အခန်း ၁၆၄
Vol. 17 Ch. 164
အခန်း (၁၆၄) ငါ စိတ်တိုင်းကျ မခိုးရရင် ငါ မကျေနပ်ဘူး
"ကောင်းပြီ အကာအကွယ်အလွှာက ငါ့ကို မပေါ်အောင် ဖုံးကွယ်ပေးနိုင်ပြီဆိုတော့ ….ငါလည်း အားနာမနေတော့ဘူး မင်းတို့က ငါ့ကို အနိုင်ကျင့်ချင်တယ်ပေါ့လေ ငါ့ကို ရပ်တည်လို့မရအောင် လုပ်မယ်ပေါ့လေ…. ဒီနေ့ ငါ စိတ်တိုင်းကျ မခိုးရရင် ငါ မကျေနပ်ဘူး ငါ မကျေနပ်ရင် နောက်ဆက်တွဲဆိုးကျိုးက အရမ်းကြီးမားသွားလိမ့်မယ်"
ဆွန်ဖုန်းက ပါးစပ်မှ ပွစိပွစိရေရွတ်ရင်း အသံလက်ထောက်ကို သိုလှောင်ရုံအတွင်းမှ S စီးရီး တူးဖော်ရေးစက်ကိရိယာ အလုံးလေးဆယ်ကို ထုတ်ယူရန် အမိန့်ပေးလိုက်လေသည် ထို့နောက် အထောက်အကူပြု စက်ရုပ်အလုံးငါးရာကိုပါ ထုတ်ယူလိုက်လေသည်
"ရွှီး ရွှီး ရွှီး"
ဘိုးရင်းလေယာဉ်ကြီးထက်ပင် ပိုမိုကြီးမားသော တူးဖော်ရေးစက်ကိရိယာ အလုံးလေးဆယ်သည် ပင်လယ်ရေအောက်တွင် ရုတ်တရက် ပေါ်ထွက်လာလေသည် ထိုစက်ရုပ်အလုံးငါးရာနှင့်အတူ အဝေးမှကြည့်ပါက သိပ္ပံရုပ်ရှင်များထဲမှ သံမဏိစက်ရုပ် တပ်မတော်ကြီးတစ်ခုကဲ့သို့ အလွန်ခမ်းနားကြီးကျယ်လှပေသည်
"စက်ရုပ်တပ်မတော်ကြီးကို အကောင်းဆုံး တူးဖော်ရေးနေရာတွေ ရှာခိုင်းလိုက် ရေနံအများဆုံးရအောင် တူးဖော်ရမယ်" ဆွန်ဖုန်းက အသံလက်ထောက်ကို ပြောလိုက်လေသည်
"ဟုတ်ကဲ့ပါ အရှင်"
ကြီးမားသော စက်ယန္တရားအလုံးလေးဆယ်သည် အကောင်းဆုံးနေရာများကို အလိုအလျောက် စတင်ရှာဖွေကြလေသည် မကြာမီ ထိုစက်ယန္တရားအလုံးလေးဆယ်သည် ၅ ကီလိုမီတာ အချင်းဝက်အတွင်းရှိ နေရာအနှံ့အပြားတွင် နေရာယူလိုက်ကြလေသည်
အထောက်အကူပြု စက်ရုပ်အလုံးငါးရာကလည်း ရေနံစုဆောင်းရေး ပိုက်လိုင်းများ တပ်ဆင်ခြင်းနှင့် ရေနံသယ်ယူပို့ဆောင်ရေး အလယ်အလတ်စခန်းများကို တပ်ဆင်ခြင်းတို့ကို စတင်လုပ်ဆောင်ကြလေသည်
"ခလောက် ခလောက်"
"ဝုန်း ဝုန်း"
ရေအောက်မီတာ ရာဂဏန်းအနက်တွင် ဆွန်ဖုန်း၏ စက်ယန္တရားများသည် အလွန်အလုပ်များနေကြသည် ထိုစက်များမှ ထွက်ပေါ်လာသော အသံများနှင့် တုန်ခါမှုများအားလုံးကို အကာအကွယ်အလွှာက ဖုံးအုပ်ထားသဖြင့် အပြင်သို့ လုံးဝမရောက်ရှိနိုင်ပေ အကာအကွယ်အလွှာ အပြင်ဘက်တွင်မူ ယခင်ကကဲ့သို့ပင် တိတ်ဆိတ်ငြိမ်သက်နေပြီး မည်သည့်ထူးခြားမှုမျှ မရှိပေ
တစ်ကီလိုမီတာ အကွာအဝေးရှိ ဒီအဲလ်ရေနံကုမ္ပဏီက တပ်ဆင်ထားသော ရေအောက်ရေဒါ တုံ့ပြန်မှုကိရိယာမှ ထုတ်လွှတ်လိုက်သော ရေဒါလှိုင်းများသည် ရေအောက်တူးဖော်ရေးစနစ်ကြီးက ဖွင့်ထားသော အကာအကွယ်အလွှာနှင့် ထိတွေ့မိသောအခါ ရေမြှုပ်က ရေကို စုပ်ယူလိုက်သကဲ့သို့ အကာအကွယ်အလွှာက အားလုံးကို စုပ်ယူသွားလေသည်
တစ်ဖက်လူ ကြည့်လိုက်သောအခါ ရေဒါ၏ တုံ့ပြန်မှုမှာ ပုံမှန်အတိုင်းပင်ဖြစ်နေပြီး မည်သည့်ထူးခြားမှုမျှ မရှိပေ ကမ္ဘာမြေထက် ရာစုနှစ်ပေါင်းများစွာ ကြိုတင်တိုးတက်နေသော ဤနည်းပညာမှာ တကယ်ကို အစွမ်းထက်လှပေသည်
ပင်လယ်ပြင်ပေါ်တွင်မူ လေငြိမ်ရေသက်ဖြစ်နေပြီး ဒီအဲလ်ရေနံကုမ္ပဏီမှ အလုပ်သမားများသည် ပင်လယ်ပြင် ရေနံတူးစင်ပေါ်တွင် အေးစိမ့်သော ပင်လယ်လေကို ရှူရှိုက်ရင်း အလုပ်လုပ်နေကြလေသည် လွန်ခဲ့သော တစ်လခန့်က ဤရေနံတူးစင်ကြီးကို တပ်ဆင်ပြီးစီးခဲ့ပြီး လွန်ခဲ့သော နှစ်ပတ်ခန့်ကမှ စမ်းသပ်အသုံးပြုမှုများ စတင်ခဲ့ခြင်းဖြစ်သည်
နှစ်ပတ်လုံးလုံး ဤရေနံတူးစင်၏ နေ့စဉ်အလုပ်မှာ ရေနံတွင်းတူးဖော်ရန်သာ ဖြစ်သည် ပင်လယ်ရေအောက်တွင် ရေနံတွင်းတူးဖော်ခြင်းမှာ တရားဝင် လုပ်ငန်းခွင်ဝင်နေပြီဟု ဆိုနိုင်သည် ပင်လယ်ပြင်ပေါ်တွင် ရေနံမြေတူးဖော်ရာတွင် အရှိန်အလွန်နှေးကွေးသဖြင့် နှစ်ပတ်လုံးလုံး တူးဖော်ခဲ့သော်လည်း လွန်သွားမှာ မီတာတစ်ရာကျော်ခန့်သာ ရောက်ရှိသေးပြီး ရေနံအလွှာထဲသို့ မရောက်သေးပေ ရေနံထွက်လာရန်အတွက် အချိန်အတော်ကြာ စောင့်ဆိုင်းရဦးမည်ဟု ခန့်မှန်းရသည်
ယခုအချိန်တွင် မိုက်ကယ်က သူ၏ လက်အောက်ငယ်သားများကို အလုပ်လုပ်ရန် ညွှန်ကြားနေသည် တူးဖော်ရေးတွင် အခက်အခဲများ ကြုံတွေ့ရပါက သူက ဖြေရှင်းပေးရမည်ဖြစ်ပြီး တစ်ဖွဲ့လုံး၏ ခေါင်းဆောင်တစ်ဦးဟု ဆိုနိုင်သည် မိုက်ကယ်အတွက် ဤလအနည်းငယ်မှာ အတော်လေး ကောင်းမွန်စွာ ဖြတ်သန်းခဲ့ရသည် အနည်းဆုံးတော့ ဂြိုဟ်သား ကောင်ဆိုးကြီးများနှင့် မတွေ့ရတော့ပေ မည်သည့် သဲလွန်စမျှ ရှာမတွေ့သဖြင့် မိုက်ကယ်က ထိုထူးဆန်းသော ဖြစ်ရပ်ကို ဂြိုဟ်သား ကောင်ဆိုးကြီးများ၏ လက်ချက်ဟု မှတ်ယူလိုက်ခြင်းဖြစ်သည်
ရေနံတူးစင်ပေါ်တွင် ထိုလူများ အလုပ်များနေကြသော်လည်း ပင်လယ်ရေအောက်တွင်လည်း လူတစ်ယောက်က အလုပ်များနေကြောင်း သူတို့ မသိရှိကြပေ အကယ်၍ မိုက်ကယ်သာ သိမည်ဆိုပါက လန့်ပြီး သတိလစ်သွားမည်မှာ သေချာပေသည်
"ရေနံစုဆောင်းရေး ပိုက်လိုင်းတွေနဲ့ ရေနံသယ်ယူပို့ဆောင်ရေး အလယ်အလတ်စခန်းတွေ တပ်ဆင်ပြီးပါပြီ တူးဖော်လို့ရပါပြီ" အသံလက်ထောက်က သတိပေးလိုက်လေသည်
"ကောင်းပြီ စတင်တူးဖော်တော့"
"ဝုန်း"
S စီးရီး တူးဖော်ရေးစက်ကိရိယာ အလုံးလေးဆယ်မှာ ချက်ချင်း စတင်အလုပ်လုပ်လာလေသည် စက်ကိရိယာတစ်ခုချင်းစီ၏ ဝမ်းဗိုက်ပိုင်းမှ ကြီးမားပြီး အလွန်မြန်ဆန်စွာ လည်ပတ်နေသော ဧရာမသံတိုင်ကြီးများ ထွက်ပေါ်လာလေသည် ရေနံစုပ်ပိုက်ကြီးများ ဖြစ်သည်
ကြောက်မက်ဖွယ်ကောင်းသော ရေနံစုပ်ပိုက်ကြီးအလုံးလေးဆယ်၏ ထိပ်ဖျားတွင် အပြာရောင် သေမင်းတမန်အလင်းတန်းများ ထွက်ပေါ်လာပြီး မြေအောက်သို့ တိုက်ရိုက်ထိုးဖောက် ဝင်ရောက်သွားလေသည်
ကျယ်လောင်သော အသံကြီးတစ်ချက်နှင့်အတူ မြေကြီးများမှာ အရာအားလုံးကို ဖောက်ထွင်းနိုင်စွမ်းရှိသော သေမင်းတမန်အလင်းတန်းများ၏ ထိုးဖောက်မှုကို ခံလိုက်ရပြီး ချက်ချင်း ဖောက်ထွင်းသွားလေသည် ထိုအပြာရောင် သေမင်းတမန်အလင်းတန်းများမှာ စွမ်းအင်နှင့် ထိုးဖောက်နိုင်စွမ်း အနည်းငယ်မျှမလျော့ကျဘဲ မြေအောက်ကျောက်လွှာများဆီသို့ ဆက်လက်ထိုးဖောက် ဝင်ရောက်သွားလေသည်
သေမင်းတမန်အလင်းတန်း တစ်ခုပြီးတစ်ခုသည် မီတာရာဂဏန်းအထူရှိသော မြေအောက်ကျောက်လွှာများကို တိုက်ရိုက်ဖောက်ထွင်းသွားပြီး မြေအောက်ကျောက်လွှာအောက်ရှိ ရေနံအလွှာထဲသို့ တိုက်ရိုက်ဝင်ရောက်သွားလေသည် ထို့နောက် ရေနံစုပ်ပိုက်ကြီးတစ်ခုပြီးတစ်ခုသည် အပြာရောင် သေမင်းတမန်အလင်းတန်းများ၏ နောက်သို့လိုက်ကာ ရေနံအလွှာထဲသို့ တိုက်ရိုက်ထိုးစိုက်ဝင်သွားလေသည်
ရေနံစုပ်ပိုက်ကြီးများ၏ ထိပ်ဖျားတွင် စူပါရေနံစုပ်ပန့်များ တပ်ဆင်ထားပြီး ၎င်းတို့၏ အလွန်အစွမ်းထက်သော စုပ်ယူနိုင်စွမ်းကို ချက်ချင်းဖွင့်လိုက်လေသည် ရေနံအလွှာတစ်ခုလုံးရှိ ရေနံများမှာ စုပ်ယူမှုကြောင့် စီးဆင်းလာပြီး ရေနံစုပ်ပိုက်ကြီးများရှိရာနေရာသို့ အစုလိုက်အပြုံလိုက် စီးဝင်လာကြလေသည်
မကြာမီ ရေနံစုပ်ပိုက်ကြီးများက ရေနံများကို အဆက်မပြတ် စုပ်ယူနေပြီဖြစ်သည် ဆွန်ဖုန်းသည် ဤမျှမြန်ဆန်သော အရှိန်ကို မြင်သောအခါ ရယ်ချင်လွန်း၍ သေလုမတတ် ဖြစ်သွားသည်
"မင်းနှမ ဒီအရှိန်က လက်နဲ့ဂွင်းထုတာထက်တောင် မြန်သေးတယ်"
"အရှင်က ဂွင်းထုတာ မြန်လို့လား" အသံလက်ထောက်က မေးလိုက်လေသည်
"ငါက ငါ့အိမ်ဘေးက လောင်ဝမ်ရဲ့ အရှိန်ကို ပြောတာပါ"
အသံလက်ထောက်မှာ ဆွံ့အသွားလေသည်
"S စီးရီး တူးဖော်ရေးစက်တစ်လုံးက သုံးရက်ကို ရေနံတန်ချိန် သုံးသိန်း တူးထုတ်နိုင်တယ် အလုံးလေးဆယ်ဆိုတော့ ရေနံတန်ချိန် သန်း ၁၂၀ ပေါ့ ဟဲဟဲ ဒီတစ်ခေါက်တော့ တကယ်အမြတ်ထွက်တာပဲ ငါ့ရဲ့ စိန့်ဖုန်းရေနံမြေ ဒေဝါလီခံရရင်တောင် မြတ်နေသေးတယ်" ဆွန်ဖုန်းက ရယ်မောကာ ပြောလိုက်လေသည်
သုံးရက်အကြာတွင် ရေနံတန်ချိန် သန်း ၁၂၀ ကို သူရရှိမည်ဖြစ်ရာ ဒီအဲလ်ကုမ္ပဏီကို ငိုခိုင်းလိုက်မည် သူတို့က ဘယ်သူခိုးသွားမှန်းတောင် သိမှာမဟုတ်ပေ တကယ်ကို အားရစရာပင်
"ဟားဟား ခိုးလိုက် သူတို့ကို ခိုးလိုက် အဲဒါမှ သူတို့က အရှင့်ကို လာပြီး ဆရာကြီးလုပ်ရဲတာ" အသံလက်ထောက်သည်လည်း အလွန်စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်လေသည်
"အရှင် ဒီရေနံမြေကို ပြောင်နေအောင် ခိုးပစ်လိုက်ရမလား" အသံလက်ထောက်၏ လေသံတွင် လောဘရမ္မက်များ ပြည့်နှက်နေလေသည်
"အဲဒီလောက်ကြီးတော့ မကောင်းပါဘူး ဒီက ရေနံတွေအားလုံးကို ခိုးပစ်လိုက်ရင် ဒီအဲလ်ရေနံကုမ္ပဏီ ဒါရိုက်တာအဖွဲ့က အဘိုးကြီးတွေအားလုံး အစုလိုက်အပြုံလိုက် အဆောက်အအုံပေါ်ကနေ ခုန်ချပြီး သေကုန်မှာကို ငါစိုးရိမ်တယ် အဲဒီလိုဆိုရင် မကောင်းဘူးလေ ငါက သွယ်ဝိုက်တဲ့နည်းနဲ့ လူသတ်တဲ့ လူသတ်သမား ဖြစ်သွားမှာပေါ့ ငါက ဘယ်သူလဲ ၂၁ ရာစုရဲ့ လူငယ်ကောင်းတစ်ယောက်လေ နိုင်ငံတော်ကို ချစ်တယ် ငြိမ်းချမ်းရေးကို မြတ်နိုးတယ် သဟဇာတဖြစ်တဲ့ လူ့အဖွဲ့အစည်းကို လိုလားတယ် ဘယ်လိုလုပ်ပြီး သွယ်ဝိုက်တဲ့နည်းနဲ့ လူသတ်လို့ရမှာလဲ မင်းက ငါ့ကို ဒုက္ခပေးနေတာပဲ" ဆွန်ဖုန်းက အသံလက်ထောက်ကို အလွန်အထင်သေးသော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်လေသည်
ယခုအချိန်တွင် အသံလက်ထောက်မှာ စကားမပြောနိုင်တော့ပေ မိမိ၏သခင်သည် ဟန်ဆောင်ကောင်းလှကြောင်း သူတွေ့ရှိလိုက်ရသည် လွန်ခဲ့သော တစ်စက္ကန့်က ဒီအဲလ်ရေနံကုမ္ပဏီကို လက်စားချေချင်စိတ် ပြင်းပြနေသော်လည်း ယခုအခါ သူတော်စင်တစ်ပါးလို ဖြစ်သွားလေပြီ
"အင်း ဒီတစ်ခေါက်တော့ ငါတို့ အလကားမလာရဘူး ပြီးတော့ ဒီအဲလ်ရေနံကုမ္ပဏီ ဒါရိုက်တာအဖွဲ့က အဘိုးကြီးတွေအားလုံး အစုလိုက်အပြုံလိုက် အဆောက်အအုံပေါ်ကနေ ခုန်ချပြီး သေကုန်မှာကိုလည်း ခွင့်မပြုနိုင်ဘူး ဒီလိုလုပ် သူတို့ကို ရေနံတစ်တန်လောက် ချန်ထားခဲ့ပြီး ကျန်တာအားလုံး ခိုးပစ်လိုက်မယ်" ဆွန်ဖုန်းက သူတော်စင်တစ်ပါး၏ အမူအရာဖြင့် ပြောလိုက်လေသည်
"တကယ်ကောင်းတယ် တကယ် အစွမ်းထက်တယ်" အသံလက်ထောက်က ထောက်ခံလိုက်သည်
"ငါက သနားတတ်လို့ပါ သူတို့ကို တစ်တန်တောင် ချန်ထားပေးဦးမှာ ဒါကို ခိုးသူတွေမှာလည်း ကျင့်ဝတ်ရှိတယ်လို့ ခေါ်တယ် နားလည်လား ဟူး ပြောလည်း မင်းနားလည်မှာ မဟုတ်ပါဘူး မင်းက ကမ္ဘာမြေသားမှ မဟုတ်တာ"
ဆွန်ဖုန်းက အသံလက်ထောက်ကို စကားပြောရင်း အဆက်မပြတ် တက်လာသော ရေနံများကို သိုလှောင်ရုံအတွင်းသို့ သိမ်းဆည်းရန် စတင်လုပ်ဆောင်လေသည်
ရေနံတူးစင်ပေါ်တွင် မွန်းတည့်ချိန်၌ ပြင်ပမှ လူနှစ်ယောက် ရောက်ရှိလာလေသည် ထိုလူနှစ်ယောက်မှာ အခြားသူများမဟုတ်ဘဲ အမေရိကန် စုံစမ်းစစ်ဆေးရေးဗျူရိုမှ အဖွဲ့ခေါင်းဆောင် အန်တိုနီနှင့် ဒုတိယအဖွဲ့ခေါင်းဆောင် ဂျန်းနီတို့ပင် ဖြစ်သည်
တကယ်တော့ ဤရေနံတူးစင် ပတ်လည်ရှိ ပင်လယ်ရေအောက်နှင့် ပင်လယ်ကြမ်းပြင်ပတ်လည်တွင် တပ်ဆင်ထားသော ရေဒါစောင့်ကြည့်ရေးကိရိယာများမှာ အန်တိုနီ၏ လက်ရာပင်ဖြစ်သည်
ဤအမှုမှာ အလွန်ရှုပ်ထွေး ပဟေဠိဆန်ပြီး သိပ္ပံရုပ်ရှင်တစ်ကားလို ဖြစ်နေသော်လည်း အထက်လူကြီးများက အလွန်အလေးထားသဖြင့် အန်တိုနီအနေဖြင့်လည်း အလွန်အလေးအနက်ထား လုပ်ဆောင်နေရသည် ထို့ကြောင့် ရေနံတူးစင်ပတ်လည်တွင် ရေဒါစောင့်ကြည့်ရေးကိရိယာများကိုပင် တပ်ဆင်ထားခဲ့ခြင်းဖြစ်သည်
ရည်ရွယ်ချက်မှာ ရေနံခိုးသော အမည်မသိအဖွဲ့အစည်းက ဤနေရာသို့ နောက်တစ်ကြိမ် လာရောက်မည်လားဆိုသည်ကို ကြည့်ရှုရန်ဖြစ်သည် ဤသို့ အငြိမ်စောင့်နေခြင်းက အခွင့်အရေး နည်းပါးသော်လည်း စမ်းသပ်ကြည့်သည့် သဘောဖြင့် လုပ်ဆောင်ရမည်ဖြစ်သည်