← Chapters

အခန်း ၁၄၀

Vol. 14 Ch. 140

အခန်း ၁၄၀

Vol. 14 Ch. 140

အခန်း (၁၄၀) အသေအလဲ ပြိုင်ဆိုင်ကြခြင်း

တိတ်ဆိတ်မှုကို ရင်ဆိုင်ရသောအခါ ပွဲစီစဉ်သူလည်း အနည်းငယ် အနေရခက်သွားသော်လည်း သူ၏ စိတ်အားထက်သန်သော ဟောပြောမှုဖြင့် အခြေအနေကို ပြန်လည် အသက်သွင်းလိုက်သည်။

"ဟိုတရုတ် လီ က ဘာသဘောလဲ... ဟိုဆွန်ဖုန်း ဆိုတဲ့သူကလည်း တရုတ်လူမျိုး ဖြစ်နေလို့ မျက်နှာသာ ပေးလိုက်တာလား..."

ဒေးဗစ်က မျက်မှောင်ကြုတ်ကာ တရုတ်ကုမ္ပဏီ၏ နေရာသို့ တစ်ချက် ကြည့်လိုက်သည်။

"ကြည့်ရတာ ရေနံလုပ်ငန်း လုပ်ချင်တဲ့ လူမိုက်တစ်ယောက် ထပ်ရောက်လာပြန်ပြီ... တကယ် သေချင်နေတာပဲ..."

"ဟားဟား ဟုတ်တယ်ဗျ... ပိုက်ဆံ လိုချင်လွန်းလို့ ရူးနေတာ ဖြစ်မယ်... သူက သံသတ္တုတွင်း တစ်ခု ပိုင်တယ်လို့ ကြားတယ်... ကိုယ့်ဘာသာ အေးအေးဆေးဆေး သံတူးမနေဘဲ ဘာလို့ ရေနံ လာရင်းနှီးမြှုပ်နှံနေတာလဲ... ကျွန်တော် ထင်တာကတော့ သူ ရေနံလုပ်ငန်းထဲ ဝင်လာတာနဲ့ သူ့ရဲ့ သံသတ္တုတွင်းပါ ဒေဝါလီခံသွားရလိမ့်မယ်..."

စွမ်းဆောင်ရည် မရှိပါက သူတစ်ပါး၏ လေးစားမှုကို ရရှိမည် မဟုတ်ပေ။ စီးပွားရေးလောကဆိုသည်မှာ စစ်မြေပြင်နှင့် တူသည်။ ရေနံကုမ္ပဏီ အသီးသီးသည် အသစ်ရောက်လာသော ဆွန်ဖုန်းကို အလွန် အထင်သေးနေကြသည်။

ဆွန်ဖုန်းသည် အခြားသူများ၏ အမြင်ကို ဂရုမစိုက်သလို သူတစ်ပါး၏ ချီးမွမ်းမှုကိုလည်း မလိုအပ်ပေ။ သူ လုပ်ရမည့် အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ပြီး သူ ရနိုင်သော ငွေကို ရယူနိုင်လျှင် လုံလောက်ပြီဖြစ်သည်။

ပွဲစီစဉ်သူက စိတ်အားထက်သန်စွာဖြင့် စကားများစွာ ပြောဆိုပြီးနောက် တင်ဒါပွဲသို့ လာရောက်ကြသော ရေနံကုမ္ပဏီများကို ကျေးဇူးတင်ကြောင်းနှင့် ရေနံ ရင်းနှီးမြှုပ်နှံမှု အကြောင်းများကို ပြောဆိုခဲ့သည်။

"အခု ဒီတစ်ကြိမ် တင်ဒါပွဲရဲ့ အဓိက တာဝန်ခံ မစ္စတာစတီဗင်ကို စင်ပေါ်တက်ပြီး စကားပြောကြားပေးဖို့ ဖိတ်ခေါ်ပါတယ်..."

ရုပ်ချောသော ပွဲစီစဉ်သူက ကျယ်လောင်စွာ ကြေညာလိုက်သည်။

"ဖြန်း ဖြန်း ဖြန်း..."

လက်ခုပ်သံများ ထွက်ပေါ်လာပြီးနောက် ယနေ့ ရုံးဝတ်စုံကို သေသပ်စွာ ဝတ်ဆင်ထားသော စတီဗင်က မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် စင်ပေါ်သို့ တက်လာခဲ့သည်။

"လူကြီးမင်းများ ခင်ဗျာ အားလုံးပဲ မင်္ဂလာပါ ကျွန်တော်က ဒီတစ်ကြိမ် နယူးဖောင်လန် ရေနံတူးဖော်ရေး တင်ဒါပွဲရဲ့ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခွင့် ရတဲ့အတွက် အရမ်းကို ဝမ်းမြောက်ဂုဏ်ယူမိပါတယ် အခုလို လာရောက် အားပေးကြတဲ့အတွက်လည်း အားလုံးကို ကျေးဇူးတင်ပါတယ်..."

စတီဗင်က ပြောလိုက်သည်။

ထပ်မံ၍ လက်ခုပ်သံများ ထွက်ပေါ်လာပြီးနောက် စတီဗင်က ဆက်ပြောလေသည်။

"ကနေဒါ အစိုးရရဲ့ အတည်ပြုချက်အရ ဒီတစ်ကြိမ်မှာ နယူးဖောင်လန် ပြည်နယ်က ရေနံမြေ ၃ ခုကို တူးဖော်ဖို့ တင်ဒါခေါ်ယူသွားမှာ ဖြစ်ပါတယ် နှစ်ခုက နယူးဖောင်လန် အရှေ့ပိုင်းက ရေနံမြေတွေ ဖြစ်ပြီး အမှတ် (၁) ရေနံမြေနဲ့ အမှတ် (၂) ရေနံမြေလို့ အမည်ပေးထားပါတယ်... သိုလှောင်ထားတဲ့ ရေနံပမာဏကတော့ ရေနံစည် သန်း ၈၀၀ နဲ့ သန်း ၅၀၀ အသီးသီး ဖြစ်ပါတယ်... နောက်တစ်ခုကတော့ နယူးဖောင်လန် အနောက်ပိုင်းက အမှတ် (၃) ရေနံမြေ ဖြစ်ပြီး ခန့်မှန်းခြေ ရေနံစည် သန်း ၁၀၀ သိုလှောင်ထားပါတယ်... ဒီရေနံမြေတွေနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို ခင်ဗျားတို့ဆီ ဝေငှပေးထားပြီး ဖြစ်တဲ့အတွက် ကျွန်တော် အထူးတလည် မိတ်ဆက်မနေတော့ပါဘူး..."

စတီဗင်က ခဏရပ်လိုက်ပြီး ဆက်ပြောလိုက်သည်။

"ဒီတစ်ကြိမ် တင်ဒါပွဲကို တရားမျှတမှု၊ ပွင့်လင်းမြင်သာမှုတွေနဲ့အညီ ကျင်းပသွားမှာ ဖြစ်ပါတယ် စွမ်းဆောင်ရည် ရှိသူက ရရှိမှာဖြစ်ပြီး ဈေးအများဆုံး ပေးနိုင်သူက ရရှိမှာ ဖြစ်ပါတယ်"

"ကောင်းပါပြီ ကျွန်တော် စကားတွေ အများကြီး မပြောတော့ပါဘူး... အခု ပထမဆုံး ရေနံမြေဖြစ်တဲ့ အမှတ် (၁) ရေနံမြေအတွက် တင်ဒါ စတင် ခေါ်ယူပါတော့မယ်... အမှတ် (၁) ရေနံမြေက ရေနံစည် သန်း ၈၀၀ သိုလှောင်ထားပြီး အစိုးရ သတ်မှတ်ထားတဲ့ အနိမ့်ဆုံး လေလံဈေးနှုန်းက အမေရိကန်ဒေါ်လာ ၄ ဘီလီယံ ဖြစ်ပါတယ် ဒီဈေးနှုန်းနဲ့ တူးဖော်ခွင့် ရရှိမှာဖြစ်သလို အကျိုးအမြတ် ၅၀ ရာခိုင်နှုန်းကိုလည်း ရရှိမှာ ဖြစ်ပါတယ်"

စတီဗင်က လည်ချောင်းရှင်းပြီး ကျယ်လောင်စွာ ကြေညာလိုက်သည်။

"ဒီအလှည့်မှာ ဝင်ပြိုင်မယ့် ကုမ္ပဏီ ၇ ခုစလုံး လေလံဆွဲပိုင်ခွင့် ရှိပါတယ် တင်ဒါပွဲ စပါပြီ..."

စတီဗင်က အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

တစ်ချိန်တည်းမှာပင် မည်သည့် ရေနံကုမ္ပဏီက ဈေးအများဆုံး ပေးနိုင်မည်ကိုလည်း သူ စိတ်ဝင်စားနေမိသည်။ ဒေါ်လာ ၄ ဘီလီယံထက် ကျော်လွန်မည်မှာ သေချာပေသည်။

စတီဗင်၏ ကြေညာချက်နှင့်အတူ တင်ဒါပွဲကို တရားဝင် စတင်လိုက်ပြီ ဖြစ်သည်။

တင်ဒါပွဲများတွင် ပုံစံအမျိုးမျိုး ရှိသည်။ အချို့မှာ လျှို့ဝှက်ချက် ရှိပြီး အားလုံးက တင်ဒါ စာရွက်စာတမ်းများ တင်သွင်းရကာ ပွဲစီစဉ်သူများက အကဲဖြတ်ပြီးမှ အနိုင်ရရှိသည့် ကုမ္ပဏီကို ကြေညာလေ့ရှိသည်။

ယခု တင်ဒါပွဲမှာမူ အတော်လေး ပွင့်လင်းမြင်သာမှု ရှိပြီး လေလံပွဲ တစ်ခုနှင့် တူနေသည်။ ဈေးအများဆုံး ပေးနိုင်သူက အနိုင်ရမည်ဖြစ်သည်။ ပွဲစီစဉ်သူက အနိမ့်ဆုံး ဈေးနှုန်းကို ကြေညာပြီး ရေနံကုမ္ပဏီ ၇ ခုအား အပြိုင်အဆိုင် လေလံဆွဲစေခြင်း ဖြစ်သည်။

တင်ဒါပွဲ စတင်သည်နှင့် ရေနံကုမ္ပဏီ ၄ ခုက ချက်ချင်း ဝင်ရောက် ယှဉ်ပြိုင်ကြသည်။ ၎င်းတို့မှာ တရုတ်မှ ကျင်းချန် ရေနံကုမ္ပဏီ၊ အမေရိကန်မှ ဝမ်လွန် ရေနံကုမ္ပဏီ၊ ပင်ထန် ရေနံကုမ္ပဏီနှင့် ဗြိတိန် ရေနံကုမ္ပဏီတို့ ဖြစ်ကြသည်။

ဤကုမ္ပဏီ ၄ ခု၏ အင်အားများမှာ သိပ်မကွာခြားလှဘဲ ဤတစ်ကြိမ် တင်ဒါပွဲတွင် ထိပ်တန်း ရေနံသူဌေးကြီးများ အဖြစ် တည်ရှိနေကြသည်။

အခြား တစ်ခုဖြစ်သော ဒီအာ ရေနံကုမ္ပဏီမှာ အမေရိကန်တွင် အလတ်စား ရေနံကုမ္ပဏီ တစ်ခုသာ ဖြစ်သည်။ ဤရေနံစည် သန်း ၈၀၀ သိုလှောင်ထားသော ရေနံမြေမှာ သူတို့အတွက် အလှမ်းဝေးကြောင်း သိထားသဖြင့် သူတို့၏ ပစ်မှတ်မှာ ရေနံစည် သန်း ၅၀၀ သိုလှောင်ထားသော အမှတ် (၂) ရေနံမြေ ဖြစ်သည်။

မိုက်ကျယ် ရေနံကုမ္ပဏီမှာလည်း ထိုနည်းတူပင် ဖြစ်ပြီး ဝင်ရောက် မပြိုင်ဆိုင်ဘဲ စောင့်ကြည့်နေကြသည်။

ဆွန်ဖုန်းကမူ လက်ဖက်ရည်ကို သောက်ကာ ရှေ့မှ ကုမ္ပဏီများ အပြိုင်အဆိုင် လေလံဆွဲနေသည်ကို ပြုံး၍ ကြည့်နေလေသည်။

"ကျွန်တော်တို့ ဝမ်လွန် ရေနံကုမ္ပဏီက ဒေါ်လာ ၄.၂ ဘီလီယံ ပေးပြီး ဒီအမှတ် (၁) ရေနံမြေရဲ့ တူးဖော်ခွင့်ကို ယူမယ်..."

ဒေးဗစ်က ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။

အမေရိကန်သည် ရေနံ သုံးစွဲမှု အများဆုံး နိုင်ငံတစ်ခု ဖြစ်ရာ ယခုနှစ်ပိုင်းများတွင် ကမ္ဘာတစ်ဝှမ်း၌ ရေနံ ရင်းနှီးမြှုပ်နှံမှုများကို နေရာအနှံ့ လုပ်ဆောင်နေသည်။ ငွေကြေး အင်အားလည်း တောင့်တင်းသဖြင့် ယခုတစ်ကြိမ်တွင် ဝမ်လွန် ရေနံကုမ္ပဏီက ဤရေနံစည် သန်း ၈၀၀ သိုလှောင်ထားသော ရေနံမြေကို အလွန် လိုချင်နေသည်။

"ကျွန်တော်တို့ ပင်ထန် ရေနံကုမ္ပဏီက ဒေါ်လာ ၄.၃ ဘီလီယံ ပေးမယ်..."

ပင်ထန် ရေနံကုမ္ပဏီကလည်း အားကျမခံ ဝင်ပြောလိုက်သည်။

မိနစ် အနည်းငယ်အတွင်း တင်ဒါပွဲမှာ အပြင်းအထန် ဖြစ်လာပြီး ဈေးနှုန်းများက တစ်ဆင့်ပြီး တစ်ဆင့် မြင့်တက်လာသည်။

ဆွန်ဖုန်းသည် အခြား ကုမ္ပဏီများကို သိပ်ဂရုမစိုက်ဘဲ ကျင်းချန် ရေနံကုမ္ပဏီ၏ လေလံဈေးကိုသာ အာရုံစိုက်နေသည်။

သူသည် ထိုတရုတ်လူမျိုး မစ္စတာလီကို သဘောကျမိသည်။ သို့သော် သူက တစ်ကြိမ်သာ ဈေးခေါ်ပြီး ဆက်မပြိုင်တော့သည်ကို တွေ့ရသည်။ ကြည့်ရသည်မှာ မတန်ဟု ထင်သွားပုံရသည်။

နောက်ဆုံးတွင် ဝမ်လွန် ရေနံကုမ္ပဏီနှင့် ဂျာမနီ ရေနံကုမ္ပဏီ နှစ်ခုသာ အပြိုင်အဆိုင် ဖြစ်နေတော့သည်။ သူတို့ နှစ်ဖက်စလုံးက ဤရေနံမြေကို အလွန် လိုချင်နေကြပြီး ကုမ္ပဏီ နှစ်ခု၏ အင်အားမှာလည်း သိပ်မကွာခြားသဖြင့် မည်သူကမျှ အလျှော့မပေးလိုကြပေ။

ဒေးဗစ်၏ မျက်နှာမှာ နီရဲနေပြီး မျက်လုံးပြူးကာ ဂျာမနီ ရေနံကုမ္ပဏီ၏ နေရာသို့ စိုက်ကြည့်နေသည်။

လက်ရှိ ဈေးနှုန်းများမှာ ကုမ္ပဏီ နှစ်ခုစလုံး၏ အမြင့်ဆုံး ကန့်သတ်ချက်သို့ မရောက်သေးသဖြင့် ပြိုင်ဆိုင်မှု ဆက်လက် ပြင်းထန်နေဆဲ ဖြစ်သည်။

"ဒေါ်လာ ၄.၅ ဘီလီယံ..."

ဂျာမနီ ရေနံကုမ္ပဏီ၏ ကိုယ်စားလှယ်က ကျယ်လောင်စွာ ကြေညာလိုက်သည်။

"ဒေါ်လာ ၄.၆ ဘီလီယံ..."

ဒေးဗစ်က တစ်ဖက်လူ၏ ဈေးခေါ်သံကို ကြားပြီးနောက် အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် ဖြေလိုက်သည်။ ဤဈေးနှုန်းမှာ ကုမ္ပဏီ ရုံးချုပ်မှ သတ်မှတ်ပေးထားသော အမြင့်ဆုံး ဈေးနှုန်း ဖြစ်သည်။

"ဒေါ်လာ ၄.၆ ဘီလီယံ..."

"ရှူး... ကြည့်ရတာ ဝမ်လွန် ရေနံကုမ္ပဏီက ဒီတစ်ခါ တော်တော် အကုန်အကျခံလိုက်တာပဲ..."

"ဟုတ်ပါရဲ့... တကယ်ကို ငွေကြေး တောင့်တင်းတာပဲ... သူတို့က မကြာသေးခင်ကမှ ပြည်တွင်းက အလတ်စား ရေနံကုမ္ပဏီ တစ်ခုကို ဝယ်ယူထားတယ်လို့ ကြားတယ်... ငွေရှာနေတုန်းပဲ ရှိသေးတော့ ဒီရေနံမြေကို ဒီလောက် အသည်းအသန် လိုချင်လိမ့်မယ်လို့ မထင်ထားဘူး..."

အောက်တွင် အခြား ရေနံကုမ္ပဏီများက တီးတိုး စကားပြောနေကြသည်။

စင်မြင့်ပေါ်တွင် ထိုင်နေသော စတီဗင်နှင့် တာဝန်ခံများမှာ ဒေးဗစ်က ဒေါ်လာ ၄.၆ ဘီလီယံအထိ ဈေးပေးလိုက်သည်ကို မြင်သောအခါ မျက်နှာတွင် အပြုံးများ ပွင့်လန်းလာကြသည်။

ဤရေနံကုမ္ပဏီများ အချင်းချင်း အသေအလဲ ပြိုင်ဆိုင်ကြသည်ကို သူတို့က အလွန် သဘောကျကြသည်။ ထိုသို့ ပြိုင်ဆိုင်လေလေ သူတို့၏ ဝင်ငွေ ပိုများလေလေ ဖြစ်သောကြောင့်ပင်။

"ကောင်းပြီ... ဒေးဗစ်... ခင်ဗျား နိုင်သွားပြီ..."

ဂျာမနီ ရေနံကုမ္ပဏီ၏ ကိုယ်စားလှယ်က ဒေးဗစ်ကို ကြည့်ကာ မကျေမနပ်ဖြင့် ပြောလိုက်သည်။

"ဟားဟား... ကျေးဇူးပါပဲ..."

ဒေးဗစ်က ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပါပြီ... ဝမ်လွန် ရေနံကုမ္ပဏီက နယူးဖောင်လန် အရှေ့ပိုင်းက အမှတ် (၁) ရေနံမြေကို ရရှိသွားတဲ့အတွက် ဂုဏ်ပြုပါတယ်... အသေးစိတ် အချက်အလက်တွေကို တင်ဒါပွဲ ပြီးရင် စာချုပ်ချုပ်ဆိုတဲ့ အခမ်းအနားမှာ ဆက်လက် ဆွေးနွေးကြပါမယ်..."

စတီဗင်က စင်ပေါ်သို့ ထပ်မံ တက်လာပြီး ပြုံး၍ ပြောလိုက်သည်။

"ဖြန်း ဖြန်း ဖြန်း..."

အောက်တွင် လက်ခုပ်သံများနှင့် ဂုဏ်ပြုစကားများ ထွက်ပေါ်လာသည်။

"ကနေဒါက ရေနံမြေ အများစုက ရေနံအပြစ်တွေများတယ်... ဝမ်လွန် ရေနံကုမ္ပဏီက ရေနံစည် ဘယ်လောက်များ တူးထုတ်နိုင်မလဲ မသိဘူး... တော်တော် စိတ်ဝင်စားဖို့ ကောင်းတယ်..."

ဆွန်ဖုန်းက မိမိဘာသာ ရေရွတ်လိုက်သည်။

"ဝမ်လွန် ရေနံကုမ္ပဏီက ငွေကြေး အင်အား တောင့်တင်းရုံတင်မကဘူး... ရေနံတူးဖော်ရေး နည်းပညာတွေလည်း အရမ်း အဆင့်မြင့်တယ်လို့ ကြားတယ်... ဒီရေနံမြေကနေ သူတို့ အကြီးအကျယ် မြတ်သွားလောက်တယ်..."

စူးမေးက ပြောလိုက်သည်။

"ဟဲဟဲ ဒါကတော့ ပြောရခက်သေးတယ်..."

All Chapters