အခန်း ၁၅၅
Vol. 16 Ch. 155
အခန်း (၁၅၅) ရေနံထွက်လာခြင်း
သတင်းစာပေါ်မှ သတင်းကို ကြည့်ပြီးနောက် ဒေးဗစ်သည် အံ့ဩသွားသလို စိတ်ထဲတွင်လည်း မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေလေသည်။
သူ မယုံကြည်ချင်ပေ ဤနာမည်မကြီးလှသော ဖုန်းရွေ့ သတ္တုတွင်း ကုမ္ပဏီလေးက အလွန် မာကျောသော ကျောက်လွှာအောက်တွင် ရေနံတွင်း တစ်တွင်းကို အတင်း ဖောက်ထွင်းနိုင်လိမ့်မည်ဟု သူ မယုံကြည်ချင်ပေ။
ဖောက်ထွင်းနိုင်လျှင်တောင် ဤမျှ မြန်ဆန်နိုင်မည် မဟုတ်ပေ။ တစ်ဖက်လူက ရေနံမြေ တူးဖော်ခွင့် ရရှိပြီးချိန်မှစ၍ ယခုအချိန်အထိ တစ်လကျော်ခန့်သာ ကြာမြင့်သေးသည်။ တစ်ဖက်လူ၏ လှုပ်ရှားမှုက အဘယ်ကြောင့် ဤမျှ မြန်ဆန်နေရသနည်း ဆိုသည်ကို ဒေးဗစ် စဉ်းစား၍မရနိုင်အောင် ဖြစ်နေလေသည်။
ရေနံကုမ္ပဏီကြီးများပင်လျှင် ဤမျှ မြန်ဆန်နိုင်မည် မဟုတ်ပေ။ ရေနံမြေ တူးဖော်ခွင့် ရရှိပြီးနောက် ရေနံမြေကို ဘူမိရူပ ရှာဖွေရေး ပြုလုပ်ရန် လိုအပ်ပြီး ရေနံမြေ၏ ဘူမိ ဖွဲ့စည်းပုံနှင့် ရေနံအလွှာ ပြန့်နှံ့မှု အခြေအနေများကို အသေအချာ စစ်ဆေးရမည် ဖြစ်သည်။ ထို့အပြင် အခြားသော ကြိုတင် ပြင်ဆင်မှုများလည်း ရှိသေးကြောင်း သိထားရမည်။
"ဟွန့်... ဒီပထမဆုံး ရေနံတွင်းကို ဒီလောက် အဆင်ပြေပြေ တူးနိုင်ခဲ့တာက ဆွန်ဖုန်း... မင်း ကံကောင်းလို့ ဖြစ်မယ်... နယူးဖောင်လန် အနောက်ပိုင်း ကမ်းရိုးတန်းက ကျောက်လွှာအောက် ရေနံဆိုတာ လက်ရှိ ရေနံလောကမှာ တူးဖော်ဖို့ တားမြစ်ထားတဲ့ အရာတစ်ခုပဲ... ဘယ်သူ သွားတူးတူး ကံဆိုးမှာပဲ... ပထမအကြိမ် ကံကောင်းတာက နောက်ပိုင်း တူးမယ့် ရေနံတွင်းတွေလည်း ဒီလို ကံကောင်းမယ်လို့ မဆိုလိုဘူး... ဒီရေနံမြေအတွက် မင်း အနည်းဆုံး ရေနံတွင်း ရာနဲ့ချီ ဒါမှမဟုတ် ထောင်နဲ့ချီပြီး တူးရဦးမှာ... မင်းရဲ့ ဒုတိယ ရေနံတွင်း၊ တတိယ ရေနံတွင်းတွေရော ဒီလို အဆင်ပြေပါ့မလား... အမြဲတမ်း ကံကောင်းနေမလား ဆိုတာကို ငါ စောင့်ကြည့်နေမယ်..."
ဒေးဗစ်က ကွန်ပျူတာ မျက်နှာပြင်ကို ကြည့်ကာ မိမိဘာသာ ရေရွတ်လိုက်လေသည်။
ဒေးဗစ်သည် ရေနံတူးဖော်ရေး လောကတွင် ဝါရင့် တစ်ဦး ဖြစ်သဖြင့် ကျောက်လွှာအောက် ရေနံမြေများ မည်မျှ တူးဖော်ရန် ခက်ခဲကြောင်း အသိဆုံး ဖြစ်ပေသည်။
ဒေးဗစ်၏ စိတ်ထဲတွင် ဆွန်ဖုန်းကို အထင်သေးနေသလို ဖုန်းရွေ့ သတ္တုတွင်း ကုမ္ပဏီ၏ ယခုတစ်ကြိမ် ရင်းနှီးမြှုပ်နှံမှုကိုလည်း လှောင်ပြောင်နေမိသည်။
......
နောက်တစ်နေ့တွင် ဆွန်ဖုန်းသည် ပုံမှန်အတိုင်းပင် စိန့်ဖုန်းရေနံမြေ လုပ်ငန်းခွင်သို့ ရောက်ရှိလာခဲ့လေသည်။
ရေနံတွင်း တူးဖော်ပြီးပြီ ဖြစ်ရာ နောက်ဆက်တွဲ အလုပ်မှာ ရေနံတွင်းထဲမှ ရေနံများ စုပ်ထုတ်ရန် ဖြစ်သည်။ ဤအလုပ်ကသာ အရေးကြီးဆုံး လုပ်ငန်းစဉ် ဖြစ်ပြီး ငွေရှာမည့် အချိန် အစစ်အမှန်လည်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ရေနံများ ထွက်လာမှသာ အောင်မြင်သည်ဟု ဆိုနိုင်သောကြောင့်ပင်။
ဆွန်ဖုန်းသည် အလုပ်များနေသော ချားလ်စ်ကို ရှာတွေ့သောအခါ ချားလ်စ်မှာ ဒုတိယမြောက် ရေနံတွင်းကို တူးဖော်ရန် ပြင်ဆင်နေသည်ကို တွေ့လိုက်ရသည်။ ဤရက်ပိုင်းအတွင်း ချားလ်စ်မှာ အလွန် စိတ်လှုပ်ရှား တက်ကြွနေပုံရသည်။
"သူဌေး... ကျွန်တော့်ကို ဘာခိုင်းစရာ ရှိလို့လဲ..."
ချားလ်စ်က လက်ထဲမှ အလုပ်ကို ရပ်ကာ မေးလိုက်လေသည်။
"မြန်မြန် လူအင်အား စုစည်းပြီး ရေနံစုပ်စက်ကို ယူလာခဲ့... ရေနံတွင်း အောက်က ရေနံအလွှာထဲက ရေနံတွေကို စုပ်ထုတ်ဖို့ ပြင်ဆင်ရမယ်..."
ဆွန်ဖုန်းက ပြောလိုက်သည်။
"ဘာ... ရေနံ စုပ်ထုတ်တော့မလို့လား..."
ချားလ်စ်က အံ့ဩသွားပြီးနောက် ဆက်ပြောလေသည်။
"သူဌေး... ဒီရေနံမြေက ရေနံတွေက ရေနံစေး၊ အလွန်ပျစ်တဲ့ ရေနံစေးတွေနော်... လက်ရှိ Z မော်ဒယ် ရေနံစုပ်စက်ကို သုံးမယ်ဆိုရင် ရေနံတွေ စုပ်ထုတ်လို့ ရဖို့ ခက်တယ်... အထူးသဖြင့် ဒီရေနံမြေရဲ့ ရေနံအလွှာထဲက ဖိအားကလည်း မလုံလောက်တော့ ပိုပြီး ခက်ခဲသွားလိမ့်မယ်..."
"ပြီးတော့ အခု အပူချိန်ကလည်း အရမ်း နိမ့်နေတယ်လေ... ရေနံအလွှာထဲက ရေနံစိမ်းတွေက နှမ်းစာကျိုလို ပျစ်ခဲနေလောက်ပြီ... ဘယ်လိုလုပ်ပြီး ဒီရေနံစုပ်စက်နဲ့ စုပ်ထုတ်လို့ ရမှာလဲ..."
ချားလ်စ်က မျက်နှာငယ်လေးဖြင့် ပြောလိုက်လေသည်။
တမန်နေ့က ပထမဆုံး ရေနံတွင်းကို အောင်မြင်စွာ တူးဖော်ပြီးကတည်းက ရေနံအလွှာထဲရှိ ရေနံ အခြေအနေကို သူ သွားရောက် မစစ်ဆေးခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် မစစ်ဆေးဘဲနှင့်ပင် ရေနံအလွှာထဲရှိ ရေနံစိမ်းများမှာ သေချာပေါက် စီးဆင်းနိုင်မည် မဟုတ်ကြောင်း၊ ထို့ကြောင့် ရေနံများကို လုံးဝ စုပ်ထုတ်နိုင်မည် မဟုတ်ကြောင်း၊ သို့ဖြစ်ရာ ဒုတိယမြောက် ရေနံတွင်းကို ဆက်တူးရန် ပြင်ဆင်နေခြင်းက ပိုကောင်းကြောင်း သူ ယုံကြည်နေသောကြောင့်ပင်။
"ကဲ... ကဲ... မစမ်းကြည့်ဘဲနဲ့ ဘယ်လိုလုပ် သိမလဲ... ခင်ဗျား မြန်မြန် သွားပြီး လူအင်အား စုစည်းလိုက်... ရေနံစုပ်စက်ကို တပ်ဆင်ပြီး ရေနံစုပ်ထုတ်ဖို့ ပြင်ဆင်တော့..."
ဆွန်ဖုန်းက ချားလ်စ်၏ စကားများကို လျစ်လျူရှုကာ အမိန့်ပေးလိုက်လေသည်။
"သူဌေးရာ... စမ်းကြည့်လည်း အလကားပါပဲ... သေချာပေါက် စုပ်ထုတ်လို့ ရမှာ မဟုတ်ဘူးလို့ ကျွန်တော် အာမခံရဲတယ်... အခုလို လုပ်နေတာက အလကား အချိန်ဖြုန်းနေတာပဲ... ဒုတိယမြောက် ရေနံတွင်းကို ဆက်တူးတာက ပိုကောင်းပါလိမ့်မယ်... သူဌေး ရေနံအလွှာထဲက ရေနံစိမ်းတွေကို အပူပေးတဲ့ စက်ကိရိယာတွေ ဝယ်လာပြီးတဲ့ အချိန်ကျမှပဲ ရေနံစုပ်ထုတ်လို့ ရမယ့် မျှော်လင့်ချက် ရှိလာမှာပါ..."
သူဌေးက သူ၏ အကြံပြုချက်ကို လျစ်လျူရှုနေသည်ကို မြင်သောအခါ ချားလ်စ်က ထပ်မံ၍ တိုက်တွန်းလိုက်လေသည်။
"တော်ပြီ... တော်ပြီ... ခင်ဗျားက သူဌေးလား၊ ငါက သူဌေးလား... ခိုင်းတာကိုသာ သွားလုပ်စမ်းပါ..."
ဆွန်ဖုန်းက ချားလ်စ်ကို အနည်းငယ် စိတ်ရှုပ်လာသဖြင့် အေးစက်စက် လေသံဖြင့် ပြောလိုက်လေသည်။
"ကောင်းပါပြီ... ကောင်းပါပြီ... ကျွန်တော် အခုပဲ သွားလုပ်ပါ့မယ်..."
ချားလ်စ်သည် ဆွန်ဖုန်း ဒေါသထွက်လာတော့မည်ကို မြင်သောအခါ ချက်ချင်း အရှုံးပေးကာ အပြေးအလွှား ထွက်သွားလေတော့သည်။
တကယ်တော့ ယမန်နေ့ ညကတည်းက ဆွန်ဖုန်းသည် ရေနံတွင်း အနီးသို့ တစ်ယောက်တည်း သွားရောက်ကာ အသံလက်ထောက် ဖန်တီးပေးထားသော အပူဖြာထွက်စက် ကို ရေနံတွင်း အောက်သို့ ပစ်ချခဲ့ပြီး ဖြစ်သည်။ ထိုစက်သည် မြေအောက်ရှိ ရေနံအလွှာထဲတွင် စောစောစီးစီး ရောက်ရှိနေပြီဖြစ်ပြီး ဆွန်ဖုန်း၏ အမိန့်ပေးလိုက်သည်နှင့် ရေနံအလွှာထဲရှိ ရေနံများကို စတင် အပူပေးနိုင်ပြီ ဖြစ်သည်။
အပူပေးပြီးနောက် ရေနံများ ကျဲသွားကာ စီးဆင်းလာမည် ဖြစ်ပြီး ထိုအခါမှသာ Z မော်ဒယ် ရေနံစုပ်စက်ဖြင့် စုပ်ထုတ်နိုင်မည် ဖြစ်သည်။
အခြားသော ရေနွေးငွေ့ ထိုးသွင်းခြင်း၊ ရေနွေးငွေ့ မောင်းနှင်ခြင်း အစရှိသည့် ရှုပ်ထွေးသော စက်ကိရိယာများကို အသုံးပြု၍ ရေနံအလွှာထဲရှိ ရေနံများကို အပူပေးရန် လုံးဝ မလိုအပ်ပေ။ ဤ အပူဖြာထွက်စက် က ပို၍ ရိုးရှင်း၊ အဆင်ပြေပြီး အစွမ်းထက်လှပေသည်။
မကြာမီ ချားလ်စ်နှင့် ဝီလီယံတို့သည် လူအင်အား စုစည်းကာ ဤရေနံတွင်းပေါ်တွင် ရေနံစုပ်စက် တပ်ဆင်ခြင်းနှင့် ရေနံစုဆောင်းရေး ပိုက်လိုင်းများ ဆက်သွယ်ခြင်းတို့ကို စတင် လုပ်ဆောင်ကြလေသည်။ ပိုက်လိုင်းများကို ယခင်က ဆွန်ဖုန်း တည်ဆောက်ထားသော မြေအောက် သိုလှောင်ရုံဆီသို့ တိုက်ရိုက် သွယ်တန်းထားသည်။
ဝန်ထမ်းများ အလုပ်များနေစဉ် ဆွန်ဖုန်းသည် မြေအောက် မီတာ ရာဂဏန်း အောက်ရှိ ရေနံအလွှာထဲတွင် ရောက်ရှိနေသော အပူဖြာထွက်စက် ကို အသံလက်ထောက်နှင့် ချိတ်ဆက်ကာ တိုက်ရိုက် အမိန့်ပေးလိုက်ပြီးနောက် ရေနံအလွှာထဲရှိ ရေနံများကို စတင် အပူပေးစေလိုက်သည်။
အပူဖြာထွက်စက် သည် အပူချိန်နှင့် အပူပေးမည့် ဧရိယာကို ဉာဏ်ရည်တုဖြင့် ထိန်းချုပ်ပေးသည်။
အပူပေးမှုကြောင့် အောက်ဘက်ရှိ ရေနံစေးများသည် တဖြည်းဖြည်း အရည်ပျော်လာပြီး ပွက်ပွက်ဆူကာ စီးဆင်းလာပြီးနောက် ရေနံတွင်း အောက်ခြေသို့ စတင် စီးဝင်လာကြလေသည်။
"သူဌေး... တပ်ဆင်ပြီးပါပြီ..."
ဒုတိယ အဖွဲ့ခေါင်းဆောင် ဝီလီယံက အပြေးအလွှား လာရောက်ကာ ဆွန်ဖုန်းကို သတင်းပို့လိုက်လေသည်။
"ကောင်းပြီ... တပ်ဆင်ပြီးပြီ ဆိုရင် ရေနံ စမ်းသပ် စုပ်ထုတ်ဖို့ ပြင်ဆင်ကြစို့..."
ဆွန်ဖုန်းက ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ..."
ဝီလီယံနှင့် ချားလ်စ်တို့၏ ကြီးကြပ်မှုအောက်တွင် ဤ Z မော်ဒယ် ရေနံစုပ်စက်သည် စတင် အလုပ်လုပ်လာလေသည်။
"ဝုန်း... ဝုန်း... ဝုန်း..."
ရေနံစုပ်စက်၏ စုပ်ထုတ်သည့် ပိုက်လိုင်းကို ရေနံတွင်း အောက်ခြေရှိ ရေနံအလွှာထဲသို့ စောစောစီးစီး ချထားပြီး ဖြစ်သည်။
ဤရေနံစုပ်စက်ကိုလည်း ဆွန်ဖုန်းက တိတ်တဆိတ် ပြုပြင်ပြောင်းလဲထားပြီး ဖြစ်သည်။ ၎င်းတွင် အသံလက်ထောက် ဖန်တီးပေးထားသော စူပါ ရေနံစုပ်ပန့် ကို တပ်ဆင်ထားသည်။ ဤပစ္စည်း၏ ရေနံစုပ်ထုတ်နိုင်စွမ်းမှာ အလွန် အံ့ဩစရာ ကောင်းလှပေသည်။
"ဝုန်း... ဝုန်း... ဝုန်း..."
စူပါ ရေနံစုပ်ပန့် စတင် အလုပ်လုပ်လာပြီး လက်ရှိ ရေနံအလွှာထဲရှိ ပျစ်ခဲနေသော ရေနံများကို အပူဖြာထွက်စက် ဖြင့် အပူပေးထားပြီး ဖြစ်သဖြင့် မကြာမီ ရေနံများကို စူပါ ရေနံစုပ်ပန့်က စုပ်ယူသွားပြီး ပိုက်လိုင်းမှတစ်ဆင့် ရေနံစုပ်စက်က အပေါ်သို့ စုပ်တင်လာလေသည်။
"ဝါး... ဘုရားရေ... စုပ်... စုပ်... ရေနံတွေ စုပ်ထုတ်လို့ ရနေပြီ... ထွက်လာပြီ..."
ဝီလီယံက ပိုက်လိုင်းထဲမှ ဖြတ်သန်းလာသော အမည်းရောင် ရေနံစိမ်းများကို လက်ညှိုးထိုးပြကာ အံ့ဩတကြီး ပြောလိုက်လေသည်။
"ဝါး... အောင်မြင်ပြီ... အောင်မြင်ပြီ... အမည်းရောင် သွေးတွေ... ဟားဟား..."
လုပ်ငန်းခွင်ရှိ လူတိုင်းက ဝမ်းသာအားရ အော်ဟစ်လိုက်ကြလေသည်။
ဆွန်ဖုန်းကိုယ်တိုင်ပင် အနည်းငယ် စိတ်လှုပ်ရှားသွားမိသည်။
သူ၏ ယခုတစ်ကြိမ် ရင်းနှီးမြှုပ်နှံမှုမှာ အရှုံးမပေါ်ခဲ့ပေ။ ဤပထမဆုံး ရေနံတွင်းမှ ရေနံများ ထွက်လာပြီ ဖြစ်ရာ နောက်ပိုင်း တူးမည့် ဒုတိယမြောက်၊ တတိယမြောက်၊ စတုတ္ထမြောက် ရေနံတွင်းများမှလည်း ရေနံများ ထွက်လာနိုင်မည်မှာ သေချာပေသည်။
"ခေါင်းဆောင်... ဘာလို့ ရေနံတွေ စုပ်ထုတ်လို့ ရနေတာလဲ... ကျွန်တော် ကြည့်ရသလောက် ဒီရေနံတွေက ရေနံကျဲတွေပဲ၊ ရေနံစေးတွေ မဟုတ်ဘူး... ငါတို့ ခြေအောက်က ရေနံအလွှာက ရေနံကျဲ အလွှာများလား..."
ဝီလီယံက မေးခွန်းများစွာဖြင့် ချားလ်စ်ကို မေးလိုက်လေသည်။
"ငါလည်း သိပ်နားမလည်ဘူး... ကနေဒါက ရေနံမြေ အများစုက ရေနံစေး ဒါမှမဟုတ် အလွန်ပျစ်တဲ့ ရေနံစေးတွေ များတယ်... ဒါပေမယ့် ရေနံကျဲ အလွှာ လုံးဝ မရှိဘူးလို့တော့ အတိအကျ ပြောလို့ မရဘူး... ရေနံမြေ တစ်ခုတည်းမှာတင် ရေနံကျဲနဲ့ ရေနံစေး ရောနှော တည်ရှိနေတဲ့ သာဓကတွေလည်း အများကြီး ရှိတယ်လေ... ငါတို့ ခြေအောက်က ဒီလွင်ပြင် အောက်က ရေနံအလွှာက ရေနံကျဲ အလွှာများ ဖြစ်နေမလားပဲ..."
ချားလ်စ်က ခဏ စဉ်းစားပြီးနောက် ခွဲခြမ်းစိတ်ဖြာကာ ပြောလိုက်လေသည်။