← Chapters

အခန်း ၁၅၂

Vol. 16 Ch. 152

အခန်း ၁၅၂

Vol. 16 Ch. 152

အခန်း (၁၅၂) တူးဆို တူးလိုက်စမ်းပါ

"ကဲ... အားလုံးပဲ... အခု ငါက ခဏနေရင် လုပ်ရမယ့် အလုပ်တွေရဲ့ အဆင့်ဆင့်ကို ပြောပြမယ်..."

ဆွန်ဖုန်းက လက်ခုပ်တီးကာ အားလုံးကို တိတ်ဆိတ်သွားစေရန် အချက်ပြလိုက်သည်။

ထို့နောက် နာရီဝက်ခန့် အချိန်ယူ၍ ဆွန်ဖုန်းသည် အရေးကြီးသော အချက်များကို ရွေးချယ်ကာ ဝန်ထမ်းများအား ရှင်းပြလိုက်သည်။

"ခဏနေရင် မင်းတို့ကို ချားလ်စ်က ဦးဆောင်ပြီး သတ်မှတ်ထားတဲ့ နေရာမှာ ရေနံတွင်း စတူးမယ်... အားလုံးက ချားလ်စ်ရဲ့ အမိန့်ကို နာခံရမယ်... နားလည်လား..."

ဆွန်ဖုန်းက ကျယ်လောင်စွာ ပြောလိုက်သည်။

"နားလည်ပါပြီ..."

လူတစ်ရာကျော်က တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။

"ကောင်းတယ်... ဒါဆို မြန်မြန်သွားပြီး အလုပ်အတွက် ပြင်ဆင်ကြတော့..."

လူတစ်ရာကျော်သည် အသီးသီး လူစုခွဲကာ မိမိတို့ လုပ်ရမည့် အလုပ်များကို သွားရောက် လုပ်ဆောင်ကြလေသည်။

"ချားလ်စ်... ခဏလာဦး..."

ဆွန်ဖုန်းက ချားလ်စ်ကို လက်ယပ်ခေါ်လိုက်သည်။

"စိန့်ဖုန်းရေနံမြေ တစ်ခုလုံးရဲ့ ဘူမိ ဖွဲ့စည်းပုံနဲ့ ရေနံအလွှာ ပြန့်နှံ့မှု အစရှိတဲ့ အချက်အလက်တွေ အားလုံးကို ခင်ဗျားကို ပေးထားပြီးပြီ... ပြီးတော့ ဒီတစ်ခါ တူးမယ့် ရေနံတွင်း သုံးတွင်းရဲ့ တိကျတဲ့ နေရာတွေကိုလည်း အချက်အလက်တွေထဲမှာ မှတ်သားပေးထားတယ်... အခု ခင်ဗျား လူတွေကို ခေါ်ပြီး စက်ကိရိယာတွေ ယူကာ ရေနံတွင်း သွားတူးဖို့ ပြင်ဆင်တော့..."

ဆွန်ဖုန်းက ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ သူဌေး..."

ချားလ်စ်က ပြန်ဖြေလိုက်သော်လည်း နေရာမှ မရွေ့ဘဲ ရပ်နေဆဲ ဖြစ်သည်။

"ဘာလို့ မသွားသေးတာလဲ... ဒီမှာ ဘာရပ်လုပ်နေတာလဲ..."

ဆွန်ဖုန်းက ချားလ်စ် မသွားသေးသည်ကို မြင်သောအခါ မေးလိုက်လေသည်။

"ဒီလိုပါ သူဌေး... ကျွန်တော် ဒီရက်ပိုင်းအတွင်း ကျွန်တော်တို့ ကုမ္ပဏီက စက်ကိရိယာ အများစုကို လိုက်ကြည့်ပြီးပြီ... ရေနံကို အပူပေးတဲ့ စက်ကိရိယာတွေ မတွေ့ရဘူး... ကျွန်တော် အနှစ်နှစ်ဆယ်ကျော် အတွေ့အကြုံအရ ဒီစိန့်ဖုန်းရေနံမြေရဲ့ ရေနံအလွှာထဲက ရေနံတွေက သေချာပေါက် ရေနံစေးနဲ့ အလွန်ပျစ်တဲ့ ရေနံစေးတွေ ဖြစ်မယ်ဆိုတာ ကျွန်တော် ယုံကြည်တယ်... အခုလို အပူချိန် အနှုတ် ၃၊ ၄ ဒီဂရီလောက်မှာ မြေအောက်က ရေနံတွေက ဂျယ်လီလို ဖြစ်နေပြီး စီးဆင်းနိုင်မှာ မဟုတ်ဘူး... အချိန်တန်လို့ ရေနံတွင်းတွေ တူးလို့ရရင်တောင် လက်ရှိ Z မော်ဒယ် ရေနံစုပ်စက်နဲ့တော့ ရေနံတွေကို စုပ်ထုတ်လို့ ရမှာမဟုတ်ဘူး..."

ချားလ်စ်က ခဏရပ်လိုက်ပြီး ဆက်ပြောလေသည်။

"ဒါကြောင့် သူဌေး... ရေနံအလွှာထဲက ရေနံတွေကို အပူပေးဖို့ ဒီလို စက်ကိရိယာတချို့ ဝယ်သင့်တယ် မဟုတ်လား..."

တကယ်တော့ ချားလ်စ်က သူ့အနှစ်နှစ်ဆယ်ကျော် အတွေ့အကြုံအရ သူဌေးက ဤကဲ့သို့ ကျောက်လွှာအောက် ရေနံမြေကို ရွေးချယ် ရင်းနှီးမြှုပ်နှံခြင်းမှာ... ထို့အပြင် မြောက်အမေရိကရှိ ကျောက်လွှာထက် ပိုထူသော ရေနံမြေဖြစ်နေသဖြင့် အရှုံးပေါ်ရန် ၈၀ ရာခိုင်နှုန်း သေချာနေပြီး ဒေဝါလီခံရနိုင်ခြေပင် ရှိသည်ဟု ပြောချင်နေခြင်း ဖြစ်သည်။

နယူးဖောင်လန်၏ ရေနံ အများစုမှာ ရေနံစေးများ ဖြစ်ပြီး တူးဖော်ရန် ပိုမို ခက်ခဲသဖြင့် အခက်အခဲမှာ နှစ်ဆ ဖြစ်နေသည်။ ကုန်ကျစရိတ် ကြီးမားရုံသာမက အန္တရာယ်လည်း အလွန် များပေသည်။

သို့သော် ဤစကားများကို ချားလ်စ် ထုတ်မပြောခဲ့ပေ။ သူဌေး ရှုံးခြင်းက သူနှင့် ကြီးမားသော အကျိုးစီးပွား မသက်ဆိုင်ပေ။ သူက လစာယူနေသူ ဖြစ်ပြီး အကျိုးအမြတ် ခွဲဝေမှု ရနေသူ မဟုတ်ပေ။ အကယ်၍ ဤသူဌေး ပြုတ်သွားပါက နောက်ထပ် အလုပ်တစ်ခု ထပ်ရှာရုံသာ ရှိသည်။

"ထားလိုက်ပါ... ဒီပြဿနာကို ခင်ဗျား စဉ်းစားစရာ မလိုပါဘူး... အချိန်တန်ရင် ကျွန်တော့်မှာ နည်းလမ်း ရှိပါတယ်... ခင်ဗျား မြန်မြန် စက်ကိရိယာတွေနဲ့ ဝန်ထမ်းတွေကို သတ်မှတ်နေရာကို ခေါ်သွားပြီး ရေနံတွင်း စတူးဖို့ လုပ်ပါတော့... အချိန်လည်း မစောတော့ဘူး..."

ဆွန်ဖုန်းသည် ဤပြဿနာကို စောစောကတည်းက စဉ်းစားပြီးဖြစ်သဖြင့် ချားလ်စ်၏ စကားကို ဂရုမစိုက်ပေ။

တစ်ချိန်တည်းမှာပင် အသံလက်ထောက်ကိုလည်း 'အပူဖြာထွက်စက်' များ ဖန်တီးခိုင်းထားပြီး ဖြစ်သည်။ ဤပစ္စည်း ရှိနေသဖြင့် ချားလ်စ် ပြောသော အခက်အခဲမှာ ရှိလာမည် မဟုတ်တော့ပေ။

"ဟူး... ကောင်းပါပြီလေ..."

ချားလ်စ်က သက်ပြင်းချလိုက်ပြီး သူဌေးက ဂရုမစိုက်သဖြင့် သူလည်း ဘာမှ မတတ်နိုင်ဘဲ အလုပ်သွားလုပ်ရန်သာ စီစဉ်ရတော့သည်။

ရေနံတွင်း တူးဖော်မည့် နေရာမှာ အခြေစိုက် စခန်းနှင့် သိပ်မဝေးလှပေ။ တူညီသော လွင်ပြင် ဧရိယာ အတွင်းတွင် ဖြစ်သဖြင့် ကားမောင်းသွားလျှင် ဆယ်မိနစ်ကျော်ခန့်သာ ကြာပေသည်။

သို့သော် ရေနံတွင်း တူးဖော်ရာတွင် တူးဖော်ရေး စက်ကိရိယာများ လိုအပ်သဖြင့် စက်ကိရိယာများ သယ်ယူရန်အတွက်တင် နှစ်နာရီ၊ သုံးနာရီခန့် အချိန်ယူရပေသည်။

ချားလ်စ်သည် လူအင်အား စုစည်းကာ တူးဖော်ရေး စက်ကိရိယာ အများအပြားကို သတ်မှတ်နေရာသို့ သယ်ယူပြီးနောက် စက်ကိရိယာများ တပ်ဆင်ရန် ပြန်လည် စီစဉ်ရပြန်သည်။

နောက်ထပ် တစ်နာရီကျော်ခန့် အလုပ်များပြီးနောက် မွန်းလွဲ တစ်နာရီကျော် သွားပြီဖြစ်သည်။

ထို့ကြောင့် နေ့လယ်စာ စားချိန် စတင်လိုက်သည်။ နေ့လယ်စာ စားပြီးနောက် တစ်နာရီခန့် နားနေပြီးနောက် ဆွန်ဖုန်းသည် ချားလ်စ်ကို ရှာကာ ရေနံတွင်း တူးဖော်ရေး စတင်ရန် ပြောလိုက်သည်။

"သူဌေး... လက်ရှိမှာ ကျွန်တော်တို့က စက်ယန္တရားနဲ့ ရေနံတူးဖော်ရေးကို သုံးထားပါတယ်... မတူညီတဲ့ ဘူမိ အခြေအနေတွေနဲ့ ရေနံ အမျိုးအစားတွေအပေါ် မူတည်ပြီး မတူညီတဲ့ စက်ယန္တရား တူးဖော်ရေး နည်းလမ်းတွေကို သုံးရပါတယ်... အခု ကျွန်တော်တို့ရဲ့ စိန့်ဖုန်းရေနံမြေက ကျောက်လွှာအောက် ရေနံမြေ ဖြစ်တဲ့အတွက် လက်ရှိ အဆင့်အမြင့်ဆုံး တူးဖော်ရေး နည်းပညာဖြစ်တဲ့ ရေဖိအားသုံး နည်းလမ်းကို သုံးမှသာ အဆင်ပြေမယ်လို့ ကျွန်တော် ထင်ပါတယ်... ဒါပေမယ့် လက်ရှိမှာ ကျွန်တော်တို့ဆီမှာ အဲဒီနည်းပညာနဲ့ စက်ကိရိယာတွေ မရှိဘူး... ဒီ KL မော်ဒယ် တူးဖော်ရေး စက်ကိရိယာ တစ်ခုတည်းနဲ့တော့ မာကျောတဲ့ ကျောက်လွှာကို ဖောက်နိုင်မယ် မထင်ဘူး..."

ချားလ်စ်က ပြောလိုက်သည်။

တကယ်တော့ ချားလ်စ် ပြောသည်မှာ မှန်ပေသည်။ ဤကဲ့သို့ ကျောက်လွှာအောက် ရေနံမြေမျိုးကို လက်ရှိ KL မော်ဒယ် တူးဖော်ရေး စက်ကိရိယာများ အသုံးပြု၍ မာကျောသော ကျောက်လွှာများကို ဖောက်ထွင်းနိုင်ရန် လုံးဝ မဖြစ်နိုင်ပေ။ လွန်သွား အခု တစ်ရာလောက် ပျက်စီးသွားလျှင်တောင် ဘာမှ တိုးတက်လာမည် မဟုတ်ပေ။

သို့သော် ဆွန်ဖုန်းတွင် 'ကျောက်ခွဲ အလင်းလှိုင်းစက်' အကူအညီ ရှိနေသဖြင့် ဤအရာများက ပြဿနာ မဟုတ်တော့ပေ။

"ထားလိုက်ပါတော့... ခင်ဗျား ဘာမှ ဆက်မပြောနဲ့တော့... တူးဆို တူးလိုက်စမ်းပါ..."

ဆွန်ဖုန်းသည် ဤချားလ်စ်မှာ လူကောင်း တစ်ယောက်ဖြစ်ကြောင်း သိသော်လည်း ဆွန်ဖုန်းတွင် ကြိုတင် ပြင်ဆင်ထားမှုများ ရှိကြောင်းကိုမူ သူ မသိပေ။ ဆွန်ဖုန်းသည် သေချာမှု မရှိသော အလုပ်ကို ဘယ်သောအခါမှ မလုပ်ပေ။

"ဒါက... ဟူး... ကောင်းပါပြီလေ..."

ချားလ်စ်သည် သူဌေး၏ မျက်နှာ အနည်းငယ် ပျက်သွားသည်ကို မြင်သောအခါ ဘာမှ ဆက်မပြောရဲတော့ဘဲ လူအင်အား စုစည်းကာ ရေနံတွင်း စတင် တူးဖော်ရန်သာ ပြင်ဆင်ရတော့သည်။

ရေနံတွင်း တူးဖော်ရေး လုပ်ငန်းဆိုသည်မှာ တူးဖော်ရေး ကိရိယာများကို အသုံးပြု၍ မြေအောက် ကျောက်လွှာကို အပေါက်ဖောက်ကာ ပိုက်လိုင်းများ ဆက်သွယ်၍ ရေနံ၊ ဓာတ်ငွေ့နှင့် ရေ အလွှာများဆီသို့ အောက်ဘက်သို့ ဆင်းသွားခြင်း ဖြစ်သည်။ ရေနံတွင်း တူးဖော်ရေး လုပ်ငန်းကို ၎င်း၏ လုပ်ဆောင်ချက်အရ စမ်းသပ်တွင်းနှင့် ထုတ်လုပ်ရေးတွင်း ဟူ၍ နှစ်မျိုး ခွဲခြားနိုင်သည်။

ရေနံတွင်း အမျိုးအစားအရ ဒေါင်လိုက်တွင်း၊ ဦးတည်ချက်တွင်း၊ အလျားလိုက်တွင်း ဟူ၍ ခွဲခြားနိုင်ပြီး တူးဖော်ရေး နည်းလမ်းများတွင် အဓိကအားဖြင့် ထောင်းတူးနည်း၊ လည်ပတ်တူးနည်း၊ တွင်းအောက် စွမ်းအင်သုံး တူးနည်းတို့ ပါဝင်သည်။

ဆွန်ဖုန်းသည် လီကျစ်၏ ရေနံကုမ္ပဏီမှ ဝယ်ယူထားသော KL မော်ဒယ် တူးဖော်ရေး စက်ကိရိယာများမှာ အဓိကအားဖြင့် လည်ပတ်တူးနည်းကို အသုံးပြုထားခြင်း ဖြစ်သည်။

ဆွန်ဖုန်းသည် စူးမေးနှင့် ဝူမုန်ရှင်း မိန်းကလေး နှစ်ယောက်ကို ခေါ်ဆောင်ကာ အဖွဲ့ကြီးနှင့်အတူ ရေနံတွင်း တူးဖော်မည့် နေရာသို့ ရောက်ရှိလာခဲ့လေသည်။

ယခုအချိန်တွင် ချားလ်စ်သည် အခြေခံအားဖြင့် အဆင်သင့် ဖြစ်နေပြီဖြစ်ပြီး စက်ကိရိယာများကိုလည်း တပ်ဆင်ပြီးပြီဖြစ်သည်။ ဆွန်ဖုန်း၏ အမိန့် တစ်ခွန်းပေးလိုက်သည်နှင့် စတင် တူးဖော်နိုင်ပြီ ဖြစ်သည်။

ပတ်ဝန်းကျင်တွင် တူးဖော်ရေး လုပ်ငန်းအတွက် အဓိက စက်ကိရိယာများဖြစ်သော မျှော်စင်၊ ဝန်ချီစက်၊ ကြိုးဆွဲဘီး၊ ချိတ်ကြီး၊ လည်ပတ်စက်၊ ရေနံတူးပန့်၊ စွမ်းအင်ထုတ် စက်ယန္တရားများ၊ ဆက်သွယ်ရေး စက်ယန္တရားများ、 တွင်းထိန်းကိရိယာများ၊ ဘိလပ်မြေလောင်း ကိရိယာများ၊ လျှပ်စစ်ထုတ်စက်များ၊ ဟိုက်ဒရောလစ်နှင့် လေဖိအားသုံး အထောက်အကူပြု ကိရိယာ အစရှိသည်တို့ကို ဝန်ထမ်း အသီးသီးက ကိုင်တွယ် မောင်းနှင်နေကြသည်။

"ကောင်းပြီ... ရေနံတွင်း စတူးမယ်..."

ဆွန်ဖုန်းက အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်လေသည်။

"ကောင်းပါပြီ သူဌေး..."

ချားလ်စ်က ပြန်ဖြေလိုက်ပြီး အမိန့်အမျိုးမျိုး ပေးကာ တူးဖော်ရေး စက်ယန္တရားများကို စတင် မောင်းနှင်စေလိုက်သည်။

"ဝုန်း... ဝုန်း... ဝုန်း..."

တူးဖော်ရေး စက်များ စတင် လည်ပတ်လာသည်နှင့် စွမ်းအင်ထုတ် အပိုင်းမှ အားပြင်းသော ဝုန်းဒိုင်းကျဲ အသံများ ထွက်ပေါ်လာလေသည်။

ကြီးမားသော စိန်လွန်သွားကြီးက အလွန် မြန်ဆန်စွာ လည်ပတ်နေပြီး အလွန် ကြောက်မက်ဖွယ် ကောင်းလှပေသည်။

"နေရာ သေချာယူ... ချိန်ရွယ်ထား... ကွန်ပျူတာ ပုံတွေကို သေချာ ကြည့်ထား... ဖြည်းဖြည်းချင်း အောက်ကို ဖိချ... မှန်တယ်... တူးတော့..."

ချားလ်စ်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ကြောက်မက်ဖွယ် ကောင်းလောက်အောင် ကြီးမားလှသော ထိုလွန်သွားကြီးက မြေကြီးထဲသို့ တိုက်ရိုက် ထိုးဖောက် ဝင်ရောက်သွားလေသည်။

"ဝုန်း... ဝုန်း... ဝုန်း..."

မြေကြီးများက လွန်သွား၏ တူးဆွမှုကြောင့် ပတ်ဝန်းကျင်သို့ လွင့်စင်သွားကြသည်။ ပထမ မြေဆီလွှာ အလွှာမှာ ရွှံ့မြေများ ဖြစ်သဖြင့် လွန်သွားက အလွယ်တကူ ထိုးဖောက် ဝင်ရောက်သွားပြီး အလွန် မြန်ဆန်လှပေသည်။

ချားလ်စ်က ရေနံတွင်း တူးဖော်ရေးကို ကြီးကြပ်နေစဉ် ဆွန်ဖုန်းသည် အသံလက်ထောက်မှတစ်ဆင့် KL မော်ဒယ် တူးဖော်ရေး စက်အတွင်း တပ်ဆင်ထားသော ကျောက်ခွဲ အလင်းလှိုင်းစက် ၏ စနစ်နှင့် တိုက်ရိုက် ဆက်သွယ်လိုက်လေသည်။

"ကျောက်ခွဲ အလင်းလှိုင်းစက် ကို စတင် မောင်းနှင်မယ်... အလင်းလှိုင်းနဲ့ ကျောက်ခွဲတာကို စလုပ်မယ်... လွန်သွား အောက်က ကျောက်လွှာတွေကို ခွဲထုတ်ပစ်... ဦးတည်ရာ နေရာ အနက်တွေကို အလိုအလျောက် ချိန်ညှိ..."

ဆွန်ဖုန်းက စနစ်သို့ အမိန့်ပေးလိုက်လေသည်။

"အမိန့် လက်ခံရရှိပါပြီ... ပဲ့တင်သံ စနစ်ကို ဖွင့်လိုက်ပါပြီ..."

"တီ... တီ... တီ... ဖွင့်ပြီးပါပြီ... လုပ်ငန်း စတင်နေပါပြီ..."

All Chapters