← Chapters

အခန်း ၁၄၈

Vol. 15 Ch. 148

အခန်း ၁၄၈

Vol. 15 Ch. 148

အခန်း (၁၄၈) ချစ်ရင် ရဲရဲဝံ့ဝံ့ ဖွင့်ပြောလိုက်ပါ

နောက်တစ်နေ့တွင် ဝူမုန်ရှင်းသည် လီယာဒ်ဘတ်မြို့မှ နယူးဖောင်လန်သို့ လေယာဉ်ဖြင့် ရောက်ရှိလာခဲ့လေသည်။

ဆွန်ဖုန်း ကိုယ်တိုင် ကားမောင်း၍ သွားကြိုခဲ့သည်။

မတွေ့ရသည်မှာ ကြာပြီဖြစ်ရာ ဆွန်ဖုန်းသည်လည်း ဝူမုန်ရှင်းကို အတော်လေး လွမ်းဆွတ်နေမိသည်။

ကားပေါ်တွင် ဝူမုန်ရှင်းသည် သူမ၏ လှပသော မျက်လုံးလေးများဖြင့် ဆွန်ဖုန်းကို စိုက်ကြည့်ကာ နူးညံ့စွာ မေးလိုက်လေသည်။

"ဖုန်းကိုကို... ဘာလို့ ရေနံမြေကို ရင်းနှီးမြှုပ်နှံဖို့ စိတ်ကူးရတာလဲ..."

ဝူမုန်ရှင်းသည်လည်း မကြာသေးမီကမှ ဆွန်ဖုန်း ရေနံလုပ်ငန်းထဲ ဝင်ရောက်သွားကြောင်း သိခဲ့ရခြင်း ဖြစ်သည်။ သူမသည် အခြားသူများကဲ့သို့ပင် အံ့ဩနေမိပြီး ဆွန်ဖုန်း ရုတ်တရက် ရေနံမြေကို ဘာကြောင့် ရင်းနှီးမြှုပ်နှံလိုက်သည်ကို နားမလည်နိုင် ဖြစ်နေသည်။

"ဟဲဟဲ... ငွေများများရှာပြီး နောက်ကျရင် မင်းကို လုပ်ကျွေးဖို့လေ..."

ဆွန်ဖုန်းက ပြုံး၍ ဖြေလိုက်သည်။

"ဖုန်းကိုကို... ရှင့်ပါးစပ်ကတော့... မုန်းစရာကြီး..."

ဝူမုန်ရှင်းသည် ဆွန်ဖုန်း၏ စကားကြောင့် အလွန် ရှက်သွားကာ မျက်နှာလွှဲ၍ ဘာမှ ဆက်မပြောတော့ပေ။

"အယ်... ကိုယ် ပြောတာ အမှန်တွေချည်းပဲလေ... မင်းက ကိုယ့်ကို မချစ်ဘူးလား..."

ဆွန်ဖုန်းက လက်တစ်ဖက်ကို ဆန့်ထုတ်ကာ ဝူမုန်ရှင်း၏ ဖြူဖွေးသော မေးစေ့အောက်သို့ ထည့်ပြီး သူမ၏ လှပသော မျက်နှာလေးကို သူ့ဘက်သို့ အတင်း လှည့်စေလိုက်သည်။

"ဖုန်းကိုကို... ရှင်က အဖေ ဖြစ်တော့မယ့်သူနော်... ရှင် ဒီလိုပြောတာကို မင်ယီ သိသွားရင် ညကျ ဒူးထောက်ခိုင်းနေပါဦးမယ်..."

ဝူမုန်ရှင်းက ဆွန်ဖုန်း၏ လက်ကြီးကို တွန်းဖယ်လိုက်ပြီး မျက်နှာလေး နီရဲကာ ပြောလိုက်လေသည်။

"ဟွန့်... ကိုယ့်ကို ဒူးထောက်ခိုင်းဖို့ မပြောနဲ့... ကိုယ်ကတောင် သူ့ကို ညကျရင် ကိုယ့်ရှေ့မှာ ဒူးထောက်ပြီး ဇာတ်ဝင်တေး ဆိုခိုင်းဦးမယ်..."

ဆွန်ဖုန်းက နှုတ်ခမ်းမဲ့ကာ ပြောလိုက်သည်။

လက်ရှိတွင် ဟယ်မင်ယီသည် ဆွန်ဖုန်း၏ သွန်သင်မှုအောက်တွင် လိမ္မာရေးခြား ရှိနေပြီဖြစ်ရာ သူ အပြင်တွင် ဖောက်ပြန်နေသည်ကို သိလျှင်တောင် ဘာမှ ပြောရဲမည် မဟုတ်ပေ။

"တကယ်လို့များ..."

ဝူမုန်ရှင်းက ဆွန်ဖုန်းကို လျှာလေးထုတ်ပြကာ 'ကျွန်မတော့ မယုံပါဘူး' ဟူသော အမူအရာဖြင့် မျက်နှာပြောင်ပြလိုက်လေသည်။

"မယုံရင်လည်း နေပေါ့... ဘာပဲဖြစ်ဖြစ် ကိုယ်ကတော့ မင်းကို လိုက်မှာပဲ..."

ဆွန်ဖုန်းက မျက်နှာပြောင်တိုက်ကာ ပြောလိုက်သည်။

"မရဘူး..."

ဝူမုန်ရှင်း၏ ရင်ထဲတွင် ဝမ်းသာသွားသော်လည်း မျက်နှာပေါ်တွင်မူ လက်မခံသော အမူအရာကို ပြသနေလေသည်။

"မရဘူးဆိုလည်း နေပေါ့... ကိုယ်က လျန်ယင်ကို သွားလိုက်မယ်... မင်းကို မလိုက်တော့ဘူး..."

ဆွန်ဖုန်းကလည်း စိတ်ကောက်ပြလိုက်လေသည်။

"ရှင်... ကျွန်မ... အဲဒီလို မဟုတ်ပါဘူး..."

ဝူမုန်ရှင်းသည် ဆွန်ဖုန်း၏ စကားကြောင့် ဘာပြောရမှန်း မသိဖြစ်သွားသည်။

တကယ်တော့ သူမသည် ဆွန်ဖုန်းကို ချစ်နေမိသည်မှာ ကြာပြီဖြစ်သည်။ သူမ၏ ပထမဆုံး အနမ်းကို ဆွန်ဖုန်း ယူဆောင်သွားခဲ့သော ညကတည်းက ဖြစ်သည်။

"ဟားဟား... ကြည့်ရတာ မင်းလည်း ကိုယ့်ကို ချစ်နေတာပဲ... ဘာလို့ ရှက်နေရတာလဲ... ချစ်ရင် ရဲရဲဝံ့ဝံ့ ဖွင့်ပြောလိုက်ပေါ့... ဟုတ်တယ်မလား..."

ဆွန်ဖုန်းက ဝူမုန်ရှင်း၏ မျက်နှာငယ်လေးကို ကြည့်ကာ ဟားတိုက် ရယ်မောလိုက်လေသည်။

"ဟွန့်... ကျွန်မ ရှင့်ကို စကားမပြောတော့ဘူး..."

ဝူမုန်ရှင်း၏ လှပသော မျက်နှာလေးပေါ်တွင် ပန်းရောင်သန်းသွားပြီး ရှက်သွေးဖြာကာ ခေါင်းကို လှည့်၍ ကားပြတင်းပေါက် အပြင်ဘက်မှ ရှုခင်းများကိုသာ ငေးကြည့်နေလေတော့သည်။

"အယ်... ဇနီးလေးက စိတ်ကောက်သွားပြီလား..."

ဆွန်ဖုန်းက ဝူမုန်ရှင်း၏ ညည်းတွားနေသော ပုံစံလေးကို ကြည့်ကာ ရယ်မောလိုက်လေသည်။

"ဘယ်သူက ရှင့်ဇနီးလေးလဲ..."

ဝူမုန်ရှင်းက ဒေါသတကြီးဖြင့် ပြောလိုက်လေသည်။

"ဪ... ဇနီးလေး မလုပ်ချင်ရင်လည်း မယားငယ် လုပ်ပေါ့..."

ဆွန်ဖုန်းက ပြုံးဖြီးဖြီးဖြင့် နှာခေါင်းကို ပွတ်သပ်လိုက်လေသည်။

ဝူမုန်ရှင်းက ထိုစကားကို ကြားသောအခါ လုံးဝ လက်မခံနိုင်တော့ဘဲ ချက်ချင်း ပြောလိုက်လေသည်။

"ဟွန့်... ကျွန်မက မယားငယ်တော့ မလုပ်ဘူး... လုပ်ရင်လည်း ဇနီးလေးပဲ လုပ်မှာ..."

"ဒါဆိုလည်း ဇနီးလေးရေ... တို့တွေ အိမ်ပြန်ပြီး ကုတင်ပေါ် သွားလူးလှိမ့်ကြရအောင်လေ..."

ဆွန်ဖုန်းက မဖွယ်မရာ အပြုံးဖြင့် ပြောလိုက်လေသည်။

"ရှင်... မျက်နှာပြောင်လိုက်တာ..."

"ပိုပြီး မျက်နှာပြောင်လည်း မင်းယောက်ျားပဲလေ..."

"..."

"ကားရပ်..."

ဝူမုန်ရှင်းက ဒေါသတကြီးဖြင့် အော်လိုက်လေသည်။

"ဘာလို့ ကားရပ်ရမှာလဲ..."

ဆွန်ဖုန်းက နားမလည်စွာဖြင့် မေးလိုက်လေသည်။

"အပူငြိမ်းအောင် လက်ဖက်ရည်ကြမ်း တစ်ခွက်လောက် သွားသောက်မလို့..."

ဝူမုန်ရှင်းမှာ ငိုချင်စိတ်ပင် ပေါက်လာလေသည်။

"ဆောရီးပဲ... နိုင်ငံခြားမှာ လက်ဖက်ရည်ကြမ်း မရောင်းဘူးဗျ..."

"..."

နယူးစ် မြို့ငယ်လေးသို့ ပြန်ရောက်သောအခါ ဆွန်ဖုန်းသည် ဈေးသို့ဝင်၍ ဟင်းသီးဟင်းရွက် အချို့ ဝယ်ယူခဲ့လေသည်။ သူ ဟင်းမချက်ရသည်မှာလည်း အတော်ကြာပြီ ဖြစ်သည်။ ဤရက်ပိုင်းအတွင်း အမြဲတမ်း ပြေးလွှားနေရသည်။

ယခင်က ရိုးရှင်းသော ဘဝတွင် နေထိုင်ခဲ့စဉ်က ချမ်းသာသော ဘဝကို တောင့်တခဲ့ဖူးသည်။ သို့သော် ချမ်းသာလာသောအခါ စည်းစိမ်ကို ခံစားရမည့် အချိန်မှာ အလွန် တိုတောင်းကြောင်း တွေ့ရှိရသည်။ အဘယ်ကြောင့်ဆိုသော် အမြဲတမ်း ငွေရှာရန် အလုပ်ရှုပ်နေရသောကြောင့် ဖြစ်သည်။

ညနေဘက်တွင် ဆွန်ဖုန်းသည် ညစာကို အလွန် ကောင်းမွန်စွာ ချက်ပြုတ်ထားပြီး စူးမေးလည်း အလုပ်မှ ပြန်ရောက်လာခဲ့လေသည်။

ဧည့်ခန်းရှိ ထမင်းစားပွဲပေါ်မှ ဟင်းလျာများကို ကြည့်ကာ စူးမေး၏ ရေကဲ့သို့ ကြည်လင်နေသော မျက်လုံးကြီးများက တောက်ပလာပြီး ဖြည်းညှင်းစွာဖြင့် ပြောလိုက်လေသည်။

"ဘော့စ် ချက်တဲ့ ဟင်းကို မစားရတာ တော်တော် ကြာပြီ... တကယ်ကို လွမ်းနေတာ..."

"မင်း နောင်ကျရင် နေ့တိုင်း စားချင်လား..."

ဆွန်ဖုန်းက နောက်ဆုံး ဟင်းလျာဖြစ်သော ချဉ်စပ်ငါးဟင်းကို ချလိုက်ရင်း စူးမေးအား မေးလိုက်လေသည်။

"စားချင်တာပေါ့..."

စူးမေးက ဘာမှမစဉ်းစားဘဲ ချက်ချင်း ဖြေလိုက်လေသည်။

"စားချင်ရင် ငါ့မယားငယ် လုပ်လေ..."

"ဘော့စ် ရှင်ကတော့..."

စူးမေးက ဆွန်ဖုန်းကို မျက်စောင်းထိုးလိုက်ပြီး သူမအတွက် ထမင်းခူးလိုက်လေသည်။

"ဖုန်းကိုကို ဒီလိုပြောမယ်ဆိုတာ ကျွန်မ သိသားပဲ..."

ဘေးတွင် ထိုင်နေသော ဝူမုန်ရှင်းက တိုးတိုးလေး ပြောလိုက်လေသည်။

မိန်းကလေး နှစ်ယောက်နှင့် စကားစစ်ထိုးပြီးနောက် ညစာ စတင် စားသောက်ကြလေသည်။

တကယ်တော့ ဆွန်ဖုန်း လိုချင်သော ဘဝမှာ အလွန် ချမ်းသာကြွယ်ဝသော ဘဝ မဟုတ်ပေ။

ဤကဲ့သို့ ရိုးရှင်းသော ဘဝမျိုးသာ ဖြစ်သည်။

ဘေးတွင် ချစ်ရသော မိန်းကလေးများ ရှိမည်၊ သုံးလောက်ငှသော ငွေကြေး ရှိမည်၊ ကားတစ်စီး၊ အိမ်တစ်လုံး ရှိမည်ဆိုပါက လုံလောက်ပြီ ဖြစ်သည်။

တကယ်တော့ ဆွန်ဖုန်းသည် ယခုအချိန်တွင် ဤကဲ့သို့ နေထိုင်၍ ရနေပြီ ဖြစ်သည်။

သို့သော် သူ ထိုသို့ မနေချင်ပေ။ မိမိတွင် ထူးခြားသည့်စနစ်ကြီး ရှိနေပါလျက်နှင့် အဓိပ္ပာယ်ရှိသော အရာတစ်ခုကိုမှ မလုပ်ဆောင်ပါက မိမိကိုယ်ကိုရော၊ ရေအောက်တူးဖော်ရေး စနစ်ကြီးကိုရော တာဝန်ကျေပါမည်လော။

"ဒါနဲ့ ဘော့စ်... ကျွန်မ ဆောက်လုပ်ရေး ကုမ္ပဏီ တစ်ခုနဲ့ ဆက်သွယ်ပြီး ရှင့်ရဲ့ အစီအစဉ်တွေကို သူတို့နဲ့ တိုင်ပင်ပြီးပြီ... သူတို့ဘက်က ပြဿနာ မရှိဘူးတဲ့... နောက်တစ်ပတ်ဆိုရင် စိန့်ဖုန်း ရေနံမြေရဲ့ အခြေခံ အဆောက်အအုံတွေကို စတင် တည်ဆောက်လို့ ရပြီ..."

ထမင်းစားရင်း စူးမေးက ဆွန်ဖုန်းအား အစီရင်ခံလိုက်လေသည်။

"ကောင်းတယ်... ဒါနဲ့ ငါတို့ ဖုန်းရွေ့ သတ္တုတွင်း ကုမ္ပဏီက ရေနံဌာနခွဲကို တည်ထောင်ပြီးပြီဆိုတော့ အရင်က မင်း ပြင်ဆင်ထားတဲ့ အဖွဲ့လည်း အဆင်သင့် ဖြစ်လောက်ပြီ... ရေနံဌာနခွဲရဲ့ ရုံးချုပ်ကို လီယာဒ်ဘတ်မြို့မှာ ထားလို့ မရဘူး... အရမ်း ဝေးတယ်... ဒီရက်ပိုင်းအတွင်း မင်း နယူးဖောင်လန်မှာ ရေနံဌာနခွဲအတွက် ရုံးခန်းတစ်ခု သွားငှားလိုက်ဦး..."

ဆွန်ဖုန်းက ပြောလိုက်သည်။

"ကောင်းပြီ... ဒီကိစ္စကို ကျွန်မ ရှင့်ကို တိုင်ပင်မလို့ပဲ... ပြဿနာ မရှိဘူး... အခြေခံ အဆောက်အအုံတွေက နောက်တစ်ပတ်မှ စဆောက်မှာဆိုတော့ ဒီရက်ပိုင်းအတွင်း ကျွန်မ ရေနံဌာနခွဲအတွက် ရုံးခန်းတစ်ခု သွားငှားလိုက်မယ်..."

စူးမေးက ဖြေလိုက်သည်။

"ဒီဘက်မှာ ရုံးခန်း ဖွင့်ပြီးရင် အရင်က မင်း ခေါ်ထားတဲ့ တူးဖော်ရေး အဖွဲ့ကို နယူးဖောင်လန်ကို ခေါ်လာခဲ့တော့..."

"ကောင်းပါပြီ..."

ထမင်းစားပြီးနောက် ဆွန်ဖုန်းသည် ဝူမုန်ရှင်းကို သူ၏ အခန်းထဲသို့ ခေါ်သွားကာ နောက်ပိုင်းတွင် သူမ လုပ်ဆောင်ရမည့် အလုပ်များအကြောင်း ပြောပြလေသည်။

ထို့အပြင် လက်ရှိ ရေနံမြေနှင့် ပတ်သက်သည့် ကြိုတင်ပြင်ဆင်မှုများ၊ အခြား အသေးစိတ် ကိစ္စရပ်များကိုပါ ရှင်းပြလိုက်သည်။

သူမကို မြန်မြန် နားလည်စေချင်ပြီး သူ့ကို ကူညီစေချင်သောကြောင့် ဖြစ်သည်။ ထိုသို့မဟုတ်ပါက သူနှင့် စူးမေး နှစ်ယောက်တည်းဖြင့် အလွန် အလုပ်များနေမည် ဖြစ်သည်။

စကားပြောနေရင်းဖြင့် အချိန်မှာ မသိမသာ ည ၁၁ နာရီသို့ ရောက်ရှိသွားလေသည်။

"မုန်ရှင်း... ဒီည ကိုယ့်အခန်းမှာပဲ အိပ်လိုက်ပါလား... ကိုယ်တို့ ဘဝရဲ့ ရည်မှန်းချက်တွေ အကြောင်း ဆက်ပြောကြတာပေါ့..."

ဆွန်ဖုန်းက ဝူမုန်ရှင်း၏ လက်ကလေးကို ဆွဲကာ ပြောလိုက်လေသည်။

ယခုအချိန်တွင် သူတို့နှစ်ဦးသည် ကုတင်ပေါ်တွင် ထိုင်နေကြပြီး ဝူမုန်ရှင်းသည် ဆွန်ဖုန်း၏ လက်ဆွဲခြင်းကို ခံထားရသဖြင့် သူမ၏ ဖြူစင်သော မျက်နှာလေးမှာ ချက်ချင်း နီရဲသွားကာ ခေါင်းငုံ့၍ ဘာမှ မပြောဘဲ နေလေသည်။

"မင်း စကားမပြောရင် သဘောတူတယ်လို့ မှတ်လိုက်မယ်နော်..."

ဆွန်ဖုန်းက ဝူမုန်ရှင်း၏ သွယ်လျသော ခါးလေးကို ဖက်လိုက်ပြီး သူမ၏ နားရွက်နားသို့ ကပ်ကာ လေပူများ မှုတ်ထုတ်ရင်း ပြောလိုက်လေသည်။

"ဟင့်အင်း... မလုပ်ပါနဲ့..."

ဝူမုန်ရှင်း၏ ရင်ထဲတွင် အနည်းငယ် ရုန်းကန်နေရသည်။

ပေးရမလား မပေးရဘူးလား... ဒါက ပြဿနာ တစ်ခုပဲ...

တကယ်တော့ သူမလည်း ယောကျ်ား တစ်ယောက်၏ ယုယကြင်နာမှုကို လိုအပ်နေသူ ဖြစ်သည်။

ဆွန်ဖုန်းက ဝူမုန်ရှင်းကို ကုတင်ပေါ်သို့ တွန်းလှဲရန် ပြင်လိုက်ချိန်တွင် ဝူမုန်ရှင်းက ရုန်းထွက်လိုက်ပြီး ရှက်ရွံ့စွာဖြင့် တိုးတိုးလေး ပြောလိုက်လေသည်။

"ကျွန်မ မနေ့က ဓမ္မတာ လာနေလို့... ရှင် မြန်မြန် အိပ်တော့... ဂွတ်နိုက်..."

ပြောပြီးသည်နှင့် သူမသည် ကြောင်မလေးလို အခန်းထဲမှ ပြေးထွက်သွားလေတော့သည်။

"သောက်ကျိုးနည်း..."

ဆွန်ဖုန်းမှာ အလွန် စိတ်ပျက်သွားရလေတော့သည်။

All Chapters