← Chapters

အခန်း ၁၄၂

Vol. 15 Ch. 142

အခန်း ၁၄၂

Vol. 15 Ch. 142

အခန်း (၁၄၂) လူမိုက် ပိုက်ဆံပေါလား

"သောက်ကျိုးနည်း... ဒီဖုန်းရွေ့ သတ္တုတွင်းကုမ္ပဏီကများ ဒီရေနံမြေကို ရင်းနှီးမြှုပ်နှံရဲသေးတယ်... သူ ရူးနေတာလား... ဒါမှမဟုတ် နယူးဖောင်လန် အနောက်ပိုင်းက ကျောက်လွှာအောက် ရေနံတူးဖော်ရေးမှာ ရှေ့ဆောင်လုပ်ချင်လို့များလား..."

ရိုင်ယန်က နောက်သို့လှည့်ကာ ဖုန်းရွေ့ သတ္တုတွင်း ကုမ္ပဏီ၏ နေရာတွင် ထိုင်နေသော ဆွန်ဖုန်းကို ကြည့်ရင်း မယုံနိုင်စွာဖြင့် ပြောလိုက်လေသည်။

လက်ရှိတွင် နယူးဖောင်လန် အနောက်ပိုင်း ကျောက်လွှာအောက်ရှိ ရေနံမြေများ အားလုံးကို မည်သည့်ရေနံကုမ္ပဏီကမျှ ရင်းနှီးမြှုပ်နှံ တူးဖော်ခြင်း မရှိသေးပေ။ အကယ်၍ ဆွန်ဖုန်းက ဤရေနံမြေကို ရယူလိုက်ပါက နယူးဖောင်လန် အနောက်ပိုင်း ရေနံမြေ တူးဖော်ရေးတွင် ရှေ့ဆောင်ပုဂ္ဂိုလ်ဟု ဆိုလျှင်လည်း မမှားပေ။

"ဟဲဟဲ... ဒီလို အသုံးမဝင်တဲ့ ကြက်ရိုးရေနံမြေကိုများ သူက ရင်းနှီးမြှုပ်နှံရဲသေးတယ်... ငါကြည့်ရတာ သူက လူမိုက်ပိုက်ဆံပေါပဲ... ပြီးတော့ ရှေ့ဆောင်လည်း လုပ်ချင်သေးတယ်ဆိုတော့ နယူးဖောင်လန် အနောက်ပိုင်း ရေနံ ရင်းနှီးမြှုပ်နှံမှုမှာ ပထမဆုံး ဒေဝါလီခံရမယ့်သူ ဖြစ်သွားလောက်တယ်..."

ဒေးဗစ်က ဆွန်ဖုန်း အမှတ် (၃) ရေနံမြေ၏ တူးဖော်ခွင့်ကို ယူမည်ဟု ပြောသည်ကို ကြားသောအခါ အေးစက်စက် လှောင်ပြုံးဖြင့် ပြောလိုက်လေသည်။

စတီဗင်သည် ဆွန်ဖုန်းက နောက်ဆုံးတော့ စကားပြောလာသည်ကို မြင်တွေ့ရသောအခါ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး အနေရခက်ကာ အေးစက်နေသော လေထုမှာလည်း ချက်ချင်း ပြယ်လွင့်သွားလေသည်။ သို့သော် ခန်းမထဲရှိ လူအများစုမှာ ဆွန်ဖုန်း၏ စကားကြောင့် လန့်ဖြန့်သွားကြပြီး အံ့သြတကြီး အာမေဋိတ်သံများ ထွက်ပေါ်လာလေသည်။

"ဒီအမှတ် (၃) ရေနံမြေကို ကုမ္ပဏီ သုံးခုအထက် မပြိုင်လည်း အရောင်းအဝယ် လုပ်လို့ရတယ်လို့ နယူးဖောင်လန်အစိုးရက ကြေညာထားတာ မဆန်းတော့ဘူးပဲ... ဒီဖုန်းရွေ့ သတ္တုတွင်း ကုမ္ပဏီက ဝင်ပြိုင်မယ်ဆိုတာကိုး... သူတို့တွေ နယူးဖောင်လန်အစိုးရနဲ့ သီးသန့် ဆွေးနွေးထားတာ ရှိလောက်တယ်..."

တရုတ်လူမျိုး မစ္စတာလီက မျက်မှောင်ကြုတ်ကာ မိမိဘာသာ ရေရွတ်လိုက်လေသည်။ ဥပဒေအရ တင်ဒါခေါ်ယူရာတွင် အနည်းဆုံး ကုမ္ပဏီ သုံးခု ပါဝင်ယှဉ်ပြိုင်မှသာ အတည်ဖြစ်ပြီး မပြည့်မီပါက တင်ဒါ ပြန်လည်ခေါ်ယူရကြောင်း အားလုံး သိကြသည်။

သို့သော် ဤအမှတ် (၃) ရေနံမြေမှာ အနည်းငယ် ထူးခြားပြီး နယူးဖောင်လန်အစိုးရက တမင်သက်သက် ပြင်ဆင်ထားခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ရေနံကုမ္ပဏီ တစ်ခုတည်းကသာ ဝင်ပြိုင်လျှင်လည်း ဤအမှတ် (၃) ရေနံမြေ၏ တူးဖော်ခွင့်ကို ရရှိနိုင်ပေသည်။

အခြားသော အမှတ် (၁) နှင့် (၂) ရေနံမြေများမှာမူ သာမန်စံနှုန်းအတိုင်း ကုမ္ပဏီ သုံးခုအထက် ပါဝင်ယှဉ်ပြိုင်မှသာ အတည်ဖြစ်မည်ဖြစ်ပြီး မဟုတ်ပါက တင်ဒါ ပြန်လည်ခေါ်ယူရမည် ဖြစ်သည်။

ဆိုလိုသည်မှာ အခြားမည်သည့် ကုမ္ပဏီကမျှ ဝင်မပြိုင်ပါက ဖုန်းရွေ့ သတ္တုတွင်း ကုမ္ပဏီသည် တစ်ဦးတည်း ဝယ်ယူသူအဖြစ် ဤတူးဖော်ခွင့်ကို တိုက်ရိုက် ဝယ်ယူနိုင်မည် ဖြစ်သည်။

ဤသည်မှာ ဆွန်ဖုန်းက ဤအမှတ် (၃) ရေနံမြေကို ရင်းနှီးမြှုပ်နှံမည်ကို သိသောကြောင့် စတီဗင်တို့က တမင်သက်သက် ပြင်ဆင်ထားခြင်း ဖြစ်သည်။

သူတို့သည် ဆွန်ဖုန်းကဲ့သို့ လူသစ်က လာရောက် ရင်းနှီးမြှုပ်နှံသည်ကို တွေ့လျက်နှင့် တင်ဒါဝင်ပြိုင်သည့် ကုမ္ပဏီ အရေအတွက် မပြည့်မီဟု အကြောင်းပြကာ ငြင်းပယ်ပြီး ငွေမယူဘဲနေမည့် လူမိုက်များ မဟုတ်ကြပေ။

"မစ္စတာလီ... ဒီဆွန်ဖုန်းက ဘာလို့ ဒီလိုရေနံမြေကို ရင်းနှီးမြှုပ်နှံရတာလဲ... သူ ငွေမလောက်ဘူးဆိုရင်တောင် ကနေဒါမှာ ရင်းနှီးမြှုပ်နှံလို့ရတဲ့ ရေနံမြေငယ်လေးတွေ အများကြီး ရှိသေးတာပဲ... အဆိုးဆုံးဆိုရင်တောင် ရေနံမြေကြီးတွေထဲက ရေနံတွင်း အနည်းငယ်ကို ကန်ထရိုက်ယူပြီး ရင်းနှီးမြှုပ်နှံလို့ ရတာပဲ... ဘာလို့ ဒီလို ကျောက်လွှာအောက် ရေနံမြေကိုမှ တူးဖော်ရတာလဲဗျာ..."

ကျင်းချန် ရေနံကုမ္ပဏီ၏ နေရာတွင် မစ္စတာလီ၏ ဘေး၌ ထိုင်နေသော ချန်ကျီချန်က နားမလည်စွာဖြင့် မေးလိုက်လေသည်။

"အင်းလေ... ဒီလို ကျောက်လွှာအောက် ရေနံမြေမျိုးကို တူးဖော်ဖို့က ငွေကြေးအင်အား တောင့်တင်းတာ၊ အဆင့်မြင့် တူးဖော်ရေး နည်းပညာနဲ့ ကျွမ်းကျင်အဖွဲ့အစည်းတွေ မရှိဘဲနဲ့ လုံးဝ လုပ်လို့မရဘူးဗျ... သာမန် ရေနံကုမ္ပဏီတွေတောင် မလုပ်ရဲကြဘူး... ဒီဆွန်ဖုန်းက ငယ်ငယ်ရွယ်ရွယ်နဲ့ အရင်ကလည်း ရေနံလုပ်ငန်း အတွေ့အကြုံ မရှိဘဲနဲ့ ဘာလို့ ဒီလိုရေနံမြေကို ရင်းနှီးမြှုပ်နှံဖို့ ရွေးချယ်ရတာလဲ မသိဘူး..."

မစ္စတာလီက သက်ပြင်းချကာ ပြောလိုက်လေသည်။ နိုင်ငံခြားတွင် တစ်နိုင်ငံတည်းသားကို တွေ့ရသဖြင့် သူက ဆွန်ဖုန်း၏ အခြေအနေကို အတော်လေး စိတ်ဝင်စားနေခြင်း ဖြစ်သည်။

တကယ်တော့ သူက ယခုချက်ချင်း ဆွန်ဖုန်းကို သွားရောက် အကြံပေးချင်သော်လည်း နေရာက အဆင်မပြေသဖြင့် မသွားနိုင်ဘဲ စိတ်ထဲမှသာ သက်ပြင်းချနေရတော့သည်။

"ကြည့်ရတာ သူတို့ အားလုံးက ကျွန်မတို့ကို အထင်သေးနေကြတဲ့ ပုံပဲနော်..."

လူများစွာက သူတို့ဘက်သို့ လှည့်ကြည့်နေကြသည်ကို မြင်တွေ့ရသောအခါ စူးမေးက သက်ပြင်းချကာ ပြောလိုက်လေသည်။

ဆွန်ဖုန်းသည် အခြားသူများက သူ့အား အထင်သေးပြီး ထူးဆန်းသော အကြည့်များဖြင့် ကြည့်နေကြသည်ကို မြင်သော်လည်း စိတ်လှုပ်ရှားမှု အလျဉ်းမရှိဘဲ ယုံကြည်မှု အပြည့်ဖြင့် စူးမေးအား ပြောလိုက်လေသည်။

"ဟွန့်... ခွေးမျက်လုံးနဲ့ လူကို ကြည့်နေကြတာပါ... အချိန်တန်ရင် သူတို့ မျက်မှန်တွေ ပြုတ်ကျသွားအောင် ငါ လုပ်ပြမယ်..."

အသံလက်ထောက် ဖန်တီးပေးမည့် ကျောက်ခွဲ အလင်းလှိုင်း စက် ရှိနေသဖြင့် ထူထဲသော ကျောက်လွှာများကို မဖောက်ထွင်းနိုင်မည်ကို သူ မကြောက်ပေ။

အချိန်တန်၍ သူ ရေနံတူးဖော်နိုင်သောအခါ ထိုသူတို့၏ မျက်နှာကို ဖြတ်ရိုက်သကဲ့သို့ ဖြစ်သွားမည်ဖြစ်ပြီး သူတို့ကိုလည်း မနာလို ဖြစ်သွားစေမည်ဟု ဆွန်ဖုန်း ယုံကြည်လေသည်။

အဘယ်ကြောင့်ဆိုသော် သူ၏ ကုမ္ပဏီသည် ကျောက်လွှာအောက် ရေနံမြေကို တူးဖော်နိုင်စွမ်း ရှိကြောင်း သက်သေပြနိုင်မည်ဖြစ်ပြီး နယူးဖောင်လန် အနောက်ပိုင်းတွင် သိုလှောင်ထားသော ရေနံစည် ၃၅ ဘီလီယံကို အနာဂတ်တွင် သူက ဆက်လက် ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်သောကြောင့်ပင်။

အခြား ရေနံကုမ္ပဏီများတွင်မူ ထိုသို့သော တူးဖော်ရေး နည်းပညာ မရှိသဖြင့် ဤကိတ်မုန့်ကြီးကို ကြည့်ကာ သွားရည်ကျနေရုံသာ ရှိပြီး မစားနိုင်ကြမည် ဖြစ်သည်။ ထိုသို့သော ခံစားချက်က ဤရေနံကုမ္ပဏီများကို ရူးသွပ်သွားစေမည်မှာ သေချာပေသည်။

ဆွန်ဖုန်း အသုံးပြုမည့် စက်များမှာ သာမန် ရေနံတူးစက်များသာ ဖြစ်ပြီး သူက လွန်သွားအတွင်း၌ ဖုန်းအရွယ်အစားခန့်ရှိသော ကျောက်ခွဲ အလင်းလှိုင်း စက်ဟူသည့် ခေတ်လွန် အဆင့်မြင့် ဉာဏ်ရည်တု စက်လေးကို ထပ်မံ တပ်ဆင်ထားခြင်းသာ ဖြစ်သည်။

အကယ်၍ အခြားသူများက လာရောက် စစ်ဆေးလိုလျှင်တောင် ဘာမျှ ရှာတွေ့မည် မဟုတ်ပေ။

အကယ်၍ တစ်ဖက်လူက သူ၏ တူးဖော်ရေး နည်းပညာကို ဝယ်ယူလိုပါက ဆွန်ဖုန်း အနေဖြင့် ထိုတစ်ပတ်ရစ် ရေနံတူးစက် အဟောင်းများကို တိုက်ရိုက် ရောင်းချပေးလိုက်ရုံသာ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် သူက ထိုတစ်ပတ်ရစ် စက်အဟောင်းများကို အသုံးပြု၍ ရေနံတွင်း တူးဖော်ထားခြင်း ဖြစ်သောကြောင့်ပင်။ သူတို့ တူးဖော်၍ မရခြင်းမှာ သူ့အပြစ် မဟုတ်တော့ချေ။ လိုသလိုသာ စစ်ဆေးပါစေ၊ ဘာမျှ ရှာတွေ့မည် မဟုတ်ပေ။

ထိုအခါ ထိုရေနံကုမ္ပဏီများ မစင်စားလိုက်ရသကဲ့သို့ ဖြစ်သွားမည့် အခြေအနေကို ဆွန်ဖုန်း တွေးကြည့်ကာ ကျေနပ်နေမိလေသည်။

ဆွန်ဖုန်းသည် လူအများ၏ 'လူမိုက်ပိုက်ဆံပေါ' ဟူသော အကြည့်များကို ဂရုမစိုက်ဘဲ ပြုံး၍ ပြောလိုက်လေသည်။

"ဟုတ်ပါတယ်... ကျွန်တော် ဒီအမှတ် (၃) ရေနံမြေကို ရင်းနှီးမြှုပ်နှံပြီး တူးဖော်ဖို့ အရမ်းကို မျှော်လင့်နေပါတယ်ဗျာ..."

ထိုသို့ဖြင့် လူအများ၏ ထူးဆန်းသော အကြည့်များအောက်တွင် ဆွန်ဖုန်းသည် ဤအမှတ် (၃) ရေနံမြေ၏ တူးဖော်ခွင့်ကို အောင်မြင်စွာ ရရှိသွားခဲ့လေသည်။ တကယ်လို့ စာချုပ်ချုပ်ဆိုတဲ့အခါ အကျိုးအမြတ် ခွဲဝေမှု စာချုပ်နဲ့ မဟုတ်ဘဲ အပြီးအပိုင် ဝယ်ယူတဲ့ စာချုပ်နဲ့သာဆိုရင် ဆွန်ဖုန်းက နယူးဖောင်လန်အစိုးရကို ဒေါ်လာ ၁.၁ ဘီလီယံ ပေးချေလိုက်တာနဲ့ ဒီရေနံမြေရဲ့ အကျိုးအမြတ် အားလုံးကို အပြည့်အဝ ရရှိသွားမှာ ဖြစ်ပါတယ်။

ဆိုလိုသည်မှာ ဤရေနံမြေသည် ဆွန်ဖုန်း၏ အပြည့်အဝ ပိုင်ဆိုင်မှု ဖြစ်သွားမည် ဖြစ်သည်။ ဤစာချုပ်ချုပ်ဆိုရေး ကိစ္စများ အားလုံးကို တင်ဒါပွဲ ပြီးဆုံးမှသာ တစ်ဖက်လူနှင့် လျှို့ဝှက်စွာ စာချုပ်ချုပ်ဆို အရောင်းအဝယ် လုပ်မည် ဖြစ်သည်။

"ဟားဟား... ဒီဖုန်းရွေ့ သတ္တုတွင်း ကုမ္ပဏီက တကယ်ပဲ ဒီရေနံမြေကို တူးဖော်တော့မယ်ဗျ... ကြည့်ရတာ မကြာခင် ပွဲကောင်း ကြည့်ရတော့မယ် ထင်တယ်..."

"သူ သေချာပေါက် ရှုံးမှာပဲ..."

"သေချာပေါက် ရှုံးမှာပေါ့ဗျာ... ကျောက်လွှာအောက် ရေနံတူးဖော်ရေး ကုန်ကျစရိတ်က အရမ်းကို ကြီးမားတယ်လို့ ကြားတယ်... ရေနံတွင်း တစ်တွင်း တူးဖို့အတွက်တင် ရေဂါလန် ၂ သန်းလောက် လိုတယ်ဆိုတာ ခင်ဗျား စဉ်းစားကြည့်လေ..."

ရှေ့မှ လူများ၏ အချင်းချင်း ပြောဆိုနေမှုများကို ဆွန်ဖုန်း ဂရုမစိုက်ဘဲ အလွန် တည်ငြိမ်စွာ ထိုင်နေလေသည်။ ယခုအခါ သူ၏ စိတ်ထဲတွင် လုံးဝ စိတ်အေးသွားပြီ ဖြစ်သည်။ ဤတစ်ကြိမ်တွင် သူသည် ကျောက်လွှာအောက် ရေနံမြေ၏ တူးဖော်ခွင့်ကို နောက်ဆုံးတွင် ရရှိသွားပြီ ဖြစ်သည်။ နောက်ပိုင်းတွင် သူက ရေနံမြေ တူးဖော်ရေး အစီအစဉ်ကို စတင် ပြင်ဆင်ရတော့မည် ဖြစ်သည်။

ရေနံစိမ်းများ မြန်မြန် တူးဖော်နိုင်ရန် ကြိုးစားရမည်ဖြစ်သည်။

"ဘော့စ်... တကယ်လို့ ကျွန်မတို့ ရှုံးသွားရင် ဘယ်လိုလုပ်မလဲ..."

စူးမေးသည် လူတိုင်းက ဆွန်ဖုန်းကို အထင်သေးနေကြသည်ကို မြင်တွေ့ရသောအခါ အနည်းငယ် စိုးရိမ်လာမိသည်။ အကယ်၍ ရှုံးသွားပါက ဆွန်ဖုန်း၏ ပိုင်ဆိုင်မှု အားလုံး ရေစုန်မျောသွားမည် ဖြစ်သည်။ မားစ် သံသတ္တုတွင်းပင်လျှင် ဒေဝါလီခံရမည့် အခြေအနေနှင့် ရင်ဆိုင်ရနိုင်ပြီး ဤနှစ်ဝက်အတွင်း ကြိုးစားပမ်းစား လုပ်ဆောင်ခဲ့သမျှ အားလုံး အချည်းနှီး ဖြစ်သွားမည် ဖြစ်သည်။

ဆွန်ဖုန်းက အနည်းငယ် ပြုံးလိုက်ပြီး စူးမေး၏ ပခုံးလေးကို ဖက်ကာ နှစ်သိမ့်ပေးလိုက်လေသည်။

"ငါ့ကို ယုံပါ... အဆိုးဆုံးဆိုရင်တောင် မင်းက ငါ့ကို ကျွေးလို့ ရသေးတာပဲ... ဟဲဟဲ..."

"အာ... ရှင်ကလည်း... ဒီအချိန်ရောက်နေတာတောင် နောက်နေတုန်းပဲ... ကျွန်မက အတည် ပြောနေတာနော်..."

စူးမေးက ဒေါသတကြီးဖြင့် ပြောလိုက်လေရာ သူမ၏ ရင်ဘတ်လေးမှာလည်း စည်းချက်ကျကျ နိမ့်ချည် မြင့်ချည် ဖြစ်နေလေသည်။

"ငါ ပြောတာလည်း အတည်ပါပဲ..."

ဆွန်ဖုန်းက တံတွေးမြိုချကာ လေးနက်စွာဖြင့် ပြောလိုက်လေသည်။

"..."

All Chapters