင်ပမာဏ ခန့်မှန်းချက်များမှာလည်း သိပ်ပြီး တိကျလှသည် မဟုတ်ချေ။

'ကနေဒါမှာ သတ္တု တူးဖော်ခွင့်တွေ အများစုက ပြည်နယ် အစိုးရတွေ ပိုင်ကြတယ် ကုမ္ပဏီ တစ်ခုက မြေတစ်ကွက်ကို တူးဖော်ချင်တယ် ဆိုရင် ပြည်နယ် အစိုးရဆီကို ဆန္ဒပြုလွှာ တင်ရတယ် အစိုးရက အဲ့ဒီ မြေကွက်ကို လေလံတင်ပြီး ဈေးအများဆုံး ပေးနိုင်တဲ့သူကို ရောင်းချပေးတယ် ဟွန်း ဒီတစ်ခေါက်တော့ နယူးဖောင်လန် အနောက်ဘက်က ဒီရေနံမြေကို ငါ မရရအောင် ယူရမယ်'

ဆွန်ဖုန်းက လက်သီးကို ဆုပ်ကာ ပြောလိုက်လေသည်။

All Chapters