အခန်း ၁၃၀
Vol. 13 Ch. 130
အခန်း (၁၃၀) ဆက်သွယ် တွေ့ဆုံခြင်း
"ဟယ်လို... စူးမေးလား... ဘာလုပ်နေလဲ..."
ထမင်းစားပြီးနောက် ဆွန်ဖုန်းသည် စာကြည့်ခန်းထဲသို့ ပြန်ဝင်လာပြီး လီယာဒ်ဘတ်မြို့ရှိ စူးမေးထံသို့ ဖုန်းဆက်လိုက်သည်။
"ရေချိုးနေတာလေ... အတူတူ လာချိုးမလား..."
စူးမေး၏ ညို့ဓာတ်ပြင်းသော အသံက ဖုန်းထဲမှ ထွက်ပေါ်လာသည်။ ရေကျသံ တဝေါဝေါကိုပါ ကြားနေရသဖြင့် စိတ်ကူးယဉ်စရာ ပုံရိပ်များကို ဖြစ်ပေါ်စေသည်။
"မင်းဖုန်းက ရေစိုခံတာလား... မိုက်တယ်... နောက်တစ်ခါ အတူတူ ချိုးကြတာပေါ့... ငါ့ဖုန်းကလည်း ရေစိုခံတယ်..."
ဆွန်ဖုန်းက စူးမေး သူ့ကို နောက်ပြောင်မည်ဟု မထင်ထားခဲ့ပေ။
ဒီမိန်းမချောလေးက အခုတလော တော်တော်လေး ရဲတင်းလာသည်။ အခွင့်အရေးရလျှင် သေချာ ပညာပေးရမည်ဟု သူ တွေးလိုက်သည်။
"ဟီးဟီး... ဒါပေါ့... ကျွန်မရဲ့ ဘော့စ်ကြီး ဘာကိစ္စရှိလို့ ဖုန်းဆက်တာလဲ..."
စူးမေးက ရယ်မောသံကို ရပ်တန့်ကာ မေးလိုက်သည်။
"အင်း... မနက်ဖြန် အချိန်လေး နည်းနည်းဖဲ့ပြီး နယူးဖောင်လန် ရေနံတင်ဒါ ကော်မတီ တာဝန်ခံကို မေးကြည့်ပေးပါ... ငါ အနောက်ဘက်က ရေနံမြေ တူးဖော်ခွင့်နဲ့ ပတ်သက်ပြီး သူတို့နဲ့ အချိန်ယူ ဆွေးနွေးချင်လို့... မြန်လေ ကောင်းလေပဲ..."
နယူးဖောင်လန် အနောက်ပိုင်း ရေနံမြေ တူးဖော်ခွင့်နှင့် ပတ်သက်၍ အကျိုးအမြတ် ခွဲဝေမှု ကိစ္စကို အသေးစိတ် ဆွေးနွေးရန် ဆွန်ဖုန်း ဆုံးဖြတ်လိုက်သည်။
နယူးဖောင်လန် အနောက်ပိုင်း ရေနံမြေ တူးဖော်ခွင့်က အမေရိကန်ဒေါ်လာ ၅၅၀ သန်းခန့် ရှိသော်လည်း တစ်ဖက်လူက အကျိုးအမြတ် ၅၀ ရာခိုင်နှုန်း ခွဲဝေယူမည်ကို ဆွန်ဖုန်း သိထားသည်။
ဤမျှများပြားသော အကျိုးအမြတ် ခွဲဝေမှုကို ဆွန်ဖုန်း လုံးဝ လက်မခံနိုင်ပေ။
ထိုရေနံမြေကို အကြောင်းပြပြီး သူ၏ ရေနံများကို ထုတ်ရောင်းရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
ယခင်က တောင်တရုတ်ပင်လယ်မှ ခိုးယူလာခဲ့သော ရေနံများကို ဤရေနံမြေ အမည်ခံ၍ ရောင်းချမည် ဖြစ်သည်။
တစ်ဖက်လူက အကျိုးအမြတ် ၅၀ ရာခိုင်နှုန်း ယူမည်ဆိုပါက သူက သူများအတွက် အလကား အလုပ်လုပ်ပေးသလို ဖြစ်သွားမည်။
ထို့ကြောင့် ဤတစ်ကြိမ်တွင် ရေနံမြေကို အပြီးအပိုင် ဝယ်ယူနိုင်ရန် အဓိက ရည်ရွယ်ထားသည်။
အဆိုးဆုံး အခြေအနေတွင်တောင်မှ အကျိုးအမြတ် ၈၀ ရာခိုင်နှုန်း ရရှိရန် လိုအပ်သည်။
သို့မဟုတ်ပါက ဤရေနံမြေကို တူးဖော်မည် မဟုတ်ပေ။
ဤရေနံမြေကို သူ ဝယ်ယူလိုခြင်းမှာ ရေနံကုမ္ပဏီ အမည်ခံနိုင်ရန်သာ ဖြစ်သည်။ ထိုအခါမှသာ ရေနံရောင်းချလျှင် စစ်ဆေးခံရမည် မဟုတ်ပေ။
မိမိပေးသည့် ဈေးနှုန်းကို တစ်ဖက်လူ သဘောကျပါက အကျိုးအမြတ် အားလုံးကို စွန့်လွှတ်မည်ဟု ဆွန်ဖုန်း ယုံကြည်သည်။
အဓိကမှာ တူးဖော်ခွင့်ကြေးကို တစ်ဖက်လူ သဘောတူနိုင်မလား ဆိုသည့် အချက်ပင် ဖြစ်သည်။
ရေနံ ထွက်ရှိမှု ပမာဏက ခန့်မှန်းထားသည်ထက် တန်ချိန် သန်းဆယ်ချီ ပိုထွက်လာပါကလည်း တစ်ဖက်လူ ဘာမှ ပြောနိုင်မည် မဟုတ်ပေ။
လက်ရှိ တူးဖော်ရေး နည်းပညာများမှာ အလွန်အမင်း မတိကျသေးဘဲ ခန့်မှန်းချက်များသာ ဖြစ်သည်။ ရေနံထွက်ရှိမှု အနည်းအများ ကွာဟခြင်းမှာ ဖြစ်ရိုးဖြစ်စဉ် တစ်ခုသာ ဖြစ်သည်။
ဆွန်ဖုန်း၏ ရေနံမြေမှ ရေနံ ပိုထွက်လာပါကလည်း အခြားသူများက ဆွန်ဖုန်း တစ်ယောက် ကံကောင်းသွားသည်ဟုသာ ထင်ကြမည် ဖြစ်သည်။
ဤရေနံမြေမှ ရေနံများက ထင်ထားသည်ထက် ပိုများနေသည်ဟု မှတ်ယူကြမည် ဖြစ်သည်။
"ဟုတ်ကဲ့ပါ... မနက်ဖြန် တစ်ဖက်လူကို ဆက်သွယ်ပြီး သူတို့ သဘောထား ဘယ်လိုရှိလဲဆိုတာ မေးကြည့်လိုက်ပါ့မယ်..."
စူးမေးက ဖြေလိုက်သည်။
"ကောင်းပြီ... သတင်းကောင်းကို စောင့်နေမယ်... တကယ်လို့ တစ်ဖက်လူက သဘောတူတယ်ဆိုရင် မင်း ငါနဲ့ အတူတူ လိုက်ခဲ့ရမယ်... မင်းရဲ့ အလုပ်တွေကိုတော့ လျန်ယင်းနဲ့ ဝူမုန်ရှင်းကို လွှဲခဲ့လိုက်ပါ..."
"သိပါပြီ... ဘော့စ်ကြီးရှင့်..."
စူးမေး၏ လေသံက ပြန်လည် မြူးတူးလာသည်။
"သေနာမလေး... စကားပြောတာ အဲဒီလောက် ညုတုတု လုပ်နေဖို့ လိုလို့လား..."
ဆွန်ဖုန်းက ရယ်မောကာ ဆဲဆိုလိုက်သည်။
"မွေးရာပါပဲလေ... ဘယ်တတ်နိုင်မလဲ..."
စူးမေးက ရယ်မောလိုက်သည်။
"..."
ဖုန်းချပြီးနောက် ဆွန်ဖုန်းသည် ဂိမ်းဆက်ကစားနေလိုက်သည်။
နောက်နေ့ ညနေပိုင်းတွင် စူးမေးထံမှ ဖုန်းဝင်လာသည်။
တစ်ဖက်လူက သဘောတူပြီး သုံးရက်အကြာတွင် နယူးဖောင်လန်ရှိ စိန့်ဂျွန်း မြို့တော်ခန်းမသို့ လာရောက် ဆွေးနွေးရန် ချိန်းဆိုလိုက်ကြောင်း ပြောပြသည်။
သေချာသော သတင်းကို ရရှိပြီးနောက် ဆွန်ဖုန်း၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။
တစ်ဖက်လူက အနောက်ပိုင်း ရေနံမြေ တူးဖော်ခွင့်ကို ရောင်းချရန် အလွန် စိတ်အားထက်သန်နေပုံ ရသည်။
အကယ်၍ ဤအရောင်းအဝယ် အောင်မြင်ပါက ဆွန်ဖုန်းသည် အနောက်ပိုင်း ကျောက်လွှာအောက် ရေနံကို ပထမဆုံး တူးဖော်သူ ဖြစ်လာမည်ဖြစ်သည်။
ဤအရောင်းအဝယ် အောင်မြင်ပါက အခြား ရေနံကုမ္ပဏီများလည်း အနောက်ပိုင်း ကျောက်လွှာအောက်ရှိ ရေနံများကို စိတ်ဝင်စားလာကြမည် ဖြစ်သည်။
ဆွန်ဖုန်းက ရေနံ တူးဖော်နိုင်ပါက နယူးဖောင်လန် အစိုးရအတွက် အလွန် ကောင်းမွန်သော သတင်းတစ်ပုဒ် ဖြစ်လာမည်မှာ သေချာသည်။
ရေနံကုမ္ပဏီကြီးများကလည်း အနောက်ပိုင်း မြေအောက်ရှိ ရေနံစည် ၃၅ ဘီလီယံကို ငြိမ်ကြည့်နေကြမည် မဟုတ်ပေ။
ဒါက နှစ်ဦးနှစ်ဖက် မျှော်လင့်ထားသည့် အရာများ ဖြစ်သည်။
သို့သော် တကယ် လက်တွေ့ဖြစ်လာမလား ဆိုသည်ကိုတော့ အချိန်ကသာ သက်သေပြသွားမည် ဖြစ်သည်။
တကယ်တော့ နယူးဖောင်လန် ရေနံ တင်ဒါကော်မတီက ဆွန်ဖုန်း၏ ကုမ္ပဏီမှ အနောက်ပိုင်း ရေနံမြေကို စိတ်ဝင်စားကြောင်း သိရသောအခါ အံ့ဩသွားကြသလို ဆွန်ဖုန်းကို ရေနံအကြောင်း နားမလည်သူ တစ်ယောက်ဟုလည်း ထင်နေကြသည်။
ကျောက်လွှာအောက်ရှိ ရေနံကို တူးဖော်ရန် ခက်ခဲမှန်း သိသိရက်နှင့် ဝယ်ယူချင်နေသောကြောင့် ဖြစ်သည်။
သို့သော် ဆွန်ဖုန်းက ဘာပဲဖြစ်နေပါစေ ဆွန်ဖုန်း၏ လုပ်ရပ်ကို နယူးဖောင်လန် အစိုးရက ကြိုဆိုနေမည်မှာ သေချာသည်။ ငွေလာပေးမည့်သူကို ဘယ်သူက ငြင်းဆန်မည်နည်း။
ဆွန်ဖုန်းက နောက်ထပ် ရေနံမြေ အများအပြားကို ထပ်မံ တူးဖော်မည်ဆိုပါက ပို၍ပင် သဘောကျကြဦးမည် ဖြစ်သည်။
ထိုသို့ဆိုလျှင် သူတို့က တူးဖော်ခွင့်ကြေးများ ထပ်ရမည်ဖြစ်သလို ရေနံထွက်လာပါကလည်း အကျိုးအမြတ်များကို အလကား ခွဲဝေရရှိဦးမည် ဖြစ်သည်။ လုံးဝ ရှုံးစရာ အကြောင်းမရှိပေ။
ကနေဒါနိုင်ငံသည် ရေနံသယံဇာတ ပေါကြွယ်ဝကြောင်း အားလုံး သိကြသည်။
လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ကနေဒါသည် ပြည်တွင်း ရေနံလုပ်ငန်းများတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ခဲ့သည်။ ဤကိစ္စကို လူတိုင်း သိကြသည်။
ဆွန်ဖုန်း အမြင်တွင်မူ ထိုသို့ လုပ်ရပ်မှာ နိုင်ငံတော် သစ္စာဖောက်မှုနှင့် ဘာမှ မကွာခြားလှပေ။ သူတို့၏ ကိုယ်ပိုင် ရေနံမြေများကို သူများလက်ထဲ ထည့်ပေးနေခြင်း ဖြစ်သည်။
သို့သော် ငွေကြေးနှင့် အကျိုးအမြတ်ရှေ့တွင် ဤသို့ လုပ်ဆောင်ခြင်းမှာ သာမန် ဖြစ်ရိုးဖြစ်စဉ် တစ်ခုသာ ဖြစ်သည်။
"စူးမေး... မနက်ဖြန် ဗန်ကူးဗားကို လာခဲ့... ငါနဲ့အတူ နယူးဖောင်လန်ကို သွားရမယ်..."
ဆွန်ဖုန်းက စူးမေးထံ ဖုန်းဆက်ကာ အသိပေးလိုက်သည်။
"ကြားပါပြီ... ဘော့စ်ကြီးရှင့်..."
နောက်တစ်နေ့တွင် ဆွန်ဖုန်းသည် စူးမေးကို လေဆိပ်တွင် သွားကြိုခဲ့သည်။
စူးမေးသည် ရုံးဝတ်စုံကို သပ်ရပ်စွာ ဝတ်ဆင်ထားပြီး ဆံပင်ကိုလည်း သေသပ်စွာ ထုံးဖွဲ့ထားသည်။
မျက်မှန်အမည်းကို ချွတ်ကာ မျက်ကပ်မှန် တပ်ထားသဖြင့် ယခင်ကထက် ပိုမို ဆွဲဆောင်မှု ရှိနေသည်။
"ဘော့စ်..."
စူးမေးက ရောက်ရောက်ချင်း ညုတုတု အသံလေးဖြင့် ခေါ်လိုက်ကာ မျက်လုံးကြီးများကလည်း မှိတ်ချည်ဖွင့်ချည် လုပ်နေသည်။
"အင်း... နောက်တစ်နာရီနေရင် နယူးဖောင်လန် သွားမယ့် လေယာဉ်ပေါ် တက်ရမယ်... ငါတို့ နားဖို့ နေရာတစ်ခုခု အရင်သွားရှာရအောင်..."
ဆွန်ဖုန်းက ခရီးဆောင်အိတ် ဆွဲလာသော စူးမေးကို ခေါ်ကာ လေဆိပ်ရှိ ကော်ဖီဆိုင် တစ်ဆိုင်တွင် ဝင်ထိုင်လိုက်သည်။
"အမယ်လေး... အခုတလော တော်တော်လေး စိုပြည်လာပါလား... ရည်းစားများ ရနေပြီလား..."
ဆွန်ဖုန်းက စူးမေး၏ မျက်နှာလေးကို ကြည့်ကာ မေးလိုက်သည်။
ယခင်ကလောက် မပိန်တော့ဘဲ သွေးရောင်လွှမ်းကာ ပို၍ လှပလာကြောင်း သတိထားမိလိုက်သည်။
"ဘယ်ကသာ... ဆောင်းဦးပေါက်ဆိုတော့ ပိုစားဖြစ်တာရယ်... အလုပ်တွေကလည်း အရင်လို သိပ်မများတော့လို့ လူက မနွမ်းနယ်တော့တာပါ..."
စူးမေးက ပြုံး၍ ဖြေလိုက်သည်။
"ဪ... ဒီလိုလား... ငါက မင်း နိုင်ငံခြားသား ချောချောလေးတွေရဲ့ ရင်ခွင်ထဲ ရောက်သွားပြီလို့တောင် ထင်နေတာ..."
ဆွန်ဖုန်းက ကော်ဖီကို ဖြည်းဖြည်းချင်း မွှေရင်း ရယ်မောကာ ပြောလိုက်သည်။
"ဟွန့်... နိုင်ငံခြားသားတွေကို မကြိုက်ပါဘူး... ရွံစရာကြီး... ပြည်တွင်းဖြစ်ကပဲ ပိုကောင်းပါတယ်..."
စူးမေး၏ မျက်နှာတွင် ရွံရှာသော အရိပ်အယောင်များ ပေါ်လာသည်။
"အို... ပြည်တွင်းဖြစ်ကို သဘောကျတာပေါ့... ပြည်တွင်းဖြစ်က သုံးလို့ ကောင်းရဲ့လား..."
ဆွန်ဖုန်းက စူးမေး အနားသို့ ကပ်ကာ နောက်ပြောင်လိုက်သည်။
"ကျွန်မမှ မသုံးဖူးသေးတာ... ဘယ်သိမလဲ... ဒါပေမယ့် နိုင်ငံခြားဖြစ်တွေက ပိုသန်မာတယ်လို့တော့ ကြားဖူးတယ်... ဟုတ်မဟုတ်တော့ မသိဘူး... ဒါပေမယ့် နိုင်ငံခြားဖြစ်တွေကို မကြိုက်ပါဘူး..."
စူးမေးက မေးစေ့ကို ထောက်ကာ စဉ်းစားဟန်ဖြင့် ပြောလိုက်သည်။
သို့သော် နောက်တစ်ခဏတွင် သူမ စကားမှားသွားကြောင်း သတိထားမိလိုက်သည်။
"ဪ... မင်းက စက္ကူဖြူလေး ဖြစ်နေတုန်းပဲကိုး... ကိုယ့်လူပဲ ရှိတာကို သူများဆီ မသွားပါနဲ့... ငါ့ကိုကော ဘယ်လိုမြင်လဲ... မင်းက စက္ကူ ငါက ခဲတံ... လိုက်ဖက်တယ် မဟုတ်လား..."
"အာ... ဆွန်ဖုန်း... ရှင်... ရှင် တော်တော် စိတ်ပျက်စရာကောင်းတာပဲ... ကျွန်မကို စကားလှည့်ကွက်ထဲ ထပ်ထည့်ပြန်ပြီ..."
စူးမေးမှာ အလွန် ရှက်သွားပြီး ဆွန်ဖုန်းကိုတောင် ဖြောင့်ဖြောင့် မကြည့်ရဲတော့ပေ။