အခန်း ၁၃၆
Vol. 14 Ch. 136
အခန်း (၁၃၆) လုံခြုံစိတ်ချရသော တူးဖော်ရေး အစီအစဉ်
နယူးဖောင်လန်တွင် တစ်ရက်ခန့် လည်ပတ်ပြီးနောက် ဆွန်ဖုန်းနှင့် စူးမေးတို့သည် ဗန်ကူးဗားရှိ အိမ်သို့ ပြန်လာခဲ့ကြသည်။
တင်ဒါပွဲ စတင်ရန် လေးငါးရက်ခန့်သာ လိုတော့သဖြင့် စူးမေးသည် လီယာဒ်ဘတ်မြို့သို့ မပြန်တော့ပေ။
မားစ် သံသတ္တုတွင်း ကိစ္စများကို လျန်ယင်နှင့် ဝူမုန်ရှင်းတို့အား လွှဲထားလိုက်ပြီး အချိန်တန်ပါက ဆွန်ဖုန်းနှင့်အတူ တင်ဒါပွဲသို့ တက်ရောက်မည် ဖြစ်သည်။
ရေနံမြေ ကိစ္စမှာ အခြေခံအားဖြင့် အဆင်ပြေသွားပြီ ဖြစ်သည်။ ဘာမှ အမှားအယွင်း မရှိပါက ဆွန်ဖုန်း လက်ထဲသို့ သေချာပေါက် ရောက်လာမည် ဖြစ်သည်။
ယခုအချိန်တွင် သူ အခက်ခဲဆုံး ကိစ္စမှာ ငွေကြေးကိစ္စ ဖြစ်နေသည်။
အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံဖြင့် ထိုရေနံမြေကို ဝယ်ယူလိုက်ပါက ဆွန်ဖုန်း၏ လက်ထဲတွင် လည်ပတ်ငွေ ဒေါ်လာ သန်း ၁၀၀ သာ ကျန်ရှိတော့မည် ဖြစ်သည်။
ဗီလာ ဧည့်ခန်းထဲတွင် ဆွန်ဖုန်းသည် ဆိုဖာပေါ်၌ ထိုင်ကာ မျက်မှောင်ကြုတ်နေမိသည်။
'ဘဏ်ကနေ ချေးငွေ ယူရမလား... သူငယ်ချင်းတွေဆီကပဲ ချေးရမလား...' ဟု သူ တွေးနေမိသည်။
ဆွန်ဖုန်း၏ သူငယ်ချင်းများထဲတွင် ငွေချေးနိုင်သူဆို၍ စွမ်းဆောင်ရည်ရှိသော စုန့်ကျဲ တစ်ယောက်သာ ရှိသည်။
"အသံလက်ထောက်... မင်းရဲ့ ပြီးပြည့်စုံတဲ့ ရေနံတူးဖော်ရေး အစီအစဉ်က စဉ်းစားလို့ ပြီးပြီလား..."
ဆွန်ဖုန်းက စိတ်ထဲမှနေ၍ အသံလက်ထောက်နှင့် စတင် ဆက်သွယ်လိုက်သည်။
"အစီရင်ခံပါတယ် အရှင်... အစီအစဉ် ဆွဲပြီးပါပြီ..."
"အိုး... ဟုတ်လား... ငါ့ကို ပြောပြစမ်းပါဦး..."
ဆွန်ဖုန်းက စိတ်ဝင်စားသွားသည်။
"ဟုတ်ကဲ့ပါ အရှင်... လက်ရှိ အရှင် တူးဖော်မယ့် ရေနံမြေက နယူးဖောင်လန် အနောက်ဘက် ကမ်းရိုးတန်းအနီး ကုန်းတွင်းပိုင်းမှာ ရှိတာပါ... ပင်လယ်အောက်မှာ မဟုတ်တဲ့အတွက် ကျွန်တော်တို့ရဲ့ ရေအောက်တူးဖော်ရေး စနစ်ကြီးထဲက ကိရိယာတွေကို သုံးဖို့ သိပ်မသင့်တော်ပါဘူး..."
"ဒါပေမယ့် ကမ္ဘာမြေပေါ်က လက်ရှိ တူးဖော်ရေး နည်းပညာတွေကို သုံးမယ်ဆိုရင်လည်း အရှင် သေချာပေါက် အရှုံးပေါ်မှာ ဖြစ်သလို ရေနံလည်း သိပ်များများစားစား ရမှာ မဟုတ်ပါဘူး..."
"ဒါကြောင့် အသံလက်ထောက်က အရှင့်အတွက် အသေးစိတ်ကျပြီး ပြီးပြည့်စုံတဲ့ အစီအစဉ်တစ်ခုကို ဆွဲပေးထားပါတယ်..."
အသံလက်ထောက်က ပြောလိုက်သည်။
"ပြော..."
"ကျွန်တော် အရှင့်အတွက် ရေနံတူးဖော်ရေး ကိရိယာတချို့ကို ဖန်တီးပေးနိုင်ပါတယ်... အဲဒီကိရိယာတွေရဲ့ အပြင်ပန်းပုံစံက ကမ္ဘာပေါ်က ရိုးရာ တူးဖော်ရေး စက်ပစ္စည်းတွေနဲ့ အတူတူပါပဲ... ဒါပေမယ့် စွမ်းဆောင်ရည်ကတော့ မတူပါဘူး..."
"ပိုပြီး အဆင့်မြင့်တဲ့အတွက် ကျောက်လွှာအောက်က ရေနံမြေကို အလွယ်တကူ တူးဖော်နိုင်ပါတယ်..."
"ဒီလိုလုပ်လိုက်ရင် အရှင်က ရေအောက်တူးဖော်ရေး စနစ်ကြီးထဲက ကိရိယာတွေကို သုံးစရာမလိုဘဲ တူးဖော်ရခက်တဲ့ ကျောက်လွှာအောက် ရေနံမြေတွေကို အလွယ်တကူ တူးဖော်နိုင်မှာပါ..."
အသံလက်ထောက်က ရှင်းပြလိုက်သည်။
"ဟင်... ဒီနည်းလမ်းက မဆိုးဘူးပဲ... ဒီလိုဆိုရင် ငါ့ရဲ့ ထူးခြားတဲ့စနစ်ကြီး လျှို့ဝှက်ချက်လည်း ပေါက်ကြားတော့မှာ မဟုတ်ဘူး..."
ဆွန်ဖုန်းက အလွန် ဝမ်းသာသွားသည်။
"ဟုတ်ပါတယ် အရှင်... ကျွန်တော် ဖန်တီးပေးမယ့် ရေနံတူးဖော်ရေး ကိရိယာတွေရဲ့ အပြင်ပန်းပုံစံက လက်ရှိ သာမန် ရေနံတွင်း တူးဖော်တဲ့ ကိရိယာတွေနဲ့ တစ်ပုံစံတည်းပါပဲ... ကျွန်တော်က တူးဖော်တဲ့ လွန်သွား အပိုင်းမှာပဲ အဆင့်မြင့် နည်းပညာကို ထည့်သွင်းထားတာပါ... ဒီလို ကျောက်လွှာ ရေနံမြေမျိုးကို တူးဖို့က လုံလောက်ရုံတင်မက ပိုတောင် ပိုနေပါသေးတယ်..."
အသံလက်ထောက်၏ ဆိုလိုရင်းကို ဆွန်ဖုန်း သဘောပေါက်သွားသည်။
ကမ္ဘာပေါ်ရှိ ရိုးရာ ရေနံတူးဖော်ရေး စက်များနှင့် ပုံစံတူသော ကိရိယာများကို ဖန်တီးပေးမည် ဖြစ်သည်။ ထိုအခါ တူးဖော်သည့်အခါ အခြားသူများ အမြင်တွင် သာမန် စက်များဟုသာ ထင်ကြမည် ဖြစ်သည်။
သို့သော် ထိုစက်များက မာကျောသော ကျောက်လွှာများကို အလွယ်တကူ ဖောက်ထွင်းနိုင်ပြီး ရေနံတွင်းများကို တူးဖော်နိုင်မည် ဖြစ်သည်။
အကယ်၍ ကမ္ဘာပေါ်ရှိ လက်ရှိ တူးဖော်ရေး စက်များကိုသာ သုံးမည်ဆိုပါက ရေနံတွင်း တစ်တွင်းတူးရန်ပင် အလွန် ခက်ခဲပြီး အချိန်ကြာမြင့်မည် ဖြစ်သည်။ ကျောက်လွှာ ရေနံမြေမျိုးကို တူးဖော်ရန်မှာ လုံးဝ မဖြစ်နိုင်သလောက်ပင်။
ထို့အပြင် ကျောက်လွှာအလွှာတိုင်းက တူးဖော်ရန် ခက်ခဲနေသည် မဟုတ်ပေ။
သာမန်အားဖြင့် တူးဖော်သည့်အခါ တူးရလွယ်ကူပြီး ကျောက်လွှာ အနည်းငယ် ပါးလွှာကာ မာကျောမှု နည်းပါးသည့် နေရာများကို ရွေးချယ် တူးဖော်လေ့ရှိကြသည်။
အချိန်တန်လျှင် ဆွန်ဖုန်း အနေဖြင့် တူးဖော်ရန် လွယ်ကူသော နေရာကို ရှာတွေ့ခဲ့သည်ဟု အခြားသူများအား အကြောင်းပြနိုင်သည်။
အကယ်၍ အခြားသူများက လာရောက် စစ်ဆေးလိုလျှင်တောင် သူ အသုံးပြုနေသည့် ကိရိယာများမှာ ရိုးရာ စက်များသာ ဖြစ်ပြီး ဘာမှ ထူးထူးခြားခြား မရှိသည်ကို တွေ့ရမည် ဖြစ်သည်။
သို့သော် ထိုစက်များက ကျောက်လွှာများကို အလွယ်တကူ တူးဖော်နိုင်သဖြင့် ထိုနေရာသည် တကယ်ပင် တူးဖော်ရန် လွယ်ကူသည်ဟု အခြားသူများ ထင်မှတ်သွားနိုင်သည်။
ဤသို့ဖြင့် လာရောက် စစ်ဆေးခံရမည့် အန္တရာယ်ကို များစွာ လျှော့ချနိုင်မည် ဖြစ်သည်။
တမင်သက်သက် စစ်ဆေးလိုသူများ ရှိလျှင်တောင် အခြား ရေနံကုမ္ပဏီများ အသုံးပြုနေသည့် စက်များနှင့် အတူတူပင် ဖြစ်နေရာ ဘာမှ ထူးထူးခြားခြား တွေ့ရှိမည် မဟုတ်ပေ။
စက်ကို သယ်ယူပြီး သုတေသန လုပ်ချင်လျှင်တောင် ဒါက သူပိုင်သော စက်ဖြစ်ရာ လွယ်လွယ်နှင့် သယ်သွား၍ မရနိုင်ပေ။
အကယ်၍ အင်အားသုံးပြီး အတင်းအဓမ္မ သယ်ယူသွားမည် ဆိုလျှင်တောင် ထိုတူးဖော်ရေး ကိရိယာများပေါ်တွင် ဖျက်ဆီးရေး စနစ်တစ်ခု တပ်ဆင်ထားနိုင်ကြောင်း အသံလက်ထောက်က ပြောပြသည်။
လွန်သွားရှိ အဆင့်မြင့် နည်းပညာ အပိုင်းကို သဲလွန်စ မကျန်အောင် ချက်ချင်း ဖျက်ဆီးပစ်နိုင်မည် ဖြစ်သည်။
ထိုအခါ တစ်ဖက်လူ ရရှိသွားမည့် စက်မှာ သာမန် ရေနံတူးစက် တစ်လုံးသာ ဖြစ်သွားပြီး ဘာမှ ရှာတွေ့မည် မဟုတ်ပေ။
အကြောင်းမှာ ဤစက်၏ အဆင့်မြင့်ဆုံး အပိုင်းမှာ လွန်သွားတွင်သာ ရှိပြီး ကျန်သည့် အစိတ်အပိုင်းများမှာ ကမ္ဘာပေါ်ရှိ ရေနံတူးစက်များနှင့် တစ်ပုံစံတည်း ဖြစ်သောကြောင့်ပင်။
အသံလက်ထောက်၏ အာမခံချက်ကြောင့် ဆွန်ဖုန်း များစွာ စိတ်အေးသွားရသည်။ ဤအစီအစဉ်မှာ ဖြစ်နိုင်ချေ ရှိပုံရသည်။
"ဒါနဲ့... ဒီလောက် အစွမ်းထက်တဲ့ ကိရိယာက ကမ္ဘာပေါ်က ရိုးရာ တူးဖော်ရေး စက်တွေနဲ့ အပြင်ပန်းပုံစံ တူနေတယ်ဆိုတော့... ဘယ်နေရာက ကွာခြားလို့ ကျောက်လွှာတွေကို အလွယ်တကူ ဖောက်ထွင်းနိုင်တာလဲ..."
ဆွန်ဖုန်းက အသံလက်ထောက် ဖန်တီးပေးမည့် ရေနံတူးစက်များကို အလွန် သိချင်သွားသည်။
"ဒီလိုပါ အရှင်... ကျွန်တော် ဖန်တီးပေးမယ့် ရေနံတူးစက်တွေက လက်ရှိ ကမ္ဘာပေါ်က ရေနံတူးစက်တွေနဲ့ တစ်ပုံစံတည်းပါပဲ... ကျွန်တော်က သူ့ရဲ့ လွန်သွား အပိုင်းမှာ ကျောက်ခွဲ အလင်းလှိုင်းစက် လို့ ခေါ်တဲ့ စက်တစ်ခုကို တပ်ဆင်ပေးထားရုံပါ..."
"ကျောက်ခွဲ အလင်းလှိုင်း စက် ဆိုတာက ဘာပစ္စည်းလဲ..."
ဆွန်ဖုန်းက မေးလိုက်သည်။
"ကျောက်ခွဲ အလင်းလှိုင်းစက် ရဲ့ အလုပ်လုပ်ပုံကို ရှင်းပြလို့ နားလည်မှာ မဟုတ်ပါဘူး... ဘာလို့လဲဆိုတော့ ဒီပစ္စည်းက အရမ်း အဆင့်မြင့်လွန်းလို့ လက်ရှိ ကမ္ဘာမြေရဲ့ အသိပညာနဲ့ နားလည်နိုင်မယ့် အဆင့်မြင့် နည်းပညာ မဟုတ်လို့ပါ..."
"ဒါပေမယ့် သူ့မှာ လုပ်ဆောင်ချက် တစ်ခု ရှိပါတယ်... သတ်မှတ်ထားတဲ့ အကွာအဝေး အတွင်းမှာ အောက်ဘက်က ကျောက်လွှာတွေကို အလင်းလှိုင်း တုန်ခါမှုနဲ့ အလွယ်တကူ ခွဲထုတ်နိုင်ပါတယ်... ကျောက်လွှာတွေကို အမှုန့်ဖြစ်အောင် တိုက်ရိုက် တုန်ခါစေတာပါ..."
"အဲဒီအချိန်ကျရင် အဲဒီနေရာ တစ်ဝိုက်က ကျောက်လွှာတွေ အားလုံး အမှုန့်ဖြစ်သွားတဲ့အတွက် ကမ္ဘာပေါ်က သာမန် ရေနံတူးစက်တွေကို သုံးရင်တောင် တို့ဟူးလှီးသလို ရေနံတွင်းကို အလွယ်တကူ တူးဖော်နိုင်မှာပါ..."
အသံလက်ထောက်က ရှင်းပြလိုက်သည်။
"ဪ... ဒီလိုကိုး..."
ဆွန်ဖုန်း သဘောပေါက်သွားသည်။
အသံလက်ထောက်က ကမ္ဘာပေါ်ရှိ သာမန် ရေနံတူးစက်များ၏ လွန်သွားတွင် ကျောက်ခွဲ အလင်းလှိုင်း စက် တစ်ခုကို ထပ်မံ တပ်ဆင်ပေးရုံဖြင့် မာကျောသော ကျောက်လွှာများကို အလွယ်တကူ တူးဖော်နိုင်မည် ဖြစ်သည်။
"ဒီလိုဆိုရင် ငါက တခြား ရေနံကုမ္ပဏီတွေဆီက တစ်ပတ်ရစ် ရေနံတူးစက် အဟောင်း နည်းနည်းလောက် သွားဝယ်လိုက်မယ်... ပြီးတော့ မင်းက အဲဒီစက်တွေရဲ့ လွန်သွားနေရာမှာ 'ကျောက်ခွဲ အလင်းလှိုင်းစက်' ကို တပ်ဆင်ပေးလိုက်..."
"ဒါဆိုရင် ငါတို့ ချက်ချင်း ဒီစက်တွေနဲ့ ကျောက်လွှာတွေကို တူးဖော်လို့ ရပြီပေါ့..."
ဆွန်ဖုန်း၏ မျက်လုံးများ အရောင်လက်သွားသည်။
"ဟုတ်ပါတယ် အရှင်..."
အသံလက်ထောက်က ပြန်ဖြေလိုက်သည်။
"ဒါဆိုရင် အဆင်ပြေတာပေါ့... ငါသုံးတဲ့ တူးဖော်ရေး စက်တွေက တခြား ကုမ္ပဏီတွေဆီက ဝယ်လာတာ ဖြစ်သွားမယ်... ငါက မာကျောတဲ့ ကျောက်လွှာတွေကို အလွယ်တကူ ဖောက်ထွင်းပြီး ရေနံတွင်းတွေကို မြန်မြန် တူးဖော်နိုင်မယ်..."
"တခြားသူတွေက လာစစ်ချင်ရင်တောင် ဘာမှ ရှာတွေ့မှာ မဟုတ်ဘူး... ငါက သူများရဲ့ တစ်ပတ်ရစ် စက်တွေကို သုံးပြီး တူးဖော်နေတာကိုး... သူတို့ စစ်ဆေးလည်း အလကားပဲ... ငါ ရေနံတွင်း တူးတဲ့ နေရာ ရွေးတာ မှန်တယ်လို့ပဲ ထင်သွားမှာ..."
ဆွန်ဖုန်းက မိမိဘာသာ ပြောလိုက်သည်။
"ဟုတ်ပါတယ် အရှင်... ဒါပေမယ့် ကျွန်တော် အကြံပေးချင်တာက ပစ္စည်းတချို့ ဝယ်လာခဲ့ပါ... အဲဒီ ကမ္ဘာပေါ်က ရေနံတူးစက်တွေကို ကျွန်တော် ဖန်တီးပေးပါ့မယ်... ဒါဆိုရင် ကုန်ကျစရိတ် ပိုသက်သာသွားမှာပါ... တကယ်လို့ တစ်ပတ်ရစ် စက်တွေ ဝယ်မယ်ဆိုရင်တောင် ဈေးက တော်တော် ကြီးမှာပါ..."
အသံလက်ထောက်က အကြံပေးလိုက်သည်။
"အင်း... အဲဒါ ကိစ္စမရှိပါဘူး... ငါက အစပိုင်းမှာ ရေနံတွင်း နှစ်တွင်း သုံးတွင်းလောက်ပဲ အရင် တူးဖို့ စဉ်းစားထားတာ... လောစရာ မလိုဘူး... ဖြည်းဖြည်းချင်း လုပ်လို့ရတယ်..."
"ဒါကြောင့် အစပိုင်းမှာ တခြား ကုမ္ပဏီတွေဆီက တစ်ပတ်ရစ် စက်တွေကိုပဲ ဝယ်လိုက်မယ်... ဒါဆိုရင် စစ်ဆေးခံရမယ့် အန္တရာယ်ကို အနည်းဆုံး ဖြစ်အောင် လျှော့ချနိုင်မှာပါ..."
ဆွန်ဖုန်းက ပြောလိုက်သည်။
"အင်း... ဒါလည်း ရပါတယ်... စက် အနည်းငယ်လောက် ဝယ်တာဆိုတော့ ပိုက်ဆံ သိပ်မကုန်နိုင်ပါဘူး..."